The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 11

57.1K 6.4K 282
By Heather_Bell

Unicode

ရက်အနည်းအငယ်ကြာတွင် လီချန်းယုံ၏ အခြေအနေမှာ တိုးတက်လာပြီး ပကတိကျန်းမာလာပြီဖြစ်သည်။ တစ်ခုရှိသည်က သူ၏ခန္တာကိုယ်က အဆိပ်များကို စစ်ထုတ်နေရဆဲဖြစ်သောကြောင့် အတွင်းအားသုံး၍ ပြုလုပ်ရသော အရာများကို ပြုလုပ်၍မရပေ။ သိုင်းပညာကို ငယ်စဉ်ကတည်းက နေ့စဉ်လေ့ကျင့်ခဲ့သော လီချန်းယုံအတွက် လူမမာလို မလှုပ်မယှက်နေနေရသည်က တကယ်ကို စိတ်အနှောင့်အယှက်များစွာ ဖြစ်စေသည်။ လင်းမိုကတော့ လီချန်းယုံအတွက် အမျိုးမျိုးသော အစားအသောက်များကိုပြုလုပ်ပေးခြင်း ဆေးရည်အချိန်မှန်မှန်တိုက်ခြင်း ညဘက်အိပ်လျှင် အအေးဒဏ်သက်သာအောင် မီးဖိုပေးခြင်းတို့ကို ဂရုတစိုက်ပြုလုပ်ပေးလေသည်။ ထိုအရာများမှတစ်ပါး သူက လီချန်းယုံကို ထွေထွေထူးထူး မပြောပေ။

"လင်းမို''
လီချန်းယုံ၏ ခေါ်သံကြောင့် လင်းမိုက ခေါင်းငဲ့ကြည့်လေသည်။

"ငါ....''
လီချန်းယုံက ခေါ်ပြီးမှ ပြော၍မထွက်သည့်ဟန်ဖြင့် ရပ်တန့်သွားသည်။

တွေဝေနေသော လီချန်းယုံ၏ အမူအရာကြောင့် လင်းမိုက မေးဆတ်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ''

"ဘာမှမဟုတ်ဘူး''
လီချန်းယုံက သူ၏စကားကိုဆက်မပြောဘဲ ခေါင်းကိုသာယမ်းပြသည်။

လီချန်းယုံ၏ တွေဝေနေသော အမူအရာကြောင့် လင်းမို၏ ထူထဲသော မျက်ခုံးလွှာက အနည်းငယ်တွန့်သွားသည်။
"ဘာပြောမလို့လဲ''

"ငါ...အဲ့ဒါတွေမစားချင်ဘူး''
ပြောရင်း လီချန်းယုံက ရိက္ခာခြောက်တွေကို လက်ညှိုးထိုးပြလေသည်။ လင်းမို၏ လက်ရာမှာ မဆိုးပေမဲ့ အင်အားချည်နဲ့နေသော သူ၏ခန္တာကိုယ်က တစ်စုံတစ်ရာကို ပြင်းထန်စွာ အာသီသဖြစ်နေလေသည်။

လင်းမို၏ မျက်လုံးတို့က ရွှင်မြူးသွားဟန်နှင့် အရောင်တောက်သွားလေသည်။ နောက်ဆုံးတော့ သူ၏ ရေခဲမင်းသားလေးက သူ့ဆီက တစ်ခုခုကို စ၍ တောင်းဆိုလေသည်။
"မင်းဘာစားချင်လဲ''

"ရေခဲလွင်ပြင်မှာ ကတိုးကောင်တွေရှိတယ်...သူတို့အသားက ကင်စားရင် အရသာရှိတယ်''
လီချန်းယုံသည် လင်းမိုကိုကြည့်ကာ ပြန်ဖြေသည်။

လီချန်းယုံ၏စကားကြောင့် လင်းမိုက နှာခေါင်းရှုံ့သွားသည်။
"မင်းက မြောက်ပိုင်းက အိမ်ရှေ့စံဖြစ်ပြီး ရှာရှာပေါက်ပေါက်လည်းစားတာပဲလား''

"ငါငယ်ငယ်ကတည်းက ရေခဲလွင်ပြင်ကို တစ်ယောက်တည်းလာတာ...ရှောင်ချိုဆီလာတိုင်း သူနဲ့အမဲတူတူလိုက်တယ်... ဘယ်သူမှ မရှိတဲ့ရေခဲလွင်ပြင်ကျယ်ကြီးမှာ ငါကအိမ်ရှေ့စံဖြစ်နေတာကိုလည်း ဂရုစိုက်စရာမလိုဘူး...ဘယ်အရာကိုမှ ဂရုစိုက်စရာမလိုဘူး...ရေခဲလွင်ပြင်မှာ အမဲလိုက်ရတာ ပုံမှန်သစ်တောတွေမှာ အမဲလိုက်ရတာနဲ့ မတူဘူး ဆီးနှင်းတွေ အထပ်ထပ်ဖုံးနေတာ ခြေရာကောက်ဖို့လည်းခက်တယ် ပြီးတော့ အန္တာရယ်ဆိုတာလည်း အရပ်မျက်နှာမျိုးစုံကပေါ်လာနိုင်တယ် အဲ့ဒီလို စိတ်လှုပ်ရှားရတာ ဘယ်လောက်ပျော်စရာကောင်းလဲ သိလား''

လီချန်းယုံက သူသဘောကျသော အရာအကြောင်း ပြောနေရသည်ဖြစ်သောကြောင့် သူ့မျက်နှာက အရင်နေ့များနှင့် ခြားနားစွာ ရွှင်ပြနေလေသည်။

"မင်းသိလား ...ငါအမဲလိုက်ရင် သိုင်းပညာတို့ အတွင်းအားတို့ မသုံးဘူး အဲ့ဒါမမျှတဘူးလေ ငါက လေးနဲ့ မြှားပဲသုံးပြီး သာမန်မုဆိုးတွေလို အမဲလိုက်တာ... ဒီလိုဏ်ဂူထဲမှာတောင် တစ်ခုရှိသေးတယ် တွေ့လား...ဟိုမှာ...အဲ့ဒီလေးက မြောက်ပိုင်းမှာပဲပေါက်တဲ့ ဝက်သစ်ချသားနဲ့လုပ်ထားတာ''

ပြောရင်း လိုဏ်ဂူ၏ တစ်နေရာမှာ ချိတ်ဆွဲထားသော လေးနှင့် မြှားကို ညွှန်ပြလေသည်။ လင်းမိုကြည့်လိုက်သောအခါ လေးသည် မကြီးလွန်း မသေးလွန်းပဲ ပုံမှန်အရွယ်စားရှိကာ ပေါ့ပါးအောင်အထူးစီမံထားပုံရလေသည်။ မြှားနှင့် မြှားထည့်သည့်ကျည်တောက်ကိုလည်း လေး၏ဘေး၌ အတူချိတ်ဆွဲထားလေသည်။

"အင်း...လက်ရာကောင်းပဲ''
လင်းမိုက မှတ်ချက်ပြုလေသည်။

လီချန်းယုံက လေးနှင့်မြှားကို စိုက်ကြည့်ပြီး တစ်ကိုယ်တည်းပြောသလို ရေရွတ်လေသည်။
"ငါသာ အခုလို ဖြစ်မနေရင်...ဒီတစ်ခါလည်း အမဲလိုက်ထွက်နိုင်ရင် ထွက်နိုင်မှာ နန်းတော်က အလုပ်တာဝန်တွေဆီက ရုန်းထွက်ပြီး လာဖို့ဆိုတာ ကြုံတောင့်ကြုံခဲအခွင့်အရေးပဲ''

လီချန်းယုံ၏ မသိမသာညှိုးငယ်သွားသော မျက်နှာကို မြင်ရသည်မှာ လင်းမို၏ ရင်တွင် တဆစ်ဆစ်ဖြစ်လာလေသည်။ သူက လီချန်းယုံကို အဆိပ်ခတ်မိသည့်အတွက် အမြဲတစေ အပြစ်ရှိသလို ခံစားနေရသည်။
"တောင်းပန်ပါတယ် ...ငါက...''

"မတောင်းပန်နဲ့''

လင်းမိုက လီချန်းယုံ ဖြတ်ပြောသော စကားကြောင့် အံ့အားသင့်လေသည်။

လီချန်းယုံက လင်းမိုကို မျက်လုံးဖြင့်ဝေ့ကြည့်လိုက်ပြီး ပြောလေသည်။
"မင်းတောင်းပန်ရင်...ငါကျေအေးရမှာပေါ့ မတောင်းပန်နဲ့ ငါပြန်ကောင်းလာမှ မင်းကို အဲ့ဒီထက် အဆတစ်ရာပြင်းတဲ့ အဆိပ်ခတ်ပြီး လုပ်ကြံမှာ''

လင်းမို၏ မျက်နှာမှာ ရှုံ့မဲ့သွားလေသည်။ သူက လီချန်းယုံ စိတ်ကောင်းဝင်ပြီး စကားတွေပြောနေသည်မလို့ ကြည်နူးနေတုန်းရှိသေး။ အနှီရေခဲလိုမင်းသားက သူ၏မကျေနပ်ချက်များကို ထုတ်ဖော်နေပြန်သည်။

သို့သော် လီချန်းယုံမသိသည်ကတော့ လင်းမိုသည် ငယ်စဉ်ကတည်းက အဆိပ်မျိုးစုံကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ခဲ့ပြီး သူခန္တာကိုယ်က အဆိပ်ပြီးနေကြောင်းကိုပင်။ လီချန်းယုံ အဆိပ်ဖြင့် လုပ်ကြံပါစေဦး။ လင်းမိုမသေနိုင်ပါ။ ထိုအစား နီရဲရဲနှုတ်ခမ်းလေးဖြင့် လုပ်ကြံလျှင်မူကား သူအသက်ဘယ်က ထွက်လိုက်မှန်း သိလိုက်မည်မဟုတ်ချေ။

လင်းမိုက အရှိန်လွန်သွားသော အတွေးတို့ကို မနည်းပြန်စုစည်းကာ ဘာမှမပြောတော့ဘဲ သူပြုတ်ထားသော အသားဆန်ပြုတ် ပန်းကန်ကိုသာ လီချန်းယုံရှေ့ယူလာပေးလေသည်။
"သောက်လိုက်ဦး...''

လီချန်းယုံက ခေါင်းခါပြသည်။ သူဘယ်လိုမှ မစားနိုင်တော့ပါ။

"ရေခဲကတိုးကောင် အသားစားချင်တာလား''
လင်းမိုက သက်ပြင်းချပြီး မေးလိုက်သည်။ လိုဏ်ဂူထဲတွင် အစားဆင်းရဲအနေဆင်းရဲကာ အဆိပ်မိထားသော လူမမာတစ်ယောက်အတွက် တစ်စုံတစ်ရာကို တောင့်တသည်မှာ ဖြစ်နိုင်လေသည်။

"အင်း''
လီချန်းယုံက ခေါင်းငြိမ့်ပြသည်။ သူအမှန်တကယ်လည်း ထိုဆန်ပြုတ်နှင့် လူမမာစာတို့ကို ငြီးငွေ့လွန်း၍ နောက်ထပ်တစ်ဇွန်းမျှပင် မစားချင်တော့ပေ။

"ညနေမှစားလို့မရဘူးလား...ရှောင်ချိုပြန်မရောက်သေးဘူး''
လင်းမိုက လီချန်းယုံတွန်းပို့လိုက်သော ပန်းကန်ကို သိမ်း၍ ပြောလိုက်သည်။

"ငါတစ်ယောက်ထဲ ဒီလိုဏ်ဂူထဲနေတော့ဘာဖြစ်မှာမလို့လဲ''
လီချန်းယုံက ခပ်ဆတ်ဆတ်ပြန်ဖြေသည်။

လင်းမိုက လီချန်းယုံကို အကဲခတ်လိုက်သောအခါ သူ၏မျက်နှာ၌ ဒေါသအရိပ်အယောင်တို့ ယှက်သန်းနေကြောင်း တွေ့လိုက်ရသည်။ အမှန်ဆို လီချန်းယုံက မြောက်ပိုင်း၏ အစွမ်းထက် အိမ်ရှေ့စံတစ်ပါးဖြစ်သည်။ မြောက်ပိုင်းစစ်တပ်ကိုပင် လက်ထောက်စစ်သူကြီးအဖြစ် တာဝန်ယူပြီး ကွပ်ကဲနေသူဖြစ်သည်။ လင်းမို၏ လွန်ကဲနေသော စိုးရိမ်ပူပန်မှုက လီချန်းယုံ၏ မာနကို ထိခိုက်သွားဟန်တူလေသည်။

"ကောင်းပြီ...ငါအခုသွားပြီး မြန်မြန်ပြန်လာမယ် မင်းဘယ်မှ မသွားဘဲစောင့်နေ''
လင်းမိုက မှာကြား၍ ထွက်သွားဟန်ပြင်သည်။

လီချန်းယုံက လိုဏ်ဂူနံရံတွင် ချိတ်ထားသော လေးနှင့်မြှားကို လက်ညိုးညွှန်ကာ ပြောလိုက်သည်။
"အဲ့ဒါယူသွား...မင်းမြှားပစ်တတ်တယ်မလား သိုင်းပညာမသုံးနဲ့ သူတို့အတွက်မတရားဘူး''

လင်းမိုက သူ၏ နှုတ်ခမ်းထောင့်များ ကွေးတက်အောင် ပြုံးပြပြီး လေးနှင့်မြှားကျည်တောက်ကို လွယ်ကာထွက်သွားလေသည်။

ရေခဲလွင်ပြင်မှာ များစွာကျယ်ဝန်းသည့်အပြင် ဆီနှင်းအထပ်ထပ် ဖုံးနေသောကြောင့် သားကောင်၏ ခြေရာကောက်ရန်အမှန်ပင်မလွယ်ကူပါ။ တစ်နာရီခန့်ကြာသည်အထိ လင်းမိုသည် ကတိုးကောင်၏ အရိပ်အယောင်ကိုပင် မမြင်ရသေးပေ။ သူဆက်သွားရင်း ခပ်လှမ်းလှမ်းက ရေခဲအငူနားတွင် ကတိုးကောင်၏ ပုံရိပ်ကို လှမ်းမြင်လိုက်ရသည်။ လင်းမို ဆိုင်းငံ့မနေပါ။ ချက်ချင်းပင် မြှားကို လေး၌တင်ပြီး တင်ပြီး ပစ်လွှတ်လိုက်သည်။ လင်းမို၏ မြှားပစ်အစွမ်းက အံ့မခန်းဖြစ်သော်လည်း မြောက်ပိုင်းရေခဲလွင်ပြင်က အမျိူးမျိုးလမ်းကြောင်းပြောင်းကာ တိုက်ခတ်နေသော လေက သူ့မြှား၏ ဦးတည်ရာကို သွေးဖယ်သွားစေသည်။

သူ့မြှားချက်လွဲသွားသောကြောင့် လင်းမို စိတ်ပျက်သွားသည်။ အန္တာရာယ်ကို အနံ့ရသော ကတိုးကောင်ကလည်း ထွက်ပြေးသွားလေသည်။ သည်လိုနှင့် နောက်တစ်နာရီခန့်အထိ လင်းမိုမှာ သားကောင်မရသေးပေ။ သူပစ်သမျှမြှားတို့ကို လေပွေကြမ်းတို့က ဦးတည်ရာလွဲအောင် တမင်လုပ်နေသလိုပင်။ လင်းမိုက ယခုမှ ရေခဲလွင်ပြင်တွင် သာမန်လူလို လေးနှင့် မြှားကို ကိုင်ပြီး အမဲလိုက်ခဲ့သော လီချန်းယုံကို အထင်ကြီးသွားချေပြီ။

အချိန်အတော်ကြာရှာပြီးနောက် နောက်ထပ်ကတိုးကောင်တစ်ကောင် ကိုတွေ့လေသည်။ သည်တစ်ကြိမ်တော့ လင်းမိုက လက်ထဲက မြှားကို ကြည့်ပြီး တစ်ကိုယ်တည်း ရေရွတ်လေသည်။

"မင်းစကားနားမထောင်တာ မဟုတ်ပါဘူးကွာ...ဒီအတိုင်းသာ ဆက်သွားရင် ငါတစ်ညလုံးနေတောင် ရဖို့လမ်းမမြင်တော့ဘူး''

ပြောရင်း သူက လက်ထဲက မြှားကို သိမ်းပြီး လျှပ်တပြက် လှုပ်ရှားလိုက်သည်။ ကိုက် ၅၀၀ အကွာလောက်က ကတိုးကောင်လေးမှာ ဘာဖြစ်သွားသည်ကို မသိလိုက်ခင်ပင် ဇီဝိန်ချုပ်သွားလေတော့သည်။

လင်းမို ကတိုးကောင် သွားဖမ်းနေသော အချိန်တွင် လီချန်းယုံသည် လိုဏ်ဂူထဲတွင် တစ်ယောက်တည်း ရှိနေသည်။

"ဟီး....''
လီချန်းယုံသည် သူ၏နားထဲ၌ မြင်းဟီသံလို အသံတစ်သံကိုကြားလိုက်ရလေသည်။ သူတို့ရထားလုံးကို ဆွဲလာသော မြင်းတို့ကို အနီးအနား ပတ်ဝန်းကျင်မှာ လွှတ်ထားလေသည်။ ထိုမြင်းထဲက တစ်ကောင်ကောင်၏ အသံဖြစ်မည်ဟု တွက်ဆကာ လီချန်းယုံ လိုဏ်ဂူအပြင်သို့ ထွက်လာသည်။

သူကြည့်လိုက်သောအခါ မြင်းများကို ခိုးယူရန် ကြိုးစားနေသည့် လူတစ်စုကို တွေ့ရလေသည်။

စုစုပေါင်းငါးယောက်...

ထိုလူငါးယောက်က မြင်းခြောက်ကောင်ကို သူတို့၏ ကိုယ်ပိုင်မြင်းလို သတ်မှတ်ပြီး ယူသွားဖို့ ကြံစည်နေကြလေသည်။

"ရပ်လိုက်''
လီချန်ယုံ ၏ အသံကြောင့် လူငါးယောက်က လှည့်ကြည့်လေသည်။
"အဲ့ဒီမြင်းတွေက ပိုင်ရှင်ရှိတယ် ထားခဲ့''
ပြောရင်း လီချန်းယုံက လူငါးယောက်ကိုကြည့်လိုက်သည်။ သူတို့က သာမန်မုဆိုးတွေလို ဝတ်ဆင်ထားသော်လည်း သိုင်းသမားများ ကိုင်ဆောင်တတ်သည့် ဓားရှည်များအသီးသီး ကိုင်ဆောင်ထားသည်ကို လီချန်းယုံ သတိပြုမိလေသည်။

"တကယ်လို့ ယူသွားရင် ဘာလုပ်မလဲ'' ခေါင်းဆောင်ဖြစ်ဟန်တူသူက လီချန်းယုံကို စူးရဲစွာ စိုက်ကြည့်၍ မထေ့မဲ့ပြင်ဟန်ဖြင့် ပြောလေသည်။

နားထောင်ကြည့်ရသလောက် ထိုလူ၏ လေသံက မြောက်ပိုင်းလေသံမျိုးမဟုတ်ပါ။

"ငါအေးအေးဆေးဆေးပြောနေတုန်း ထွက်သွား''
လီချန်းယုံက အေးစက်စက်ပြောလိုက်သည်။ သူက အကျင့်ပါပြီး သူ၏ခါးတွင် ချိတ်ဆွတ်ထားတတ်သည့် လက်စွဲတော် ဓားရှည်ကို စမ်းလိုက်သည်။ ဝမ်းနည်းစရာကောင်းသည်က သူ့ခါးမှာ ဓားရှည်မရှိသလို လီချန်းယုံ၏ ခန္တာကိုယ်မှာလည်း သိုင်းပညာသုံးပြီး တိုက်ခိုက်ရန် အဆင့်သင့်မဖြစ်သေးပေ။

လူငါးယောက်က လီချန်းယုံ၏ အရှေ့သို့တိုးလာပြီး စူးစူးရဲရဲ စိုက်ကြည့်ကာ ပြောလေသည်။
"မင်းကို ကျွန်အဖြစ်ရောင်းစားရင် အိမ်တော်တွေက ဈေးကြီးပေးဝယ်မှာပဲ''

"ဟုတ်တယ် ငါတို့ ဒီမြင်းတွေတောင် ခိုးစရာမလိုတော့ဘူး''

ပြောရင်း လူငါးယောက်လုံးက လီချန်းယုံကို ဝိုင်းထားလေသည်။ သူတို့က ဓားများကို ဆွဲထုတ်ပြီး စတင်တိုက်ခိုက်လေတော့သည်။ လီချန်းယုံသည် အဆင့်မြင့် သိုင်းသမားတစ်ယောက်ဖြစ်သည့်အတွက် ဒီလူငါးယောက်၏ တိုက်ခိုက်မှုကို မဖြုံပါ။ သို့သော် ယခုလောလောဆည် သူ့ထံတွင် ပြန်တိုက်စရာ ဓားမပါသကဲ့သို့ အတွင်းအားလည်း သုံးမရသေးပေ။ တိုက်ကွက်များကိုသာ အခြေအနေကြည့်၍ လျင်မြန်စွာ ရှောင်တိမ်းနေရလေသည်။

တစ်အောင့်အကြာတွင် လီချန်းယုံ၏ ခန္တာကိုယ်သည် အပြင်းအထန်လှုပ်ရှားလိုက်သောကြောင့် အဆိပ်လက်ကျန်တို့ ပျံ့နှံ့ကာ ပင်ပန်းနွမ်းနယ်မှုကိုစတင်ခံစားလာရသည်။ သူ၏လှုပ်ရှားမှုများကနှေးကွေးလာပြီး ထိုလူစုထဲကတစ်ယောက်၏ ဓားချက်ကို သူလွတ်အောင် မရှောင်မိဘဲ သူပေါင်ကို ဓားချက်လျှပ်ထိသွားလေသည်။ လီချန်းယုံ၏ ဖြူစွတ်စွတ် ဝတ်ရုံမှာ ပြတ်ရှဒဏ်ရာကြောင့် သွေးတို့ ချင်းချင်းနီသွားလေသည်။

လီချန်းယုံက ဒဏ်ရာကို အမှုမထားသော်လည်း ပင်ပန်းနွမ်းနယ်နေသော ခန္တာကိုယ်ကြောင့် အပြင်းအထန်ခုခံနေရသည်။ သူမခံနိုင်တော့သည့် အဆုံးမှာ အရိပ်နှစ်ခုက သူတို့ကြားထဲဝင်လာလေသည်။ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေသော ဓားများ လွတိကျကုန်သည်။

လူအသွင်ပြောင်းထားသော ရှောင်ချိုနှင့် လင်းမိုတို့ဖြစ်သည်။ ဆေးပင်သွားရှာသော ရှောင်ချိုနှင့် ကတိုးကောင်သွားဖမ်းသော လင်းမိုတို့ လမ်းမှာဆုံလာဟန်တူလေသည်။

"သခင်လေး'' ရှောင်ချိုက စိုးရိမ်စွာ လီချန်ယုံ ကိုခေါ်လေသည်။
လင်းမိုမှာ လီချန်းယုံ၏ ပေါင်က ဓားဒဏ်ရာကို တွေ့သောအခါ သူ့မျက်လုံးတွေက စူးရဲသွားလေသည်။

"ရှောင်ချို...'' လင်းမို၏ အသံမှာ လီချန်းယုံကြားဖူးသမျှထက် ပိုပြီး အေးစက်ပြီး ခက်ထန်နေလေသည်။ သူခန္တာကိုယ်က အန္တာရယ်ရှိသော အငွေ့အသက်တွေ ထုတ်လွှတ်နေလေသည်။

"သူ့ကိုခေါ်သွား လိုဏ်ဂူထဲ''

ရှောင်ချိုက နာခံစွာပင် လီချန်းယုံကို ခေါ်သွားမည်အပြု
"လင်းမို ဒီလူတွေကို အပြစ်ပေးမလို့လား သူတို့က သာမန်မုဆိုးတွေမဟုတ်ဘူး မြောက်ပိုင်းက ရိုးရိုးသာမန်လူတွေကို ဖမ်းပြီး ရောင်းစားနေပုံရတယ်...အပြစ်ပေးမယ်ဆိုရင် ငါလည်းရှိနေမယ်''

လီချန်းယုံက လင်းမိုကို ကြည့်လိုက်တော့ သူစတွေ့ခဲ့သည့် လင်းမို၏ မကောင်းဆိုးဝါးဆန်သော အမူအရာမှာ ယခု လင်းမို၏ အမူအရာကို မမြင်ရသောကြောင့် သတ်မှတ်ခဲ့မိတာဖြစ်လိမ့်မည်။ သူ့ပုံစံက အေးဆေးနေသော်လည်း မျက်လုံးများက သွေးဆာနေသလို အရိုင်းဆန်နေသည်။ လင်းမိုက လီချန်းယုံကို ပြုံးပြပြီး ပြောလေသည်။

"ချန်းယုံ...ငါ့ကိုယုံ ငါအပြစ်ပေးတာ မင်းမမြင်ရတာပဲကောင်းလိမ့်မယ်''

ရှောင်ချိုက လီချန်းယုံကို ဆွဲခေါ်သွားသောကြောင့် လီချန်းယုံမှာ ခွန်းတုံ့မပြန်လိုက်ရပေ။

"ပြော... မင်းတို့ထဲက ဘယ်သူက သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာလဲ''

မုဆိုးအယောင်ဆောင်ငါးယောက်မှာ ကြောက်လွန်း၍ ဒူးများပင် တူနေသည်။ သူတို့ရှေ့ကလူ၏ သိုင်းပညာအဆင့်အတန်းသည် သူ့တို့နှင့် မိုးနှင့်မြေလို ကွာခြားကြောင်းသိလေသည်။

"မပြောဘူးလား...မင်းတို့ အကုန်ညာသန်တွေပဲထင်တယ်...
သေချာတာက မင်းတို့လက်ငါးဖက်ထဲက တစ်ဖက်ဆိုတာပဲ''

သူတို့ငါးယောက်က တစ်သက်လုံး သူများပစ္စည်းဥစ္စာကို လုယက်ပြီး မသိနားမလည်သူများကို ကျွန်အဖြစ်ရောင်းစား ခဲ့သော်လည်း ကိုယ်တိုင်ကြုံရသည်အလှည့်မှာတော့ လိပ်ပြာလွင့်မတတ်ကြောက်နေကြလေသည်။

"အား''
လူတစ်ယောက်၏ မချိမဆံ့အသံနက်ကြီးဖြင့်အော်သံကို လီချန်းယုံ ကြားလိုက်ရသည်။ ထို့နောက် နောက်ထပ်အော်သံလေးသံ... ဆက်တိုက်ကြားရပြန်သည်။

လင်းမိုက ထိုလူငါးယောက်၏ ညာဘက်လက်များကို ဖြတ်တောက်လိုက်ခြင်းပင်.... အလွန်အမင်းထိတ်လန့်စရာကောင်းသော မြင်ကွင်းပင်...လူခန္တာကိုယ်နှင့် ဆက်စပ်မှုကင်းကွာသွားသော လက်တစ်ဖက်စီက ရေခဲပြင်မှာ ရှိနေပြီး သွေးများအိုင်ထွန်းသွားလေသည်။

"သွားတော့ တတ်နိုင်သမျှဝေးဝေးပြေး နောက်တစ်ခါထပ်တွေ့ရင် မင်းတို့အသက်အာမမခံဘူး''
လူငါးယောက်မှာ အသက်ကိုလုပြီး သေပြေးရှင်ပြေးပြေးလေသည်။

လင်းမိုက သွေးစွန်းနေသော ဓားကို အသာအယာ ပြန်သုတ်ပြီး ခါးတွင်ပြန်ချိတ်လိုက်လေသည်။ ပြီးတော့ သူကနဦးက ချထားခဲ့သော ကတိုးကောင်ကို ကောက်ယူပြီး လိုဏ်ဂူအတွင်းသို့ ဝင်သွားလေသည်။
__________________________________________________________________________________
(Note- ကတိုးကောင်ဆိုတာ ဒရယ်အမျိုးအနွယ်ဝင်အကောင်ပါ...တိဘက်က ရေခဲတွေဖူံးနေတဲ့ ကုန်းမြင့်တွေမှာ ကျက်စားတတ်ပါတယ်)

Zawgyi

ရက္အနည္းအငယ္ၾကာတြင္ေတာ့ လီခ်န္းယံု၏ အေျခအေနမွာ တိုးတက္လာၿပီး ပကတိက်န္းမာလာၿပီျဖစ္သည္။ တစ္ခု႐ွိသည္က သူ႔၏ခႏၱာကိုယ္က အဆိပ္ေတြကို စစ္ထုတ္ေနရဆဲျဖစ္ေသာေၾကာင့္ အတြင္းအားသံုးရေသာ အရာမ်ားကို ျပဳလုပ္၍မရေပ။ သိုင္းပညာကို ငယ္စဥ္ကတည္းက ေန႔စဥ္ေလ့က်င့္ခဲ့ေသာ လီခ်န္းယံုအတြက္ လူမမာလို မလႈပ္မယွက္ေနေနရသည္က တကယ္ကို စိတ္အေႏွာင့္အယွက္မ်ားစြာ ျဖစ္ေစသည္။ လင္းမိုကေတာ့ လီခ်န္းယံုအတြက္ အမ်ိဳးမ်ိဳးေသာ အစားအေသာက္မ်ားကိုျပဳလုပ္ေပးျခင္း ေဆးရည္အခ်ိန္မွန္မွန္တိုက္ျခင္း ညဘက္အိပ္လွ်င္ အေအးဒဏ္သက္သာေအာင္ မီးဖိုေပးျခင္းမွ တစ္ပါး လီခ်န္းယံုကို ေထြေထြထူးထူး မေျပာေပ။

"လင္းမို''
လီခ်န္းယံု၏ ေခၚသံေၾကာင့္ လင္းမိုက ေခါင္းငဲ့ၾကည့္ေလသည္။

"ငါ....''

"ဘာျဖစ္လို႔လဲ''

"ဘာမွမဟုတ္ဘူး''
လီခ်န္းယံုက သူ႔စကားကိုဆက္မေျပာေပ။ သူ႔စိတ္ထဲ ေျပာသင့္မေျပာသင့္ ခ်င့္ခ်ိန္ေနပံုရသည္။

လီခ်န္းယံု၏ ေတြေဝေနေသာ အမူအရာေၾကာင့္ လင္းမို၏ ထူထဲေသာ မ်က္ခံုးလႊာက အနည္းငယ္တြန္႔သြားသည္။
"ဘာေျပာမလို႔လဲ''

"ငါ...အဲ့ဒါေတြမစားခ်င္ဘူး'' ေျပာရင္း လီခ်န္းယံုက ရိကၡာေျခာက္ေတြကို လက္ညႇိဳးထျပေလသည္။ လင္းမို၏ လက္ရာမွာ မဆိုးေပမယ့္ အင္အားခ်ည္နဲ့ေနေသာ သူ႔ခႏၱာကိုယ္က တစ္စံုတစ္ရာကို ျပင္းထန္စြာ အာသီသျဖစ္ေနေလသည္။

လင္းမို၏ မ်က္လံုးတို႔က ရႊင္ျမဴးသြားဟန္ႏွင့္ အေရာင္ေတာက္သြားေလသည္။ ေနာက္ဆံုးေတာ့ သူ၏ ေရခဲမင္းသားေလးက သူ႔ဆီက တစ္ခုခုကို စေတာင္းဆိုေလသည္။

"မင္းဘာစားခ်င္လဲ''

"ေရခဲလြင္ျပင္မွာ ကတိုးေကာင္ေတြ႐ွိတယ္...သူတို႔အသားက ကင္စားရင္ အရသာ႐ွိတယ္''

လင္းမိုက ႏွာေခါင္း႐ႈံ႕သြားၿပီး ေျပာေလသည္။
"မင္းက ေျမာက္ပိုင္းက အိမ္ေ႐ွ႕စံျဖစ္ၿပီး ႐ွာ႐ွာေပါက္ေပါက္လည္းစားတာပဲလား''

"ငါငယ္ငယ္ကတည္းက ေရခဲလြင္ျပင္ကို တစ္ေယာက္တည္းလာတာ...ေ႐ွာင္ခ်ိဳဆီလာတိုင္း သူနဲ႔အမဲတူတူလိုက္တယ္... ဘယ္သူမွ မ႐ွိတဲ့ေရခဲလြင္ျပင္က်ယ္ႀကီးမွာ ငါကအိမ္ေ႐ွ႕စံျဖစ္ေနတာကိုလည္း ဂ႐ုစိုက္စရာမလိုဘူး...ဘယ္အရာကိုမွ ဂ႐ုစိုက္စရာမလိုဘူး...ေရခဲလြင္ျပင္မွာ အမဲလိုက္ရတာ ပံုမွန္သစ္ေတာေတြမွာ အမဲလိုက္ရတာနဲ႔ မတူဘူး ဆီးႏွင္းေတြ အထပ္ထပ္ဖံုးေနတာ ေျခရာေကာက္ဖို႔လည္းခက္တယ္ ၿပီးေတာ့ အႏၱာရယ္ဆိုတာလည္း အရပ္မ်က္ႏွာမ်ိဳးစံုကေပၚလာႏိုင္တယ္ အဲ့ဒီလို စိတ္လႈပ္႐ွားရတာ ဘယ္ေလာက္ေပ်ာ္စရာေကာင္းလဲ သိလား''

လီခ်န္းယံုက သူသေဘာက်ေသာ အရာအေၾကာင္း ေျပာေနရသည္ျဖစ္ေသာေၾကာင့္ သူ႔မ်က္ႏွာက အရင္ေန႔မ်ားႏွင့္ ျခားနားစြာ ရႊင္ျပေနေလသည္။

"မင္းသိလား ...ငါအမဲလိုက္ရင္ သိုင္းပညာတို႔ အတြင္းအားတို႔ မသံုးဘူး အဲ့ဒါမမွ်တဘူးေလ ငါက ေလးနဲ႔ ျမႇားပဲသံုးၿပီး သာမန္မုဆိုးေတြလို အမဲလိုက္တာ ဒီလိုဏ္ဂူထဲမွာေတာင္ တစ္ခု႐ွိေသးတယ္ ေတြ႔လား...ဟိုမွာ...အဲ့ဒီေလးက ေျမာက္ပိုင္းမွာပဲေပါက္တဲ့ ဝက္သစ္ခ်သားနဲ႔လုပ္ထားတာ''

ေျပာရင္း လိုဏ္ဂူ၏ တစ္ေနရာမွာ ခ်ိတ္ဆြဲထားေသာ ေလးႏွင့္ ျမႇားကို ၫႊန္ျပေလသည္။ လင္းမိုုုၾကည့္လိုက္ေတာ့ ေလးမွာ မႀကီးလြန္း မေသးလြန္းပဲ ပံုမွန္အရြယ္စားပင္ျဖစ္ၿပီး ေပါ့ပါးေအာင္အထူးစီမံထားပံုရေလသည္။ ျမႇားႏွင့္ ျမႇားထည့္သည့္က်ည္ေတာက္ကိုလည္း အတူခ်ိတ္ဆြဲထားေလသည္။

"အင္း...လက္ရာေကာင္းပဲ'' လင္းမိုက မွတ္ခ်က္ျပဳေလသည္။

လီခ်န္းယံုက ေလးႏွင့္ျမႇားကို စိုက္ၾကည့္ၿပီး တစ္ကိုယ္တည္းေျပာသလို ေရရြတ္ေလသည္။
"ငါသာ အခုလို ျဖစ္မေနရင္...ဒီတစ္ခါလည္း အမဲလိုက္ထြက္ႏိုင္ရင္ ထြက္ႏိုင္မွာ နန္းေတာ္က အလုပ္တာဝန္ေတြဆီက ႐ုန္းထြက္ၿပီး လာဖို႔ဆိုတာ ၾကံဳေတာင့္ၾကံဳခဲအခြင့္အေရးပဲ''

လီခ်န္းယံု၏ မသိမသာညႇိဳးငယ္သြားေသာ မ်က္ႏွာကို ျမင္ရသည္မွာ လင္းမို၏ ရင္တြင္ တဆစ္ဆစ္ျဖစ္လာေလသည္။

"ေတာင္းပန္ပါတယ္ ...ငါကမင္းအဆိပ္မိထားတာ...''

"မေတာင္းပန္နဲ႔''

လင္းမိုက လီခ်န္းယံု ျဖတ္ေျပာေသာ စကားေၾကာင့္ အံ့အားသင့္ေလသည္။ လီခ်န္းယံုက လင္းမိုကို မ်က္လံုးျဖင့္ေဝ့ၾကည့္လိုက္ၿပီး ေျပာေလသည္။

"မင္းေတာင္းပန္ရင္...ငါေက်ေအးရမွာေပါ့ မေတာင္းပန္နဲ႔ ငါျပန္ေကာင္းလာမွ မင္းကို အဲ့ဒီထက္ အဆတစ္ရာျပင္းတဲ့ အဆိပ္ခတ္ၿပီး လုပ္ၾကံမွာ''

လင္းမို၏ မ်က္ႏွာမွာ ႐ႈံ႕မဲ့သြားေလသည္။ သူက လီခ်န္းယံု စိတ္ေကာင္းဝင္ၿပီး စကားေတြေျပာေနသည္မလို႔ ၾကည္ႏူးေနတုန္း႐ွိေသး...အႏွီေရခဲလိုမင္းသားက သူ၏မေက်နပ္ခ်က္မ်ားကို ထုတ္ေဖာ္ေနျပန္သည္။

သို႔ေသာ္ လီခ်န္းယံုမသိသည္ကေတာ့ လင္းမိုသည္ ငယ္စဥ္ကတည္းက အဆိပ္မ်ိဳးစံုကို ခံႏိုင္ရည္႐ွိေအာင္ ေလ့က်င့္ခဲ့ၿပီး သူ႔ခနၱကိုယ္က အဆိပ္ၿပီးေနေၾကာင္းကိုပင္...

လင္းမိုက ဘာမွမေျပာေတာ့ဘဲ သူျပဳတ္ထားေသာ အသားဆန္ျပဳတ္ ပန္းကန္ကို လီခ်န္းယံုေ႐ွ႕ယူလာေပးေလသည္။
"ေသာက္လိုက္ဦး...''

လီခ်န္းယံုက ေခါင္းခါျပသည္။ သူဘယ္လိုမွ မစားႏိုင္ေတာ့ပါ။
"ေရခဲကတိုးေကာင္ အသားစားခ်င္တာလား''

"အင္း''

"ညေနမွစားလို႔မရဘူးလား...ေ႐ွာင္ခ်ိဳျပန္မေရာက္ေသးဘူး''

"ငါတစ္ေယာက္ထဲ ဒီလိုဏ္ဂူထဲေနေတာ့ဘာျဖစ္မွာမလို႔လဲ''

လင္းမိုက လီခ်န္းယံုကို အကဲခတ္လိုက္ေသာအခါ သူ႔မ်က္ႏွာမွာ ေဒါသအရိပ္အေယာင္တို႔ ယွက္သန္းေနေၾကာင္း ေတြ႔လိုက္ရသည္။ အမွန္ဆို လီခ်န္းယံုက ေျမာက္ပိုင္း၏ အစြမ္းထက္ အိမ္ေ႐ွ႕စံတစ္ပါးျဖစ္သည္။ ေျမာက္ပိုင္းစစ္တပ္ကိုပင္ လက္ေထာက္စစ္သူႀကီးအျဖစ္ တာဝန္ယူၿပီး ကြပ္ကဲေနသူျဖစ္သည္။ လင္းမို၏ စိုးရိမ္ပူပန္မႈက လီခ်န္းယံု၏ မာနကို ထိခိုက္သြားဟန္တူေလသည္။

"ေကာင္းၿပီ...ငါအခုသြားၿပီး ျမန္ျမန္ျပန္လာမယ္ မင္းဘယ္မွ မသြားဘဲေစာင့္ေန''

"အဲ့ဒါယူသြား...မင္းျမွားပစ္တတ္တယ္မလား သိုင္းပညာမသံုးနဲ႔ သူတို႔အတြက္မတရားဘူး''

လင္းမိုက သူ၏ ႏႈတ္ခမ္းေထာင့္မ်ား ေကြးတက္ေအာင္ ျပံဳးျပၿပီး ေလးႏွင့္ျမႇားက်ည္ေတာက္ကို လြယ္ကာထြက္သြားေလသည္။

ေရခဲလြင္ျပင္မွာ မ်ားစြာက်ယ္ဝန္းသည့္အျပင္ ဆီႏွင္းအထပ္ထပ္ ဖံုးေနေသာေၾကာင့္ သားေကာင္၏ ေျခရာေကာက္ရန္အမွန္ပင္မလြယ္ကူပါ။ တစ္နာရီခန္႔ၾကာသည္အထိ လင္းမိုမွာ ကတိူးေကာင္၏ အရိပ္အေယာင္ကို မျမင္ရေသး။ သူဆက္သြားရင္း ခပ္လွမ္းလွမ္းက ေရခဲအငူနားတြင္ ကတိုးေကာင္၏ ပံုရိပ္ကို လွမ္းျမင္လိုက္ရသည္။ လင္းမို ဆိုင္းငံ့မေနပါ။ ခ်က္ခ်င္းပင္ ျမႇားကိုတင္ၿပီး ပစ္လႊတ္လိုက္သည္။ လင္းမို၏ ျမႇားပစ္အစြမ္းက အံ့မခန္းျဖစ္ေသာ္လည္း ေျမာက္ပိုင္းေရခဲလြင္ျပင္က အမ်ိဴးမ်ိဳးလမ္းေၾကာင္းေျပာင္းကာ တိုက္ခတ္ေနေသာ ေလက သူျမႇား၏ ဦးတည္ရာကို ေသြးဖယ္သြားေစသည္။

သူ႔ျမႇားခ်က္လြဲသြားေသာေၾကာင့္ လင္းမိုမွာ စိတ္ပ်က္သြားသည္။ အႏၱာရာယ္ကို အနံ႔ရေသာ ကတိုးေကာင္ကလည္း ထြက္ေျပးသြားေလသည္။ သည္လိုႏွင့္ ေနာက္တစ္နာရီခန္႔အထိ လင္းမိုမွာ သားေကာင္မရေသးေပ။ သူပစ္သမွ်ျမႇားတို႔ကို ေလေပြၾကမ္းတို႔က ဦးတည္ရာလြဲေအာင္ တမင္လုပ္ေနသလိုပင္။ လင္းမိုက အခုမွ ေရခဲလြင္ျပင္မွာ သာမန္လူလို ေလးႏွင့္ ျမႇားကို ကိုင္ၿပီး အမဲလိုက္ခဲ့ေသာ လီခ်န္းယံုကို အထင္ႀကီးသြားေခ်ၿပီ။

အခ်ိန္အေတာ္ၾကာ႐ွာၿပီးေနာက္ ေနာက္ထပ္ကတိုးေကာင္တစ္ေကာင္ ကိုေတြ႔ေလသည္။ သည္တစ္ႀကိမ္ေတာ့ လင္းမိုက လက္ထဲက ျမႇားကို ၾကည့္ၿပီး တစ္ကိုယ္တည္း ေရရြတ္ေလသည္။

"မင္းစကားနားမေထာင္တာ မဟုတ္ပါဘူးကြာ...ဒီအတိုင္းသာ ဆက္သြားရင္ ငါတစ္ညလံုးေနေတာင္ ရဖို႔လမ္းမျမင္ေတာ့ဘူး''

ေျပာရင္း သူက လက္ထဲက ျမႇားကို သိမ္းၿပီး လွ်ပ္တျပက္ လႈပ္႐ွားလိုက္သည္။ ကိုက္ ၅၀၀ အကြာေလာက္က ကတိုးေကာင္ေလးမွာ ဘာျဖစ္သြားသည္ကို မသိလိုက္ခင္မွာပင္ ဇီဝိန္ခ်ဳပ္သြားေလေတာ့သည္။

လင္းမို သြားေနေသာ အခ်ိန္တြင္ လီခ်န္းယံုသည္ လိုဏ္ဂူထဲတြင္ တစ္ေယာက္တည္း ႐ွိေနသည္။

"ဟီး....''
လီခ်န္းယံုမွာ ျမင္းဟီသံလို အသံတစ္သံၾကားလိုက္ရေလသည္။ သူတို႔ရထားလံုးကို ဆြဲလာေသာ ျမင္းတို႔ကို အနီးအနား ပတ္ဝန္းက်င္မွာ လႊတ္ထားေလသည္။ ထိုျမင္းထဲက တစ္ေကာင္ေကာင္၏ အသံျဖစ္ေသာေၾကာင့္ လီခ်န္းယံုမွာ လိုဏ္ဂူအျပင္ကို ထြက္လာသည္။

သူၾကည့္လိုက္ေတာ့ ျမင္းေတြကို ခိုးယူဖို႔ ႀကိဳးစားေနသည့္ လူတစ္စုကို ေတြ႔ရေလသည္။ စုစုေပါင္းငါးေယာက္...
ထိုလူငါးေယာက္က ျမင္းေျခာက္ေကာင္ကို သူတို႔၏ ကိုယ္ပိုင္ျမင္းလို သတ္မွတ္ၿပီး ယူသြားဖို႔ ၾကံစည္ေနၾကေလသည္။

"ရပ္လိုက္''
လီခ်န္ယံု ၏ အသံေၾကာင့္ လူငါးေယာက္က လွည့္ၾကည့္ေလသည္။
"အဲ့ဒီျမင္းေတြက ပိုင္႐ွင္႐ွိတယ္ ထားခဲ့''
ေျပာရင္း လီခ်န္းယံုက လူငါးေယာက္ကိုၾကည့္လိုက္သည္။ သူတို႔က သာမန္မုဆိုးေတြလို ဝတ္ဆင္ထားေပမယ့္ သိုင္းသမားေတြကိုင္ေဆာင္တတ္သည့္ ဓား႐ွည္မ်ားအသီးသီး ပါၾကေလသည္။

"တကယ္လို႔ ယူသြားရင္ ဘာလုပ္မလဲ'' ေခါင္းေဆာင္ျဖစ္ဟန္တူသူက ေျပာေလသည္။ သူ၏ ေလသံက ေျမာက္ပိုင္းေလသံမ်ိဳးမဟုတ္ပါ။

"ငါေအးေအးေဆးေဆးေျပာေနတုန္း ထြက္သြား'' လီခ်န္းယံုက ေအးစက္စက္ေျပာလိုက္သည္။ သူက အက်င့္ပါၿပီး သူ႔ခါးတြင္ ခ်ိတ္ဆြတ္ထားတတ္သည့္ လက္စြဲေတာ္ ဓား႐ွည္ကို စမ္းလိုက္သည္။ ဝမ္းနည္းစရာေကာင္းသည္က သူ႔ခါးမွာ ဓား႐ွည္မ႐ွိသလို လီခ်န္းယံု၏ ခနၱာကိူယ္မွာလည္း သိုင္းပညာသံုးၿပီး တိုက္ခိုက္ရန္ အဆင့္သင့္မျဖစ္ေသးေပ။

လူငါးေယာက္က လီခ်န္းယံုေ႐ွ႕တိုးလာၿပီး စူးစူးရဲရဲ စိုက္ၾကည့္ကာ ေျပာေလသည္။
"မင္းကို ကြၽန္အျဖစ္ေရာင္းစားရင္ အိမ္ေတာ္ေတြက ေစ်းႀကီးေပးဝယ္မွာပဲ''

"ဟုတ္တယ္ ငါတို႔ ဒီျမင္းေတြေတာင္ ခိုးစရာမလိုေတာ့ဘူး''

ေျပာရင္း လူငါးေယာက္လံုးက လီခ်န္းယံုကို ဝိုင္းထားေလသည္။ သူတို႔က ဓားမ်ားကို ဆြဲထုတ္ၿပီး စတင္တိုက္ခိုက္ေလေတာ့သည္။ လီခ်န္းယံုမွာ အဆင့္ျမင့္ သိုင္းသမားတစ္ေယာက္ျဖစ္သည့္အတြက္ ဒီလူငါးေယာက္၏ တိုက္ခိုက္မႈကို မျဖံဳပါ။ သို႔ေသာ္ သူ႔မွာ ျပန္တိုက္စရာ ဓားမပါသကဲ့သို႔ အတြင္းအားလည္း သံုးမရေသးေပ။ တိုက္ကြက္မ်ားကို လ်င္ျမန္စြာ ေ႐ွာင္တိမ္းေနရေလသည္။

တစ္ေအာင့္အၾကာတြင္ လီခ်န္းယံု၏ ခႏၱာကိုယ္မွာ အျပင္းအထန္လႈပ္႐ွားလိုက္ေသာေၾကာင့္ ပင္ပန္းလာသည္။ သူလႈပ္႐ွားမႈေတြကေႏွးေကြးလာၿပီး ဓားခ်က္ကို လြတ္ေအာင္ မေ႐ွာင္မိဘဲ သူေပါင္ကို လွ်ပ္ထိသြားေလသည္။ လီခ်န္းယံု၏ ျဖဴစြတ္စြတ္ ဝတ္ရံုမွာ ေသြးတို႔ ခ်င္းခ်င္းနီသြားေလသည္...

လီခ်န္းယံုက ဒဏ္ရာကို အမႈမထားေသာ္လည္း ပင္ပန္းႏြမ္းနယ္ေနေသာ ခႏၱာကိုယ္ေၾကာင့္ အျပင္းအထန္ခုခံေနရသည္။ သူမခံႏိုင္ေတာ့သည့္ အဆံုးမွာ အရိပ္နွစ္ခုက သူတို႔ၾကားထဲဝင္လာေလသည္။ သူ႔ကို ဝိုင္းဝန္းတိုက္ခိုက္ေနေသာ ဓားမ်ား လြတိက်ကုန္သည္။

လူအသြင္ေျပာင္းထားေသာ ေ႐ွာင္ခ်ိဳႏွင့္ လင္းမိုတို႔ျဖစ္သည္။ ေဆးပင္သြား႐ွာေသာ ေ႐ွာင္ခ်ိဳႏွင့္ ကတိုးေကာင္သြားဖမ္းေသာ လင္းမိုတို႔ လမ္းမွာဆံုလာဟန္တူေလသည္။

"သခင္ေလး'' ေ႐ွာင္ခ်ိဳက စိုးရိမ္စြာ လီခ်န္ယံု ကိုေခၚေလသည္။
လင္းမိုမွာ လီခ်န္းယံု၏ ေပါင္က ဓားဒဏ္ရာကို ေတြ႔ေသာအခါ သူ႔မ်က္လံုးေတြက စူးရဲသြားေလသည္။

"ေ႐ွာင္ခ်ိဳ...'' လင္းမို၏ အသံမွာ လီခ်န္းယံုၾကားဖူးသမွ်ထက္ ပိုၿပီး ေအးစက္ၿပီး ခက္ထန္ေနေလသည္။ သူခႏၱာကိုယ္က အႏၱာရယ္႐ွိေသာ အေငြ႔အသက္ေတြ ထုတ္လႊတ္ေနေလသည္။

"သူ႔ကိုေခၚသြား လိုဏ္ဂူထဲ''

ေ႐ွာင္ခ်ိဳက နာခံစြာပင္ လီခ်န္းယံုကို ေခၚသြားမည္အျပဳ
"လင္းမို ဒီလူေတြကို အျပစ္ေပးမလို႔လား သူတို႔က သာမန္မုဆိုးေတြမဟုတ္ဘူး ေျမာက္ပိုင္းက ႐ိုး႐ိုးသာမန္လူေတြကို ဖမ္းၿပီး ေရာင္းစားေနပံုရတယ္...အျပစ္ေပးမယ္ဆိုရင္ ငါလည္း႐ွိေနမယ္''

လီခ်န္းယံုက လင္းမိုကုိ ၾကည့္လိုက္ေတာ့ သူစေတြ႔ခဲ့သည့္ လင္းမို၏ မေကာင္းဆိုးဝါးဆန္ေသာ အမူအရာမွာ ယခု လင္းမို၏ အမူအရာကို မျမင္ရေသာေၾကာင့္ သတ္မွတ္ခဲ့မိတာျဖစ္လိမ့္မည္။ သူ႔ပံုစံက ေအးေဆးေနေသာ္လည္း မ်က္လံုးမ်ားက ေသြးဆာေနသလို အ႐ိုင္းဆန္ေနသည္။ လင္းမိုက လီခ်န္းယံုကို ျပံဳးျပၿပီး ေျပာေလသည္။

"ခ်န္းယံု...ငါ့ကိုယံု ငါအျပစ္ေပးတာ မင္းမျမင္ရတာပဲေကာင္းလိမ့္မယ္''

ေ႐ွာင္ခ်ိဳက လီခ်န္းယံုကို ဆြဲေခၚသြားေသာေၾကာင့္ လီခ်န္းယံုမွာ ခြန္းတံု႔မျပန္လိုက္ရေပ။

"ေျပာ... မင္းတို႔ထဲက ဘယ္သူက သူ႔ကို ဒဏ္ရာရေအာင္ လုပ္လိုက္တာလဲ''

မုဆိုးအေယာင္ေဆာင္ငါးေယာက္မွာ ေၾကာက္လြန္း၍ ဒူးမ်ားပင္ တူေနသည္။ သူတို႔ေ႐ွ႕ကလူ၏ သိုင္းပညာအဆင့္အတန္းသည္ သူ႔တို႔ႏွင့္ မိုးႏွင့္ေျမလို ကြာျခားေၾကာင္းသိေလသည္။

"မေျပာဘူးလား...မင္းတို႔ အကုန္ညာသန္ေတြပဲထင္တယ္...
ေသခ်ာတာက မင္းတို႔လက္ငါးဖက္ထဲက တစ္ဖက္ဆိုတာပဲ''

သူတို႔ငါးေယာက္က တစ္သက္လံုး သူမ်ားပစၥည္းဥစၥာကို လုယက္ျပီး မသိနားမလည္သူမ်ားကို ကြၽန္အျဖစ္ေရာင္းစား ခဲ့ေသာ္လည္း ကိုယ္တိုင္ၾကံဳရသည္အလွည့္မွာေတာ့ လိပ္ျပာလြင့္မတတ္ေၾကာက္ေနၾကေလသည္။

"အား''
လူတစ္ေယာက္၏ မခ်ိမဆံ့အသံနက္ႀကီးျဖင့္ေအာ္သံကို လီခ်န္းယံု ၾကားလိုက္ရသည္။ ထို႔ေနာက္ ေနာက္ထပ္ေအာ္သံေလးသံ... ဆက္တိုက္ၾကားရျပန္သည္။

လင္းမိုက ထိုလူငါးေယာက္၏ ညာဘက္လက္မ်ားကို ျဖတ္ေတာက္လိုက္ျခင္းပင္.... အလြန္အမင္းထိတ္လန္႔စရာေကာင္းေသာ ျမင္ကြင္းပင္...လူခႏၱာကိုယ္ႏွင့္ ဆက္စပ္မႈကင္းကြာသြားေသာ လက္တစ္ဖက္စီက ေရခဲျပင္မွာ ႐ွိေနၿပီး ေသြးမ်ားအိုင္ထြန္းသြားေလသည္။

"သြားေတာ့ တတ္ႏိုင္သမွ်ေဝးေဝးေျပး ေနာက္တစ္ခါထပ္ေတြ႔ရင္ မင္းတို႔အသက္အာမမခံဘူး''
လူငါးေယာက္မွာ အသက္ကိုလုၿပီး ေသေျပး႐ွင္ေျပးေျပးေလသည္။

လင္းမိုက ေသြးစြန္းေနေသာ ဓားကို အသာအယာ ျပန္သုတ္ၿပီး ခါးတြင္ျပန္ခ်ိတ္လိုက္ေလသည္။ ၿပီးေတာ့ သူကနဦးက ခ်ထားခဲ့ေသာ ကတိုးေကာင္ကို ေကာက္ယူၿပီး လိုဏ္ဂူအတြင္းသို႔ ဝင္သြားေလသည္။
__________________________________________________________________________________
(Note- ကတိုးေကာင္ဆိုတာ ဒရယ္အမ်ိဳးအႏြယ္ဝင္အေကာင္ပါ...တိဘက္က ေရခဲေတြဖံူးေနတဲ့ ကုန္းျမင့္ေတြမွာ က်က္စားတတ္ပါတယ္)

Continue Reading

You'll Also Like

115K 5.8K 32
chan-ငါမင္​းကိုအရမ္​းမုန္​းတယ္​ မင္​းက အရမ္​း အတၱႀကီးလြန္​းတယ္​ Sehun-hyung ကြၽန္​​ေတာ္​့ကို ႀကိဳက္​သ​ေလာက္​ မုန္​းႏိုင္​တယ္​ ...
232K 37.5K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
101K 8.8K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
59.4K 6.3K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...