႐ူး.....တိတ္တိတ္ေလးၿငိမ္ေပး ဟုတ္ၿပီလား။
တစ္ခါမွ ၾကားဖူးမွာမဟုတ္တဲ့ ပုံျပင္ေလးတစ္ပုဒ္ေျပာျပမယ္...
လူေတြမသိနိုင္တဲ့ ပုံျပင္ေလးက နာမည္လည္းမေက်ာ္ခဲ့ဘူးတဲ့...။
ေျပာရမယ္ဆိုရင္ေတာ့....
ဟိုးေရွးေရွးတုန္းကဆိုၿပီး အစခ်ီရမွာေပါ့.....။
ႂကြယ္ဝခ်မ္းသာလြန္းတဲ့
လ်ိဳမိသားစုတစ္ခုမွာေပါ့
လူသိမခံဝံ့တဲ့ ကိစၥႀကီးတစ္ခုကို
လ်ိဳ႕ဝွက္စြာနဲ့ ဖုံးကြယ္ထားရတယ္။
မ်ိဳးရိုးစဥ္ဆက္တိုင္း ေတာ္ဝင္မ်ိဳးနြယ္ေတြရဲ႔ မ်က္ႏွာေတာ္ေပးျခင္းခံရလို႔
အစဥ္ဆက္မင္းမူထမ္းျဖစ္ခဲ့တာေျကာင့္ အရာရာျပည့္စုံေနေပမယ့္လည္း စိတ္မခ်မ္းသာနိုင္ခဲ့က်ဘဴးတဲ့ေလ။
အဲဒီလ်ိဳ႕ဝွက္လြန္းတဲ့အေၾကာင္းက...
လ်ိဳအိမ္ေတာ္ကမိသားစုဝင္ေတြနဲ႔ အေစခံေတြကလြဲရင္
အျပင္လူေတြလုံးဝေပါက္ၾကားခံလို႔မျဖစ္တဲ့ က်ိန္စာဆိုးႀကီးတစ္ခုေၾကာင့္ေပါ့....။
ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆုံးရက္ေရာက္တဲ့အခါတိုင္း
အဲဒီအိမ္ေတာ္ရဲ႕ မိသားစုဝင္ေတြထဲက
မိန္းမပ်ိဳေလး ဒါမွမဟုတ္ ေယာက္က်ားပ်ိဳေလးတစ္ေယာက္ေယာက္က
စုန့္ေတာနက္ႀကီးအလယ္မွာ႐ွိတဲ့ ထူးဆန္းတဲ့အပင္အိုႀကီးစီကို
အေဖာ္မပါပဲ သြားက်ရတယ္။
အနည္းငယ္ေလာက္ပဲ အိမ္ေတာ္ကိုျပန္လာနိုင္က်တယ္။
ဥပမာ-ဆယ္ေယာက္မွာ သုံးေယာက္ေလာက္ေပါ့။
တကယ္လို႔ မသြားခဲ့ဘူးဆိုရင္....
ဒါမွမဟုတ္ အပ်ိဳရည္ပ်က္ၿပီးသားလူျဖစ္ေနခဲ့ရင္...
က်ိန္စာရဲ႕စည္းကမ္းေတြထဲ တစ္ခုခုကိုေဖာက္ဖ်က္ခဲ့မိရင္...
အဲဒီ လ်ိဳအိမ္ေတာ္မွာရွိတဲ့
ေခြးေတြေၾကာင္ေတြကအစ ႐ြံစရာေကာင္းတဲ့ ျပည္တည္နာေတြခ်က္ျခင္းေပါက္လာၿပီး
နာက်င္မူဒဏ္ကိုအလူးလဲခံက်ရတယ္ ။
ေနာက္တစ္ေန့မိုးေသာင္လင္းခဲ့ရင္ေတာ့
ျပည္တည္နာေတြခ်က္ျခင္းေပ်ာက္သြားေပမယ့္လည္း အိမ္ေတာ္မွာရွိတဲ့ လူေတြအပါဝင္ သက္႐ွိေတြအကုန္လုံးရဲ့
အေရတြက္တစ္တဝက္တိတိက ေသဆုံးရတာေပါ့..။
ဒီေတာ့...ဘယ္သူမွ အဲဒီက်ိန္စာကိုမလြန္ဆန္ရဲခဲ့က်ဘဴး..။
ဒီလိုနဲ႕ မ်ိဳးဆက္ငါးဆက္တိုင္ခဲ့ၿပီး
တစ္ႏွစ္ေသာအခါမွာ လ်ိဳအိမ္ေတာ္ကမိသားစုဝင္ေတြမွာ
အ႐ြယ္ေရာက္ၿပီးသားလူမရွိခဲ့ဘူး။
ငါးႏွစ္အရြယ္သခင္မေလးတစ္ေယာက္နဲ႔ သုံးႏွစ္အရြယ္သခင္ေလးတစ္ေယာက္သာ လူလြတ္အေနနဲ႔႐ွိခဲ့တာေၾကာင့္ လူမမယ္ကေလးေတြကိုက်ိန္စာမွာစေတးခံခိုင္းဖို႔က
ရက္စက္လြန္းေနခဲ့ေတာ့
အိမ္ေတာ္ထိန္းရဲ႕သားေလးက အရွင္သခင္ေတြအေပၚေက်းဇူးသိတတ္မူနဲ႕ အစားသြားေပးဖို႔ျဖစ္လာခဲ့တယ္။
လ်ိဳမိသားစုဝင္မဟုတ္တဲ့အတြက္ က်ိန္စာမွာစေတးခံဖို႔က အမွားအယြင္းျဖစ္မွာစိုးရိမ္ခဲ့က်ေပမယ့္လည္း
ဒီနည္းလမ္းအျပင္မ႐ွိခဲ့ဘူး။
ဒါေပမယ္႔လည္း အဲဒီလူသားေကာင္ေလးကျပန္မလာခဲ့ဘူး....။
အဲဒီက်ိန္စာဆိုးႀကီးကေတာ့ ေပ်ာက္ကြယ္သြားခဲ့တယ္။
ဘာေတြျဖစ္ခဲ့တယ္ဆိုတာ ဘယ္သူမွမသိနိုင္ခဲ့ဘူး....။
ဘာေၾကာင့္ ဒီက်ိန္စာဆိုးႀကီးရွိေနလဲဆိုတာကိုလည္း
လ်ိဳအိမ္ေတာ္က မိသားစုဝင္ေတြေတာင္ တိတိက်က်မသိခဲ့က်ဘဴး......။
ငါကေတာ့ ႁခြင္းခ်က္ေပါ့....ငါကအကုန္လုံးကိုသိတယ္။
.
.
.
.
.
.
.
(ဤ fic သည္ စိတ္ကူးရင္သက္သက္သာျဖစ္ၿပီး
စိတ္မခ်မ္းသာစရာမ်ားပါေကာင္းပါလာႏိုင္ပါသည္)
###
ရူး.....တိတ်တိတ်လေးငြိမ်ပေး ဟုတ်ပြီလား။
တစ်ခါမှ ကြားဖူးမှာမဟုတ်တဲ့ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်...
လူတွေမသိနိုင်တဲ့ ပုံပြင်လေးက နာမည်လည်းမကျော်ခဲ့ဘူးတဲ့...။
ပြောရမယ်ဆိုရင်တော့....
ဟိုးရှေးရှေးတုန်းကဆိုပြီး အစချီရမှာပေါ့.....။
ကြွယ်ဝချမ်းသာလွန်းတဲ့
လျိုမိသားစုတစ်ခုမှာပေါ့
လူသိမခံဝံ့တဲ့ ကိစ္စကြီးတစ်ခုကို
လျို့ဝှက်စွာနဲ့ ဖုံးကွယ်ထားရတယ်။
မျိုးရိုးစဉ်ဆက်တိုင်း တော်ဝင်မျိုးနွယ်တွေရဲ့ မျက်နှာတော်ပေးခြင်းခံရလို့
အစဉ်ဆက်မင်းမူထမ်းဖြစ်ခဲ့တာကြောင့် အရာရာပြည့်စုံနေပေမယ့်လည်း စိတ်မချမ်းသာနိုင်ခဲ့ကျဘူးတဲ့လေ။
အဲဒီလျို့ဝှက်လွန်းတဲ့အကြောင်းက...
လျိုအိမ်တော်ကမိသားစုဝင်တွေနဲ့ အစေခံတွေကလွဲရင်
အပြင်လူတွေလုံးဝပေါက်ကြားခံလို့မဖြစ်တဲ့ ကျိန်စာဆိုးကြီးတစ်ခုကြောင့်ပေါ့....။
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်ရောက်တဲ့အခါတိုင်း
အဲဒီအိမ်တော်ရဲ့ မိသားစုဝင်တွေထဲက
မိန်းမပျိုလေး ဒါမှမဟုတ် ယောက်ကျားပျိုလေးတစ်ယောက်ယောက်က
စုန့္တောနက်ကြီးအလယ်မှာရှိတဲ့ ထူးဆန်းတဲ့အပင်အိုကြီးစီကို
အဖော်မပါပဲ သွားကျရတယ်။
အနည်းငယ်လောက်ပဲ အိမ်တော်ကိုပြန်လာနိုင်ကျတယ်။
ဥပမာ-ဆယ်ယောက်မှာ သုံးယောက်လောက်ပေါ့။
တကယ်လို့ မသွားခဲ့ဘူးဆိုရင်....
ဒါမှမဟုတ် အပျိုရည်ပျက်ပြီးသားလူဖြစ်နေခဲ့ရင်...
ကျိန်စာရဲ့စည်းကမ်းတွေထဲ တစ်ခုခုကိုဖောက်ဖျက်ခဲ့မိရင်...
အဲဒီ လျိုအိမ်တော်မှာရှိတဲ့
ခွေးတွေကြောင်တွေကအစ ရွံစရာကောင်းတဲ့ ပြည်တည်နာတွေချက်ခြင်းပေါက်လာပြီး
နာကျင်မူဒဏ်ကိုအလူးလဲခံကျရတယ် ။
နောက်တစ်နေ့မိုးသောင်လင်းခဲ့ရင်တော့
ပြည်တည်နာတွေချက်ခြင်းပျောက်သွားပေမယ့်လည်း အိမ်တော်မှာရှိတဲ့ လူတွေအပါဝင် သက်ရှိတွေအကုန်လုံးရဲ့
အရေတွက်တစ်တဝက်တိတိက သေဆုံးရတာပေါ့..။
ဒီတော့...ဘယ်သူမှ အဲဒီကျိန်စာကိုမလွန်ဆန်ရဲခဲ့ကျဘူး..။
ဒီလိုနဲ့ မျိုးဆက်ငါးဆက်တိုင်ခဲ့ပြီး
တစ်နှစ်သောအခါမှာ လျိုအိမ်တော်ကမိသားစုဝင်တွေမှာ
အရွယ်ရောက်ပြီးသားလူမရှိခဲ့ဘူး။
ငါးနှစ်အရွယ်သခင်မလေးတစ်ယောက်နဲ့ သုံးနှစ်အရွယ်သခင်လေးတစ်ယောက်သာ လူလွတ်အနေနဲ့ရှိခဲ့တာကြောင့် လူမမယ်ကလေးတွေကိုကျိန်စာမှာစတေးခံခိုင်းဖို့က
ရက်စက်လွန်းနေခဲ့တော့
အိမ်တော်ထိန်းရဲ့သားလေးက အရှင်သခင်တွေအပေါ်ကျေးဇူးသိတတ်မူနဲ့ အစားသွားပေးဖို့ဖြစ်လာခဲ့တယ်။
လျိုမိသားစုဝင်မဟုတ်တဲ့အတွက် ကျိန်စာမှာစတေးခံဖို့က အမှားအယွင်းဖြစ်မှာစိုးရိမ်ခဲ့ကျပေမယ့်လည်း
ဒီနည်းလမ်းအပြင်မရှိခဲ့ဘူး။
ဒါပေမယ့်လည်း အဲဒီလူသားကောင်လေးကပြန်မလာခဲ့ဘူး....။
အဲဒီကျိန်စာဆိုးကြီးကတော့ ပျောက်ကွယ်သွားခဲ့တယ်။
ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ဘူး....။
ဘာကြောင့် ဒီကျိန်စာဆိုးကြီးရှိနေလဲဆိုတာကိုလည်း
လျိုအိမ်တော်က မိသားစုဝင်တွေတောင် တိတိကျကျမသိခဲ့ကျဘူး......။
ငါကတော့ ခြွင်းချက်ပေါ့....ငါကအကုန်လုံးကိုသိတယ်။
.
.
.
.
.
.
.
(ဤ fic သည် စိတ်ကူးရင်သက်သက်သာဖြစ်ပြီး
စိတ်မချမ်းသာစရာများပါကောင်းပါလာနိုင်ပါသည်)