နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... Еще

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၂၈ (Zawgyi + Unicode)

12.5K 2.1K 27
Kay_Wine


{Zawgyi}

“သူကလူႏွစ္ရာေက်ာ္ထဲမွာမွ ရွင္သန္လြတ္ေျမာက္ႏိုင္ခဲ႔တဲ႔တစ္ဦးတည္းေသာသူတစ္ေယာက္ျဖစ္တဲ႔အျပင္ နဂါးႏိုင္ဓားကိုေတာင္ ရလိုက္ေသးတယ္… ေသဖို႔ကေနေတာက္ေလွ်ာက္လြတ္ေျမာက္ႏိုင္ေနတာ အေတာ္ေလးကံေကာင္းေနတာပဲ… သူကေဟာတမ္းဖတ္ထားခံရတဲ႔ခုနစ္စင္ၾကယ္သားေတာ္ျဖစ္ႏိုင္တယ္လို႔ မထင္ဘူးလား?” ပိုင္ရန္႔ကို ၾကည့္ရင္းေလာ့က်န္းဖန္းေျပာလိုက္တယ္။

ေလာ့က်န္းဖန္းတို႔ကေတာ့ တကယ့္ကိုေတာ္ပါေပတယ္။

နတ္ဆိုးဘုရင္ႀကီးက သူ႔ကိုအရမ္းအေလးေပးေနတာ အံ့ၾသစရာမရွိေတာ့ပါဘူး။

ပိုင္ရန္အတြင္းထဲမွာ တုန္လႈပ္ေနေပမယ့္ အျပင္မွာေတာ့ ေတြးေတာေနဟန္ေဆာင္ၿပီး ေခါင္းၿငိတ္ေနတယ္။ “ဒါျဖစ္ႏိုင္တယ္”

“အရွင္ရွဲ႕ အသိုက္ကလြတ္ထြက္လာတဲ႔ငါးကို သတ္လိုက္သင့္တယ္၊ အဲ႔လိုမထင္ဘူးလား?” ေလာ့က်န္းဖန္း ေမးခြန္းထုတ္လိုက္တယ္။

ပိုင္ရန္ရင္တဒိတ္ဒိတ္ခုန္ေနရင္းကေနပဲ ခဏေလာက္ေတြးလိုက္ၿပီး “မင္းေျပာတာ အက်ိဳးသင့္အေၾကာင္းသင့္ရွိသားပဲ”

“အရွင္ရွဲ႕?” ေလာ့က်န္းဖန္းအျပံဳးက ပိုပီျပင္လာတယ္။

ပိုင္ရန္အဲ႔အျပံဳးေနာက္ကြယ္က ဆိုလိုရင္းကိုနားလည္တာေၾကာင့္ ေခါင္းေတြခ်ာခ်ာလည္သြားတယ္။ ေနာက္ဆံုးမွာေတာ့ သူေခါင္းကိုသာၿငိတ္ၿပီး ေျပာလိုက္တယ္။ “တကယ္လို႔ သူသာခုနစ္စင္ၾကယ္သားေတာ္ျဖစ္ေနမယ္ဆိုရင္ ငါသူ႔ကိုသြားသတ္မယ္”

သူဘာမွ ထပ္မေျပာေတာ့ဘူး။

သူ႔စကားရဲ႕ဆိုလိုရင္းက အဲ႔လူကခုနစ္စင္ၾကယ္သားေတာ္ျဖစ္ေနရမယ္လို႔ ေျပာခ်င္တာျဖစ္တယ္။ တကယ္လို႔ က်ိဳးရင္ကသာ သားေတာ္မဟုတ္ေၾကာင္းသက္ေသျပႏိုင္ရင္ ပိုင္ရန္လည္း သူ႔ကိုသတ္စရာမလိုေတာ့ဘူး။

ဒါေပမယ့္ သူကခုနစ္စင္ၾကယ္သားေတာ္မဟုတ္ပါဘူးလို႔ သူဘယ္လိုသက္ေသျပရမလဲ?

သူေတြးရလြန္းလို႔ ေခါင္းေတြေတာင္နာလာတယ္။

ဒါေပါ့ အၾကံအစည္မရေသးခင္မွာ ဇာတ္လိုက္အႏၲရာယ္ကင္းလားဆိုတာ အတည္ျပဳရအံုးမယ္။

“သူအခုဘယ္မွာလဲ”

“သူတိမ္လႊာပ်ံဝဲဂိုဏ္းမွာပဲ”

“အရွင္ေလာ့က ဘာလို႔ဘာမွမလုပ္တာလဲ?” ပိုင္ရန္အေၾကာက္ဆံုးက ေလာ့က်န္းဖန္းကိုယ္တိုင္ လႈပ္ရွားလိုက္မွာကိုပဲ။ အဲ႔လိုသာဆိုရင္ ဇာတ္လိုက္ကဒီတိုင္းေသသြားတာမွ ပိုေကာင္းအံုးမယ္။

ေလာ့က်န္းဖန္း ေခါင္းကိုရမ္းလိုက္တယ္။ “တိမ္လႊာပ်ံဝဲဂိုဏ္းနဲ႔ အရႈပ္အေထြးမျဖစ္ေအာင္ ကြ်န္ေတာ့္ရဲ႕ပံုစံကိုဖုံးကြယ္ထားရတယ္.. တခုခုသာေပၚသြားမယ္ဆိုရင္ ကြ်န္ေတာ္လုပ္ခဲ႔သမွ် သဲထဲေရသြန္ျဖစ္ကုန္မွာေပါ့၊ အဲ႔ေကာင္ေလးကိုလည္း ဂိုဏ္းေခါင္းေဆာင္နဲ႔ အႀကီးအကဲေတြကေစာင့္ေရွာက္ေပးေနၾကတာ၊ သူ႔ကိုတစ္ခုခုလုပ္ဖို႔ အခြင့္အေရးေလးေတာင္မရဘူး”

ပိုင္ရန္အဲ႔လိုၾကားေတာ့မွပဲ စိတ္ေအးသြားရတယ္။

သူ မူရင္း၀တၳဳရဲ႕လက္ရွိအပိုင္းကိုေျပာဖို႔ ေရွာင္လင္းကိုေတာင္းဆိုလိုက္တယ္။ ၀တၳဳမွာ ဇာတ္လိုက္ကဂိုဏ္းကိုျပန္ေရာက္တဲ႔အခါ အခ်ဳပ္ခ်ခံလိုက္ရတယ္။ ေနာက္တစ္မ်ိဳးေျပာရရင္ေတာ့ သူအႏၲရာယ္ကင္းသြားၿပီေပါ့…

ပိုင္ရန္လူသားနယ္ေျမကို လာတာက ဇာတ္လိုက္ကိုေတြ႕ၿပီး သူ႔က်င့္ၾကံျခင္းေတြတိုးတက္ဖို႔အတြက္ သူ႔စိတ္စြမ္းအင္ေတြကို ကူညီၿပီးႏႈိးဆြေပးဖို႔ျဖစ္တယ္။ သူ႔က်င့္ၾကံျခင္းက ပိုျမန္ေလ၊ သူအထက္ကိုတက္ႏိုင္ဖို႔က ပိုျမန္ေလပဲ။ အခုလိုပံုနဲ႔ဆိုရင္ေတာ့ သူ႔အၾကံကိုခဏေလာက္ေနာက္ဆုတ္ထားရမယ္။

အေရးႀကီးဆံုးက ဇာတ္လိုက္ကို ခုနစ္စင္ၾကယ္သားေတာ္အျဖစ္သံသယ၀င္ေနတာေတြ ေလ်ာ့နည္းသြားဖို႔ျဖစ္တယ္။ ဦးေႏွာက္ကို အလုပ္ေပးၿပီးေတာ့ ပိုင္ရန္အၾကံတစ္ခုထပ္ထုတ္ရေတာ့တယ္။

“အရွင္ေလာ့ေျပာဖူးတာမွတ္ထားလိုက္ပါ့မယ္၊ အခုေတာ့နယ္နိမိတ္တိုင္လည္း ၿပိဳကြဲသြားၿပီဆိုေတာ့ နတ္ဆိုးအရွင္ဆီကို အေၾကာင္းျပန္ၾကားလိုက္ပါအံုးမယ္”

သူဘာမွမလုပ္ေသးခင္မွာ နတ္ဆိုးဘုရင္ႀကီးကို သြားေတြ႕ၿပီး သူ႔ကိုအေၾကာင္းျပၿပီးေတာ့ပဲ ဇာတ္လိုက္ကို ကူညီေပးရမယ္။

ပိုင္ရန္နဲ႔ ေလာ့က်န္းဖန္းက တန္းတူအဆင့္ရွိတာေၾကာင့္ ေလာ့က်န္းဖန္းက သူ႔ကိုအမိန္႔ေပးလို႔မရဘူး။ ထြက္ပဲသြားသြား၊ ေနပဲေနေန ႏွစ္ေယာက္လံုး သူတို႔လုပ္ခ်င္တာလုပ္လို႔ရတယ္။

ေလာ့က်န္းဖန္းက “ေကာင္းပါၿပီ” လို႔သာျပန္ေျပာႏိုင္တယ္။

ပိုင္ရန္ တျခားတစ္ေယာက္က တစ္ခုခု၀င္လုပ္သြားမွာစိုးရိမ္တာေၾကာင့္ “အရွင္ေလာ့ ခုေလာေလာဆယ္ေတာ့ က်ိဳးရင္ကိုမထိတာ အေကာင္းဆံုးျဖစ္လိမ့္မယ္၊ နဂါးႏိုင္ဓားက နတ္ဆိုးဘုရင္ႀကီးအတြက္ အဖိုးမျဖတ္ႏိုင္တဲ႔ရတနာတစ္ခုပဲ”

အဲ႔လိုနဲ႔ သူက်ားအေရခြံနဲ႔ အလံေကာက္လုပ္လိုက္ရံုပဲရွိေတာ့တယ္။ [T/N ; သူတို႔ေတြရဲ႕စကားပံုျဖစ္ပါလိမ့္မယ္။ ဆိုလိုခ်င္တာကေတာ့ သူမ်ားကိုအေၾကာင္းျပၿပီး ကိုယ့္အက်ိဳးအတြက္ကိုယ္လုပ္တယ္လို႔ ဆိုလိုခ်င္တာျဖစ္ႏိုင္ပါတယ္။]

တကယ္ေတာ့ က်ိဳးရင္နဲ႔ပတ္သက္တဲ႔အေၾကာင္းကို နတ္ဆိုးဘုရင္ႀကီးကိုေျပာျပဖို႔ ပိုင္ရန္မရည္ရြယ္ထားဘူး။

ေလာ့က်န္းဖန္း ျပံဳးလိုက္ကာ “တကယ္လို႔ အရွင္ႀကီးကသာ အမိန္႔ေပးလာရင္ ကြ်န္ေတာ္က လိုက္နာမွာပါ”

ပိုင္ရန္ အခန္းထဲကလွည့္မထြက္သြားခင္ ေဖ်ာ့ေဖ်ာ့ေလးသာျပံဳးလိုက္တယ္။

ၾကည့္ရတာ နတ္ဆိုးဘုရင္ႀကီးနာမည္က အေတာ္ေလးအသံုး၀င္ပံုရတယ္။

ပိုင္ရန္ ျဖတ္လမ္းကေန နတ္ဆိုးနယ္ေျမကိုျပန္လိုက္ၿပီး သူ႔အိမ္ေတာ္ကို တန္းမျပန္ဘဲ အေမွာင္ထုနန္းေတာ္ကိုသာ သုတ္ေျခတင္လိုက္တယ္။ သို႔ေသာ္လည္း နန္းေတာ္ကိုေရာက္တဲ႔အခါမွာ နတ္ဆိုးဘုရင္ႀကီးကရွိမေနဘူး။ နတ္ဆိုးဘုရင္ႀကီးကို ပုန္ကန္တဲ႔ကိစၥႀကီးႀကီးမားမားျဖစ္သြားခဲ႔တယ္။

နတ္ဆိုးနယ္ေျမက အရမ္းကိုက်ယ္ေျပာတာေၾကာင့္ ေျမာက္ျမားစြာေသာမတူညီတဲ႔ အင္အားႀကီးနတ္ဆိုးေတြလည္း တည္ရွိေနၾကတယ္။ နတ္ဆိုးနယ္ေျမက ခြန္အားကိုအေျခခံထားတာျဖစ္လို႔ မ်ားစြာေသာနတ္ဆိုးဂိုဏ္းေတြက သူတို႔ရဲ႕ခြန္အားကို အသံုးခ်ၿပီး ခ်မ္းသာႂကြယ္၀မႈနဲ႔ အဆင့္အတန္းရရွိဖို႔ ေမွ်ာ္လင့္လာၾကတယ္။ အဲ႔တာေတြေၾကာင့္ပဲ နတ္ဆိုးနယ္ေျမမွာ တိုက္ခိုက္မႈေတြ အႀကိမ္ေပါင္းမ်ားစြာျဖစ္ပြားၾကရတယ္။

နတ္ဆိုးနယ္ေျမကို စုစည္းခဲ႔တဲ႔ နတ္ဆိုးဘုရင္ႀကီးရဲ႕ခမည္းေတာ္က နတ္ဆိုးမ်ိဳးႏြယ္တစ္ခုလံုး၏ေလးစားမႈကို ရရွိခဲ႔တယ္။ ဒါေပမယ့္လည္း သူတို႔ေတြကနတ္ဆိုးဘုရင္ႀကီးရဲ႕ထာ၀ရအေမွာင္ထုမ်ိဳးဆက္ထဲ ၀င္ၿပီးတဲ႔ေနာက္မွာအားလံုးဟာ မၿငိမ္မသက္ျဖစ္လာၿပီး ထိန္းခ်ဳပ္ဖို႔မလြယ္ၾကေတာ့ဘူး။

အဲ႔အျပင္ အေမွာင္ထုနန္းေတာ္မွာရွိေနတဲ႔ နတ္ဆိုးဘုရင္ႀကီးတင္မကဘူး၊ ဒီက်ယ္ေျပာလွတဲ႔နတ္ဆိုးနယ္ေျမမွာ ေနထိုင္တဲ႔ တျခားနတ္ဆိုးအရွင္ေတြလည္း ရွိေနေသးတယ္။ ထိုနတ္ဆိုးအရွင္ေတြမွာလည္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရွိတဲ႔ေနရာေတြရွိတယ္။ ျပႆနာျဖစ္ေစတာကေတာ့ အေနာက္ပိုင္းကနတ္ဆိုးအရွင္သာျဖစ္တယ္။ ေျပာၾကတာကေတာ့ ထိုနတ္ဆိုးအရွင္က ၿမိဳ႕ကိုသူ႔တပ္နဲ႔ တိတ္တဆိတ္၀န္းရံထားၿပီးေတာ့ လြတ္လပ္ခြင့္ရဖို႔အတြက္ နတ္ဆိုးဘုရင္ႀကီးကိုစိန္ေခၚခဲ႔တယ္။

ရန္စခံရတာေၾကာင့္ နတ္ဆိုးဘုရင္ႀကီးလည္း စိန္ေခၚတာကိုလက္ခံခဲ႔ၿပီး ရွိသမွ်အစြမ္းကုန္လက္တုန္႔ျပန္ခဲ႔တယ္။ သူသာအဲ႔လိုမလုပ္ရင္ နတ္ဆိုးနယ္ေျမမွာ သူ႔သိကၡာေတြရစရာမရွိျဖစ္သြားႏိုင္တယ္။

ပိုင္ရန္လည္း နတ္ဆိုးနယ္ေျမရဲ႕အေနာက္ပိုင္းကို ခပ္သုတ္သုတ္သြားရျပန္တယ္။ စစ္ေျမျပင္ကိုေရာက္တဲ႔အခါမွာ ထာ၀ရအေမွာင္ထုနတ္ဆိုးဘုရင္ႀကီးက အေနာက္ပိုင္းနတ္ဆိုးအရွင္ကို ဖမ္းဆီးၿပီး လူအမ်ားေရွ႕မွာကြပ္မ်က္ဖို႔အတြက္ နန္းေတာ္ကိုေခၚသြားမွာျဖစ္ေၾကာင္း သတင္းရလိုက္တယ္။ ၾကက္ကိုသတ္ၿပီး ေမ်ာက္ေတြကို သတိေပးလိုက္တာျဖစ္တယ္။

ပိုင္ရန္ကေတာ့ ဆြံ႔အသြားရတယ္။ အေနာက္ပိုင္းနတ္ဆိုးက ၀က္၀ံႏွလံုးကိုစားၿပီး က်ားသစ္လိုမ်ိဳးရဲစြမ္းသတၱိေတြရသြားလို႔ ပုန္ကန္ရဲသြားရတာလား?”

မင္းကနတ္ဆိုးအရွင္ျဖစ္တာေတာင္ အားမရေသးဘူး၊ နတ္ဆိုးဘုရင္ႀကီးကို ရန္သြားစတယ္ေပါ့ေလ။ နတ္ဆိုးဘုရင္ႀကီးက အေတာ့္တကာအေတာ္ဆံုး Big Bossႀကီးတစ္ေယာက္ပါဆိုေနမွပဲကို။ သူမကိုင္တြယ္ႏိုင္တာ ဘာရွိအံုးမွာလဲ၊

သူကျပႆနာကိုေတာင္ ေျဖရွင္းလို႔ၿပီးႏွင့္ေနၿပီ!

နတ္ဆိုးဘုရင္ႀကီးရဲ႕လက္ေအာက္ငယ္သားေတြက ပိုင္ရန္ကိုအကုန္လံုးသိၾကၿပီး နတ္ဆိုးဘုရင္ႀကီးရဲ႕ညာလက္ရံုးဆိုတာလည္း သိၾကတယ္။ အဲ႔တာေၾကာင့္ ႐ုတ္တရက္သူေပၚလာတာကို တားျမစ္တဲ႔သူမရွိၾကဘူး။ သူအေနာက္ပိုင္းကေလာဘႀကီးတဲ႔နတ္ဆိုးအရွင္ရဲ႕ နန္းေတာ္ထဲကို ေခ်ာေခ်ာေမြ႕ေမြ႕ပဲ ၀င္သြားလိုက္တယ္။

နတ္ဆိုးဘုရင္ႀကီးက အထဲမွာရွိတယ္။

ပုန္ကန္ခဲ႔တဲ႔နတ္ဆိုးအရွင္ရဲ႕နန္းေတာ္က အေမွာင္ထုနန္းေတာ္ထက္ေတာ့ ပိုသာမေနဘူး။ တည္ေဆာက္ထားတဲ႔ပံုပဲျဖစ္ျဖစ္၊ ပတ္၀န္းက်င္ပဲျဖစ္ျဖစ္ အေမွာင္ထုနန္းေတာ္ကို မယွဥ္ႏိုင္ဘူး။ ဒါေပါ့ နတ္ဆိုးနယ္ေျမမွာ တည္ေဆာက္ပံုနဲ႔ ပတ္၀န္းက်င္က ဒုတိယအေရးပါတယ္။ အေရးအႀကီးဆံုးက ဖြဲ႔စည္းပံုစီရင္ထားတာနဲ႔ သူ႔ရဲ႕ပထဝီအေနအထားတို႔ျဖစ္တယ္။ အေမွာင္ထုနန္းေတာ္ႀကီးရဲ႕ အစီအရင္ေတြနဲ႔ တည္ေနရာက ဘယ္ေတာ့မွဒုတိယေနရာမွာ မရွိဘူး။

နတ္ဆိုးအရွင္ရဲ႕နန္းေတာ္ကလည္း အရမ္းကိုႏွစ္သက္စရာေကာင္းတယ္။ နံရံေတြမွာေတာင္မွ ဆီေလ်ာ္ၿပီးလွပတဲ႔ျမင္ကြင္းျဖစ္ေအာင္ ေရႊေရာင္သစ္ရြက္ေလးေတြနဲ႔ ပံုေဖာ္ထားတယ္။

“အရွင္ရွဲ႕ ဘယ္လိုေၾကာင့္ ဒီကိုေရာက္လာတာပါလဲ?” သူ႔ကိုအရင္တုန္းကအေမွာင္ထုနန္းေတာ္မွာ ျမင္ဖူးတဲ႔အေစာင့္တစ္ေယာက္က အံ့ၾသတႀကီးေမးလိုက္တယ္။ ဘယ္လိုပဲျဖစ္ေနေန ပိုင္ရန္လူသားနယ္ေျမကို အပို႔ခံလိုက္ရတယ္ဆိုတဲ႔သတင္းက အေမွာင္ထုနန္းေတာ္တစ္ခုလံုးကို ပ်ံ႕သြားခဲ႔တယ္။ ေကာလဟာလေတြအရ ပိုင္ရန္နဲ႔နတ္ဆိုးဘုရင္ႀကီးက အဆင္မေျပတာေၾကာင့္ ပိုင္ရန္က အေ၀းကိုပို႔ခံလိုက္ရတယ္လို႔ ဆိုၾကတယ္။

ပိုင္ရန္က သူ႔တာ၀န္ကိုပဲအာရံုစိုက္ေနတာေၾကာင့္ အေစာင့္ရဲ႕အမူအယာကို သတိမထားလိုက္မိဘူး။ “အဲ႔ေတာ့ အရွင္ႀကီးအထဲမွာရွိလား? သူ႔ကိုအေရးတႀကီးေတြစရာရွိတယ္”

အေစာင့္က လွပတဲ႔နန္းေတာ္ႀကီးရဲ႕အေနာက္ဘက္ျခမ္းကို ၫႊန္ျပလိုက္ၿပီး “အရွင္က အထဲမွာအနားယူေနပါတယ္”

ပိုင္ရန္ေခါင္းၿငိတ္လိုက္ၿပီး ထိုေနရာကို တည့္တည့္ေလွ်ာက္သြားတယ္။

သူ၀င္ေပါက္နားေရာက္တဲ႔အခ်ိန္မွာ အရိပ္မည္းတစ္ခု႐ုတ္ျခည္းေပၚလာၿပီး သူလမ္းကို ပိတ္လိုက္တယ္။

လီယုပဲဟ…

လီယုက ေအးစက္စက္အမူအယာနဲ႔ “ရပ္လိုက္တဲ႔အတြက္ ေက်းဇူးတင္ပါတယ္ အရွင္ရွဲ႕၊ ကြ်န္ေတာ့္အရွင္က အခုအနားယူေနပါတယ္၊ အဲ႔တာေၾကာင့္ သူ႔ကိုတစ္ေယာက္မွအေႏွာင့္အယွက္ျဖစ္ေအာင္မလုပ္မိတာ ပိုအဆင္ေျပပါလိမ့္မယ္”

“ငါ့မွာ အရွင့္ကိုတင္ျပစရာရွိေသးတယ္”

ဟာသပဲ၊ သူသာျပႆနာကို မရွင္းေသးဘဲ ေနာက္မွျပန္လာမယ္ဆိုရင္ ေလာ့က်န္းဖန္းက တစ္ခုခုလုပ္ၿပီး ဇာတ္လိုက္ကို သတ္လိုက္ႏိုင္တယ္။ ဒါဆိုရင္ ပိုင္ရန္ရဲ႕ကစားပြဲလည္း အဆံုးသတ္သြားႏိုင္တယ္!

“အရွင္ရွဲ႕ ေနာက္မွျပန္လာခဲ႔ပါ”

လီယုကေတာင္ႀကီးတစ္ေတာင္လိုပဲရွိေနၿပီး ပိုင္ရန္႔ကိုမ်က္ႏွာသာေလးေတာင္ မေပးဘူး။ ရွဲ႕ဇီထ်န္းက နတ္ဆိုးနယ္ေျမမွာဆိုရင္ ေလးစားထိုက္တဲ႔သူတစ္ေယာက္ျဖစ္တယ္။ လူအမ်ားစုက သူ႔ကိုဆိုရင္ မ်က္ႏွာခ်ိဳေသြးေနရတာ။ ပိုင္ရန္လည္း လီယုကို ေလးစားပါတယ္၊ ဒါေပမယ့္ လီယုကအၿမဲတမ္းႀကီးကို ေအးတိေအးစက္နဲ႔ ပိုင္ရန္ကပဲသူ႕ဆီမွာ စိတ္ဝိဉာဥ္ေက်ာက္တံုးသန္းေပါင္းမ်ားစြာ အေႂကြးတင္ေနသလိုမ်ိဳး႐ုပ္နဲ႔..။ ပိုင္ရန္လည္းရွဲ႕ဇီထ်န္းရဲ႕အရင္က မွတ္ဉာဏ္ေတြကို ႏႈိက္ႏႈိက္ခြ်တ္ခၽြတ္ရွာခဲ႔ပါေသးတယ္၊ ဒါေပမယ့္ သူတို႔အရင္ကအဆင္ေျပျဖစ္ခဲ႔ဘူးတာ တစ္ခုမွမေတြ႕ဘူး။ ဒါေၾကာင့္လည္း လီယုကအေပၚယံပဲျဖစ္ျဖစ္ ခင္ခ်င္ေယာင္ေတာင္မေဆာင္ေပးရတဲ႔အေၾကာင္းအရင္းကို ပိုင္ရန္နားမလည္ႏိုင္ျဖစ္ေနရတယ္။

“သူ႔ကို၀င္ခိုင္းလိုက္”

ခပ္တိုးတိုးအသံေလး နန္းေတာ္တြင္းကေနထြက္လာတာနဲ႔ လီယုကလည္းခ်က္ခ်င္းပဲ ျပန္ေျဖတယ္ “ဟုတ္ကဲ႔ပါ”

အဲ႔ေနာက္မွာ သူေနရာေရြ႕ေပးၿပီး နန္းေတာ္တြင္းကို ၀င္လို႔ရေအာင္လမ္းဖယ္ေပးလိုက္တယ္။ “အရွင္ရွဲ႕ ၀င္သြားလိုက္ပါ”

ပိုင္ရန္လည္း နန္းေတာ္ထဲကို၀င္သြားတယ္။ အတြင္းထဲမွာေနရာတိုင္းကို အျဖဴေရာင္ေက်ာက္စရစ္ေလးေတြနဲ႔ စီျခယ္ထားၿပီး အလယ္ဗဟိုမွာေတာ့ ကန္႔လန္႔ကာႀကီးႏွစ္ခုနဲ႔ ျမင္ကြင္းကို ကာထားတယ္။

လႈပ္ရမ္းေနတဲ႔လိုက္ကာေနာက္မွာ ရွည္လ်ားတဲ႔ပံုရိပ္မွိန္မွိန္ေလးကို ပိုင္ရန္ေတြ႕လိုက္ရတယ္။

ကန္႔လန္႔ကာေနာက္ကြယ္မွာ ထိုင္ေနတဲ႔သူက ခါးကိုမတ္မတ္ထားၿပီး လႈပ္ရွားမႈလည္းမရွိဘူး။

ပိုင္ရန္အလ်င္အျမန္ အ႐ိုအေသေပးလိုက္တယ္ “ကြ်န္ေတာ့္အရွင္ကို ႏႈတ္ခြန္းဆက္ပါတယ္”

“ဘာေၾကာင့္ျပန္လာတာလဲ?” နတ္ဆိုးဘုရင္ႀကီးရဲ႕အသံက ထံုးစံအတိုင္းေအးစက္ၿမဲျဖစ္ေသာ္လည္း သူပဲစိတ္ထင္ေနတာလားေတာ့ ပိုင္ရန္မသိဘူး၊ နတ္ဆိုးဘုရင္ႀကီးရဲ႕အသံက အရင္ကထက္ပိုေႏြးေထြးေနတယ္လို႔ ထင္ေနမိတယ္။

နတ္ဆိုးဘုရင္ႀကီးက သူ႔ကိုစကားေျပာတိုင္းေအးစက္ၿပီး အလုပ္သေဘာအရသာေျပာေလ့ရွိေပမယ့္ ၿပီးခဲ႔တဲ႔အေခါက္အနည္းငယ္ကစၿပီး ေအးစက္တာအနည္းငယ္ေလ်ာ့သြားသလို ပိုင္ရန္ခံစားရတယ္။

“အရွင္ တိမ္နက္ဂိုဏ္းထဲမွာ တကယ္ကိုနယ္နိမိတ္စည္းရွိေနတာပါ၊ ဒါေပမယ့္ ကြ်န္ေတာ္ဖ်က္ဆီးၿပီးပါၿပီ”

“မင္း ေကာင္းေကာင္းလုပ္ခဲ႔တာပဲ” နတ္ဆိုးဘုရင္ႀကီးက “ဒီတစ္ႀကိမ္ေတာ့ မင္းေကာင္းေကာင္း အေထာက္အပံ့ေပးႏိုင္ခဲ႔တယ္၊ ကိုယ္ေတာ္ မင္းရဲ႕အိမ္ေတာ္ကို လက္ေဆာင္ေတြပို႔ေပးလိုက္မယ္”

“ေက်းဇူးတင္ပါတယ္ အရွင္”
“ဒါေပမယ့္ ကြ်န္ေတာ္ျပန္လာတာက အရွင့္ကိုတျခားကိစၥတင္ျပစရာရွိေနလို႔ပါ”

“ေျပာေလ”

ပိုင္ရန္ သူစီစဥ္ထားတဲ႔အတိုင္းပဲ စေျပာတယ္။ “ၿပီးခဲ႔တဲ႔တစ္ေခါက္က အရွင္ကကြ်န္ေတာ့္ကို တိမ္လႊာပ်ံဝဲဂိုဏ္းမွာ ေလာ့က်န္းဖန္းအားလံုးကိုသတ္တဲ႔ေနရာမွာ အကူအညီရေအာင္ဆိုၿပီး လႊတ္ခဲ႔ေသးတယ္ေလ၊ ဒါေပမယ့္ မေန႔ကရတဲ႔သတင္းမွာေတာ့ အစုလိုက္အျပံဳလိုက္သတ္ပြဲမွာ တစ္ေယာက္ကလြတ္ေျမာက္သြားပါတယ္တဲ႔… အဲ႔လူကေခ်ာက္ကေနျပဳတ္က်သြားေပမယ့္ ကံေကာင္းၿပီး နဂါးႏိုင္ဓားကိုေတာင္ ရသြားလိုက္ေသးပါတယ္၊ သိပ္မၾကာခင္တုန္းကလည္း ကြ်န္ေတာ္တိမ္လႊာပ်ံဝဲဂိုဏ္းက ေက်ာက္စိမ္းတိမ္လႊာပုလဲကို ခိုးဖို႔သြားခဲ႔ေသးတယ္၊ အဲ႔တုန္းက ကြ်န္ေတာ္ဂိုဏ္းေခါင္းေဆာင္ရဲ႕သမီးနဲ႔ နဂါးႏိုင္ဓားပိုင္ရွင္ကို ျပန္ေပးဆြဲၿပီး ဂိုဏ္းကိုရႈပ္ေထြးသြားေအာက္လုပ္ရင္း ရတနာႏွစ္ခုလံုးကို ရေအာင္လုပ္ခ်င္ခဲ႔တာ၊ ဒါေပမယ့္ ကြ်န္ေတာ္မထင္ခဲ႔တာက ကြ်န္ေတာ္ကိုယ္တိုင္အႀကီးအက်ယ္ဒဏ္ရာရၿပီး အဲ႔ႏွစ္ေယာက္လြတ္ေျမာက္သြားတာကိုပဲ”

“ကိုယ္ေတာ္ အဲ႔ေတြကိုသိၿပီးၿပီ” နတ္ဆိုးဘုရင္ႀကီးရဲ႕ေလသံကေတာ့ တည္တည္ၿငိမ္ၿငိမ္ပဲ။

သူေျပာၿပီးတာနဲ႔ ပိုင္ရန္လည္းသူ႔စိတ္ထဲမွာေတြးမိလိုက္တယ္ သူတကယ္ႀကီးသိေနတာဟ!

ေလာ့က်န္းဖန္းက နတ္ဆိုးဘုရင္ႀကီးကိုေတာင္ ေျပာၿပီးေနၿပီ! ကံေကာင္းလို႔ သူျပန္လာၿပီးရွင္းျပလိုက္လို႔။ တကယ္လို႔သူသာဖံုးကြယ္ၿပီးေနေနမယ္ဆိုရင္ နတ္ဆိုးဘုရင္ႀကီးက သူ႔အေပၚသံသယေတြ ႀကီးထြားလာႏိုင္တယ္။

____________________________________

{Unicode}

“သူကလူနှစ်ရာကျော်ထဲမှာမှ ရှင်သန်လွတ်မြောက်နိုင်ခဲ့တဲ့တစ်ဦးတည်းသောသူတစ်ယောက်ဖြစ်တဲ့အပြင် နဂါးနိုင်ဓားကိုတောင် ရလိုက်သေးတယ်… သေဖို့ကနေတောက်လျှောက်လွတ်မြောက်နိုင်နေတာ အတော်လေးကံကောင်းနေတာပဲ… သူကဟောတမ်းဖတ်ထားခံရတဲ့ခုနစ်စင်ကြယ်သားတော်ဖြစ်နိုင်တယ်လို့ မထင်ဘူးလား?” ပိုင်ရန့်ကို ကြည့်ရင်းလော့ကျန်းဖန်းပြောလိုက်တယ်။

လော့ကျန်းဖန်းတို့ကတော့ တကယ့်ကိုတော်ပါပေတယ်။

နတ်ဆိုးဘုရင်ကြီးက သူ့ကိုအရမ်းအလေးပေးနေတာ အံ့သြစရာမရှိတော့ပါဘူး။

ပိုင်ရန်အတွင်းထဲမှာ တုန်လှုပ်နေပေမယ့် အပြင်မှာတော့ တွေးတောနေဟန်ဆောင်ပြီး ခေါင်းငြိတ်နေတယ်။ “ဒါဖြစ်နိုင်တယ်”

“အရှင်ရှဲ့ အသိုက်ကလွတ်ထွက်လာတဲ့ငါးကို သတ်လိုက်သင့်တယ်၊ အဲ့လိုမထင်ဘူးလား?” လော့ကျန်းဖန်း မေးခွန်းထုတ်လိုက်တယ်။

ပိုင်ရန်ရင်တဒိတ်ဒိတ်ခုန်နေရင်းကနေပဲ ခဏလောက်တွေးလိုက်ပြီး “မင်းပြောတာ အကျိုးသင့်အကြောင်းသင့်ရှိသားပဲ”

“အရှင်ရှဲ့?” လော့ကျန်းဖန်းအပြုံးက ပိုပီပြင်လာတယ်။

ပိုင်ရန်အဲ့အပြုံးနောက်ကွယ်က ဆိုလိုရင်းကိုနားလည်တာကြောင့် ခေါင်းတွေချာချာလည်သွားတယ်။ နောက်ဆုံးမှာတော့ သူခေါင်းကိုသာငြိတ်ပြီး ပြောလိုက်တယ်။ “တကယ်လို့ သူသာခုနစ်စင်ကြယ်သားတော်ဖြစ်နေမယ်ဆိုရင် ငါသူ့ကိုသွားသတ်မယ်”

သူဘာမှ ထပ်မပြောတော့ဘူး။

သူ့စကားရဲ့ဆိုလိုရင်းက အဲ့လူကခုနစ်စင်ကြယ်သားတော်ဖြစ်နေရမယ်လို့ ပြောချင်တာဖြစ်တယ်။ တကယ်လို့ ကျိုးရင်ကသာ သားတော်မဟုတ်ကြောင်းသက်သေပြနိုင်ရင် ပိုင်ရန်လည်း သူ့ကိုသတ်စရာမလိုတော့ဘူး။

ဒါပေမယ့် သူကခုနစ်စင်ကြယ်သားတော်မဟုတ်ပါဘူးလို့ သူဘယ်လိုသက်သေပြရမလဲ?

သူတွေးရလွန်းလို့ ခေါင်းတွေတောင်နာလာတယ်။

ဒါပေါ့ အကြံအစည်မရသေးခင်မှာ ဇာတ်လိုက်အန္တရာယ်ကင်းလားဆိုတာ အတည်ပြုရအုံးမယ်။

“သူအခုဘယ်မှာလဲ”

“သူတိမ်လွှာပျံဝဲဂိုဏ်းမှာပဲ”

“အရှင်လော့က ဘာလို့ဘာမှမလုပ်တာလဲ?” ပိုင်ရန်အကြောက်ဆုံးက လော့ကျန်းဖန်းကိုယ်တိုင် လှုပ်ရှားလိုက်မှာကိုပဲ။ အဲ့လိုသာဆိုရင် ဇာတ်လိုက်ကဒီတိုင်းသေသွားတာမှ ပိုကောင်းအုံးမယ်။

လော့ကျန်းဖန်း ခေါင်းကိုရမ်းလိုက်တယ်။ “တိမ်လွှာပျံဝဲဂိုဏ်းနဲ့ အရှုပ်အထွေးမဖြစ်အောင် ကျွန်တော့်ရဲ့ပုံစံကိုဖုံးကွယ်ထားရတယ်.. တခုခုသာပေါ်သွားမယ်ဆိုရင် ကျွန်တော်လုပ်ခဲ့သမျှ သဲထဲရေသွန်ဖြစ်ကုန်မှာပေါ့၊ အဲ့ကောင်လေးကိုလည်း ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲတွေကစောင့်ရှောက်ပေးနေကြတာ၊ သူ့ကိုတစ်ခုခုလုပ်ဖို့ အခွင့်အရေးလေးတောင်မရဘူး”

ပိုင်ရန်အဲ့လိုကြားတော့မှပဲ စိတ်အေးသွားရတယ်။

သူ မူရင်းဝတ္ထုရဲ့လက်ရှိအပိုင်းကိုပြောဖို့ ရှောင်လင်းကိုတောင်းဆိုလိုက်တယ်။ ဝတ္ထုမှာ ဇာတ်လိုက်ကဂိုဏ်းကိုပြန်ရောက်တဲ့အခါ အချုပ်ချခံလိုက်ရတယ်။ နောက်တစ်မျိုးပြောရရင်တော့ သူအန္တရာယ်ကင်းသွားပြီပေါ့…

ပိုင်ရန်လူသားနယ်မြေကို လာတာက ဇာတ်လိုက်ကိုတွေ့ပြီး သူ့ကျင့်ကြံခြင်းတွေတိုးတက်ဖို့အတွက် သူ့စိတ်စွမ်းအင်တွေကို ကူညီပြီးနှိုးဆွပေးဖို့ဖြစ်တယ်။ သူ့ကျင့်ကြံခြင်းက ပိုမြန်လေ၊ သူအထက်ကိုတက်နိုင်ဖို့က ပိုမြန်လေပဲ။ အခုလိုပုံနဲ့ဆိုရင်တော့ သူ့အကြံကိုခဏလောက်နောက်ဆုတ်ထားရမယ်။

အရေးကြီးဆုံးက ဇာတ်လိုက်ကို ခုနစ်စင်ကြယ်သားတော်အဖြစ်သံသယဝင်နေတာတွေ လျော့နည်းသွားဖို့ဖြစ်တယ်။ ဦးနှောက်ကို အလုပ်ပေးပြီးတော့ ပိုင်ရန်အကြံတစ်ခုထပ်ထုတ်ရတော့တယ်။

“အရှင်လော့ပြောဖူးတာမှတ်ထားလိုက်ပါ့မယ်၊ အခုတော့နယ်နိမိတ်တိုင်လည်း ပြိုကွဲသွားပြီဆိုတော့ နတ်ဆိုးအရှင်ဆီကို အကြောင်းပြန်ကြားလိုက်ပါအုံးမယ်”

သူဘာမှမလုပ်သေးခင်မှာ နတ်ဆိုးဘုရင်ကြီးကို သွားတွေ့ပြီး သူ့ကိုအကြောင်းပြပြီးတော့ပဲ ဇာတ်လိုက်ကို ကူညီပေးရမယ်။

ပိုင်ရန်နဲ့ လော့ကျန်းဖန်းက တန်းတူအဆင့်ရှိတာကြောင့် လော့ကျန်းဖန်းက သူ့ကိုအမိန့်ပေးလို့မရဘူး။ ထွက်ပဲသွားသွား၊ နေပဲနေနေ နှစ်ယောက်လုံး သူတို့လုပ်ချင်တာလုပ်လို့ရတယ်။

လော့ကျန်းဖန်းက “ကောင်းပါပြီ” လို့သာပြန်ပြောနိုင်တယ်။

ပိုင်ရန် တခြားတစ်ယောက်က တစ်ခုခုဝင်လုပ်သွားမှာစိုးရိမ်တာကြောင့် “အရှင်လော့ ခုလောလောဆယ်တော့ ကျိုးရင်ကိုမထိတာ အကောင်းဆုံးဖြစ်လိမ့်မယ်၊ နဂါးနိုင်ဓားက နတ်ဆိုးဘုရင်ကြီးအတွက် အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုပဲ”

အဲ့လိုနဲ့ သူကျားအရေခွံနဲ့ အလံကောက်လုပ်လိုက်ရုံပဲရှိတော့တယ်။ [T/N ; သူတို့တွေရဲ့စကားပုံဖြစ်ပါလိမ့်မယ်။ ဆိုလိုချင်တာကတော့ သူများကိုအကြောင်းပြပြီး ကိုယ့်အကျိုးအတွက်ကိုယ်လုပ်တယ်လို့ ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။]

တကယ်တော့ ကျိုးရင်နဲ့ပတ်သက်တဲ့အကြောင်းကို နတ်ဆိုးဘုရင်ကြီးကိုပြောပြဖို့ ပိုင်ရန်မရည်ရွယ်ထားဘူး။

လော့ကျန်းဖန်း ပြုံးလိုက်ကာ “တကယ်လို့ အရှင်ကြီးကသာ အမိန့်ပေးလာရင် ကျွန်တော်က လိုက်နာမှာပါ”

ပိုင်ရန် အခန်းထဲကလှည့်မထွက်သွားခင် ဖျော့ဖျော့လေးသာပြုံးလိုက်တယ်။

ကြည့်ရတာ နတ်ဆိုးဘုရင်ကြီးနာမည်က အတော်လေးအသုံးဝင်ပုံရတယ်။

ပိုင်ရန် ဖြတ်လမ်းကနေ နတ်ဆိုးနယ်မြေကိုပြန်လိုက်ပြီး သူ့အိမ်တော်ကို တန်းမပြန်ဘဲ အမှောင်ထုနန်းတော်ကိုသာ သုတ်ခြေတင်လိုက်တယ်။ သို့သော်လည်း နန်းတော်ကိုရောက်တဲ့အခါမှာ နတ်ဆိုးဘုရင်ကြီးကရှိမနေဘူး။ နတ်ဆိုးဘုရင်ကြီးကို ပုန်ကန်တဲ့ကိစ္စကြီးကြီးမားမားဖြစ်သွားခဲ့တယ်။

နတ်ဆိုးနယ်မြေက အရမ်းကိုကျယ်ပြောတာကြောင့် မြောက်မြားစွာသောမတူညီတဲ့ အင်အားကြီးနတ်ဆိုးတွေလည်း တည်ရှိနေကြတယ်။ နတ်ဆိုးနယ်မြေက ခွန်အားကိုအခြေခံထားတာဖြစ်လို့ များစွာသောနတ်ဆိုးဂိုဏ်းတွေက သူတို့ရဲ့ခွန်အားကို အသုံးချပြီး ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်အတန်းရရှိဖို့ မျှော်လင့်လာကြတယ်။ အဲ့တာတွေကြောင့်ပဲ နတ်ဆိုးနယ်မြေမှာ တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာဖြစ်ပွားကြရတယ်။

နတ်ဆိုးနယ်မြေကို စုစည်းခဲ့တဲ့ နတ်ဆိုးဘုရင်ကြီးရဲ့ခမည်းတော်က နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၏လေးစားမှုကို ရရှိခဲ့တယ်။ ဒါပေမယ့်လည်း သူတို့တွေကနတ်ဆိုးဘုရင်ကြီးရဲ့ထာဝရအမှောင်ထုမျိုးဆက်ထဲ ဝင်ပြီးတဲ့နောက်မှာအားလုံးဟာ မငြိမ်မသက်ဖြစ်လာပြီး ထိန်းချုပ်ဖို့မလွယ်ကြတော့ဘူး။

အဲ့အပြင် အမှောင်ထုနန်းတော်မှာရှိနေတဲ့ နတ်ဆိုးဘုရင်ကြီးတင်မကဘူး၊ ဒီကျယ်ပြောလှတဲ့နတ်ဆိုးနယ်မြေမှာ နေထိုင်တဲ့ တခြားနတ်ဆိုးအရှင်တွေလည်း ရှိနေသေးတယ်။ ထိုနတ်ဆိုးအရှင်တွေမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့နေရာတွေရှိတယ်။ ပြဿနာဖြစ်စေတာကတော့ အနောက်ပိုင်းကနတ်ဆိုးအရှင်သာဖြစ်တယ်။ ပြောကြတာကတော့ ထိုနတ်ဆိုးအရှင်က မြို့ကိုသူ့တပ်နဲ့ တိတ်တဆိတ်ဝန်းရံထားပြီးတော့ လွတ်လပ်ခွင့်ရဖို့အတွက် နတ်ဆိုးဘုရင်ကြီးကိုစိန်ခေါ်ခဲ့တယ်။

ရန်စခံရတာကြောင့် နတ်ဆိုးဘုရင်ကြီးလည်း စိန်ခေါ်တာကိုလက်ခံခဲ့ပြီး ရှိသမျှအစွမ်းကုန်လက်တုန့်ပြန်ခဲ့တယ်။ သူသာအဲ့လိုမလုပ်ရင် နတ်ဆိုးနယ်မြေမှာ သူ့သိက္ခာတွေရစရာမရှိဖြစ်သွားနိုင်တယ်။

ပိုင်ရန်လည်း နတ်ဆိုးနယ်မြေရဲ့အနောက်ပိုင်းကို ခပ်သုတ်သုတ်သွားရပြန်တယ်။ စစ်မြေပြင်ကိုရောက်တဲ့အခါမှာ ထာဝရအမှောင်ထုနတ်ဆိုးဘုရင်ကြီးက အနောက်ပိုင်းနတ်ဆိုးအရှင်ကို ဖမ်းဆီးပြီး လူအများရှေ့မှာကွပ်မျက်ဖို့အတွက် နန်းတော်ကိုခေါ်သွားမှာဖြစ်ကြောင်း သတင်းရလိုက်တယ်။ ကြက်ကိုသတ်ပြီး မျောက်တွေကို သတိပေးလိုက်တာဖြစ်တယ်။

ပိုင်ရန်ကတော့ ဆွံ့အသွားရတယ်။ အနောက်ပိုင်းနတ်ဆိုးက ဝက်ဝံနှလုံးကိုစားပြီး ကျားသစ်လိုမျိုးရဲစွမ်းသတ္တိတွေရသွားလို့ ပုန်ကန်ရဲသွားရတာလား?”

မင်းကနတ်ဆိုးအရှင်ဖြစ်တာတောင် အားမရသေးဘူး၊ နတ်ဆိုးဘုရင်ကြီးကို ရန်သွားစတယ်ပေါ့လေ။ နတ်ဆိုးဘုရင်ကြီးက အတော့်တကာအတော်ဆုံး Big Bossကြီးတစ်ယောက်ပါဆိုနေမှပဲကို။ သူမကိုင်တွယ်နိုင်တာ ဘာရှိအုံးမှာလဲ၊

သူကပြဿနာကိုတောင် ဖြေရှင်းလို့ပြီးနှင့်နေပြီ!

နတ်ဆိုးဘုရင်ကြီးရဲ့လက်အောက်ငယ်သားတွေက ပိုင်ရန်ကိုအကုန်လုံးသိကြပြီး နတ်ဆိုးဘုရင်ကြီးရဲ့ညာလက်ရုံးဆိုတာလည်း သိကြတယ်။ အဲ့တာကြောင့် ရုတ်တရက်သူပေါ်လာတာကို တားမြစ်တဲ့သူမရှိကြဘူး။ သူအနောက်ပိုင်းကလောဘကြီးတဲ့နတ်ဆိုးအရှင်ရဲ့ နန်းတော်ထဲကို ချောချောမွေ့မွေ့ပဲ ဝင်သွားလိုက်တယ်။

နတ်ဆိုးဘုရင်ကြီးက အထဲမှာရှိတယ်။

ပုန်ကန်ခဲ့တဲ့နတ်ဆိုးအရှင်ရဲ့နန်းတော်က အမှောင်ထုနန်းတော်ထက်တော့ ပိုသာမနေဘူး။ တည်ဆောက်ထားတဲ့ပုံပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ပဲဖြစ်ဖြစ် အမှောင်ထုနန်းတော်ကို မယှဉ်နိုင်ဘူး။ ဒါပေါ့ နတ်ဆိုးနယ်မြေမှာ တည်ဆောက်ပုံနဲ့ ပတ်ဝန်းကျင်က ဒုတိယအရေးပါတယ်။ အရေးအကြီးဆုံးက ဖွဲ့စည်းပုံစီရင်ထားတာနဲ့ သူ့ရဲ့ပထဝီအနေအထားတို့ဖြစ်တယ်။ အမှောင်ထုနန်းတော်ကြီးရဲ့ အစီအရင်တွေနဲ့ တည်နေရာက ဘယ်တော့မှဒုတိယနေရာမှာ မရှိဘူး။

နတ်ဆိုးအရှင်ရဲ့နန်းတော်ကလည်း အရမ်းကိုနှစ်သက်စရာကောင်းတယ်။ နံရံတွေမှာတောင်မှ ဆီလျော်ပြီးလှပတဲ့မြင်ကွင်းဖြစ်အောင် ရွှေရောင်သစ်ရွက်လေးတွေနဲ့ ပုံဖော်ထားတယ်။

“အရှင်ရှဲ့ ဘယ်လိုကြောင့် ဒီကိုရောက်လာတာပါလဲ?” သူ့ကိုအရင်တုန်းကအမှောင်ထုနန်းတော်မှာ မြင်ဖူးတဲ့အစောင့်တစ်ယောက်က အံ့သြတကြီးမေးလိုက်တယ်။ ဘယ်လိုပဲဖြစ်နေနေ ပိုင်ရန်လူသားနယ်မြေကို အပို့ခံလိုက်ရတယ်ဆိုတဲ့သတင်းက အမှောင်ထုနန်းတော်တစ်ခုလုံးကို ပျံ့သွားခဲ့တယ်။ ကောလဟာလတွေအရ ပိုင်ရန်နဲ့နတ်ဆိုးဘုရင်ကြီးက အဆင်မပြေတာကြောင့် ပိုင်ရန်က အဝေးကိုပို့ခံလိုက်ရတယ်လို့ ဆိုကြတယ်။

ပိုင်ရန်က သူ့တာဝန်ကိုပဲအာရုံစိုက်နေတာကြောင့် အစောင့်ရဲ့အမူအယာကို သတိမထားလိုက်မိဘူး။ “အဲ့တော့ အရှင်ကြီးအထဲမှာရှိလား? သူ့ကိုအရေးတကြီးတွေစရာရှိတယ်”

အစောင့်က လှပတဲ့နန်းတော်ကြီးရဲ့အနောက်ဘက်ခြမ်းကို ညွှန်ပြလိုက်ပြီး “အရှင်က အထဲမှာအနားယူနေပါတယ်”

ပိုင်ရန်ခေါင်းငြိတ်လိုက်ပြီး ထိုနေရာကို တည့်တည့်လျှောက်သွားတယ်။

သူဝင်ပေါက်နားရောက်တဲ့အချိန်မှာ အရိပ်မည်းတစ်ခုရုတ်ခြည်းပေါ်လာပြီး သူလမ်းကို ပိတ်လိုက်တယ်။

လီယုပဲဟ…

လီယုက အေးစက်စက်အမူအယာနဲ့ “ရပ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ရှဲ့၊ ကျွန်တော့်အရှင်က အခုအနားယူနေပါတယ်၊ အဲ့တာကြောင့် သူ့ကိုတစ်ယောက်မှအနှောင့်အယှက်ဖြစ်အောင်မလုပ်မိတာ ပိုအဆင်ပြေပါလိမ့်မယ်”

“ငါ့မှာ အရှင့်ကိုတင်ပြစရာရှိသေးတယ်”

ဟာသပဲ၊ သူသာပြဿနာကို မရှင်းသေးဘဲ နောက်မှပြန်လာမယ်ဆိုရင် လော့ကျန်းဖန်းက တစ်ခုခုလုပ်ပြီး ဇာတ်လိုက်ကို သတ်လိုက်နိုင်တယ်။ ဒါဆိုရင် ပိုင်ရန်ရဲ့ကစားပွဲလည်း အဆုံးသတ်သွားနိုင်တယ်!

“အရှင်ရှဲ့ နောက်မှပြန်လာခဲ့ပါ”

လီယုကတောင်ကြီးတစ်တောင်လိုပဲရှိနေပြီး ပိုင်ရန့်ကိုမျက်နှာသာလေးတောင် မပေးဘူး။ ရှဲ့ဇီထျန်းက နတ်ဆိုးနယ်မြေမှာဆိုရင် လေးစားထိုက်တဲ့သူတစ်ယောက်ဖြစ်တယ်။ လူအများစုက သူ့ကိုဆိုရင် မျက်နှာချိုသွေးနေရတာ။ ပိုင်ရန်လည်း လီယုကို လေးစားပါတယ်၊ ဒါပေမယ့် လီယုကအမြဲတမ်းကြီးကို အေးတိအေးစက်နဲ့ ပိုင်ရန်ကပဲသူ့ဆီမှာ စိတ်ဝိဉာဉ်ကျောက်တုံးသန်းပေါင်းများစွာ အကြွေးတင်နေသလိုမျိုးရုပ်နဲ့..။ ပိုင်ရန်လည်းရှဲ့ဇီထျန်းရဲ့အရင်က မှတ်ဉာဏ်တွေကို နှိုက်နှိုက်ချွတ်ချွတ်ရှာခဲ့ပါသေးတယ်၊ ဒါပေမယ့် သူတို့အရင်ကအဆင်ပြေဖြစ်ခဲ့ဘူးတာ တစ်ခုမှမတွေ့ဘူး။ ဒါကြောင့်လည်း လီယုကအပေါ်ယံပဲဖြစ်ဖြစ် ခင်ချင်ယောင်တောင်မဆောင်ပေးရတဲ့အကြောင်းအရင်းကို ပိုင်ရန်နားမလည်နိုင်ဖြစ်နေရတယ်။

“သူ့ကိုဝင်ခိုင်းလိုက်”

ခပ်တိုးတိုးအသံလေး နန်းတော်တွင်းကနေထွက်လာတာနဲ့ လီယုကလည်းချက်ချင်းပဲ ပြန်ဖြေတယ် “ဟုတ်ကဲ့ပါ”

အဲ့နောက်မှာ သူနေရာရွေ့ပေးပြီး နန်းတော်တွင်းကို ဝင်လို့ရအောင်လမ်းဖယ်ပေးလိုက်တယ်။ “အရှင်ရှဲ့ ဝင်သွားလိုက်ပါ”

ပိုင်ရန်လည်း နန်းတော်ထဲကိုဝင်သွားတယ်။ အတွင်းထဲမှာနေရာတိုင်းကို အဖြူရောင်ကျောက်စရစ်လေးတွေနဲ့ စီခြယ်ထားပြီး အလယ်ဗဟိုမှာတော့ ကန့်လန့်ကာကြီးနှစ်ခုနဲ့ မြင်ကွင်းကို ကာထားတယ်။

လှုပ်ရမ်းနေတဲ့လိုက်ကာနောက်မှာ ရှည်လျားတဲ့ပုံရိပ်မှိန်မှိန်လေးကို ပိုင်ရန်တွေ့လိုက်ရတယ်။

ကန့်လန့်ကာနောက်ကွယ်မှာ ထိုင်နေတဲ့သူက ခါးကိုမတ်မတ်ထားပြီး လှုပ်ရှားမှုလည်းမရှိဘူး။

ပိုင်ရန်အလျင်အမြန် အရိုအသေပေးလိုက်တယ် “ကျွန်တော့်အရှင်ကို နှုတ်ခွန်းဆက်ပါတယ်”

“ဘာကြောင့်ပြန်လာတာလဲ?” နတ်ဆိုးဘုရင်ကြီးရဲ့အသံက ထုံးစံအတိုင်းအေးစက်မြဲဖြစ်သော်လည်း သူပဲစိတ်ထင်နေတာလားတော့ ပိုင်ရန်မသိဘူး၊ နတ်ဆိုးဘုရင်ကြီးရဲ့အသံက အရင်ကထက်ပိုနွေးထွေးနေတယ်လို့ ထင်နေမိတယ်။

နတ်ဆိုးဘုရင်ကြီးက သူ့ကိုစကားပြောတိုင်းအေးစက်ပြီး အလုပ်သဘောအရသာပြောလေ့ရှိပေမယ့် ပြီးခဲ့တဲ့အခေါက်အနည်းငယ်ကစပြီး အေးစက်တာအနည်းငယ်လျော့သွားသလို ပိုင်ရန်ခံစားရတယ်။

“အရှင် တိမ်နက်ဂိုဏ်းထဲမှာ တကယ်ကိုနယ်နိမိတ်စည်းရှိနေတာပါ၊ ဒါပေမယ့် ကျွန်တော်ဖျက်ဆီးပြီးပါပြီ”

“မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ” နတ်ဆိုးဘုရင်ကြီးက “ဒီတစ်ကြိမ်တော့ မင်းကောင်းကောင်း အထောက်အပံ့ပေးနိုင်ခဲ့တယ်၊ ကိုယ်တော် မင်းရဲ့အိမ်တော်ကို လက်ဆောင်တွေပို့ပေးလိုက်မယ်”

“ကျေးဇူးတင်ပါတယ် အရှင်”
“ဒါပေမယ့် ကျွန်တော်ပြန်လာတာက အရှင့်ကိုတခြားကိစ္စတင်ပြစရာရှိနေလို့ပါ”

“ပြောလေ”

ပိုင်ရန် သူစီစဉ်ထားတဲ့အတိုင်းပဲ စပြောတယ်။ “ပြီးခဲ့တဲ့တစ်ခေါက်က အရှင်ကကျွန်တော့်ကို တိမ်လွှာပျံဝဲဂိုဏ်းမှာ လော့ကျန်းဖန်းအားလုံးကိုသတ်တဲ့နေရာမှာ အကူအညီရအောင်ဆိုပြီး လွှတ်ခဲ့သေးတယ်လေ၊ ဒါပေမယ့် မနေ့ကရတဲ့သတင်းမှာတော့ အစုလိုက်အပြုံလိုက်သတ်ပွဲမှာ တစ်ယောက်ကလွတ်မြောက်သွားပါတယ်တဲ့… အဲ့လူကချောက်ကနေပြုတ်ကျသွားပေမယ့် ကံကောင်းပြီး နဂါးနိုင်ဓားကိုတောင် ရသွားလိုက်သေးပါတယ်၊ သိပ်မကြာခင်တုန်းကလည်း ကျွန်တော်တိမ်လွှာပျံဝဲဂိုဏ်းက ကျောက်စိမ်းတိမ်လွှာပုလဲကို ခိုးဖို့သွားခဲ့သေးတယ်၊ အဲ့တုန်းက ကျွန်တော်ဂိုဏ်းခေါင်းဆောင်ရဲ့သမီးနဲ့ နဂါးနိုင်ဓားပိုင်ရှင်ကို ပြန်ပေးဆွဲပြီး ဂိုဏ်းကိုရှုပ်ထွေးသွားအောက်လုပ်ရင်း ရတနာနှစ်ခုလုံးကို ရအောင်လုပ်ချင်ခဲ့တာ၊ ဒါပေမယ့် ကျွန်တော်မထင်ခဲ့တာက ကျွန်တော်ကိုယ်တိုင်အကြီးအကျယ်ဒဏ်ရာရပြီး အဲ့နှစ်ယောက်လွတ်မြောက်သွားတာကိုပဲ”

“ကိုယ်တော် အဲ့တွေကိုသိပြီးပြီ” နတ်ဆိုးဘုရင်ကြီးရဲ့လေသံကတော့ တည်တည်ငြိမ်ငြိမ်ပဲ။

သူပြောပြီးတာနဲ့ ပိုင်ရန်လည်းသူ့စိတ်ထဲမှာတွေးမိလိုက်တယ် သူတကယ်ကြီးသိနေတာဟ!

လော့ကျန်းဖန်းက နတ်ဆိုးဘုရင်ကြီးကိုတောင် ပြောပြီးနေပြီ! ကံကောင်းလို့ သူပြန်လာပြီးရှင်းပြလိုက်လို့။ တကယ်လို့သူသာဖုံးကွယ်ပြီးနေနေမယ်ဆိုရင် နတ်ဆိုးဘုရင်ကြီးက သူ့အပေါ်သံသယတွေ ကြီးထွားလာနိုင်တယ်။

_____

Thanks 😉




Продолжить чтение

Вам также понравится

3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
219K 19.6K 19
'ပိုင်လင်'ဟူသည့် ယနေ့ခေတ်လူငယ်သည် မိုးကြိုးအပစ်ခံရပြီးနောက် သူ့ဝိညာဥ်ဟာ ဒဏ္ဍာရီခေတ်ထဲရှိ ဝိညာဥ်ပြိုကွဲနေသော 'ကျူဟန်'ရဲ့ခန္ဓာကိုယ်ထဲရောက်ရှိသွားပြီးနေ...
654K 88.4K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
392K 39.8K 42
Title - 《顶级掠食者》 Title in English -《Alpha Predator》 Author - ShuiQianCheng [水千丞] Status- Ongoing No. of chapters - 132 Gong -瞿末予 (Qú Mò Yǔ ) / ချွီမေ...