The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 17

52.8K 5.8K 217
By Heather_Bell

Unicode

"မိစ္ဆာအရှင်သခင်က မသေဘူးတဲ့...သူမသေတဲ့အတွက် လူ့လောကကို ဖုံးလွှမ်းနေတဲ့အမှောင်စွမ်းအားတွေ ကပ်ဆိုးတွေက ပျောက်မသွားဘူး...အဲ့ဒါကြောင့် လူ့လောကရဲ့ဘုရင် နဂါးစီးနင်သူအရှင်က မိစ္ဆာအရှင်သခင်ကို သေစေနိုင်မယ့် ဓားတစ်လက်ပြုလုပ်ခဲ့တယ်...သူကတစ်လတိတိအချိန်ယူပြီး တောအုပ်နက်ထဲက လိုဏ်ဂူထဲမှာ ဓားတစ်လက်သွန်းလုပ်ခဲ့တယ်...ဒါပေမယ့် အဲ့ဒီဓားက မိစ္ဆာအရှင်သခင်ရဲ့ ရင်ဝကို ထိုးဖို့ကြိုးစားနေတုန်းမှာပဲ အရည်ပျော်သွားတယ်...မိစ္ဆာအရှင်သခင်ရဲ့ စွမ်းအားတွေက ပြင်းလွန်းပြီး သူ့ရဲ့ဓားက ခံနိုင်ရည်မရှိဘူး။ ဒီလိုနဲ့ နဂါးစီးနင်းသူအရှင်က ဓားတွေတစ်လက်ပြီး တစ်လက်ပြုလုပ်ခဲ့ပေမယ့် သူက မိစ္ဆာအရှင်သခင်ကို အသေသတ်နိုင်မယ့် ဓားကိုမပြုလုပ်နိုင်ခဲ့ဘူး''

လီချန်းယုံက ဇာတ်ကြောင်းကို စိတ်ဝင်စားစွာပြောပြနေသလို လင်းမိုကလည်း အာရုံမပြောင်းပဲနားထောင်နေသည်။

"နဂါးစီးနင်သူအရှင်ရဲ့ ကြင်ယာတော်က သူမခင်ပွန်းရဲ့ လူ့လောကကို ကယ်တင်ဖို့ကြိုးပမ်းနေတာတွေ မအောင်မြင်တာတွေ သိတဲ့အခါမှာ သူမကိုယ်တိုင် မိစ္ဆာအရှင်သခင်ကို ချုပ်နှောင်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး မိစ္ဆာအရှင်သခင်ကို သတ်နိုင်မယ့် ဓားအကြောင်းသွားမေးခဲ့တယ်''
လီချန်းယုံ၏ စကားဆုံးသောအခါ လင်းမိုက မှတ်ချက်ပြုလေသည်။

"သူမက မင်းနဲ့တူတယ်''

လင်းမို၏ စကားကြောင့် လီချန်းယုံက အံ့အားသင့်သွားဟန်ဖြင့် မျက်ခုံးပင့်ပြသည်။
"ဘာလို့လဲ''

"ဘယ်သူက ရန်သူကို ကိုယ့်ကို သတ်နိုင်မယ့် လျှို့ဝှက်ချက်ကိုပြောမှာလဲ...သူမကတုံးလိုက်တာ''

"မင်းမသိပဲမပြောနဲ့...နဂါးစီးနင်းသူရဲ့ ကြင်ယာတော်က မင်းပြောသလို တုံးတယ်ဆိုရင်တောင် သူမက သူ့ချစ်ခင်ပွန်းအတွက် အသက်တောင်စွန့်ရဲတယ်...အဲ့ဒီလို ချစ်ခြင်းမျိုးက နေရာတကာ တွေ့နိုင်ရမယ်ထင်လို့လား''
လီချန်းယုံ၏ လေသံမာမာစကားသံကြောင့် သူဒေါသထွက်သွားသည်မှာ သေချာပါသည်။

"ငါပြောတာစောသွားတာ...ဆက်ဖတ်''
လင်းမိုက သူ၏ အမှားကိုသိသည်နှင့် ပြန်၍ ချော့လိုက်သည်။

"မိစ္ဆာအရှင်သခင်က သူ့ကို သတ်နိုင်မယ့် တစ်ခုတည်းသော လျှို့ဝှက်ချက်ကို ကြင်ယာတော်ကို ပြောပြခဲ့တယ်...ဘာလို့လဲဆိုတော့ သူမ တကယ်မလုပ်ရဲဘူး ထင်လို့...နောက်တစ်နေ့မှာ နဂါးစီးနင်းသူအရှင်ဟာ သူ့အိပ်ဆောင်ရဲ့ဘေးမှာ ဓားတစ်လက်ကို တွေ့ခဲ့တယ်.... ဓားကရေခဲတမျှ အေးစက်နေပြီး သွေးချင်းချင်းနီနေခဲ့တယ်...နဂါးစီးနင်းသူအရှင်က အချိန်မဆိုင်းဘဲ အဲ့ဒီဓားနဲ့ မိစ္ဆာ ​အရှင်သခင် ကိုသွားသတ်ခဲ့တယ်...မိစ္ဆာအရှင်သခင် သေသွားတဲ့ အတွက် လူ့လောကကို ဖုံးလွှမ်းနေတဲ့ အမှောင်စွမ်းအားတွေ၊ ကပ်ဆိုးတွေလည်း မရှိတော့ဘူးတဲ့''

လီချန်းယုံ၏ အသံက အနည်းငယ်တုန်ယင်နေသည်။ သူ့မျက်ဝန်းတွေက စိတ်မကောင်းကြီးစွာ ဖြစ်နေပုံရှိသည်။ သူက သက်ပြင်းချပြီး ပုံပြင်ကို ဆက်ဖတ်ပြလေသည်။

"နဂါးစီးနင်းသူအရှင်ဟာ သူ့ရဲ့ကြင်ယာတော်နန်းဆောင်ကို အပြေးအလွှားသွားပြီး ဝမ်းမြောက်စရာသတင်းသွားပြောခဲ့တယ်။ ဒါပေမယ့် နန်းဆောင်မှာ သူတွေ့လိုက်ရတာက ရင်ဝမှာ ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ သူမရဲ့အလောင်းကိုတဲ့

"သူမက ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလား''

"ဟုတ်တယ်...မိစ္ဆာအရှင်သခင် ပြောပြတဲ့ လျှို့ဝှက်ချက်က နဂါးစီးနင်းသူပြုလုပ်တဲ့ဓားတွေက တစ်ခုခုချွတ်ချော်နေလို့မဟုတ်ဘူးတဲ့...နဂါးစီးနင်းသူအရှင်က သူ့အသက်အပ်နှင်းပြီး ချစ်ရလောက်တဲ့သူရဲ့ နှလုံးသွေးနဲ့စီရင်တဲ့ ဓားကပဲ မိစ္ဆာအရှင်သခင်ကို သတ်နိုင်မှာတဲ့...အဲ့ဒီလျှို့ဝှက်ချက်ကို မိစ္ဆာအရှင်သခင်ပြောပြလိုက်တဲ့အကြောင်းက နဂါးစီးနင်းသူက သူ့ရဲ့ကြင်ယာတော်ကို မသတ်ရက်ဘူးဆိုတာသိနေလို့...ဒါပေမယ့် သူမသိတာက ကြင်ယာတော်ကလည်း သူမရဲ့အသက်ကိုတောင်စွန့်ပြီး နဂါးစီးနင်းသူအရှင်အတွက် ပေးဆပ်နိုင်တယ်ဆိုတာ''

"သူမက တကယ့်ကိုချစ်ခဲ့တာပဲ''
လင်းမိုက စိတ်မကောင်းစွာ မှတ်ချက်ပြုလေသည်။

"ဟုတ်တယ်...သူမချစ်ရတဲ့သူအတွက် အသက်ကိုတောင်စတေးခဲ့တာ''
လီချန်းယုံကပါထောက်ခံလေသည်။

"ဘာဆက်ဖြစ်သွားလဲ နဂါးစီးနင်းသူအရှင်က...''
လင်းမိုက ကျန်ရှိတဲ့ ဇာတ်ကြောင်းကို စိတ်ဝင်စားစွာမေးလေသည်။

"လူ့လောကက အေးချမ်းသွားတဲ့အတွက် နဂါးစီးနင်းသူအရှင်က သူရဲ့နဂါးကြီးနဲ့ သေဆုံးခြင်းအလွန်နယ်နမိတ်ကို ထွက်သွားခဲ့တယ်...အဲ့ဒီအချိန်ကစပြီး လူ့လောကဟာ သာမန်ကမ္ဘာတစ်ခုလိုပဲ ပြန်ဖြစ်သွားတယ်တဲ့...နဂါးစီးနင်းသူအရှင်က သေဆုံးခြင်းအလွန်နယ်နမိတ်မှာ သူ့ချစ်သူကို နှစ်ရာချီပြီး စောင့်ဆိုင်းနေခဲ့တယ်တဲ့...သူမပြန်မလာနိုင်တာ သေချာသွားတဲ့နောက်မှာ သူပြုလုပ်ခဲ့တဲ့ဓားနဲ့ကိုယ့်ကိုယ်ကို စီရင်သွားခဲ့တယ်''

"အဲ့ဒါဆို သူ့ရဲ့နဂါးကြီးကျန်နေသေးတယ်ပေါ့''
လင်းမိုက သူစဉ်းစားမိသော မေးခွန်းကို မေးလေသည်။

"ဟုတ်တယ်...နဂါးကြီးက လူ့လောကကို ပြန်လာလို့မရဘူး...သူ့အရှင်သခင်ဖြစ်လာမယ့်သူတစ်ယောက်ကပဲ ပြန်ဆင့်ခေါ်နိုင်မှာ...ဒီမှာပြောထားတာကတော့ နဂါးစီးနင်းသူအရှင်သခင်အသစ်ဟာ လူ့လောကမှာ သာမန်လူလိုပဲ မွေးဖွားလာမယ်တဲ့ လူ့လောကကံကြမ္မာဆိုးနဲ့ကြုံတွေ့တဲ့ အခါမှ သူက သေဆုံးခြင်းအလွန် နယ်နမိတ်ကိုဖြတ်ပြီး သူရဲ့နဂါးကြီးကို ဆင့်ခေါ်ပြီး လူ့လောကကို ကာကွယ်ပေးမယ်တဲ့''
လီချန်းယုံက လင်းမိုကို ရှည်ဝေးစွာပြောပြီးသည့်နောက်မှာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။

"ပြီးသွားပြီလား''
လင်းမိုက လီချန်းယုံကို ငဲ့စောင်းကြည့်ပြီး မေးလေသည်။

"ပုံပြင်က ပြီးသွားပြီ...ဒီမှာရှင်းပြထားတာတော့ ရှိသေးတယ်
နဂါးစီးနင်းသူအရှင်ဆိုတာ သူစီးတဲ့ နဂါးကြီးကြောင့် အစွဲပြုပြီး ခေါ်ပေမယ့် တကယ်က သူက လောကကိုစောင့်ရှောက်တဲ့ ဒဏ္ဍာရီလာသတ္တဝါအားလုံးရဲ့အရှင်တဲ့...ဒဏ္ဍာရီလာသတ္တဝါတွေဆိုတာ နဂါး၊ ဇာမဏီငှက်၊ သွေးဖြူဝံပုလွေ၊ နှစ်တစ်ထောင်မြွေကြီး၊ ချီလင်.... အဲ့ဒီလို သတ္တဝါတွေအားလုံးရဲ့ အရှင်သခင်တဲ့''

လင်းမိုသည် လီချန်းယုံရှင်းပြသည်ကိုကြားသောအခါ တစ်စုံတစ်ရာကို စဉ်းစားမိဟန်ဖြင့် စိတ်လှုပ်ရှားသွားလေသည်။ သို့သော် ထိုစိတ်လှုပ်ရှားမှုအရိပ်အယောင်တို့က လီချန်းယုံ မရိပ်မိခင်လေးမှာတင် ခဏချင်းပျောက်သွားသည်။

"သွေးဖြူဝံပုလွေက ဒဏ္ဍရီလာ သတ္တဝါတွေထဲ ပါတယ်.. သူက အဲ့ဒီလိုဆို သူ့အရှင်သခင်အမိန့်ပဲနာခံမှာ''
လီချန်းယုံက တွေးဆပြီးပြောလေသည်။

လင်းမိုသာမက လီချန်းယုံပါ အတွေးရေယာဉ်တွင် နစ်မျောနေသည်။

"လင်းမို...ရှောင်ချို ကမင်းကို ဘာလို့ကြောက်တာလဲ''
လီချန်းယုံ၏ လေးနက်သောလေသံဖြင့်မေးခွန်းကို လင်းမိုက အေးအေးဆေးဆေးသာဖြေလေသည်။ ဤမေးခွန်းမှာ ဒုတိယအကြိမ်မေးခြင်းဖြစ်သည်။ လင်းမိုက တစ်ခုတည်းသော အဖြေကိုသာ ပေးလေသည်။

"ရှောင်ချိုက ငကြောက်ပါဆို...အိပ်တော့...ညဥ့်နက်နေပြီ''
လင်းမိုက သိသာစွာ စကားလမ်းကြောင်းလွှဲလိုက်သောကြောင့်လီချန်းယုံလည်း ဆက်ပြီးမပြောတော့ပေ။

"အင်း...အိပ်မယ်''

ထိုတစ်ညလုံး လင်းမိုသည် အိပ်မပျော်ပါ။ သူ၏အတွေးထဲတွင် လီချန်းယုံပြောပြသော နဂါးစီးနင်းသူအရှင်အကြောင်းက ထပ်တလဲလဲ ပေါ်လာသည်။ ယုံတမ်းပုံပြင်သက်သက်ဟု သူ့စိတ်သူဖျောင်းဖြနေပေမယ့် အတွေးများက မွန်းကြပ်လာစေသည်။ မိုးလင်းခါနီးမှ လင်းမိုသည် မှေးခနဲအိပ်ပျော်သွားသည်။

လီချန်းယုံ၏ မျက်လုံးအစုံသည် ဖြည်းညင်းစွာပွင့်လာသည်။ ပြတင်းပေါက်မှ နေ့အလင်းရောင်မမြင်ရသေးသောကြောင့် မနက်ဝေလီဝေလင်းအချိန်သာ ရှိသေးမှန်းသိလိုက်သည်။ သူကဘေးက လင်းမိုကိုကြည့်လိုက်သောအခါ လင်းမို အိပ်ပျော်နေကြောင်းတွေ့ရသည်။ ထူထဲသောမျက်ခုံးတစ်စုံက ပြေလျော့နေပြီး မကောင်းဆိုးဝါးဆန်ဆန်ပြုံးတတ်သည့်နှုတ်ခမ်းတို့က ပကတိအတိုင်းရှိနေသည်။ လီချန်းယုံ၏ သွယ်လျသော လက်ချောင်းရှည်က လင်းမို၏ နှုတ်ခမ်းကို အသာအယာထိနေသည်။ ထို့နောက် လီချန်းယုံက လင်းမို၏ နားဖျားဆီသို့ ကပ်ပြီး တစ်ခွန်းသော စကားကို တိုးလျစွာဆ်ိုလိုက်သည်။

"လင်းမို...ငါပြန်လာခဲ့မယ်''

လီချန်းယုံသည် သွေးဖြူဝံပုလွေက သူ၏အစောင့်အရှောက်ဟု သိခဲ့စဥ်က ဤဒဏ္ဍာရီကို မယုံခဲ့ပါ။ သို့သော် ယခုတွင်ကား လင်းမို၏ ရှောင်ချိုအပေါ် သခင်တစ်ယောက်လို အမိန့်ပေးနိုင်သည်တို့ကို ပြန်လည်တွေးတောမိကာ လင်းမိုသည် နောက်ထပ် နဂါးစီးနင်းသူအရှင်အသစ်ဟု သူယူဆမိလေသည်။ သူစတွေ့ခဲ့ကတည်းက လင်းမိုနှင့် ပတ်သက်၍ ထူးထူးဆန်းဆန်းခံစားနေရသည်မှာ ထိုဒဏ္ဍာရီအတိုင်း သူတို့နှစ်ယောက်သည် ပေါင်းစည်းမည့်ကံကြမ္မာကြောင့်ဟု သိလာလေသည်။

ထို့နောက်တွင် လီချန်းယုံက စိတ်ဆုံးဖြတ်ပြီးဟန်နှင့် အိပ်ရာက ထလိုက်သည်။ သူဦးတည်သွားနေသည်က သူအိပ်ဆောင်က နံရံဖြစ်သည်။ နံရံမှာ ဝံပုလွေတစ်ကောင်ပုံဆေးခြယ်ထားလေသည်။ လီချန်းယုံသည် ဝံပုလွေ၏ အနီရောင်မျက်လုံးတစ်လုံးကို ဖိလိုက်သောအခါ နံရံမှ အံဝှက်တစ်ပါသော သေတ္တာတစ်လုံး ပွင့်လာသည်။

ထိုသေတ္တာတွင် ရှိနေသည့်အရာကတော့ ဓားတစ်လက်။

ဝံပုလွေတစ်ကောင် မာန်ဖီနေပုံကို လက်ရောက်မြောက်စွာ ဓားရိုးတွင်တပ်ဆင်ထားသည့် ဓားရှည်တစ်လက်ဖြစ်သည်။

လီချန်းယုံက ထိုဓားကိုယူပြီး သူ၏ အိပ်ဆောင်ဘေးမှ လက်ဆွဲတော်ဓားကို ယူလိုက်သည်။ ထို့နောက် မြင်းဇောင်းမှ အလျင်မြန်ဆုံး သော မြင်းတစ်ကောင်ကို ရွေးချယ်ပြီး ရေခဲလွင်ပြင်သို့ ဦးတည်သွားလေတော့သည်။ သူ၏ ကျောတွင် ထပ်တူနီးပါးဆင်တူသော ဓားနှစ်လက်ကို သယ်ပိုးထားလေသည်။
__________________________________________________________________________________
Note

သေဆုံးခြင်းအလွန်နယ်နမိတ်- တစေၦဝိညာဉ်လောကနဲ့ သာမန်လူ့လောကကြားက ဘုံကိုခေါ်တာပါ။ သာမန်လူတွေလို သေဆုံးခြင်းမျိုးမရှိတော့ဘဲ အမတမသေမျိုးတွေပဲ ရှိနေတဲ့နေရာပါ။ ကောင်းကင်ဘုံမဟုတ်ပါဘူး။ လူ့လောကကိုစောင့်ရှောက်ဖို့ ပေါ်လာတဲ့ ဒဏ္ဍာရီလာသတ္တဝါတွေမွေးဖွားလာတဲ့နယ်မြေပါ။ ဥပမာအားဖြင့်ဆိုရင် သွေးဖြူဝံပုလွေ ရှောင်ချိုက သေဆုံးခြင်းအလွန်နယ်နမိတ်ကလာခဲ့တာပါ။ နယ်နမိတ်စည်းမျဉ်းကန့်သတ်ချက်က ပြင်းထန်လွန်းတဲ့အတွက် အကြောင်းမရှိဘဲလာလို့မရပါဘူး။ ရှောင်ချိုက လီချန်းယုံကို စောင့်ရှောက်ရမယ့်အချိန်တန်လို့ ရောက်လာတာပါ။ အဲ့ဒါကြောင့် နဂါးကြီးကလည်း သူ့အရှင်သခင်ကိုယ်တိုင် ဆင့်ခေါ်မှ ရောက်လာမှာပါ။

၂။ လီချန်းယုံပြောပြတဲ့ ပုံပြင်ထဲက နဂါးစီးနင်းသူအရှင်နဲ့ ကြင်ယာတော်ရဲ့ ဇာတ်လမ်းဟာတကယ်ကို ကြေကွဲစွာ အဆုံးသတ်သွားခဲ့တာပါ။ ကြင်ယာတော်ဟာ သာမန်လူသားဖြစ်တဲ့အတွက် နဂါးစီးနင်းသူအရှင် ကိုယ်တိုင်သွန်းလုပ်ထားတဲ့ ရေခဲဝိညာဉ်ဓားချက်ကို ခံနိုင်ရည်မရှိခဲ့ပါဘူး။ သူ့ဝိညာဉ်ပါ အသိတ်စိတ်အမြွာမြွာပြိုကွဲပြီး ပြန်မဝင်စားနိုင်တော့ပါဘူး။ နဂါးစီးနင်းသူအရှင်ဟာ အမတမသေမျိုးဖြစ်ပေမယ့် ကြင်ယာတော်မရှိတော့တဲ့ ဘဝကို ကိုယ်တိုင်ပဲအဆုံးသတ်ဖို့ရွေးချယ်တဲ့ အတွက်ကြောင့် ဒီလောကကြီးက အပြီးတိုင်ပျောက်ကွယ်သွားပါတယ်။ တကယ့်ကိုကြေကွဲစရာ ဒဏ္႑ာရီလေးပါ။

၃။ ချီလင်ဆိုတာ တရုတ်ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးပါ။
ခီျလင်

Zawgyi

"မိစၦာအ႐ွင္သခင္က မေသဘူးတဲ့...သူမေသတဲ့အတြက္ လူ႔ေလာကကို ဖံုးလႊမ္းေနတဲ့အေမွာင္စြမ္းအားေတြ ကပ္ဆိုးေတြက ေပ်ာက္မသြားဘူး...အဲ့ဒါေၾကာင့္ လူ႔ေလာကရဲ႕ဘုရင္ နဂါးစီးနင္သူအ႐ွင္က မိစၦာအ႐ွင္သခင္ကို ေသေစႏိုင္မယ့္ ဓားတစ္လက္ျပဳလုပ္ခဲ့တယ္...သူကတစ္လတိတိအခ်ိန္ယူၿပီး ေတာအုပ္နက္ထဲက လိုဏ္ဂူထဲမွာ ဓားတစ္လက္သြန္းလုပ္ခဲ့တယ္...ဒါေပမယ့္ အဲ့ဒီဓားက မိစၦာအ႐ွင္သခင္ကို ရင္ဝကို ထိုးဖို႔ုႀကိဳးစားေနတုန္းမွာပဲ အရည္ေပ်ာ္သြားတယ္...မိစၦာအ႐ွင္သခင္ရဲ႕ စြမ္းအားေတြက ျပင္းလြန္းၿပီး သူ႔ရဲ႕ဓားက ခံႏိုင္ရည္မ႐ွိဘူး။ ဒီလိုနဲ႔ နဂါးစီးနင္းသူအ႐ွင္က ဓားေတြတစ္လက္ၿပီး တစ္လက္ျပဳလုပ္ခဲ့ေပမယ့္ သူက မိစၦာအ႐ွင္သခင္ကို အေသသတ္ႏိုင္မယ့္ ဓားကိုမျပဳလုပ္ႏိုင္ခဲ့ဘူး''

လီခ်န္းယံုက ဇာတ္ေၾကာင္းကို စိတ္ဝင္စားစြာေျပာျပေနသလို လင္းမိုကလည္း အာရံုမေျပာင္းပဲနားေထာင္ေနသည္။

"နဂါးစီးနင္သူအ႐ွင္ရဲ႕ ၾကင္ယာေတာ္က သူမခင္ပြန္းရဲ႕ လူ႔ေလာကကို ကယ္တင္ဖို႔ႀကိဳးပမ္းေနတာေတြ မေအာင္ျမင္တာေတြ သိတဲ့အခါမွာ သူမကိုယ္တိုင္ မိစၦာအ႐ွင္သခင္ကို ခ်ဳပ္ေႏွာင္ထားတဲ့ ေျမေအာက္ခန္းထဲသြားၿပီး မိစၦာအ႐ွင္သခင္ကို သတ္ႏိုင္မယ့္ ဓားအေၾကာင္းသြားေမးခဲ့တယ္'' လီခ်န္းယံု၏ စကားဆံုးေသာအခါ လင္းမိုက မွတ္ခ်က္ျပဳေလသည္။

"သူမက မင္းနဲ႔တူတယ္''
လင္းမို၏ စကားေၾကာင့္ လီခ်န္းယံုက အံ့အားသင့္သြားေလသည္။

"ဘာလို႔လဲ''

"ဘယ္သူက ရန္သူကို ကိုယ့္ကို သတ္ႏိုင္မယ့္ လွ်ိဳ႕ဝွက္ခ်က္ကိုေျပာမွာလဲ...သူမကတံုးလိုက္တာ''

"မင္းမသိပဲမေျပာနဲ႔...နဂါးစီးနင္းသူရဲ႕ ၾကင္ယာေတာ္က မင္းေျပာသလို တံုးတယ္ဆိုရင္ေတာင္ သူမက သူ႔ခ်စ္ခင္ပြန္းအတြက္ အသက္ေတာင္စြန္႔ရဲတယ္...အဲ့ဒီလို ခ်စ္ျခင္းမ်ိဳးက ေနရာတကာ ေတြ႔ႏိုင္ရမယ္ထင္လို႔လား''
လီခ်န္းယံု၏ ေလသံမာမာစကားသံေၾကာင့္ သူေဒါသထြက္သြားသည္မွာ ေသခ်ာပါသည္။

"ငါေျပာတာေစာသြားတာ...ဆက္ဖတ္''

"မိစၦာအ႐ွင္သခင္က သူ႔ကို သတ္ႏိုင္မယ့္ တစ္ခုတည္းေသာ လွ်ိဳ႕ဝွက္ခ်က္ကို ၾကင္ယာေတာ္ကို ေျပာျပခဲ့တယ္...ဘာလို႔လဲဆိုေတာ့ သူမ တကယ္မလုပ္ရဲဘူး ထင္လို႔...ေနာက္တစ္ေန႔မွာ နဂါးစီးနင္းသူအ႐ွင္ဟာ သူ႔အိပ္ေဆာင္ရဲ႕ေဘးမွာ ဓားတစ္လက္ကို ေတြ႔ခဲ့တယ္.... ဓားကေရခဲတမွ် ေအးစက္ေနၿပီး ေသြးခ်င္းခ်င္းနီေနခဲ့တယ္...နဂါးစီးနင္းသူအ႐ွင္က အခ်ိန္မဆိုင္းဘဲ အဲ့ဒီဓားနဲ႔ မိစၦာအ႐ွင္သခင္ ကိုသြားသတ္ခဲ့တယ္...မိစၦာအ႐ွင္သခင္ ေသသြားတဲ့ အတြက္ လူ႔ေလာကကို ဖံုးလႊမ္းေနတဲ့ အေမွာင္စြမ္းအားေတြ၊ ကပ္ဆိုးေတြလည္း မ႐ွိေတာ့ဘူးတဲ့''

လီခ်န္းယံု၏ အသံက အနည္းငယ္တုန္ယင္ေနသည္။ သူ႔မ်က္ဝန္းေတြက စိတ္မေကာင္းႀကီးစြာ ျဖစ္ေနပံု႐ွိသည္။ သူက သက္ျပင္းခ်ၿပီး ပံုျပင္ကို ဆက္ဖတ္ျပေလသည္။

"နဂါးစီးနင္းသူအ႐ွင္ဟာ သူ႔ရဲ႕ၾကင္ယာေတာ္နန္းေဆာင္ကို အေျပးအလႊားသြားၿပီး ဝမ္းေျမာက္စရာသတင္းသြားေျပာခဲ့တယ္ ဒါေပမယ့္ နန္းေဆာင္မွာ သူေတြ႔လိုက္ရတာက ရင္ဝမွာ ဓားဒဏ္ရာနဲ႔ ေသဆံုးေနတဲ့ သူမရဲ႕အေလာင္း''

"သူမက ကိုယ့္ကိုယ္ကို သတ္ေသခဲ့တာလား''

"ဟုတ္တယ္...မိစၦာအ႐ွင္သခင္ ေျပာျပတဲ့ လွ်ိဳ႕ဝွက္ခ်က္က နဂါးစီးနင္းသူျပဳလုပ္တဲ့ဓားေတြက တစ္ခုခုခြၽတ္ေခ်ာ္ေနလို႔မဟုတ္ဘူးတဲ့...နဂါးစီးနင္းသူအ႐ွင္က သူ႔အသက္အပ္ႏွင္းၿပီး ခ်စ္ရေလာက္တဲ့သူရဲ႕ ႏွလံုးေသြးနဲ႔စီရင္တဲ့ ဓားကပဲ မိစၦာအ႐ွင္သခင္ကို သတ္ႏိုင္မွာတဲ့...အဲ့ဒီလွ်ိဳ႕ဝွက္ခ်က္ကို မိစၦာအ႐ွင္သခင္ေျပာျပလိုက္တဲ့အေျကာင္းက နဂါးစီးနင္းသူက သူ႔ရဲ႕ၾကင္ယာေတာ္ကို မသတ္ရက္ဘူးဆိုတာသိေနလို႔...ဒါေပမယ့္ သူမသိတာက ၾကင္ယာေတာ္ကလည္း သူမရဲ႕အသက္ကိုေတာင္စြန္႔ၿပီး နဂါးစီးနင္းသူအရွင္အတြက္ ေပးဆပ္ႏိုင္တယ္ဆိုတာ''

"သူမက တကယ့္ကိုခ်စ္ခဲ့တာပဲ'' လင္းမိုက စိတ္မေကာင္းစြာ မွတ္ခ်က္ျပဳေလသည္။

"ဟုတ္တယ္...သူမခ်စ္ရတဲ့သူအတြက္ အသက္ကိုေတာင္စေတးခဲ့တာ''

"ဘာဆက္ျဖစ္သြားလဲ နဂါးစီးနင္းသူအ႐ွင္က...''
လင္းမိုက က်န္႐ွိတဲ့ ဇာတ္ေၾကာင္းကို စိတ္ဝင္စားစြာေမးေလသည္။

"လူ႔ေလာကက ေအးခ်မ္းသြားတဲ့အတြက္ နဂါးစီးနင္းသူအ႐ွင္က သူရဲ႕နဂါးျကီးနဲ႔ ေသဆံုးျခင္းအလြန္နယ္နမိတ္ကို ထြက္သြားခဲ့တယ္...အဲ့ဒီအခ်ိန္ကစၿပီး လူ႔ေလာကဟာ သာမန္ကမၻာတစ္ခုလိုပဲ ျပန္ျဖစ္သြားတယ္တဲ့...နဂါးစီးနင္းသူအ႐ွင္က ေသဆံုးျခင္းအလြန္နယ္နမိတ္မွာ သူ႔ခ်စ္သူကို ႏွစ္ရာခ်ီၿပီး ေစာင့္ဆိုင္းေနခဲ့တယ္တဲ့...သူမျပန္မလာနိုင္တာ ေသခ်ာသြားတဲ့ေနာက္မွာ သူျပဳလုပ္ခဲ့တဲ့ဓားနဲ႔ကိုယ့္ကိုယ္ကို စီရင္သြားခဲ့တယ္''

"အဲ့ဒါဆို သူ႔ရဲ႕နဂါးႀကီးက်န္ေနေသးတယ္ေပါ့''
လင္းမိုက သူစဥ္းစားမိေသာ ေမးခြန္းကို ေမးေလသည္။

"ဟုတ္တယ္...နဂါးႀကီးက လူ႔ေလာကကို ျပန္လာလို႔မရဘူး...သူ႔အ႐ွင္သခင္ျဖစ္လာမယ့္သူတစ္ေယာက္ကပဲ ျပန္ဆင့္ေခၚႏိုင္မွာ...ဒီမွာေျပာထားတာကေတာ့ နဂါးစီးနင္းသူအ႐ွင္သခင္အသစ္ဟာ လူ႔ေလာကမွာ သာမန္လူလိုပဲ ေမြးဖြားလာမယ္တဲ့ လူ႔ေလာကကံၾကမၼာဆိုးနဲ႔ၾကံဳေတြ႔တဲ့ အခါမွ သူက ေသဆံုးျခင္းအလြန္ နယ္နမိတ္ကိုျဖတ္ၿပီး သူရဲ႕နဂါးႀကီးကို ဆင့္ေခၚၿပီး လူ႔ေလာကကို ကာကြယ္ေပးမယ္တဲ့''
လီခ်န္းယံုက လင္းမိုကို ႐ွည္ေဝးစြာေျပာၿပီးသည့္ေနာက္မွာ သက္ျပင္း႐ွည္ႀကီးတစ္ခ်က္ခ်လိုက္သည္။

"ၿပီးသြားၿပီလား''
လင္းမိုက လီခ်န္းယံုကို ငဲ့ေစာင္းၾကည့္ၿပီး ေမးေလသည္။

"ပံုျပင္က ၿပီးသြားၿပီ...ဒီမွာ႐ွင္းျပထားတာေတာ့ ႐ွိေသးတယ္
နဂါးစီးနင္းသူအ႐ွင္ဆိုတာ သူစီးတဲ့ နဂါးႀကီးေၾကာင့္ အစြဲျပဳၿပီး ေခၚေပမယ့္ တကယ္က သူက ေလာကကိုေစာင့္ေ႐ွာက္တဲ့ ဒ႑ာရီလာသတၱဝါအားလံုးရဲ႕အ႐ွင္တဲ့...ဒ႑ာရီလာသတၱဝါေတြဆိုတာ နဂါး၊ ဇာမဏီငွက္၊ ေသြးျဖဴဝံပုေလြ၊ ႏွစ္တစ္ေထာင္ေႁမြႀကီး၊ ခ်ီလင္.... အဲ့ဒီလို သတၱဝါေတြအားလံုးရဲ႕ အ႐ွင္သခင္တဲ့''

လင္းမိုသည္ လီခ်န္းယံု႐ွင္းျပသည္ကိုၾကားေသာအခါ တစ္စံုတစ္ရာကို စဥ္းစားမိဟန္ျဖင့္ စိတ္လႈပ္႐ွားသြားေလသည္။ သို႔ေသာ္ ထိုစိတ္လႈပ္႐ွားမႈအရိပ္အေယာင္တို႔က လီခ်န္းယံု မရိပ္မိခင္ေလးမွာတင္ ခဏခ်င္းေပ်ာက္သြားသည္။

"ေသြးျဖဴဝံပုေလြက ဒ႑ာရီလာ သတၱဝါေတြထဲ ပါတယ္.. သူက အဲ့ဒီလိုဆို သူ႔အ႐ွင္သခင္အမိန္႔ပဲနာခံမွာ'' လီခ်န္းယံုက ေတြးဆၿပီးေျပာေလသည္။

လင္းမိုသာမက လီခ်န္းယံုပါ အေတြးေရယာဥ္တြင္ နစ္ေမ်ာေနသည္။

"လင္းမို...ေ႐ွာင္ခ်ိဳ ကမင္းကို ဘာလို႔ေၾကာက္တာလဲ''
လီခ်န္းယံု၏ ေလးနက္ေသာေလသံျဖင့္ေမးခြန္းကို လင္းမိုက ေအးေအးေဆးေဆးသာေျဖေလသည္။ ဤေမးခြန္းမွာ ဒုတိယအႀကိမ္ေမးျခင္းျဖစ္သည္။ လင္းမိုက တစ္ခုတည္းေသာ အေျဖကိုသာ ေပးေလသည္။

"ေ႐ွာင္ခ်ိဳက ငေၾကာက္ပါဆို...အိပ္ေတာ့...ညဥ့္နက္ေနၿပီ''
လင္းမိုက သိသာစြာ စကားလမ္းေၾကာင္းလႊဲလိုက္ေသာေၾကာင့္လီခ်န္းယံုလည္း ဆက္ၿပီးမေျပာေတာ့ေပ။

"အင္း...အိပ္မယ္''

ထိုတစ္ညလံုး လင္းမိုသည္ အိပ္မေပ်ာ္ပါ။ သူ႔အေတြးထဲမွာ လီခ်န္းယံုေျပာျပေသာ နဂါးစီးနင္းသူအ႐ွင္အေၾကာင္းက ထပ္တလည္လည္ ေပၚလာသည္။ ယံုတမ္းပံုျပင္သက္သက္ဟု သူ႔စိတ္သူေဖ်ာင္းျဖေနေပမယ့္ အေတြးမ်ားက မြန္းၾကပ္လာေစသည္။ မိုးလင္းခါနီးမွ လင္းမိုသည္ ေမွးခနဲအိပ္ေပ်ာ္သြားသည္။

လီခ်န္းယံု၏ မ်က္လံုးအစံုသည္ ျဖည္းညင္းစြာပြင့္လာသည္။ ျပတင္းေပါက္မွ ေန႔အလင္းေရာင္မျမင္ရေသးေသာေၾကာင့္ မနက္ေဝလီေဝလင္းအခ်ိန္သာ ႐ွိေသးမွန္းသိလိုက္သည္။ သူကေဘးက လင္းမိုကိုၾကည့္လိုက္ေသာအခါ လင္းမို အိပ္ေပ်ာ္ေနေၾကာင္းေတြ႔ရသည္။ ထူထဲေသာမ်က္ခံုးတစ္စံုက ေျပေလ်ာ့ေနၿပီး မေကာင္းဆိုးဝါးဆန္ဆန္ျပံဳးတတ္သည့္ႏႈတ္ခမ္းတို႔က ပကတိအတိုင္း႐ွိေနသည္။ လီခ်န္းယံု၏ သြယ္လ်ေသာ လက္ေခ်ာင္း႐ွည္က လင္းမို၏ ႏႈတ္ခမ္းကို အသာအယာထိေနသည္။ ထို႔ေနာက္ လီခ်န္းယံုက လင္းမို၏ နားဖ်ားဆီသို႔ ကပ္ၿပီး တစ္ခြန္းေသာ စကားကို တိုးလ်စြာဆ္ိုလိုက္သည္။

"လင္းမို...ငါျပန္လာခဲ့မယ္''

ထို႔ေနာက္ လီခ်န္းယံုက စိတ္ဆံုးျဖတ္ၿပီးဟန္ႏွင့္ အိပ္ရာက ထလိုက္သည္။ သူဦးတည္သြားေနသည္က သူအိပ္ေဆာင္က နံရံျဖစ္သည္။ နံရံမွာ ဝံပုေလြတစ္ေကာင္ပံုေဆးျခယ္ထားေလသည္။ လီခ်န္းယံုသည္ ဝံပုေလြ၏ အနီေရာင္မ်က္လံုးတစ္လံုးကို ဖိလိုက္ေသာအခါ နံရံမွ အံဝွက္တစ္ပါေသာ ေသတၱာတစ္လံုး ပြင့္လာသည္။ ထိုေသတၱာတြင္ ႐ွိေနသည့္အရာကေတာ့.....

ဓားတစ္လက္။ ဝံပုေလြတစ္ေကာင္ မာန္ဖီေနပံုကို လက္ေရာက္ေျမာက္စြာ ဓား႐ိုးတြင္တပ္ဆင္ထားသည့္ ဓား႐ွည္တစ္လက္...

လီခ်န္းယံုက ထိုဓားကိုယူၿပီး သူ၏ အိပ္ေဆာင္ေဘးမွ လက္ဆြဲေတာ္ဓားကို ယူလိုက္သည္။ ထို႔ေနာက္ ျမင္းေဇာင္းမွ အလ်င္ျမန္ဆံုး ေသာ ျမင္းတစ္ေကာင္ကို ေရြးခ်ယ္ၿပီး ေရခဲလြင္ျပင္သို႔ ဦးတည္သြားေလေတာ့သည္။ သူ၏ ေက်ာတြင္ ထပ္တူနီးပါးဆင္တူေသာ ဓားႏွစ္လက္ကို သယ္ပိုးထားေလသည္။
__________________________________________________________________________________
Note

ေသဆံုးျခင္းအလြန္နယ္နမိတ္- တေစၦဝိညာဥ္ေလာကနဲ႔ သာမန္လူ႔ေလာကၾကားက ဘံုကိုေခၚတာပါ။ သာမန္လူေတြလို ေသဆံုးျခင္းမ်ိဳးမ႐ွိေတာ့ဘဲ အမတမေသမ်ိဳးေတြပဲ ႐ွိေနတဲ့ေနရာပါ။ ေကာင္းကင္ဘံုမဟုတ္ပါဘူး။ လူ႔ေလာကကိုေစာင့္ေ႐ွာက္ဖို႔ ေပၚလာတဲ့ ဒ႑ာရီလာသတၱဝါေတြေမြးဖြားလာတဲ့နယ္ေျမပါ။ ဥပမာအားျဖင့္ဆိုရင္ ေသြးျဖဴဝံပုေလြ ေ႐ွာင္ခ်ိဳက ေသဆံုးျခင္းအလြန္နယ္နမိတ္ကလာခဲ့တာပါ။ နယ္နမိတ္စည္းမ်ဥ္းကန္႔သတ္ခ်က္က ျပင္းထန္လြန္းတဲ့အတြက္ အေၾကာင္းမ႐ွိဘဲလာလို႔မရပါဘူး။ ေ႐ွာင္ခ်ိဳက လီခ်န္းယံုကို ေစာင့္ေ႐ွာက္ရမယ့္အခ်ိန္တန္လို႔ ေရာက္လာတာပါ။ အဲ့ဒါေၾကာင့္ နဂါးႀကီးကလည္း သူ႔အ႐ွင္သခင္ကိုယ္တိုင္ ဆင့္ေခၚမွ ေရာက္လာမွာပါ။

၂။ လီခ်န္းယံုေျပာျပတဲ့ ပံုျပင္ထဲက နဂါးစီးနင္းသူအ႐ွင္နဲ႔ ၾကင္ယာေတာ္ရဲ႕ ဇာတ္လမ္းဟာတကယ္ကို ေၾကကြဲစြာ အဆံုးသတ္သြားခဲ့တာပါ။ ၾကင္ယာေတာ္ဟာ သာမန္လူသားျဖစ္တဲ့အတြက္ နဂါးစီးနင္းသူအ႐ွင္ ကိုယ္တိုင္သြန္းလုပ္ထားတဲ့ ေရခဲဝိညာဥ္ဓားခ်က္ကို ခံႏိုင္ရည္မ႐ွိခဲ့ပါဘူး။ သူ႔ဝိညာဥ္ပါ အသိတ္စိတ္အႁမြာႁမြာၿပိဳကြဲၿပီး ျပန္မဝင္စားႏိုင္ေတာ့ပါဘူး။ နဂါးစီးနင္းသူအ႐ွင္ဟာ အမတမေသမ်ိဳးျဖစ္ေပမယ့္ ၾကင္ယာေတာ္မ႐ွိေတာ့တဲ့ ဘဝကို ကိုယ္တိုင္ပဲအဆံုးသတ္ဖို႔ေရြးခ်ယ္တဲ့ အတြက္ေၾကာင့္ ဒီေလာကႀကီးက အၿပီးတိုင္ေပ်ာက္ကြယ္သြားပါတယ္။ တကယ့္ကိုေၾကကြဲစရာ ဒ႑ာရီေလးပါ။

၃။ ခ်ီလင္ဆိုတာ တ႐ုတ္ဒ႑ာရီလာ သတၱဝါတစ္မ်ိဳးပါ။
ခီ်လင္

Continue Reading

You'll Also Like

194K 20.9K 101
ဘာသာပြန်သူ - စွဲညို့အသင်း
102K 8.9K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
471K 49K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
60.3K 6.4K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...