The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 21

54.2K 6K 119
By Heather_Bell

Unicode

"ချန်းယုံ''

လင်းမိုအိပ်ရာနိုးလာသောအခါ လက်ကအလိုအလျောက် သူ့ဘေးမှာ မလှုပ်မယှက်အေးအေးဆေးဆေး အိပ်တတ်သည့် ဝံပုလွေဖြူလေးကို စမ်းလိုက်သည်။ ခါတိုင်းလို နူးညံ့ပြီး နွေးထွေးသော အထိအတွေ့ကိုမရပဲ ထိုအစား အေးစက်စက် အိပ်ရာခင်း၏ အထိအတွေ့သာ ရလိုက်သည်။ လင်းမို မျက်လုံးများဖွင့်ပြီး ကြည့်လိုက်သောအခါ လီချန်းယုံကို မတွေ့ရပါ။

ချန်းယုံ ဘယ်ရောက်သွားတာလဲ

မနေ့ညနေက လင်းမို၏ အတင်းအကျပ် နမ်းရှိုက်မှုတို့ကြောင့် သူတို့နှစ်ယောက် ညနေစာပင်မစားရပါ။ ရုန်းရင်းခက်ဆန်ဖြင့်ပင် နောက်ကျသွားသောကြောင့် နှစ်ယောက်လုံး အိပ်ပျော်သွားလေသည်။ လင်းမိုက ပျင်းတိပျင်းရွဲဖြင့် ဖရိုဖရဲ ဖြစ်နေသော ဝတ်ရုံကို ပြင်ဝတ်သည်။ မနက်မိုးလင်းကစ နေရောင်ခြည်နုနု နွေးနွေးဖြာကျနေသော အခန်းထဲတွင် နတ်ဘုရားလို ချောမောသူကြီးမှာ သူ၏ ဝံပုလွေဖြူလေး အရိပ်အယောင်ကို ရှာရန် အိပ်ရာမှ ထလာလေသည်။

လင်းမို၏ စူးရှသော မျက်လုံးတို့က မနေ့က ချန်းယုံနှင့်စာရေးလေ့ကျင့်နေသော စားပွဲပေါ် အကြည့်ရောက်သွားသည်။ သူတွေ့လိုက်ရသည်က ငွေမှင်ရောင် စက္ကူလေးပေါ်မှာ မှင်နက်တို့ဖြင့် ညီညာစွာရေးထားတဲ့ စာလုံးလေးများ။မနေ့ကမှ ထိုစာလုံးလေးများကို ချန်းယုံမရေးတတ်သောကြောင့် လင်းမိုက စနောက်နေမိသေးသည်။ ယခုတော့ လင်းမို၏ လက်ရေးထက်ပင် လှပပြီး ဝိုင်းစက်နေသေးသည်။

"ငါပြန်လာခဲ့မယ်''

အနှီစာလုံးလေးများကို ကြည့်ပြီး သူ၏ ချစ်လှစွာသော ဝံပုလွေဖြူလေးမှာ ထင်သလောက် မညံ့မှန်းသိလိုက်ရသောကြောင့် လင်းမိုမှာ အနည်းငယ်ပင် ဂုဏ်ယူချင်သလိုဖြစ်သွားသည်။ သူက လီချန်းယုံ၏ အရည်အချင်းကို ယုံကြည်သော်လည်း လီချန်းယုံသည် တစ်ခါတစ်ရံ ပကတိရိုးစင်းလှသူဖြစ်သည်။ ထို့ကြောင့်လည်း လင်းမို၏ ပရိယာယ်များသောအကြံအစည်များကို လီချန်းယုံက စိုးစဉ်းမျှ မရိပ်မိခဲ့ခြင်းပေ။

ထိုသို့တွေးလိုက်မှ မနေ့က နမ်းရှိုက်ခဲ့ရသော ချယ်ရီးသီးလို နှုတ်ခမ်းဖူးဖူးလေးကို သတိရသွားသည်။ အတွေ့အထိမဆိုနှင့် ယောင်ယမ်းစွာ တွေးမိသော အတွေးများကပင် လင်းမို၏ ရင်ခုန်သံကို နှစ်ဆမြန်လာစေနိုင်အောင် ထိုနှုတ်ခမ်းရဲရဲလေးက ပြုစားနိုင်လေသည်။

ငါပြန်လာခဲ့မယ်ဆိုတော့ ချန်းယုံဘယ်သွားတာလဲ

လင်းမိုက နန်းဆောင်အပြင်မှာ အသင့်စောင့်ဆိုင်းနေသော အစေခံများကို တွေ့လိုက်သောကြောင့် မေးလိုက်သည်။
"ချန်းယုံ ဘယ်သွားတာလဲ''

"မှန်လှပါအရှင်...အိမ်ရှေ့စံက မကြာမီ မွေးနေ့မင်္ဂလာအတွက် လျှို့ဝှက်စစ်ရေးလေ့ကျင့်မှု သွားရောက်ပြုလုပ်ပါတယ်...မြောက်ပိုင်းမှာ အိမ်ရှေ့စံမင်းသားက သူရဲ့ မွေးနေ့မင်္ဂလာတိုင်းမှာ ကြွရောက်လာတဲ့ ပြည်သူတွေနဲ့ ဧည့်သည်တော်တွေကို ချီးမြှောက်တဲ့အနေနဲ့ အထူးစစ်ရေးပြကွက်တွေစွမ်းရည်ပြကွက်တွေ ကိုယ်တိုင် ပြသလေ့ရှိပါတယ်''

အထိန်းတော်ကြီးက လင်းမိုကို ရိုသေစွာ လျှောက်ထားလေသည်။ အမှန်ဆို သူ၏ရှေ့တွင် ရပ်နေသော တောင်ပိုင်းက ဘုရင်ကြီးမှာ မည်သည့်အကြောင်းကြောင့် အိပ်ရှေ့စံနန်းဆောင်တွင် ကပ်ပြီးနေနေမှန်းမသိရသော်လည်း မြောက်ပိုင်းဘုရင်ကြီးထက်ပို၍ ကြောက်ရမည့်သူမှန်းနားလည်ထားသောကြောင့် အလွန်ရိုကျိုးနေခြင်းဖြစ်သည်။

"လျှို့ဝှက်စစ်ရေးလေ့ကျင့်မှုက ဘယ်နားမှာလဲ''

ငယ်ရွယ်ပြီးချက်ချာသော အစေခံမလေးက ကမန်းကတန်းဝင်ပြောလေသည်။
"အရှင်ကလည်း လျှို့ဝှက်စစ်ဆင်ရေးက နန်းတော်ထဲမှာ ဘယ်သူမှ မသိတဲ့ နေရာမှာ အိမ်ရှေ့စံနဲ့ သူရဲ့ ကိုယ်ရံတေယ်ကိုးယောက် အတူတူလေ့ကျင့်ကြတာ...အချိန်မတိုင်ခင် လေ့ကျင့်မှုတွေကို မြင်မှာစိုးလို့ ဘယ်နေရာမှာမှန်း မသိကြဘူး''

လင်းမို၏ မျက်ခုံးနှစ်ဖက်က အံ့အားသင့်သွားဟန်နှင့် အနည်းငယ် မြင့်တက်သွားသည်။ ပြီးမှ သူက မြောက်ပိုင်း၏ ထူးခြားသောအလေ့များကို သတိရမိပြီး ပြောလိုက်သည်။
"ကိုယ်တော်နားလည်ပြီ''
အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း လင်းမို၏ မျက်နှာထက်မှာ သူပြုံးနေကျ မထီတရီ အပြုံးတို့ရှိနေလေသည်။ လင်းမို၏ စိတ်ထဲတွင် မည်သည့်အရာကို တွေးနေသည်ဆိုသည်မှာ သူသာသိပေလိမ့်မည်။

လင်းမိုက မနက်စာသုံးဆောင်ပြီးသွားသောအခါ လီချန်းယုံ၏ များပြားလှသော စာအုပ်များကို တင်ထားသော စင်မှ ရှန်နိုင်ငံ ၏ ပထဝီဝင်အနေအထားအကြောင်းကို ရေးထားသောစာအုပ်တစ်အုပ်ကိုထုတ်ယူလိုက်သည်။ လင်းမိုခန့်မှန်းသည့်အတိုင်းပင် ထိုစာအုပ်ထဲတွင် ရှန်နိုင်ငံနန်းတော်၏ မြေပုံပါလေသည်။ အသေးစိတ်ဆွဲထာခြင်းမဟုတ်သော်လည်း မည်သည့်နေရာတွင် မည်သည့်အဆောင်ရှိသည်ကိုတော့ သိနိုင်လေသည်။

ထိုမြေပုံကို စားပွဲပေါ်တွင်တင်ပြီး လင်းမိုသည်သူ၏ နေရာရှာဖွေရေး အစီအစဉ်ကို စတင်လေသည်။ နန်းတော်၏ မြေနေရာမဆိုထားနှင့် အဆောင်များ၏ မြေဧကများပင် အတော်ကျယ်ဝန်းလှပေသည်။ လီချန်းယုံအပါအဝင် ဆယ်ယောက်သော စစ်သည်တို့ စစ်ရေးလေ့ကျင့်နေသည့် နေရာမှာ ထိုမြေဧကအကျယ်ကြီးနှင့် များစွာသော နန်းဆောင်တို့တွင် မည်သည့်နေရာမဆို ဖြစ်နိုင်သည်။

သို့သော် လင်းမိုသည် လင်းမိုသာဖြစ်သည်။ သူ၏ များပြားလှသော စစ်ရေးအတွေ့အကြုံနှင့် ထက်မြက်လှသော ဉာဏ်ရည်တို့ကို အသုံးချပြီး ကျွမ်းဝင်မှုမရှိသော ရှန်းနန်းတော်တွင် ဝံပုလွေဖြူလေး ရှိနေနိုင်မည့်နေရာကို ခန့်မှန်းရှာဖွေနေခြင်းဖြစ်သည်။

အချိန်အတော်ကြာသည်ထိ စားပွဲပေါ်တွင်တင်ထားသော မြေပုံတွင် မှတ်သားရာတစ်ချက်မျှမရှိပေ။ လင်းမို၏ တွက်ချက်မှုမှာ သူ့ဦးနှောက်သပ်သပ်ကိုသာ အလုပ်ပေးသော တွက်ချက်မှု ဖြစ်သည်။ သူစိမ်းလူတစ်ယောက်သာ လင်းမို၏ အသွင်အပြင်ကို မြင်ပါက အေးအေးလူလူထိုင်နေသည်ဟုသာ ထင်လိမ့်မည်။

"ဟမ်း....''
လင်းမိုသည် အဖြေရှာတွေ့သွားဟန်နှင့် ကျေနပ်အားရစွာ ပြုံးလိုက်သည်။ သူ၏ အလွန်ထက်မြက်လှသောဉာဏ်ရည်နှင့် လီချန်းယုံကို အလွန်အမင်းတွေ့လိုသော ဆန္ဒတို့က လျှို့ဝှက်စစ်ဆင်ရေးနေရာကို အတိအကျ ရှာဖွေပေးနိုင်အောင် ကူညီပေးလေသည်။

ရှန်နိုင်ငံ၏ ရှေးဘုရင်တို့နှင့် တော်ဝင်မျိုးနွယ်တို့၏ အရိုးပြာများကို ထားရှိပူဇော်သော ဘိုးဘေးဘီဘင် ခန်းမဆောင်သည် နန်းတော်၏ အနောက်ဘက်အကျဆုံးပိုင်းတွင်တည်ရှိနေလေသည်။ ကျယ်ဝန်းသော မြေနေရာနှင့် သီးသန့်ခန်းမဆောင်အပြင် အခြား ခန်းမဆောင်နှစ်ဆောင်လည်း ရှိလေသည်။ ထိုနေရာသည် မြင့်မြတ်သော မြေနေရာအဖြစ် သတ်မှတ်ထားသောကြောင့် အခွင့်မရှိဘဲ ဝင်ခွင့်မရှိပေ။ အမှန်ပင် ထိုခန်းမဆောင်နှင့် တွဲလျက် ခန်းမဆောင်၊ တလင်းပြင်တို့တွင် လီချန်းယုံနှင့် ကိုယ်ရံတော် ကိုးယောက်သည် အပြင်းအထန် စစ်ရေးလေ့ကျင့်နေကြသည်။

လင်းမိုသည် လျှို့ဝှက်ထားသော စစ်ဆင်ရေး နေရာသို့ နေ့ခင်းတွင် ပေါ်ပေါ်တင်တင်သွားရန်မသင့်တော်သည်ဟု ယူဆထားသည့်အလျောက် ညသန်းခေါင်ယံမကျတကျ အချိန်မှ တိတ်တဆိတ်သွားရောက်လေသည်။လင်းမို၏ သိုင်းပညာအဆင့်အတန်းနှင့် သူမသိစေချင်ပါက မည်သူမျှ မသိလိုက်အောင် လှုပ်ရှားနိုင်စွမ်း ရှိသောကြောင့် နန်းဆောင်အသီးသီးတွင် ချထားသော အစောင့်တို့မှာ လင်းမိုအတွက် အပိုသပ်သပ်သာဖြစ်သည်။

သန်းခေါင်ယံ မဟူရာကောင်းကင်ပြင်တွင် လခြမ်းကွေးလေးရှိနေသည်။ အုပ်ကြွပ်တို့ မိုးထားသော အဆောင်တို့၏ ခေါင်မိုးထက်၌ ရိပ်ရိပ်လှုပ်ရှားနေသော အနက်ရောင်ပုံရိပ်တစ်ရိပ် ရှိနေသည်။

စစ်ရေးလေ့ကျင့်မှုများမှာ အလှပြမှု သပ်သပ်သာ ရည်ရွယ်သော်လည်း လီချန်းယုံသည် အမြဲတစေ ကြိုးစားလေ့ကျင့်လေ့ရှိသည်။ သူ၏ အလွန်တရာကျွမ်းကျင်လှသော လေးနှင့်မြှား ပစ်ခတ်ခြင်းစွမ်းရည်၊ မြင်းစီးခြင်းစွမ်းရည်၊ ကိုယ်ရံတော်များနှင့် အတူ အစုအဖွဲ့အလိုက် တိုက်ခိုက်ရေးစွမ်းရည်၊ စသည်တို့ ပြသမည်ဖြစ်သည်။ ပြကွက်များက အန္တရာယ်များလေ ရင်သပ်ရှုမောဖွယ်ဖြစ်လေဖြစ်သောကြောင့် အပြင်းအထန်ကြိုးစားလေ့ကျင့်နေခြင်း ဖြစ်သည်။

တစ်မနက်နှင့် ညသန်းခေါင်ရောက်လုတိုင် လေ့ကျင့်ပြီးမှ လီချန်းယုံ အနားယူလေသည်။ သူသည်အိမ်ရှေ့စံဆိုပြီး အခွင့်ထူးမခံပေ။ ကိုယ်ရံတော်များနှင့် တစ်တန်းတည်းသာ ခန်းမဆောင်တွင် အိပ်စက်လေသည်။ လင်းမိုသည် ခန်းမဆောင်၏ အမိုးမှ အုပ်ကြွပ်ပြားတစ်ချပ်ကို ခွာကြည့်သောအခါ လီချန်းယုံနှင့် ကိုယ်ရံတော်များကို တွေ့ရလေသည်။ သန်းခေါင်ယံကျော်သောကြောင့် ဝံပုလွေဖြူလေးမှာ အိပ်စက်နေပြီဖြစ်သည်။

လင်းမိုသည် ယခုမှ မိမိကိုယ်ကို ခွင့်မလွှတ်နိုင်အောင် အပြစ်တင်မိသည်။ လီချန်းယုံ သည်လို ပြင်းပြင်းထန်ထန်လေ့ကျင့်ရမည်ကို မသိပဲ ထိုညနေက အတင်းအကျပ် အနမ်းတို့ကို သိမ်းယူခဲ့သည်။ သို့ကြောင့် ဝံပုလွေဖြူလေးခမျာ ပူပူနွေးနွေး ညနေစာလေးပင် စားမသွားနိုင်ခဲ့။ မနက်ရောက်တော့ ညသန်းခေါင်ထိ မနားမနေ လေ့ကျင့်နေပုံရသည်။

လင်းမိုစိတ်ထင်သည်လားမသိပါ။ လီချန်းယုံ၏ မျက်နှာချောချောမှာ အနည်းငယ် သွယ်လျသွားသယောင်။ လီချန်းယုံက ပင်ပန်းနွမ်းနယ်သည့် ဟန်မရှိပဲ ပကတိတည်ငြိမ်စွာအိပ်စက်နေလေသည်။ အေးစက်စက်ဆောင်းလေကြမ်းတို့ကို အပြည့်အဝ ကာကွယ်မထားနိုင်သော ခန်းမဆောင်က အခြေအနေကို ကြည့်ပြီး ဝံပုလွေဖြူလေး အေးနေမည်ကို လင်းမို အလွန်စိုးရိမ်ပါသည်။ သည်လိုအခြေအနေကိုသာ ကြိုသိပါက လင်းမိုသည် တစ်ညလုံး လီချန်းယုံကို ထွေးပွေ့ပြီး သူ့ရင်ခွင်ထဲ ဆွဲထည့်ထားပေလိမ့်မည်။

လီချန်းယုံ၏ ချောမောပြေပြစ်သော မျက်နှာ၊ နီရဲရဲနှုတ်ခမ်းလေး၊ ကိုကြည့်ပြီး လင်းမိုသည် စိတ်ထိန်းချုပ်မရနိုင် ဖြစ်လာလေသည်။ သူသည် လီချန်းယုံ၏ အနားသို့သွားပြီး ထွေးပွေ့သာ ထားလိုက်ချင်သည်။ သို့သော် လီချန်းယုံသည် မြောက်ပိုင်းအိမ်ရှေ့စံတစ်ယောက် ဖြစ်သည်။ အိပ်ဆောင်တွင် လင်းမိုနှင့် မည်သို့ အခြေအနေရှိရှိ လင်းမိုသည် ရှန်နန်းတော်၌ လီချန်းယုံကို လေးစားရမည်ဖြစ်သည်။

လင်းမိုက သည်မြင်ကွင်းကို ဆက်လက် ကြည့်ရှုနေပါက သူ၏ စိတ်ကို ထိန်းချုပ်မရနိုင်တော့မည်ကို စိုးရိမ်သောကြောင့် လှည့်ထွက်လုဆဲဆဲ လီချန်းယုံ၏ ကိုယ်က မသိမသာ လှုပ်ရှားလာလေသည်။ တည့်တည့်မတ်မတ် အိပ်နေသော ကိုယ်အနေအထားမှ တစ်ဖက်စောင်းလိုက်ခြင်းဖြစ်သည်။ တစ်ဖက်စောင်းပြီး သူ၏ လက်တို့က တစ်စုံတစ်ခုကို ရှာဖွေနေဟန်ဖြင့် နံဘေးကို စမ်းနေလေသည်။ လှုပ်ရှားမှုလေးမှာ မသိမသာဖြစ်သော်လည်း လီချန်းယုံနှင့် အချိန်အတော်ကြာ အိပ်စက်ဖူးသော လင်းမိုသည် ထိုအပြုအမူလေးကို အတိအကျ သိလေသည်။ လင်းမိုကို ရှာနေခြင်း ဖြစ်သည်။ လီချန်းယုံက အအေးဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း သူ၏ လက်ဖျားတို့က အေးစက်နေလေ့ရှိသည်။ ထိုအခါတိုင်း လင်းမိုက လီချန်းယုံ၏ လက်များကို သူ့လက်များနှင့် ဆုပ်ကိုင်ပြီး အာငွေ့နွေးနွေးပေးကာ နွေးထွေးစေသည်။ အချိန်ကြာလာသောအခါ လီချန်းယုံမှာ အကျင့်ဖြစ်လာပြီး သူ၏ လက်များအေးစက်လာတိုင်း ကိုယ်ကို တစ်ဖက်လှည့်ပြီး အနွေးဓာတ်ပေးမည့်သူကို ရှာတတ်သည်။ လီချန်းယုံ၏ အပြုအမူလေးများမှာ အိပ်စက်နေရင်း မသိစိတ်က အလိုလို လုပ်ဆောင်နေခြင်းဖြစ်သည်။ လင်းမိုထိုသို့ လုပ်ပေးတတ်သည်ကို လီချန်းယုံမသိပါ။

ထိုအခိုက်အတန့်...ထိုအပြုအမူလေးက...လင်းမို၏ နှလုံးသားတစ်ခုလုံးကို ဖျစ်ညှစ်လိုက်သလို ခံစားရလေသည်။ သူတည်ရှိနေသော နေရာကို လီချန်းယုံနှင့် ကိုယ်ရံတော်တို့မသိနိုင်သော်လည်း သည်ထက်ပိုပြီး အနားကပ်သွားပါက ရိပ်မိသွားနိုင်သည်။ လင်းမို၏ သိုင်းပညာအဆင့်အတန်းမြင့်မားသော်လည်း လီချန်းယုံလည်း များစွာမနိမ့်ပါ။ သူ ယခုနေ ဝင်သွားပါက မလိုလားအပ်သော ပြသနာများဖြစ်လာနိုင်သည်။ လင်းမိုသည် တောင်ပိုင်းဘုရင်တစ်ပါး၊ အထူးဧည်သည့်တော်အဖြစ် အလေးပေးခံရသော်လည်း မြောက်ပိုင်း၏ လျှို့ဝှက် စစ်ရေးလေ့ကျင့်ရာ နန်းဆောင်ကိုတော့ သူဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်ခွင့် မရှိပါ။

ထိုနေ့ညက လင်းမိုသည် အိပ်ဆောင်ကို မပြန်ပါ။ လီချန်းယုံက အေးစက်စက်ခန်းမတွင် အိပ်စက်နေရချိန်၌ သူနွေးနွေးထွေးထွေးမအိပ်နိုင်ပါ။ သူသည် ဝံပုလွေဖြူလေး အိပ်စက်နေသည်ကို တစ်ညလုံးထိုင်ကြည့်နေပြီး မိုးလင်းပိုင်းမှ လီချန်းယုံ မနိုးလာခင် ပြန်သွားလေသည်။

လင်းမိုပြန်ရောက်သွားသော သူသည် အစေခံတို့ကို မနက်စာ နေ့လည်စာ ညနေစာတို့ အတွက် သာမန်စစ်သည်တော်များစားသောက်သော အစားအသောက်များကိုသာ စီစဉ်ခိုင်းလေသည်။ အပြင်းအထန်စစ်ရေးလေ့ကျင့်နေသော လီချန်းယုံသည် ထိုသို့သော အစားအသောက်များကိုသာ စားနေရလိမ့်မည်ဟု လင်းမိုသိသောကြောင့် ဖြစ်သည်။ အနည်းဆုံးတော့ လီချန်းယုံ ပင်ပန်းကြီးစွာ လေ့ကျင့်နေရချိန်တွင် သူကအစားကောင်းစားပြီး အေးအေးသာသာ အိပ်စက်မနေနိုင်။

လင်းမိုသည် ညသန်းခေါင်တိုင်း မပျက်မကွက် ခန်းမဆောင်သို့ တိတ်တဆိတ်သွားရောက်ပြီး လီချန်းယုံ အိပ်စက်နေသည်ကို တစိမ့်စိမ့်စောင့်ကြည့်လေသည်။ လီချန်းယုံ၏ အေးစက်နေသော လက်ဖျားလေးများက အနွေးပေးမည့်သူကို ရှာဖွေတိုင်း လင်းမို၏ နှလုံးသားတို့က အစိတ်စိတ်ကြေမွသွားသလိုပင် ခံစားရသည်။

သတိရလွမ်းဆွတ်စိတ်ပြေပျောက်လို၍ လီချန်းယုံကို တိတ်တဆိတ်လာကြည့်ခြင်း ဖြစ်သော်လည်း ချောမောပြေပြစ်သော မျက်နှာ၊ နှုတ်ခမ်းနီရဲရဲလေးကို ကြည့်ပြီး ပိုမိုလွမ်းဆွတ်လာလေတော့သည်။

ဤသို့်ဖြင့် စစ်ဆင်ရေးပြီးဆုံးမည့် ညထိတိုင် လင်းမိုက လီချန်းယုံရှိရာသို့ သွားရောက်ပြီး ဝေလီဝေလင်းမှ တိတ်ဆိတ်စွာ ပြန်လာလေသည်။
__________________________________________________________________________________

Zawgyi

"ခ်န္းယံု''

လင္းမိုအိပ္ရာႏိုးလာေသာအခါ လက္ကအလိုအေလ်ာက္ သူ႔ေဘးမွာ မလႈပ္မယွက္ေအးေအးေဆးေဆး အိပ္တတ္ေသာ ဝံပုေလြျဖဴေလးကို စမ္းလိုက္သည္။ ခါတိုင္းလို ႏူးညံ့ၿပီး ေႏြးေထြးေသာ အထိအေတြ႔အစား ေအးစက္စက္ အိပ္ရာခင္း၏ အထိအေတြ႔သာ ရလိုက္သည္။ လင္းမို မ်က္လံုးမ်ားဖြင့္ၿပီး ၾကည့္လိုက္ေသာအခါ ခ်န္းယံုကို မေတြ႔ရပါ။

ခ်န္းယံု ဘယ္ေရာက္သြားတာလဲ

မေန႔ညေနက လင္းမို၏ အတင္းအက်ပ္ နမ္း႐ႈိက္မႈတို႔ေၾကာင့္ သူတို႔ႏွစ္ေယာက္ ညေနစာပင္မစားရပါ။ ႐ုန္းရင္းခက္ဆန္ျဖင့္ပင္ ေနာက္က်သြားေသာေၾကာင့္ ႏွစ္ေယာက္လံုး အိပ္ေပ်ာ္သြားေလသည္။ လင္းမိုက ပ်င္းတိပ်င္းရဲျဖင့္ ဖ႐ိုဖရဲ ျဖစ္ေနေသာ ဝတ္ရံုကို ျပင္ဝတ္သည္။ မနက္မိုးလင္းကစ ေနေရာင္ျခည္ႏုႏု ေႏြးေႏြးျဖာက်ေနေသာ အခန္းထဲတြင္ နတ္ဘုရားလို ေခ်ာေမာသူႀကီးမွာ သူ၏ ဝံပုေလြျဖဴေလး အရိပ္အေယာင္ကို ႐ွာရန္ အိပ္ရာမွ ထလာေလသည္။

လင္းမို၏ စူး႐ွေသာ မ်က္လံုးတို႔က မေန႔က ခ်န္းယံုႏွင့္စာေရးေလ့က်င့္ေနေသာ စားပြံေပၚ အၾကည့္ေရာက္သြားသည္။ သူေတြ႔လိုက္ရသည္က ေငြမွင္ေရာင္ စကၠဴေလးေပၚမွာ မွင္နက္တို႔ျဖင့္ ညီညာစြာေရးထားတဲ့ စာလံုးေလးမ်ား...မေန႔ကမွ ထိုစာလံုးေလးမ်ားကို ခ်န္းယံုမေရးတတ္ေသာေၾကာင့္ လင္းမိုက စေနာက္ေနမိေသးသည္။ ယခုေတာ့ လင္းမို၏ လက္ေရးထက္ပင္ လွပၿပီး ဝိုင္းစက္ေနေသးသည္။

"ငါျပန္လာခဲ့မယ္''

အႏွီစာလံုးေလးမ်ားကို ၾကည့္ၿပီး သူ၏ ခ်စ္လွစြာေသာ ဝံပုေလြျဖဴေလးမွာ ထင္သေလာက္ မညံ့မွန္းသိလိုက္ရေသာေၾကာင့္ လင္းမိုမွာ အနည္းငယ္ပင္ ဂုဏ္ယူခ်င္သလိုျဖစ္သြားသည္။ သူက လီခ်န္းယံု၏ အရည္အခ်င္းကို ယံုၾကည္ေသာ္လည္း လီခ်န္းယံုသည္ တစ္ခါတစ္ရံ ပကတိ႐ိုးစင္းလွသူျဖစ္သည္။ ထို႔ေၾကာင့္လည္း လင္းမို၏ ပရိယာယ္မ်ားေသာအၾကံအစည္မ်ားကို လီခ်န္းယံုက စိုးစဥ္းမွ် မရိပ္မိခဲ့ျခင္းေပ...

ထိုသို႔ေတြးလိုက္မွ မေန႔က နမ္း႐ႈိက္ခဲ့ရေသာ ခ်ယ္ရီးသီးလို ႏႈတ္ခမ္းဖူးဖူးေလးကို သတိရသြားသည္။ အေတြ႔အထိမဆိုႏွင့္ ေယာင္ယမ္းစြာ ေတြးမိေသာ အေတြးမ်ားကပင္ လင္းမို၏ ရင္ခုန္သံကို ႏွစ္ဆျမန္လာေစႏိုင္ေအာင္ ထိုႏႈတ္ခမ္းရဲရဲေလးက ျပဳစားႏိုင္ေလသည္။

ငါျပန္လာခဲ့မယ္ဆိုေတာ့ ခ်န္းယံုဘယ္သြားတာလဲ

လင္းမိုက နန္းေဆာင္အျပင္မွာ အသင့္ေစာင့္ဆိုင္းေနေသာ အေစခံမ်ားကို ေတြ႔လိုက္ေသာေၾကာင့္ ေမးလိုက္သည္။

"ခ်န္းယံု ဘယ္သြားတာလဲ''

"မွန္လွပါအ႐ွင္...အိမ္ေ႐ွ႕စံက မၾကာမီ ေမြးေန႔မဂၤလာအတြက္ လွိ်ဳ႕ဝွက္စစ္ေရးေလ့က်င့္မႈ သြားေရာက္ျပဳလုပ္ပါတယ္...ေျမာက္ပိုင္းမွာ အိမ္ေ႐ွ႕စံမင္းသားက သူရဲ႕ ေမြးေန႔မဂၤလာတိုင္းမွာ ႂကြေရာက္လာတဲ့ ျပည္သူေတြနဲ႔ ဧည့္သည္ေတာ္ေတြကို ခ်ီးေျမႇာက္တဲ့အေနနဲ႔ အထူးစစ္ေရးျပကြက္ေတြစြမ္းရည္ျပကြက္ေတြ ကိုယ္တိုင္ ျပသေလ့႐ွိပါတယ္''

အထိန္းေတာ္ႀကီးက လင္းမိုကို ႐ိုေသစြာ ေလွ်ာက္ထားေလသည္။ အမွန္ဆို သူေ႐ွ႕တြင္ ရပ္ေနေသာ ေတာင္ပိုင္းက ဘုရင္ႀကီးမွာ မည္သည့္အေၾကာင္းေၾကာင့္ အိပ္ေ႐ွ႕စံနန္းေဆာင္တြင္ ကပ္ၿပီးေနေနမွန္းမသိရေသာ္လည္း ေျမာက္ပိုင္းဘုရင္ႀကီးထက္ပို၍ ေၾကာက္ရမည့္သူမွန္းနားလည္ထားေသာေၾကာင့္ အလြန္႐ိုက်ိဳးေနျခင္းျဖစ္သည္။

"လွ်ိဳ႕ဝွက္စစ္ေရးေလ့က်င့္မႈက ဘယ္နားမွာလဲ''

ငယ္ရြယ္ၿပီးခ်က္ခ်ာေသာ အေစခံမေလးက ကမန္းကတန္းဝင္ေျပာေလသည္။
"အ႐ွင္ကလည္း လွ်ိဳ႕ဝွက္စစ္ဆင္ေရးက နန္းေတာ္ထဲမွာ ဘယ္သူမွ မသိတဲ့ ေနရာမွာ အိမ္ေ႐ွ႕စံနဲ႔ သူရဲ႕ ကိုယ္ရံေတယ္ကိုးေယာက္ အတူတူေလ့က်င့္ၾကတာ...အခ်ိန္မတိုင္ခင္ ေလ့က်င့္မႈေတြကို ျမင္မွာစိုးလို႔ ဘယ္ေနရာမွာမွန္း မသိၾကဘူး''

လင္းမို၏ မ်က္ခံုးႏွစ္ဖက္က အံ့အားသင့္သြားဟန္ႏွင့္ အနည္းငယ္ ျမင့္တက္သြားသည္။ ၿပီးမွ သူက ေျမာက္ပိုင္း၏ ထူးျခားေသာအေလ့မ်ားကို သတိရမိၿပီး ေျပာလိုက္သည္။
"ကိုယ္ေတာ္နားလည္ၿပီ''
ေအးေဆးတည္ၿငိမ္ေသာ ေလသံျဖင့္ ေျပာလိုက္ျခင္းျဖစ္ေသာ္လည္း လင္းမို၏ မ်က္ႏွာထက္မွာ သူျပံဳးေနက် မထီတရီ အျပံဳးတို႔႐ွိေနေလသည္။ လင္းမို၏ စိတ္ထဲတြင္ မည္သည့္အရာကို ေတြးေနသည္ဆိုသည္မွာ သူသာသိေပလိမ့္မည္။

လင္းမိုက မနက္စာသံုးေဆာင္ၿပီးသြားေသာအခါ လီခ်န္းယံု၏ မ်ားျပားလွေသာ စာအုပ္မ်ားကို တင္ထားေသာ စင္မွ ႐ွန္ႏိုင္ငံ ၏ ပထဝီဝင္အေနအထားအေၾကာင္းကို ေရးထားေသာစာအုပ္တစ္အုပ္ကိုထုတ္ယူလိုက္သည္။ လင္းမိုခန္႔မွန္းသည့္အတိုင္းပင္ ထိုစာအုပ္ထဲတြင္ ႐ွန္ႏိုင္ငံနန္းေတာ္၏ ေျမပံုပါေလသည္။ အေသးစိတ္ဆြဲထာျခင္းမဟုတ္ေသာ္လည္း မည္သည့္ေနရာတြင္ မည္သည့္အေဆာင္႐ွိသည္ကိုေတာ့ သိႏိုင္ေလသည္။

ထိုေျမပံုကို စားပြဲေပၚတြင္တင္ၿပီး လင္းမိုသည္သူ၏ ေနရာ႐ွာေဖြေရး အစီအစဥ္ကို စတင္ေလသည္။ နန္းေတာ္၏ ေျမေနရာမဆိုထားႏွင့္ အေဆာင္မ်ား၏ ေျမဧကမ်ားပင္ အေတာ္က်ယ္ဝန္းလွေပသည္။ လီခ်န္းယံုအပါအဝင္ ဆယ္ေယာက္ေသာ စစ္သည္တို႔ စစ္ေရးေလ့က်င့္ေနသည့္ ေနရာမွာ ထိုေျမဧကအက်ယ္ႀကီးႏွင့္ မ်ားစြာေသာ နန္းေဆာင္တို႔တြင္ မည္သည့္ေနရာမဆို ျဖစ္ႏိုင္သည္။

သို႔ေသာ္ လင္းမိုသည္ လင္းမိုသာျဖစ္သည္။ သူ၏ မ်ားျပားလွေသာ စစ္ေရးအေတြ႔အၾကံဳႏွင့္ ထက္ျမက္လွေသာ ဥာဏ္ရည္တို႔ကို အသံုးခ်ၿပီး ကြၽမ္းဝင္မႈမ႐ွိေသာ ႐ွန္းနန္းေတာ္တြင္ ဝံပုေလြျဖဴေလး ႐ွိေနႏိုင္မည့္ေနရာကို ခန္႔မွန္း႐ွာေဖြေနျခင္းျဖစ္သည္။

အခ်ိန္အေတာ္ၾကာသည္ထိ စားပြဲေပၚတြင္တင္ထားေသာ ေျမပံုတြင္ မွတ္သားရာတစ္ခ်က္မွ်မ႐ွိေပ။ လင္းမို၏ တြက္ခ်က္မႈမွာ သူ႔ဦးေႏွာက္သပ္သပ္ကိုသာ အလုပ္ေပးေသာ တြက္ခ်က္မႈ ျဖစ္သည္။ သူစိမ္းလူတစ္ေယာက္သာ လင္းမို၏ အသြင္အျပင္ကို ျမင္ပါက ေအးေအးလူလူထိုင္ေနသည္ဟုသာ ထင္လိမ့္မည္။

"ဟမ္း....''
လင္းမိုသည္ အေျဖ႐ွာေတြ႔သြားဟန္ႏွင့္ ေက်နပ္အားရစြာ ျပံဳးလိုက္သည္။ သူ၏ အလြန္ထက္ျမက္လွေသာဥာဏ္ရည္ႏွင့္ လီခ်န္းယံုကို အလြန္အမင္းေတြ႔လိုေသာ ဆႏၵတို႔က လွိ်ဳ႕ဝွက္စစ္ဆင္ေရးေနရာကို အတိအက် ႐ွာေဖြေပးႏိုင္ေအာင္ ကူညီေပးေလသည္။

႐ွန္ႏိုင္ငံ၏ ေ႐ွးဘုရင္တို႔ႏွင့္ ေတာ္ဝင္မ်ိဳးႏြယ္တို႔၏ အ႐ိုးျပာမ်ားကို ထား႐ွိပူေဇာ္ေသာ ဘိုးေဘးဘီဘင္ ခန္းမေဆာင္သည္ နန္းေတာ္၏ အေနာက္ဆံုးပိုင္းတြင္တည္႐ွိေနေလသည္။ က်ယ္ဝန္းေသာ ေျမေနရာႏွင့္ သီးသန္႔ခန္းမေဆာင္အျပင္ အျခား ခန္းမေဆာင္ႏွစ္ေဆာင္လည္း ႐ွိေလသည္။ ထိုေနရာသည္ ျမင့္ျမတ္ေသာ ေျမေနရာအျဖစ္ သတ္မွတ္ထားေသာေၾကာင့္ အခြင့္မ႐ွိဘဲ ဝင္ခြင့္မ႐ွိေပ။ အမွန္ပင္ ထိုခန္းမေဆာင္ႏွင့္ တြဲလ်က္ ခန္းမေဆာင္၊ တလင္းျပင္တို႔တြင္ လီခ်န္းယံုႏွင့္ ကိုယ္ရံေတာ္ ကိုးေယာက္သည္ အျပင္းအထန္ စစ္ေရးေလ့က်င့္ေနၾကသည္။

လင္းမိုသည္ လွ်ိဳ႕ဝွက္ထားေသာ စစ္ဆင္ေရး ေနရာသို႔ ေန႔ခင္းတြင္ ေပၚေပၚတင္တင္သြားရန္မသင့္ေတာ္သည္ဟု ယူဆထားသည့္အေလ်ာက္ ညသန္းေခါင္ယံမက်တက် အခ်ိန္မွ တိတ္တဆိတ္သြားေရာက္ေလသည္။လင္းမို၏ သိုင္းပညာအဆင့္အတန္းႏွင့္ သူမသိေစခ်င္ပါက မည္သူမွ် မသိလိုက္ေအာင္ လႈပ္႐ွားႏိုင္စြမ္း ႐ွိေသာေၾကာင့္ နန္းေဆာင္အသီးသီးတြင္ ခ်ထားေသာ အေစာင့္တို႔မွာ လင္းမိုအတြက္ အပိုသပ္သပ္သာျဖစ္သည္။

သန္းေခါင္ယံ မဟူရာေကာင္းကင္ျပင္တြင္ လျခမ္းေကြးေလး႐ွိေနသည္။ အုပ္ႂကြပ္တို႔ မိုးထားေသာ အေဆာင္တို႔၏ ေခါင္မိုးထက္၌ ရိပ္ရိပ္လႈပ္႐ွားေနေသာ အနက္ေရာင္ပံုရိပ္တစ္ရိပ္...

စစ္ေရးေလ့က်င့္မႈမ်ားမွာ အလွျပမႈ သပ္သပ္သာ ရည္ရြယ္ေသာ္လည္း လီခ်န္းယံုသည္ အျမဲတေစ ႀကိဳးစားေလ့က်င့္ေလ့႐ွိသည္။ သူ၏ အလြန္တရာကြၽမ္းက်င္လွေသာ ေလးႏွင့္ျမႇား ပစ္ခတ္ျခင္းအတတ္၊ ျမင္းစီးျခင္းအတတ္၊ ကိုယ္ရံေတာ္မ်ားႏွင့္ အတူ အစုအဖြဲ႔အလိုက္ တိုက္ခိုက္ေရးစြမ္းရည္၊ စသည္တို႔ ျပသမည္ျဖစ္သည္။ ျပကြက္မ်ားက အႏၱရာယ္မ်ားေလ ရင္သပ္႐ႈေမာဖြယ္ျဖစ္ေလျဖစ္ေသာေၾကာင့္ အျပင္းအထန္ႀကိဳးစားေလ့က်င့္ေနျခင္း ျဖစ္သည္။

တစ္မနက္ႏွင့္ ညသန္းေခါင္ေရာက္လုတိုင္ ေလ့က်င့္ၿပီးမွ လီခ်န္းယံု အနားယူေလသည္။ သူသည္အိမ္ေ႐ွ႔စံဆိုၿပီး အခြင့္ထူးမခံ...ကိုယ္ရံေတာ္မ်ားႏွင့္ တစ္တန္းတည္းသာ ခန္းမေဆာင္တြင္ အိပ္စက္ေလသည္။ လင္းမိုသည္ ခန္းမေဆာင္၏ အမိုးမွ အုပ္ႂကြပ္ျပားတစ္ခ်ပ္ကို ခြာၾကည့္ေသာအခါ လီခ်န္းယံုႏွင့္ ကိုယ္ရံေတာ္မ်ားကို ေတြ႔ရေလသည္။ သန္းေခါင္ယံေက်ာ္ေသာေၾကာင့္ ဝံပုေလြျဖဴေလးမွာ အိပ္စက္ေနၿပီျဖစ္သည္။

လင္းမိုသည္ ယခုမွ မိမိကိုယ္ကို ခြင့္မလႊတ္ႏိုင္ေအာင္ အျပစ္တင္မိသည္။ လီခ်န္းယံု သည္လို ျပင္းျပင္းထန္ထန္ေလ့က်င့္ရမည္ကို မသိပဲ ထိုညေနက အတင္းအက်ပ္ အနမ္းတို႔ကို သိမ္းယူခဲ့သည္။ လီခ်န္းယံုမွာ ပူပူေႏြးေႏြး ညေနစာေလးပင္ စားမသြားႏိုင္ခဲ့။ မနက္ေရာက္ေတာ့ ညသန္းေခါင္ထိ မနားမေန ေလ့က်င့္ေနပံုရသည္။

လင္းမိုစိတ္ထင္သည္လားမသိပါ။ လီခ်န္းယံု၏ မ်က္ႏွာေခ်ာေခ်ာမွာ အနည္းငယ္ သြယ္လ်သြားသေယာင္။ လီခ်န္းယံုက ပင္ပန္းႏြမ္းနယ္သည့္ ဟန္မ႐ွိပဲ ပကတိတည္ၿငိမ္စြာအိပ္စက္ေနေလသည္။ ေအးစက္စက္ေဆာင္းေလၾကမ္းတို႔ကို အျပည့္အဝ ကာကြယ္မထားႏိုင္ေသာ ခန္းမေဆာင္က အေျခအေနကို ၾကည့္ၿပီး ဝံပုေလြျဖဴေလး ေအးေနမည္ကို လင္းမို အလြန္စိုးရိမ္ပါသည္။ သည္လိုအေျခအေနကိုသာ ႀကိဳသိပါက လင္းမိုသည္ တစ္ညလံုး လီခ်န္းယံုကို ေထြးေပြ႔ၿပီး သူ႔ရင္ခြင္ထဲ ဆြဲထည့္ထားေပလိမ့္မည္။

လီခ်န္းယံု၏ ေခ်ာေမာေျပျပစ္ေသာ မ်က္ႏွာ၊ နီရဲရဲႏႈတ္ခမ္းေလး၊ ကိုၾကည့္ၿပီး လင္းမိုသည္ စိတ္ထိန္းခ်ဳပ္မရႏိုင္ ျဖစ္လာေလသည္။ သူသည္ လီခ်န္းယံု၏ အနားသို႔သြားၿပီး ေထြးေပြ႔သာ ထားလိုက္ခ်င္သည္။ သို႔ေသာ္ လီခ်န္းယံုသည္ ေျမာက္ပိုင္းအိမ္ေ႐ွ႕စံတစ္ေယာက္ ျဖစ္သည္။ အိပ္ေဆာင္တြင္ လင္းမိုႏွင့္ မည္သို႔ အေျခအေန႐ွိ႐ွိ လင္းမိုသည္ ႐ွန္နန္းေတာ္၌ လီခ်န္းယံုကို ေလးစားရမည္ျဖစ္သည္။

လင္းမိုက သည္ျမင္ကြင္းကို ဆက္လက္ ၾကည့္႐ႈေနပါက သူ၏ စိတ္ကို ထိန္းခ်ဳပ္မရႏိုင္ေတာ့မည္ကို စိုးရိမ္ေသာေၾကာင့္ လွည့္ထြက္လုဆဲဆဲ လီခ်န္းယံု၏ ကိုယ္က မသိမသာ လႈပ္႐ွားလာေလသည္။ တည့္တည့္မတ္မတ္ အိပ္ေနေသာ ကိုယ္အေနအထားမွ တစ္ဖက္ေစာင္းလိုက္ျခင္းျဖစ္သည္။ တစ္ဖက္ေစာင္းၿပီး သူ၏ လက္တို႔က တစ္စံုတစ္ခုကို ႐ွာေဖြေနဟန္ျဖင့္ နံေဘးကို စမ္းေနေလသည္။ လႈပ္႐ွားမႈေလးမွာ မသိမသာျဖစ္ေသာ္လည္း လီခ်န္းယံုႏွင့္ အခ်ိန္အေတာ္ၾကာ အိပ္စက္ဖူးေသာ လင္းမိုသည္ ထိုအျပဳအမူေလးကို အတိအက် သိေလသည္။ လင္းမိုကို ႐ွာေနျခင္း ျဖစ္သည္။ လီခ်န္းယံုက အေအးဒဏ္ကို ခံႏိုင္ရည္႐ွိေသာ္လည္း သူ၏ လက္ဖ်ားတို႔က ေအးစက္ေနေလ့႐ွိသည္။ ထိုအခါတိုင္း လင္းမိုက လီခ်န္းယံု၏ လက္မ်ားကို သူ႔လက္မ်ားႏွင့္ ဆုပ္ကိုင္ၿပီး အာေငြ႔ေႏြးေႏြးေပးကာ ေႏြးေထြးေစသည္။ အခ်ိန္ၾကာလာေသာအခါ လီခ်န္းယံုမွာ အက်င့္ျဖစ္လာၿပီး သူ၏ လက္မ်ားေအးစက္လာတိုင္း ကိုယ္ကို တစ္ဖက္လွည့္ၿပီး အေႏြးဓာတ္ေပးမည့္သူကို ႐ွာတတ္သည္။ လီခ်န္းယံု၏ အျပဳအမူေလးမ်ားမွာ အိပ္စက္ေနရင္း မသိစိတ္က အလိုလို လုပ္ေဆာင္ေနျခင္းျဖစ္သည္။ လင္းမိုထိုသို႔ လုပ္ေပးတတ္သည္ကို လီခ်န္းယံုမသိပါ။

ထိုအခိုက္အတန္႔...ထိုအျပဳအမူေလးက...လင္းမို၏ ႏွလံုးသားတစ္ခုလံုးကို ဖ်စ္ညႇစ္လိုက္သလို ခံစားရေလသည္။ သူတည္႐ွိေနေသာ ေနရာကို လီခ်န္းယံုႏွင့္ ကိုယ္ရံေတာ္တို႔မသိႏိုင္ေသာ္လည္း သည္ထက္ပိုၿပီး အနားကပ္သြားပါက ရိပ္မိသြားႏိုင္သည္။ လင္းမို၏ သိုင္းပညာအဆင့္အတန္းျမင့္မားေသာ္လည္း လီခ်န္းယံုလည္း မ်ားစြာမနိမ့္ပါ။ သူ ယခုေန ဝင္သြားပါက မလိုလားအပ္ေသာ ျပသနာမ်ားျဖစ္လာႏိုင္သည္။ လင္းမိုသည္ ေတာင္ပိုင္းဘုရင္တစ္ပါး...အထူးဧည္သည့္ေတာ္အျဖစ္ အေလးေပးခံရေသာ္လည္း ေျမာက္ပိုင္း၏ လွိ်ိဳ႕ဝွက္ စစ္ေရးေလ့က်င့္ရာ နန္းေဆာင္ကိုေတာ့ သူဝင္ခ်င္တိုင္းဝင္၊ ထြက္ခ်င္တိုင္း ထြက္ခြင့္ မ႐ွိပါ။

ထိုေန႔ညက လင္းမိုသည္ အိပ္ေဆာင္ကို မျပန္ပါ။ လီခ်န္းယံုက ေအးစက္စက္ခန္းမတြင္ အိပ္စက္ေနရခ်ိန္...သူေႏြးေႏြးေထြးေထြးမအိပ္ႏိုင္ပါ။ သူသည္ ဝံပုေလြျဖဴေလး အိပ္စက္ေနသည္ကို တစ္ညလံုးထိုင္ၾကည့္ေနၿပီး မိုးလင္းပိုင္းမွ လီခ်န္းယံု မႏိုးလာခင္ ျပန္သြားေလသည္။

လင္းမိုျပန္ေရာက္သြားေသာ သူသည္ အေစခံတို႔ကို မနက္စာ ေန႔လည္စာ ညေနစာတို႔ အတြက္ သာမန္စစ္သည္ေတာ္မ်ားစားေသာက္ေသာ အစားအေသာက္မ်ားကိုသာ စီစဥ္ခိုင္းေလသည္။ အျပင္းအထန္စစ္ေရးေလ့က်င့္ေနေသာ လီခ်န္းယံုသည္ ထိုသို႔ေသာ အစားအေသာက္မ်ားကိုသာ စားေနရလိမ့္မည္ဟု လင္းမိုသိေသာေၾကာင့္ ျဖစ္သည္။ အနည္းဆံုးေတာ့ လီခ်န္းယံု ပင္ပန္းႀကီးစြာ ေလ့က်င့္ေနရခ်ိန္တြင္ သူကအစားေကာင္းစားၿပီး ေအးေအးသာသာ အိပ္စက္မေနႏိုင္။

လင္းမိုသည္ ညသန္းေခါင္တိုင္း မပ်က္မကြက္ ခန္းမေဆာင္သို႔ တိတ္တဆိတ္သြားေရာက္ၿပီး လီခ်န္းယံု အိပ္စက္ေနသည္ကို တစိမ့္စိမ့္ေစာင့္ၾကည့္ေလသည္။ လီခ်န္းယံု၏ ေအးစက္ေနေသာ လက္ဖ်ားေလးမ်ားက အေႏြးေပးမည့္သူကို ႐ွာေဖြတိုင္း လင္းမို၏ ႏွလံုးသားတို႔က အစိတ္စိတ္ေၾကမြသြားသလိုပင္...

သတိရလြမ္းဆြတ္စိတ္ေျပေပ်ာက္လို၍ လီခ်န္းယံုကို တိတ္တဆိတ္လာၾကည့္ျခင္း ျဖစ္ေသာ္လည္း ေခ်ာေမာေျပျပစ္ေသာ မ်က္ႏွာ၊ ႏႈတ္ခမ္းနီရဲရဲေလးကို ၾကည့္ၿပီး ပိုမိုလြမ္းဆြတ္လာေလေတာ့သည္။

ဤသို္႔ုျဖင့္ စစ္ဆင္ေရးၿပီးဆံုးမည့္ ညထိတိုင္ လင္းမိုက လီခ်န္းယံု႐ွိရာသို႔ သြားေရာက္ၿပီး ေဝလီေဝလင္းမွ တိတ္ဆိတ္စြာ ျပန္လာေလသည္။
__________________________________________________________________________________

Continue Reading

You'll Also Like

195K 20.9K 101
ဘာသာပြန်သူ - စွဲညို့အသင်း
665K 76.8K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
2.8K 440 29
Cover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction...
555K 64.7K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...