Unicode
ထိုနေ့ညနေ အိမ်ရှေ့စံ၏ အိပ်ဆောင်တွင်...
"ချန်းယုံ မင်းအခုမှ တုံးတာလား ငယ်ငယ်ကတည်းကတုံးတာလား''
လင်းမိုက လီချန်းယုံသည် ယန်နိုင်ငံ၏စာအရေးအသားကို သင်ယူလိုကြောင်းပြောသဖြင့် သင်ပေးနေခြင်းဖြစ်သည်။ စာလုံးများမှာ ပင်မရင်းမြစ်ဘာသာစကား တူသောကြောင့် သိပ်မခက်ခဲသော်လည်း လီချန်းယုံမှာ မရေးတတ်သေးပေ။
အမှန်ဆို လီချန်းယုံသည် ငယ်စဉ်ကတည်းက အလွန်ဉာဏ်ကောင်းပြီး လိမ္မာသည်ဟု ချီးကျူခံခဲ့ရသောသူ ဖြစ်သည်။ သူမရေးတတ်သည်က ယန်ဘာသာတွင်သုံးသော စာလုံးများက မြောက်ပိုင်းတွင်သုံးနှုန်းသည့် စာလုံးများနှင့်မတူသောကြောင့် ဖြစ်သည်။
လင်းမို၏ မညှာမတာဝေဖန်မှုကြောင့် လီချန်းယုံသည် သူရေးနေသော စုတ်တံကို စားပွဲပေါ်သို့ အသံမြည်အောင် ပစ်ချလိုက်လေသည်။
"မသင်တော့ဘူး''
လီချန်းယုံက ဒေါသတကြီးပြောလေသည်။
လင်းမိုက မျက်ခုံးပင့်ပြီး စိတ်ဆိုးသွားသော ဝံပုလွေဖြူလေးကို ကြည့်လိုက်သည်။ လီချန်းယုံ၏ ထူထဲနက်မှောင်သော မျက်ခုံးလွှာက အနည်းငယ်ကုပ်နေသည်။ သူ၏ ဖြောင့်တန်းသော နှာတံလေးမှာ ပကတိအတိုင်းရှိနေသည်။ ရှည်လျားကော့ညွတ်သော မျက်တောင်ရှည်ကြီးများကိုပုတ်ခတ်နေသည်ကို လင်းမို အူယားလာသည်။ လီချန်းယုံ၏ ချယ်ရီးသီးလို နီရဲရဲနှုတ်ခမ်းလွှာလေးမှာ သွားဖြူဖြူလေး၏ ရန်ရှာခြင်းကိုခံနေရသည်။ လီချန်းယုံက စိတ်တိုပြီး သူ့နှုတ်ခမ်းသူဖိကိုက်ထားခြင်းဖြစ်သည်။ လင်းမိုက မိမိအစား ရန်ရှာခြင်းခံနေရသော နှုတ်ခမ်းဖူးနီရဲရဲလေးကို သနားမိသွားသည်။
"မကိုက်နဲ့...မင်းနှုတ်ခမ်းကိုအတင်းဖိကိုက်မထားနဲ့''
လီချန်းယုံ၏ မျက်စောင်းက လင်းမိုဆီ ဒိုင်းကနဲရောက်လာသည်။
"ငါ့နှုတ်ခမ်းငါဘာလုပ်လုပ်ပေါ့''
"မင်းကိုစိတ်တိုအောင်လုပ်တာ ငါလေ ငါ့ကိုလာကိုက်''
လင်းမိုက မကောင်းဆိုးဝါးဆန်စွာပြုံးပြီး ရွှင်မြူးစွာပြောလေသည်။
လီချန်းယုံက သူ၏မျက်လုံးကို ထောင့်ကပ်ပြီး လင်းမိုကိုအကဲခတ်နေသည်။ လင်းမိုပြောသည်က အနည်းငယ်အဓိပ္ပါယ်ရှိလေသည်။ ကိုယ့်ဘာသာနာကျင်အောင်လုပ်မည့်အစား အနှီမကောင်းဆိုးဝါးကိုပဲ ကိုက်ပစ်သင့်သည်။
အနှီမကောင်းဆိုးဝါး၏နှုတ်ခမ်းမှာ ထူလည်းမထူ ပါးလည်းမပါး ပိရိသေသပ်နေသည်။ တစ်နည်းအားဖြင့် ဆွဲကိုက်ချင်စရာကောင်းသည်။
လင်းမိုက သူ၏ ဝံပုလွေဖြူလေးမှာ ဦးနှောက်ကိုအပြည့်အဝအသုံးမချသည့် ကလေးပေါက်စသာသာ တွေးခေါ်တတ်သူမှန်းသိထားသော်လည်း သူ့ကို တကယ်လာကိုက်မည်ထင်မထားပေ။
လီချန်းယုံ၏ ချယ်ရီသီးလို နီရဲရဲနှုတ်ခမ်းလွှာလေးက လင်းမို၏ မကောင်းဆိုးဝါးဆန်ဆန်ပြုံးတတ်သော အောက်နှုတ်ခမ်းကို ဖိကပ်ထားသည်။ လီချန်းယုံက ဒေါသကြီးသော ကလေးလို လင်းမို၏ အောက်နှုတ်ခမ်းကို အတင်းဆွဲကိုက်လေသည်။ သူ၏ ချွန်ထက်ထက်သွားဖြူဖြူလေးတွေက ယခုမှ ရန်ရှာရမည့်သူအစစ်ကို တွေ့သွားပုံရသည်။ အတင်းဖိကိုက်နေလေသည်။
လင်းမိုကမူ သူအမြဲစားသုံးချင်နေခဲ့သော ချယ်ရီသီးလေးက သူ့ပါးစပ်ထဲ ခုန်ဝင်လာသောကြောင့် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ လီချန်းယုံ၏ စိုစွတ်စွတ် နီရဲရဲ နှုတ်ခမ်းဖူးလေး၏ အထိအတွေ့က သူ့ကို ရူးသွပ်သွားစေဖို့ လုံလောက်သည်။ သူ့ကိုနာကျင်အောင် ကြံရွယ်ပြီးကိုက်နေပါသော်လည်း လင်းမိုသည် နာကျင်မှုအစား သာယာမှုအလုံးအရင်းကိုသာ ခံစားနေရသည်။ သူက ရန်ရှာနေသော ဝံပုလွေဖြူလေး၏ ခါးကို အလိုက်သင့်ဆွဲဖက်ထားပြီး သူ၏ နှုတ်ခမ်းကို လီချန်းယုံစိတ်တိုင်းကျစားသုံးစေသည်။
လီချန်းယုံက စိတ်တိုင်းကျကိုက်ပြီးတော့ လင်းမိုကို လွှတ်ပေးလိုက်သည်။ သူလင်းမိုကို ကြည့်လိုက်မိသည်။ လင်းမိုက အရှိန်းညီးညီးတောက်လောင်နေသော မီးလျှံလို မျက်ဝန်းများနှင့် လီချန်းယုံကို စိုက်ကြည့်နေကြောင်းတွေ့ရသည်။ တပ်မက်ခြင်းဆန္ဒတို့ကို အဓိပ္ပါယ်မဖွင့်တတ်သော လီချန်းယုံက လင်းမိုသည် သူ့ကို စိတ်ဆိုးပြီး ထိုသို့ကြည့်နေကြောင်း ထင်မိသွားရှာလေသည်။
"စိတ်ဆိုးသွားတာလား''
လီချန်းယုံ၏ ရှည်လျားကော့ညွတ်သော မျက်တောင်ရှည်တို့က ဝိုင်းစက်နေသော မျက်ဝန်းလေးကို ကာရံထားသည့်တာဝန်အပြင် ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်းတာဝန် ကိုပါ ထမ်းဆောင်နေလေသည်။
လင်းမိုက ဘာမှမပြောပဲ စိတ်မထိန်းနိုင်စွာ လီချန်းယုံ၏ ခါးကို အတင်းဆွဲဖက်ထားသည်ကို ပိုမိုတင်းကျပ်အောင်ဖက်ပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။ လီချန်းယုံမှာ မြင့်မားသောအရပ်အမောင်းရှိသော်လည်း သူ့တစ်ကိုယ်လုံးလင်းမိုရင်ခွင်တွင်မြုပ်နေသည်။
"လင်း...မို....''
လင်းမိုက ရင်ခွင်ထဲက ဝံပုလွေဖြူလေး၏ နှုတ်ခမ်းဟစိစိကို ဖြည်းညင်းစွာ သူ့နှုတ်ခမ်းနှင့် ထိတွေ့လိုက်သည်။ ချယ်ရီသီးလိုနှုတ်ခမ်းလေး၏ အရသာကိုသိရှိပြီးနောက် သူလွှတ်ပေးဖို့ အစီအစဉ်မရှိပေ။
ရုတ်တရက်တိုက်ခိုက်ခြင်းခံလိုက်ရသော လီချန်းယုံက ခွန်အားရှိသမျှ ရုန်းလေသည်။ ထို့ကြောင့် လင်းမိုက လီချန်းယုံ၏ လက်နှစ်ဖက်ကို အတင်းချုပ်ထားပြီး သူ့နှုတ်ခမ်းတွေကို နမ်းနေသည်။ သို့သော် လီချန်းယုံ၏ အတင်းရုန်းကန်မှုကြောင့် လင်းမို၏ နမ်းခြင်းအမှုမှာ မအောင်မြင်ပေ။
"ချန်းယုံ...ငြိမ်ငြိမ်နေလို့''
"မင်းကြီးတော်ပဲ ငြိမ်ငြိမ်နေ''
ပြောပြောဆိုဆို လီချန်းယုံက လင်းမို၏ အထိမခံသော ခန္တာကိုယ်အောက်ပိုင်းသို့ ခြေထောက်ဖြင့် ကန်ပစ်လိုက်လေသည်။
"အား...''
လင်းမိုသည် ကန်ချက်ကို မရှောင်လိုက်သောကြောင့် သူထိခိုက်မိသွားလေသည်။ မျက်နှာရှုံ့မဲ့သွားသော လင်းမိုကိုကြည့်ပြီး လီချန်းယုံက သူ၏ အပြစ်ကို ဆင်ခြင်မိပြီး လင်းမိုကို သွားထူလေသည်။
"လင်းမို...ရရဲ့လား...ငါကမင်းရှောင်မယ်ထင်လို့''
"မင်းက ငါ့ကို နာကျင်စေချင်မှတော့ ငါရှောင်မလား''
လင်းမိုက ဘာမှမဖြစ်သလို ထရပ်လိုက်သော်လည်း လီချန်းယုံသည် သူ၏ ကန်ချက် အနည်းငယ်ပြင်းသွားကြောင်းသိလေသည်။
သူကအပြစ်ရှိစွာပင် လင်းမိုနားတိုးကပ်ပြီး မေးလေသည်။
"ငါ...ငါမရည်ရွယ်ဘူး...မင်းအဆင်ပြေလား...ငါဘာလုပ်ပေးရမလဲ''
"အဲ့ဒါဆိုငြိမ်ငြိမ်နေ''
ပြောရင်းလင်းမိုက လီချန်းယုံ၏ ခါးလေးကို ဆွဲဖက်ပြီး နှုတ်ခမ်းများကို အတင်းနမ်းလေတော့သည်။ သည်တစ်ကြိမ်တွင် လီချန်းယုံက ရုန်းကန်မနေတော့သော်လည်း သူ၏ လက်များက လင်းမို၏ ရင်အုပ်ကျယ်ကြီးကို တွန်းကန်နေသေးသည်။
လီချန်းယုံ၏ နှုတ်ခမ်းဖူးလေးမှာ လင်းမို၏ မကောင်းဆ်ုးဝါးဆန်ဆန်ပြုံးတတ်သော နှုတ်ခမ်းတို့နှင့် တစ်သားတည်း ထိစပ်နေလေသည်။ အနမ်းကို အရှိန်မြှင့်လာသည်နှင့်အမျှ လင်းမိုက လီချန်းယုံ၏ ခါးကို တင်းကျပ်စွာဖက်ထားသည်။
လီချန်းယုံမှာ အထိအတွေ့အသစ်ကြောင့် မည်သို့မျှ မတုံ့ပြန်တတ်ဘဲ သူ၏ လက်များနှင့်သာ လင်းမိုကို တွန်းနေသည်။ လင်းမိုက အလိုက်သိစွာ လီချန်းယုံ၏ လက်များကို ဆွဲကိုင်ပြီး သူ၏ ကျောပြင်ကို သိုင်းဖက်စေလိုက်သည်။ လီချန်းယုံသည်
လုပ်မိလုပ်ရာ လင်းမို၏ ဝတ်ရုံစကို အတင်းဆုပ်ကိုင်ထားသည်။
နေသားတကျဖြစ်အောင် နေရာယူပြီးသည့်အခါ လင်းမိုက သူ၏ အနမ်းကို ရပ်တန့်လိုက်သည်။ စိုစွတ်သော နှုတ်ခမ်းလွှာ၏ ရပ်ဆိုင်းသွားသော အထိအတွေ့ကြောင့် လီချန်းယုံမှာ တစ်စုံတစ်ရာကိုလက်လွှတ်လိုက်ရသလိုခံစားရသည်။ သူ၏နှုတ်ခမ်းရဲရဲမှာ ပွင့်အာတော့မည့် ပန်းငုံဖူးလေးလို ခပ်ဟဟလေး ဖြစ်နေသည်။
"အသက်ရှု...ဖြည်းဖြည်းရှု''
လင်းမိုက သူဆက်နမ်းလျှင် အလွန်အမင်း စိတ်လှုပ်ရှားနေသော ဝံပုလွေဖြူလေးမှာ အသက်ရှုမဝဖြစ်တော့မည်ဆိုးသောကြောင့် အသက်ရှုခိုင်းနေခြင်းဖြစ်သည်။
လီချန်းယုံက လင်းမိုကို မရဲတရဲကြည့်လိုက်သည်။ သူ၏တစ်ကိုယ်လုံး ရှက်ရွံ့မှုကြောင့် ပူနွေးနေလေသည်။ သူ့အသက်ရှုသံနွေးနွေးလေးမှာ လင်းမို၏ ရင်ခုန်သံကို ဝုန်းဒိုင်းကြဲသွားစေရန်လုံလောက်နေပြီဖြစ်သည်။
"မျက်လုံးမှိတ်ထား''
လင်းမိုက တစ်ခွန်းတည်းသော အမိန့်ကိုပေးပြီး လီချန်းယုံ၏ နှုတ်ခမ်းဖူးလေးကို နောက်တစ်ကြိမ် သိမ်းပိုက်ပြန်သည်။ သည်တစ်ကြိမ်တွင်တော့ လင်းမို၏ စိုစွတ်သော လျှာဖျားပါ လီချန်းယုံ၏ ပါးစပ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာလေသည်။ လင်းမို၏ နှုတ်ခမ်းလွှာက နှုတ်ခမ်းဖူးလေးကို အတင်းဆွဲစုပ်နေပြီး လျှာဖျားက ကျင်လည်စွာ လှုပ်ရှားနေသည်။ လင်းမိုသည် တုံ့ပြန်မှုမလာသေးသော လီချန်းယုံ၏ နီရဲရဲလျှာနုနုလေးကို အတင်းလှုံ့ဆော်ပြီး အနမ်းတို့ကို အရှိန်မြှင့်လေတော့သည်။
"အင့်...''
သာယာမှု၏ အထိအတွေ့ကြောင့် လီချန်းယုံမှာ အာမေဋိတ်မကျတကျ သံစဉ်တစ်ချို့ပြုလုပ်မိသွားသည်။ ထိုသံစဉ်တို့က လင်းမို၏ ရမ္မက်မီးအဟုန်ကို အဆုံးထိလောင်ကျွမ်းသွားလိုစိတ် ဖြစ်ပေါ်လာရန်လုံလောက်နေပြီဖြစ်သည်။ လင်းမိုက သူ့ကို မသိမသာ တုံ့ပြန်လာသော နီရဲရဲလျှာလေးကို အတင်းရစ်ပတ်ပြီး နှုတ်ခမ်းဖူးလေးကို စိတ်တိုင်းကျသုံးဆောင်နေလေသည်။
သူတို့နမ်းရှိုက်နေသည်မှာ မည်မျှကြာမြင့်သွားသည်ဟု မခန့်မှန်းတတ်တော့အောင်ပင်။
လီချန်းယုံ၏ စည်းချက်မမှန်သော အသက်ရှုသံတို့ကြားမှ လင်းမိုက မလွှတ်ချင်လွှတ်ချင် လွှတ်ပေးလေသည်။ သူလွှတ်ပေးလိုက်တော့ မရင်းနှီးသော ဆန္ဒမီးအဟုန်တို့နှင့် သာယာမှုအထိအတွေ့ကြောင့် လီချန်းယုံ၏ ခြေထောက်များမှာမခိုင်ပဲခွေလဲချင်သွားသည်။ လင်းမိုက အလိုက်သင့်ပင် လီချန်းယုံကိုယ်ကို ထိန်းပြီး သူ့ရင်ခွင်ကျယ်ကြီးထဲ ဆွဲသွင်းလိုက်သည်။
ရှက်ရွံ့သွားသော ဝံပုလွေဖြူလေးမှာ ယခုမှ တုံ့ပြန်ရမည်ကိုသတိရပြီး လင်းမို၏ ရင်အုပ်ကို လက်သီးဖြင့်ထိုးလေသည်။ အားမပါသော လက်သီးချက်များကို ခံယူရင်း လင်းမိုက ရွှင်မြူးစွာ ပြုံးပြီး လီချန်းယုံ၏ နားသို့ကပ်ပြီး စကားတစ်ခွန်းကို နှစ်ကိုယ်သာကြားနိုင်လောက်သော တိုးညှင်းသော လေသံဖြင့်ပြောလေသည်။
"မင်း...မင်း...''
လင်းမို၏ စကားကြောင့် ဝံပုလွေဖြူလေးမှာ ဒေါသထွက်သွားပြီး လင်းမိုကိုခြေထောက်ဖြင့် ကန်ကျောက်ပြီး ထုနှက်လေသည်။ လင်းမိုကမူ တဟားဟားရယ်ပြီး အိပ်ဆောင်အတွင်း လီချန်းယုံ မဖမ်းမိအောင် ပတ်ပြေးလေသည်။ လီချန်းယုံက နောက်ကလိုက်ပြီး လင်းမိုကို ဖမ်းဆီးလေသည်။ သို့သော် လင်းမိုကို ဖမ်းမိသည့်အခါ အပြစ်မပေးရဘဲ သူ၏ နှုတ်ခမ်းနီရဲရဲလေးများ နောက်တစ်ကြိမ်သိမ်းပိုက်ခြင်းခံရပြန်တော့သည်။
ထိုနေ့ညနေက အိမ်ရှေ့စံ၏ အဆောင်အတွက် အစေခံတို့မှာ ညနေစာ ပြင်ဆင်ပေးရခြင်းမရှိပေ။ မည်သူမျှ အပြင်ထွက်မလာသကဲ့သို့ အစားအသောက်များကို နန်းဆောင်အတွင်းယူပေးရန်လည်း မည်သူမျှ ညွှန်ကြားခြင်းမရှိပေ။
_________________________________________________________________________________
(Note...လင်းမိုပြောလိုက်တဲ့စကားက နှစ်ကိုယ်ကြားပြောလိုက်တဲ့စကားလေးပါ။ သာသာလည်း မသိဘူးရယ်😝)
Zawgyi
ထိုေန႔ညေန အိမ္ေ႐ွ႕စံ၏ အိပ္ေဆာင္တြင္
"ခ်န္းယံု မင္းအခုမွ တံုးတာလား ငယ္ငယ္ကတည္းကတံုးတာလား''
လင္းမိုက လီခ်န္းယံုသည္ ယန္ႏိုင္ငံ၏စာအေရးအသားကို သင္ယူလိုေၾကာင္းေျပာသျဖင့္ သင္ေပးေနျခင္းျဖစ္သည္။ စာလံုးမ်ားမွာ ပင္မရင္းျမစ္ဘာသာစကား တူေသာေၾကာင့္ သိပ္မခက္ခဲေသာ္လည္း လီခ်န္းယံုမွ မေရးတတ္ေသးေပ။
အမွန္ဆို လီခ်န္းယံုသည္ ငယ္စဥ္ကတည္းက အလြန္ဥာဏ္ေကာင္းၿပီး လိမၼာသည္ဟု ခ်ီးက်ဴခံခဲ့ရေသာသူ ျဖစ္သည္။ သူမေရးတတ္သည္က ယန္ဘာသာတြင္သံုးေသာ စာလံုးမ်ားက ေျမာက္ပိုင္းတြင္သံုးႏႈန္းသည့္ စာလံုးမ်ားႏွင့္မတူေသာေၾကာင့္ ျဖစ္သည္။
လင္းမို၏ မညႇာမတာေဝဖန္မႈေၾကာင့္ လီခ်န္းယံုသည္ သူေရးေနေသာ စုတ္တံကို စားပြဲေပၚသို႔ အသံျမည္ေအာင္ ပစ္ခ်လိုက္ေလသည္။
"မသင္ေတာ့ဘူး''
လီခ်န္းယံုက ေဒါသတႀကီးေျပာေလသည္။
လင္းမိုက မ်က္ခံုးပင့္ၿပီး စိတ္ဆိုးသြားေသာ ဝံပုေလြျဖဴေလးကို ၾကည့္လိုက္သည္။ လီခ်န္းယံု၏ ထူထဲနက္ေမွာင္ေသာ မ်က္ခံုးလႊာက အနည္းငယ္ကုပ္ေနသည္။ သူ၏ ေျဖာင့္တန္းေသာ ႏွာတံေလးမွာ ပကတိအတိုင္း႐ွိေနသည္။ ႐ွည္လ်ားေကာ့ၫြတ္ေသာ မ်က္ေတာင္႐ွည္ႀကီးမ်ားကိုပုတ္ခတ္ေနသည္ကို လင္းမို အူယားလာသည္။ လီခ်န္းယံု၏ ခ်ယ္ရီးသီးလို နီရဲရဲႏႈတ္ခမ္းလႊာေလးမွာ သြားျဖဴျဖဴေလး၏ ရန္႐ွာျခင္းကိုခံေနရသည္။ လီခ်န္းယံုက စိတ္တိုၿပီး သူ႔ႏႈတ္ခမ္းသူဖိကိုက္ထားျခင္းျဖစ္သည္။ လင္းမိုက မိမိအစား ရန္႐ွာျခင္းခံေနရေသာ ႏႈတ္ခမ္းဖူးနီရဲရဲေလးကို သနားမိသြားသည္။
"မကိုက္နဲ႔...မင္းႏႈတ္ခမ္းကိုအတင္းဖိကိုက္မထားနဲ႔''
လီခ်န္းယံု၏ မ်က္ေစာင္းက လင္းမိုဆီ ဒိုင္းကနဲေရာက္လာသည္။
"ငါ့ႏႈတ္ခမ္းငါဘာလုပ္လုပ္ေပါ့''
"မင္းကိုစိတ္တိုေအာင္လုပ္တာ ငါေလ ငါ့ကိုလာကိုက္''
လင္းမိုက မေကာင္းဆိုးဝါးဆန္စြာျပံဳးၿပီး ရႊင္ျမဴးစြာေျပာေလသည္။
လီခ်န္းယံုက သူ႔မ်က္လံုးေလးကို ေထာင့္ကပ္ၿပီး လင္းမိုကိုအကဲခတ္ေနသည္။ လင္းမိုေျပာသည္က အနည္းငယ္အဓိပၸါယ္႐ွိေလသည္။ ကိုယ့္ဘာသာနာက်င္ေအာင္လုပ္မည့္အစား အႏွီမေကာင္းဆိုးဝါးကိုပဲ ...
အႏွီမေကာင္းဆိုးဝါး၏ႏႈတ္ခမ္းမွာ ထူလည္းမထူ ပါးလည္းမပါး ပိရိေသသပ္ေနသည္။
လင္းမိုက သူ၏ ဝံပုေလြျဖဴေလးမွာ ဦးေႏွာက္ကိုအျပည့္အဝအသံုးမခ်သည့္ ကေလးေပါက္စသာသာ ေတြးေခၚတတ္သူမွန္းသိထားေသာ္လည္း သူ႔ကို တကယ္လာကိုက္မည္ထင္မထားေပ။
လီခ်န္းယံု၏ ခ်ယ္ရီသီးလို နီရဲရဲႏႈတ္ခမ္းလႊာေလးက လင္းမို၏ မေကာင္းဆိုးဝါးဆန္ဆန္ျပံဳးတတ္ေသာ ေအာက္ႏႈတ္ခမ္းကို ဖိကပ္ထားသည္။ လီခ်န္းယံုက ေဒါသႀကီးေသာ ကေလးလို လင္းမို၏ ေအာက္ႏႈတ္ခမ္းကို အတင္းဆြဲကိုက္ေလသည္။ သူ၏ ခြၽန္ထက္ထက္သြားျဖဴျဖဴေလးေတြက ယခုမွ ရန္႐ွာရမည့္သူအစစ္ကို ေတြ႔သြားပံုရသည္။ အတင္းဖိကိုက္ေနေလသည္။
လင္းမိုကမူ သူအျမဲစားသံုးခ်င္ေနခဲ့ေသာ ခ်ယ္ရီသီးေလးက သူ႔ပါးစပ္ထဲ ခုန္ဝင္လာေသာေၾကာင့္ အလြန္အမင္း စိတ္လႈပ္႐ွားသြားသည္။ လီခ်န္းယံု၏ စိုစြတ္စြတ္ နီရဲရဲ ႏႈတ္ခမ္းဖူးေလး၏ အထိအေတြ႔က သူ႔ကို ႐ူးသြပ္သြားေစဖို႔ လံုေလာက္သည္။ သူ႔ကိုနာက်င္ေအာင္ ၾကံရြယ္ၿပီးကိုက္ေနပါေသာ္လည္း လင္းမိုသည္ နာက်င္မႈအစား သာယာမႈအလံုးအရင္းကိုသာ ခံစားေနရသည္။ သူက ရန္႐ွာေနေသာ ဝံပုေလြျဖဴေလး၏ ခါးကို အလိုက္သင့္ဆြဲဖက္ထားၿပီး သူ၏ ႏႈတ္ခမ္းကို လီခ်န္းယံုစိတ္တိုင္းက်စားသံုးေစသည္။
လီခ်န္းယံုက စိတ္တိုင္းက်ကိုက္ၿပီးေတာ့ လင္းမိုကို လႊတ္ေပးလိုက္သည္။ သူလင္းမိုကို ၾကည့္လိုက္မိသည္။ လင္းမိုက အ႐ွိန္းညီးညီးေတာက္ေလာင္ေနေသာ မီးလွ်ံလို မ်က္ဝန္းမ်ားႏွင့္ လီခ်န္းယံုကို စိုက္ၾကည့္ေနေၾကာင္းေတြ႔ရသည္။ တပ္မက္ျခင္းဆႏၵတို႔ကို အဓိပၸါယ္မဖြင့္တတ္ေသာ လီခ်န္းယံုက လင္းမိုသည္ သူ႔ကို စိတ္ဆိုးၿပီး ထိုသို႔ၾကည့္ေနေၾကာင္း ထင္မိသြား႐ွာေလသည္။
"စိတ္ဆိုးသြားတာလား''
လီခ်န္းယံု၏ ႐ွည္လ်ားေကာ့ၫြတ္ေသာ မ်က္ေတာင္႐ွည္တို႔က ဝိုင္းစက္ေနေသာ မ်က္ဝန္းေလးကို ကာရံထားသည့္တာဝန္အျပင္ ပုတ္ခတ္ပုတ္ခတ္လုပ္ျခင္းတာဝန္ ကိုပါ ထမ္းေဆာင္ေနေလသည္။
လင္းမိုက ဘာမွမေျပာပဲ စိတ္မထိန္းႏိုင္စြာ လီခ်န္းယံု၏ ခါးကို အတင္းဆြဲဖက္ထားသည္ကို ပိုမိုတင္းက်ပ္ေအာင္ဖက္ၿပီး သူ႔ရင္ခြင္ထဲသို႔ ဆြဲသြင္းလိုက္ေလသည္။ လီခ်န္းယံုမွာ ျမင့္မားေသာအရပ္အေမာင္း႐ွိေသာ္လည္း သူ႔တစ္ကိုယ္လံုးလင္းမိုရင္ခြင္တြင္ျမဳပ္ေနသည္။
"လင္း...မို....''
လင္းမိုက ရင္ခြင္ထဲက ဝံပုေလြျဖဴေလး၏ ႏႈတ္ခမ္းဟစိစိကို ျဖည္းညင္းစြာ သူ႔ႏႈတ္ခမ္းႏွင့္ ထိေတြ႔လိုက္သည္။ ခ်ယ္ရီသီးလိုႏႈတ္ခမ္းေလး၏ အရသာကိုသိ႐ွိၿပီးေနာက္ သူလႊတ္ေပးဖို႔ အစီအစဥ္မ႐ွိေပ။
႐ုတ္တရက္တိုက္ခိုက္ျခင္းခံလိုက္ရေသာ လီခ်န္းယံုက ခြန္အား႐ွိသမွ် ႐ုန္းေလသည္။ ထို႔ေၾကာင့္ လင္းမိုက လီခ်န္းယံု၏ လက္ႏွစ္ဖက္ကို အတင္းခ်ဳပ္ထားၿပီး သူ႔ႏႈတ္ခမ္းေတြကို နမ္းေနသည္။ သို႔ေသာ္ လီခ်န္းယံု၏ အတင္း႐ုန္းကန္မႈေၾကာင့္ လင္းမို၏ နမ္းျခင္းအမႈမွာ မေအာင္ျမင္ေပ။
"ခ်န္းယံု...ၿငိမ္ၿငိမ္ေနလို႔''
"မင္းႀကီးေတာ္ပဲ ၿငိမ္ၿငိမ္ေန''
ေျပာေျပာဆိုဆို လီခ်န္းယံုက လင္းမို၏ အထိမခံေသာ ခႏၱာကိုယ္ေအာက္ပိုင္းသို႔ ေျခေထာက္ျဖင့္ ကန္ပစ္လိုက္ေလသည္။
"အား...''
လင္းမိုသည္ ကန္ခ်က္ကို မေ႐ွာင္လိုက္ေသာေၾကာင့္ သူထိခိုက္မိသြားေလသည္။ မ်က္ႏွာ႐ႈံ႕မဲ့သြားေသာ လင္းမိုကိုၾကည့္ၿပီး လီခ်န္းယံုက သူ၏ အျပစ္ကို ဆင္ျခင္မိၿပီး လင္းမိုကို သြားထူေလသည္။
"လင္းမို...ရရဲ႕လား...ငါကမင္းေ႐ွာင္မယ္ထင္လို႔''
"မင္းက ငါ့ကို နာက်င္ေစခ်င္မွေတာ့ ငါေ႐ွာင္မလား''
လင္းမိုက ဘာမွမျဖစ္သလို ထရပ္လိုက္ေသာ္လည္း လီခ်န္းယံုသည္ သူ၏ ကန္ခ်က္ အနည္းငယ္ျပင္းသြားေၾကာင္းသိေလသည္။
သူကအျပစ္႐ွိစြာပင္ လင္းမိုနားတိုးကပ္ၿပီး ေမးေလသည္။
"ငါ...ငါမရည္ရြယ္ဘူး...မင္းအဆင္ေျပလား...ငါဘာလုပ္ေပးရမလဲ''
"အဲ့ဒါဆိုၿငိမ္ၿငိမ္ေန''
ေျပာရင္းလင္းမိုက လီခ်န္းယံု၏ ခါးေလးကို ဆြဲဖက္ၿပီး ႏႈတ္ခမ္းမ်ားကို အတင္းနမ္းေလေတာ့သည္။ သည္တစ္ႀကိမ္တြင္ လီခ်န္းယံုက ႐ုန္းကန္မေနေတာ့ေသာ္လည္း သူ၏ လက္မ်ားက လင္းမို၏ ရင္အုပ္က်ယ္ႀကီးကို တြန္းကန္ေနေသးသည္။
လီခ်န္းယံု၏ ႏႈတ္ခမ္းဖူးေလးမွာ လင္းမို၏ မေကာင္းဆ္ုးဝါးဆန္ဆန္ျပံဳးတတ္ေသာ ႏႈတ္ခမ္းတို႔ႏွင့္ တစ္သားတည္း ထိစပ္ေနေလသည္။ အနမ္းကို အ႐ွိန္ျမႇင့္လာသည္ႏွင့္အမွ် လင္းမိုက လီခ်န္းယံု၏ ခါးေလးကို တင္းက်ပ္စြာဖက္ထားသည္။
လီခ်န္းယံုမွာ အထိအေတြ႔အသစ္ေၾကာင့္ မည္သို႔မွ် မတံု႔ျပန္တတ္ဘဲ သူ၏ လက္မ်ားႏွင့္သာ လင္းမိုကို တြန္းေနသည္။ လင္းမိုက အလိုက္သိစြာ လီခ်န္းယံု၏ လက္မ်ားကို ဆြဲကိုင္ၿပီး သူ၏ ေက်ာျပင္ကို သိုင္းဖက္ေစလိုက္သည္။ လီခ်န္းယံုသည္
လုပ္မိလုပ္ရာ လင္းမို၏ ဝတ္ရံုစကို အတင္းဆုပ္ကိုင္ထားသည္။
ေနသားတက်ျဖစ္ေအာင္ ေနရာယူၿပီးသည့္အခါ လင္းမိုက သူ၏ အနမ္းကို ရပ္တန္႔လိုက္သည္။ စိုစြတ္ေသာ ႏႈတ္ခမ္းလႊာ၏ ရပ္ဆိုင္းသြားေသာ အထိအေတြ႔ေၾကာင့္ လီခ်န္းယံုမွာ တစ္စံုတစ္ရာကိုလက္လႊတ္လိုက္ရသလိုခံစားရသည္။ သူ႔ႏႈတ္ခမ္းရဲရဲေလးမွာ ပြင့္အာေတာ့မည့္ ပန္းငံုဖူးေလးလို ခပ္ဟဟေလး ျဖစ္ေနသည္။
"အသက္႐ႈ...ျဖည္းျဖည္း႐ႈ''
လင္းမိုက သူဆက္နမ္းလွ်င္ အလြန္အမင္း စိတ္လႈပ္ရွားေနေသာ ဝံပုေလြျဖဴေလးမွာ အသက္႐ႈမဝျဖစ္ေတာ့မည္ဆိုးေသာေၾကာင့္ အသက္႐ႈခိုင္းေနျခင္းျဖစ္သည္။
လီခ်န္းယံုက လင္းမိုကို မရဲတရဲၾကည့္လိုက္သည္။ သူ႔တစ္ကိုယ္လံုး ႐ွက္ရြံ႕မႈေၾကာင့္ ပူေႏြးေနေလသည္။ သူ႔အသက္႐ႈသံေႏြးေႏြးေလးမွာ လင္းမို၏ ရင္ခုန္သံကို ဝုန္းဒိုင္းၾကဲသြားေစရန္လံုေလာက္ေနၿပီျဖစ္သည္။
"မ်က္လံုးမွိတ္ထား''
လင္းမိုက တစ္ခြန္းတည္းေသာ အမိန္႔ကိုေပးၿပီး လီခ်န္းယံု၏ ႏႈတ္ခမ္းဖူးေလးကို ေနာက္တစ္ႀကိမ္ သိမ္းပိုက္ျပန္သည္။ သည္တစ္ႀကိမ္တြင္ေတာ့ လင္းမို၏ စိုစြတ္ေသာ လွ်ာဖ်ားပါ လီခ်န္းယံု၏ ပါးစပ္အတြင္းသို႔ ခ်ဥ္းနင္းဝင္ေရာက္လာေလသည္။ လင္းမို၏ နွုတ္ခမ္းလႊာက ႏႈတ္ခမ္းဖူးေလးကို အတင္းဆြဲစုပ္ေနၿပီး လွ်ာဖ်ားက က်င္လည္စြာ လႈပ္႐ွားေနသည္။ လင္းမိုသည္ တံု႔ျပန္မႈမလာေသးေသာ လီခ်န္းယံု၏ နီရဲရဲလွ်ာႏုႏုေလးကို အတင္းလႈံ႔ေဆာ္ၿပီး အနမ္းတို႔ကို အ႐ွိန္ျမႇင့္ေလေတာ့သည္။
"အင့္...''
သာယာမႈ၏ အထိအေတြ႔ေၾကာင့္ လီခ်န္းယံုမွာ အာေမဋိတ္မက်တက် သံစဥ္တစ္ခ်ိဳ႕ျပဳလုပ္မိသြားသည္။ ထိုသံစဥ္တို႔က လင္းမို၏ ရမၼက္မီးအဟုန္ကို အဆံုးထိေလာင္ကြၽမ္းသြားလိုစိတ္ ျဖစ္ေပၚလာရန္လံုေလာက္ေနၿပီျဖစ္သည္။ လင္းမိုက သူ႔ကို မသိမသာ တံု႔ျပန္လာေသာ နီရဲရဲလွ်ာေလးကို အတင္းရစ္ပတ္ၿပီး ႏႈတ္ခမ္းဖူးေလးကို စိတ္တိုင္းက်သံုးေဆာင္ေနေလသည္။
သူတို႔နမ္း႐ႈိက္ေနသည္မွာ မည္မွ်ၾကာျမင့္သြားသည္ဟု မခန္႔မွန္းတတ္ေတာ့ေအာင္ပင္။
လီခ်န္းယံု၏ စည္းခ်က္မမွန္ေသာ အသက္႐ႈသံတို႔ၾကားမွ လင္းမိုက မလႊတ္ခ်င္လႊတ္ခ်င္ လႊတ္ေပးေလသည္။ သူလႊတ္ေပးလိုက္ေတာ့ မရင္းႏွီးေသာ ဆႏၵမီးအဟုန္တို႔ႏွင့္ သာယာမႈအထိအေတြ႔ေၾကာင့္ လီခ်န္းယံု၏ ေျခေထာက္မ်ားမွာမခိုင္ပဲေခြလဲခ်င္သြားသည္။ လင္းမိုက အလိုက္သင့္ပင္ လီခ်န္းယံုကိုယ္ကို ထိန္းၿပီး သူ႔ရင္ခြင္က်ယ္ႀကီးထဲ ဆြဲသြင္းေပးလိုက္သည္။
႐ွက္ရြံ႕သြားေသာ ဝံပုေလြေလးမွာ ယခုမွ တံု႔ျပန္ရမည္ကိုသတိရၿပီး လင္းမို၏ ရင္အုပ္ကို လက္သီးျဖင့္ထိုးေလသည္။ အားမပါေသာ လက္သီးခ်က္မ်ားကို ခံယူရင္း လင္းမိုက ရႊင္ျမဴးစြာ ျပံဳးၿပီး လီခ်န္းယံု၏ နားသို႔ကပ္ၿပီး စကားတစ္ခြန္းကို ႏွစ္ကိုယ္သာၾကားႏိုင္ေလာက္ေသာ တိုးညႇင္းေသာ ေလသံျဖင့္ေျပာေလသည္။
"မင္း...မင္း...''
လင္းမို၏ စကားေၾကာင့္ ဝံပုေလြျဖဴေလးမွာ ေဒါသထြက္သြားၿပီး လင္းမိုကိုေျခေထာက္ျဖင့္ ကန္ေက်ာက္ၿပီး ထုႏွက္ေလသည္။ လင္းမိုကမူ တဟားဟားရယ္ၿပီး အိပ္ေဆာင္အတြင္း လီခ်န္းယံု မဖမ္းမိေအာင္ ပတ္ေျပးေလသည္။ လီခ်န္းယံုက ေနာက္ကလိုက္ၿပီး လင္းမိုကို ဖမ္းဆီးေလသည္။ သို႔ေသာ္ လင္းမိုကို ဖမ္းမိသည့္အခါ အျပစ္မေပးရဘဲ သူ၏ ႏႈတ္ခမ္းနီရဲရဲေလးမ်ား ေနာက္တစ္ႀကိမ္သိမ္းပိုက္ျခင္းခံရျပန္ေတာ့သည္။
ထိုေန႔ညေနက အိမ္ေ႐ွ႕စံ၏ အေဆာင္အတြက္ အေစခံတို႔မွာ ညေနစာ ျပင္ဆင္ေပးရျခင္းမ႐ွိေပ။ မည္သူမွ် အျပင္ထြက္မလာသကဲ့သို႔ အစားအေသာက္မ်ားကို နန္းေဆာင္အတြင္းယူေပးရန္လည္း မည္သူမွ် ၫႊန္ၾကားျခင္းမ႐ွိေပ...
_________________________________________________________________________________
(Note...လင္းမိုေျပာလိုက္တဲ့စကားက ႏွစ္ကိုယ္ၾကားေျပာလိုက္တဲ့စကားေလးပါ။ သာသာလည္း မသိဘူးရယ္😝)