The frozen heart of the fire...

By FlowerRainButterfly

875K 75.2K 2.6K

မီးနတ္အရွင္သခင္နဲ႕ လူသားေကာင္ေလးတို႔ၾကားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာည... More

ပုံျပင္ေလးအစ...
part 1
part 2
part 3
part 4
part 5
part6
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31 (ဇာက္သိမ္းပိုင္း)
ေက်းဇူးတင္လႊာ
S2❤

part 7

24.7K 2.4K 29
By FlowerRainButterfly

"ဝါး.....!!
ဒီလိုေနရာမ်ိဳး႐ွိမယ္လို႔ထင္မထားဘူး"

ထိန္းသိမ္းေရးေတာထဲဝင္ကာ႐ွိေသး ထူးဆန္းတဲ့အပင္ေတြ အေရာင္ေသြးစုံတဲ႔ ပန္းေတြနဲ႔ ျမင္ျမင္သမ်ွက အသစ္အဆန္းကိုအျဖစ္လို႔။
ေလးေထာင္ပုံစံအရြက္ေတြက အစိမ္းေရာက္ေတာက္ေနတ ဲ့ပင္စည္ေတြနဲ့ ထူးဆန္းစြာလွပ​ေနလ်က္....
ပင္စည္အနီေရာင္နဲ႔ အပြင့္နီနီေတြခ်ည္းပြင့္ေနတဲ့သစ္ပင္ေတြရယ္... ခရမ္းေရာင္ႏြယ္ႏြယ္လွလွေလးေတြက ေနရာအႏွံ႕မွာ႐ွိေနၿပီး အျပာေရာင္အပြင့္လွလွေတြနဲ႔ ၾကည့္ေကာင္းလြန္းေနတာေတြေရာ.... ပန္းေသြးေရာင္အရြက္ေလးေတြနဲ႕ အဝါေရာင္အပြင္႕ေလးေတြေရာကာ အပင္တခ်ိဳ႕ကလည္း အ​ေရာင္သုံးေလးေရာင္ႏွင့္ အေရာင္ေသြးစုံကာလွပလြန္းသည္။
ေျမျပင္ကေနအပြင့္ပဲထြက္ေနတဲ့ အပင္စုေလးေတြကလည္း အေရာင္ေတာက္ေတာက္ေလးေတြႏွင့္
ဟိုတစ္စုဒီတစ္စုနဲ႔
ျခဳံမ်ားၾကည့္လိုက္ရင္ မ်က္စိပင္က်ိမ္းသြားႏိုင္ေလာက္ေအာင္ လွပကာအေရာင္စုံနိုင္လြန္းသည္။

ျမင္ျမင္သမ်ွက အသစ္ဆန္းေတြမို႔
လီ႐ွန္းေငးေနတုန္း အိမ္ေ႐ွ႕စံက ရင္ဘတ္ထဲဝွက္ယူလာတဲ့စာအုပ္ကို အသည္းအသန္ဖတ္ေနရင္း...

"လူသားေလး တစ္ခုခုလာေနၿပီ.."

႐ုတ္တရက္ လီ႐ွန္းလက္ကိုဆြဲၿပီး ျခဳံတစ္ခုထဲေျပးဝင္လိုက္သည့္အိမ္ေ႐ွ႕စံပင္။
လီ႐ွန္း ဘာမ်ားလဲလို႔ေမးဖို႔ျပင္႐ုံ႐ွိေသး
အိမ္ေ႐ွ႕စံက အသံမထြက္ဖို႔အခ်က္ျပလာသည္။
ႏွစ္ေယာက္သားတိုင္ပင္ဖို႔မလို႔စြာ အျဖဴေရာင္ျခဳံႀကီးထဲကေန အျပင္ကိုေခ်ာင္းၾကည့္လိုက္ေတာ့ အျဖဴေရာင္အလင္းေတြျဖာထြက္ေနသလိုတဲ့ ေကာင္မေလးတစ္ေယာက္.. .။
ဖေယာင္သားလိုအသားရည္နဲ႔
ေပ်ာ့ေပ်ာင္းေနတဲ့လက္ေတြက ညင္သာစြာယိမ္းႏြဲ႕ေနရင္း အပင္တခ်ိဳ႕စီက ပန္းေတြကိုျခင္းေတာင္းထဲခူးထည့္ေနသည္။
အနက္ေမွာင္ေနတဲ့ဆံႏြယ္အ႐ွည္ႀကီးက သူမရဲ႕ဒူးေက်ာ္ေက်ာ္ပင္႐ွိၿပီး ေစြးေစြးနီေနတဲ့ႏုတ္ခမ္းတစ္စုံနဲ႔ ျဖဴစြတ္စြတ္အသားေရရယ္ေပါင္းစပ္လိုက္ရင္
သူမမွာ ေယာက္က်ားသားတို႔အႀကိဳက္
နတ္မိမယ္​ေလးတစ္ပါးလိုပင္။
လီ႐ွန္းပင္လ်ွင္ သတိလက္လြတ္ေငးေနမိတုန္း ေဘးကအိမ္ေ႐ွ႕စံက စာအုပ္ကိုသဲႀကီးမဲႀကီးဖတ္ေနကာျဖင့္...

"ေျမေခြးမပဲ...
မိစၧာဘက္အားသာေပမယ့္ နတ္မ်ိဳးႏြယ္လည္းဝင္ေသးတယ္ အသက္တစ္ရာျပည့္တာနဲ့ လူပုံပန္းသဏၭာန္ရသြားက်တယ္တဲ့ ေနာက္ဆုံးက်န္ခဲ့တဲ့ႏွစ္ေကာင္ကို မီးမ်ိဳးႏြယ္ကထိန္းသိမ္းထားတယ္လို႔ေရးထားတယ္ တကယ္႐ွိတာပဲ ဒ႑ာရီပဲထင္ေနတာ"

အိမ္ေ႐ွ႕စံစကားေၾကာင့္ လီ႐ွန္းပါစာအုပ္ကိုငုံ႕ၾကည့္ေနတုန္း
ႏွစ္ေယာက္သားက်က္သီးထလာသည္မို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ၿပိဳင္တူတံေတြးမ်ိဳခ်လိုက္မိက်သည္။
မ်က္လုံးကိုအနည္းငယ္ေရြ႔ၾကည့္မိေတာ့ ျခဳံရဲ႕တစ္ဖက္ကေန လီ႐ွန္းတို႔ႏွစ္ေယာက္ကိုျပဳံးၿပီးၾကည့္ေနပါတဲ့ ထိုေကာင္မေလး...။

"႐ွင္တို႔ ျခဳံထဲဝင္ၿပီးဘာလုပ္ေနတာလဲ
မဟုတ္တာေတြလုပ္ေနက်တာမလား"

"မဟုတ္ပါဘူး ငါတို႔မဟုတ္တာလုပ္ေနတာမဟုတ္ဘူး"

အသည္းအသန္ျငင္းရင္း
ႏွစ္ေယာက္လုံး မလုံလဲစြာအျပင္ထြက္လိုက္က်ကာ ဟိုခါဒီခါလုပ္ေနမိက်သည္။
ထိုေကာင္မေလးက လီ႐ွန္းနားကပ္လာကာ ႏွာေခါင္း႐ူံ႕လုပ္ေနတာေၾကာင့္
ရင္းယာန္ လူသားေလးကို ေနာက္တြင္ဖြတ္လိုက္ရေတာ့သည္။

"လူသားေလး
အနားသိပ္မကပ္နဲ့သူတို႔ကလူသားစားတယ္"

ထိုအခါ မ်က္လုံးျပဴးႀကီးနဲ႔ၾကည့္လာေသာ ထိုေျမေခြးမေလးမွာ
ခဏေလာက္ေၾကာင္ေနၿပီးမွ ထြီခနဲတံေထြးထေထြးလာကာျဖင့္

"ထြီ...ဘယ္သူကစားတာလဲ
ေစာ္ကားလိုက္တာ "

"မဟုတ္လို႔လား မစားလို႔လား"

အိမ္ေ႐ွ႕စံက ညာဖို႔မစဥ္းစားနဲ႔ဟူေသာအၾကည့္ျဖင့္
ခပ္ဆက္ဆက္ေမးလိုက္ေတာ့ စကားေတြဘာေတြေတာင္ ထစ္ကုန္သည့္ေျမေခြးမေလးပင္..

"စား စားတယ္...အဲတာ အရင္တုန္းက အခုမဟုတ္ေတာ့ဘူး
ၿပီးေတာ့အဲဒီလူသား
သူ့ကိုယ္ေပၚမွာ သခင့္အေငြ႔သက္ေတြအျပည့္ပဲကို ဘယ္သူကအတင့္ရဲၿပီးစားမွာလဲ "

သူမက ရင္းယာန္ကိုေက်ာ္ကာ အေနာက္က လီ႐ွန္းစီလက္ညိဳးထိုးၿပီးဆိုေနျခင္းပင္။
လီ႐ွန္းလိပ္ျပာမစြာနဲ႔ ကိုယ့္ကိုကိုယ္ငုံ႕နမ္းမိရင္း

"က်ေနာ္ မနက္ကေရခ်ိဳးခဲ့ပါတယ္"

"ထားလိုက္လူသားေလး သူတို႔ကနွာေခါင္းေကာင္းတယ္
ေဝ့ ေျမေခြးမေလး
ငါတို႔ငွက္လာဖမ္းတာ ငွက္ေတြဘယ္နားမွာလဲ"

သူမက ရင္းယာန္အေမးကို ဂ႐ုမစိုက္သည့္ႏွယ္ မထုံတတ္ေတးလုပ္ေနေလသည္။
ရင္းယာန္ ရူး႐ူး႐ွဲ႐ွဲျဖစ္ကာ ေဒါသထြက္လာပုံရမွ သူမကဟိုၾကည့္ဒီၾကည့္လုပ္ကာဆိုလာသည္၊

"ငွက္လား....
ေတာရဲ႕အလယ္ေလာက္မွာ ...
ဒါနဲ႔ ကိုယ့္ကိုကိုယ္ အထင္ႀကီးလြန္းေနတာမဟုတ္ဘူးလား
ဖမ္းႏိုင္မွာလဲမဟုတ္ပဲနဲ႔
ၿပီးေတာ့လူကိုေျမေခြးမတဲ့ ႐ိုင္းစိုင္းလိုက္တဲ့နတ္"

ေတာလယ္လို႔ၾကားလို႔ ေ႐ွ႕တိုးမည္ျပဳေနတဲ့ ဝုရင္းယာန္ေျခလွမ္းေတြက
ထိုေျမေခြးမေလးစကားမွာ ရပ္တန္႔သြားရေလသည္။

"မင္း...အိမ္ေ႐ွ႕စံကိုဒီလိုေျပာရဲတယ္
ေျမေခြးမမလို႔ ေျမေခြးမေခၚတာေပါ့
ထပ္ၿပီးေခၚမွာ
ေျမေခြးမ ေျမေခြးမ ေျမေခြးမ ေျမေခြးမ ေျမေခြးမ...ဟမ့္"

အားရေအာင္ေျပာၿပီး အႏိုင္ပိုင္းကာထြက္သြားဖို႔ျပင္လိုက္ေပမယ့္ ထိုေျမေခြးမေလးက ​ေနာက္ကက်ိန္ဆဲလာေလသည္။

"နင္...နတ္စုတ္ ယဥ္ေက်းမူမ႐ွိလိုက္တဲ့နတ္ သိမ္ေမြ႔တဲ့မိန္းကေလးက ိုေျပာရဲတယ္ ေအာက္တန္းက်တဲ့နတ္စုတ္"

ေကာင္းကင္ၿမိဳ႕ေတာ္ရဲ႔အခ်စ္ခံအိမ္ေ႐ွ႕စံေပမို႔ အလိုလိုက္အႀကိဳက္ပဲေဆာင္ခံထားရသည့္ အိမ္ေ႐ွ႕စံေပမို႔
ရင္းယာန္မွာသည္းမခံႏိုင္ေတာ့ပဲ..

"မင္းကမွအဆင့္မ႐ွိတဲ့ေျမေခြးမ အိမ္ေ႐ွ႕စံကိုရန္ေတြ႔ရဲတယ္"

"နင္.."

နဖူးခ်င္းတိုက္ေတာ့မတတ္ နီးကပ္ေနကာ ရန္အေငြ႔သတ္ေတြလိူင္လိူင္ထေနတဲ့ႏွစ္ဦးၾကား လီ႐ွန္းအတင့္ရဲကာဝင္ရပ္လိုက္ရသည္။

"မင္းတို႔ေတာ္က်ပါေတာ့ ရန္မျဖစ္က်ပါနဲ႔"

"လူသားေလး ႐ွင္ေျပာၾကည့္စမ္းပါ ဘယ္သူမွားလဲဆိုတာ"

သူမရဲ႕ေမးသံက ၾကမ္းတမ္းမေနဘူးဆိုသည့္တိုင္ မ်က္လုံးအိမ္မွာအနီေရာင္ေျပာင္းေနၿပီး လက္သဲတို႔ပင္႐ွည္ထြက္ေနကာ အသံကလည္း အနည္းငယ္ပင္ေအာလာတာေၾကာင့္ လီ႐ွန္းက်သီးထမိေနရင္း....

"အာ....က် က်ေနာ့္အထင္
ဘယ္္ဘယ္သူမွမမွားပါဘူး "

"ဒါဆိုဘယ္သူမွားတာလဲ...!!"
"ဒါဆိုဘယ္သူမွားတာလဲ...!!"

အိမ္ေ႐ွ႕စံေရာ ထိုေျမေခြးမေလးပါ တိုင္ပင္ထားသည့္ႏွယ္ လီ႐ွန္းနားကပ္ကာ ေအာ္လိုက္က်သည္က
လူသားျဖစ္တဲ့လီ႐ွန္းခဗ်ာ နားပင္အူထြက္သြားေလသည္။
လီရွန္း အူသြားတဲ့နားႏွစ္ဖက္ကိုအသာဖိရင္း...

"က်ေနာ္မွားတာပါ
က်ေနာ္မွားတာ လူသားျဖစ္တဲ့က်ေနာ္မွားတာ"

"ဟမ့္..."
"ဟမ့္..."

ႏွစ္ဦးၿပိဳင္တူႏွာမူတ္ကာ တစ္ဖက္စီလွည့္သြားက်ေလသည္။

::ဘာလို႔သူတို႔က ကေလးေတြလိုျဖစ္ေနရတာလဲ
ေျပာေတာ့ေကာင္းကင္ၿမိဳ႕ေတာ္ရဲ႕အိမ္ေ႐ွ႕စံဆို
တစ္ေယာက္ကလည္းေျမေခြးမိစၦာဆို...

"လူသားေလး ငါတို႔သြားရေအာင္ ဒီနားကေျမေခြးနံ႕ေတြ႐ူမိရင္ ေနမေကာင္းျဖစ္လိမ့္မယ္"

အိမ္ေ႐ွ႕စံကလီ႐ွန္းလက္ဆြဲကာ အႏိုင္နဲ႔ေျပာၿပီး ေတာရဲ႕အလယ္ကိုဦးတည္ကာထြက္ခဲ့ေတာ့
ေျမေခြးမေလးမွာသာ ေစြ႔ေစြ႔ခုန္ကာက်န္ေနခဲ့ရင္း

"နင္...
နင့္ကိုသခင္နဲ႔တိုင္ေျပာမွာ...!!"

အေဝးမေရာက္ေသးတာေၾကာင ့္ထိုစကားကို လီ႐ွန္းေရာ အိမ္ေ႐ွ႕စံပါေသခ်ာၾကားလိုက္ရသည္။
ဝုရင္းယာန္ ဟားတိုက္ကာရယ္ခ်လိုက္ၿပီး

"ဟဟား....
တိုင္ေလ ငါေျပာလိုက္မယ္
ခ်န္းဖုန္ရႊမ္ကို ငါက ေၾကာက္မေနဘူး"

"တကယ္လား...."

႐ုတ္တရက္တိုက္ခက္သြားတဲ့ ​ေလေအးတစ္ခ်က္နဲ႔အတူ ထြက္ေပၚလာတဲ့အသံက လီ႐ွန္းေရာအိမ္ေ႐ွ႕စံကိုပါ ေက်ာ႐ိုးတစ္ေလ်ာက္စိမ့္တတ္သြားေစသည္။
ထို႔ေနာက္ ေျမေခြးမေလးထံမွ ွအသံထြက္ေပၚလာသည္က.....

"သခင္....."

.
.
.
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန္႔ 😆
...........................................................

#ေပါက္စ

###

"ဝါး.....!!
ဒီလိုနေရာမျိုးရှိမယ်လို့ထင်မထားဘူး"

ထိန်းသိမ်းရေးတောထဲဝင်ကာရှိသေး ထူးဆန်းတဲ့အပင်တွေ အရောင်သွေးစုံတဲ့ ပန်းတွေနဲ့ မြင်မြင်သမျှက အသစ်အဆန်းကိုအဖြစ်လို့။
လေးထောင်ပုံစံအရွက်တွေက အစိမ်းရောက်တောက်နေတ ဲ့ပင်စည်တွေနဲ့ ထူးဆန်းစွာလှပ​နေလျက်....
ပင်စည်အနီရောင်နဲ့ အပွင့်နီနီတွေချည်းပွင့်နေတဲ့သစ်ပင်တွေရယ်... ခရမ်းရောင်နွယ်နွယ်လှလှလေးတွေက နေရာအနှံ့မှာရှိနေပြီး အပြာရောင်အပွင့်လှလှတွေနဲ့ ကြည့်ကောင်းလွန်းနေတာတွေရော.... ပန်းသွေးရောင်အရွက်လေးတွေနဲ့ အဝါရောင်အပွင့်လေးတွေရောကာ အပင်တချို့ကလည်း အ​ရောင်သုံးလေးရောင်နှင့် အရောင်သွေးစုံကာလှပလွန်းသည်။
မြေပြင်ကနေအပွင့်ပဲထွက်နေတဲ့ အပင်စုလေးတွေကလည်း အရောင်တောက်တောက်လေးတွေနှင့်
ဟိုတစ်စုဒီတစ်စုနဲ့
ခြုံများကြည့်လိုက်ရင် မျက်စိပင်ကျိမ်းသွားနိုင်လောက်အောင် လှပကာအရောင်စုံနိုင်လွန်းသည်။

မြင်မြင်သမျှက အသစ်ဆန်းတွေမို့
လီရှန်းငေးနေတုန်း အိမ်ရှေ့စံက ရင်ဘတ်ထဲဝှက်ယူလာတဲ့စာအုပ်ကို အသည်းအသန်ဖတ်နေရင်း...

"လူသားလေး တစ်ခုခုလာနေပြီ.."

ရုတ်တရက် လီရှန်းလက်ကိုဆွဲပြီး ခြုံတစ်ခုထဲပြေးဝင်လိုက်သည့်အိမ်ရှေ့စံပင်။
လီရှန်း ဘာများလဲလို့မေးဖို့ပြင်ရုံရှိသေး
အိမ်ရှေ့စံက အသံမထွက်ဖို့အချက်ပြလာသည်။
နှစ်ယောက်သားတိုင်ပင်ဖို့မလို့စွာ အဖြူရောင်ခြုံကြီးထဲကနေ အပြင်ကိုချောင်းကြည့်လိုက်တော့ အဖြူရောင်အလင်းတွေဖြာထွက်နေသလိုတဲ့ ကောင်မလေးတစ်ယောက်.. .။
ဖယောင်သားလိုအသားရည်နဲ့
ပျော့ပျောင်းနေတဲ့လက်တွေက ညင်သာစွာယိမ်းနွဲ့နေရင်း အပင်တချို့စီက ပန်းတွေကိုခြင်းတောင်းထဲခူးထည့်နေသည်။
အနက်မှောင်နေတဲ့ဆံနွယ်အရှည်ကြီးက သူမရဲ့ဒူးကျော်ကျော်ပင်ရှိပြီး စွေးစွေးနီနေတဲ့နုတ်ခမ်းတစ်စုံနဲ့ ဖြူစွတ်စွတ်အသားရေရယ်ပေါင်းစပ်လိုက်ရင်
သူမမှာ ယောက်ကျားသားတို့အကြိုက်
နတ်မိမယ်​လေးတစ်ပါးလိုပင်။
လီရှန်းပင်လျှင် သတိလက်လွတ်ငေးနေမိတုန်း ဘေးကအိမ်ရှေ့စံက စာအုပ်ကိုသဲကြီးမဲကြီးဖတ်နေကာဖြင့်...

"မြေခွေးမပဲ...
မိစၧာဘက်အားသာပေမယ့် နတ်မျိုးနွယ်လည်းဝင်သေးတယ် အသက်တစ်ရာပြည့်တာနဲ့ လူပုံပန်းသဏ္ဌာန်ရသွားကျတယ်တဲ့ နောက်ဆုံးကျန်ခဲ့တဲ့နှစ်ကောင်ကို မီးမျိုးနွယ်ကထိန်းသိမ်းထားတယ်လို့ရေးထားတယ် တကယ်ရှိတာပဲ ဒဏ္႑ာရီပဲထင်နေတာ"

အိမ်ရှေ့စံစကားကြောင့် လီရှန်းပါစာအုပ်ကိုငုံ့ကြည့်နေတုန်း
နှစ်ယောက်သားကျက်သီးထလာသည်မို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူတံတွေးမျိုချလိုက်မိကျသည်။
မျက်လုံးကိုအနည်းငယ်ရွေ့ကြည့်မိတော့ ခြုံရဲ့တစ်ဖက်ကနေ လီရှန်းတို့နှစ်ယောက်ကိုပြုံးပြီးကြည့်နေပါတဲ့ ထိုကောင်မလေး...။

"ရှင်တို့ ခြုံထဲဝင်ပြီးဘာလုပ်နေတာလဲ
မဟုတ်တာတွေလုပ်နေကျတာမလား"

"မဟုတ်ပါဘူး ငါတို့မဟုတ်တာလုပ်နေတာမဟုတ်ဘူး"

အသည်းအသန်ငြင်းရင်း
နှစ်ယောက်လုံး မလုံလဲစွာအပြင်ထွက်လိုက်ကျကာ ဟိုခါဒီခါလုပ်နေမိကျသည်။
ထိုကောင်မလေးက လီရှန်းနားကပ်လာကာ နှာခေါင်းရူံ့လုပ်နေတာကြောင့်
ရင်းယာန် လူသားလေးကို နောက်တွင်ဖွတ်လိုက်ရတော့သည်။

"လူသားလေး
အနားသိပ်မကပ်နဲ့သူတို့ကလူသားစားတယ်"

ထိုအခါ မျက်လုံးပြူးကြီးနဲ့ကြည့်လာသော ထိုမြေခွေးမလေးမှာ
ခဏလောက်ကြောင်နေပြီးမှ ထွီခနဲတံထွေးထထွေးလာကာဖြင့်

"ထွီ...ဘယ်သူကစားတာလဲ
စော်ကားလိုက်တာ "

"မဟုတ်လို့လား မစားလို့လား"

အိမ်ရှေ့စံက ညာဖို့မစဉ်းစားနဲ့ဟူသောအကြည့်ဖြင့်
ခပ်ဆက်ဆက်မေးလိုက်တော့ စကားတွေဘာတွေတောင် ထစ်ကုန်သည့်မြေခွေးမလေးပင်..

"စား စားတယ်...အဲတာ အရင်တုန်းက အခုမဟုတ်တော့ဘူး
ပြီးတော့အဲဒီလူသား
သူ့ကိုယ်ပေါ်မှာ သခင့်အငွေ့သက်တွေအပြည့်ပဲကို ဘယ်သူကအတင့်ရဲပြီးစားမှာလဲ "

သူမက ရင်းယာန်ကိုကျော်ကာ အနောက်က လီရှန်းစီလက်ညိုးထိုးပြီးဆိုနေခြင်းပင်။
လီရှန်းလိပ်ပြာမစွာနဲ့ ကိုယ့်ကိုကိုယ်ငုံ့နမ်းမိရင်း

"ကျနော် မနက်ကရေချိုးခဲ့ပါတယ်"

"ထားလိုက်လူသားလေး သူတို့ကနှာခေါင်းကောင်းတယ်
ဝေ့ မြေခွေးမလေး
ငါတို့ငှက်လာဖမ်းတာ ငှက်တွေဘယ်နားမှာလဲ"

သူမက ရင်းယာန်အမေးကို ဂရုမစိုက်သည့်နှယ် မထုံတတ်တေးလုပ်နေလေသည်။
ရင်းယာန် ရူးရူးရှဲရှဲဖြစ်ကာ ဒေါသထွက်လာပုံရမှ သူမကဟိုကြည့်ဒီကြည့်လုပ်ကာဆိုလာသည်၊

"ငှက်လား....
တောရဲ့အလယ်လောက်မှာ ...
ဒါနဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာမဟုတ်ဘူးလား
ဖမ်းနိုင်မှာလဲမဟုတ်ပဲနဲ့
ပြီးတော့လူကိုမြေခွေးမတဲ့ ရိုင်းစိုင်းလိုက်တဲ့နတ်"

တောလယ်လို့ကြားလို့ ရှေ့တိုးမည်ပြုနေတဲ့ ဝုရင်းယာန်ခြေလှမ်းတွေက
ထိုမြေခွေးမလေးစကားမှာ ရပ်တန့်သွားရလေသည်။

"မင်း...အိမ်ရှေ့စံကိုဒီလိုပြောရဲတယ်
မြေခွေးမမလို့ မြေခွေးမခေါ်တာပေါ့
ထပ်ပြီးခေါ်မှာ
မြေခွေးမ မြေခွေးမ မြေခွေးမ မြေခွေးမ မြေခွေးမ...ဟမ့်"

အားရအောင်ပြောပြီး အနိုင်ပိုင်းကာထွက်သွားဖို့ပြင်လိုက်ပေမယ့် ထိုမြေခွေးမလေးက ​နောက်ကကျိန်ဆဲလာလေသည်။

"နင်...နတ်စုတ် ယဉ်ကျေးမူမရှိလိုက်တဲ့နတ် သိမ်မွေ့တဲ့မိန်းကလေးက ိုပြောရဲတယ် အောက်တန်းကျတဲ့နတ်စုတ်"

ကောင်းကင်မြို့တော်ရဲ့အချစ်ခံအိမ်ရှေ့စံပေမို့ အလိုလိုက်အကြိုက်ပဲဆောင်ခံထားရသည့် အိမ်ရှေ့စံပေမို့
ရင်းယာန်မှာသည်းမခံနိုင်တော့ပဲ..

"မင်းကမှအဆင့်မရှိတဲ့မြေခွေးမ အိမ်ရှေ့စံကိုရန်တွေ့ရဲတယ်"

"နင်.."

နဖူးချင်းတိုက်တော့မတတ် နီးကပ်နေကာ ရန်အငွေ့သတ်တွေလိူင်လိူင်ထနေတဲ့နှစ်ဦးကြား လီရှန်းအတင့်ရဲကာဝင်ရပ်လိုက်ရသည်။

"မင်းတို့တော်ကျပါတော့ ရန်မဖြစ်ကျပါနဲ့"

"လူသားလေး ရှင်ပြောကြည့်စမ်းပါ ဘယ်သူမှားလဲဆိုတာ"

သူမရဲ့မေးသံက ကြမ်းတမ်းမနေဘူးဆိုသည့်တိုင် မျက်လုံးအိမ်မှာအနီရောင်ပြောင်းနေပြီး လက်သဲတို့ပင်ရှည်ထွက်နေကာ အသံကလည်း အနည်းငယ်ပင်အောလာတာကြောင့် လီရှန်းကျသီးထမိနေရင်း....

"အာ....ကျ ကျနော့်အထင်
ဘယ််ဘယ်သူမှမမှားပါဘူး "

"ဒါဆိုဘယ်သူမှားတာလဲ...!!"
"ဒါဆိုဘယ်သူမှားတာလဲ...!!"

အိမ်ရှေ့စံရော ထိုမြေခွေးမလေးပါ တိုင်ပင်ထားသည့်နှယ် လီရှန်းနားကပ်ကာ အော်လိုက်ကျသည်က
လူသားဖြစ်တဲ့လီရှန်းခဗျာ နားပင်အူထွက်သွားလေသည်။
လီရှန်း အူသွားတဲ့နားနှစ်ဖက်ကိုအသာဖိရင်း...

"ကျနော်မှားတာပါ
ကျနော်မှားတာ လူသားဖြစ်တဲ့ကျနော်မှားတာ"

"ဟမ့်..."
"ဟမ့်..."

နှစ်ဦးပြိုင်တူနှာမူတ်ကာ တစ်ဖက်စီလှည့်သွားကျလေသည်။

::ဘာလို့သူတို့က ကလေးတွေလိုဖြစ်နေရတာလဲ
ပြောတော့ကောင်းကင်မြို့တော်ရဲ့အိမ်ရှေ့စံဆို
တစ်ယောက်ကလည်းမြေခွေးမိစၦာဆို...

"လူသားလေး ငါတို့သွားရအောင် ဒီနားကမြေခွေးနံ့တွေရူမိရင် နေမကောင်းဖြစ်လိမ့်မယ်"

အိမ်ရှေ့စံကလီရှန်းလက်ဆွဲကာ အနိုင်နဲ့ပြောပြီး တောရဲ့အလယ်ကိုဦးတည်ကာထွက်ခဲ့တော့
မြေခွေးမလေးမှာသာ စွေ့စွေ့ခုန်ကာကျန်နေခဲ့ရင်း

"နင်...
နင့်ကိုသခင်နဲ့တိုင်ပြောမှာ...!!"

အဝေးမရောက်သေးတာကြောင ့်ထိုစကားကို လီရှန်းရော အိမ်ရှေ့စံပါသေချာကြားလိုက်ရသည်။
ဝုရင်းယာန် ဟားတိုက်ကာရယ်ချလိုက်ပြီး

"ဟဟား....
တိုင်လေ ငါပြောလိုက်မယ်
ချန်းဖုန်ရွှမ်ကို ငါက ကြောက်မနေဘူး"

"တကယ်လား...."

ရုတ်တရက်တိုက်ခက်သွားတဲ့ ​လေအေးတစ်ချက်နဲ့အတူ ထွက်ပေါ်လာတဲ့အသံက လီရှန်းရောအိမ်ရှေ့စံကိုပါ ကျောရိုးတစ်လျောက်စိမ့်တတ်သွားစေသည်။
ထို့နောက် မြေခွေးမလေးထံမှ ှအသံထွက်ပေါ်လာသည်က.....

"သခင်....."

.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😆
...........................................................

#ပေါက်စ

Continue Reading

You'll Also Like

158K 15.8K 27
ေကာင္းကင္မွာၾကယ္ကေလးေတြျမင္လားခ်စ္သူ သူတို႕တစ္ခုခ်င္းစီမွာပံုျပင္တစ္ပုဒ္စီရွိၾကေလရဲ႕ တစ္ေန႕မွာ ကိုယ္တို႕ႏွစ္ေယာက္အေၾကာင္းကိုလည္း ၾကယ္ပံုျပင္အျဖစ္ကမၺည...
152K 1.7K 2
ကျွန်​တော် သူ့ဆီက​နေ ထွက်​သွားခဲ့တယ် ။သို့​​သော် ကျွန်​တော် ကိုယ်တိုင်ပဲ ပြန်လာခဲ့တယ် ။ ဒိတစ်ခါ​တော့အရင်လို သူ့ အသည်းကို ထပ်ခွဲဖို့ မဟုတ် ........ က...
2M 255K 125
credit to original author Shui Qian Cheng. This story belongs to Rosy0513 and Joell55. I am just a translator. This cover photo is not belong to me.
2.7M 92.1K 25
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...