နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၃၀ (Zawgyi + Unicode)

13K 2.2K 247
By Kay_Wine

{Zawgyi}

ေရွာင္လင္းက သူ႔ကိုေျမႇာက္ပင့္ေပးတယ္ “သခင္လုပ္တာအရမ္းေကာင္းပါတယ္၊ သခင့္ပုံစံက အရည္အခ်င္းရွိတဲ့ေခါင္းေဆာင္တစ္ေယာက္လိုပဲ”

ပိုင္ရန္က “ေျမႇာက္ေပးတာ ေက်းဇူးတင္တယ္… ကံေကာင္းလို႔ နတ္ဆိုးဘုရင္ႀကီးက သူတို႔ကိုရပ္ဖို႔အမိန႔္ခ်လိုက္တာ မဟုတ္ရင္ ငါမခံႏိုင္ေတာ့ဘူး”

လက္ေအာက္ငယ္သားေတြက သူတို႔ရဲ႕ေခါင္းေဆာင္ဆိုရင္ သိပ္ကိုယုံၾကည္အေလးထားၾကတာေၾကာင့္ အမိန႔္ကို ေျမဝယ္မက်နားေထာင္တယ္။ အဲ့ေတာ့ပိုင္ရန႔္အမိန႔္အတိုင္း ကြပ္မ်က္လိုက္ၾကတယ္။ [T/N : ဒီေနရာမွာ ဘယ္သူဘယ္ဝါဆိုတာမေျပာထားပါဘူး။ အေနာက္တိုင္းအရွင္ကို ေျပာတာျဖစ္ပါလိမ့္မယ္]

ဒါေပါ့ သူတို႔ကလည္း သူ႔အမိန႔္ကို နာခံမွရမွာေလ.. ဘာေၾကာင့္ဆို သူ႔ေနာက္ကြယ္မွာ နတ္ဆိုးဘုရင္ႀကီးရွိေနတာကိုး။

လူတိုင္းနတ္ဆိုးဘုရင္ႀကီးကို ေလးလည္းေလးစားတယ္၊ ေၾကာက္လည္း ေၾကာက္ၾကသလို၊ အမိန႔္လည္းနာခံၾကတယ္။

“ဒါေပမယ့္လည္း သခင္ရယ္၊ သခင္ကေတာ္လို႔ အမိန႔္ကိုလိုက္နာၾကတာေပါ့၊ သခင္က ဒီေလာက္ႀကီးမားတဲ့စစ္တပ္ႀကီးကိုေတာင္ ဦးေဆာင္ႏိုင္ေနၿပီဆိုေတာ့! ျပန္ၿပီဆိုရင္ ကုမၸဏီကိစၥေတြကို ေသခ်ာေပါက္ကိုင္တြယ္ႏိုင္ေတာ့မွာ!” ေရွာင္လင္းက အမ်ားႀကီးေတြးပစ္လိုက္တယ္။

ထိုစကားေတြၾကားတဲ့အခါ ပိုင္ရန္ရယ္ေမာလိုက္တယ္ “သြားၾကတာေပါ့”

အမွန္တိုင္းေျပာရရင္ သူကုမၸဏီကို ကိုင္တြယ္ရမွာစိတ္မဝင္စားဘူး။ သူအၿမဲတမ္းေတြးေနတာက ကုမၸဏီက သူ႔အစ္ကိုႀကီးအပိုင္၊ သူကေတာ့ လူပ်င္းတစ္ေယာက္လိုပဲ ဆက္ေနမယ္လို႔ေပါ့။

ပိုင္ရန္သူ႔ကိုယ္သူ အစိုးရကိစၥေတြမွာပဲ ျမႇဳပ္ႏွံထားလိုက္တယ္။ သူ႔လုပ္ေဆာင္ခ်က္ေတြေၾကာင့္ အရာအားလုံးလည္း ပုံမွန္အတိုင္း ျပန္ျဖစ္သြားတယ္။

သုံးရက္ေက်ာ္ေလာက္အထိ နတ္ဆိုးဘုရင္ႀကီးနန္းေတာ္ထဲမွာ ေနထိုင္ေနစဥ္အေတာအတြင္းမွာ ပိုင္ရန္ ေန႔စဥ္အစိုးရအေရးကိစၥေတြကို ကူညီေပးခဲ့တယ္။ နတ္ဆိုးဘုရင္ႀကီးကလည္း သူ႔ကိုယ္ကတခုခုမွားယြင္းေနတာကိုလည္း ဖုံးကြယ္ထားမယ္မရွိဘူး၊ အဲ့တာေၾကာင့္ ပိုင္ရန္ကလွ်ိဳ႕ဝွက္ခ်က္မေပါက္ၾကားေအာင္ လူေတြကိုအ႐ူးလုပ္ၿပီး သူနာလည္ထူလာဖို႔ကို အာ႐ုံစိုက္ေနရတယ္။

သူနတ္ဆိုးဘုရင္ႀကီးကို အသုံးခ်ေနတာျဖစ္လို႔ အျပစ္ရွိသလိုခံစားေနရတယ္။ အဲ့တာေၾကာင့္ သူအာ႐ုံစိုက္ၿပီး အလုပ္ကိုပိုႀကိဳးႀကိဳးစားစားလုပ္တယ္။

ဒါေပမယ့္ သူတို႔အျပဳအမူေတြက တျခားသူေတြရဲ႕အျမင္မွာ အဓိပၸါယ္တမ်ိဳးျဖစ္ေနတယ္။

“အရွင္၊ သက္သာရဲ႕လား?” ပိုင္ရန္ အံ့လည္းအံံ့ၾသ၊ ဝမ္းလည္းသာတယ္။ သူတကယ္ကိုေက်နပ္တယ္ ဘာေၾကာင့္ဆို နတ္ဆိုးဘုရင္ႀကီး ျပန္ေကာင္းတာနဲ႔ ပိုင္ရန္လည္း ေခါင္းကိုက္စရာေကာင္းလွတဲ့အစိုးရအေရးေတြကို ဆက္ကိုင္တြယ္စရာမလိုေတာ့ဘူးေလ။ နတ္ဆိုးဘုရင္ျဖစ္ရတာလည္း ခက္လိုက္တာ။ အခုလိုမ်ိဳးဗဟိုအစိုးရအျဖစ္ အုပ္ခ်ဳပ္ရတာက ၾကည့္ေကာင္းတယ္မွန္ေပမယ့္၊ အစိုးရကိစၥအ၀၀ကိုေျဖရွင္းေပးရတာေတြက တကယ့္တကယ္ကို မ်ားလြန္းတယ္။ ပိုင္ရန႔္လိုအလုပ္ကို မုန္းတဲ့သူတစ္ေယာက္အတြက္ ျမန္ျမန္ၿပီးဖို႔ပဲ ဆုေတာင္းေနရတယ္။

“အင္း” နတ္ဆိုးဘုရင္ႀကီးက ေခါင္းၿငိတ္ျပကာ သူ႔နားေလွ်ာက္လာၿပီး စားပြဲေပၚကစာ႐ြက္စာတမ္းေတြကို ၾကည့္လိုက္တယ္။

သူ႔ပုံက အရင္ကထက္ေတာ့ပိုေကာင္းလာၿပီ။ မ်က္ႏွာေလးက ႏွင္းဆီေရာင္ေလးသန္းကာ သူ႔ကိုယ္က ခ်ီေတြကလည္း အေတာ္အားေကာင္းလာၿပီ။

စစ္တပ္က အေနာက္ပိုင္းမွာပဲ စတည္းခ်ထားတယ္။ ပိုင္ရန္ တျခားသူေတြကို သူကစစ္တပ္ကို ျပန္လည္ျပဳျပင္ေပးဖို႔နဲ႔ အေနာက္ပိုင္းကို ဖိအားေပးဖို႔အတြက္လို႔ ေျပာထားတယ္။ တကယ္ေတာ့ သူကနတ္ဆိုးဘုရင္ႀကီး လုံးဝသက္သာသြားတဲ့အထိ ေစာင့္ေနတာျဖစ္တယ္။

အခုေတာ့ နတ္ဆိုးဘုရင္ႀကီးလည္း ျပန္ေကာင္းလာၿပီ။

ပိုင္ရန္ နတ္ဆိုးဘုရင္ႀကီး စစ္ေရးသတင္းေတြကို စိတ္ဝင္တစားျဖစ္ေနတာျမင္ေတာ့ သူ႔ကိုအစိုးရအေရးေတြကို စတင္ေျပာျပေတာ့တယ္။ နတ္ဆိုးဘုရင္ႀကီးကလည္း တခ်က္တခ်က္ ေခါင္းေလးဝင္ၿငိတ္တယ္။

ပိုင္ရန႔္ရဲ႕တစ္ေန႔တာအေရးကိစၥေတြေျပာျပတာကို နားေထာင္ပဲေထာင္ေနၿပီး နတ္ဆိုးဘုရင္ႀကီးကေတာ့ ခုထိ တစ္ခြန္းပဲေျပာရေသးတယ္။

ပိုင္ရန္ “…”

အိုေခေလ၊ နတ္ဆိုးဘုရင္ႀကီးက အမ်ားႀကီးမေျပာေပမယ့္ ငါကေတာ့ဒီမွာလုပ္စရာရွိတာေတြ ၿပီးၿပီဆိုေတာ့ကာ အခုငါျပန္ရေတာ့မယ့္အခ်ိန္ မဟုတ္ဘူးလား?

ပိုင္ရန္ အစိုးရအေရးေတြေက်းဇူးေၾကာင့္ သိပ္မအိပ္ရေသးတာေၾကာင့္ သူတကယ္ကိုအနားယူခ်င္ေနၿပီ။ သူျပန္ေတာ့မယ္ဆိုတာကို ဘယ္လိုေသခ်ာေျပာရမလဲလို႔ ေတြးေနတုန္းရွိေသးတယ္… နတ္ဆိုးဘုရင္ႀကီး ပါးစပ္ပြင့္ဟလာတယ္ “မင္းအခုလို ျမန္ျမန္ဆန္ဆန္စိုးရိမ္တႀကီးေရာက္ခ်လာတာ ကိုယ္ေတာ့္ကိုေတြ႕ခ်င္ေနလို႔မွတ္လား”

“အာ?” ပိုင္ရန္ ဘာမွေတာင္မတုန႔္ျပန္ႏိုင္ဘူး။

နတ္ဆိုးဘုရင္ သူ႔ကိုလွမ္းၾကည့္လိုက္တယ္။ သူ႔မ်က္လုံးေတြက ပိုင္ရန႔္ကိုၾကည့္ေနတဲ့အခ်ိန္မွာ အဆုံးမရွိတဲ့ေရကန္ေတြလိုမ်ိဳးပဲ။ သူ႔မ်က္ေတာင္ရွည္ေတြက အနည္းငယ္လႈပ္ရွားေနကာ လူေတြရဲ႕အသည္းကိုေတာင္ အရည္ေပ်ာ္သြားႏိုင္ေလာက္တယ္။

ပိုင္ရန႔္ႏွလုံးကလည္း သူ႔လည္ေခ်ာင္းထဲကေနေတာင္ ခုန္ထြက္လာမွစိုးလို႔ အၾကည့္အျမန္လႊဲလိုက္ရတယ္။ [T/N: အံမယ္]

“ကိုယ္ေတာ္ဒီရက္ပိုင္းမွာ အဲ့အေၾကာင္းအမ်ားႀကီးေတြးျဖစ္တယ္၊ မင္းလူသားနယ္ေျမကေန အျမန္ျပန္လာတာကိုယ္ေတာ့္ေၾကာင့္ မွတ္လား?” နတ္ဆိုးဘုရင္ႀကီးရဲ႕ေလသံက အရမ္းနားေထာင္လို႔ေကာင္းေနတယ္။ ထိုေလသံထဲမွာ ေသခ်ာမႈေတြ၊ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္ခ်က္ရွိမႈေတြ ပါဝင္ေနတယ္။

ပိုင္ရန္ : “…”

ပိုင္ရန္ နတ္ဆိုးဘုရင္ႀကီးေျပာတာကို ေသခ်ာျပန္စီၾကည့္ၿပီး နားလည္သြားခ်ိန္မွာေတာ့ စြံ႕အသြာရတယ္။

ျမင့္ျမတ္လွတဲ့နတ္ဆိုးဘုရင္ႀကီးက အခုခ်ိန္မွာဘာေတြလုပ္ေနတာလဲ?

‘သူ႔ေၾကာင့္’ ဆိုတာကေရာ ဘာႀကီးလဲ?

သို႔ေသာ္လည္း သူတြန႔္ဆုတ္ဆုတ္ျဖစ္ေနတာက တဖက္လူရဲ႕အျမင္၊ အဓိကနတ္ဆိုးဘုရင္ႀကီးရဲ႕ ထင္ေယာင္ထင္မွားျဖစ္ေနတာေတြကို ပိုေသခ်ာသြားေစတယ္။

သက္ျပင္းဖြဖြခ်ၿပီး နတ္ဆိုးဘုရင္ႀကီးေျပာလိုက္တယ္ “ကိုယ္ေတာ့္ကို မႀကိဳက္နဲ႔ေတာ့လို႔ ကိုယ္ေတာ္မေျပာထားဘူးလား? ကိုယ္ေတာ့္ကိုအေနာက္ပိုင္းအရွင္က တိုက္ခိုက္လာတယ္လို႔ၾကားလိုက္တာနဲ႔ အသည္းအသန္ေရာက္ခ်လာတယ္၊ ရွဲ႕ဇီထ်န္း မင္းကတိလည္းမတည္ဘူးပဲ”

ပိုင္ရန္ : “…”

ခဏ၊ ခဏ၊ ခဏေလး! မင္းထင္ေနသလိုေတြမဟုတ္ေသးဘူး!

ပိုင္ရန္ သူျပန္ေရာက္လာတဲ့ပထမေန႔ကို မွတ္မိေနေသးတယ္။ နတ္ဆိုးဘုရင္ႀကီးက ဘာေၾကာင့္လဲလို႔သူ႔ကိုေမးတုန္းက သူေရေရရာရာအေျဖမေပးခဲ့ဘူး။ ေနာက္ပိုင္း နတ္ဆိုးဘုရင္ႀကီးကလည္း စကားလမ္းေၾကာင္းလႊဲသြားတာေၾကာင့္ ပိုင္ရန္က ဒီအေၾကာင္းကိုသူေမ့သြားၿပီထင္ေနတာ။ ပိုင္ရန္မထင္ခဲ့တာက နတ္ဆိုးဘုရင္ႀကီးက အဲ့တာကိုစိတ္ထဲမွာေတးထားၿပီး ေတာက္ေလွ်ာက္ေတြးေနမယ္ဆိုတာကိုပဲ။

နတ္ဆိုးဘုရင္ႀကီးက ဘယ္လိုေတြေတာင္ ေလွ်ာက္ေတြးေနလို႔ဒီလိုမ်ိဳးေတြ ေကာက္ခ်က္ခ်ရတာလဲဆိုတာ ပိုင္ရန္လည္း မသိေတာ့ဘူး။

သူဘယ္လိုေတြပဲ ေကာက္ခ်က္ခ်ခ် ပိုင္ရန္ကေတာ့မသိခ်င္ဘူး၊ ဖင္ပိတ္ၿပီးပဲ ျငင္းမွာ။ “အရွင္ အဲ့တာေၾကာင့္မဟုတ္ပါဘူး၊ ကြၽန္ေတာ္တိမ္နက္ဂိုဏ္းကိစၥကို ေျပာဖို႔အျမန္ေရာက္လာတာပါ”

“တိမ္နက္ဂိုဏ္းကိစၥက ေလာ့က်န္းဖန္ကိုယ္ေတာ့္ကို တင္ျပၿပီးသြားၿပီ.. ဘာေၾကာင့္ နယ္ေျမကိုခက္ခက္ခဲခဲေက်ာ္ျဖတ္ၿပီး အေနာက္ပိုင္းနယ္ကိုေတာင္ အျမန္လာၿပီးကိုယ္တိုင္ကိုယ္က် လုပ္ေနရတာလဲ?”

အစီရင္ခံတာေလးတစ္ခုအတြက္နဲ႔ မင္းအခုလိုေရးႀကီးသုတ္ျပာျဖစ္မယ္? ဘယ္သူ႔ကိုအ႐ူးလုပ္ခ်င္ေနတာလဲ?

ဒီေလာက္အေသးအမႊားေလးနဲ႔ ဆင္ေျခလာေပးလို႔မရဘူးမွတ္..

ျမင့္ျမတ္လွတဲ့နတ္ဆိုးဘုရင္ႀကီးကေတာ့ အရမ္းကိုသနားေနေတာ့တယ္၊ အဲ့ေတာ့သူေနာက္ေနတာမဟုတ္ဘူးပဲ၊ သူငါ့ကို တကယ္ႀကိဳက္ေနတာပါလား…

ပိုင္ရန္: “…”

“မင္းအျမန္ျပန္လာတာက အေနာက္ပိုင္းဘုရင္ရဲ႕ရတနာအေၾကာင္းၾကားတာရယ္၊ ေနာက္ၿပီးေတာ့ ကိုယ္ေတာ္ရဲ႕ခ်ီကေမာက္ကမျဖစ္တာကိုသိၿပီး ဒဏ္ရာရေနမွန္းသိလို႔မွတ္လား… ကိုယ္ေတာ္တစ္ခုခုျဖစ္သြားမွာ စိုးရိမ္ေနတယ္မွတ္လား?” နတ္ဆိုးဘုရင္ႀကီးေလသံက တည္ၿငိမ္ေနဆဲပဲ။

ပိုင္ရန္: “…”

သူဘာေျပာရမွန္းေတြေတာင္ မသိေတာ့ဘူး။ ဟုတ္ပါတယ္၊ တိမ္နက္ဂိုဏ္းအေရးက ဘာမွေျပာပေလာက္တာမဟုတ္ဘူး၊ ရွဲ႕ဇီထ်န္းရဲ႕စ႐ိုက္အရလည္း နတ္ဆိုးဘုရင္ႀကီးဆီကိုျပန္လာၿပီး အထူးတလည္အစီရင္လာခံတယ္ဆိုတာလည္း မျဖစ္ႏိုင္ဘူး။ ဒါေပမယ့္ သူကျပန္လာမိလိုက္တယ္ဆိုေတာ့ ဆင္ေျခေကာင္းေကာင္းေလးေပးႏိုင္မွျဖစ္မယ္။

အဲ့တာေတာ့ အဲ့တာေပမယ့္ ဇာတ္လိုက္ကိုကယ္ဖို႔အတြက္လို႔လည္း ေျပာလိုက္လို႔မျဖစ္ျပန္။

ေကာင္းၿပီေလ၊ သူဆင္ေျခမရွာႏိုင္ေတာ့ေပမယ့္ နတ္ဆိုးဘုရင္ႀကီးကသူ႔အတြက္ တစ္ခုဝိုင္းစဥ္းစားေပးထားတယ္; အခ်စ္ေၾကာင့္ဆိုပဲ..

ပိုင္ရန႔္စိတ္ေတြက ရႈပ္ေထြးေနတာေၾကာင့္ နတ္ဆိုးဘုရင္ႀကီးက ပိုင္ရန္သူ႔ကိုႀကိဳက္ေနတယ္လို႔မွတ္ယူထားမွန္းေတာင္ ေမ့သြားခဲ့တာ။

နတ္ဆိုးဘုရင္ႀကီးရဲ႕တြက္ခ်က္မႈအရဆိုရင္ ရွဲ႕ဇီထ်န္းက အျငင္းခံလိုက္ရတာေၾကာင့္ အသည္းေတြကြဲၿပီး လူသားနယ္ေျမမွာ တာဝန္ေပးဖို႔ေတာင္းဆိုခဲ့တယ္။ ဒါေပမယ့္ သူ႔ႏွလုံးသားကေတာ့ နတ္ဆိုးဘုရင္ႀကီးဆီမွာပဲ က်န္ရစ္ခဲ့တယ္။ ဒါေၾကာင့္ နတ္ဆိုးဘုရင္ႀကီး အေနာက္ပိုင္အရွင္နဲ႔တိုက္ခိုက္ၾကတယ္ဆိုတာလည္းၾကားေရာ သူစိတ္ပူသြားတယ္..။ သူကနတ္ဆိုးဘုရင္ႀကီးရဲ႕က်န္းမာေရးအေျခအေနကို ဖုံးကြယ္ေပး႐ုံတင္မကဘူး၊ အစိုးရေရးရာေတြကိုပါ ကူညီေပးသြားေသးတယ္။

အဲ့တာကသာအခ်စ္မဟုတ္ဘူးဆိုရင္ ဘာလဲ?

တြက္ခ်က္မႈကေတာ့ လုံးဝျပစ္ခ်က္ကင္းတယ္!

သို႔ေသာ္လည္း ပိုင္ရန္ကတကယ္တမ္းမွာ နတ္ဆိုးနယ္ေျမကျဖစ္တာေတြကို စိတ္မဝင္စားဘူး၊ ၿပီးေတာ့ ရတနာရွိတယ္ဆိုၿပီး သတင္းထြက္ေနတဲ့အေနာက္ပိုင္းအရွင္နဲ႔ နတ္ဆိုးဘုရင္တိုက္ခိုက္တာကိုလည္း မသိခဲ့ဘူး။

ဒါေပမယ့္ ခုခ်ိန္မွာေတာ့ ပိုင္ရန္တိတ္တိတ္ေလးသာေနႏိုင္တယ္။

ပုံမွန္ဆိုရင္ နတ္ဆိုးဘုရင္ႀကီးက ထက္ျမက္၊ ေအးစက္ၿပီးေတာ့ တြက္ခ်က္ႏိုင္စြမ္းရွိတယ္။ ဒါေပမယ့္ တကယ့္အျဖစ္မွန္မွာေတာ့ သူကနားမလည္ႏိုင္ေလာက္ေအာင္ အတၱႀကီးၿပီး သူ႔ဦးေႏွာက္မွာဧရာမအေပါက္ႀကီးရွိေနတယ္။

ခုလိုကြဲျပားခ်က္က ပိုင္ရန႔္ကို အံ့အားသင့္ေစတယ္။

သူတိတ္ေနတာက နတ္ဆိုးဘုရင္ႀကီးအတြက္ သူ႔ထင္ျမင္ခ်က္ကိုပိုၿပီး ယုံၾကည္သြားေစတယ္။ သက္ျပင္းခ်ရင္း “ရွဲ႕ဇီထ်န္း၊ မင္းခံစားခ်က္ေတြကို ထိန္းႏိုင္ဖို႔သင္ယူစမ္းပါ… ဘဝတစ္ေလွ်ာက္မွာအတူမေနႏိုင္သြားၾကတဲ့ သူေတြလည္းရွိတာပဲ”

ပိုင္ရန္မ်က္လုံးေတြက ငါးေသတစ္ေကာင္လိုျဖစ္သြားတယ္: “…”

မဟုတ္ဘူးေလ၊ ငါမင္းနဲ႔ေနဖို႔ ဘယ္တုန္းကမွေတာင္ မေတြးဖူးဘူး…

အေျခအေနေတြကို သုံးသပ္ၿပီးေနာက္ နတ္ဆိုးဘုရင္ႀကီးရဲ႕စကားလုံးေတြက ပိုေတာင္ေလးနက္လာတယ္ “မင္းေယာက်ာ္းေတြကို ႀကိဳက္တယ္ဆိုတာ ကိုယ္ေတာ္သိတယ္၊ အဲ့တာေၾကာင့္ ကိုယ္ေတာ့္လိုအဖက္ဖက္က ထူးခြၽန္ေနတဲ့သူတစ္ေယာက္နဲ႔ မင္းကေနလာတာၾကာေတာ့ ကိုယ္ေတာ့္ကို ႀကိဳက္သြားမိတာသဘာဝပဲ.. ဒါေပမယ့္ ကိုယ္ေတာ့္ရည္မွန္းခ်က္က နယ္ေျမႏွစ္ခုကိုေပါင္းစည္းၿပီး အမတနယ္ထိတက္ႏိုင္ဖို႔ပဲေလ၊ အခ်စ္ကကိုယ္ေတာ့္ကို ဆြဲခ်သြားႏိုင္တယ္ဆိုတာ နားလည္တယ္မွတ္လား?’’

ပိုင္ရန္ကေတာ့ မ်က္လုံးေသႀကီးအတိုင္းပဲေနေနဆဲ: “…”

ႀကီးျမတ္လွတဲ့နတ္ဆိုးဘုရင္ႀကီးေရ၊ မင္းရဲ႕အနားမွာေနတာၾကာတဲ့သူတိုင္း မင္းကိုအလိုလိုခ်စ္မိသြားၾကမယ္ဆိုတဲ့ confidenceႀကီးက ဘယ္ကရလာတာလဲ?

ပိုင္ရန္ေဒါသေတြထြက္လြန္းလို႔ အေသအေၾကက်ိန္ဆဲပစ္ခ်င္ေနေပမယ့္ အံ့ၾသေနတဲ့အမူအယာကိုပဲ ဆက္လက္ထိန္းေနရတယ္။

သူကဘာေျပာႏိုင္မွာလဲ? သူျငင္းလို႔မွမရတာ။

သူသာတကယ္လို႔ နတ္ဆိုးဘုရင္ႀကီးကို ‘ကြၽန္ေတာ္က တျခားတစ္ေယာက္ကိုကယ္ဖို႔ဒီကို အသည္းအသန္လာခဲ့တာပါ’ လို႔သာ ေျပာၾကည့္ပါလား၊ ဒီေနရာမွာတင္ အသတ္ခံလိုက္ရမွာ။

ပိုင္ရန္ သည္းခံတယ္… သည္းခံတယ္၊ ၿပီးေတာ့ ဝမ္းနည္းစြာေျပာလိုက္တယ္ “အရွင္၊ ဒီအေစခံျမန္ျမန္ျပန္လာရတဲ့အေၾကာင္းအရင္းက အရွင့္ကိုသစၥာေစာင့္သိတာေၾကာင့္ပါပဲ… တျခားဘာမွမရွိပါဘူး”

ႀကီးျမတ္လွတဲ့နတ္ဆိုးႀကီးခင္ဗ်ာ… ကြၽန္ေတာ္တကယ္ႀကီး မင္းကိုမခ်စ္တာပါဗ်ာ…

ႏိုးထလိုက္ပါေတာ့!

_____

ဒီအပိုင္းက အေပၚနားမွာရႈပ္ေနမယ္ထင္ပါတယ္၊ အေရွ႕ပိုင္းနဲ႔အခ်ိတ္အဆက္မမိဘူးျဖစ္ေနတာ၊ သူ႔ထဲကအတိုင္းပဲ အမလည္း ျပန္ထားေပးတာပါ။

____________________________________

{Unicode}

ရှောင်လင်းက သူ့ကိုမြှောက်ပင့်ပေးတယ် “သခင်လုပ်တာအရမ်းကောင်းပါတယ်၊ သခင့်ပုံစံက အရည်အချင်းရှိတဲ့ခေါင်းဆောင်တစ်ယောက်လိုပဲ”

ပိုင်ရန်က “မြှောက်ပေးတာ ကျေးဇူးတင်တယ်… ကံကောင်းလို့ နတ်ဆိုးဘုရင်ကြီးက သူတို့ကိုရပ်ဖို့အမိန့်ချလိုက်တာ မဟုတ်ရင် ငါမခံနိုင်တော့ဘူး”

လက်အောက်ငယ်သားတွေက သူတို့ရဲ့ခေါင်းဆောင်ဆိုရင် သိပ်ကိုယုံကြည်အလေးထားကြတာကြောင့် အမိန့်ကို မြေဝယ်မကျနားထောင်တယ်။ အဲ့တော့ပိုင်ရန့်အမိန့်အတိုင်း ကွပ်မျက်လိုက်ကြတယ်။ [T/N : ဒီနေရာမှာ ဘယ်သူဘယ်ဝါဆိုတာမပြောထားပါဘူး။ အနောက်တိုင်းအရှင်ကို ပြောတာဖြစ်ပါလိမ့်မယ်]

ဒါပေါ့ သူတို့ကလည်း သူ့အမိန့်ကို နာခံမှရမှာလေ.. ဘာကြောင့်ဆို သူ့နောက်ကွယ်မှာ နတ်ဆိုးဘုရင်ကြီးရှိနေတာကိုး။

လူတိုင်းနတ်ဆိုးဘုရင်ကြီးကို လေးလည်းလေးစားတယ်၊ ကြောက်လည်း ကြောက်ကြသလို၊ အမိန့်လည်းနာခံကြတယ်။

“ဒါပေမယ့်လည်း သခင်ရယ်၊ သခင်ကတော်လို့ အမိန့်ကိုလိုက်နာကြတာပေါ့၊ သခင်က ဒီလောက်ကြီးမားတဲ့စစ်တပ်ကြီးကိုတောင် ဦးဆောင်နိုင်နေပြီဆိုတော့! ပြန်ပြီဆိုရင် ကုမ္ပဏီကိစ္စတွေကို သေချာပေါက်ကိုင်တွယ်နိုင်တော့မှာ!” ရှောင်လင်းက အများကြီးတွေးပစ်လိုက်တယ်။

ထိုစကားတွေကြားတဲ့အခါ ပိုင်ရန်ရယ်မောလိုက်တယ် “သွားကြတာပေါ့”

အမှန်တိုင်းပြောရရင် သူကုမ္ပဏီကို ကိုင်တွယ်ရမှာစိတ်မဝင်စားဘူး။ သူအမြဲတမ်းတွေးနေတာက ကုမ္ပဏီက သူ့အစ်ကိုကြီးအပိုင်၊ သူကတော့ လူပျင်းတစ်ယောက်လိုပဲ ဆက်နေမယ်လို့ပေါ့။

ပိုင်ရန်သူ့ကိုယ်သူ အစိုးရကိစ္စတွေမှာပဲ မြှုပ်နှံထားလိုက်တယ်။ သူ့လုပ်ဆောင်ချက်တွေကြောင့် အရာအားလုံးလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။

သုံးရက်ကျော်လောက်အထိ နတ်ဆိုးဘုရင်ကြီးနန်းတော်ထဲမှာ နေထိုင်နေစဉ်အတောအတွင်းမှာ ပိုင်ရန် နေ့စဉ်အစိုးရအရေးကိစ္စတွေကို ကူညီပေးခဲ့တယ်။ နတ်ဆိုးဘုရင်ကြီးကလည်း သူ့ကိုယ်ကတခုခုမှားယွင်းနေတာကိုလည်း ဖုံးကွယ်ထားမယ်မရှိဘူး၊ အဲ့တာကြောင့် ပိုင်ရန်ကလျှို့ဝှက်ချက်မပေါက်ကြားအောင် လူတွေကိုအရူးလုပ်ပြီး သူနာလည်ထူလာဖို့ကို အာရုံစိုက်နေရတယ်။

သူနတ်ဆိုးဘုရင်ကြီးကို အသုံးချနေတာဖြစ်လို့ အပြစ်ရှိသလိုခံစားနေရတယ်။ အဲ့တာကြောင့် သူအာရုံစိုက်ပြီး အလုပ်ကိုပိုကြိုးကြိုးစားစားလုပ်တယ်။

ဒါပေမယ့် သူတို့အပြုအမူတွေက တခြားသူတွေရဲ့အမြင်မှာ အဓိပ္ပါယ်တမျိုးဖြစ်နေတယ်။

“အရှင်၊ သက်သာရဲ့လား?” ပိုင်ရန် အံ့လည်းအံံ့သြ၊ ဝမ်းလည်းသာတယ်။ သူတကယ်ကိုကျေနပ်တယ် ဘာကြောင့်ဆို နတ်ဆိုးဘုရင်ကြီး ပြန်ကောင်းတာနဲ့ ပိုင်ရန်လည်း ခေါင်းကိုက်စရာကောင်းလှတဲ့အစိုးရအရေးတွေကို ဆက်ကိုင်တွယ်စရာမလိုတော့ဘူးလေ။ နတ်ဆိုးဘုရင်ဖြစ်ရတာလည်း ခက်လိုက်တာ။ အခုလိုမျိုးဗဟိုအစိုးရအဖြစ် အုပ်ချုပ်ရတာက ကြည့်ကောင်းတယ်မှန်ပေမယ့်၊ အစိုးရကိစ္စအ၀၀ကိုဖြေရှင်းပေးရတာတွေက တကယ့်တကယ်ကို များလွန်းတယ်။ ပိုင်ရန့်လိုအလုပ်ကို မုန်းတဲ့သူတစ်ယောက်အတွက် မြန်မြန်ပြီးဖို့ပဲ ဆုတောင်းနေရတယ်။

“အင်း” နတ်ဆိုးဘုရင်ကြီးက ခေါင်းငြိတ်ပြကာ သူ့နားလျှောက်လာပြီး စားပွဲပေါ်ကစာရွက်စာတမ်းတွေကို ကြည့်လိုက်တယ်။

သူ့ပုံက အရင်ကထက်တော့ပိုကောင်းလာပြီ။ မျက်နှာလေးက နှင်းဆီရောင်လေးသန်းကာ သူ့ကိုယ်က ချီတွေကလည်း အတော်အားကောင်းလာပြီ။

စစ်တပ်က အနောက်ပိုင်းမှာပဲ စတည်းချထားတယ်။ ပိုင်ရန် တခြားသူတွေကို သူကစစ်တပ်ကို ပြန်လည်ပြုပြင်ပေးဖို့နဲ့ အနောက်ပိုင်းကို ဖိအားပေးဖို့အတွက်လို့ ပြောထားတယ်။ တကယ်တော့ သူကနတ်ဆိုးဘုရင်ကြီး လုံးဝသက်သာသွားတဲ့အထိ စောင့်နေတာဖြစ်တယ်။

အခုတော့ နတ်ဆိုးဘုရင်ကြီးလည်း ပြန်ကောင်းလာပြီ။

ပိုင်ရန် နတ်ဆိုးဘုရင်ကြီး စစ်ရေးသတင်းတွေကို စိတ်ဝင်တစားဖြစ်နေတာမြင်တော့ သူ့ကိုအစိုးရအရေးတွေကို စတင်ပြောပြတော့တယ်။ နတ်ဆိုးဘုရင်ကြီးကလည်း တချက်တချက် ခေါင်းလေးဝင်ငြိတ်တယ်။

ပိုင်ရန့်ရဲ့တစ်နေ့တာအရေးကိစ္စတွေပြောပြတာကို နားထောင်ပဲထောင်နေပြီး နတ်ဆိုးဘုရင်ကြီးကတော့ ခုထိ တစ်ခွန်းပဲပြောရသေးတယ်။

ပိုင်ရန် “…”

အိုခေလေ၊ နတ်ဆိုးဘုရင်ကြီးက အများကြီးမပြောပေမယ့် ငါကတော့ဒီမှာလုပ်စရာရှိတာတွေ ပြီးပြီဆိုတော့ကာ အခုငါပြန်ရတော့မယ့်အချိန် မဟုတ်ဘူးလား?

ပိုင်ရန် အစိုးရအရေးတွေကျေးဇူးကြောင့် သိပ်မအိပ်ရသေးတာကြောင့် သူတကယ်ကိုအနားယူချင်နေပြီ။ သူပြန်တော့မယ်ဆိုတာကို ဘယ်လိုသေချာပြောရမလဲလို့ တွေးနေတုန်းရှိသေးတယ်… နတ်ဆိုးဘုရင်ကြီး ပါးစပ်ပွင့်ဟလာတယ် “မင်းအခုလို မြန်မြန်ဆန်ဆန်စိုးရိမ်တကြီးရောက်ချလာတာ ကိုယ်တော့်ကိုတွေ့ချင်နေလို့မှတ်လား”

“အာ?” ပိုင်ရန် ဘာမှတောင်မတုန့်ပြန်နိုင်ဘူး။

နတ်ဆိုးဘုရင် သူ့ကိုလှမ်းကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက ပိုင်ရန့်ကိုကြည့်နေတဲ့အချိန်မှာ အဆုံးမရှိတဲ့ရေကန်တွေလိုမျိုးပဲ။ သူ့မျက်တောင်ရှည်တွေက အနည်းငယ်လှုပ်ရှားနေကာ လူတွေရဲ့အသည်းကိုတောင် အရည်ပျော်သွားနိုင်လောက်တယ်။

ပိုင်ရန့်နှလုံးကလည်း သူ့လည်ချောင်းထဲကနေတောင် ခုန်ထွက်လာမှစိုးလို့ အကြည့်အမြန်လွှဲလိုက်ရတယ်။ [T/N: အံမယ်]

“ကိုယ်တော်ဒီရက်ပိုင်းမှာ အဲ့အကြောင်းအများကြီးတွေးဖြစ်တယ်၊ မင်းလူသားနယ်မြေကနေ အမြန်ပြန်လာတာကိုယ်တော့်ကြောင့် မှတ်လား?” နတ်ဆိုးဘုရင်ကြီးရဲ့လေသံက အရမ်းနားထောင်လို့ကောင်းနေတယ်။ ထိုလေသံထဲမှာ သေချာမှုတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိမှုတွေ ပါဝင်နေတယ်။

ပိုင်ရန် : “…”

ပိုင်ရန် နတ်ဆိုးဘုရင်ကြီးပြောတာကို သေချာပြန်စီကြည့်ပြီး နားလည်သွားချိန်မှာတော့ စွံ့အသွာရတယ်။

မြင့်မြတ်လှတဲ့နတ်ဆိုးဘုရင်ကြီးက အခုချိန်မှာဘာတွေလုပ်နေတာလဲ?

‘သူ့ကြောင့်’ ဆိုတာကရော ဘာကြီးလဲ?

သို့သော်လည်း သူတွန့်ဆုတ်ဆုတ်ဖြစ်နေတာက တဖက်လူရဲ့အမြင်၊ အဓိကနတ်ဆိုးဘုရင်ကြီးရဲ့ ထင်ယောင်ထင်မှားဖြစ်နေတာတွေကို ပိုသေချာသွားစေတယ်။

သက်ပြင်းဖွဖွချပြီး နတ်ဆိုးဘုရင်ကြီးပြောလိုက်တယ် “ကိုယ်တော့်ကို မကြိုက်နဲ့တော့လို့ ကိုယ်တော်မပြောထားဘူးလား? ကိုယ်တော့်ကိုအနောက်ပိုင်းအရှင်က တိုက်ခိုက်လာတယ်လို့ကြားလိုက်တာနဲ့ အသည်းအသန်ရောက်ချလာတယ်၊ ရှဲ့ဇီထျန်း မင်းကတိလည်းမတည်ဘူးပဲ”

ပိုင်ရန် : “…”

ခဏ၊ ခဏ၊ ခဏလေး! မင်းထင်နေသလိုတွေမဟုတ်သေးဘူး!

ပိုင်ရန် သူပြန်ရောက်လာတဲ့ပထမနေ့ကို မှတ်မိနေသေးတယ်။ နတ်ဆိုးဘုရင်ကြီးက ဘာကြောင့်လဲလို့သူ့ကိုမေးတုန်းက သူရေရေရာရာအဖြေမပေးခဲ့ဘူး။ နောက်ပိုင်း နတ်ဆိုးဘုရင်ကြီးကလည်း စကားလမ်းကြောင်းလွှဲသွားတာကြောင့် ပိုင်ရန်က ဒီအကြောင်းကိုသူမေ့သွားပြီထင်နေတာ။ ပိုင်ရန်မထင်ခဲ့တာက နတ်ဆိုးဘုရင်ကြီးက အဲ့တာကိုစိတ်ထဲမှာတေးထားပြီး တောက်လျှောက်တွေးနေမယ်ဆိုတာကိုပဲ။

နတ်ဆိုးဘုရင်ကြီးက ဘယ်လိုတွေတောင် လျှောက်တွေးနေလို့ဒီလိုမျိုးတွေ ကောက်ချက်ချရတာလဲဆိုတာ ပိုင်ရန်လည်း မသိတော့ဘူး။

သူဘယ်လိုတွေပဲ ကောက်ချက်ချချ ပိုင်ရန်ကတော့မသိချင်ဘူး၊ ဖင်ပိတ်ပြီးပဲ ငြင်းမှာ။ “အရှင် အဲ့တာကြောင့်မဟုတ်ပါဘူး၊ ကျွန်တော်တိမ်နက်ဂိုဏ်းကိစ္စကို ပြောဖို့အမြန်ရောက်လာတာပါ”

“တိမ်နက်ဂိုဏ်းကိစ္စက လော့ကျန်းဖန်ကိုယ်တော့်ကို တင်ပြပြီးသွားပြီ.. ဘာကြောင့် နယ်မြေကိုခက်ခက်ခဲခဲကျော်ဖြတ်ပြီး အနောက်ပိုင်းနယ်ကိုတောင် အမြန်လာပြီးကိုယ်တိုင်ကိုယ်ကျ လုပ်နေရတာလဲ?”

အစီရင်ခံတာလေးတစ်ခုအတွက်နဲ့ မင်းအခုလိုရေးကြီးသုတ်ပြာဖြစ်မယ်? ဘယ်သူ့ကိုအရူးလုပ်ချင်နေတာလဲ?

ဒီလောက်အသေးအမွှားလေးနဲ့ ဆင်ခြေလာပေးလို့မရဘူးမှတ်..

မြင့်မြတ်လှတဲ့နတ်ဆိုးဘုရင်ကြီးကတော့ အရမ်းကိုသနားနေတော့တယ်၊ အဲ့တော့သူနောက်နေတာမဟုတ်ဘူးပဲ၊ သူငါ့ကို တကယ်ကြိုက်နေတာပါလား…

ပိုင်ရန်: “…”

“မင်းအမြန်ပြန်လာတာက အနောက်ပိုင်းဘုရင်ရဲ့ရတနာအကြောင်းကြားတာရယ်၊ နောက်ပြီးတော့ ကိုယ်တော်ရဲ့ချီကမောက်ကမဖြစ်တာကိုသိပြီး ဒဏ်ရာရနေမှန်းသိလို့မှတ်လား… ကိုယ်တော်တစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေတယ်မှတ်လား?” နတ်ဆိုးဘုရင်ကြီးလေသံက တည်ငြိမ်နေဆဲပဲ။

ပိုင်ရန်: “…”

သူဘာပြောရမှန်းတွေတောင် မသိတော့ဘူး။ ဟုတ်ပါတယ်၊ တိမ်နက်ဂိုဏ်းအရေးက ဘာမှပြောပလောက်တာမဟုတ်ဘူး၊ ရှဲ့ဇီထျန်းရဲ့စရိုက်အရလည်း နတ်ဆိုးဘုရင်ကြီးဆီကိုပြန်လာပြီး အထူးတလည်အစီရင်လာခံတယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူကပြန်လာမိလိုက်တယ်ဆိုတော့ ဆင်ခြေကောင်းကောင်းလေးပေးနိုင်မှဖြစ်မယ်။

အဲ့တာတော့ အဲ့တာပေမယ့် ဇာတ်လိုက်ကိုကယ်ဖို့အတွက်လို့လည်း ပြောလိုက်လို့မဖြစ်ပြန်။

ကောင်းပြီလေ၊ သူဆင်ခြေမရှာနိုင်တော့ပေမယ့် နတ်ဆိုးဘုရင်ကြီးကသူ့အတွက် တစ်ခုဝိုင်းစဉ်းစားပေးထားတယ်; အချစ်ကြောင့်ဆိုပဲ..

ပိုင်ရန့်စိတ်တွေက ရှုပ်ထွေးနေတာကြောင့် နတ်ဆိုးဘုရင်ကြီးက ပိုင်ရန်သူ့ကိုကြိုက်နေတယ်လို့မှတ်ယူထားမှန်းတောင် မေ့သွားခဲ့တာ။

နတ်ဆိုးဘုရင်ကြီးရဲ့တွက်ချက်မှုအရဆိုရင် ရှဲ့ဇီထျန်းက အငြင်းခံလိုက်ရတာကြောင့် အသည်းတွေကွဲပြီး လူသားနယ်မြေမှာ တာဝန်ပေးဖို့တောင်းဆိုခဲ့တယ်။ ဒါပေမယ့် သူ့နှလုံးသားကတော့ နတ်ဆိုးဘုရင်ကြီးဆီမှာပဲ ကျန်ရစ်ခဲ့တယ်။ ဒါကြောင့် နတ်ဆိုးဘုရင်ကြီး အနောက်ပိုင်အရှင်နဲ့တိုက်ခိုက်ကြတယ်ဆိုတာလည်းကြားရော သူစိတ်ပူသွားတယ်..။ သူကနတ်ဆိုးဘုရင်ကြီးရဲ့ကျန်းမာရေးအခြေအနေကို ဖုံးကွယ်ပေးရုံတင်မကဘူး၊ အစိုးရရေးရာတွေကိုပါ ကူညီပေးသွားသေးတယ်။

အဲ့တာကသာအချစ်မဟုတ်ဘူးဆိုရင် ဘာလဲ?

တွက်ချက်မှုကတော့ လုံးဝပြစ်ချက်ကင်းတယ်!

သို့သော်လည်း ပိုင်ရန်ကတကယ်တမ်းမှာ နတ်ဆိုးနယ်မြေကဖြစ်တာတွေကို စိတ်မဝင်စားဘူး၊ ပြီးတော့ ရတနာရှိတယ်ဆိုပြီး သတင်းထွက်နေတဲ့အနောက်ပိုင်းအရှင်နဲ့ နတ်ဆိုးဘုရင်တိုက်ခိုက်တာကိုလည်း မသိခဲ့ဘူး။

ဒါပေမယ့် ခုချိန်မှာတော့ ပိုင်ရန်တိတ်တိတ်လေးသာနေနိုင်တယ်။

ပုံမှန်ဆိုရင် နတ်ဆိုးဘုရင်ကြီးက ထက်မြက်၊ အေးစက်ပြီးတော့ တွက်ချက်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် တကယ့်အဖြစ်မှန်မှာတော့ သူကနားမလည်နိုင်လောက်အောင် အတ္တကြီးပြီး သူ့ဦးနှောက်မှာဧရာမအပေါက်ကြီးရှိနေတယ်။

ခုလိုကွဲပြားချက်က ပိုင်ရန့်ကို အံ့အားသင့်စေတယ်။

သူတိတ်နေတာက နတ်ဆိုးဘုရင်ကြီးအတွက် သူ့ထင်မြင်ချက်ကိုပိုပြီး ယုံကြည်သွားစေတယ်။ သက်ပြင်းချရင်း “ရှဲ့ဇီထျန်း၊ မင်းခံစားချက်တွေကို ထိန်းနိုင်ဖို့သင်ယူစမ်းပါ… ဘဝတစ်လျှောက်မှာအတူမနေနိုင်သွားကြတဲ့ သူတွေလည်းရှိတာပဲ”

ပိုင်ရန်မျက်လုံးတွေက ငါးသေတစ်ကောင်လိုဖြစ်သွားတယ်: “…”

မဟုတ်ဘူးလေ၊ ငါမင်းနဲ့နေဖို့ ဘယ်တုန်းကမှတောင် မတွေးဖူးဘူး…

အခြေအနေတွေကို သုံးသပ်ပြီးနောက် နတ်ဆိုးဘုရင်ကြီးရဲ့စကားလုံးတွေက ပိုတောင်လေးနက်လာတယ် “မင်းယောကျာ်းတွေကို ကြိုက်တယ်ဆိုတာ ကိုယ်တော်သိတယ်၊ အဲ့တာကြောင့် ကိုယ်တော့်လိုအဖက်ဖက်က ထူးချွန်နေတဲ့သူတစ်ယောက်နဲ့ မင်းကနေလာတာကြာတော့ ကိုယ်တော့်ကို ကြိုက်သွားမိတာသဘာဝပဲ.. ဒါပေမယ့် ကိုယ်တော့်ရည်မှန်းချက်က နယ်မြေနှစ်ခုကိုပေါင်းစည်းပြီး အမတနယ်ထိတက်နိုင်ဖို့ပဲလေ၊ အချစ်ကကိုယ်တော့်ကို ဆွဲချသွားနိုင်တယ်ဆိုတာ နားလည်တယ်မှတ်လား?’’

ပိုင်ရန်ကတော့ မျက်လုံးသေကြီးအတိုင်းပဲနေနေဆဲ: “…”

ကြီးမြတ်လှတဲ့နတ်ဆိုးဘုရင်ကြီးရေ၊ မင်းရဲ့အနားမှာနေတာကြာတဲ့သူတိုင်း မင်းကိုအလိုလိုချစ်မိသွားကြမယ်ဆိုတဲ့ confidenceကြီးက ဘယ်ကရလာတာလဲ?

ပိုင်ရန်ဒေါသတွေထွက်လွန်းလို့ အသေအကြေကျိန်ဆဲပစ်ချင်နေပေမယ့် အံ့သြနေတဲ့အမူအယာကိုပဲ ဆက်လက်ထိန်းနေရတယ်။

သူကဘာပြောနိုင်မှာလဲ? သူငြင်းလို့မှမရတာ။

သူသာတကယ်လို့ နတ်ဆိုးဘုရင်ကြီးကို ‘ကျွန်တော်က တခြားတစ်ယောက်ကိုကယ်ဖို့ဒီကို အသည်းအသန်လာခဲ့တာပါ’ လို့သာ ပြောကြည့်ပါလား၊ ဒီနေရာမှာတင် အသတ်ခံလိုက်ရမှာ။

ပိုင်ရန် သည်းခံတယ်… သည်းခံတယ်၊ ပြီးတော့ ဝမ်းနည်းစွာပြောလိုက်တယ် “အရှင်၊ ဒီအစေခံမြန်မြန်ပြန်လာရတဲ့အကြောင်းအရင်းက အရှင့်ကိုသစ္စာစောင့်သိတာကြောင့်ပါပဲ… တခြားဘာမှမရှိပါဘူး”

ကြီးမြတ်လှတဲ့နတ်ဆိုးကြီးခင်ဗျာ… ကျွန်တော်တကယ်ကြီး မင်းကိုမချစ်တာပါဗျာ…

နိုးထလိုက်ပါတော့!

_____

ဒီအပိုင်းက အပေါ်နားမှာရှုပ်နေမယ်ထင်ပါတယ်၊ အရှေ့ပိုင်းနဲ့အချိတ်အဆက်မမိဘူးဖြစ်နေတာ၊ သူ့ထဲကအတိုင်းပဲ အမလည်း ပြန်ထားပေးတာပါ။

_____

Thanks😉



Continue Reading

You'll Also Like

5.2M 567K 55
၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေး...
4.9K 273 8
Chapters - 4 Volume & 1 Extra ❗ The novel contains intense violence, blood/ gore, sexual content and strong language that may be appropriate for ages...
230K 26.4K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...