နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း-၂၇ (Zawgyi + Unicode)

13.1K 2.2K 13
By Kay_Wine


{Zawgyi}

ဂိုဏ္းအႀကီးအကဲနဲ႔ ေခါင္းေဆာင္ေတြလည္း ေသကုန္ၿပီဆိုေတာ့ ပိုင္ရန္စိတ္ေအးလက္ေအးနဲ႔ တိမ္နက္ဂိုဏ္းတစ္ခုလံုး အဆင္ေျပၾကရဲ႕လားဆိုတာကို အာရံုခံလို႔ရသြားတယ္။ မျမင္ရခင္တုန္းကေတာ့ မသိခဲ႔ေပမယ့္ သူေတြ႕လိုက္တဲ႔အခ်ိန္မွာ အံ့အားသင့္သြားတယ္။ သိပ္မေ၀းတဲ႔အိမ္တစ္အိမ္ထဲမွာ လူငါးေယာက္ေသဆံုးေနတယ္။ သူတို႔ေတြ၀တ္ထားတဲ႔အ၀တ္အစားေတြအရ တိမ္နက္ဂိုဏ္းအႀကီးအကဲေတြမွန္းသိသာတယ္။ သခ်ႋဳင္းေျမမွာေသဆံုးသြားတဲ႔ လူေလးေယာက္အပါအ၀င္ဆိုရင္ တိမ္နက္ဂိုဏ္းအႀကီးအကဲေတြနဲ႔ ေခါင္းေဆာင္ေတြအားလံုးေသၿပီ။ အိမ္ရဲ႕ေနာက္အခန္းထဲမွာ အဆိပ္ခတ္ခံထားရတာေၾကာင့္ သတိလစ္ေနတဲ႔သူေတြရွိတယ္။ ဂိုဏ္းက အငယ္ေလးေတြျဖစ္ရမယ္။ အႀကီးအကဲေတြရဲ႕သီးသန္႔တပည့္ေတြျဖစ္ႏိုင္သလို သားသမီးေတြလည္းျဖစ္ေကာင္းျဖစ္ႏိုင္တယ္။

ဘယ္သူလုပ္တာလဲဆိုတာေတာ့ သံသယျဖစ္ေနစရာေတာင္မလိုဘူး။

ပိုင္ရန္ေနာက္ျပန္လွည့္ၿပီး ေဖာ္လံဖားလုပ္ေနတဲ႔အႀကီးအကဲခ်ိဳးကို ၾကည့္လိုက္တယ္ "မင္းရဲ႕လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္းကိုေတာင္ သတ္လိုက္တယ္? မင္းကမွတကယ့္နတ္ဆိုးလားဆိုတာ သံသယေတာင္၀င္မိတယ္"

အႀကီးအကဲခ်ိဳးအမူအရာက အနည္းငယ္တြန္႔သြားၿပီး အားတင္းျပန္ျပံဳးကာ "တကယ္လို႔အျမစ္ကိုပါ မဖယ္ရွားရင္ ေႏြဦးေရာက္တဲ႔အခါ တဖန္ျပန္ရွင္သန္လာလိမ့္မယ္၊ ကြ်န္ေတာ့္ရဲ႕ရန္သူေတြကို အားလံုးရွင္းထုတ္ထားတာက အႏၲရယ္အကင္းဆံုးပါပဲ"

ပိုင္ရန္ ေၾကာက္မက္ဖြယ္မေကာင္းဆိုးဝါးဆန္တဲ႔အျပံဳးကို ျပံဳးလိုက္တယ္ "မင္းကလြဲၿပီးေတာ့ တျခားအႀကီးအကဲေတြအားလံုးေသသြားတာကို သူတို႔သံသယမျဖစ္ေအာင္မင္းဘယ္လိုေျဖရွင္းမလဲ"

အႀကီးအကဲခ်ိဳးတုန္႔ဆိုင္းသြားၿပီး အမူအယာေျပာင္းသြားတယ္၊ သူျပံဳးကာ "အသိေပးတာေၾကာင့္ ေက်းဇူးတင္ပါတယ္အရွင္ရွဲ႕၊ တျခားက်န္တဲ႔သူေတြကို လႊတ္လိုက္ပါ့မယ္၊ သူတို႔လည္း ဘာမွသိၾကတာမဟုတ္ဘူးဆိုေတာ့"

ပိုင္ရန္စကားဆက္မေျပာခ်င္ေတာ့တာေၾကာင့္ သူ႔လူေတြကိုေခၚၿပီး ညအေမွာင္တြင္း၀င္ေရာက္ေပ်ာက္ကြယ္သြားတယ္။

ေလာ့က်န္းဖန္းအေျခခ်ရာကို ခရီးႏွင္လာၿပီးေနာက္ ပိုင္ရန္ေျခကုန္လက္ပန္းက်သြားတယ္။ သူစိတ္မပါတပါသူ႔လူေတြကို က်န္တာေတြဆက္လုပ္ခိုင္းၿပီးေတာ့ အနားယူဖို႔ရာ သူ႔အခန္းထဲကိုသာ ၀င္သြားလိုက္တယ္။

"သခင္၊ မေပ်ာ္ဘူးလား?" ေရွာင္လင္းက ေမးလိုက္တယ္။

"လူေတြအမ်ားႀကီးသတ္ၿပီးသြားတာေတာင္ ငါကဘာကိုေပ်ာ္ရမွာလဲ?" ပိုင္ရန္မ်က္ေမွာင္ၾကဳတ္လိုက္တယ္။

"သခင္ အဲ႔တာေတြက dataအပိုင္းအစေလးေတြပါပဲ" ေရွာင္လင္းအသိေပးလိုက္တယ္။

ပိုင္ရန္တိတ္ဆိတ္သြားၿပီး သက္ျပင္းခ်လိုက္တယ္ "ငါသိပါတယ္၊ ဒါေပမယ့္လည္း ရင္ထဲမွာ တမ်ိဳးႀကီးျဖစ္ေနေသးတယ္"

သို႔ေပသိ သူတို႔ေတြက သက္ရွိလူသားေတြနဲ႔တူေနတယ္ေလ။ စကားေျပာဆိုႏိုင္တယ္၊ လႈပ္ရွားႏိုင္တယ္၊ တကယ့္အစစ္အမွန္လိုပဲ။

"သခင္က အေကာင္းဆံုးလုပ္သြားတာပါ" ေရွာင္လင္းကပဲ ဆက္ၿပီး "ပံုမွန္ဆိုရင္ အႀကီးအကဲခ်ိဳးက အားလံုးကိုသတ္ပစ္လိုက္မွာ၊ ဒါေပမယ့္ သခင္က ကေလးေတြကို ကယ္ေပးလိုက္တယ္၊ ခုနကဆိုရင္ သခင္စိတ္မထိန္းႏိုင္ဘဲနဲ႔ မႈိခ်ိဳးမွ်စ္ခ်ိဳးေျပာလိုက္မွာကို စိုးရိမ္ေနတာ၊ ေတာ္ေသးတယ္ ျပန္ထိန္းလိုက္လို႔ေပါ့...သခင္ လုပ္ေဆာင္သြားတာ အေတာ္ေလးေကာင္းတယ္! သူတို႔က အသတ္ခံရမွာကေတာ့ ခံရမွာပဲ၊ သခင္သူတို႔ကို ဘယ္ေလာက္ပဲကယ္ဖို႔အတြက္ ႀကိဳးစားႀကိဳးစား သူတို႔က ေသရမွာပါပဲ"

"မင္းပဲ ငါလည္းေသႏိုင္သလို ဇာတ္လိုက္လည္း ေသႏိုင္တယ္လို႔ မေျပာခဲ႔ဘူးလား? အဲ႔လူေတြလည္း ဒီလိုပဲအသက္ဆက္ရွင္ေနလို႔မရဘူးလား?"

"သခင္ ခက္ခက္ခဲခဲေတြ မေတြးေနပါနဲ႔" ေရွာင္လင္းအေတာ္ေလးစိတ္ပူေနတယ္ "သခင္လုပ္ခဲ႔ရတာေတြက အတင္းအက်ပ္ခိုင္းခံရတာေၾကာင့္ပါ၊ သခင္က dataအစုလိုက္ႀကီးကိုပဲ သတ္လိုက္တာပါ၊ NPCအုပ္လိုက္ႀကီးေလ.. ဘာမွမဟုတ္တာေလးပါ၊ သခင့္မိဘေတြနဲ႔ အစ္ကိုအေၾကာင္းပဲ ေတြးပါ၊ တကယ့္ကမာၻအစစ္မွာ သူတို႔သခင့္ကို ေစာင့္ေနၾကရတယ္ေလ၊ အဲတာေၾကာင့္ အားတင္းထားၿပီးေတာ့ တာ၀န္ေတြၿပီးဖို႔ကိုပဲ အာရံုစိုက္ထားပါ"

ပိုင္ရန္ႏွာေခါင္း႐ိုးကိုသာ ဖိႏွိပ္ေနတယ္။ "စိတ္ခ်ပါ၊ ငါတာ၀န္ကိုၿပီးေျမာက္ေအာင္လုပ္မွာပါ"

သူေတြးဖို႔လိုတာက သူ႔အတြက္သူပဲျဖစ္တယ္ဆိုတာ ေရွာင္လင္းလည္းသိေနတာေၾကာင့္ စကားဆက္မေျပာေတာ့ဘူး။

ပိုင္ရန္ခမ်ာ စြမ္းအင္ေတြလည္း အလြန္အကြ်ံသံုးထားရေသးတဲ႔အျပင္ စိတ္ဓာတ္လည္းက်ေနသလို ခံစားေနရတယ္။ သူအိပ္ယာေပၚလွံခ်ၿပီး ဟိုလွိမ့္ဒီလွိမ့္လုပ္ေနတာေတာင္ အိပ္လို႔မရေသးဘူးျဖစ္ေနတယ္။ အာရံုမတက္ခင္အခ်ိန္ေလးေရာက္ေတာ့မွ အိပ္ေပ်ာ္သြားခဲ႔တယ္။

ဒုတိယေန႔ေရာက္ေတာ့ ေလာ့က်န္းဖန္းေရာက္လာတယ္။ သူပိုင္ရန္ကိုေတြ႕တာနဲ႔ စေမးေတာ့တယ္ "တာ၀န္က ဘယ္လိုျဖစ္သြားၿပီလဲ?"

"နယ္ေျမတိုင္ကို ဖ်က္ဆီးလိုက္ၿပီ" အိပ္စက္အနားယူလိုက္ေတာ့ ပိုင္ရန္စိတ္အေျခအေနျပန္ေကာင္းလာတယ္။

အရာအားလံုးက သတ္မွတ္ၿပီးသား ဒီေလာက္ထိေတာင္ ျဖစ္လာခဲ႔ၿပီး ေနာက္ျပန္လွည့္မရေတာ့မယ့္အတူတူ သူ႔ရဲ႕စိတ္ပ်က္ေနတဲ႔အမူအယာေတြကို ေဘးဖယ္ထားၿပီး လက္ထဲမွာရွိေနတဲ႔တာ၀န္ကိုပဲ အာရံုစိုက္လိုက္ေတာ့မယ္။ သူလူသားနယ္ေျမကိုေရာက္ေနတာ အေတာ္ၾကာၿပီ၊ ခုထိ ဇာတ္လိုက္သတင္းအစအနေလးေတာင္မွ မၾကားရေသးဘူးျဖစ္ေနတယ္။ သူ႔အလုပ္သူလုပ္မွ ရေတာ့မယ္။

"ၾကည့္ရတာ အရွင္ႀကီးရဲ႕အစီအစဥ္ေတြက ေရွ႕တစ္ဆင့္ထပ္တိုးသြားၿပီထင္တယ္" ေလာ့က်န္းဖန္းအျပံဳးေလးနဲ႔ မအံ့ၾသသလိုေျပာလိုက္တယ္။

"တာ၀န္ကၿပီးသြားၿပီဆိုေတာ့ တျခားလိုအပ္တာရွိေသးလား?" ပိုင္ရန္ခပ္ျပတ္ျပတ္ေမးလိုက္တယ္။

"ခုေလာေလာဆယ္ေတာ့ မရွိပါဘူး"

"က်န္တဲ႔နယ္ေျမတိုင္သံုးခုနဲ႔ပတ္သက္ၿပီးေရာ သတင္းရထားတာရွိလား?"

ေလာ့က်န္းဖန္းအမူအယာ တည္ၾကည္သြားၿပီး ေခါင္းရမ္းလိုက္တယ္။ "ခုေတာ့မရေသးဘူး၊ စိတ္ခ်ပါ နယ္ေျမတိုင္ကသတင္းတခုခုရတာနဲ႔ အရွင္ရွဲ႕ကိုျမန္ႏိုင္သမွ်အျမန္ အေၾကာင္းၾကားမွာပါ"

ေလာ့က်န္းဖန္း ပိုင္ရန္႔ကိုယဥ္ယဥ္ေက်းေက်း ေျပာဆိုေနရတဲ႔ အဓိကအေၾကာင္းအရင္းက ပိုင္ရန္ကနတ္ဆိုးဘုရင္ၾကီးကိုယ္တိုင္ ေလာ့က်န္းဖန္းရဲ႕တာ၀န္ကို ျပီးေျမာက္ေစဖုိ႔လႊတ္လိုက္တဲ႔လူျဖစ္တာေၾကာင့္ျဖစ္တယ္။ အဲ႔တာက မင္းသားေလးတစ္ေယာက္ ျမိဳ႕ထဲ၀င္လာသလိုပဲ။ ေလာ့က်န္းဖန္းလုပ္ေဆာင္သမွ်တိုင္းကို ရွဲ႕ဇီထ်န္းကနတ္ဆိုးဘုရင္ၾကီးကို တင္ျပမွာျဖစ္တယ္။ ဒါေၾကာင့္ သဘာ၀က်က်ပဲ ေလာ့က်န္းဖန္းကသူ႔ကို ယဥ္ေက်းေနရတာျဖစ္တယ္။

ႏွစ္ေယာက္သား အေတာ္ၾကာၾကာေျပာဆိုေနျပီး ေလာ့က်န္းဖန္းကလွည့္လာျပီး ရုတ္တရက္ထေမးေတာ့တယ္ "ဟုတ္သားပဲ၊ အရွင္ရွဲ႕ က်ိဳးရင္ကိုသိလား?"

က်ိဳးရင္?

ပိုင္ရန္တုန္႔ဆိုင္းသြားျပီး အံ့ၾသသြားတယ္။ ေလာ့က်န္းဖန္းက ဘာလို႔ရုတ္တရက္ၾကီးဒီလိုေမးခြန္းမ်ိဳးကိုလာေမးရတာလဲ?

"က်ိဳးရင္? က်ိဳးရင္က ဘယ္သူလဲ?" ပိုင္ရန္ရဲ႕တုန္႔ျပန္မႈက အေတာ္ေလးျမန္တယ္။ အဲ႔တာေၾကာင့္ မ်က္ေမွာင္ၾကဳတ္ျပီး ဇေ၀ဇ၀ါျဖစ္သြားသလို ဟန္ေဆာင္လိုက္တယ္။

"ျပီးခဲ႔တဲ႔တစ္ေခါက္ ၀ွက္ပန္းတံလ်ပ္မွာတုန္းက ခင္ဗ်ားေခ်ာက္ထဲကို ကန္ခ်လိုက္တဲ႔ဆယ္ေက်ာ္သက္ေကာင္ေလးကို မွတ္မိေသးလား?"

ပိုင္ရန္႔ႏွလံုးက ဒရမ္တီးေနသလို ခုန္ေနေပမယ့္ သူ႔ကိုယ္သူတည္ျငိမ္ေအာင္ ၾကိဳးစားျပီးျပန္ေျပာလိုက္တယ္ "အခုသတိရျပီ၊ ရုတ္တရက္ၾကီးဘာလို႔အဲ႔အေၾကာင္းကို ေျပာရတာလဲ?"

ေလာ့က်န္းဖန္းမ်က္လံုးေတြက ပိုင္ရန္႔ကိုစူးစိုက္ျပီးၾကည့္ကာ တစ္ခုခုကိုရွာေဖြေနသလိုမ်ိဳးျဖစ္ေနတယ္။ "သူမေသေသးဘူးဆုိတာ ခင္ဗ်ားလည္းသိတယ္မွတ္လား?"

"ဘာ?" ပိုင္ရန္လန္႔သြားဟန္ေဆာင္လိုက္ျပီး အဲ႔တာကို မယံုၾကည္ႏိုင္ဟန္နဲ႔ ေျပာလိုက္တယ္။ "သူမေသေသးဘူး? ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?"

"ဟုတ္ပါတယ္၊ ကြ်န္ေတာ္လည္း မျဖစ္ႏိုင္ဘူးလို႔ခံစားရတယ္" ေလာ့က်န္းဖန္းေလသံထဲမွာ သံသယအရိပ္အေယာင္ေတြ ပုန္းလွ်ိဳးကြယ္ရႈိးပါ၀င္ေနတယ္ "သူကံေကာင္းသြားတဲ႔ ပထမအၾကိမ္က အရွင္ရွဲ႕၀ွက္ပန္းသံလ်ပ္မွာသူ႔ကို မသတ္လိုက္တာပဲ၊ ဒါေပမယ့္ ဒုတိယအေခါက္က်ျပန္ေတာ့လည္း ေကာင္းကင္ဘံုကြပ္မ်က္ျခင္းစင္ျမင့္မွာ အရွင္ရွဲ႕ကသူ႔ကို မသတ္လိုက္ျပန္ဘူး၊ သူေတာ္ေတာ္ေလး ကံေကာင္းေနတယ္လို႔မထင္ဘူးလား?"

ပိုင္ရန္စိတ္ေတြ ရႈပ္ေထြးသြားတယ္။

သူတကယ္ၾကီးေမ႔သြားတာ!

ေလာ့က်န္းဖန္းက သူဇာတ္လိုက္ကို ၀ွက္ပန္းတံလ်ပ္မွာ မသတ္တာေရာ၊ ေကာင္းကင္ဘံုကြပ္မ်က္ျခင္းစင္ျမင့္မွာ မသတ္တာပါ သိေနတယ္!

ငါမွာေတာ့ နတ္ဆိုးဘုရင္ၾကီးကိုဖံုးကြယ္ဖို႔ကိုပဲ အာရံုစိုက္ေနမိလို႔ ေလာ့က်န္းဖန္းကို ေမ႔သြားတာ။ ဒီ၀ွက္ဖဲၾကီးကေတာ့...

"ငါဘာလုပ္ရမလဲ ေရွာင္လင္း?" ပိုင္ရန္ထိတ္ထိတ္ျပာျပာ ရုတ္တရက္ထျပီးေမးခြန္းထုတ္လိုက္တယ္။

"စိတ္ေအးေအးထားပါ သခင္ရယ္၊ ဒီလိုအေျခအေနမ်ိဳးမွာ အမူအယာေျပာင္းသြားလို႔မျဖစ္ဘူးေနာ္" ေရွာင္လင္း သတိေပးလိုက္တယ္။

"ငါတည္ျငိမ္ဟန္ေဆာင္ေနလို႔ရတယ္၊ ဒါေပမယ့္ ေျဖရွင္းခ်က္ကလည္း ရွိအံုးမွေပါ့" ပိုင္ရန္ ျပန္ေျပာတယ္။

ေရွာင္လင္းက "ကြ်န္မလည္း မသိေတာ့ဘူး"

"ျမန္ျမန္ ငါ့ကိုတစ္ခုခုကူေတြးေပးပါအံုး!"

"သခင္၊ ကြ်န္မတကယ္ဘာမွမေတြးႏိုင္ေတာ့ဘူး! ျပီးေတာ့လည္း ဒါကအရွင့္အတြက္ စမ္းသပ္ခ်က္ပဲေလ.. ကြ်န္မဖို႔မဟုတ္ဘူး၊ သခင့္ဘာသာပဲ ေျဖရွင္းခ်က္ကိုၾကိဳးစားျပီး စဥ္းစားပါ"

"... ဒီလိုအေရးေပၚအေျခအေနေရာက္မွ ေဘာလံုးကိုလႊတ္မခ်ဘဲေနလို႔မရဘူးလား?" [T/N ; ေခါင္းမေရွာင္ပါနဲ႔လို႔ဆိုလိုခ်င္တာပါ]

ေရွာင္လင္းမွာကလည္း အဲ႔တာေတြအတြက္ ျပန္ေခ်ပစရာေတြကရွိေနတယ္ "ကြ်န္မက ဒီတိုင္း Systemတစ္ခုပါ၊ System ဆိုတာက လိုအပ္လာေတာ့မွ ကူညီေပးရတာပါ၊ ကြ်န္မက အခက္အခဲျဖစ္တိုင္း၀င္ကူညီေပးေနရရင္ သခင္ဒီကိုဘာေၾကာင့္လာရေတာ့မလဲ? ျပီးေတာ့ ဒီစမ္းသပ္ခ်က္ေတြကိုလည္း ဘာ့ေၾကာင့္လုပ္ေတာ့မွာလဲ? ဒီကေနဘာေတြ ရေတာ့မွာလဲ?"

ပိုင္ရန္ "..."

အဲ႔တာက အရမ္းကိုက်ိဳးေၾကာင္းဆီေလ်ာ္ေနတာေၾကာင့္ သူျပန္ေျပာဖို႔ေတာင္ မစဥ္းစားႏိုင္ေတာ့ဘူး။

တကယ္လို႔ တျခားသူေတြမင္းကိုမကူညီဘူးဆိုရင္၊ မင္းကိုယ့္ဘာသာကိုယ္ပဲ အားကိုးရေတာ့မယ္။

ေျဖရွင္းဖို႔ကိုေတြးစမ္း၊ ေျဖရွင္းဖို႔ကို ေတြးစမ္း...

ဟုတ္တယ္၊ ေျဖရွင္းခ်က္က ရွိကိုရွိရမယ္။

ပိုင္ရန္ သူ႔ကိုယ္သူအားတင္းျပီး စိတ္ထိန္းကာ ဦးေႏွာက္ကိုအရွိန္ျမန္ျမန္အလုပ္ေပးကာ ေျဖရွင္းခ်က္ကိုေတြးေတာ့တယ္။ အံ့ၾသေယာင္ေဆာင္ရင္း ျပန္ေျပာတယ္ "ေကာင္းကင္ဘံုကြပ္မ်က္ျခင္းစင္ျမင့္ေပၚက ေကာင္ေလးလား? ဘယ္ေကာင္ေလးလဲ? ေကာင္းကင္ဘံုကြပ္မ်က္ျခင္းစင္ျမင့္မွာက လူေတြအမ်ားၾကီးပဲေလ ငါသူ႔ကိုသတိေတာင္မထားမိဘူး"

ေလာ့က်န္းဖန္း မ်က္ခံုးပင့္သြားတယ္ "သူကေကာင္းကင္ဘံုကြပ္မ်က္ျခင္းစင္ျမင့္မွာ အျပစ္ေပးခံရေတာ့မွာ ဒါေပမယ့္အရွင္ရွဲ႕က သူ႔ကိုျပန္ေပးဆြဲသြားတာေလ၊ ေမ့သြားျပီလား?"

ပိုင္ရန္အရမ္းလန္႔သြားတယ္ "အဲ႔ေတာ့မင္းေျပာခ်င္တာက နဂါးႏိုင္ဓားကိုသယ္ထားတဲ႔ ေကာင္းကင္ဘံုကြပ္မ်က္ျခင္းစင္ျမင့္ေပၚကေကာင္ေလးက ၀ွက္ပန္းတံလ်ပ္တုန္းက ေကာင္ေလးလို႔ဆိုလိုတာလား?

ပိုင္ရန္႔အမူအယာကို အကဲခတ္ေနတဲ႔ ေလာ့က်န္းဖန္းက အျပံဳးေလးနဲ႔ျပန္ေျဖတယ္ "ဟုတ္ပါတယ္ အဲ႔တာသူပါပဲ"

"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?" ပိုင္ရန္ မယံုၾကည္ႏိုင္ဟန္နဲ႔ "သူမေသေသးဘူးလား?"

"ကြ်န္ေတာ္လည္း မျဖစ္ႏိုင္ဘူးလို႔ထင္ပါတယ္" ေလာ့က်န္းဖန္းက "အဲ႔ေကာင္ေလး က်ိဳးရင္က တိမ္လႊာပ်ံ၀ဲဂိုဏ္းက အဆင့္နိမ္႔တပည့္ေလးတစ္ေယာက္ပဲ၊ ၀ွက္ပန္းတံလ်ပ္မွာ ခင္ဗ်ားေခ်ာက္ထဲကိုကန္ခ်လိုက္တုန္းက မေသသြားတဲ႔အျပင္ နဂါးႏိုင္ဓားကိုပါရသြားလိုက္ေသးတယ္၊ သူကြပ္မ်က္ခံရေတာ့မယ့္အခ်ိန္ေရာက္ေတာ့လည္း ခင္ဗ်ားကပဲသူ႔ကိုထပ္ကယ္လိုက္ျပန္တယ္.. ျပီးေတာ့လည္း သူ႔ကိုဖမ္းျပီးေတာ့ ခင္ဗ်ားမသတ္လိုက္ျပန္ဘူး၊ ဘယ္သူမွအဲ႔ေလာက္ကံေကာင္းမွာမဟုတ္ဘူး"

ပိုင္ရန္ေလးေလးနက္နက္ေတြးေနတာေၾကာင့္ သူ႔အမူအယာကို ဖတ္လို႔မရဘူး။ သူမ်က္ေမွာင္ၾကဳတ္ကာ "ဒါတကယ္ထူးဆန္းတယ္၊ ဒါေပမယ့္ အဲ႔ေန႔တုန္းက ၀ွက္ပန္းတံလ်ပ္ထဲမွာ သူဘယ္လိုဘယ္ပံုရွိတယ္ဆိုတာကုိ သတိမထားလိုက္မိဘူး၊ ေနာက္ေတာ့ ေကာင္းကင္ဘံုကြပ္မ်က္ျခင္းစင္ျမင့္မွာတုန္းကလည္း သူ႔ကိုျပန္ေပးဆြဲခဲ႔တယ္ဆိုတာက နဂါးႏိုင္ဓားကိုလိုခ်င္တာေၾကာင့္ပဲ၊ သူတို႔ေတြက တစ္ေယာက္တည္းျဖစ္ေနလိမ့္မယ္လို႔ ဘယ္သူကေတြးမိမွာလဲ?"

"အရွင္ရွဲ႕ နဂါးႏိုင္ဓားကိုလိုခ်င္တယ္ဆိုရင္လည္း ဘာလို႔ဘာမွမလုပ္လိုက္ရတာလဲ?" ေလာ့က်န္းဖန္းတဆင့္ခ်င္းစီ ျပႆနာရဲ႕အဓိကေနရာကို ဦးတည္လိုက္တယ္။

ပိုင္ရန္အသည္းအူေတြတုန္ခါသြားေပမယ့္ ေလသံကိုေတာ့ တေျဖာင့္တည္းျဖစ္ေနေအာင္ဆက္ထိန္းထားတယ္ "မင္းသိမွာေတာ့မဟုတ္ဘူး၊ အဲ႔ေကာင္ေလးရဲ႕အသက္က နဂါးႏိုင္ဓားနဲ႔ဆက္ႏြယ္ျပီးသြားျပီ... အဲ႔တာကိုသာ အတင္းအၾကပ္ဖယ္လိုက္မယ္ဆိုရင္ နဂါးႏိုင္ဓားကအလိုအေလ်ာက္ သူ႕ဘာသာဖ်က္ဆီးပစ္လိုက္လိမ့္မယ္၊ အဲ႔တာေၾကာင့္ သူ႔ကိုမသတ္လိုက္တာ၊ အရွင္ေလာ့နားလည္ရဲ႕လား?"

ေလာ့က်န္းဖန္း မ်က္ေမွာင္ၾကဳတ္သြားတယ္ "တကယ္လား?"

ပိုင္ရန္ေအးတိေအးစက္ ရယ္ေမာလိုက္တယ္ "ငါကဘာေၾကာင့္ သူ႔ကိုလႊတ္လိုက္တယ္လို႔ထင္ေနရတာလဲ? သူ႔ကိုငါက သနားေနတယ္ထင္လို႔လား?"

ေနာက္ဆံုးစကားက တမင္ေျပာလိုက္တာျဖစ္တယ္။ ရွဲ႕ဇီထ်န္းရဲ႕အက်င့္စရိုက္အရ ဒီလိုအျပဳအမူကမျဖစ္ႏိုင္ဘူး။

ေလာ့က်န္းဖန္းလည္း စဥ္းစားသြားရတယ္။ ရွဲ႕ဇီထ်န္းရဲ႕အက်င့္စရိုက္ကို ေတြးမိျပီးေနာက္ ရယ္ရယ္ေမာေမာနဲ႔ "ၾကည့္ရတာ ကြ်န္ေတာ္ခင္ဗ်ားကို နားလည္မႈလြဲသြားတယ္ထင္တယ္"

"မင္းကဘာကို နားလည္မႈလြဲတာလဲ?" ပိုင္ရန္ႏွဖူးေၾကာ ထူးထူးျခားျခားရႈံ႕သြားတယ္။

ေလာ့က်န္းဖန္း လက္ကိုေ၀ွ႔ယမ္းျပီး ျပံဳးလိုက္ရင္း "နားလည္မႈလြဲတာ္လည္း မဟုတ္ပါဘူး၊ ကြ်န္ေတာ့္စိတ္ထဲမွာ သံသယေလးျဖစ္သြားရံုပါပဲ၊ ခင္ဗ်ားကသူ႔ကိုကယ္လိုက္တာကို နားမလည္လိုက္လို႔ ခင္ဗ်ားရည္ရြယ္ခ်က္ကို နားလည္မႈလြဲသြားတာထင္ပါရဲ႕"

ပိုင္ရန္လည္း ေလာ့က်န္းဖန္းရဲ႕ေလသံအရ စစ္ေဆးေမးျမန္းတာျပီးသြားမွန္းသိလိုက္ေတာ့ စိတ္သက္သာရာရသြားတယ္။ သူတိတ္တိတ္ေလး ေအာင့္ထားတဲ႔ေလကို ရႈထုတ္လိုက္တယ္။

ေလာ့က်န္းဖန္းျပန္ေမးတယ္ "နဂါးႏိုင္ဓားက တကယ္ယူလို႔မရေတာ့ဘူးေပါ့"

ပိုင္ရန္ေတြးလိုက္တယ္၊ ခုေတာ့သူစိုးရိမ္တာက ဒါျဖစ္သြားျပီေပါ့။

"ေလာေလာဆယ္ေတာ့ အဲ႔လိုပဲျဖစ္ေလာက္မယ္" ပိုင္ရန္သိေနတယ္ ေလာ့က်န္းဖန္းရဲ႕ယံုၾကည္မႈကိုရဖို႔ဆိုရင္ အရင္ၾကိဳျပီးျပင္ဆင္ထားရအံုးမယ္။ "အနာဂတ္မွာေတာ့ အဲ႔တာက ေျပာင္းလဲသြားမွာပါ"

"ဘာကိုေျပာခ်င္တာပါလဲ?" ေလာ့က်န္းဖန္း မ်က္ခံုးေတြပင့္သြားတယ္။

ပိုင္ရန္က "နဂါးႏိုင္ဓားနဲ႔ က်ိဳးရင္ရဲ႕အသက္နဲ႔ခ်ိတ္ဆက္ထားတယ္ဆိုေတာ့ တစ္ခုကအသတ္ခံလိုက္ရျပီဆိုရင္ က်န္တဲ႔တစ္ခုကလည္း အတြဲလိုက္ပါသြားလိမ့္မယ္.. ဒါေပမယ့္ က်ိဳးရင္သာ၀ိဥာဥ္အေျခတည္အဆင့်ကိုေရာက္သြားရင္ သူ႔ကုိယ္ကျပန္ေမြးဖြားသလိုျဖစ္သြားျပီး ခ်ိတ္ဆက္ထားတာေတြလည္း အလိုလိုပ်က္သြားမွာပဲမဟုတ္ဘူးလား?"

ဒီကမာၻရဲ႕က်င့္ႀကံျခင္းအဆင့္ေတြက ေ႐ႊေရာင္ဗဟိုခ်က္အဆင့္၊ ဝိဉာဥ္အေျခတည္အဆင့္၊ အထက္ဘုံသို႔တက္ေရာက္ျခင္းအဆင့္၊ စိတ္ဝိဉာဥ္ခြဲအဆင့္၊ ကိုယ္ထည္ျပန္လည္တည္ေဆာက္ျခင္းအဆင့္၊ မဟာယနအဆင့္နဲ႔ ျမစ္ကိုျဖတ္သန္းျခင္းအဆင့္ဆိုၿပီးရွိတယ္။

၀ိဥာဥ္အေျခတည္အဆင့်ဆိုတာက ကိုယ္ခႏၶာဖြဲ႔စည္းပံုကို ျပဳျပင္ေပးတာျဖစ္တယ္။ အဲ႔လိုလုပ္မယ့္သူက သာမာန္လူတစ္ေယာက္လုိျဖစ္ရမယ္။ ၀ိဥာဥ္အေျခတည္အဆင့်ကို သြားျပီးေနာက္မွာ သင့္ရဲ႕ခႏၶာကိုယ္နဲ႔၀ိဥာဥ္က ျပန္ပံုသြင္းရတာျဖစ္ျပီး ျပန္လည္ေမြးဖြားလာသလို အေတြ႕အၾကံဳရလိမ့္မယ္။ အဲ႔ေနာက္မွာေတာ့ သင္ဟာပိုမိုၾကံ့ခုိင္လာျပီး အိုမင္းမႈေတြသိသိသာသာေႏွးေကြးသြားမွာျဖစ္တယ္။

ေလာ့က်န္းဖန္းတုံ႔ဆိုင္းသြားျပီး အေတာ္ၾကာေတာ့့မွ တုံ႔ျပန္ေတာ့တယ္။ သူျပံဳးရႊင္စြာ "ခင္ဗ်ားေျပာတာမွတ္တယ္ ေကာင္းတယ္!၊ ေကာင္းတယ္!"

အဲ႔ေနာက္မွာ သူစတင္ရယ္ေမာေတာ့တယ္။

ၾကည့္ရတာ စိတ္ၾကည္သြားပံုရတယ္။

အမူအယာမဲ႔စြာနဲ႔ ပိုင္ရန္ေတြးေနလိုက္တယ္။ ဇာတ္လိုက္ေရ ငါမင္းကိုတမင္ေဖာ္ထုတ္လိုက္တာ မဟုတ္ဘူးေနာ္၊ ဒါေပမယ့္ မင္းရဲ႕လ်ွိဳ႕၀ွက္ခ်က္ကလည္း အေႏွးနဲ႔အျမန္ေပၚေတာ့မွာပဲေလ၊ ငါ့ကိုခ်ည္းပဲ အျပစ္လာမတင္နဲ႔ေနာ္!

အဲ႔ေနာက္မွာေတာ့ သူအေတာ္ေလးစိတ္သက္သာရာရသြားတယ္။

____________________________________

{Unicode}

ဂိုဏ်းအကြီးအကဲနဲ့ ခေါင်းဆောင်တွေလည်း သေကုန်ပြီဆိုတော့ ပိုင်ရန်စိတ်အေးလက်အေးနဲ့ တိမ်နက်ဂိုဏ်းတစ်ခုလုံး အဆင်ပြေကြရဲ့လားဆိုတာကို အာရုံခံလို့ရသွားတယ်။ မမြင်ရခင်တုန်းကတော့ မသိခဲ့ပေမယ့် သူတွေ့လိုက်တဲ့အချိန်မှာ အံ့အားသင့်သွားတယ်။ သိပ်မဝေးတဲ့အိမ်တစ်အိမ်ထဲမှာ လူငါးယောက်သေဆုံးနေတယ်။ သူတို့တွေဝတ်ထားတဲ့အဝတ်အစားတွေအရ တိမ်နက်ဂိုဏ်းအကြီးအကဲတွေမှန်းသိသာတယ်။ သင်္ချိုင်းမြေမှာသေဆုံးသွားတဲ့ လူလေးယောက်အပါအဝင်ဆိုရင် တိမ်နက်ဂိုဏ်းအကြီးအကဲတွေနဲ့ ခေါင်းဆောင်တွေအားလုံးသေပြီ။ အိမ်ရဲ့နောက်အခန်းထဲမှာ အဆိပ်ခတ်ခံထားရတာကြောင့် သတိလစ်နေတဲ့သူတွေရှိတယ်။ ဂိုဏ်းက အငယ်လေးတွေဖြစ်ရမယ်။ အကြီးအကဲတွေရဲ့သီးသန့်တပည့်တွေဖြစ်နိုင်သလို သားသမီးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။

ဘယ်သူလုပ်တာလဲဆိုတာတော့ သံသယဖြစ်နေစရာတောင်မလိုဘူး။

ပိုင်ရန်နောက်ပြန်လှည့်ပြီး ဖော်လံဖားလုပ်နေတဲ့အကြီးအကဲချိုးကို ကြည့်လိုက်တယ် "မင်းရဲ့လုပ်ဖော်ကိုင်ဖက်အချင်းချင်းကိုတောင် သတ်လိုက်တယ်? မင်းကမှတကယ့်နတ်ဆိုးလားဆိုတာ သံသယတောင်ဝင်မိတယ်"

အကြီးအကဲချိုးအမူအရာက အနည်းငယ်တွန့်သွားပြီး အားတင်းပြန်ပြုံးကာ "တကယ်လို့အမြစ်ကိုပါ မဖယ်ရှားရင် နွေဦးရောက်တဲ့အခါ တဖန်ပြန်ရှင်သန်လာလိမ့်မယ်၊ ကျွန်တော့်ရဲ့ရန်သူတွေကို အားလုံးရှင်းထုတ်ထားတာက အန္တရယ်အကင်းဆုံးပါပဲ"

ပိုင်ရန် ကြောက်မက်ဖွယ်မကောင်းဆိုးဝါးဆန်တဲ့အပြုံးကို ပြုံးလိုက်တယ် "မင်းကလွဲပြီးတော့ တခြားအကြီးအကဲတွေအားလုံးသေသွားတာကို သူတို့သံသယမဖြစ်အောင်မင်းဘယ်လိုဖြေရှင်းမလဲ"

အကြီးအကဲချိုးတုန့်ဆိုင်းသွားပြီး အမူအယာပြောင်းသွားတယ်၊ သူပြုံးကာ "အသိပေးတာကြောင့် ကျေးဇူးတင်ပါတယ်အရှင်ရှဲ့၊ တခြားကျန်တဲ့သူတွေကို လွှတ်လိုက်ပါ့မယ်၊ သူတို့လည်း ဘာမှသိကြတာမဟုတ်ဘူးဆိုတော့"

ပိုင်ရန်စကားဆက်မပြောချင်တော့တာကြောင့် သူ့လူတွေကိုခေါ်ပြီး ညအမှောင်တွင်းဝင်ရောက်ပျောက်ကွယ်သွားတယ်။

လော့ကျန်းဖန်းအခြေချရာကို ခရီးနှင်လာပြီးနောက် ပိုင်ရန်ခြေကုန်လက်ပန်းကျသွားတယ်။ သူစိတ်မပါတပါသူ့လူတွေကို ကျန်တာတွေဆက်လုပ်ခိုင်းပြီးတော့ အနားယူဖို့ရာ သူ့အခန်းထဲကိုသာ ဝင်သွားလိုက်တယ်။

"သခင်၊ မပျော်ဘူးလား?" ရှောင်လင်းက မေးလိုက်တယ်။

"လူတွေအများကြီးသတ်ပြီးသွားတာတောင် ငါကဘာကိုပျော်ရမှာလဲ?" ပိုင်ရန်မျက်မှောင်ကြုတ်လိုက်တယ်။

"သခင် အဲ့တာတွေက dataအပိုင်းအစလေးတွေပါပဲ" ရှောင်လင်းအသိပေးလိုက်တယ်။

ပိုင်ရန်တိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်တယ် "ငါသိပါတယ်၊ ဒါပေမယ့်လည်း ရင်ထဲမှာ တမျိုးကြီးဖြစ်နေသေးတယ်"

သို့ပေသိ သူတို့တွေက သက်ရှိလူသားတွေနဲ့တူနေတယ်လေ။ စကားပြောဆိုနိုင်တယ်၊ လှုပ်ရှားနိုင်တယ်၊ တကယ့်အစစ်အမှန်လိုပဲ။

"သခင်က အကောင်းဆုံးလုပ်သွားတာပါ" ရှောင်လင်းကပဲ ဆက်ပြီး "ပုံမှန်ဆိုရင် အကြီးအကဲချိုးက အားလုံးကိုသတ်ပစ်လိုက်မှာ၊ ဒါပေမယ့် သခင်က ကလေးတွေကို ကယ်ပေးလိုက်တယ်၊ ခုနကဆိုရင် သခင်စိတ်မထိန်းနိုင်ဘဲနဲ့ မှိုချိုးမျှစ်ချိုးပြောလိုက်မှာကို စိုးရိမ်နေတာ၊ တော်သေးတယ် ပြန်ထိန်းလိုက်လို့ပေါ့...သခင် လုပ်ဆောင်သွားတာ အတော်လေးကောင်းတယ်! သူတို့က အသတ်ခံရမှာကတော့ ခံရမှာပဲ၊ သခင်သူတို့ကို ဘယ်လောက်ပဲကယ်ဖို့အတွက် ကြိုးစားကြိုးစား သူတို့က သေရမှာပါပဲ"

"မင်းပဲ ငါလည်းသေနိုင်သလို ဇာတ်လိုက်လည်း သေနိုင်တယ်လို့ မပြောခဲ့ဘူးလား? အဲ့လူတွေလည်း ဒီလိုပဲအသက်ဆက်ရှင်နေလို့မရဘူးလား?"

"သခင် ခက်ခက်ခဲခဲတွေ မတွေးနေပါနဲ့" ရှောင်လင်းအတော်လေးစိတ်ပူနေတယ် "သခင်လုပ်ခဲ့ရတာတွေက အတင်းအကျပ်ခိုင်းခံရတာကြောင့်ပါ၊ သခင်က dataအစုလိုက်ကြီးကိုပဲ သတ်လိုက်တာပါ၊ NPCအုပ်လိုက်ကြီးလေ.. ဘာမှမဟုတ်တာလေးပါ၊ သခင့်မိဘတွေနဲ့ အစ်ကိုအကြောင်းပဲ တွေးပါ၊ တကယ့်ကမ္ဘာအစစ်မှာ သူတို့သခင့်ကို စောင့်နေကြရတယ်လေ၊ အဲတာကြောင့် အားတင်းထားပြီးတော့ တာဝန်တွေပြီးဖို့ကိုပဲ အာရုံစိုက်ထားပါ"

ပိုင်ရန်နှာခေါင်းရိုးကိုသာ ဖိနှိပ်နေတယ်။ "စိတ်ချပါ၊ ငါတာဝန်ကိုပြီးမြောက်အောင်လုပ်မှာပါ"

သူတွေးဖို့လိုတာက သူ့အတွက်သူပဲဖြစ်တယ်ဆိုတာ ရှောင်လင်းလည်းသိနေတာကြောင့် စကားဆက်မပြောတော့ဘူး။

ပိုင်ရန်ခမျာ စွမ်းအင်တွေလည်း အလွန်အကျွံသုံးထားရသေးတဲ့အပြင် စိတ်ဓာတ်လည်းကျနေသလို ခံစားနေရတယ်။ သူအိပ်ယာပေါ်လှံချပြီး ဟိုလှိမ့်ဒီလှိမ့်လုပ်နေတာတောင် အိပ်လို့မရသေးဘူးဖြစ်နေတယ်။ အာရုံမတက်ခင်အချိန်လေးရောက်တော့မှ အိပ်ပျော်သွားခဲ့တယ်။

ဒုတိယနေ့ရောက်တော့ လော့ကျန်းဖန်းရောက်လာတယ်။ သူပိုင်ရန်ကိုတွေ့တာနဲ့ စမေးတော့တယ် "တာဝန်က ဘယ်လိုဖြစ်သွားပြီလဲ?"

"နယ်မြေတိုင်ကို ဖျက်ဆီးလိုက်ပြီ" အိပ်စက်အနားယူလိုက်တော့ ပိုင်ရန်စိတ်အခြေအနေပြန်ကောင်းလာတယ်။

အရာအားလုံးက သတ်မှတ်ပြီးသား ဒီလောက်ထိတောင် ဖြစ်လာခဲ့ပြီး နောက်ပြန်လှည့်မရတော့မယ့်အတူတူ သူ့ရဲ့စိတ်ပျက်နေတဲ့အမူအယာတွေကို ဘေးဖယ်ထားပြီး လက်ထဲမှာရှိနေတဲ့တာဝန်ကိုပဲ အာရုံစိုက်လိုက်တော့မယ်။ သူလူသားနယ်မြေကိုရောက်နေတာ အတော်ကြာပြီ၊ ခုထိ ဇာတ်လိုက်သတင်းအစအနလေးတောင်မှ မကြားရသေးဘူးဖြစ်နေတယ်။ သူ့အလုပ်သူလုပ်မှ ရတော့မယ်။

"ကြည့်ရတာ အရှင်ကြီးရဲ့အစီအစဉ်တွေက ရှေ့တစ်ဆင့်ထပ်တိုးသွားပြီထင်တယ်" လော့ကျန်းဖန်းအပြုံးလေးနဲ့ မအံ့သြသလိုပြောလိုက်တယ်။

"တာဝန်ကပြီးသွားပြီဆိုတော့ တခြားလိုအပ်တာရှိသေးလား?" ပိုင်ရန်ခပ်ပြတ်ပြတ်မေးလိုက်တယ်။

"ခုလောလောဆယ်တော့ မရှိပါဘူး"

"ကျန်တဲ့နယ်မြေတိုင်သုံးခုနဲ့ပတ်သက်ပြီးရော သတင်းရထားတာရှိလား?"

လော့ကျန်းဖန်းအမူအယာ တည်ကြည်သွားပြီး ခေါင်းရမ်းလိုက်တယ်။ "ခုတော့မရသေးဘူး၊ စိတ်ချပါ နယ်မြေတိုင်ကသတင်းတခုခုရတာနဲ့ အရှင်ရှဲ့ကိုမြန်နိုင်သမျှအမြန် အကြောင်းကြားမှာပါ"

လော့ကျန်းဖန်း ပိုင်ရန့်ကိုယဉ်ယဉ်ကျေးကျေး ပြောဆိုနေရတဲ့ အဓိကအကြောင်းအရင်းက ပိုင်ရန်ကနတ်ဆိုးဘုရင်ကြီးကိုယ်တိုင် လော့ကျန်းဖန်းရဲ့တာဝန်ကို ပြီးမြောက်စေဖို့လွှတ်လိုက်တဲ့လူဖြစ်တာကြောင့်ဖြစ်တယ်။ အဲ့တာက မင်းသားလေးတစ်ယောက် မြို့ထဲဝင်လာသလိုပဲ။ လော့ကျန်းဖန်းလုပ်ဆောင်သမျှတိုင်းကို ရှဲ့ဇီထျန်းကနတ်ဆိုးဘုရင်ကြီးကို တင်ပြမှာဖြစ်တယ်။ ဒါကြောင့် သဘာဝကျကျပဲ လော့ကျန်းဖန်းကသူ့ကို ယဉ်ကျေးနေရတာဖြစ်တယ်။

နှစ်ယောက်သား အတော်ကြာကြာပြောဆိုနေပြီး လော့ကျန်းဖန်းကလှည့်လာပြီး ရုတ်တရက်ထမေးတော့တယ် "ဟုတ်သားပဲ၊ အရှင်ရှဲ့ ကျိုးရင်ကိုသိလား?"

ကျိုးရင်?

ပိုင်ရန်တုန့်ဆိုင်းသွားပြီး အံ့သြသွားတယ်။ လော့ကျန်းဖန်းက ဘာလို့ရုတ်တရက်ကြီးဒီလိုမေးခွန်းမျိုးကိုလာမေးရတာလဲ?

"ကျိုးရင်? ကျိုးရင်က ဘယ်သူလဲ?" ပိုင်ရန်ရဲ့တုန့်ပြန်မှုက အတော်လေးမြန်တယ်။ အဲ့တာကြောင့် မျက်မှောင်ကြုတ်ပြီး ဇဝေဇဝါဖြစ်သွားသလို ဟန်ဆောင်လိုက်တယ်။

"ပြီးခဲ့တဲ့တစ်ခေါက် ဝှက်ပန်းတံလျပ်မှာတုန်းက ခင်ဗျားချောက်ထဲကို ကန်ချလိုက်တဲ့ဆယ်ကျော်သက်ကောင်လေးကို မှတ်မိသေးလား?"

ပိုင်ရန့်နှလုံးက ဒရမ်တီးနေသလို ခုန်နေပေမယ့် သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားပြီးပြန်ပြောလိုက်တယ် "အခုသတိရပြီ၊ ရုတ်တရက်ကြီးဘာလို့အဲ့အကြောင်းကို ပြောရတာလဲ?"

လော့ကျန်းဖန်းမျက်လုံးတွေက ပိုင်ရန့်ကိုစူးစိုက်ပြီးကြည့်ကာ တစ်ခုခုကိုရှာဖွေနေသလိုမျိုးဖြစ်နေတယ်။ "သူမသေသေးဘူးဆိုတာ ခင်ဗျားလည်းသိတယ်မှတ်လား?"

"ဘာ?" ပိုင်ရန်လန့်သွားဟန်ဆောင်လိုက်ပြီး အဲ့တာကို မယုံကြည်နိုင်ဟန်နဲ့ ပြောလိုက်တယ်။ "သူမသေသေးဘူး? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

"ဟုတ်ပါတယ်၊ ကျွန်တော်လည်း မဖြစ်နိုင်ဘူးလို့ခံစားရတယ်" လော့ကျန်းဖန်းလေသံထဲမှာ သံသယအရိပ်အယောင်တွေ ပုန်းလျှိုးကွယ်ရှိုးပါဝင်နေတယ် "သူကံကောင်းသွားတဲ့ ပထမအကြိမ်က အရှင်ရှဲ့ဝှက်ပန်းသံလျပ်မှာသူ့ကို မသတ်လိုက်တာပဲ၊ ဒါပေမယ့် ဒုတိယအခေါက်ကျပြန်တော့လည်း ကောင်းကင်ဘုံကွပ်မျက်ခြင်းစင်မြင့်မှာ အရှင်ရှဲ့ကသူ့ကို မသတ်လိုက်ပြန်ဘူး၊ သူတော်တော်လေး ကံကောင်းနေတယ်လို့မထင်ဘူးလား?"

ပိုင်ရန်စိတ်တွေ ရှုပ်ထွေးသွားတယ်။

သူတကယ်ကြီးမေ့သွားတာ!

လော့ကျန်းဖန်းက သူဇာတ်လိုက်ကို ဝှက်ပန်းတံလျပ်မှာ မသတ်တာရော၊ ကောင်းကင်ဘုံကွပ်မျက်ခြင်းစင်မြင့်မှာ မသတ်တာပါ သိနေတယ်!

ငါမှာတော့ နတ်ဆိုးဘုရင်ကြီးကိုဖုံးကွယ်ဖို့ကိုပဲ အာရုံစိုက်နေမိလို့ လော့ကျန်းဖန်းကို မေ့သွားတာ။ ဒီဝှက်ဖဲကြီးကတော့...

"ငါဘာလုပ်ရမလဲ ရှောင်လင်း?" ပိုင်ရန်ထိတ်ထိတ်ပြာပြာ ရုတ်တရက်ထပြီးမေးခွန်းထုတ်လိုက်တယ်။

"စိတ်အေးအေးထားပါ သခင်ရယ်၊ ဒီလိုအခြေအနေမျိုးမှာ အမူအယာပြောင်းသွားလို့မဖြစ်ဘူးနော်" ရှောင်လင်း သတိပေးလိုက်တယ်။

"ငါတည်ငြိမ်ဟန်ဆောင်နေလို့ရတယ်၊ ဒါပေမယ့် ဖြေရှင်းချက်ကလည်း ရှိအုံးမှပေါ့" ပိုင်ရန် ပြန်ပြောတယ်။

ရှောင်လင်းက "ကျွန်မလည်း မသိတော့ဘူး"

"မြန်မြန် ငါ့ကိုတစ်ခုခုကူတွေးပေးပါအုံး!"

"သခင်၊ ကျွန်မတကယ်ဘာမှမတွေးနိုင်တော့ဘူး! ပြီးတော့လည်း ဒါကအရှင့်အတွက် စမ်းသပ်ချက်ပဲလေ.. ကျွန်မဖို့မဟုတ်ဘူး၊ သခင့်ဘာသာပဲ ဖြေရှင်းချက်ကိုကြိုးစားပြီး စဉ်းစားပါ"

"... ဒီလိုအရေးပေါ်အခြေအနေရောက်မှ ဘောလုံးကိုလွှတ်မချဘဲနေလို့မရဘူးလား?" [T/N ; ခေါင်းမရှောင်ပါနဲ့လို့ဆိုလိုချင်တာပါ]

ရှောင်လင်းမှာကလည်း အဲ့တာတွေအတွက် ပြန်ချေပစရာတွေကရှိနေတယ် "ကျွန်မက ဒီတိုင်း Systemတစ်ခုပါ၊ System ဆိုတာက လိုအပ်လာတော့မှ ကူညီပေးရတာပါ၊ ကျွန်မက အခက်အခဲဖြစ်တိုင်းဝင်ကူညီပေးနေရရင် သခင်ဒီကိုဘာကြောင့်လာရတော့မလဲ? ပြီးတော့ ဒီစမ်းသပ်ချက်တွေကိုလည်း ဘာ့ကြောင့်လုပ်တော့မှာလဲ? ဒီကနေဘာတွေ ရတော့မှာလဲ?"

ပိုင်ရန် "..."

အဲ့တာက အရမ်းကိုကျိုးကြောင်းဆီလျော်နေတာကြောင့် သူပြန်ပြောဖို့တောင် မစဉ်းစားနိုင်တော့ဘူး။

တကယ်လို့ တခြားသူတွေမင်းကိုမကူညီဘူးဆိုရင်၊ မင်းကိုယ့်ဘာသာကိုယ်ပဲ အားကိုးရတော့မယ်။

ဖြေရှင်းဖို့ကိုတွေးစမ်း၊ ဖြေရှင်းဖို့ကို တွေးစမ်း...

ဟုတ်တယ်၊ ဖြေရှင်းချက်က ရှိကိုရှိရမယ်။

ပိုင်ရန် သူ့ကိုယ်သူအားတင်းပြီး စိတ်ထိန်းကာ ဦးနှောက်ကိုအရှိန်မြန်မြန်အလုပ်ပေးကာ ဖြေရှင်းချက်ကိုတွေးတော့တယ်။ အံ့သြယောင်ဆောင်ရင်း ပြန်ပြောတယ် "ကောင်းကင်ဘုံကွပ်မျက်ခြင်းစင်မြင့်ပေါ်က ကောင်လေးလား? ဘယ်ကောင်လေးလဲ? ကောင်းကင်ဘုံကွပ်မျက်ခြင်းစင်မြင့်မှာက လူတွေအများကြီးပဲလေ ငါသူ့ကိုသတိတောင်မထားမိဘူး"

လော့ကျန်းဖန်း မျက်ခုံးပင့်သွားတယ် "သူကကောင်းကင်ဘုံကွပ်မျက်ခြင်းစင်မြင့်မှာ အပြစ်ပေးခံရတော့မှာ ဒါပေမယ့်အရှင်ရှဲ့က သူ့ကိုပြန်ပေးဆွဲသွားတာလေ၊ မေ့သွားပြီလား?"

ပိုင်ရန်အရမ်းလန့်သွားတယ် "အဲ့တော့မင်းပြောချင်တာက နဂါးနိုင်ဓားကိုသယ်ထားတဲ့ ကောင်းကင်ဘုံကွပ်မျက်ခြင်းစင်မြင့်ပေါ်ကကောင်လေးက ဝှက်ပန်းတံလျပ်တုန်းက ကောင်လေးလို့ဆိုလိုတာလား?

ပိုင်ရန့်အမူအယာကို အကဲခတ်နေတဲ့ လော့ကျန်းဖန်းက အပြုံးလေးနဲ့ပြန်ဖြေတယ် "ဟုတ်ပါတယ် အဲ့တာသူပါပဲ"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ပိုင်ရန် မယုံကြည်နိုင်ဟန်နဲ့ "သူမသေသေးဘူးလား?"

"ကျွန်တော်လည်း မဖြစ်နိုင်ဘူးလို့ထင်ပါတယ်" လော့ကျန်းဖန်းက "အဲ့ကောင်လေး ကျိုးရင်က တိမ်လွှာပျံဝဲဂိုဏ်းက အဆင့်နိမ့်တပည့်လေးတစ်ယောက်ပဲ၊ ဝှက်ပန်းတံလျပ်မှာ ခင်ဗျားချောက်ထဲကိုကန်ချလိုက်တုန်းက မသေသွားတဲ့အပြင် နဂါးနိုင်ဓားကိုပါရသွားလိုက်သေးတယ်၊ သူကွပ်မျက်ခံရတော့မယ့်အချိန်ရောက်တော့လည်း ခင်ဗျားကပဲသူ့ကိုထပ်ကယ်လိုက်ပြန်တယ်.. ပြီးတော့လည်း သူ့ကိုဖမ်းပြီးတော့ ခင်ဗျားမသတ်လိုက်ပြန်ဘူး၊ ဘယ်သူမှအဲ့လောက်ကံကောင်းမှာမဟုတ်ဘူး"

ပိုင်ရန်လေးလေးနက်နက်တွေးနေတာကြောင့် သူ့အမူအယာကို ဖတ်လို့မရဘူး။ သူမျက်မှောင်ကြုတ်ကာ "ဒါတကယ်ထူးဆန်းတယ်၊ ဒါပေမယ့် အဲ့နေ့တုန်းက ဝှက်ပန်းတံလျပ်ထဲမှာ သူဘယ်လိုဘယ်ပုံရှိတယ်ဆိုတာကို သတိမထားလိုက်မိဘူး၊ နောက်တော့ ကောင်းကင်ဘုံကွပ်မျက်ခြင်းစင်မြင့်မှာတုန်းကလည်း သူ့ကိုပြန်ပေးဆွဲခဲ့တယ်ဆိုတာက နဂါးနိုင်ဓားကိုလိုချင်တာကြောင့်ပဲ၊ သူတို့တွေက တစ်ယောက်တည်းဖြစ်နေလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ?"

"အရှင်ရှဲ့ နဂါးနိုင်ဓားကိုလိုချင်တယ်ဆိုရင်လည်း ဘာလို့ဘာမှမလုပ်လိုက်ရတာလဲ?" လော့ကျန်းဖန်းတဆင့်ချင်းစီ ပြဿနာရဲ့အဓိကနေရာကို ဦးတည်လိုက်တယ်။

ပိုင်ရန်အသည်းအူတွေတုန်ခါသွားပေမယ့် လေသံကိုတော့ တဖြောင့်တည်းဖြစ်နေအောင်ဆက်ထိန်းထားတယ် "မင်းသိမှာတော့မဟုတ်ဘူး၊ အဲ့ကောင်လေးရဲ့အသက်က နဂါးနိုင်ဓားနဲ့ဆက်နွယ်ပြီးသွားပြီ... အဲ့တာကိုသာ အတင်းအကြပ်ဖယ်လိုက်မယ်ဆိုရင် နဂါးနိုင်ဓားကအလိုအလျောက် သူ့ဘာသာဖျက်ဆီးပစ်လိုက်လိမ့်မယ်၊ အဲ့တာကြောင့် သူ့ကိုမသတ်လိုက်တာ၊ အရှင်လော့နားလည်ရဲ့လား?"

လော့ကျန်းဖန်း မျက်မှောင်ကြုတ်သွားတယ် "တကယ်လား?"

ပိုင်ရန်အေးတိအေးစက် ရယ်မောလိုက်တယ် "ငါကဘာကြောင့် သူ့ကိုလွှတ်လိုက်တယ်လို့ထင်နေရတာလဲ? သူ့ကိုငါက သနားနေတယ်ထင်လို့လား?"

နောက်ဆုံးစကားက တမင်ပြောလိုက်တာဖြစ်တယ်။ ရှဲ့ဇီထျန်းရဲ့အကျင့်စရိုက်အရ ဒီလိုအပြုအမူကမဖြစ်နိုင်ဘူး။

လော့ကျန်းဖန်းလည်း စဉ်းစားသွားရတယ်။ ရှဲ့ဇီထျန်းရဲ့အကျင့်စရိုက်ကို တွေးမိပြီးနောက် ရယ်ရယ်မောမောနဲ့ "ကြည့်ရတာ ကျွန်တော်ခင်ဗျားကို နားလည်မှုလွဲသွားတယ်ထင်တယ်"

"မင်းကဘာကို နားလည်မှုလွဲတာလဲ?" ပိုင်ရန်နှဖူးကြော ထူးထူးခြားခြားရှုံ့သွားတယ်။

လော့ကျန်းဖန်း လက်ကိုဝှေ့ယမ်းပြီး ပြုံးလိုက်ရင်း "နားလည်မှုလွဲတာ်လည်း မဟုတ်ပါဘူး၊ ကျွန်တော့်စိတ်ထဲမှာ သံသယလေးဖြစ်သွားရုံပါပဲ၊ ခင်ဗျားကသူ့ကိုကယ်လိုက်တာကို နားမလည်လိုက်လို့ ခင်ဗျားရည်ရွယ်ချက်ကို နားလည်မှုလွဲသွားတာထင်ပါရဲ့"

ပိုင်ရန်လည်း လော့ကျန်းဖန်းရဲ့လေသံအရ စစ်ဆေးမေးမြန်းတာပြီးသွားမှန်းသိလိုက်တော့ စိတ်သက်သာရာရသွားတယ်။ သူတိတ်တိတ်လေး အောင့်ထားတဲ့လေကို ရှုထုတ်လိုက်တယ်။

လော့ကျန်းဖန်းပြန်မေးတယ် "နဂါးနိုင်ဓားက တကယ်ယူလို့မရတော့ဘူးပေါ့"

ပိုင်ရန်တွေးလိုက်တယ်၊ ခုတော့သူစိုးရိမ်တာက ဒါဖြစ်သွားပြီပေါ့။

"လောလောဆယ်တော့ အဲ့လိုပဲဖြစ်လောက်မယ်" ပိုင်ရန်သိနေတယ် လော့ကျန်းဖန်းရဲ့ယုံကြည်မှုကိုရဖို့ဆိုရင် အရင်ကြိုပြီးပြင်ဆင်ထားရအုံးမယ်။ "အနာဂတ်မှာတော့ အဲ့တာက ပြောင်းလဲသွားမှာပါ"

"ဘာကိုပြောချင်တာပါလဲ?" လော့ကျန်းဖန်း မျက်ခုံးတွေပင့်သွားတယ်။

ပိုင်ရန်က "နဂါးနိုင်ဓားနဲ့ ကျိုးရင်ရဲ့အသက်နဲ့ချိတ်ဆက်ထားတယ်ဆိုတော့ တစ်ခုကအသတ်ခံလိုက်ရပြီဆိုရင် ကျန်တဲ့တစ်ခုကလည်း အတွဲလိုက်ပါသွားလိမ့်မယ်.. ဒါပေမယ့် ကျိုးရင်သာဝိဉာဉ်အခြေတည်အဆင့်ကိုရောက်သွားရင် သူ့ကိုယ်ကပြန်မွေးဖွားသလိုဖြစ်သွားပြီး ချိတ်ဆက်ထားတာတွေလည်း အလိုလိုပျက်သွားမှာပဲမဟုတ်ဘူးလား?"

ဒီကမ္ဘာရဲ့ကျင့်ကြံခြင်းအဆင့်တွေက ရွှေရောင်ဗဟိုချက်အဆင့်၊ ဝိဉာဉ်အခြေတည်အဆင့်၊ အထက်ဘုံသို့တက်ရောက်ခြင်းအဆင့်၊ စိတ်ဝိဉာဉ်ခွဲအဆင့်၊ ကိုယ်ထည်ပြန်လည်တည်ဆောက်ခြင်းအဆင့်၊ မဟာယနအဆင့်နဲ့ မြစ်ကိုဖြတ်သန်းခြင်းအဆင့်ဆိုပြီးရှိတယ်။

ဝိဉာဉ်အခြေတည်အဆင့်ဆိုတာက ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ပြုပြင်ပေးတာဖြစ်တယ်။ အဲ့လိုလုပ်မယ့်သူက သာမာန်လူတစ်ယောက်လိုဖြစ်ရမယ်။ ဝိဉာဉ်အခြေတည်အဆင့်ကို သွားပြီးနောက်မှာ သင့်ရဲ့ခန္ဓာကိုယ်နဲ့ဝိဉာဉ်က ပြန်ပုံသွင်းရတာဖြစ်ပြီး ပြန်လည်မွေးဖွားလာသလို အတွေ့အကြုံရလိမ့်မယ်။ အဲ့နောက်မှာတော့ သင်ဟာပိုမိုကြံ့ခိုင်လာပြီး အိုမင်းမှုတွေသိသိသာသာနှေးကွေးသွားမှာဖြစ်တယ်။

လော့ကျန်းဖန်းတုံ့ဆိုင်းသွားပြီး အတော်ကြာတော့မှ တုံ့ပြန်တော့တယ်။ သူပြုံးရွှင်စွာ "ခင်ဗျားပြောတာမှတ်တယ် ကောင်းတယ်!၊ ကောင်းတယ်!"

အဲ့နောက်မှာ သူစတင်ရယ်မောတော့တယ်။

ကြည့်ရတာ စိတ်ကြည်သွားပုံရတယ်။

အမူအယာမဲ့စွာနဲ့ ပိုင်ရန်တွေးနေလိုက်တယ်။ ဇာတ်လိုက်ရေ ငါမင်းကိုတမင်ဖော်ထုတ်လိုက်တာ မဟုတ်ဘူးနော်၊ ဒါပေမယ့် မင်းရဲ့လျှို့ဝှက်ချက်ကလည်း အနှေးနဲ့အမြန်ပေါ်တော့မှာပဲလေ၊ ငါ့ကိုချည်းပဲ အပြစ်လာမတင်နဲ့နော်!

အဲ့နောက်မှာတော့ သူအတော်လေးစိတ်သက်သာရာရသွားတယ်။

_____

Thanks😉

Continue Reading

You'll Also Like

231K 26.5K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
1.1M 130K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.6M 200K 162
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
265K 21.7K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024