The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 12

57.7K 7.2K 485
By Heather_Bell

လိုဏ်ဂူထဲသို့ ဝင်ရောက်လာပြီးနောက် လင်းမိုသည် လီချန်းယုံဆီသို့ အရင် ဦးတည်သွားလိုက်သည်။

"မင်းဒဏ်ရာကဘယ်လိုနေလဲ''

သူ၏ မျက်နှာ၌ စိုးရိမ်မှုတို့က အထင်းသား။

"ရှပ်ထိသွားတာ၊ ဘာမှမဖြစ်ပါဘူး၊ မင်း အဲ့ဒီလူတွေကို ဘာလုပ်ခဲ့တာလဲ အော်သံကြားလိုက်ရတယ်''

"သူတို့နဲ့တန်တဲ့ အပြစ်ပေးလိုက်တာ၊ လာငါဒဏ်ရာကြည့်ပေးမယ်''

လင်းမိုက အာရုံနောက်စရာ ထိုလူတို့၏ အကြောင်းကို ဆက်မပြောမလိုပါ။ သူက လီချန်းယုံ၏ ဒဏ်ရာကိုသာ ကြောင့်ကြနေသည်။

လီချန်းယုံ၏ ဒဏ်ရာက သိပ်ပြီးမနက်ပါ။ သို့သော် သူ၏ ဝတ်ရုံမှာ ဓားပြတ်ရာအကြောင်းလိုက်ဖြစ်နေပြီး ဖြူဖွေးနေသော ပေါင်တံမှာ သွေးများရဲနေလေသည်။

လင်းမိုသည် စစ်ပွဲအတွင်း ဒဏ်ရာများစွာရဖူးသော်လည်း ထိုဒဏ်ရာတို့က သူ့ကို မည်ကဲ့သို့မှ မနေစေဘဲ ယခုလီချန်းယုံ၏ ဒဏ်ရာကသာ သူ့ကိုများစွာ စိတ်မသက်မသာဖြစ်စေသည်။

"ငါပြောသားပဲ မင်းကိုအပြင်မထွက်နဲ့ဆိုတာ''

လင်းမို၏အသံက ဒေါသသံအနည်းငယ်စွတ်နေလေသည်။

လီချန်းယုံကတော့ အရေးမကြီးသလိုပင် သူ့ဒဏ်ရာကို များစွာ စိတ်ပူဟန်မပြ။

"ငါမသွားရင် အဲ့ဒီမြင်းတွေပါသွားပြီလေ''

"ငါမလာရင်လည်း မင်းပါသွားလောက်ပြီ''

လင်းမို၏ ခပ်ပြတ်ပြတ်စကားကြောင့် လီချန်းယုံမှာ ဒေါသထွက်သွားလေသည်။

"မင်းသာ အဆိပ်မခတ်ရင် အဲ့ဒီလူအယောက်တစ်ရာလည်း ငါသတ်နိုင်တယ်သိလား. . .''

လီချန်းယုံက ထိုကိစ္စကိုအစဖော်တိုင်း လင်းမိုမှာ ပြောစရာစကားပျောက်ရှပြီး သူ့ကိုယ်သူသာ အကြိမ်ကြိမ် အပြစ်တင်မိသည်။ သို့ကြောင့် သူတို့နှစ်ယောက်၏ ခွန်းကြီးခွန်းငယ်စကားများမှုသည် ထိုမျှနှင့် ပြီးစီးသွားသည်။

"ဒဏ်ရာအရင်ဆေးပေးမယ် ရှောင်ချိုရေနွေးယူခဲ့''

လင်းမို၏ အမိန့်သံကြောင့် ဆေးရည်ကျိုနေသော ရှောင်ချိုထသွားလေသည်။

လီချန်းယုံကတော့ လင်းမိုက သူ၏ အဖိုးတန်သွေးဖြူဝံပုလွေကို တောက်တိုမယ်ရခိုင်းနေသည်ကို တကယ်ပင်မကြိုက်လှပါ။

ရေနွေးရလာသောအခါ လင်းမိုက အဝတ်ဖြူစတစ်ထည်နှင့် လီချန်းယုံ၏ ဒဏ်ရာကို ဆေးကြောပေးလေသည်။ ၎င်းက စိတ်ရှည်လက်ရှည်နှင့် ဆေးထည့်ပြီးနောက် ပတ်တီးပါစီးပေးလေသည်။ လီချန်းယုံကတော့ လင်းမိုလုပ်သမျှကို အသာတကြည်ပဲ ငြိမ်နေလိုက်သည်။ အစက လုံးလုံးမကြိုက်သော်လည်း သည်လိုဂရုစိုက်မှုတွေက လီချန်းယုံနှင့် အသားကျလာခဲ့သည်။

"လင်းမို''

လင်းမိုက လီချန်းယုံကို ဖျတ်ခနဲ ကြည့်လိုက်သည်။ လီချန်းယုံ၏ မျက်နှာသည် အေးဆေးတည်ငြိမ်နေပြီး သူ၏ မျက်တောင်ရှည်ကြီးများက ထိုတည်ငြိမ်မှုကို ပံ့ပိုးနေသယောင်ရှိသည်။ယောကျ်ားပီသသော မေးရိုးနှင့်နှာတံတို့ရှိသော်လည်း နှုတ်ခမ်းလွှာကမူ နီထွေးထွေးဖြစ်နေသည်။ ထိုနှုတ်ခမ်းလွှာစိုက်ကြည့်မိတော့ လင်းမိုခမျာ သူ၏ လွတ်ထွက်မတတ်ဖြစ်သွားသော စိတ်ကူးတို့ကို ခဲယဉ်းစွာ ထိန်းချုပ်လိုက်ရလေသည်။

"မင်းဘာလို့ မြောက်ပိုင်းကို မသိမ်းတော့တာလဲ''

လီချန်းယုံက လင်းမိုကိုကြည့်ကာ မေးလိုက်သည်။ တိုင်းပြည်၏ အိမ်ရှေ့စံပီသစွာပင် လီချန်းယုံက ကျိုးကြောင်းဆီလျော်သော မေးခွန်းကိုမေးလေသည်။

"ငါသိမ်းစရာမလိုတော့လို့''

လင်းမိုက ပတ်တီးကိုစည်းပြီး ဝတ်ရုံကိုအသာပြင်ဖုံးပေးကာ ပြောသည်။

"ဘာဖြစ်လို့လဲ''

"ငါပြောလည်း မင်းနားလည်မှာလား''

လင်းမို၏ လေသံမှာ အထက်ဆီးဆန်လွန်းသည်။

လီချန်းယုံ၏ နှုတ်ခမ်းက သိသာစွာမဲ့သွားသည်။

လင်းမိုက ထိုမဲ့သွားသော နှုတ်ခမ်းကို စိတ်ကူးထဲ၌ ကိုက်ခဲပြီး ပြန်​ဖြေသည်။

"ချန်းယုံ...ငါဆယ့်ခြောက်နိုင်ငံကို ဘာလို့သိမ်းချင်လဲသိလား''

"မင်းအာဏာရူးလို့နေမှာပေါ့''

လီချန်းယုံ၏ ဗြောင်ကျသော အဖြေကြောင့် လင်းမိုက နှာခေါင်းရှုံ့သွားလေသည်။

"ဘယ်ဟုတ်မလဲ...ငါကယန်နိုင်ငံအတွက်သိမ်းတာ ငါတို့နိုင်ငံကသေးသေးလေး ပင်လယ်နားနီးလို့ ရာသီဥတုဒဏ်အမြဲတမ်းခံရတယ် သာမန်ပြည်သူတွေက စိုက်ပျိုးရေးကလွဲပြီး ဘာမှမလုပ်တတ်ဘူး၊ အဲဒါကြောင့် တိုင်းပြည်ရဲ့ဘဏ္ဍာရေး အင်အားတောင့်တင်းအောင် ပတ်ဝန်းကျင်နိုင်ငံတွေကို သိမ်းပြီး အခွန်တွေကောက်လိုက်တာ၊ နောက်မျိုးဆက်ကျရင် ပူစရာမလိုတော့ဘူးလေ''

လီချန်းယုံကတော့ လင်းမို၏ ကြိုတင်မျှော်မြင်မှုနှင့် အကြံကြီးပုံကို များစွာအံ့သြမိသည်။ ယန်နိုင်ငံအတွက်တော့ လင်းမိုလို ဘုရင်မျိုးရသည်က ကံကောင်းလွန်းသည်။

"နောက်တစ်ကြောင်းကတော့ ငါကစစ်ပွဲတွေကြားမှာ ပျော်မွေ့လို့. . .''

လင်းမိုက အေးဆေးစွာပင် ဖြေသည်။ စစ်တိုက်ရခြင်းနှင့်လူသတ်ရခြင်းက သူ့အတွက် ဝါသနာမဟုတ်သော်လည်း တိုက်ပွဲကို မည်သို့နိုင်အောင်တိုက်မည်ဟု စစ်ပွဲဗျူဟာများချမှတ်ရခြင်းနှင့် ပရိယာယ်တို့သုံးခြင်းသည် သူပျော်မွေ့သောအရာများဖြစ်သည်။

"မင်းလူတွေ အများကြီးသတ်တာလား''
စစ်ပွဲဆိုသေားစကားကြောင့် လီချန်းယုံက သက်ပြင်းချကာ မေးလိုက်သည်။

လင်းမို၏ မျက်နှာမှာ မကောင်းဆိုးဝါးဆန်သောအပြုံးက ပေါ်လာပြန်သည်။
"ငါ့ကို အညံ့မခံဘဲ ဆန့်ကျင်မှပါ''

"အဲ့ဒီအကြောင်းနဲ့ မင်းမြောက်ပိုင်းကို မသိမ်းတော့တာ ဘာဆိုင်လို့လဲ''
လီချန်းယုံ လိုချင်သော အဖြေက ယခုထိမရသေးပါ။

"ငါပြောသားပဲ မင်းနားလည်မှာမဟုတ်ဘူးဆိုတာ''

လင်းမို၏ စကားကြောင့် လီချန်းယုံ၏ မျက်နှာက မဲ့သွားလေသည်။
ခဏအကြာမှ လင်းမိုဆီက စကားသံထွက်ပေါ်လာသည်။

"ငါက အခွန်ဘဏ္ဍာတွေလိုချင်လို့ တိုင်းပြည်တွေကို လက်အောက်ခံအဖြစ်ထားပါတယ်ဆိုမှ မင်းတို့မြောက်ပိုင်းက ရေခဲတွေပဲ ဖုံးနေတာ ဘာသယံဇာတတွေများရှိလို့လဲ ငါသိမ်းလည်း စစ်ပွဲဖြစ်သွားတာပဲ ရှိမှာ''

လင်းမို၏ စကားက တကယ်ပင် မှန်ကန်နေသောကြောင့် လီချန်းယုံ ထပ်မပြောတော့ပေ။ သူစိတ်အထင်သာ မလွဲပါက လင်းမိုက တစ်စုံတစ်ခုကို လျှို့ဝှက်ထားဟန်ရှိလေသည်။ လင်းမိုက သူ၏ တကယ့်အကြောင်းပြချက်ကို ထုတ်ဖော်ပြောပုံမရပေ။

ထိုညနေတွင်တော့ လင်းမိုက သူကိုယ်တိုင် ကတိုးကောင်ကို ကင်ပေးပြီး လီချန်းယုံအား စားစေသည်။ သူအာသီသရှိသော အရာကို စားရသဖြင့် လီချန်းယုံမှာ အထူးရွှင်ပျနေသည်။

နှစ်ရက်ခန့်အကြာတွင် လီချန်းယုံ၏ ခန္ဓာကိုယ်၌ အဆိပ်လက်ကျန်မရှိတော့သည်အတွက် ရှန်နန်းတော်ကို ပြန်၍ ရပြီဖြစ်သည်။ ရထားလုံးမောင်းသူက လင်းမိုဖြစ်သွားသည်မှ လွဲ၍ အလာတုန်းကကဲ့သို့ မြင်းခြောက်ကောင်နှင့် ရထားလုံးဖြင့် ပြန်လာခဲ့ခြင်းဖြစ်သည်။ ရှောင်ချိုက သူ့သဘာဝသည် သားရဲ ဝံပုလွေဖြစ်သောကြောင့် ရေခဲလွင်ပြင်တွင် လွတ်လွတ်လပ်လပ်နေခြင်းက ပို၍ အဆင်ပြေလိမ့်မည်ဖြစ်သောကြောင့် လီချန်းယုံက ထားခဲ့လေသည်။ သူတို့ထွက်မလာခင်လေးမှ လင်းမိုက ရှောင်ချိုကို အပြင်ခေါ်ထုတ်ပြီး တစ်စုံတစ်ခုကို အထပ်ထပ်မှာကြားနေလေသည်။

ရှန်နန်းတော်သို့ရောက်သောအခါ လင်းမိုက အဦးဆုံး ရှန်ဘုရင်ကြီးလီနှင့် သွားရောက်တွေ့ဆုံလေသည်။ လီချန်းယုံက မဟာမိတ်ဖွဲ့ထားကြောင်း အကြောင်းကြားထားသောကြောင့် ဘုရင်ကြီးနှင့် မှူးမတ်များက လင်းမိုကို ယခင်ကကဲ့သို့ သဘောထား မတင်းမာတော့ပေ။ လင်းမိုကလည်း ပါးနပ်စွာပင် ဘုရင်ကြီးလီနှင့် အမတ်တို့ကို ပြေလည်စွာ ဆက်ဆံသည်။

နှစ်နိုင်ငံချစ်ကြည်ရေးယူသည့် အထိမ်းအမှတ်အဖြစ် ဘုရင်ကြီးလီသည် လင်းမိုအတွက် မြောက်ပိုင်းကဟင်းလျာအသီးသီးကို အရသာထူးကဲအောင် ချက်ပြုတ်စေပြီး ဧည့်ခံပွဲတစ်ပွဲ ကျင်းပပေးလေသည်။ သို့ဖြစ်ရာ လင်းမို၊ အမတ်ကြီး၊ ဘုရင်ကြီးလီ၊ လီချန်းယုံနှင့် စစ်သူကြီးချင်တို့သည် မဟာမိတ်ဖွဲ့သည့် အထိမ်းအမှတ်အဖြစ် ညစာစားပွဲတော်အတူတည်ကြလေသည်။

ဘုရင်ကြီးလီက စားပွဲဝိုင်း၏ ထိပ်မှနေရာယူပြီး လင်းမိုနှင့် အမတ်ကြီးက တစ်ဖက်၊ လီချန်းယုံနှင့် စစ်သူကြီးက တစ်ဖက် နေရာယူလေသည်။ စားပွဲတွင် မြောက်ပိုင်းက ဒေသထွက် ဟင်းလျာများကို အမျိုးမျိူး ပြင်ဆင်ထားလေသည်။ ဟင်းလျာတို့၏ အမွှေးရနံ့မှာ တကယ်ပင် သင်းပျံ့နေပြီး အပြင်အဆင်မှာလည်း စားချင်စဖွယ်ဖြစ်လေသည်။

မြောက်ပိုင်းက ရေခဲလွင်ပြင်ဖြစ်သောကြောင့် စားဖွယ်တို့်မှာ တောင်ပိုင်း၏ စားဖွယ်တို့နှင့် များစွာခြားနားလေသည်။ အထူးကဲဆုံးမှာ ရေခဲလွင်ပြင်၏ အပေါ်ယံရေခဲလွှာ၏ အောက် ရေခဲအနက်တွင် နေထိုင်သော ငါးတစ်မျိုးကို ပေါင်းထားသော ဟင်းလျာဖြစ်လေသည်။ ငါးကို ပေါင်းရာတွင် ဟင်းခတ်အမွှေးအကြိုင် များကို သုံးထားသောကြောင့် အနံ့မှာ သင်းပျံ့နေလေသည်။ ပေါင်းထားသော ငါး၏ အပေါ်တွင် စားတော်ချက်တို့ အထူးပြုလုပ်ထားသည့် ငရုတ်သီးအနှစ်အနည်းငယ်ပါသော ဟင်းခတ်အနှစ်ရည်ကိုလည်း ဆမ်းထားသေးသည်။ မြောက်ပိုင်းတွင် ဟင်းလျာတော်တော်များများ အရသာထူးကဲပြီး အနည်းငယ်မျှ စပ်လေသည်။

လီချန်းယုံသည် စားတော်ပွဲတွင် သူ၏ အကြိုက်ဆုံး ငါးပေါင်းဟင်းလျာကို တည်ခင်းထားကြောင်းတွေ့လိုက်ရသောအခါ မျက်လုံးများအရောင်လဲ့သွားသည်။ သို့သော် ကံဆိုးစွာပင် ဟင်းလျာမှာ မြောက်ပိုင်း၏ အထူးဟင်းလျာဖြစ်သောကြောင့် တောင်ပိုင်းက ဧည့်သည်များကို ဦးစားပေးတည်ခင်းထားပုံရလေသည်။ လီချန်းယုံထိုင်သောနေရာနှင့် အနည်းငယ်ဝေးသော နေရာတွင်ရှိနေလေသည်။

"ကိုယ်တော်တို့ရဲ့မြောက်ပိုင်းက အထူးဟင်းလျာတွေပါ''

ရှန်ဘုရင်ကြီး၏ လောကဝတ်စကားကြောင့် လင်းမိုက စားပွဲတွင်ထိုင်ပြီးနေရာယူလိုက်သည်။ ဘုရင်ကြီးလီမှာ အသက်အရွယ်ကြီးမြင့်ပြီး ခန္ဓာကိုယ်မှာ အားနည်းနေသည်။သို့သော် သူ၏ မျက်လုံးများကတော့ စူးရှတောက်ပနေသည်။ ဘုရင်ကြီးလီသည် ငယ်ရွယ်စဉ်က အစွမ်းထွက်သော ဘုရင်တစ်ပါးဖြစ်ခဲ့သည်မှာ ဧကန်မလွဲပေ။

စားတော်ပွဲစတင်ချိန်တွင်တော့ ယန်နိုင်ငံအမတ်ကြီးက ဘုရင်ကြီးလီကို မြောက်ပိုင်းဒေသ၏ ဓလေ့ထုံးထမ်းများအကြောင်း သိလိုသည်များကို မေးမြန်းလာသည်။ အသက်အရွယ်ကြီးရင့်သူများပီပီ စကားလမ်းကြောင်းမပြတ်အောင် ပြောနိုင်လေသည်။ စစ်သူကြီးချင်ကမူ သူတို့၏ စကားဝိုင်းကို တစ်ချက်တစ်ချက်မှ ဝင်ထောက်သည်။ လင်းမိုကတော့ စကားဝိုင်းကို ဝင်မပြောသော်လည်း အာရုံစူးစိုက်စွာ နားထောင်နေလေသည်။

နှစ်နိုင်ငံ၏ သံရေးတံမန်ရေးစကားဝိုင်းကို လီချန်းယုံ အပြည့်အဝအာရုံမစိုက်နိုင်ပေ။ သူက ရေခဲလိုအေးစက်ပြီး မာနကို တံခွန်လိုထူထားသည့် အိမ်ရှေ့စံဖြစ်သော်လည်း သူ၏ မဟာ့မဟာ အားနည်းချက်မှာ အစားအသောက်ပင်ဖြစ်လေသည်။ စစ်သည်တစ်ထောင်ကို တည်ငြိမ်စွာရင်ဆိုင်နိုင်သော်လည်း စားသောက်ဖွယ်ရာကောင်း တစ်ခွက်ရှေ့ သူမတည်ငြိမ်နိုင်ပါ။ ထို့အပြင် မျက်စိရှေ့တည်ခင်းထားသည်က သူအကြိုက်ဆုံး ဟင်းလျာ။

"ဟင်း''

လီချန်းယုံ သက်ပြင်းချနေသည်။ မြင်သာမြင်၍ မကြင်ရသည့် ဘဝ။ စားသောက်နေသူတိုင်းက တော်ဝင်မျိုးနွယ်များပီပီ ဟင်းလျာမျိုးစုံတို့ကို အနည်းငယ်စီမျှသာ အိန္ဒြေလည်း မပျက်ယွင်းရအောင် မြည်းစမ်းစားနေလေသည်။ လီချန်းယုံသည်စိတ်က တစ်ခုသော ဟင်းလျာဆီရောက်နေသော်လည်း သူမမှီဘဲ လက်ကမ်းယူပါက အလွန်သရုပ်ပျက်ပေမည် ဖြစ်သောကြောင့် မျက်လွှာအသာချကာ သူရှေ့ကဟင်းလျာတို့ကို ရသေ့စိတ်ဖြေသဘောဖြင့် တစ်တို့စီစားနေလေသည်။

ယခုအချိန်ထိ မည်သူမျှ သူ၏ ဟင်းလျာကို မမြည်းစမ်းသေ။ ထိုစဉ်တူကို ကျင်လည်စွာကိုင်ထားသည့် ရှည်လျားပြီးသွယ်သောလက်ချောင်းများက အနှီဟင်းလျာပေါ် ဝဲပျံလာလေသည်။

လီချန်းယုံက မသိမသာ ဝေ့ကြည့်လိုက်တော့ ထိုလက်ပိုင်ရှင်မှာ လင်းမို ဖြစ်နေသည်။

လီချန်းယုံမှာ ပျက်ယွင်းသွားသော မျက်နှာကိုထိန်းပြီး စိတ်ထဲက ကျိန်ဆဲနေမိသည်။

လင်းမိုက သူ၏ရှေ့က ငါးပေါင်းဟင်းလျာကို မမြည်းစမ်းသေးဘဲ တူဖြင့် စိတ်ရှည်လက်ရှည် ဖဲ့နေသည်။ အရိုးတစ်မျှင်ချင်းကို ဖယ်ထုတ်နေခြင်း ဖြစ်သည်။ လင်းမိုသည် ဆယ့်ငါးနိုင်ငံကို အုပ်စိုးသော ဘုရင် တစ်ပါး၏ အရှိန်အဝါများရှိသော်လည်း ယခုလ်ို ငါးရိုးနွှင်နေသည်က နူးညံ့ပြီးပန်းချီဆရာက သူ့ပိတ်ကားချပ်ကို စိတ်လက်ကြည်သာစွာ ဆေးခြယ်နေဟန်နှင့် တူလေသည်။

လီချန်းယုံ၏ စိတ်ထဲတွင်တော့ အတွေးများပြည့်နေသည်။
မြောက်ပိုင်းရဲ့ ရေခဲ ငါးပေါင်းဟင်းလျာက အထူးစီမံထားတာ...အရိုးတွေပါ နူအိအောင်ပေါင်းထားလို့မင်းအဲ့ဒီလို နွှင်နေစရာမလိုဘူး
ထိုကဲ့သို့ လင်းမိုအရိုးနွှင်နေသည်ကို ကြည့်ရလေလေ သူစားချင်စိတ်ပြင်းပြလာလေလေဖြစ်သည်။

လင်းမိုသည် အံ့သြစရာကောင်းအောင်ပင် နူးအိပြီး ပဲ့ကြွေလုမတတ် ငါးအရိုးများကို ပုံသဏ္ဍာန်မပျက်ယွင်းအောင် နွှင်နိုင်လေသည်။

"ဟင်း''
လီချန်းယုံမှာ ဒုတိယအကြိမ် သက်ပြင်းချမိသွားသည်။ သူ၏ ဟင်းလျာလေးမှာ တစ်ပါးသူ၏လက်ထဲပါသွားချေတော့မည်။

လီချန်းယုံက လင်းမိုကို မသိမသာ ခိုးကြည့်လိုက်သည့်အခါ လင်းမိုက သူ၏ နှုတ်ခမ်းကို မထိတထိကွေးပြီး တစ်ကိုယ်တည်းပြုံးနေလေသည်။

လီချန်းယုံကြည့်နေဆဲမှာပင် လင်းမိုက တူဖြင့် သူအရိုးနွှင်ထားသည်ကိုတွန်းပြီး လီချန်းယုံရှေ့တိုးပေးလိုက်လေသည်။ စားတော်ပွဲတွင် ထိုသို့ပြုမူသည်က မယဉ်ကျေးသော အပြုအမူဖြစ်သည်။ သို့သာ် ပြုလုပ်သူက လင်းမိုဖြစ်နေပြီး သူ၏ လှုပ်ရှားမှုက ညင်သာပြီး လျင်မြန်သောကြောင့် ဘေးဘီက လူများမှာ မည်သည့်ထူးခြားမှုမှ သတိမမူမိပေ။

ဤသို့်ဖြင့် လီချန်းယုံ၏ အရှေ့တွင် သူအလွန်အမင်းတောင့်တနေသော ဟင်းလျာရောက်လာပါလေတော့သည်။

လီချန်းယုံ၏ တည်ကြည်သော မျက်နှာမှာ အပြုံးသေးသေးလေး လှစ်ခနဲပေါ်လာလေသည်။

"အရှင်''
အမတ်ကြီး၏ ခေါ်သံကို လင်းမိုက မထူးပါ။
"အရှင်''
အမတ်ကြီးမှာ အနည်းငယ် အသံမြှင့်လိုက်ရသည်။

"အော်...ကိုယ်တော့်ကိုခေါ်တာလား အမတ်ကြီး''

အမတ်ကြီးမှာ အနည်းငယ်မျှကြောင်သွားသည်။ သူ့အရှင်လင်းမို၏ အမူအရာမှာ သတိလက်လွတ်ဖြစ်နေပုံမရသော်လည်း သူ၏ စိတ်အစဉ်က စကားဝိုင်းတွင် ရှိနေပုံမရပေ။ မြောက်ပိုင်း အိမ်ရှေ့စံကို ကြည့်ပြီးပြုံးနေလေသည်။

"ဘုရင်ကြီးလီက နှစ်နိုင်ငံဆက်ဆံရေးတည်မြဲအောင် ထူချွန်တဲ့ စစ်သည်တော်တွေစေလွှတ်ပြီး အပြန်အလှန်လေ့ကျင့်ပေးဖို့ ပြောနေတာ အရှင့်သဘောက''

"အမတ်ကြီးပဲ ကြည့်စီစဉ်လိုက်ပါ''

လင်းမို ၏ စကားကို အပြင်လူကြားပါက အမတ်ကြီးသည် ယန်နန်းတော်တွင် အလွန်အာဏာရှိပြီး ဘုရင်ကိုပင်ချုပ်ကိုင်နိုင်စွမ်း ရှိသည်ဟု ထင်မြင်ကောင်း ထင်မြင်လိမ့်မည်။ အမတ်ကြီးမှာမူ သူ၏ အရှင်လင်းမိုသည် မည်သည့်ကိစ္စကိုမျှ သူကိုယ်တိုင်၏ ဆုံဖြတ်ချက်မပါဘဲ လက်လွတ်စပယ် မလုပ်တတ်ကြောင်း သိနေလေသည်။ ယခုလို ''ကြည့်စီစဉ်'' ဆိုသော စကားမှာ လင်းမို၏ သမိုင်းတွင် မရှိခဲ့ဖူးပေ။သို့သော် အရှင်က ကြည့်စီစဉ်ဟုဆိုသောအခါတွင်လည်း အမတ်ကြီးမှာ အမိန့်ကို မပယ်ရှားဝံ့ပါ။ စကားဝိုင်းကိုပြန်လည်စတင်ပြီး စစ်သူကြီးချင်နှင့် အသေးစိတ် ဆွေးနွေးနေလေသည်။

လီချန်းယုံက ခံတွင်းတွေ့စွာနှင့် ငါးပေါင်းဟင်းလျာကို တစ်ပွဲလုံးကုန်အောင် စားလိုက်သည်။ နောက်ထပ်အသစ်ချလာသော ငါးပေါင်းကိုလည်း ယခင်နည်းတူစွာ လင်းမိုက အရိုးများကို နွှင်ပေးပြီး လီချန်းယုံ၏ ရှေ့သို့ မသိမသာ ချပေးလေသည်။

ဤသို့ဖြင့် တောင်ပိုင်နှင့်မြောက်ပိုင်း၏ အရေးကြီးသော သံရေးတံမန်ရေးစားတော်ပွဲတွင် အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်သည့် မြောက်ပိုင်း၏ ဦးသျှောင် အိမ်ရှေ့စံနှင့် တောင်ပိုင်း၏ ဘုရင်ကြီးမှာ နူးအိအောင်ပေါင်းထားသော ငါးကို အရိုးနွှင်ခြင်း၊ ဟင်းလျာပွဲတော်ကို မရိပ်မိအောင် နေရာ ရွှေ့ခြင်း၊ တစ်ယောက်မျက်နှာ တစ်ယောက် မသိမသာ ခိုးကြည့်ကာ အဓိပ္ပါယ်ဖော်ရခက်သော အပြုံးဖြင့် ပြုံးခြင်း အမှုတို့ကို ပြုကာ များစွာ အလုပ်ရှုပ်နေလေတော့သည်။
__________________________________________________________________________________

Zawgyi

လင္းမို လိုဏ္ဂူထဲသို႔ ဝင္ေရာက္လာၿပီး လီခ်န္းယံုဆီအလ်င္ ဦးတည္သြားလိုက္သည္။
"မင္းဒဏ္ရာကဘယ္လိုေနလဲ'' လင္းမို၏ မ်က္ႏွာမွာ စိုးရိမ္မႈက အထင္းသားေပၚေနသည္။

"႐ွပ္ထိသြားတာ...ဘာမွမျဖစ္ပါဘူး...မင္းအဲ့ဒီလူေတြကိုဘာလုပ္ခဲ့တာလဲ ေအာ္သံၾကားလိုက္ရတယ္''

"သူတို႔နဲ႔တန္တဲ့ အျပစ္ေပးလိုက္တာ...လာငါဒဏ္ရာၾကည့္ေပးမယ္''

လင္းမိုၾကည့္လိုက္ေတာ့ လီခ်န္းယံု၏ ဒဏ္ရာက သိပ္ၿပီးမနက္ပါ။ သူ၏ ဝတ္ရံုမွာ ဓားျပတ္ရာအေၾကာင္းလိုက္ျဖစ္ေနၿပီး ျဖဴေဖြးေနေသာ ေပါင္တံမွာ ေသြးမ်ားရဲေနေလသည္။ လင္းမိုမွာ စစ္ပြဲအတြင္း ဒဏ္ရာမ်ားစြာရဖူးေသာ္လည္း ယခုလီခ်န္းယံု၏ ဒဏ္ရာက သူ႔ကိုမ်ားစြာ စိတ္မသက္မသာျဖစ္ေစသည္။

"ငါေျပာသားပဲ မင္းကိုအျပင္မထြက္နဲ႔ဆိုတာ'' လင္းမိုအသံက ေဒါသသံအနည္းငယ္စြတ္ေနေလသည္။

လီခ်န္းယံုကေတာ့ အေရးမႀကီးသလိုပင္ သူ႔ဒဏ္ရာကို မ်ားစြာစိတ္ပူဟန္မျပပါ။
"ငါမသြားရင္ အဲ့ဒီျမင္းေတြပါသြားၿပီေလ''

"ငါမလာရင္လည္း မင္းပါသြားေလာက္ၿပီ'' လင္းမို၏ ခပ္ျပတ္ျပတ္စကားေၾကာင့္ လီခ်န္းယံုမွာ ေဒါသထြက္သြားေလသည္။

"မင္းသာ အဆိပ္မခတ္ရင္ အဲ့ဒီလူအေယာက္တစ္ရာလည္း ငါသတ္ႏိုင္တယ္သိလား...''

လီခ်န္းယံုက ထိုကိစၥကိုအစေဖာ္တိုင္း လင္းမိုမွာ ေျပာစရာစကားေျပာက္႐ွၿပီး သူ႔ကိုယ္သူသာ အႀကိမ္ႀကိမ္ အျပစ္တင္မိသည္။

"ဒဏ္ရာအရင္ေဆးေပးမယ္ ေ႐ွာင္ခ်ိဳေရေႏြးယူခဲ့''
လင္းမို၏ အမိန္႔သံေၾကာင့္ ေဆးရည္က်ိဳေနေသာ ေ႐ွာင္ခ်ိဳထသြားေလသည္။ လီခ်န္းယံုကေတာ့ လင္းမိုက သူ၏ အဖိုးတန္ေသြးျဖဴဝံပုေလြကို ေတာက္တိုမယ္ရခိုင္းေနသည္ကို တကယ္ပင္မႀကိဳက္လွပါ။

ေရေႏြးရလာေသာအခါ လင္းမိုက အဝတ္ျဖဴစတစ္ထည္ႏွင့္ လီခ်န္းယံု၏ ဒဏ္ရာကို ေဆးေၾကာေပးေလသည္။ ၿပီးေတာ့ စိတ္႐ွည္လက္႐ွည္ႏွင့္ ေဆးထည့္ၿပီး ပတ္တီးပါစီးေပးေလသည္။ လီခ်န္းယံုကေတာ့ လင္းမိုလုပ္သမွ်ကို အသာတၾကည္ပဲ ၿငိမ္ေနလိုက္သည္။ အစကလံုးလံုးမႀကိဳက္ေသာ္လည္း သည္လိုဂ႐ုစိုက္မႈေတြက လီခ်န္းယံုႏွင့္ အသားက်လာေလသည္။

"လင္းမို''

လင္းမိုက လီခ်န္းယံုကို ျဖတ္ခနဲၾကည့္လိုက္သည္။ လီခ်န္းယံု၊ မ်က္ႏွာမွာ ေအးေဆးတည္ၿငိမ္ေနၿပီး သူ၏ မ်က္ေတာင္႐ွည္ႀကီးမ်ားက ထိုတည္ၿငိမ္မႈကို ပံ့ပိုးေနသေယာင္...ေယာက်္ားပီသေသာ ေမး႐ိုးႏွင့္ႏွာတံတို႔႐ွိေသာ္လည္း လီခ်န္းယံု၏ ႏႈတ္ခမ္းလႊာကမူ နီေထြးေထြးျဖစ္ေနသည္...လင္းမိုက သူ၏ လြတ္ထြက္မတတ္ျဖစ္သြားေသာ စိတ္ကူးတို႔ကို ခဲယဥ္းစြာ ထိန္းခ်ဳပ္လိုက္ရေလသည္။

"မင္းဘာလို႔ ေျမာက္ပိုင္းကို မသိမ္းေတာ့တာလဲ''

တိုင္းျပည္၏ အိမ္ေ႐ွ႕စံပီသစြာပင္ လီခ်န္းယံုက ႀကိဳးေၾကာင္းဆီေလ်ာ္ေသာ ေမးခြန္းကိုေမးေလသည္။

"ငါသိမ္းစရာမလိုေတာ့လို႔''

"ဘာျဖစ္လို႔လဲ'' လီခ်န္းယံုက အံ့အားသင့္ဟန္ႏွင့္ သူ၏ မ်က္ခံုထူထူတို႔ကို ပင့္ၿပီးေမးေလသည္။

"ငါေျပာလည္း မင္းနားလည္မွာလား'' လင္းမို၏ ေလသံမွာ ေလွာင္သံတစ္ဝက္စြက္ေနသည္။

"ခ်န္းယံု...ငါဆယ့္ေျခာက္ႏိုင္ငံကို ဘာလို႔သိမ္းခ်င္လဲသိလား''

"မင္းအာဏာ႐ူးလို႔ေနမွာေပါ့''

လီခ်န္းယံု၏ ေျဗာင္က်ေသာ အေျဖေၾကာင့္ လင္းမိုက ႏွာေခါင္း႐ႈံ႕သြားေလသည္။

"ဘယ္ဟုတ္မလဲ...ငါကယန္ႏိုင္ငံအတြက္သိမ္းတာ ငါတို႔ႏိုင္ငံကေသးေသးေလး ပင္လယ္နားနီးလို႔ ရာသီဥတုဒဏ္အျမဲတမ္းခံရတယ္ သာမန္ျပည္သူေတြက စိုက္ပ်ိဳးေရးကလြဲၿပီး ဘာမွမလုပ္တတ္ဘူး... အဲဒါေၾကာင့္ တိုင္းျပည္ရဲ႕ဘ႑ာေရး အင္အားေတာင့္တင္းေအာင္ ပတ္ဝန္းက်င္ႏိုင္ငံေတြကို သိမ္းၿပီး အခြန္ေတြေကာက္လိုက္တာ...ေနာက္မ်ိဳးဆက္က်ရင္ ပူစရာမလိုေတာ့ဘူးေလ''

လီခ်န္းယံုကေတာ့ လင္းမို၏ ႀကိဳတင္ေမွ်ာ္ျမင္မႈႏွင့္ အၾကံႀကီးပံုကို မ်ားစြာအံ့အားသင့္မိသည္။

"ေနာက္တစ္ေၾကာင္းကေတာ့ ငါကစစ္ပြဲေတြၾကားမွာ ေပ်ာ္ေမြ႔လို႔...''

"မင္းလူေတြ အမ်ားႀကီးသတ္တာလား''

လင္းမို၏ မ်က္ႏွာမွာ မေကာင္းဆိုးဝါးဆန္ေသာအျပံဳးေပၚလာျပန္သည္။
"ငါ့ကို အညံ့မခံဘဲ ဆန္႔က်င္မွပါ''

"အဲ့ဒီအေၾကာင္းနဲ႔ မင္းေျမာက္ပိုင္းကို မသိမ္းေတာ့တာ ဘာဆိုင္လို႔လဲ'' လီခ်န္းယံုက သူ၏ ထူထဲေသာ မ်က္ခံုးကို အနည္းငယ္မွ်ပင့္ၿပီးေမးေလသည္။

"ငါေျပာသားပဲ မင္းနားလည္မွာမဟုတ္ဘူးဆိုတာ''

လီခ်န္းယံု၏ မ်က္ႏွာက မဲ့သြားေလသည္။

"ငါက အခြန္ဘ႑ာေတြလိုခ်င္လို႔ တိုင္းျပည္ေတြကို လက္ေအာက္ခံအျဖစ္ထားပါတယ္ဆိုမွ မင္းတို႔ေျမာက္ပိုင္းက ေရခဲေတြပဲ ဖံုးေနတာ ဘာသယံဇာတေတြမ်ား႐ွိလို႔လဲ ငါသိမ္းလည္း စစ္ပြဲျဖစ္သြားတာပဲ ႐ွိမွာ''

လင္းမို၏ စကားက တကယ္ပင္ မွန္ကန္ေနေသာေၾကာင့္ လီခ်န္းယံု ထပ္မေျပာေတာ့ေပ။ သူစိတ္အထင္သာ မလြဲပါက လင္းမိုက တစ္စံုတစ္ခုကို လွ်ိဳ႕ဝွက္ထားဟန္႐ွိေလသည္။ လင္းမိုက သူ၏ တကယ့္အေၾကာင္းျပခ်က္ကို ထုတ္ေဖာ္ေျပာပံုမရေပ။

ထိုညေနတြင္ေတာ့ လင္းမိုက သူကိုယ္တိုင္ကတိုးေကာင္ကို ကင္ေပးၿပီး လီခ်န္းယံုအား စားေစသည္။ သူအာသီသ႐ွိေသာ အရာကို စားရသျဖင့္ လီခ်န္းယံုမွာ အထူးရႊင္ျပေနသည္။

ႏွစ္ရက္ခန္႔အၾကာမွာေတာ့ လီခ်န္းယံု၏ ခႏၱာကိုယ္မွာ အဆိပ္လက္က်န္မ႐ွိေတာ့သည္အတြက္ သူ႐ွန္နန္းေတာ္ကို ျပန္၍ ရၿပီျဖစ္သည္။ ရထားလံုးေမာင္းသူက လင္းမိုျဖစ္သြားသည္မွ လြဲ၍ အလာတုန္းကကဲ့သို႔ ျမင္းေျခာက္ေကာင္ႏွင့္ ရထားလံုးျဖင့္ ျပန္လာခဲ့ျခင္းျဖစ္သည္။ ေ႐ွာင္ခ်ိဳက သူ႔သဘာဝသည္ သားရဲ ဝံပုေလြျဖစ္ေသာေၾကာင့္ ေရခဲလြင္ျပင္တြင္ လြတ္လြတ္လပ္လပ္ေနျခင္းက ပို၍ အဆင္ေျပလိမ့္မည္ျဖစ္ေသာေၾကာင့္ လီခ်န္းယံုက ထားခဲ့ေလသည္။ သူတို႔ထြက္မလာခင္ေလးမွ လင္းမိုက ေ႐ွာင္ခ်ိဳကို အျပင္ေခၚထုတ္ၿပီး တစ္စံုတစ္ခုကို အထပ္ထပ္မွာၾကားေနေလသည္။

႐ွန္နန္းေတာ္သို႔ေရာက္ေသာအခါ လင္းမိုက အဦးဆံုး ႐ွန္ဘုရင္ႀကီးလီႏွင့္ သြားေရာက္ေတြ႔ဆံုေလသည္။ လီခ်န္းယံုက မဟာမိတ္ဖြဲ႔ထားေၾကာင္း အေၾကာင္းၾကားထားေသာေၾကာင့္ ဘုရင္ႀကီးႏွင့္ မႉးမတ္မ်ားက လင္းမိုကို ယခင္ကကဲ့သို႔ သေဘာထား မတင္းမာေတာ့ေပ။

ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးယူသည့္ အထိမ္းအမွတ္အျဖစ္ ဘုရင္ႀကီးလီသည္ လင္းမိုအတြက္ ေျမာက္ပိုင္းကဟင္းလ်ာအသီးသီးကို အရသာထူးကဲေအာင္ ခ်က္ျပဳတ္ေစၿပီး ဧည့္ခံပြဲတစ္ပြဲ က်င္းပေပးေလသည္။ သို႔ျဖစ္ရာ လင္းမို၊ အမတ္ႀကီး၊ ဘုရင္ႀကီးလီ၊ လီခ်န္းယံုႏွင့္ စစ္သူႀကီးခ်င္တို႔သည္ မဟာမိတ္ဖြဲ႔သည့္ အထိမ္းအမွတ္အျဖစ္ စားပြဲေတာ္အတူတည္ၾကေလသည္။

ဘုရင္ႀကီးလီက စားပြဲဝိုင္း၏ ထိပ္မွေနရာယူၿပီး လင္းမိုႏွင့္ အမတ္ႀကီးမွာ တစ္ဖက္ လီခ်န္းယံုႏွင့္ စစ္သူႀကီးမွာ တစ္ဖက္ ေနရာယူေလသည္။ စားပြဲတြင္ ေျမာက္ပိုင္းက ေဒသထြက္ ဟင္းလ်ာမ်ားကို အမ်ိဳးမ်ိဴး ျပင္ဆင္ထားေလသည္။ ဟင္းလ်ာတို႔၊ အေမႊးရနံ႔မွာ တကယ္ပင္ သင္းပ်ံ႕ေနၿပီး အျပင္အဆင္မွာလည္း စားခ်င္စဖြယ္ျဖစ္ေလသည္။

ေျမာက္ပိုင္းက ေရခဲလြင္ျပင္ျဖစ္ေသာေၾကာင့္ စားဖြယ္တို္႔မွာ ေတာင္ပိုင္း၏ စားဖြယ္တို႔ႏွင့္ မ်ားစြာျခားနားေလသည္။ အထူးကဲဆံုးမွာ ေရခဲလြင္ျပင္၏ အေပၚယံေရခဲလႊာ၏ ေအာက္ ေရခဲအနက္တြင္ ေနထိုင္ေသာ ငါးတစ္မ်ိဳးကို ေပါင္းထားေသာ ဟင္းလ်ာျဖစ္ေလသည္။ ငါးကို ေပါင္းရာတြင္ ဟင္းခတ္အေမႊးအႀကိဳင္ မ်ားကို သံုးထားေသာေၾကာင့္ အနံ႔မွာ သင္းပ်ံ႕ေနေလသည္။ ေပါင္းထားေသာ ငါး၏ အေပၚတြင္ စားေတာ္ခ်က္တို႔ အထူးျပဳလုပ္ထားသည့္ ငရုတ္သီးအနွစ္အနည္းငယ္ပါေသာ ဟင္းခတ္အႏွစ္ရည္ကိုလည္း ဆမ္းထားေသးသည္။ ေျမာက္ပိုင္းတြင္ ဟင္းလ်ာေတာ္ေတာ္မ်ားမ်ား အရသာထူးကဲၿပီး အနည္းငယ္မွ် စပ္ေလသည္။

လီခ်န္းယံုမွာ စားေတာ္ပြဲတြင္ သူ၏ အႀကိဳက္ဆံုး ငါးေပါင္းဟင္းလ်ာကို တည္ခင္းထားေၾကာင္းေတြ႔လိုက္ရေသာအခါ မ်က္လံုးမ်ားအေရာင္လဲ့သြားသည္။ သို႔ေသာ္ ကံဆိုးစြာပင္ ဟင္းလ်ာမွာ ေျမာက္ပိုင္း၏ အထူးဟင္းလ်ာျဖစ္ေသာေၾကာင့္ ေတာင္ပိုင္းက ဧည့္သည္မ်ားကို ဦးစားေပးတည္ခင္းထားပံုရေလသည္။ လီခ်န္းယံုထိုင္ေသာေနရာႏွင့္ အနည္းငယ္ေဝးေသာ ေနရာတြင္႐ွိေနေလသည္။

"ကိုယ္ေတာ္တို႔ရဲ႕ေျမာက္ပိုင္းက အထူးဟင္းလ်ာေတြပါ...''
႐ွန္ဘုရင္ႀကီး၏ ေလာကဝတ္စကားေၾကာင့္ လင္းမိုက စားပြဲတြင္ထိုင္ၿပီးေနရာယူလိုက္သည္။ ဘုရင္ႀကီးလီမွာ အသက္အရြယ္ျကီးျမင့္ျပီး ခႏၱာကိုယ္မွာအားနည္းေနသည္။သို႔ေသာ္ သူ၏ မ်က္လံုးမ်ားကေတာ့ စူး႐ွေတာက္ပေနသည္။ ဘုရင္ႀကီးလီသည္ ငယ္ရြယ္စဥ္က အစြမ္းထြက္ေသာ ဘုရင္တစ္ပါးျဖစ္ခဲ့သည္မွာ ဧကန္မလြဲေပ။

စားေတာ္ပြဲစတင္ခ်ိန္တြင္ေတာ့ ယန္ႏိုင္ငံအမတ္ႀကီးက ဘုရင္ႀကီးလီကို ေျမာက္ပိုင္းေဒသ၏ ဓေလ့ထံုးထမ္းမ်ားအေၾကာင္း သိလိုသည္မ်ားကို ေမးျမန္းေနေလသည္။ အသက္အရြယ္ႀကီးရင့္သူမ်ားပီပီ စကားလမ္းေၾကာင္းမျပတ္ေအာင္ ေျပာႏိုင္ေလသည္။ စစ္သူႀကီးခ်င္ကမူ သူတိူ႔၏ စကားဝိုင္းကို တစ္ခ်က္တစ္ခ်က္မွ ဝင္ေထာက္သည္။ လင္းမိုကေတာ့ စကားဝိုင္းကို ဝင္မေျပာေသာ္လည္း အာရံစူးစိုက္စြာနားေထာင္ေနေလသည္။

ႏွစ္ႏိုင္ငံ၏ သံေရးတံမန္ေရးစကားဝိုင္းကို လီခ်န္းယံုကား အျပည့္အဝအာရံုမစိုက္ႏိုင္ေပ။ သူက ေရခဲလိုေအးစက္ၿပီး မာနတံခြန္ထူထားသည့္ အိမ္ေ႐ွ႕စံျဖစ္ေသာ္လည္း သူ၏ မဟာ့မဟာ အားနည္းခ်က္မွာ အစားအေသာက္ပင္ျဖစ္ေလသည္။ စစ္သည္တစ္ေထာင္ကို တည္ၿငိမ္စြာရင္ဆိုင္ႏိုင္ေသာ္လည္း စားေသာက္ဖြယ္ရာေကာင္း တစ္ခြက္ေ႐ွ႕ သူမတည္ၿငိမ္ႏိုင္ပါ။ ထို႔အျပင္ မ်က္စိေ႐ွ႕တည္ခင္းထားသည္က သူအႀကိဳက္ဆံုး ဟင္းလ်ာ.....

"ဟင္း''
လီခ်န္းယံု သက္ျပင္းခ်ေနသည္။ ျမင္သာျမင္၍ မၾကင္ရသည့္ ဘဝ။ စားေသာက္ေနသူတိုင္းက ေတာ္ဝင္မ်ိဳးႏြယ္မ်ားပီပီ ဟင္းလ်ာမ်ိဳးစံုတို႔ကို အနည္းငယ္စီမွ်သာ အိေျႏၵလည္း မပ်က္ယြင္းရေအာင္ ျမည္းစမ္းစားေနေလသည္။ လီခ်န္းယံုသည္စိတ္က တစ္ခုေသာ ဟင္းလ်ာဆီေရာက္ေနေသာ္လည္း သူမမွီဘဲ လက္ကမ္းယူပါက အလြန္သ႐ုပ္ပ်က္ေပမည္ ျဖစ္ေသာေၾကာင့္ မ်က္လႊာအသာခ်ကာ သူေ႐ွ႕ကဟင္းလ်ာတို႔ကို တစ္တို႔စီစားေနေလသည္။

ယခုအခ်ိန္ထိ မည္သူမွ် သူ၏ ဟင္းလ်ာကို မျမည္းစမ္းေသ။ ထိုစဥ္...

တူကို က်င္လည္စြာကိုင္ထားသည့္ ႐ွည္လ်ားၿပီးသြယ္ေသာလက္ေခ်ာင္းမ်ားက အႏွီဟင္းလ်ာေပၚ ဝဲပ်ံလာေလသည္။

လီခ်န္းယံုက မသိမသာ ေဝ့ၾကည့္လိုက္ေတာ့ ထိုလက္ပိုင္႐ွင္မွာ လင္းမို ျဖစ္ေနသည္။

လီခ်န္းယံုမွာ ပ်က္ယြင္းသြားေသာ မ်က္ႏွာကိုထိန္းၿပီး စိတ္ထဲက က်ိန္ဆဲေနမိသည္။

လင္းမိုက သူ႔ေ႐ွ႕က ငါးေပါင္းဟင္းလ်ာကို မျမည္းစမ္းေသးပဲ တူျဖင့္ စိတ္႐ွည္လက္႐ွည္ ဖဲ့ေနေလသည္။ အ႐ိုးတစ္မွ်င္ခ်င္းကို ဖယ္ထုတ္ေနေလသည္။ လင္းမိုမွာ ဆယ့္ငါးႏိုင္ငံကို အုပ္စိုးေသာ ဘုရင္ တစ္ပါး၏ အ႐ွိန္အဝါမ်ား႐ွိေသာ္လည္း ယခုလ္ို ငါး႐ိုးႏႊင္ေနသည္က နူးညံ့ျပီးပန္းခ်ီဆရာက သူ႔ပိတ္ကားခ်ပ္ကို စိတ္လက္ၾကည္သာစြာ ေဆးျခယ္ေနဟန္ႏွင့္ တူေလသည္။

လီခ်န္းယံု၏ စိတ္ထဲတြင္ေတာ့ အေတြးမ်ားျပည့္ေနသည္။
"ေျမာက္ပိုင္းရဲ႕ ေရခဲ ငါးေပါင္းဟင္းလ်ာက အထူးစီမံထားတာ...အ႐ိုးေတြပါ ႏူအိေအာင္ေပါင္းထားတာ...မင္းအဲ့ဒီလို ႏႊင္ေနစရာမလိုဘူးေလ''

လင္းမိုသည္ အံ့ျသစရာေကာင္းေအာင္ပင္ ႏူးအိၿပီး ပဲ့ေႂကြလုမတတ္ ငါးအ႐ိုးမ်ားကို ပံုသ႑ာန္မျပတ္ပဲ ႏႊင္ႏိုင္ေလသည္။

"ဟင္း''
လီခ်န္းယံုမွာ ဒုတိယအႀကိမ္ သက္ျပင္းခ်မိသြားသည္။ သူ၏ ဟင္းလ်ာေလးမွာ....

လီခ်န္းယံုက လင္းမိုကို မသိမသာ ခိုးၾကည့္လိုက္ေသာအခါတြင္ေတာ့ လင္းမိုက သူ၏ ႏႈတ္ခမ္းကို မထိတထိေကြးၿပီး တစ္ကိုယ္တည္းျပံဳးေနေလသည္။

ထို့ေနာက္ တူျဖင့္ ဟင္းလ်ာပြဲကိုတြန္းၿပီး လီခ်န္းယံုေ႐ွ႕တိုးေပးလိုက္ေလသည္။ စားေတာ္ပြဲတြင္ ထိုသို႔ျပဳမူသည္က မယဥ္ေက်းေသာ အျပဳအမူျဖစ္သည္။ သို႔သာ္ ျပဳလုပ္သူက လင္းမိုျဖစ္ေနၿပီး သူ၏ လႈပ္႐ွားမႈက ညင္သာၿပီး လ်င္ျမန္ေသာေၾကာင့္ ေဘးဘီက လူမ်ားမွာ မည္သည့္ထူးျခားမႈမွ သတိမမူမိေပ။

ဤသို္႔ျဖင့္ လီခ်န္းယံု၏ ေ႐ွ႕တြင္ သူအလြန္အမင္းေတာင့္တေနေသာ ဟင္းလ်ာေရာက္လာပါေလေတာ့သည္။

လီခ်န္းယံု၏ တည္ၾကည္ေသာ မ်က္ႏွာမွာ အျပံဳးေသးေသးေလး လွစ္ခနဲေပၚလာေလသည္။

"အ႐ွင္''
အမတ္ႀကီး၏ ေခၚသံကို လင္းမိုက မထူးပါ။
"အ႐ွင္''
အမတ္ႀကီးမွာ အနည္းငယ္ အသံျမႇင့္လိုက္ရသည္။

"ေအာ္...ကိုယ္ေတာ့္ကိုေခၚတာလား အမတ္ႀကီး''

အမတ္ႀကီးမွာ အနည္းငယ္မွ်ေၾကာင္သြားသည္။ သူ႔အ႐ွင္လင္းမို၏ အမူအရာမွာ သတိလက္လြတ္ျဖစ္ေနပံုမရေသည္လည္း သူ၏ စိတ္အစဥ္က စကားဝိုင္းတြင္ ႐ွိေနပံုမရေပ။ ေျမာက္ပိုင္း အိမ္ေ႐ွ႕စံကို ၾကည့္ၿပီးျပံဳးေနေလသည္။

"ဘုရင္ႀကီးလီက ႏွစ္ႏိုင္ငံဆက္ဆံေရးတည္ျမဲေအာင္ ထူခြၽန္တဲ့ စစ္သည္ေတာ္ေတြေစလႊတ္ၿပီး အျပန္အလွန္ေလ့က်င့္ေပးဖို႔ ေျပာေနတာ အ႐ွင့္သေဘာက''

"အမတ္ႀကီးပဲ ၾကည့္စီစဥ္လိုက္ပါ''

လင္းမို ၏ စကားကို အျပင္လူၾကားပါက အမတ္ႀကီးသည္ ယန္နန္းေတာ္တြင္ အလြန္အာဏာ႐ွိၿပီး ဘုရင္ကိုပင္ခ်ဳပ္ကိုင္ႏိုင္စြမ္း ႐ွိသည္ဟု ထင္ျမင္ေကာင္း ထင္ျမင္လိမ့္မည္။ အမတ္ႀကီးမွာမူ သူ၏ အ႐ွင္လင္းမိုသည္ မည္သည့္ကိစၥကိုမွ် သူကိုယ္တိုင္၏ ဆံုျဖတ္ခ်က္မပါပဲ လက္လြတ္စပယ္ မလုပ္တတ္ေၾကာင္း သိေနေလသည္။ ယခုလို ''ၾကည့္စီစဥ္'' ဆိုေသာ စကားမွာ လင္းမို၏ သမိုင္းတြင္ မ႐ွိခဲ့ဖူးေပ...သို႔ေသာ္ အ႐ွင္က ၾကည့္စီစဥ္ဟုဆိုေသာအခါတြင္လည္း အမတ္ႀကီးမွာ အမိန္႔ကို မပယ္႐ွားဝံ့ပါ။ စကားဝိုင္းကိုျပန္လည္စတင္ၿပီး စစ္သူႀကီးခ်င္ႏွင့္ အေသးစိတ္ ေဆြးေႏြးေနေလသည္။

လီခ်န္းယံုက ခံတြင္းေတြ႔စြာႏွင့္ ငါးေပါင္းဟင္းလ်ာကို တစ္ပြဲလံုးကုန္ေအာင္ စားလိုက္ေလသည္။ ေနာက္ထပ္အသစ္ခ်လာေသာ ငါးေပါင္းကိုလည္း ယခင္နည္းတူစြာ လင္းမိုက အ႐ိုးမ်ားကို ႏႊင္ေပးၿပီး လီခ်န္းယံု၏ ေ႐ွ႕သို႔ မသိမသာ ခ်ေပးေလသည္။

ဤသို႔ျဖင့္ ေတာင္ပိုင္ႏွင့္ေျမာက္ပိုင္း၏ အေရးႀကီးေသာ သံေရးတံမန္ေရးစားေတာ္ပြဲတြင္ အဓိကဇာတ္ေဆာင္ႏွစ္ဦးျဖစ္သည့္ ေျမာက္ပိုင္း၏ ဦးေသွ်ာင္ အိမ္ေ႐ွ႕စံႏွင့္ ေတာင္ပိုင္း၏ ဘုရင္ႀကီးမွာ ႏူးအိေအာင္ေပါင္းထားေသာ ငါးကို အ႐ိုးႏႊင္ျခင္း၊ ဟင္းလ်ာပြဲေတာ္ကို မရိပ္မိေအာင္ ေနရာ ေရႊ႕ျခင္း၊ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ မသိမသာ ခိုးၾကည့္ကာ အဓိပၸါယ္ေဖာ္ရခက္ေသာ အျပံဳးျဖင့္ ျပံဳးျခင္း အမႈတို႔ျပဳကာ မ်ားစြာ အလုပ္႐ႈပ္ေနေလေတာ့သည္။
__________________________________________________________________________________

Continue Reading

You'll Also Like

33.3K 3.9K 24
"Yukina ! ၾကယ္​​ေတြအျပည္​့နဲ႔ ​ေကာင္​းကင္​က အရမ္​းလွတာပဲ​ေနာ္​" "Yukina ! ၾကယ္​​ေတြ​ေႂကြရင္​ ဆု​ေတာင္​း ! ျပည္​့တယ္​တဲ့" အိမ္မက္ထဲက ၾကယ္ေတြအေၾကာင္း...
233K 37.6K 63
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
102K 8.9K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
555K 64.7K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...