The True Conqueror [Complete]

By Heather_Bell

4.4M 500K 28.5K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter16

54.6K 6.2K 418
By Heather_Bell

Unicode

လီချန်းယုံသည် ပန်းသစ်တော်သီး၏ မျက်နှာကြောင့် လင်းမိုကို အဆောင်သို့ ခေါ်ဆောင်လာလေသည်။ အဆောင်သို့ရောက်သောအခါ လီချန်းယုံက ပန်းသစ်တော်သီးများကို လှီးပေးရန် အစေခံတစ်ယောက်အားစေခိုင်းလေသည်။

"ဒါတွေပဲ သန့်စင်ခဲ့...ပြီးရင် မလှှီးနဲ့''
လင်းမို၏ စကားကြောင့် လီချန်းယုံက ဘာလို့လဲဆိုသော သဘောဖြင့် မျက်ခုံးပင့်ပြသည်။ လင်းမိုကမူ လီချန်းယုံ၏ အမူအရာကို မသိဟန်ဆောင်ကာ အိပ်ဆောင်ဆီသို့ ဦးတည်သွားလေသည်။

လီချန်းယုံ၏ နန်းဆောင်သည် အိမ်ရှေ့စံ၏ အဆောင်ပီသစွာပင် ခမ်းနားထည်ဝါစွာရှိပြီး အလွန်ကျယ်လေသည်။ သို့ပေမယ့် ခြုံငုံကြည့်လျှင် အိပ်ဆောင်မှာ ရိုးရှင်းစွာရှိပြီး အဆောင်အယောင်များများ မရှိပေ။ အဖြူရောင်နှင့်အပြာရောင်ရောယှက်ထားသည့် သားမွှေးကြီးကို ခင်းထားသည့် အိပ်ရာ၊ ဝံပုလွေမာန်ဖီနေပုံကို ခေါင်းရင်းတွင် ထွင်းထုထားသည့် ခုတင်၊ အိပ်ရာဘေးတွင်တော့ ဆီးမီးအိမ်တင်သည့် စားပွဲပုလေးတစ်ခုံရှိလေသည်။ စားပွဲပုလေးတွင် ဆီးမီးခွက်လေးများအစီအရီရှိပြီး ထွန်းညှိထားလေသည်။ နေ့ခင်းတွင် ထွန်းညှိထားသည်ကို ကြည့်ရသည်မှာ ထိုဆီးမီးခွက်လေးများသည် အမွှေးနံ့သက်သက်ရအောင်သာ ရည်ရွယ်ထားခြင်းဖြစ်လိမ့်မည်။ ထို့ကြောင့် လီချန်းယုံ၏ နန်းဆောင်မှာ မွှေးရနံ့တစ်မျိုး သင်းပျံ့နေခြင်းဖြစ်သည်။ အမွှေးရနံ့သည် ထုံအီသော ရနံ့မျိုးမဟုတ်ပဲ သဘာဝဆန်ဆန်ပန်းရနံ့တို့ပေါင်းစပ်နေသော အနံ့ုဖစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် လီချန်းယုံ၏ ကိုယ်သင်းရနံ့........

လင်းမို၏ စူးစမ်းသမျှကို လီချန်းယုံက လက်လျှော့ထားဟန်နှင့် အေးအေးသာသာ လက်ပိုက်ကြည့်နေလေသည်။

လီချန်းယုံ၏ အိပ်ဆောင်နံရံတွင်နေရာယူထားသည်ကတော့ အရွယ်အစားမျိုးစုံရှိသည့် လေးနှင့်မြှားများဖြစ်လေသည်။ အိပ်ဆောင်၏ နေရာတော်တော်များများကိုလည်း စာအုပ်များကို စီရီစွာတင်ထားသည့် စာအုပ်စင်တစ်ချို့က နေရာယူထားလေသည်။ ထိုအရာများမှ လွဲ၍ ထူးခြားသည့်အရာမရှိ...

မကြာမီ အစေခံက ပန်းသစ်တော်သီးများကို အသီးသီးထည့်ပြီး ယူဆောင်လာလေသည်။ လင်းမိုစေခိုင်းသည့်အတ်ိုင်း သစ်သီးအလုံးလိုက်သာယူဆောင်လာခြင်းဖြစ်သည်။ လင်းမိုက သစ်သီးများကို မြင်သောအခါ သူ့လက်ကို အရင်သန့်စင်လေသည်။ လီချန်းယုံက လင်းမိုလုပ်သမျှ ထိုင်ကြည့်နေသည်။ လင်းမိုကဓားကိုကောက်ကိုင်ချိန်မှာတော့ လီချန်းယုံက မနေနိုင်တော့ပဲ မေးလေသည်။

"မင်းခွဲပေးမလို့လား''

"အင်း''

" အဲ့ဒါဆိုရင်လည်း မြန်မြန်လုပ်''

လီချန်းယုံ၏ လော်ဆော်သောစကားကြောင့် လင်းမိုမှာ နှာခေါင်းရှုံ့့သွားသည်။ လီချန်းယုံသည် ဆယ့်ငါးပြည်ထောင်ကိုပိုင်စိုးသည့် ဘုရင်ကြီးအနေဖြင့် သစ်သီးခွဲပေးသည်မှာ သာမန်ကိစ္စဟုထင်မှတ်နေသည်လားမသိပါ။

သို့ပေမယ့် အနှီဝံပုလွေဖြူလေး၏ ပန်းသစ်တော်သီးများမှ မခွာနိုင်သော မျက်လုံးဝိုင်းဝိုင်းများကို မကြည့်ရက်သည်နှင့်အမျှ လင်းမိုသည် သစ်သီးခွဲခြင်းအမှုကို စတင်ရလေတော့သည်။

လင်းမိုသည် သစ်သီးများကို တစ်လုံးပြီးတစ်လုံး အစိတ်စိတ်လေးများဖြစ်အောင် သေသေသပ်သပ်လှီးပေးနေလေသည်။ သူ၏ ဓားသိုင်းပညာတွင် တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်လှသောလက်များသည် ယခုတော့ တစ်စုံတစ်ယောက်အတွက် သစ်သီးခွဲပေးနေရလေသည်။

သစ်သီးစိတ်လေးများမှာ ထည့်စရာပန်းကန်ပြားလေးတွင် စက္ကန့်ပိုင်းများပင် မနေရဘဲ လီချန်းယုံ၏ ပါးစပ်ထဲသို့ တစ်စိတ်ပြီး တစ်စိတ်ရောက်သွားလေတော့သည်။

"ဖြည်းဖြည်းစား''

"အင်....''
လီချန်းယုံ၏ အင်းဆိုသောအသံမှာ ပါးစပ်ထဲက သစ်တော်သီးများကြောင့် မပီမပြင်...

"စားလို့ကောင်းလား''

လီချန်းယုံက ခေါင်းငြိမ့်ပြလိုက်သည်။ သူ့လက်ချောင်းလေးက သစ်တော်သီးစိတ်လေးဆီ ဦးမတည်မီရပ်တန့်သွားလေသည်။ အခုမှ သတိရသည်။ သစ်တော်သီးများကို ယူလာပေးသော လင်းမိုက တစ်စိတ်မျှမစားရသေး...

"မင်းရော စားဦးမလား''

လင်းမိုကခေါင်းယမ်းပြသည်။

"ငါလက်မအားဘူး....''

လင်းမိုက လီချန်းယုံစားသမျှကို လက်မလည်အောင် ခွဲပေးနေရသောကြောင့် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

သို့ပေမယ့် သူထင်မှတ်မထားဘဲ ပိရိသေသပ်သော နှုတ်ခမ်းတစ်စုံမှာ အေးသက်သော အထိအတွေ့ကို ရလိုက်သည်။

သစ်တော်သီးစိတ်လေးတစ်စိတ်...
လီချန်းယုံ၏ သွယ်လျသော လက်ချောင်းလေးတွေက ကိုင်ဆောင်ထားသော သစ်တော်သီးစိတ်ကလေးက လင်းမို၏ နှုတ်ခမ်းနားမှာ တည်ရှိနေသည်။

"စားလေ''
လင်းမို၏ ကြောင်အမ်းသော အပြုအမူကြောင့် လီချန်းယုံက သူ့လက်လေးကို ပိုပြီး ရှေ့တိုးပေးလေသည်။ သူလက်ချောင်းလေးက လင်းမို၏ နှုတ်ခမ်းကို ထိလုမတတ်။

လင်းမိုက အချိန်မဆိုင်းဘဲ သူ့နှုတ်ခမ်းကို ဖွင့်ဟပြီး သစ်တော်သီးစိတ်လေးကို ကိုက်လိုက်သည်။ လီချန်းယုံ၏ လက်ချောင်းလေးနှင့် သူ့နှုတ်ခမ်းသားမှာ မထိတထိပွတ်သပ်မိသွားသည်။ ထိုအခိုက်အတန့်မှာ လင်းမို၏ ခန္တာကိုယ်မှ သွေးများက ပြောင်းပြန်စီးဆင်းသလို ခံစားလိုက်ရသည်။ လီချန်းယုံကမူ မည်သည့်အရာကိုမှ သတိမထားမိဟန်ဖြင့် သစ်တော်သီးနောက်တစ်စိတ်ဆီလှမ်းနေသည်။

ဤသို့ဖြင့်...သစ်တော်သီးတော်တော်များများကုန်သွားသည့်အခါမှ လီချန်းယုံကလက်ကာပြလေသည်။
"တော်ပြီ... ''

"ဝပြီလား''

"အင်း...''

ဤသို့ဖြင့် လင်းမိုနှင့် လီချန်းယုံ၏ သစ်တော်သီးကို စားပွဲတည်သည်အမှု ပြီးစီးသည့်အချိန်မှာ လီချန်းယုံက လက်အောက်ခံ အိမ်တော်အကြီးအကဲတစ်ယောက်နှင့် တွေ့ဆုံစရာရှိသောကြောင့် ထွက်သွားလေသည်။ လင်းမိုသည် တစ်ယောက်တည်းကျန်ခဲ့သော အိပ်ဆောင်တွင် လီချန်းယုံ၏ စာအုပ်စင်မှာ တစ်အုပ်ကို ဆွဲယူပြီး ဖတ်ရှုနေလေသည်။ သူယူလိုက်သော စာအုပ်သည် မြောက်ပိုင်း၏ ပထဝီဝင်အနေအထားနှင့် သမိုင်းကြောင်းကို ယေဘုယျရှင်းပြထားသော စာအုပ်ဖြစ်သည်။ လင်းမိုက စိတ်ဝင်တစားဖတ်ရှုရင်းနှင့်ပင် အချိန်ကုန်မှန်းမသိ ကုန်လွန်သွားလေသည်။

လီချန်းယုံအိပ်ဆောင်သို့ပြန်ရောက်သောအခါ လင်းမိုမပြန်သေးပဲ ရှိနေသောကြောင့် အံ့အားသင့်သွားလေသည်။ အနှီဆယ့်ငါးနိုင်ငံကို အစိုးရသည့်ဘုရင်ကြီးသည် အလွန်တရာ အားလပ်နေဟန်ပေါ်ပြီး စာအုပ်ကိုပင် အေးအေးဆေးဆေး ဖတ်ရှုနေချေသေးသည်။

"လင်းမို...မင်းတစ်နေကုန်လုပ်စရာမရှိဘူးလား ဘယ်လိုပဲမြောက်ပိုင်းကိုရောက်နေနေ...မင်းမှာကွပ်ကဲဖို့စစ်တပ်ကြီးလည်းရှိတယ် ခမည်းတော်နဲ့လည်း နှစ်နိုင်ငံအရေးဆွေးနွေးလို့ရတယ် တောင်ပိုင်းကရော သဝဏ်လွှာတွေပို့တာတွေမရှိဘူးလား''

လင်းမိုက လီချန်းယုံ၏ အမေးစကားကို ခေါင်းငဲ့ကြည့်ပြီး တစ်ခွန်းတည်းသာ တုံ့ပြန်လေသည်။
"ငါ့လက်အောက်ကလူတွေက ဘာလုပ်ဖို့ထားတာလဲသိလား''

လင်းမို၏ အဖြေကြောင့် လီချန်းယုံကမျက်နှာမဲ့သွားသည်။
"ပြောမရဘူးလေ တစ်ယောက်ယောက်က မင်းကိုလုပ်ကြံဖို့ အစီအစဉ်ဆွဲရင်ဆွဲနေမှာပေါ့''

"ငါ့ကိုလုပ်ကြံမယ့်သူရှိမယ်လို့မင်းထင်လို့လား...ရှိရင်တောင် ငါ့ကိုလုပ်ကြံဖို့အထိ ပိပိရိရိအကွက်ချနိုင်မယ်ထင်လား...အဲ့ဒီလိုလုပ်နိုင်ရင်တောင် ငါ့ကမရိပ်မိဘူးထင်လို့လား'' လင်းမို၏ မိုးထိမတတ် ဘဝင်လေဟပ်နေသော အသံကြောင့် လီချန်းယုံမှာ ခံပြင်းသွားသည်။

"ရှိတယ် ငါလုပ်ကြံမှာ...''
လင်းမို၏ စူးရဲသောအကြည့်တစ်စုံက လီချန်းယုံဆီ ကျရောက်သွားလေသည်။ သူ့အကြည့်တို့မှာ ဒေါသအရိပ်အယောင်မရှိ။ ရွှင်မြူးခြင်းသာရှိလေသည်။

"မင်းအခုလိုပြောပြထားပြီး လုပ်ကြံမယ်ဆိုကတည်းက အစီအစဉ်ကတော်တော်ပိရိနေပါပြီ''
လီချန်းယုံက လင်းမိုကို ဒေါသထွက်ဟန်ဖြင့် အကြည့်စူးစူးတစ်ချက်ပေးလေသည်။

"မင်းမပြန်သေးဘူးလား''

"ငါမပြန်တော့ဘူး...ဒီမှာအိပ်မှာ''

လင်းချန်းယုံ၏ အကြည့်စူးစူးတို့မှာ မီးလျှံတို့ထတောက်မတတ် ဝင်းသွားလေသည်။
"မင်းဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေရအောင် မင်းရဲ့မိဖုရားအဆောင်မှတ်နေလား ဒါက မြောက်ပိုင်းအိမ်ရှေ့စံရဲ့အဆောင်''

"ငါ့ကိုယ်ရံတော်တပ်ဖွဲ့က ဒီနေ့ရောက်လာတာ...သူတို့အတွက်အိပ်ဆောင်မရှိဘူးလေ အဲ့ဒါကြောင့် ငါ့အိပ်ဆောင်ကိုသူတို့ပေးပြီး ငါကမင်းဆီလာနေမလို့'' လင်းမိုက အပြစ်ကင်းမဲ့စွာဖြင့် ဤကိစ္စမှာ သူကြိုတင်စီစဉ်ထားခြင်းမဟုတ်ဟန်နှင့် ရှင်းပြလေသည်။

တခြားနန်းဆောင်တွေရှိနေသည်ဟု ပြောမည်ပြုပြီးမှ ကိစ္စတစ်ခုကို လီချန်းယုံသတိရသည်။ လတ်တလောတွင် လက်အောက်ခံအိမ်တော်အကြီးအကဲအသီးသီးနန်းတော်သို့ရောက်ရှိလာခြင်း ခမည်းတော်အတွက် ပင့်ဖိတ်ထားသော သမားတော်များရောက်ရှိလာခြင်းကြောင့် နန်းဆောင်များမကျန်တော့ပါ။ သို့ဖြစ်၍ လင်းမိုပြောသည်မှာ သဘာဝကျပါသည်။ လင်းမို၏ ကိုယ်ရံတော်တပ်ဖွဲ့ကို အစေခံအဆောင်များတွင် သွားနေစေပါကလည်း တောင်ပိုင်းဆယ့်ငါးနိုင်ငံလုံးကို စော်ကားခြင်းမြောက်ပေဦးမည်။

"ဟင်း...'' လီချန်းယုံမှာ သက်ပြင်းရှည်ကြီးသာချမိသည်။ မနေ့ညကလည်း သေရည်မူးပြီး လင်းမိုအဆောင်ကို လိုက်အိပ်သူမှာ မိမိကိုယ်တိုင်ပင်ဖြစ်နေသောကြောင့် လီချန်းယုံက စောဒကမတက်တော့ပေ။

ဤသို့ဖြင့် လင်းမိုသည် အိမ်ရှေ့စံ၏ နန်းဆောင်မှ အိမ်ရှေ့စံ၏ အိပ်ရာသို့ အောင်မြင်စွာချီတက်နိုင်လေတော့သည်။

ညအိပ်ရာဝင်ချိန်တွင်တော့ လီချန်းယုံအိပ်ပျော်လုဆဲဆဲမှာပင် လင်းမို၏ ခေါ်သံကိုကြားလိုက်ရလေသည်။
"ချန်းယုံ...''

"ဘာလဲ''

"ငါအိပ်မပျော်ဘူး''

"ငါအိပ်ပျော်တယ်...အိပ်ပြီ''
ပြောရင်း လီချန်းယုံ၏ ကိုယ်ကတစောင်းလှည့်သွားသည်။ သို့သော် အိပ်ပျော်လုဆဲဆဲအခြေအနေတွင် နှောင့်ယှက်ခံလိုက်ရသောကြောင့် လီချန်းယုံမှာ မျက်စိကြောင်သွားသည်။

လီချန်းယုံမှာ ဇွတ်အတင်းအိပ်ရန်ကြိုးစားသော်လည်း အိပ်မပျော်တော့ချေ။ သူကတွေးလေဒေါသထွက်လေဖြစ်သွားသောကြောင့် လင်းမိုဘက်လှည့်ပြီး ဝမ်းဗိုက်ကို လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

"အ့ာ...မင်းကိုဘာလုပ်လို့လဲ''
လီချန်းယုံ၏ လက်သီးမှာ အတွင်းအားမပါသော်လည်း အနည်းငယ်တော့ပြင်းထန်သေးသည်။.

"ငါလည်းအိပ်မရတော့ဘူး...မင်းကြောင့်''
လီချန်းယုံက စိတ်ဆိုးမာန်ဆိုးပြောလေသည်။

"ငါတို့ဘာလုပ်ကြမလဲ...အိပ်မရမယ့်အတူတူ တစ်ခုခုလုပ်ရအောင်''

"တစ်ခုခုစားမလား... အစေခံတွေယူခိုင်းလိုက်မယ်''
လီချန်ယုံ၏ အားတက်သရော အကြံပြုချက်ကြောင့် လင်းမိုမှာ မျက်နှာရှုံ့မဲ့သွားသည်။ ဤမျှအစားသောင်းကျန်းသည့် ဝံပုလွေကို လင်းမိုမတွေ့ဖူးပေ။

လင်းမိုက စာအုပ်စင်ကို လက်ညှိုးညွှန်ပြပြီး ပြောလေသည်။
"စာအုပ်ဖတ်ပြ''

"ဟင်...ငါဖတ်ပြရမှာလား''

"မင်းစာအုပ်တွေလေ...ငါမှမသိတာ...နေ့လည်က ငါခွဲကျွေးတဲ့ သစ်တော်သီးတွေတောင်အစာမကြေသေးလောက်ဘူး...တစ်ခုပြန်လုပ်ပေးလေ''

လီချန်းယုံက လင်းမိုကို ဒိုင်းခနဲမျက်စောင်းထိုးလိုက်သည်။ မင်းအစကတည်းက ဒီလိုပြန်ခိုင်းမယ်မှန်းသိရင် ငါမစားပါဘူး
ဟူသော အကြည့်ကတွဲလျက်ကပ်ပါလာလေသည်။

လီချန်းယုံက အိပ်ရာကထပြီးသူ၏ စာအုပ်စင်က စာအုပ်တစ်အုပ်ကို သွားယူလေသည်။ သူကအိပ်ရာပေါ်ယူလာပြီး ပထမဆုံးစာမျက်နှာကိုလှန်လိုက်စဉ်မှာပင် လင်းမိုကမေးလေသည်။

"အဲ့ဒါဘာစာအုပ်လဲ''

"ညအိပ်ရာဝင်တစ်ထောင့်တစ်ညပုံပြင်များ''

"မင်းတကယ်ကြီးအဲ့ဒါဖတ်ပြမှာလား''

"နားမထောင်ချင်ရင်နေလေ''
လီချန်းယုံ၏ ပြတ်သားသောအသံကြောင့် လင်းမိုမှာအသံတိတ်သွားသည်။

"ထန်ရွှမ်းတိုက်ရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး ယုံတမ်းပုံပြင်တွေအများကြီးရှိတယ်တဲ့...အဲ့ဒီထဲက အကျော်ကြားဆုံးတစ်ပုဒ်က တစေၦလောကက မိစၦာဘုရင်ကြီးကိုအနိုင်ယူမယ့် ဒဏ္႑ာရီလာသတ္တဝါများရဲ့အရှင်သခင် အကြောင်းတဲ့''

လင်းမိုက လီချန်းယုံဖတ်ပြနေသည်ကို အာရုံစူးစိုက်စွာနားထောင်နေလေသည်။

"ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက တစေၦဝိညာဉ်လောကနဲ့ လူ့လောကရဲ့ ကြားထဲက အတားအဆီးနယ်နမိတ်ကျိုးဖောက်ပြီး တစေၦဝိညာဉ်တွေ လူ့လောကကိုရောက်လာကြခဲ့တယ်...သူတို့က အမှောင်စွမ်းအားတွေအသုံးချပြီး လူထောင်နဲ့ချီပြီးသေဆုံးတဲ့ ကပ်ဆိုးတွေဖန်တီးခဲ့ကြတယ်...မိစၦာအရှင်သခင် ကိုယ်တိုင်ကလည်း လူ့လောကကို အုပ်စိုးခြယ်လှယ်အောင်ကြိုးစားခဲ့တယ်...သာမန်လူတွေက အစွမ်းမရှိတဲ့အတွက် မိစၦာတွေရဲ့ ဖျက်စီးမှုဒဏ်တွေကိုခံခဲ့ရတယ်... မိစၦာအရှင်သခင်ကို တိုက်ခိုက်ဖို့ လူ့လောကကိုအုပ်စိုးတဲ့ဘုရင်က သူ့ရဲ့နဂါးကြီးကို ဆင့်ခေါ်ပြီးတိုက်ခိုက်ခဲ့တယ် သုံးရက်သုံးညအပြင်းအထန်တိုက်ခိုက်ပြီးနောက်မှာ မိစၦာအရှင်သခင် ဒဏ်ရာအကြီးအကျယ်ရသွားခဲ့တယ်...ဒါပေမယ့် သူမသေတဲ့အတွက် အမှောင်စွမ်းအင်တွေက ပျောက်မသွားဘူး''

လီချန်းယုံ စကားကို ခဏရပ်ပြီး လင်းမိုကို ကြည့်လိုက်သည်။ လင်းမိုသည် ပုံပြင်ကိုအာရုံစိုက်နားထောင်နေသည်ထက် သူ့ကိုသာ စူးစိုက်ကြည့်နေကြောင်းတွေ့လိုက်ရသည်။ လီချန်းယုံသည် အနည်းငယ်ရှက်ရွံ့သွားသလို သူ့ပါးပြင်ကနီရဲသွားသည်။

"ဆက်ဖတ်လေ''
________________________________________________________________________________

Zawgyi

လီခ်န္းယံုသည္ ပန္းသစ္ေတာ္သီး၏ မ်က္ႏွာေၾကာင့္ လင္းမိုကို အေဆာင္သို႔ ေခၚေဆာင္လာေလသည္။ အေဆာင္သို႔ေရာက္ေသာအခါ လီခ်န္းယံုက ပန္းသစ္ေတာ္သီးမ်ားကို လွီးေပးရန္ အေစခံတစ္ေယာက္အားေစခိုင္းေလသည္။

"ဒါေတြပဲ သန္႔စင္ခဲ့...ၿပီးရင္ မလွွီးနဲ႔''
လင္းမို၏ စကားေၾကာင့္ လီခ်န္းယံုက ဘာလို႔လဲဆိုေသာ သေဘာျဖင့္ မ်က္ခံုးပင့္ျပသည္။ လင္းမိုကမူ လီခ်န္းယံု၏ အမူအရာကို မသိဟန္ေဆာင္ကာ အိပ္ေဆာင္ဆီသို႔ ဦးတည္သြားေလသည္။

လီခ်န္းယံု၏ နန္းေဆာင္သည္ အိမ္ေ႐ွ႕စံ၏ အေဆာင္ပီသစြာပင္ ခမ္းနားထည္ဝါစြာ႐ွိၿပီး အလြန္က်ယ္ေလသည္။ သို႔ေပမယ့္ ျခံဳငံုၾကည့္လွ်င္ အိပ္ေဆာင္မွာ ႐ိုး႐ွင္းစြာ႐ွိၿပီး အေဆာင္အေယာင္မ်ားမ်ား မ႐ွိေပ။ အျဖဴေရာင္နွင့္အျပာေရာင္ေရာယွက္ထားသည့္ သားေမႊးႀကီးကို ခင္းထားသည့္ အိပ္ရာ၊ ဝံပုေလြမာန္ဖီေနပံုကို ေခါင္းရင္းတြင္ ထြင္းထုထားသည့္ ခုတင္၊ အိပ္ရာေဘးတြင္ေတာ့ ဆီးမီးအိမ္တင္သည့္ စားပြဲပုေလးတစ္ခံု႐ွိေလသည္။ စားပြဲပုေလးတြင္ ဆီးမီးခြက္ေလးမ်ားအစီအရီ႐ွိၿပီး ထြန္းညႇိထားေလသည္။ ေန႔ခင္းတြင္ ထြန္းညႇိထားသည္ကို ၾကည့္ရသည္မွာ ထိုဆီးမီးခြက္ေလးမ်ားသည္ အေမႊးနံ႔သက္သက္ရေအာင္သာ ရည္ရြယ္ထားျခင္းျဖစ္လိမ့္မည္။ ထို႔ေၾကာင့္ လီခ်န္းယံု၏ နန္းေဆာင္မွာ ေမႊးရနံ႔တစ္မ်ိဳး သင္းပ်ံ႕ေနျခင္းျဖစ္သည္။ အေမႊးရနံ႔သည္ ထံုအီေသာ ရနံ႔မ်ိဳးမဟုတ္ပဲ သဘာဝဆန္ဆန္ပန္းရနံ႔တို႔ေပါင္းစပ္ေနေသာ အနံ႔ုဖစ္သည္။ တစ္နည္းအားျဖင့္ ဆိုေသာ္ လီခ်န္းယံု၏ ကိုယ္သင္းရနံ႔........

လင္းမို၏ စူးစမ္းသမွ်ကို လီခ်န္းယံုက လက္ေလွ်ာ့ထားဟန္ႏွင့္ ေအးေအးသာသာ လက္ပိုက္ၾကည့္ေနေလသည္။

လီခ်န္းယံု၏ အိပ္ေဆာင္နံရံတြင္ေနရာယူထားသည္ကေတာ့ အရြယ္အစားမ်ိဳးစံု႐ွိသည့္ ေလးႏွင့္ျမႇားမ်ားျဖစ္ေလသည္။ အိပ္ေဆာင္၏ ေနရာေတာ္ေတာ္မ်ားမ်ားကိုလည္း စာအုပ္မ်ားကို စီရီစြာတင္ထားသည့္ စာအုပ္စင္တစ္ခ်ိဳ႕က ေနရာယူထားေလသည္။ ထိုအရာမ်ားမွ လြဲ၍ ထူးျခားသည့္အရာမ႐ွိ...

မၾကာမီ အေစခံက ပန္းသစ္ေတာ္သီးမ်ားကို အသီးသီးထည့္ၿပီး ယူေဆာင္လာေလသည္။ လင္းမိုေစခိုင္းသည့္အတ္ိုင္း သစ္သီးအလံုးလိုက္သာယူေဆာင္လာျခင္းျဖစ္သည္။ လင္းမိုက သစ္သီးမ်ားကို ျမင္ေသာအခါ သူ႔လက္ကို အရင္သန္႔စင္ေလသည္။ လီခ်န္းယံုက လင္းမိုလုပ္သမွ် ထိုင္ၾကည့္ေနသည္။ လင္းမိုကဓားကိုေကာက္ကိုင္ခ်ိန္မွာေတာ့ လီခ်န္းယံုက မေနႏိုင္ေတာ့ပဲ ေမးေလသည္။

"မင္းခြဲေပးမလို႔လား''

"အင္း''

" အဲ့ဒါဆိုရင္လည္း ျမန္ျမန္လုပ္''

လီခ်န္းယံု၏ ေလာ္ေဆာ္ေသာစကားေၾကာင့္ လင္းမိုမွာ ႏွာေခါင္း႐ႈံ႔႕သြားသည္။ လီခ်န္းယံုသည္ ဆယ့္ငါးျပည္ေထာင္ကိုပိုင္စိုးသည့္ ဘုရင္ႀကီးအေနျဖင့္ သစ္သီးခြဲေပးသည္မွာ သာမန္ကိစၥဟုထင္မွတ္ေနသည္လားမသိပါ။

သို႔ေပမယ့္ အႏွီဝံပုေလြျဖဴေလး၏ ပန္းသစ္ေတာ္သီးမ်ားမွ မခြာႏိုင္ေသာ မ်က္လံုးဝိုင္းဝိုင္းမ်ားကို မၾကည့္ရက္သည္ႏွင့္အမွ် လင္းမိုသည္ သစ္သီးခြဲျခင္းအမႈကို စတင္ရေလေတာ့သည္။

လင္းမိုသည္ သစ္သီးမ်ားကို တစ္လံုးၿပီးတစ္လံုး အစိတ္စိတ္ေလးမ်ားျဖစ္ေအာင္ ေသေသသပ္သပ္လွီးေပးေနေလသည္။ သူ၏ ဓားသိုင္းပညာတြင္ တစ္ဖက္ကမ္းခတ္ေအာင္ ကြၽမ္းက်င္လွေသာလက္မ်ားသည္ ယခုေတာ့ တစ္စုံတစ္ေယာက္အတြက္ သစ္သီးခြဲေပးေနရေလသည္။

သစ္သီးစိတ္ေလးမ်ားမွာ ထည့္စရာပန္းကန္ျပားေလးတြင္ စကၠန္႔ပိုင္းမ်ားပင္ မေနရဘဲ လီခ်န္းယံု၏ ပါးစပ္ထဲသို႔ တစ္စိတ္ၿပီး တစ္စိတ္ေရာက္သြားေလေတာ့သည္။

"ျဖည္းျဖည္းစား''

"အင္....''
လီခ်န္းယံု၏ အင္းဆိုေသာအသံမွာ ပါးစပ္ထဲက သစ္ေတာ္သီးမ်ားေၾကာင့္ မပီမျပင္...

"စားလို႔ေကာင္းလား''

လီခ်န္းယံုက ေခါင္းၿငိမ့္ျပလိုက္သည္။ သူ႔လက္ေခ်ာင္းေလးက သစ္ေတာ္သီးစိတ္ေလးဆီ ဦးမတည္မီရပ္တန္႔သြားေလသည္။ အခုမွ သတိရသည္။ သစ္ေတာ္သီးမ်ားကို ယူလာေပးေသာ လင္းမိုက တစ္စိတ္မွ်မစားရေသး...

"မင္းေရာ စားဦးမလား''

လင္းမိုကေခါင္းယမ္းျပသည္။

"ငါလက္မအားဘူး....''

လင္းမိုက လီခ်န္းယံုစားသမွ်ကို လက္မလည္ေအာင္ ခြဲေပးေနရေသာေၾကာင့္ ထိုသို႔ေျပာလိုက္ျခင္းျဖစ္သည္။

သို႔ေပမယ့္ သူထင္မွတ္မထားဘဲ ပိရိေသသပ္ေသာ ႏႈတ္ခမ္းတစ္စံုမွာ ေအးသက္ေသာ အထိအေတြ႔ကို ရလိုက္သည္။

သစ္ေတာ္သီးစိတ္ေလးတစ္စိတ္...
လီခ်န္းယံု၏ သြယ္လ်ေသာ လက္ေခ်ာင္းေလးေတြက ကိုင္ေဆာင္ထားေသာ သစ္ေတာ္သီးစိတ္ကေလးက လင္းမို၏ ႏႈတ္ခမ္းနားမွာ တည္႐ွိေနသည္။

"စားေလ''
လင္းမို၏ ေၾကာင္အမ္းေသာ အျပဳအမူေၾကာင့္ လီခ်န္းယံုက သူ႔လက္ေလးကို ပိုၿပီး ေ႐ွ႕တိုးေပးေလသည္။ သူလက္ေခ်ာင္းေလးက လင္းမို၏ ႏႈတ္ခမ္းကို ထိလုမတတ္။

လင္းမိုက အခ်ိန္မဆိုင္းဘဲ သူ႔ႏႈတ္ခမ္းကို ဖြင့္ဟၿပီး သစ္ေတာ္သီးစိတ္ေလးကို ကိုက္လိုက္သည္။ လီခ်န္းယံု၏ လက္ေခ်ာင္းေလးႏွင့္ သူ႔ႏႈတ္ခမ္းသားမွာ မထိတထိပြတ္သပ္မိသြားသည္။ ထိုအခိုက္အတန္႔မွာ လင္းမို၏ ခႏၱာကိုယ္မွ ေသြးမ်ားက ေျပာင္းျပန္စီးဆင္းသလို ခံစားလိုက္ရသည္။ လီခ်န္းယံုကမူ မည္သည့္အရာကိုမွ သတိမထားမိဟန္ျဖင့္ သစ္ေတာ္သီးေနာက္တစ္စိတ္ဆီလွမ္းေနသည္။

ဤသို႔ျဖင့္...သစ္ေတာ္သီးေတာ္ေတာ္မ်ားမ်ားကုန္သြားသည့္အခါမွ လီခ်န္းယံုကလက္ကာျပေလသည္။
"ေတာ္ၿပီ... ''

"ဝၿပီလား''

"အင္း...''

ဤသို႔ျဖင့္ လင္းမိုႏွင့္ လီခ်န္းယံု၏ သစ္ေတာ္သီးကို စားပြဲတည္သည္အမႈ ၿပီးစီးသည့္အခ်ိန္မွာ လီခ်န္းယံုက လက္ေအာက္ခံ အိမ္ေတာ္အႀကီးအကဲတစ္ေယာက္ႏွင့္ ေတြ႔ဆံုစရာ႐ွိေသာေၾကာင့္ ထြက္သြားေလသည္။ လင္းမိုသည္ တစ္ေယာက္တည္းက်န္ခဲ့ေသာ အိပ္ေဆာင္တြင္ လီခ်န္းယံု၏ စာအုပ္စင္မွာ တစ္အုပ္ကို ဆြဲယူၿပီး ဖတ္႐ႈေနေလသည္။ သူယူလိုက္ေသာ စာအုပ္သည္ ေျမာက္ပိုင္း၏ ပထဝီဝင္အေနအထားႏွင့္ သမိုင္းေၾကာင္းကို ေယဘုယ်႐ွင္းျပထားေသာ စာအုပ္ျဖစ္သည္။ လင္းမိုက စိတ္ဝင္တစားဖတ္႐ႈရင္းႏွင့္ပင္ အခ်ိန္ကုန္မွန္းမသိ ကုန္လြန္သြားေလသည္။

လီခ်န္းယံုအိပ္ေဆာင္သို႔ျပန္ေရာက္ေသာအခါ လင္းမိုမျပန္ေသးပဲ ႐ွိေနေသာေၾကာင့္ အံ့အားသင့္သြားေလသည္။ အႏွီဆယ့္ငါးႏိုင္ငံကို အစိုးရသည့္ဘုရင္ႀကီးသည္ အလြန္တရာ အားလပ္ေနဟန္ေပၚၿပီး စာအုပ္ကိုပင္ ေအးေအးေဆးေဆး ဖတ္႐ႈေနေခ်ေသးသည္။

"လင္းမို...မင္းတစ္ေနကုန္လုပ္စရာမ႐ွိဘူးလား ဘယ္လိုပဲေျမာက္ပိုင္းကိုေရာက္ေနေန...မင္းမွာကြပ္ကဲဖို႔စစ္တပ္ႀကီးလည္း႐ွိတယ္ ခမည္းေတာ္နဲ႔လည္း ႏွစ္ႏိုင္ငံအေရးေဆြးေႏြးလို႔ရတယ္ ေတာင္ပိုင္းကေရာ သဝဏ္လႊာေတြပို႔တာေတြမ႐ွိဘူးလား''

လင္းမိုက လီခ်န္းယံု၏ အေမးစကားကို ေခါင္းငဲ့ၾကည့္ၿပီး တစ္ခြန္းတည္းသာ တံု႔ျပန္ေလသည္။
"ငါ့လက္ေအာက္ကလူေတြက ဘာလုပ္ဖို႔ထားတာလဲသိလား''

လင္းမို၏ အေျဖေၾကာင့္ လီခ်န္းယံုကမ်က္ႏွာမဲ့သြားသည္။
"ေျပာမရဘူးေလ တစ္ေယာက္ေယာက္က မင္းကိုလုပ္ၾကံဖို႔ အစီအစဥ္ဆြဲရင္ဆြဲေနမွာေပါ့''

"ငါ့ကိုလုပ္ၾကံမယ့္သူ႐ွိမယ္လို႔မင္းထင္လို႔လား...႐ွိရင္ေတာင္ ငါ့ကိုလုပ္ၾကံဖို႔အထိ ပိပိရိရိအကြက္ခ်နိုင္မယ္ထင္လား...အဲ့ဒီလိုလုပ္ႏိုင္ရင္ေတာင္ ငါ့ကမရိပ္မိဘူးထင္လို႔လား'' လင္းမို၏ မိုးထိမတတ္ ဘဝင္ေလဟပ္ေနေသာ အသံေၾကာင့္ လီခ်န္းယံုမွာ ခံျပင္းသြားသည္။

"႐ွိတယ္ ငါလုပ္ၾကံမွာ...''
လင္းမို၏ စူးရဲေသာအၾကည့္တစ္စံုက လီခ်န္းယံုဆီ က်ေရာက္သြားေလသည္။ သူ႔အၾကည့္တို႔မွာ ေဒါသအရိပ္အေယာင္မ႐ွိ။ ရႊင္ျမဴးျခင္းသာ႐ွိေလသည္။

"မင္းအခုလိုေျပာျပထားၿပီး လုပ္ၾကံမယ္ဆိုကတည္းက အစီအစဥ္ကေတာ္ေတာ္ပိရိေနပါၿပီ''
လီခ်န္းယံုက လင္းမိုကို ေဒါသထြက္ဟန္ျဖင့္ အၾကည့္စူးစူးတစ္ခ်က္ေပးေလသည္။

"မင္းမျပန္ေသးဘူးလား''

"ငါမျပန္ေတာ့ဘူး...ဒီမွာအိပ္မွာ''

လင္းခ်န္းယံု၏ အၾကည့္စူးစူးတို႔မွာ မီးလွ်ံတို႔ထေတာက္မတတ္ ဝင္းသြားေလသည္။
"မင္းဝင္ခ်င္တိုင္းဝင္ထြက္ခ်င္တိုင္းထြက္ေနရေအာင္ မင္းရဲ႕မိဖုရားအေဆာင္မွတ္ေနလား ဒါက ေျမာက္ပိုင္းအိမ္ေ႐ွ႕စံရဲ႕အေဆာင္''

"ငါ့ကိုယ္ရံေတာ္တပ္ဖြဲ႔က ဒီေန႔ေရာက္လာတာ...သူတို႔အတြက္အိပ္ေဆာင္မ႐ွိဘူးေလ အဲ့ဒါေျကာင္႔ ငါ့အိပ္ေဆာင္ကိုသူတို႔ေပးၿပီး ငါကမင္းဆီလာေနမလို႔'' လင္းမိုက အျပစ္ကင္းမဲ့စြာျဖင့္ ဤကိစၥမွာ သူႀကိဳတင္စီစဥ္ထားျခင္းမဟုတ္ဟန္ႏွင့္ ႐ွင္းျပေလသည္။

တျခားနန္းေဆာင္ေတြ႐ွိေနသည္ဟု ေျပာမည္ျပဳၿပီးမွ ကိစၥတစ္ခုကို လီခ်န္းယံုသတိရသည္။ လတ္တေလာတြင္ လက္ေအာက္ခံအိမ္ေတာ္အႀကီးအကဲအသီးသီးနန္းေတာ္သို႔ေရာက္႐ွိလာျခင္း ခမည္းေတာ္အတြက္ ပင့္ဖိတ္ထားေသာ သမားေတာ္မ်ားေရာက္႐ွိလာျခင္းေၾကာင့္ နန္းေဆာင္မ်ားမက်န္ေတာ့ပါ။ သို႔ုျဖစ္၍ လင္းမိုေျပာသည္မွာ သဘာဝက်ပါသည္။ လင္းမို၏ ကိုယ္ရံေတာ္တပ္ဖြဲ႔ကို အေစခံအေဆာင္မ်ားတြင္ သြားေနေစပါကလည္း ေတာင္ပိုင္းဆယ့္ငါးႏိုင္ငံလံုးကို ေစာ္ကားျခင္းေျမာက္ေပဦးမည္။

"ဟင္း...'' လီခ်န္းယံုမွာ သက္ျပင္း႐ွည္ႀကီးသာခ်မိသည္။ မေန႔ညကလည္း ေသရည္မူးၿပီး လင္းမိုအေဆာင္ကို လိုက္အိပ္သူမွာ မိမိကိုယ္တိုင္ပင္ျဖစ္ေနေသာေၾကာင့္ လီခ်န္းယံုက ေစာဒကမတက္ေတာ့ေပ။

ဤသို႔ျဖင့္ လင္းမိုသည္ အိမ္ေ႐ွ႕စံ၏ နန္းေဆာင္မွ အိမ္ေ႐ွ႕စံ၏ အိပ္ရာသို႔ ေအာင္ျမင္စြာခ်ီတက္ႏိုင္ေလေတာ့သည္။

ညအိပ္ရာဝင္ခ်ိန္တြင္ေတာ့ လီခ်န္းယံုအိပ္ေပ်ာ္လုဆဲဆဲမွာပင္ လင္းမို၏ ေခၚသံကိုၾကားလိုက္ရေလသည္။
"ခ်န္းယံု...''

"ဘာလဲ''

"ငါအိပ္မေပ်ာ္ဘူး''

"ငါအိပ္ေပ်ာ္တယ္...အိပ္ၿပီ''
ေျပာရင္း လီခ်န္းယံု၏ ကိုယ္ကတေစာင္းလွည့္သြားသည္။ သို႔ေသာ္ အိပ္ေပ်ာ္လုဆဲဆဲအေျခအေနတြင္ ေႏွာင့္ယွက္ခံလိုက္ရေသာေၾကာင့္ လီခ်န္းယံုမွာ မ်က္စိေၾကာင္သြားသည္။

လီခ်န္းယံုမွာ ဇြတ္အတင္းအိပ္ရန္ႀကိဳးစားေသာ္လည္း အိပ္မေပ်ာ္ေတာ့ေခ်။ သူကေတြးေလေဒါသထြက္ေလျဖစ္သြားေသာေၾကာင့္ လင္းမိုဘက္လွည့္ၿပီး ဝမ္းဗိုက္ကို လက္သီးတစ္လံုးပစ္သြင္းလိုက္သည္။

"အ့ာ...မင္းကိုဘာလုပ္လို႔လဲ''
လီခ်န္းယံု၏ လက္သီးမွာ အတြင္းအားမပါေသာ္လည္း အနည္းငယ္ေတာ့ျပင္းထန္ေသးသည္။.

"ငါလည္းအိပ္မရေတာ့ဘူး...မင္းေၾကာင့္''
လီခ်န္းယံုက စိတ္ဆိုးမာန္ဆိုးေျပာေလသည္။

"ငါတို႔ဘာလုပ္ၾကမလဲ...အိပ္မရမယ့္အတူတူ တစ္ခုခုလုပ္ရေအာင္''

"တစ္ခုခုစားမလား... အေစခံေတြယူခိုင္းလိုက္မယ္''
လီခ်န္ယံု၏ အားတက္သေရာ အၾကံျပဳခ်က္ေၾကာင့္ လင္းမိုမွာ မ်က္ႏွာ႐ႈံ႕မဲ့သြားသည္။ ဤမွ်အစားေသာင္းက်န္းသည့္ ဝံပုေလြကို လင္းမိုမေတြ႔ဖူးေပ။

လင္းမိုက စာအုပ္စင္ကို လက္ညႇိဳးၫႊန္ျပၿပီး ေျပာေလသည္။
"စာအုပ္ဖတ္ျပ''

"ဟင္...ငါဖတ္ျပရမွာလား''

"မင္းစာအုပ္ေတြေလ...ငါမွမသိတာ...ေန႔လည္က ငါခြဲေကြၽးတဲ့ သစ္ေတာ္သီးေတြေတာင္အစာမေၾကေသးေလာက္ဘူး...တစ္ခုျပန္လုပ္ေပးေလ''

လီခ်န္းယံုက လင္းမိုကို ဒိုင္းခနဲမ်က္ေစာင္းထိုးလိုက္သည္။ မင္းအစကတည္းက ဒီလိုျပန္ခိုင္းမယ္မွန္းသိရင္ ငါမစားပါဘူး
ဟူေသာ အၾကည့္ကတြဲလ်က္ကပ္ပါလာေလသည္။

လီခ်န္းယံုက အိပ္ရာကထၿပီးသူ၏ စာအုပ္စင္က စာအုပ္တစ္အုပ္ကို သြားယူေလသည္။ သူကအိပ္ရာေပၚယူလာၿပီး ပထမဆံုးစာမ်က္ႏွာကိုလွန္လိုက္စဥ္မွာပင္ လင္းမိုကေမးေလသည္။

"အဲ့ဒါဘာစာအုပ္လဲ''

"ညအိပ္ရာဝင္တစ္ေထာင့္တစ္ညပံုျပင္မ်ား''

"မင္းတကယ္ႀကီးအဲ့ဒါဖတ္ျပမွာလား''

"နားမေထာင္ခ်င္ရင္ေနေလ''
လီခ်န္းယံု၏ ျပတ္သားေသာအသံေၾကာင့္ လင္းမိုမွာအသံတိတ္သြားသည္။

"ထန္ရႊမ္းတိုက္ရဲ႕ ကံၾကမၼာနဲ႔ပတ္သက္ၿပီး ယံုတမ္းပံုျပင္ေတြအမ်ားႀကီး႐ွိတယ္တဲ့...အဲ့ဒီထဲက အေက်ာ္ၾကားဆံုးတစ္ပုဒ္က တေစၦေလာကက မိစၦာဘုရင္ႀကီးကိုအႏိုင္ယူမယ့္ ဒ႑ာရီလာသတၱဝါမ်ားရဲ႕အ႐ွင္သခင္ အေၾကာင္းတဲ့''

လင္းမိုက လီခ်န္းယံုဖတ္ျပေနသည္ကို အာရံုစူးစိုက္စြာနားေထာင္ေနေလသည္။

"ဟိုးလြန္ခဲ႔တဲ႔ႏွစ္ေပါင္းေထာင္ခ်ီတုန္းက တေစၦဝိညာဥ္ေလာကနဲ႔ လူ႔ေလာကရဲ့ ၾကားထဲက အတားအဆီးနယ္နမိတ္က်ိဳးေဖာက္ၿပီး တေစၦဝိညာဥ္ေတြ လူ႔ေလာကကိုေရာက္လာၾကခဲ့တယ္...သူတို႔က အေမွာင္စြမ္းအားေတြအသံုးခ်ၿပီး လူေထာင္နဲ႔ခ်ီၿပီးေသဆံုးတဲ့ ကပ္ဆိုးေတြဖန္တီးခဲ့ၾကတယ္...မိစၦာအ႐ွင္သခင္ ကိုယ္တိုင္ကလည္း လူ႔ေလာကကို အုပ္စိုးျခယ္လွယ္ေအာင္ႀကိဳးစားခဲ့တယ္...သာမန္လူေတြက အစြမ္းမ႐ွိတဲ့အတြက္ မိစၦာေတြရဲ႕ ဖ်က္စီးမႈဒဏ္ေတြကိုခံခဲ့ရတယ္... မိစၦာအ႐ွင္သခင္ကို တိုက္ခိုက္ဖို႔ လူ႔ေလာကကိုအုပ္စိုးတဲ့ဘုရင္က သူ႔ရဲ႕နဂါးႀကီးကို ဆင့္ေခၚၿပီးတိုက္ခိုက္ခဲ့တယ္ သံုးရက္သံုးညအျပင္းအထန္တိုက္ခိုက္ၿပီးေနာက္မွာ မိစၦာအ႐ွင္သခင္ ဒဏ္ရာအႀကီးအက်ယ္ရသြားခဲ့တယ္...ဒါေပမယ့္ သူမေသတဲ့အတြက္ အေမွာင္စြမ္းအင္ေတြက ေပ်ာက္မသြားဘူး''

လီခ်န္းယံု စကားကို ခဏရပ္ၿပီး လင္းမိုကို ၾကည့္လိုက္သည္။ လင္းမိုသည္ ပံုျပင္ကိုအာရံုစိုက္နားေထာင္ေနသည္ထက္ သူ႔ကိုသာ စူးစိုက္ၾကည့္ေနေၾကာင္းေတြ႔လိုက္ရသည္။ လီခ်န္းယံုသည္ အနည္းငယ္႐ွက္ရြံ႕သြားသလို သူ႔ပါးျပင္ကနီရဲသြားသည္။

"ဆက္ဖတ္ေလ''
________________________________________________________________________________

Continue Reading

You'll Also Like

1.9M 338K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
79.5K 7.8K 103
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
33.8K 1.9K 17
can u be my boy baby?
53.3K 5.2K 50
ဘာသာပြန်သူ စွဲညို့အသင်း