ကျောင်းလူဆိုးလေးက လာကြိုက်နေတ...

By Kay_Wine

1.5M 240K 6.2K

Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Mode... More

Synopsis
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇ [ End of Main Story ]
အပိုင်း - ၈၈ [ Extra - 1 ]
အပိုင်း - ၈၉ [ Extra - 2 ]
အပိုင်း - ၉၀ [ Extra - 3 ]
ဟိုဘက်ရပ်ကွက်

အပိုင်း - ၁

61.7K 5.9K 211
By Kay_Wine

{Zawgyi}

•ကိုယ္မင္းကိုလိုက္လို႔ရမလား•

က်ီေလ်ာင္ အတန္းေဖာ္ေတြနဲ႔ basketballကစားၿပီးေနာက္ အတန္းဆီကိုသာျပန္လာခဲ့တယ္။ သူ႔ဖုန္းကိုတစ္ခ်က္စစ္ၾကည့္ေတာ့ screenေပၚမွာ WeChatက notiေလးတက္ေနတာေတြ႕လိုက္ရတယ္: ေဘဘီ၊ မင္းရဲ႕ရွပ္အက်ီက အရမ္းတိုတာပဲ.. မင္းရဲ႕ခါးသြယ္သြယ္ေလးေၾကာင့္ ကိုယ့္မွာ မာေတာ့မလိုေတာင္ျဖစ္သြားတယ္...

messageကိုဖတ္ၿပီးတာနဲ႔ က်ီေလ်ာင္မ်က္ႏွာတစ္ခုလုံးရဲပေတာင္းခတ္သြားတယ္။ သူ႔ေနာက္မွာရွိေနတဲ့ယုက်င္းက သူ႔ရဲ႕ထူးဆန္းေနတဲ့ပုံစံေၾကာင့္ သိခ်င္စိတ္နဲ႔အနားကပ္လာတယ္။ "မင္းဘာေတြၾကည့္ေနတာလဲ?"

က်ီေလ်ာင္ သူ႔ကိုအလန႔္တၾကားတြန္းထုတ္ၿပီး ဖုန္းကိုပိတ္ကာ ေဘာင္းဘီအိတ္ထံထိုးထည့္လိုက္တယ္။ ထိုအခ်ိန္မွာပဲ အတန္းေခါင္းေလာင္းထိုးသြားတာေၾကာင့္ ယုက်င္းလည္းအာ႐ုံသိပ္မထားေတာ့ဘဲ သူ႔ခုံဆီကိုသာျပန္သြားလိုက္တယ္။

က်ီေလ်ာင္သက္ျပင္းကိုသာ ေလးေလးပင္ပင္ခ်မိတယ္။ ခုနကတရားလြန္လွတဲ့ messageအေၾကာင္းေတြးမိေတာ့ မ်က္ႏွာကတဖန္နီရဲၿပီး ပူလာျပန္တယ္။

လြန္ခဲ့တဲ့သုံးရက္ေျမာက္ညကို ျပန္သြားၾကတာေပါ့...

က်ီေလ်ာင္ အိပ္ယာေပၚတစ္ကိုယ္လုံးပစ္လွဲၿပီး WeiBoကို ေမႊေႏွာက္ေနခ်ိန္မွာ WeChatကေန သူငယ္ခ်င္းအျဖစ္လက္ခံဖို႔ requestတစ္ခုတက္လာတယ္။ တစ္ဖက္ကမွတ္ခ်က္မွာေရးထားတာက : ကိုယ္က ဟဲ့ခ်န္းမင္ တဲ့။

အစကေတာ့ က်ီေလ်ာင္က ဟဲ့ခ်န္းမင္ကဘယ္သူဘယ္ဝါျဖစ္ျဖစ္ မတုန႔္ျပန္ေသးဘူး။ ေနာက္မွ အဲ့တာက အတန္းႏွစ္က ျမက္ခင္းစိမ္း နာမည္ႀကီးတဲ့ေက်ာင္းကလူဆိုးဟဲ့ခ်န္းမင္ မွန္းလည္း သိလိုက္ေရာ၊ ျမန္ျမန္ကုန္း႐ုန္းထၿပီး မတ္မတ္ထိုင္ကာ ဖုန္းကိုပိုက္ထားလိုက္တယ္။

သူ႔ဘာသာလည္း ျပန္ေတြးေနတယ္၊ ငါသူ႔ကိုအရင္က ရန္စထားတာလည္းမရွိပါဘူး၊ ဟုတ္တယ္မွတ္လား?

သူတို႔ႏွစ္ေယာက္လုံး တစ္ေက်ာင္းတည္းအတူတက္ေနၾကေပမယ့္ အခန္းေတာ့မတူၾကဘူး။ ဟဲ့ခ်န္းမင္က အတန္းခြဲႏွစ္မွာ က်ီေလ်ာင္ကေတာ့ အတန္းခြဲဆယ့္ႏွစ္မွာ၊ မိုင္ေပါင္းဆယ့္ရွစ္ေသာင္းေလာက္ ေဝးေနတာကို...။ အဲ့တာေၾကာင့္ သူတို႔ေတြက တစ္ႏွစ္တည္းတက္ေနၾကတာေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္က လုံးဝကိုမရင္းႏွီးဘဲ ဘုံသူငယ္ခ်င္းေတာင္မွ မရွိဘူး။

အဲ့တာကို သူကဘာေၾကာင့္ လာအပ္ေနရတာလဲ?

က်ီေလ်ာင္က အေၾကာင္းျပခ်က္ကို စဥ္းစားေနတာေၾကာင့္ သူrequest လုပ္ထားတာကို လက္ခံဖို႔ေႏွာင့္ေႏွးေနတယ္။ ဟဲ့ခ်န္းမင္အေတာ္အသင့္ ေစာင့္လို႔ၿပီးသြားတဲ့အခ်ိန္မွာ ေနာက္ထပ္တခုထပ္ပို႔လိုက္တယ္: လက္ခံပါအုံး..

က်ီေလ်ာင္ အလ်င္အျမန္မသိစိတ္ကေန လက္ခံတာကိုေ႐ြးလိုက္မိတယ္။

တစ္ဖက္ကလည္း ခ်က္ခ်င္းစာပို႔လာတယ္: က်ီေလ်ာင္?

တကယ္ေတာ့ က်ီေလ်ာင္ ဟဲ့ခ်န္းမင္ကို နည္းနည္းေၾကာက္တယ္။ သူတို႔တစ္ခါမွ စကားမေျပာဖူးေပမယ့္ ဟဲ့ခ်န္းမင္ရဲ႕ "ေက်ာ္ၾကားလွတဲ့"လုပ္ရပ္ေတြအေၾကာင္း အမ်ားႀကီးၾကားဖူးတယ္။ ဥပမာ၊ သူ႔စာအုပ္ေလးကိုသြားထိမိတာေၾကာင့္ သူ႔အတန္းေဖာ္တစ္ေယာက္ကို စိတ္ထိခိုက္သြားေအာင္လုပ္တာမ်ိဳး။ ေနာက္တစ္ခုက သူတို႔အတန္းထဲက ခ်န္လိဝမ္ဆိုတဲ့တစ္ေယာက္။ ဘယ္လိုလဲဆိုေတာ့ သူကဟဲ့ခ်န္းမင္နဲ႔ တိတ္တိတ္ေလး "ေဆြးေႏြး"ၿပီးေနာက္တစ္ရက္မွာ အ႐ိုက္ခံရတာေၾကာင့္ ေဆး႐ုံေတာင္တက္လိုက္ရတဲ့အထိပဲ။ အဲ့လူဆိုးေကာင္ကို သြားစြမိတာေၾကာင့္ ျဖစ္သြားတဲ့အက်ိဳးဆက္ေတြမွ အမ်ားႀကီးပဲရွိေသးတယ္။

အဲ့အေၾကာင္းေတြၾကား႐ုံနဲ႔တင္ က်ီေလ်ာင္ေၾကာက္လြန္းလို႔ ေသႏိုင္တယ္၊ ဒါ့ေၾကာင့္ သူယဥ္ေက်းလိမၼာစြာစာျပန္လိုက္တယ္: ဟုတ္ကဲ့၊ ကြၽန္ေတာ္က က်ီေလ်ာင္ပါ၊ ခုနကမျမင္လိုက္ဘူးျဖစ္သြားလို႔ပါ၊ ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ့္ကိုအစ္ကိုႀကီးရွာတာ ဘာအတြက္လဲဆိုတာ သိပါရေစ?

သူ႔မွာယဥ္ေက်းတဲ့အသုံးအႏႈန္း ျဖစ္တဲ့ "အစ္ကိုႀကီး"ကိုေတာင္ ထည့္သုံးထားရတာ။ [T/N: ဒီေနရာမွာ (你)nǐ ေနရာမွာ (您)nínဆိုတဲ့ ပိုယဥ္ေက်းတဲ့ အသုံးအႏႈန္းကို သုံးထားတာပါ၊ ဒါေပမယ့္ ႏွစ္ခုလုံးက 'မင္း' လို႔ပဲဆိုလိုတာေၾကာင့္ ဘာေရးရမွန္းမသိလို႔ 'အစ္ကိုႀကီး'ဆိုတာကို သုံးလိုက္ပါတယ္။]

တဖက္ကအျမန္ပဲ replyေရာက္လာတယ္: ...အစ္ကိုႀကီး? ကိုယ္အဲ့ေလာက္ေတာင္ အိုေနၿပီလား?

က်ီေလ်ာင္လည္း ျမန္ျမန္စာျပန္လိုက္တယ္: မဟုတ္ပါဘူး၊ မဟုတ္ပါဘူး၊ ကြၽန္ေတာ္ကဒီတိုင္း ႐ိုေသသမႈနဲ႔ေျပာတာပါ

တဖက္ကအရပ္ရွည္ရွည္ ကိုယ္ထည္က်စ္က်စ္လ်စ္လ်စ္နဲ႔ ေကာင္ေလးက အိပ္ယာေပၚလွဲေနရင္း ဖုန္းကိုလက္ႏွစ္ဖက္နဲ႔ကိုင္ကာ ထရယ္ေတာ့တယ္။

သူစာျပန္လိုက္တယ္ : ကိုယ့္နာမည္ကိုပဲေခၚပါ၊ ဘာမွေတာ့မဟုတ္ပါဘူး၊ မင္းနဲ႔ဒီတိုင္း စကားေျပာခ်င္လို႔..

က်ီေလ်ာင္ထူးဆန္းေနသလိုခံစားရေပမယ့္ ေကာင္းေကာင္းမြန္မြန္စာျပန္လိုက္ပါေသးတယ္ : အိုး... ဘာအေၾကာင္းေျပာခ်င္တာပါလဲ?

သူေတြးလို႔ေတာင္မရဘူး။ စကားေျပာစရာဘာအေၾကာင္းရွိလို႔လဲ? သူတို႔ကရင္းမွမရင္းႏွီးတာကို!

ဟဲ့ခ်န္းမင္သူ႔ကိုစာမျပန္ခင္ ၾကားထဲေလးမွာ က်ီေလ်ာင္အိပ္ယာထဲကထြက္ၿပီး စိတ္လႈပ္ရွားေနတာေတြေျပေလ်ာ့သြားေအာင္ ေရတစ္ခြက္ထေသာက္လိုက္တယ္။

ဖုန္းကေန notiသံေလးထြက္လာတယ္။

ဟဲ့ခ်န္းမင္ : ဒီတိုင္းဟိုေျပာဒီေျပာပါပဲ... မင္းမွာေကာင္မေလးရွိလား?

က်ီေလ်ာင္ကေရကိုပါးစပ္နဲ႔အျပည့္ေသာက္ေနတာျဖစ္ၿပီး ဒီေမးခြန္းကိုျမင္တဲ့အခါမွာ ေရကိုေနရာလြဲၿပီးေတာင္ မ်ိဳခ်မိသြားတာေၾကာင့္ အသည္းအသန္ေခ်ာင္းဆိုးေတာ့တယ္။

ဟမ္? ဒါကိုဟိုေျပာဒီေျပာလို႔ ထင္ေနတာလား? သူတို႔ကအတြင္းေရးေတြ ေျပာၾကရေလာက္ေအာင္ မရင္းႏွီးဘူးေလ ဟုတ္ၿပီလား? ဟုတ္တာေပါ့ ဒီေမးခြန္းကို သူအေတြးထဲမွာပဲ ေမးရဲတယ္။ သူမွာ ေက်ာင္းကလူမိုက္ႀကီးကို ေမးခြန္းထုတ္ရေလာူးေလ ဟုတ္ၿပီလား? ဟုတ္တာေပါ့ ဒီေမးခြန္းကို သူအေတြးထဲမွာပဲေမးရဲတယ္။ အဲ့လူဆိုးႀကီးကိုေတာ့ သြားေမးဖို႔ရာသတၱိမရွိရွာဘူး။

အဲ့တာေၾကာင့္ ႐ိုး႐ိုးသားသားေျဖလိုက္တယ္ : မရွိပါဘူး.. အဲ့တာရဲ႕ေနာက္မွာလည္းေၾကာင္ေတာင္ေတာင္emojiတစ္ခု ထည့္ေပးလိုက္ေသးတယ္။

ဟဲ့ခ်န္းမင္အတြက္ emojiေလးက ခ်စ္စရာေကာင္းေနတာေၾကာင့္ သူေတာင္မသိလိုက္ဘဲ ႏႈတ္ခမ္းေထာင့္စြန္းေတြ တြန႔္ခ်ိဳးသြားတယ္။ သူဆက္ၿပီးေမးျပန္တယ္ : အဲ့တာဆိုရင္ ေကာင္ေလးေရာရွိလား?

က်ီေလ်ာင္ မလႈပ္မယွက္ျဖစ္သြားရတယ္! ဘာလား.. သူ႐ုပ္က gayပုံေပါက္ေနလို႔လား? သူက တျခားသက္တူ႐ြယ္တူေကာင္ေလးေတြနဲ႔ ယွဥ္ရင္ အသားနည္းနည္းပိုျဖဴေနတာပဲရွိတာကို။ ဘာေၾကာင့္မ်ား gayဆိုၿပီး သံသယဝင္ေနရတာလဲ?

သူေဒါသထြက္ေနေပမယ့္ စာကိုေတာ့ေသခ်ာျပန္ေပးလိုက္ပါေသးတယ္ : အာ? ကြၽန္ေတာ့္မွာမရွိပါဘူး

က်ီေလ်ာင္ သူ႔ရဲ႕replyမွာ သူကေကာင္မေလးေတြကို ႀကိဳက္တာပါဆိုတာ ထပ္ျဖည့္ဖို႔ စာဆက္႐ိုက္ေနတယ္။ ဒါေပမယ့္ ဟဲ့ခ်န္းမင္က ေျခတစ္လွမ္းသာသြားၿပီး စာေရာက္လာတယ္ : ဒါဆို ကိုယ္မင္းကို လိုက္လို႔ရမလား?

က်ီေလ်ာင္လက္ေတြ စာ႐ိုက္ေနရင္းက ရပ္သြားတယ္။ ဒီစကားလုံးေတြေၾကာင့္ သူ႔မ်က္လုံးေတြ ျပဴးက်ယ္ကုန္ၿပီး သူမွားမ်ားဖတ္မိတာလားဆိုတာ သိဖို႔ အျပန္ျပန္အလွန္လွန္ဖတ္ၾကည့္ေနတယ္။ စိတ္လႈပ္ရွားသြားလို႔ေတာ့မဟုတ္ဘူူူး၊ တုန္လႈပ္ေျခာက္ျခားစရာေကာင္းတာေၾကာင့္ ရင္ေတြတုန္လာတယ္!

ပထမဆုံး၊ သူ႔ကိုလိုက္ခ်င္တယ္လို႔ေျပာေနတဲ့သူက ေယာက်ာ္းတစ္ေယာက္ျဖစ္ေနတယ္!
ေနာက္ ဒုတိယအခ်က္က၊ အဲ့ေယာက်ာ္းက ဟဲ့ခ်န္းမင္ျဖစ္ေနတာပဲ!

က်ီေလ်ာင္ကေတာ့ ဆြံ႕အေနမိတယ္။ ဒါက ဘယ္လိုလုပ္...

ၿပီးေတာ့လည္း သူ႔ရဲ႕႐ုပ္ရည္က သာမာန္ပဲဆိုတာကို သူသိတယ္၊ သူ႔ရဲ႕အဆင့္ေတြကလည္း ပုံမွန္ပဲ.. ေၾကာက္လည္းေၾကာက္တတ္ေသးတယ္။ သူ႔လိုလူကဘယ္လိုလုပ္ ဟဲ့ခ်န္းမင္ရဲ႕စိတ္ဝင္စားမႈကို ရႏိုင္မွာလဲ? အဲ့တာကိုေတြးမိေတာ့ က်ီေလ်ာင္မ်က္ႏွာေတြ ပူတက္လာၿပီး ႏႈတ္ခမ္းေတြပါေျခာက္လာတယ္။ အခ်ိန္ခဏေလာက္ သူေၾကာက္႐ြံ႕ေနၿပီး ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျဖစ္ေနတယ္...

ဖန္ခြက္ကိုေကာက္ကိုင္ၿပီး ေရကိုအလုတ္ႀကီးႀကီး ႏွစ္ငုံေသာက္ၿပီးခ်ိန္မွာ ဖုန္းက notiသံကို ထပ္ၾကားလိုက္ရတယ္။

ဟဲ့ခ်န္းမင္ : မင္းဘာမွျပန္မေျပာရင္ ကိုယ့္ကိုသေဘာတူတယ္လို႔ပဲ ယူဆလိုက္မွာေနာ္!!!
က်ီေလ်ာင္ဘယ္လိုလုပ္ သေဘာတူရဲမွာလဲ? အဲ့တာေၾကာင့္ စာျမန္ျမန္ျပန္လိုက္တယ္ : ေတာင္းပန္ပါတယ္.. ကြၽန္ေတာ္က မိန္းကေလးေတြကိုႀကိဳက္တာ!

က်ီေလ်ာင္စာကိုပို႔ၿပီးတဲ့အခ်ိန္မွာ တဖက္ကစာ႐ိုက္ေနတာေၾကာင့္ သူဖုန္းscreenကိုသာစိုက္ၾကည့္ေနမိတယ္။ သူအရမ္းစိတ္လႈပ္ရွားေနတာေၾကာင့္ တံေတြးကိုၿမိဳခ်ၿပီး အခ်ိန္ေတြကို ေရတြက္ေနမိတယ္။ စကၠန႔္သုံးဆယ္ေက်ာ္သြားတာေတာင္ တဖက္လူက စာ႐ိုက္ေနတုန္းပဲ!!!

သူ႔ႏွလုံးက ေပါက္ကြဲထြက္ေတာ့မလိုေတာင္ ခံစားေနရတယ္! သူ႔စိတ္ေတြ ပရမ္းပတာျဖစ္ေနၿပီ။ ဟိုေတြးဒီေတြးနဲ႔ ဟဲ့ခ်န္းမင္က အရွက္ကြဲသြားတာေၾကာင့္ ေဒါသပုန္ထၿပီး ေနာက္တစ္ေန႔မွာသူ႔ကို ႐ိုက္ဖို႔အတြက္ တစ္ေယာက္ေယာက္လႊတ္လိုက္ရင္ ဘယ္လိုလုပ္ရမလဲ? သူသာတကယ္အ႐ိုက္ခံရရင္ သူ႔အေမကို ဒီကိစၥဘယ္လိုသြားရွင္းျပရမလဲ? သူ႔မွာအျပစ္မရွိတာေတာင္ သူ႔အတြက္သူေဆးျပန္ကုရေတာ့မယ္။ အတန္းေဖာ္ေတြကေရာ သူ႔ကိုအထင္ေသးကုန္ၾကမလား?

သူပိုေတြးေလ၊ ပိုပိုၿပီးစိုးရိမ္လာေလပဲ။ တဖက္ကလည္း စာ႐ိုက္ေနဆဲျဖစ္ၿပီး ခုထိကိုစာမျပန္ေသးဘူး။ က်ီေလ်ာင္အရမ္းေၾကာက္လာတာေၾကာင့္ သူပို႔ထားတဲ့စာကိုျပန္႐ုတ္သိမ္းၿပီး စာျပန္႐ိုက္လိုက္တယ္ : ခုနကဟာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ထပ္စဥ္းစားေပးရမလား?

သူကျပႆနာတက္မွာကို ေၾကာက္ၿပီး ေက်ာင္းမွာစည္းကမ္းလိုက္နာတဲ့ ေက်ာင္းသားတစ္ေယာက္အေနနဲ႔ပဲ ဆက္တက္ခ်င္တယ္။ အဲ့တာေၾကာင့္ ဟဲ့ခ်န္းမင္ကိုရန္စမိမွာ စိုးရိမ္ေနတယ္။

အဲ့အခ်ိန္မွာပဲ ျပန္စာကခ်က္ခ်င္းကို ျမန္ျမန္ဆန္ဆန္ေရာက္ရွိလာတယ္ : ေကာင္းၿပီေလ..

ေနာက္ထပ္လည္း messageထပ္ေရာက္လာတယ္ : ကိုယ္မင္းအေပၚေကာင္းေပးမွာပါ၊ ေစာေစာအိပ္ေတာ့.. Goodnight..

က်ီေလ်ာင္ကေတာ့ သူ႔ရဲ႕ "ေကာင္းၿပီေလ"မွာ တျခားအဓိပၸါယ္ရွိေနတယ္လို႔ ခံစားရတယ္! ေနာက္ထပ္messageေတြ မေရာက္လာေတာ့တာေသခ်ာမွ သူ႔ဖုန္းကိုဖက္ၿပီး ေလျဖတ္ေနတဲ့သူတစ္ေယာက္လို အိပ္ယာေပၚအေတာင့္လိုက္ႀကီး လွဲခ်လိုက္တယ္။

____________________________________

{Unicode}

•ကိုယ်မင်းကိုလိုက်လို့ရမလား•

ကျီလျောင် အတန်းဖော်တွေနဲ့ basketballကစားပြီးနောက် အတန်းဆီကိုသာပြန်လာခဲ့တယ်။ သူ့ဖုန်းကိုတစ်ချက်စစ်ကြည့်တော့ screenပေါ်မှာ WeChatက notiလေးတက်နေတာတွေ့လိုက်ရတယ်: ဘေဘီ၊ မင်းရဲ့ရှပ်အကျီက အရမ်းတိုတာပဲ.. မင်းရဲ့ခါးသွယ်သွယ်လေးကြောင့် ကိုယ့်မှာ မာတော့မလိုတောင်ဖြစ်သွားတယ်...

messageကိုဖတ်ပြီးတာနဲ့ ကျီလျောင်မျက်နှာတစ်ခုလုံးရဲပတောင်းခတ်သွားတယ်။ သူ့နောက်မှာရှိနေတဲ့ယုကျင်းက သူ့ရဲ့ထူးဆန်းနေတဲ့ပုံစံကြောင့် သိချင်စိတ်နဲ့အနားကပ်လာတယ်။ "မင်းဘာတွေကြည့်နေတာလဲ?"

ကျီလျောင် သူ့ကိုအလန့်တကြားတွန်းထုတ်ပြီး ဖုန်းကိုပိတ်ကာ ဘောင်းဘီအိတ်ထံထိုးထည့်လိုက်တယ်။ ထိုအချိန်မှာပဲ အတန်းခေါင်းလောင်းထိုးသွားတာကြောင့် ယုကျင်းလည်းအာရုံသိပ်မထားတော့ဘဲ သူ့ခုံဆီကိုသာပြန်သွားလိုက်တယ်။

ကျီလျောင်သက်ပြင်းကိုသာ လေးလေးပင်ပင်ချမိတယ်။ ခုနကတရားလွန်လှတဲ့ messageအကြောင်းတွေးမိတော့ မျက်နှာကတဖန်နီရဲပြီး ပူလာပြန်တယ်။

လွန်ခဲ့တဲ့သုံးရက်မြောက်ညကို ပြန်သွားကြတာပေါ့...

ကျီလျောင် အိပ်ယာပေါ်တစ်ကိုယ်လုံးပစ်လှဲပြီး WeiBoကို မွှေနှောက်နေချိန်မှာ WeChatကနေ သူငယ်ချင်းအဖြစ်လက်ခံဖို့ requestတစ်ခုတက်လာတယ်။ တစ်ဖက်ကမှတ်ချက်မှာရေးထားတာက : ကိုယ်က ဟဲ့ချန်းမင် တဲ့။

အစကတော့ ကျီလျောင်က ဟဲ့ချန်းမင်ကဘယ်သူဘယ်ဝါဖြစ်ဖြစ် မတုန့်ပြန်သေးဘူး။ နောက်မှ အဲ့တာက အတန်းနှစ်က မြက်ခင်းစိမ်း နာမည်ကြီးတဲ့ကျောင်းကလူဆိုးဟဲ့ချန်းမင် မှန်းလည်း သိလိုက်ရော၊ မြန်မြန်ကုန်းရုန်းထပြီး မတ်မတ်ထိုင်ကာ ဖုန်းကိုပိုက်ထားလိုက်တယ်။

သူ့ဘာသာလည်း ပြန်တွေးနေတယ်၊ ငါသူ့ကိုအရင်က ရန်စထားတာလည်းမရှိပါဘူး၊ ဟုတ်တယ်မှတ်လား?

သူတို့နှစ်ယောက်လုံး တစ်ကျောင်းတည်းအတူတက်နေကြပေမယ့် အခန်းတော့မတူကြဘူး။ ဟဲ့ချန်းမင်က အတန်းခွဲနှစ်မှာ ကျီလျောင်ကတော့ အတန်းခွဲဆယ့်နှစ်မှာ၊ မိုင်ပေါင်းဆယ့်ရှစ်သောင်းလောက် ဝေးနေတာကို...။ အဲ့တာကြောင့် သူတို့တွေက တစ်နှစ်တည်းတက်နေကြတာပေမယ့် တစ်ယောက်နဲ့တစ်ယောက်က လုံးဝကိုမရင်းနှီးဘဲ ဘုံသူငယ်ချင်းတောင်မှ မရှိဘူး။

အဲ့တာကို သူကဘာကြောင့် လာအပ်နေရတာလဲ?

ကျီလျောင်က အကြောင်းပြချက်ကို စဉ်းစားနေတာကြောင့် သူrequest လုပ်ထားတာကို လက်ခံဖို့နှောင့်နှေးနေတယ်။ ဟဲ့ချန်းမင်အတော်အသင့် စောင့်လို့ပြီးသွားတဲ့အချိန်မှာ နောက်ထပ်တခုထပ်ပို့လိုက်တယ်: လက်ခံပါအုံး..

ကျီလျောင် အလျင်အမြန်မသိစိတ်ကနေ လက်ခံတာကိုရွေးလိုက်မိတယ်။

တစ်ဖက်ကလည်း ချက်ချင်းစာပို့လာတယ်: ကျီလျောင်?

တကယ်တော့ ကျီလျောင် ဟဲ့ချန်းမင်ကို နည်းနည်းကြောက်တယ်။ သူတို့တစ်ခါမှ စကားမပြောဖူးပေမယ့် ဟဲ့ချန်းမင်ရဲ့ "ကျော်ကြားလှတဲ့"လုပ်ရပ်တွေအကြောင်း အများကြီးကြားဖူးတယ်။ ဥပမာ၊ သူ့စာအုပ်လေးကိုသွားထိမိတာကြောင့် သူ့အတန်းဖော်တစ်ယောက်ကို စိတ်ထိခိုက်သွားအောင်လုပ်တာမျိုး။ နောက်တစ်ခုက သူတို့အတန်းထဲက ချန်လိဝမ်ဆိုတဲ့တစ်ယောက်။ ဘယ်လိုလဲဆိုတော့ သူကဟဲ့ချန်းမင်နဲ့ တိတ်တိတ်လေး "ဆွေးနွေး"ပြီးနောက်တစ်ရက်မှာ အရိုက်ခံရတာကြောင့် ဆေးရုံတောင်တက်လိုက်ရတဲ့အထိပဲ။ အဲ့လူဆိုးကောင်ကို သွားစွမိတာကြောင့် ဖြစ်သွားတဲ့အကျိုးဆက်တွေမှ အများကြီးပဲရှိသေးတယ်။

အဲ့အကြောင်းတွေကြားရုံနဲ့တင် ကျီလျောင်ကြောက်လွန်းလို့ သေနိုင်တယ်၊ ဒါ့ကြောင့် သူယဉ်ကျေးလိမ္မာစွာစာပြန်လိုက်တယ်: ဟုတ်ကဲ့၊ ကျွန်တော်က ကျီလျောင်ပါ၊ ခုနကမမြင်လိုက်ဘူးဖြစ်သွားလို့ပါ၊ တောင်းပန်ပါတယ်၊ ကျွန်တော့်ကိုအစ်ကိုကြီးရှာတာ ဘာအတွက်လဲဆိုတာ သိပါရစေ?

သူ့မှာယဉ်ကျေးတဲ့အသုံးအနှုန်း ဖြစ်တဲ့ "အစ်ကိုကြီး"ကိုတောင် ထည့်သုံးထားရတာ။ [T/N: ဒီနေရာမှာ (你)nǐ နေရာမှာ (您)nínဆိုတဲ့ ပိုယဉ်ကျေးတဲ့ အသုံးအနှုန်းကို သုံးထားတာပါ၊ ဒါပေမယ့် နှစ်ခုလုံးက 'မင်း' လို့ပဲဆိုလိုတာကြောင့် ဘာရေးရမှန်းမသိလို့ 'အစ်ကိုကြီး'ဆိုတာကို သုံးလိုက်ပါတယ်။]

တဖက်ကအမြန်ပဲ replyရောက်လာတယ်: ...အစ်ကိုကြီး? ကိုယ်အဲ့လောက်တောင် အိုနေပြီလား?

ကျီလျောင်လည်း မြန်မြန်စာပြန်လိုက်တယ်: မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော်ကဒီတိုင်း ရိုသေသမှုနဲ့ပြောတာပါ

တဖက်ကအရပ်ရှည်ရှည် ကိုယ်ထည်ကျစ်ကျစ်လျစ်လျစ်နဲ့ ကောင်လေးက အိပ်ယာပေါ်လှဲနေရင်း ဖုန်းကိုလက်နှစ်ဖက်နဲ့ကိုင်ကာ ထရယ်တော့တယ်။

သူစာပြန်လိုက်တယ် : ကိုယ့်နာမည်ကိုပဲခေါ်ပါ၊ ဘာမှတော့မဟုတ်ပါဘူး၊ မင်းနဲ့ဒီတိုင်း စကားပြောချင်လို့..

ကျီလျောင်ထူးဆန်းနေသလိုခံစားရပေမယ့် ကောင်းကောင်းမွန်မွန်စာပြန်လိုက်ပါသေးတယ် : အိုး... ဘာအကြောင်းပြောချင်တာပါလဲ?

သူတွေးလို့တောင်မရဘူး။ စကားပြောစရာဘာအကြောင်းရှိလို့လဲ? သူတို့ကရင်းမှမရင်းနှီးတာကို!

ဟဲ့ချန်းမင်သူ့ကိုစာမပြန်ခင် ကြားထဲလေးမှာ ကျီလျောင်အိပ်ယာထဲကထွက်ပြီး စိတ်လှုပ်ရှားနေတာတွေပြေလျော့သွားအောင် ရေတစ်ခွက်ထသောက်လိုက်တယ်။

ဖုန်းကနေ notiသံလေးထွက်လာတယ်။

ဟဲ့ချန်းမင် : ဒီတိုင်းဟိုပြောဒီပြောပါပဲ... မင်းမှာကောင်မလေးရှိလား?

ကျီလျောင်ကရေကိုပါးစပ်နဲ့အပြည့်သောက်နေတာဖြစ်ပြီး ဒီမေးခွန်းကိုမြင်တဲ့အခါမှာ ရေကိုနေရာလွဲပြီးတောင် မျိုချမိသွားတာကြောင့် အသည်းအသန်ချောင်းဆိုးတော့တယ်။

ဟမ်? ဒါကိုဟိုပြောဒီပြောလို့ ထင်နေတာလား? သူတို့ကအတွင်းရေးတွေ ပြောကြရလောက်အောင် မရင်းနှီးဘူးလေ ဟုတ်ပြီလား? ဟုတ်တာပေါ့ ဒီမေးခွန်းကို သူအတွေးထဲမှာပဲ မေးရဲတယ်။ သူမှာ ကျောင်းကလူမိုက်ကြီးကို မေးခွန်းထုတ်ရလောူးလေ ဟုတ်ပြီလား? ဟုတ်တာပေါ့ ဒီမေးခွန်းကို သူအတွေးထဲမှာပဲမေးရဲတယ်။ အဲ့လူဆိုးကြီးကိုတော့ သွားမေးဖို့ရာသတ္တိမရှိရှာဘူး။

အဲ့တာကြောင့် ရိုးရိုးသားသားဖြေလိုက်တယ် : မရှိပါဘူး.. အဲ့တာရဲ့နောက်မှာလည်းကြောင်တောင်တောင်emojiတစ်ခု ထည့်ပေးလိုက်သေးတယ်။

ဟဲ့ချန်းမင်အတွက် emojiလေးက ချစ်စရာကောင်းနေတာကြောင့် သူတောင်မသိလိုက်ဘဲ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားတယ်။ သူဆက်ပြီးမေးပြန်တယ် : အဲ့တာဆိုရင် ကောင်လေးရောရှိလား?

ကျီလျောင် မလှုပ်မယှက်ဖြစ်သွားရတယ်! ဘာလား.. သူရုပ်က gayပုံပေါက်နေလို့လား? သူက တခြားသက်တူရွယ်တူကောင်လေးတွေနဲ့ ယှဉ်ရင် အသားနည်းနည်းပိုဖြူနေတာပဲရှိတာကို။ ဘာကြောင့်များ gayဆိုပြီး သံသယဝင်နေရတာလဲ?

သူဒေါသထွက်နေပေမယ့် စာကိုတော့သေချာပြန်ပေးလိုက်ပါသေးတယ် : အာ? ကျွန်တော့်မှာမရှိပါဘူး

ကျီလျောင် သူ့ရဲ့replyမှာ သူကကောင်မလေးတွေကို ကြိုက်တာပါဆိုတာ ထပ်ဖြည့်ဖို့ စာဆက်ရိုက်နေတယ်။ ဒါပေမယ့် ဟဲ့ချန်းမင်က ခြေတစ်လှမ်းသာသွားပြီး စာရောက်လာတယ် : ဒါဆို ကိုယ်မင်းကို လိုက်လို့ရမလား?

ကျီလျောင်လက်တွေ စာရိုက်နေရင်းက ရပ်သွားတယ်။ ဒီစကားလုံးတွေကြောင့် သူ့မျက်လုံးတွေ ပြူးကျယ်ကုန်ပြီး သူမှားများဖတ်မိတာလားဆိုတာ သိဖို့ အပြန်ပြန်အလှန်လှန်ဖတ်ကြည့်နေတယ်။ စိတ်လှုပ်ရှားသွားလို့တော့မဟုတ်ဘူူူး၊ တုန်လှုပ်ခြောက်ခြားစရာကောင်းတာကြောင့် ရင်တွေတုန်လာတယ်!

ပထမဆုံး၊ သူ့ကိုလိုက်ချင်တယ်လို့ပြောနေတဲ့သူက ယောကျာ်းတစ်ယောက်ဖြစ်နေတယ်!
နောက် ဒုတိယအချက်က၊ အဲ့ယောကျာ်းက ဟဲ့ချန်းမင်ဖြစ်နေတာပဲ!

ကျီလျောင်ကတော့ ဆွံ့အနေမိတယ်။ ဒါက ဘယ်လိုလုပ်...

ပြီးတော့လည်း သူ့ရဲ့ရုပ်ရည်က သာမာန်ပဲဆိုတာကို သူသိတယ်၊ သူ့ရဲ့အဆင့်တွေကလည်း ပုံမှန်ပဲ.. ကြောက်လည်းကြောက်တတ်သေးတယ်။ သူ့လိုလူကဘယ်လိုလုပ် ဟဲ့ချန်းမင်ရဲ့စိတ်ဝင်စားမှုကို ရနိုင်မှာလဲ? အဲ့တာကိုတွေးမိတော့ ကျီလျောင်မျက်နှာတွေ ပူတက်လာပြီး နှုတ်ခမ်းတွေပါခြောက်လာတယ်။ အချိန်ခဏလောက် သူကြောက်ရွံ့နေပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်...

ဖန်ခွက်ကိုကောက်ကိုင်ပြီး ရေကိုအလုတ်ကြီးကြီး နှစ်ငုံသောက်ပြီးချိန်မှာ ဖုန်းက notiသံကို ထပ်ကြားလိုက်ရတယ်။

ဟဲ့ချန်းမင် : မင်းဘာမှပြန်မပြောရင် ကိုယ့်ကိုသဘောတူတယ်လို့ပဲ ယူဆလိုက်မှာနော်!!!
ကျီလျောင်ဘယ်လိုလုပ် သဘောတူရဲမှာလဲ? အဲ့တာကြောင့် စာမြန်မြန်ပြန်လိုက်တယ် : တောင်းပန်ပါတယ်.. ကျွန်တော်က မိန်းကလေးတွေကိုကြိုက်တာ!

ကျီလျောင်စာကိုပို့ပြီးတဲ့အချိန်မှာ တဖက်ကစာရိုက်နေတာကြောင့် သူဖုန်းscreenကိုသာစိုက်ကြည့်နေမိတယ်။ သူအရမ်းစိတ်လှုပ်ရှားနေတာကြောင့် တံတွေးကိုမြိုချပြီး အချိန်တွေကို ရေတွက်နေမိတယ်။ စက္ကန့်သုံးဆယ်ကျော်သွားတာတောင် တဖက်လူက စာရိုက်နေတုန်းပဲ!!!

သူ့နှလုံးက ပေါက်ကွဲထွက်တော့မလိုတောင် ခံစားနေရတယ်! သူ့စိတ်တွေ ပရမ်းပတာဖြစ်နေပြီ။ ဟိုတွေးဒီတွေးနဲ့ ဟဲ့ချန်းမင်က အရှက်ကွဲသွားတာကြောင့် ဒေါသပုန်ထပြီး နောက်တစ်နေ့မှာသူ့ကို ရိုက်ဖို့အတွက် တစ်ယောက်ယောက်လွှတ်လိုက်ရင် ဘယ်လိုလုပ်ရမလဲ? သူသာတကယ်အရိုက်ခံရရင် သူ့အမေကို ဒီကိစ္စဘယ်လိုသွားရှင်းပြရမလဲ? သူ့မှာအပြစ်မရှိတာတောင် သူ့အတွက်သူဆေးပြန်ကုရတော့မယ်။ အတန်းဖော်တွေကရော သူ့ကိုအထင်သေးကုန်ကြမလား?

သူပိုတွေးလေ၊ ပိုပိုပြီးစိုးရိမ်လာလေပဲ။ တဖက်ကလည်း စာရိုက်နေဆဲဖြစ်ပြီး ခုထိကိုစာမပြန်သေးဘူး။ ကျီလျောင်အရမ်းကြောက်လာတာကြောင့် သူပို့ထားတဲ့စာကိုပြန်ရုတ်သိမ်းပြီး စာပြန်ရိုက်လိုက်တယ် : ခုနကဟာနဲ့ပတ်သက်ပြီး ကျွန်တော်ထပ်စဉ်းစားပေးရမလား?

သူကပြဿနာတက်မှာကို ကြောက်ပြီး ကျောင်းမှာစည်းကမ်းလိုက်နာတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ပဲ ဆက်တက်ချင်တယ်။ အဲ့တာကြောင့် ဟဲ့ချန်းမင်ကိုရန်စမိမှာ စိုးရိမ်နေတယ်။

အဲ့အချိန်မှာပဲ ပြန်စာကချက်ချင်းကို မြန်မြန်ဆန်ဆန်ရောက်ရှိလာတယ် : ကောင်းပြီလေ..

နောက်ထပ်လည်း messageထပ်ရောက်လာတယ် : ကိုယ်မင်းအပေါ်ကောင်းပေးမှာပါ၊ စောစောအိပ်တော့.. Goodnight..

ကျီလျောင်ကတော့ သူ့ရဲ့ "ကောင်းပြီလေ"မှာ တခြားအဓိပ္ပါယ်ရှိနေတယ်လို့ ခံစားရတယ်! နောက်ထပ်messageတွေ မရောက်လာတော့တာသေချာမှ သူ့ဖုန်းကိုဖက်ပြီး လေဖြတ်နေတဲ့သူတစ်ယောက်လို အိပ်ယာပေါ်အတောင့်လိုက်ကြီး လှဲချလိုက်တယ်။

_____

Thanks😉

Continue Reading

You'll Also Like

203K 27.6K 48
ကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလု.....ဒီစကားလုံးတွေက အထပ်ထပ်အခါခါဖြစ်ပြီ...
6.8K 486 8
ආදරය කියන්නෙ විදින දෙයක් විතරක්ම නෙවෙයි.....විදවන දෙයක් ❤️ 🔞 Jungkook ff 🔞
1M 75.8K 80
#Original Author-Jijing Jun & Shou "လင်ထျန်းယွီ''သည်ကျောင်းသားကောင်စီခေါင်းဆောင်ဖြစ်သည်။ ရွှီဇယ်သည် အထက်တန်းပထမနှစ်ကျောင်းသား ဖြစ်သည်။ပုံမှန်အတန်းမျာ...
238K 13.6K 75
Jeon Jungkook | Kim Taehyung