ဒီေန႔ႏွင့္ဆို႔ လီ႐ွန္းမီးႏိုင္ငံကိုေရာက္တာ ငါးရက္ေက်ာ္လာခဲ့ၿပီ။
ညတိုင္း အ႐ွင့္ကိုခစားရတာကလည္း မေသ႐ုံတမယ္ႏွင့္....
ဒါေတာင္အိမ္ေ႐ွ႕စံေပးသည့္ေဆးက ေတာ္ေတာ္ႀကီးထိေရာက္ေနလို႔ ေတာ္ေနေသးသည္။
တစ္ခုေကာင္းသည္က အိပ္ရာကႏိုးလာၿပီဆိုနာက်င္မူေတြ႐ွိမေနျခင္းပင္။
လီ႐ွန္းအပ်င္းေျကာတစ္ခ်က္ဆန္႔လိုက္ၿပီးမွ ကုတင္ေပါကဆင္းလိုက္သည္။
ကိုယ္ေပၚမွာအဝတ္ေတြ႐ွိေနေပမယ့္ ခါးစီးႀကိဳးကေျပေလ်ာ့ေနၿပီး ရင္ဘတ္ကအနည္းငယ္ဟစ္ဟေနတာေၾကာင့္ အျမန္ဆြဲအုပ္ၿပီးမွ ေဘးဘီလည္းေဝ့ဝဲၾကည့္ရေသးသည္။
အ႐ွင္ေတာ့႐ွိမေနေလာက္ပါဘူးေနာ္....။
ခက္ခဲသည့္သက္ပ်င္းသဲ့သဲ့ကိုခ်ရင္း
မွန္ေ႐ွ႕ရပ္မိကာကိုယ့္ကိုကိုယ္ေသခ်ာၾကည့္မိေနသည္။
လီ႐ွန္းရဲ႕႐ုပ္ရည္က အေခ်ာႀကီးထဲမွာပါေပမယ့္လည္း
တအားေတာ့ၾကည့္ရမဆိုးေလာက္ပါဘူး။
ဒါေပမယ့္လည္း မီးႏိုင္ငံေတာ္ကလူေတြအကုန္လုံးက
လီ႐ွန္းကိုၾကည့္ရဆိုးသည္တဲ့ေလ။
လီ႐ွန္း မွန္ထဲကကိုယ့္ပုံရိပ္ကိုၾကည့္ရင္း ထိုသူတို႔ရဲ႕စကားေတြကို ခ်က္ျခင္းပင္ျငင္းပယ္ျပစ္လိုက္သည္။
အေမကဆို ေခ်ာေမာလြန္းလို႔ ေန႔တိုင္းခ်ီးမြန္းေနရတဲ့႐ုပ္ရည္ေလးကို သူတို႔မလို႔ေျပာရက္တယ္
တကယ္ပါပဲ....
လီ႐ွန္း စိတ္ထဲကစကားလုံးေပါင္းမ်ားစြာေရရြတ္ရင္း ေရခ်ိဳးခန္းထဲေျပးဝင္လာခဲ့ေတာ့သည္။
ဟိုေကာင္မေလးေတြေန႔တိုင္းေရခ်ိဳးမေပးတာလည္း
ေတာ္ေသးသည္ဟုေျပာရမည္။
မဟုတ္လ်ွင္ လီ႐ွန္း႐ွက္လြန္းလို႔အေငြ႔ပင္ပ်ံသြားႏိုင္သည္ေလ။
လူသားေကာင္ေလးေရခ်ိဳးထဲေျပးဝင္သြားမွ
ဖုန္းရႊမ္အနည္းငယ္ရယ္လိုက္မိသည္။
အႏွီေကာင္ေလးရဲ႕အမူယာေတြက လိုက္ဖက္မေနေပမယ့္လည္း တစ္မ်ိဳး့ခ်စ္စရာေကာင္ေနတာေတာ့ ဝန္ခံရလိမ့္မည္။
မနက္အေစာႀကီးလည္းထတတ္တယ္ထင္သည္ အျမဲဖုန္းရႊမ္ထက္္အရင္ႏိုးေနတတ္ၿပီး
ေရကခ်ိဳးေသးသည္တဲ့..။ လူသားျဖစ္ၿပီးမေအးဘူးလားမသိ
မီးမ်ိဳးႏြယ္ေတြအတြက္ေတာင္ေအးလွတာကို...။
ဘာရယ္မဟုတ္ပဲ ထိုကေလးေေရခ်ိဳးတာကို ခဏေလာက္ၾကည့္ေနမိၿပီးမွ ကိုယ့္အေဆာင္ကိုယ္ျပန္လာခဲ့မိေတာ့သည္။
လီ႐ွန္းမွာမူ ဘာမွမသိပဲ
ေရခ်ိဳးၿပီး အနီေရာင္အက်ႌေလးတစ္ထည္ ယူဝတ္လိုက္သည္။
အနီေရာင္ပဲဝတ္ခြင့္႐ွိလို႔လားေတာ့မသိ လီ႐ွန္းအတြက္ဆိုတဲ့အက်ႌေတြက
အကုန္လုံး အနီေရာင္ေတြခ်ည္းပဲျဖစ္ၿပီး အေရာင္ကြဲတစ္ေရာင္ေလးမွကိုပါမေနေပ။
လီ႐ွန္းအနီေရာင္မမုန္းေပမယ့္လည္း
လီ႐ွန္းႏွင့္ေတာ့ မလိုက္ဖက္ဘူးလို႔ထင္ေနမိသည္။
သို႔ပါေသာ္လည္း ေရြးခ်ယ္စရာမွမ႐ွိပါပဲေလ...။
မွန္ေ႐ွ႕မွာထားထားတဲ့ အလွျပင္ပစၥည္းတခ်ိဳ႕ရယ္ အဆင္တန္ဆာအမ်ားျပားရယ္ကိုလွစ္လ်ဴ႐ူလိုက္ၿပီး
ဆံပင္ကိုအကုန္သိမ္းကာ ခပ္ျမင့္ျမင့္ေလးစည္းေႏွာင္ထားလိုက္သည္။
"ဒါမွ ေယာက္က်ားၿပီသတာ"
ကိုယ့္ကိုယ္ေက်နပ္စြာခ်ီးမြန္းခန္းဖြင့္လို့
မၿပီးတၿပီးမွာပဲ ႐ို႔ထို႔တို႔ေရာက္လာကာ မနက္စာျပင္ဆင္ျပင္ေပးက်ေလသည္။
"အျမဲအေစာႀကီးႏိုးေနတတ္တာပဲ ေနာက္ရက္ဒီထက္ေစာၿပီးလာရမယ္ထင္တယ္"
"မဟုတ္တာ...တကယ္မဆာေသးပါဘူး "
႐ို႔ထို႔က ထမင္းပြဲျပင္ၿပီးမွ
ဆံပင္စည္းထားတာကိုေတြ႕သည္ထင္သည္ မ်က္ႏွာကခ်က္ျခင္းညိဳးငယ္သြားကာ ေျဖဖို႔လက္လွမ္းလာသည္။
"ဆံပင္ေတြကဘာလို႔စည္းလိုက္တာလဲ
ျပန္ျပင္ရေအာင္"
လီ႐ွန္း ႐ို႔ထို႔လက္ေအာက္ကေ႐ွာင္တိမ္းလိုက္ရင္း လက္ဖဝါးႏွစ္ခုကိုမီးထြက္မတတ္ပြတ္ကာျဖင့္....
"ဒီတိုင္းပဲသေဘာက်လို႔ပါ
ခ်ထားရင္စိတ္႐ူပ္စရာႀကီး ေနာ္ေနာ္"
ထိုေတာ့မွ ခက္ခဲစြာခြင့္ျပဳေပးလိုက္ရသည့္ပုံနဲ႔ ႐ို႔ထို႔ကဆိုလာသည္။
"ဟုတ္ပါၿပီ...."
လီ႐ွန္း ႐ို႔ထို႔ကိုရယ္ျပလိုက္သည္။ လီ႐ွန္းတေျဖးေျဖးသိလာသည္က ဒီႏိုင္ငံေတာ္မွာ စည္းကမ္းတင္းက်ပ္တာမ်ိဳးဟူ၍မ႐ွိေပ။
"လူသားေလးေရ...."
အသံေၾကာင့္ အေပါက္ဝၾကည့္မိေတာ့ ေခါင္းေလးပဲျပဴထြက္ေနကာ ေခ်ာင္းေနသည့္အိမ္ေ႐ွ႕စံပင္။
လီ႐ွန္းေပ်ာ္သြားသည္ ဘာပဲေျပာေျပာတစ္ေယာက္ထဲမစားရေတာ့ဘူးေလ။
"အိမ္ေ႐ွ႕စံ ဝင္လာခဲ့ေလ"
လီ႐ွန္းအသံေပးတာနဲ႔ဝင္လာကာ
စားပြဲကိုငုံ႕ၾကည့္ေနေလသည္။
ထပ္အေျပာခံရမွာဆိုလို႔လားမသိ အိမ္ေ႐ွ႕စံဝင္လာတာနဲ႔ ႐ို႔ထို႔တို့ကခ်က္ျခင္းအျပင္ထြက္သြားက်သည္။
"ဝါး...စုံလင္ေနတာပဲ ေဟာဒီက မီးေတာက္ေဖ်ာ့ေဖ်ာ့ေလးနဲ႔သာဆို ပိုစုံသြားမယ္"
ေနာက္မွာဝွက္ထားသည့္္
လက္ထဲကအရက္အိုးေလးထုတ္ျပကာ ေျမာက္ႂကြားစြာေျပာလာတာေၾကာင့္ လီ႐ွန္းထိုအရက္အိုးေလးကို စိတ္ဝင္တစားၾကည့္ေနမိသည္။
"မီးေတာက္ေဖ်ာ့ေဖ်ာ့ေလး..."
လီ႐ွန္းေရရြတ္မိေတာ့ အိမ္ေ႐ွ႕စံက ဒါေတာင္မသိဘူးလားဆိုသည့္ အၾကည့္နဲ႔ၾကည့္လာကာ...
"ခုထိမသိေသးဘူးလား
ဒီႏိုင္ငံေတာ္မွာပဲရႏိုင္တဲ့ တန္ဖိုးႀကီးအရာေတြထဲကတစ္ခုေလ
ေသာက္ၾကည့္ေသာက္ၾကည့္ ခံစားလို႔ေကာင္းေစရမယ္"
စိတ္ျမန္လက္ျမန္႐ွိပုံရတဲ့အိမ္ေ႐ွ႕စံက ပန္းကန္တစ္ခုထဲငွဲ႔ေပးရင္း လီ႐ွန္းလက္ထဲထည့္ေပးလာသည္။လီ႐ွန္းစမ္းေသာက္ျကည့္္ခ်င္သည့္တိုင္
မဝံ့မရဲလည္းျဖစ္ေနေသးသည္။
ထို႔ေၾကာင့္တန္းမေသာက္ႏိုင္ေသးပဲ.....
"အရမ္းပ်င္းရင္ က်ေနာ္မေသာက္ႏိုင္ဘူး"
".ေသာက္ၾကည့္ပါဆိုေန..."
အိမ္ေရွ့စံ၏တိုက္တြန္းမူနဲ့
ဘာျဖစ္ျဖစ္ဆိုၿပီးေသာက္ၾကည့္လိုက္ေတာ့ မီးနဲ႔ပဲအကင္ခံလိုက္ရသလို မီးခဲပဲမ်ိဳလိုက္ရသလို လည္ေခ်ာင္းတစ္ခုလုံးပဲမီးထပြင့္ေတာ့မလိုႏွင့္... ခံစားခ်က္ကဆိုးဝါးလြန္းသည္။
"ဒါက...ပူ ပူလိုက္တာ.."
အိမ္ေ႐ွ႕စံက လီ႐ွန္းရဲ႕တုန္႔ျပန္မူကိုသေဘာက်ေနရင္း ေနာက္ထပ္ေတာင္ငွဲ႔ေပးလာသည္။
"ေအးေလ ေကာင္းလား
လာလာေနာက္တစ္ခြက္ေသာက္ၾကည့္ "
"ေတာ္ ေတာ္ ၿပီ က်ေနာ္မေသာက္ႏိုင္ဘူး
အရမ္းပူတယ္ မီးလိုပဲ"
အိမ္ေ႐ွ႕စံထပ္မံကမ္းေပးလာတဲ့ပန္းကန္ကို ျငင္းလိုက္ၿပီး သက္သာလိုသက္သာျငား ဟင္းရည္ကိုပဲလိမ့္ေသာက္ေနမိသည္။
"ဟိမ္း....လူသားေတြေပ်ာ့လြန္းတယ္..."
ိအိမ္ေ႐ွ႕စံကေျပာလည္းေျပာ သူကိုယ္တိုင္လည္း တစ္ခြက္ၿပီးတစ္ခြက္ေသာက္ေနေလသည္။
တစ္အိုးလုံးကုန္ကာနီးေလာက္မွ ထမင္းငုံ႕စားေနတဲ့လီ႐ွန္းကိုစကားစလာသည္။
"လူသားေလး...ငါတို႔ ငွက္သြားဖမ္းရေအာင္
ဒီႏိုင္ငံေတာ္မွာ စိတ္ဝင္စားစရာေတြအမ်ားႀကီး႐ွိတယ္"
"ငွက္လား...."
လီ႐ွန္းနားမလည္သလိုၾကည့္လိုက္ေတာ့ ပန္ကန္ကိုေဆာင့္ခ်ရင္း လီ႐ွန္းနားပိုကပ္ကာ ႏွစ္ကိုယ္ၾကားသံျဖင့္တိုးတိုးေလးေျပာလာသည္။
"လူ႔ျပည္ေရာ နတ္ျပည္မွာပါမ႐ွိေတာ့တဲ့အေကာင္ေတြကို
ဒီႏိုင္ငံေတာ္မွာထိန္းသိမ္းထားတယ္ ငါတို႔သြားဖမ္းရေအာင္"
"မလုပ္ရဲဘူး က်ေနာ္ေၾကာက္တယ္"
လီ႐ွန္းတကယ္ေၾကာက္တာေၾကာင့္
ျငင္းလိုက္ေပမယ့္ စိတ္ကေတာ့စူးစမ္းခ်င္ေနမိသည္။
အိမ္ေ႐ွ႕စံကလည္း မလိုက္လိုက္ခ်င္ေအာင္ကိုမဲဆြယ္ေနေလသည္။
"အိုင္ယား....ဖမ္းႏိုင္တဲ့လူယူဆိုၿပီး ခြင့္ျပဳေပးထားတာကို
ငါတို႔လက္ကိုသုံးၿပီးဖမ္းရမွာမဟုတ္ဘူး ႏွလုံးသားသုံးၿပီးဖမ္းရမွာ
ေပ်ာ္စရာေကာင္းမွာကြ သြားရေအာင္ အတူသြားရေအာင္လို႔ ..."
အိမ္ေ႐ွ႕စံ၏တိုက္တြန္းမူေၾကာင့္ပါပဲ အေဆာင္မွာပဲေနရတာလည္းပ်င္းသလို႐ွိလာျပီး
အထူးဆန္းေတြျမင္ခ်င္တာေၾကာင့္ပါ လိုက္သြားဖို႔ဆုံးျဖတ္လိုက္ေတာ့သည္။
"သြားက်မလား..."
လီ႐ွန္းရဲ႕ ခပ္တိုးတိုးစကားေၾကာင့္ အိမ္ေ႐ွ႕စံကျပဳံးျပဳံးႀကီးေခါင္းၿငိမ့္ျပလာသည္။
အေဆာင္ျပင္ဘက္ကို ႏွစ္ဦးသားေခ်ာင္းၾကည့္က်ေတာ့ ႐ို႔ထို႔တို႔လည္း႐ွိမေနတာေၾကာင့္ ႏွစ္ေယာက္သားသုတ္သုတ္နဲ႔ပဲ
မီးႏိုင္ငံေတာ္ရဲ႕ထိန္းသိမ္းေရးေတာထဲ ဦးတည္ခဲ့က်ေတာ့သည္။
.
.
.
.
.
.
တူဘီ ကိုတိန္ၫြန္႔ 😚
.............................................................
#ေပါက္စ
###
ဒီနေ့နှင့်ဆို့ လီရှန်းမီးနိုင်ငံကိုရောက်တာ ငါးရက်ကျော်လာခဲ့ပြီ။
ညတိုင်း အရှင့်ကိုခစားရတာကလည်း မသေရုံတမယ်နှင့်....
ဒါတောင်အိမ်ရှေ့စံပေးသည့်ဆေးက တော်တော်ကြီးထိရောက်နေလို့ တော်နေသေးသည်။
တစ်ခုကောင်းသည်က အိပ်ရာကနိုးလာပြီဆိုနာကျင်မူတွေရှိမနေခြင်းပင်။
လီရှန်းအပျင်းကြောတစ်ချက်ဆန့်လိုက်ပြီးမှ ကုတင်ပေါကဆင်းလိုက်သည်။
ကိုယ်ပေါ်မှာအဝတ်တွေရှိနေပေမယ့် ခါးစီးကြိုးကပြေလျော့နေပြီး ရင်ဘတ်ကအနည်းငယ်ဟစ်ဟနေတာကြောင့် အမြန်ဆွဲအုပ်ပြီးမှ ဘေးဘီလည်းဝေ့ဝဲကြည့်ရသေးသည်။
အရှင်တော့ရှိမနေလောက်ပါဘူးနော်....။
ခက်ခဲသည့်သက်ပျင်းသဲ့သဲ့ကိုချရင်း
မှန်ရှေ့ရပ်မိကာကိုယ့်ကိုကိုယ်သေချာကြည့်မိနေသည်။
လီရှန်းရဲ့ရုပ်ရည်က အချောကြီးထဲမှာပါပေမယ့်လည်း
တအားတော့ကြည့်ရမဆိုးလောက်ပါဘူး။
ဒါပေမယ့်လည်း မီးနိုင်ငံတော်ကလူတွေအကုန်လုံးက
လီရှန်းကိုကြည့်ရဆိုးသည်တဲ့လေ။
လီရှန်း မှန်ထဲကကိုယ့်ပုံရိပ်ကိုကြည့်ရင်း ထိုသူတို့ရဲ့စကားတွေကို ချက်ခြင်းပင်ငြင်းပယ်ပြစ်လိုက်သည်။
အမေကဆို ချောမောလွန်းလို့ နေ့တိုင်းချီးမွန်းနေရတဲ့ရုပ်ရည်လေးကို သူတို့မလို့ပြောရက်တယ်
တကယ်ပါပဲ....
လီရှန်း စိတ်ထဲကစကားလုံးပေါင်းများစွာရေရွတ်ရင်း ရေချိုးခန်းထဲပြေးဝင်လာခဲ့တော့သည်။
ဟိုကောင်မလေးတွေနေ့တိုင်းရေချိုးမပေးတာလည်း
တော်သေးသည်ဟုပြောရမည်။
မဟုတ်လျှင် လီရှန်းရှက်လွန်းလို့အငွေ့ပင်ပျံသွားနိုင်သည်လေ။
လူသားကောင်လေးရေချိုးထဲပြေးဝင်သွားမှ
ဖုန်းရွှမ်အနည်းငယ်ရယ်လိုက်မိသည်။
အနှီကောင်လေးရဲ့အမူယာတွေက လိုက်ဖက်မနေပေမယ့်လည်း တစ်မျိုး့ချစ်စရာကောင်နေတာတော့ ဝန်ခံရလိမ့်မည်။
မနက်အစောကြီးလည်းထတတ်တယ်ထင်သည် အမြဲဖုန်းရွှမ်ထက််အရင်နိုးနေတတ်ပြီး
ရေကချိုးသေးသည်တဲ့..။ လူသားဖြစ်ပြီးမအေးဘူးလားမသိ
မီးမျိုးနွယ်တွေအတွက်တောင်အေးလှတာကို...။
ဘာရယ်မဟုတ်ပဲ ထိုကလေးေရေချိုးတာကို ခဏလောက်ကြည့်နေမိပြီးမှ ကိုယ့်အဆောင်ကိုယ်ပြန်လာခဲ့မိတော့သည်။
လီရှန်းမှာမူ ဘာမှမသိပဲ
ရေချိုးပြီး အနီရောင်အကျႌလေးတစ်ထည် ယူဝတ်လိုက်သည်။
အနီရောင်ပဲဝတ်ခွင့်ရှိလို့လားတော့မသိ လီရှန်းအတွက်ဆိုတဲ့အကျႌတွေက
အကုန်လုံး အနီရောင်တွေချည်းပဲဖြစ်ပြီး အရောင်ကွဲတစ်ရောင်လေးမှကိုပါမနေပေ။
လီရှန်းအနီရောင်မမုန်းပေမယ့်လည်း
လီရှန်းနှင့်တော့ မလိုက်ဖက်ဘူးလို့ထင်နေမိသည်။
သို့ပါသော်လည်း ရွေးချယ်စရာမှမရှိပါပဲလေ...။
မှန်ရှေ့မှာထားထားတဲ့ အလှပြင်ပစ္စည်းတချို့ရယ် အဆင်တန်ဆာအများပြားရယ်ကိုလှစ်လျူရူလိုက်ပြီး
ဆံပင်ကိုအကုန်သိမ်းကာ ခပ်မြင့်မြင့်လေးစည်းနှောင်ထားလိုက်သည်။
"ဒါမှ ယောက်ကျားပြီသတာ"
ကိုယ့်ကိုယ်ကျေနပ်စွာချီးမွန်းခန်းဖွင့်လို့
မပြီးတပြီးမှာပဲ ရို့ထို့တို့ရောက်လာကာ မနက်စာပြင်ဆင်ပြင်ပေးကျလေသည်။
"အမြဲအစောကြီးနိုးနေတတ်တာပဲ နောက်ရက်ဒီထက်စောပြီးလာရမယ်ထင်တယ်"
"မဟုတ်တာ...တကယ်မဆာသေးပါဘူး "
ရို့ထို့က ထမင်းပွဲပြင်ပြီးမှ
ဆံပင်စည်းထားတာကိုတွေ့သည်ထင်သည် မျက်နှာကချက်ခြင်းညိုးငယ်သွားကာ ဖြေဖို့လက်လှမ်းလာသည်။
"ဆံပင်တွေကဘာလို့စည်းလိုက်တာလဲ
ပြန်ပြင်ရအောင်"
လီရှန်း ရို့ထို့လက်အောက်ကရှောင်တိမ်းလိုက်ရင်း လက်ဖဝါးနှစ်ခုကိုမီးထွက်မတတ်ပွတ်ကာဖြင့်....
"ဒီတိုင်းပဲသဘောကျလို့ပါ
ချထားရင်စိတ်ရူပ်စရာကြီး နော်နော်"
ထိုတော့မှ ခက်ခဲစွာခွင့်ပြုပေးလိုက်ရသည့်ပုံနဲ့ ရို့ထို့ကဆိုလာသည်။
"ဟုတ်ပါပြီ...."
လီရှန်း ရို့ထို့ကိုရယ်ပြလိုက်သည်။ လီရှန်းတဖြေးဖြေးသိလာသည်က ဒီနိုင်ငံတော်မှာ စည်းကမ်းတင်းကျပ်တာမျိုးဟူ၍မရှိပေ။
"လူသားလေးရေ...."
အသံကြောင့် အပေါက်ဝကြည့်မိတော့ ခေါင်းလေးပဲပြူထွက်နေကာ ချောင်းနေသည့်အိမ်ရှေ့စံပင်။
လီရှန်းပျော်သွားသည် ဘာပဲပြောပြောတစ်ယောက်ထဲမစားရတော့ဘူးလေ။
"အိမ်ရှေ့စံ ဝင်လာခဲ့လေ"
လီရှန်းအသံပေးတာနဲ့ဝင်လာကာ
စားပွဲကိုငုံ့ကြည့်နေလေသည်။
ထပ်အပြောခံရမှာဆိုလို့လားမသိ အိမ်ရှေ့စံဝင်လာတာနဲ့ ရို့ထို့တို့ကချက်ခြင်းအပြင်ထွက်သွားကျသည်။
"ဝါး...စုံလင်နေတာပဲ ဟောဒီက မီးတောက်ဖျော့ဖျော့လေးနဲ့သာဆို ပိုစုံသွားမယ်"
နောက်မှာဝှက်ထားသည့််
လက်ထဲကအရက်အိုးလေးထုတ်ပြကာ မြောက်ကြွားစွာပြောလာတာကြောင့် လီရှန်းထိုအရက်အိုးလေးကို စိတ်ဝင်တစားကြည့်နေမိသည်။
"မီးတောက်ဖျော့ဖျော့လေး..."
လီရှန်းရေရွတ်မိတော့ အိမ်ရှေ့စံက ဒါတောင်မသိဘူးလားဆိုသည့် အကြည့်နဲ့ကြည့်လာကာ...
"ခုထိမသိသေးဘူးလား
ဒီနိုင်ငံတော်မှာပဲရနိုင်တဲ့ တန်ဖိုးကြီးအရာတွေထဲကတစ်ခုလေ
သောက်ကြည့်သောက်ကြည့် ခံစားလို့ကောင်းစေရမယ်"
စိတ်မြန်လက်မြန်ရှိပုံရတဲ့အိမ်ရှေ့စံက ပန်းကန်တစ်ခုထဲငှဲ့ပေးရင်း လီရှန်းလက်ထဲထည့်ပေးလာသည်။လီရှန်းစမ်းသောက်ကြည့််ချင်သည့်တိုင်
မဝံ့မရဲလည်းဖြစ်နေသေးသည်။
ထို့ကြောင့်တန်းမသောက်နိုင်သေးပဲ.....
"အရမ်းပျင်းရင် ကျနော်မသောက်နိုင်ဘူး"
".သောက်ကြည့်ပါဆိုနေ..."
အိမ်ရှေ့စံ၏တိုက်တွန်းမူနဲ့
ဘာဖြစ်ဖြစ်ဆိုပြီးသောက်ကြည့်လိုက်တော့ မီးနဲ့ပဲအကင်ခံလိုက်ရသလို မီးခဲပဲမျိုလိုက်ရသလို လည်ချောင်းတစ်ခုလုံးပဲမီးထပွင့်တော့မလိုနှင့်... ခံစားချက်ကဆိုးဝါးလွန်းသည်။
"ဒါက...ပူ ပူလိုက်တာ.."
အိမ်ရှေ့စံက လီရှန်းရဲ့တုန့်ပြန်မူကိုသဘောကျနေရင်း နောက်ထပ်တောင်ငှဲ့ပေးလာသည်။
"အေးလေ ကောင်းလား
လာလာနောက်တစ်ခွက်သောက်ကြည့် "
"တော် တော် ပြီ ကျနော်မသောက်နိုင်ဘူး
အရမ်းပူတယ် မီးလိုပဲ"
အိမ်ရှေ့စံထပ်မံကမ်းပေးလာတဲ့ပန်းကန်ကို ငြင်းလိုက်ပြီး သက်သာလိုသက်သာငြား ဟင်းရည်ကိုပဲလိမ့်သောက်နေမိသည်။
"ဟိမ်း....လူသားတွေပျော့လွန်းတယ်..."
ိအိမ်ရှေ့စံကပြောလည်းပြော သူကိုယ်တိုင်လည်း တစ်ခွက်ပြီးတစ်ခွက်သောက်နေလေသည်။
တစ်အိုးလုံးကုန်ကာနီးလောက်မှ ထမင်းငုံ့စားနေတဲ့လီရှန်းကိုစကားစလာသည်။
"လူသားလေး...ငါတို့ ငှက်သွားဖမ်းရအောင်
ဒီနိုင်ငံတော်မှာ စိတ်ဝင်စားစရာတွေအများကြီးရှိတယ်"
"ငှက်လား...."
လီရှန်းနားမလည်သလိုကြည့်လိုက်တော့ ပန်ကန်ကိုဆောင့်ချရင်း လီရှန်းနားပိုကပ်ကာ နှစ်ကိုယ်ကြားသံဖြင့်တိုးတိုးလေးပြောလာသည်။
"လူ့ပြည်ရော နတ်ပြည်မှာပါမရှိတော့တဲ့အကောင်တွေကို
ဒီနိုင်ငံတော်မှာထိန်းသိမ်းထားတယ် ငါတို့သွားဖမ်းရအောင်"
"မလုပ်ရဲဘူး ကျနော်ကြောက်တယ်"
လီရှန်းတကယ်ကြောက်တာကြောင့်
ငြင်းလိုက်ပေမယ့် စိတ်ကတော့စူးစမ်းချင်နေမိသည်။
အိမ်ရှေ့စံကလည်း မလိုက်လိုက်ချင်အောင်ကိုမဲဆွယ်နေလေသည်။
"အိုင်ယား....ဖမ်းနိုင်တဲ့လူယူဆိုပြီး ခွင့်ပြုပေးထားတာကို
ငါတို့လက်ကိုသုံးပြီးဖမ်းရမှာမဟုတ်ဘူး နှလုံးသားသုံးပြီးဖမ်းရမှာ
ပျော်စရာကောင်းမှာကွ သွားရအောင် အတူသွားရအောင်လို့ ..."
အိမ်ရှေ့စံ၏တိုက်တွန်းမူကြောင့်ပါပဲ အဆောင်မှာပဲနေရတာလည်းပျင်းသလိုရှိလာပြီး
အထူးဆန်းတွေမြင်ချင်တာကြောင့်ပါ လိုက်သွားဖို့ဆုံးဖြတ်လိုက်တော့သည်။
"သွားကျမလား..."
လီရှန်းရဲ့ ခပ်တိုးတိုးစကားကြောင့် အိမ်ရှေ့စံကပြုံးပြုံးကြီးခေါင်းငြိမ့်ပြလာသည်။
အဆောင်ပြင်ဘက်ကို နှစ်ဦးသားချောင်းကြည့်ကျတော့ ရို့ထို့တို့လည်းရှိမနေတာကြောင့် နှစ်ယောက်သားသုတ်သုတ်နဲ့ပဲ
မီးနိုင်ငံတော်ရဲ့ထိန်းသိမ်းရေးတောထဲ ဦးတည်ခဲ့ကျတော့သည်။
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😚
.............................................................
#ပေါက်စ