The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 9

58.7K 6.9K 470
By Heather_Bell

Unicode

နောက်တစ်ရက်တွင်တော့ ယန်နိုင်ငံ၏ အမတ်ကြီးကို ခေါ်ပြီး မြောက်ပိုင်းစစ်တပ် ပြန်ဆုတ်သွားပြီ ဖြစ်သည်။ ပိုင်အိမ်တော်ကို ဘုရင်ကြီးလီက မြောက်ပိုင်း၏သစ္စာဖောက်အဖြစ်ကြောငြာပြီး အလံကိုင်အိမ်တော်အဖြစ်မသတ်မှတ်တော့ပေ။ ပိုင်အိမ်တော်မှာ လော့တံတားကို အပိုင်စီးထားနိုင်ဆဲ ဖြစ်သော်လည်း ကျောထောက်နောက်ခံပေးမည့် နိုင်ငံမရှိတော့ပါ။

လက်တစ်ကမ်းအလိုက စစ်ပွဲကို တားဆိီးနိုင်ပြီ ဖြစ်သောကြောင့် တောင်ပိုင်းနှင့်မြောက်ပိုင်းကို ကူးသန်းရောင်းဝယ်ကြသော ကုန်သည်တို့မှာ ယခုမှ ယခင်လို သွားလာ လှုပ်ရှားနိုင်တော့သည်။

လော့တံတားပေါ်တွင် မြင်းခြောက်ကောင်ဆွဲသည့် ကြီးမားသော ရထားလုံးကြီးသည် မြောက်ပိုင်းရေခဲလွင်ပြင်ကို ဦးတည်မောင်းသွားနေသည်။ ရထားလုံးကို မောင်းနှင်လာသူမှာ ဆံပင်မြှောက်စည်းထားသည့် ဆယ်ကျော်သက်ကောင်လေး တစ်ယောက်ဖြစ်လေသည်။ သူတို့၏ ရထားလုံးမှာ ဟိုဘက်ကမ်း သည်ဘက်ကမ်း ကူးသန်းနေကြသော ကုန်သည်တွေကြား ရောနှောလျက်ရှိလေသည်။

ရထားလုံးအတွင်း၌ လူတစ်ယောက်မက အိပ်နိုင်သော အကျယ်အဝန်းရှိလေသည်။ အထဲတွင် သားမွေးဖြင့် ပြုလုပ်ထားသည့် ဖြူစွတ်နေသော အခင်းကြီးခင်းထားသည်။ ထိုအခင်းပေါ်တွင် အလွန်ချောမောခန့်ညားသည့် လူငယ်လေး တစ်ယောက်လဲလျောင်းနေသည်။ လူငယ်လေး၏ဘေးတွင် သူ့ထက်အသက်အနည်းငယ်ကြီးပုံရသည့် နတ်ဘုရားတစ်ပါးလို အရှိန်အဝါရှိသည့် ခန့်ညားသော လူတစ်ယောက်ရှိနေသည်။ ထိုသူက လူငယ်လေးကို ဂရုတစိုက် စောင်အထပ်ထပ်ခြုံပေးနေလေသည်။

ရထားလုံးကို မောင်းနှင်လာသောကောင်လေးမှာ ရှောင်ချိုဖြစ်ပြီး ရထားလုံးအတွင်းတွင်ရှိနေသည်က လီချန်းယုံနှင့် လင်းမိုတို့ဖြစ်သည်။ လီချန်းယုံသည် ရှောင်ချို၏ သွေးအစွမ်းကြောင့် အခြေအနေတိုးတက်လာသော်လည်း ယခုထိ သတိမရသေးပါ။

နှစ်ရက်ခန့်အကြာ မနားမနေ ခရီးနှင်ပြီးနောက်မှာတော့ ရှောင်ချိုပြောသော လိုဏ်ဂူသို့ရောက်လာချေပြီ။ လိုဏ်ဂူမှာ အပြင်ဘက်က ရေခဲများဖုံးလွှမ်းနေသော်လည်း အတွင်းဘက်၌မူကား အနွေးဓာတ်အနည်းငယ်ရှိပေသည်။ အတော်အတန်ကျယ်ပြီး အတွင်းပိုင်းမှာ လူနေသလို ဖွဲ့စည်းထားလေသည်။ခုတင်ပုံစံ ကျောက်ပြားတစ်ချပ် ကျောက်သားစားပွဲတစ်ခုလည်း ရှိလေသည်။ လင်းမိုက ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေသောကြောင့် ရှောင်ချိုက ရှင်းပြလေသည်။

"သခင်လေး ချန်းယုံက တစ်ခါတစ်လေ ကျွန်တော့်ဆီလာတတ်တယ်...အဲ့ဒါကြောင့်... ''

လင်းမိုခေါင်းငြိမ့်ပြလိုက်ပြီး ရထားလုံးအတွင်းက ပစ္စည်းတွေကို လိုဏ်ဂူအတွင်းသို့ ရွှေ့ပြောင်းလေသည်။ မည်မျှကြာနိုင်မည်မသိသည့်အတွက် လင်းမိုက ရိက္ခာခြောက်အတော်များများသယ်ယူခဲ့လေသည်။

ရှောင်ချိုနှင့် လင်းမို လိုဏ်ဂူအတွင်းပြင်ဆင်သင့်သည်များကို ပြင်ဆင် သွားသောအခါ သူတို့မှာ လုပ်စရာတစ်ခုပဲ ကျန်တော့သည်။ ရထားလုံးအတွင်းက မေ့မြောနေသော လီချန်းယုံကို လိုဏ်ဂူအတွင်း ရွှေ့ပေးဖို့ ဖြစ်သည်။ ရှောင်ချိုက ရထားလုံးတံခါးကို ဖွင့်ပြီး သခင်လေးချန်းယုံကို ပွေ့ချီမည်အပြု ပြင်းထန်သော အားတစ်ခုက သူ၏လက်ပေါ်ကျလာသည်။

ရှောင်ချိုလန့်သွားပြီး နောက်ဆုတ်လိုက်သည်။ အရှင်လင်းမိုက သူ့လက်ကို ဖြတ်ရိုက်ချလိုက်ခြင်းဖြစ်သည်။ လင်းမိုက အတွင်းအား မသုံးဘဲ ရိုက်လိုက်ခြင်းဖြစ်သော်လည်း သူ၏ ပင်ကိုအားကပင် သာမန်လူတစ်ယောက်ဆို အရိုးကျိုးသွားနိုင်လေသည်။

"မင်းကို ပစ္စည်းတွေသယ်ဖို့ပဲ ပြောတာ ဘယ်သူက လီချန်းယုံကို ပွေ့ခိုင်းတာလဲ''

ရှောင်ချိုမှာ နာသွားသော လက်ကို ပွတ်နေလေသည်။

"အရှင်ကလည်း သခင်​လေး ချန်းယုံကို စောင့်ရှောက်ဖို့က ကျွန်တော့် တာဝန်လေ...ဘာလို့ အသားလွတ်ကြီးလာရိုက်တာလဲ''

လင်းမိုက မျက်မှောင်ကြုတ်ပြီး ရှောင်ချိုကို ကြည့်လိုက်သည်။

"မင်းစောင့်ရှောက်တာက အသားထိဖို့ လိုလို့လား''

ပြောရင်းလင်းမိုက လီချန်းယုံကို ပွေ့ချီပြီး လိုဏ်ဂူထဲဝင်သွားလေသည်။ ရှောင်ချိုမှာတော့ ကျိုးကြောင်းမဆီလျော်သော သူကို သခင်အဖြစ်တော်ထားရသည့် မိမိကံကြမ္မာကို သာ အပြစ်တင်မိတော့သည်။

လိုဏ်ဂူအတွင်း လီချန်းယုံကို နေရာရွှေ့ပြီးနောက် လင်းမိုနှင့် ရှောင်ချိုသည် လုပ်ဆောင်စရာအချို့ ကျန်ရှိနေ သေးလေသည်။ လီချန်းယုံ၏ ခန္တာကိုယ်တွင်ရှိနေသော အဆိပ်ကိုဖြေရန် ဆေးတစ်မျိုးဖော်စပ်ရမည်ဖြစ်သည်။ ဆေးဖော်စပ်ရန် ရေခဲကျောက်ဆောင်တွင် ပေါက်တတ်သော အပင်တစ်မျိုးကို ရရန်လိုလေသည်။ ထိုတာဝန်ကတော့ သေချာပေါက် ရေခဲပြင်တွင် ကျင်လည်သော ရှောင်ချို၏ တာဝန်ဖြစ်သည်။ ရှောင်ချိုက သူမသွားခင် သူ့သွေးအနည်းငယ်နှင့် ဆေးတစ်မျိုးကို လီချန်းယုံအားတိုက်သွားလေသည်။

"အရှင်...ကျွန်တော် ညနေလောက်မှ ပြန်ရောက်မှာ ဒီကြားထဲ သခင်လေးနိုးလာရင် တစ်ခုခုစားဖို့လိုလိမ့်မယ်''

လင်းမိုက ရှောင်ချိုပြောသည်ကို အပြည့်အဝနားလည်ပါသည်။ သူကလီချန်းယုံစားရန် တစ်ခုခုစီစဉ်ပေးရမည်ဖြစ်သည်။

"ပြီးတော့ အရေးကြီးတာက ဖြစ်နိုင်ရင် သခင်လေးကို မလှုပ်ပါစေနဲ့ သူ့ခန္တာကိုယ်လှုပ်ရှားရင် ခဏတာထိန်းထားတဲ့ အဆ်ိပ်တွေ ပြန့်ကုန်မှာစိုးလို့...''

လင်းမိုခေါင်းငြိမ့်ပြလိုက်သည်။ ရှောင်ချိုသည် လိုဏ်ဂူအပြင်ရောက်သည်နှင့် ဝံပုလွေအသွင်ပြောင်းလဲ ပြီး ရေခဲကျောက်ဆောင်တွေဆီ ဦးတည်သွားလေသည်။

ရှောင်ချိုထွက်သွားပြီးနောက် လင်းမိုက အရင်ဆုံး မြင်းခြောက်ကောင်ကို ရထားလုံးက ဖြုတ်လိုက်သည်။ ရေခဲလွင်ပြင်မှာ ကြီးပြင်းခဲ့သည့် မြောက်ပိုင်းမြင်းများဖြစ်သည့်အတွက် အအေးဒဏ်ကိုခံနိုင်လေသည်။လင်းမိုက ထိုမြင်းများကို အနီးအနားမှာပဲ လွှတ်ထားလိုက်သည်။ ရေခဲလွင်ပြင်၌ ဝံပုလွေများအုပ်စုလိုက် ကျက်စားကြသောကြောင့် မြင်းများသည် ဝေးဝေးလံလံသို့ မသွားရဲပေ။

လင်းမိုသည် သူယူဆောင်လာသော ရိက္ခာများကို ကြည့်လိုက်သည်။ ဘုရင်တစ်ပါးဖြစ်သော်လည်း စစ်ပွဲများကြားတွင် အချိန်ကုန်ခဲ့သည့်အတွက် မိမိဘာသာ ရပ်တည်နိုင်ရေးမှာ အရေးကြီးဆုံးဖြစ်ကြောင်း လင်းမိုနားလည်ထားလေသည်။ တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ မချက်ပြုတ်ဖူးသော်လည်း မည်သို့ချက်ပြုတ်ရမည်ဆိုတာလောက်တော့ သူသိထားလေသည်။

ထို့ကြောင့် လင်းမိုက ရိက္ခာများထဲမှ သင့်တော်ရာကို ရွေးချယ်ပြီး လီချန်းယုံစားနိုင်ရန်ကြိုးပမ်းပြင်ဆင်လေသည်။ လင်းမိုဘာသာဆို ရေခဲလွင်ပြင်က ယုန်တစ်ကောင်ဖမ်းပြီး မီးကင်စားတာပဲဖြစ်ဖြစ် ယူလာသောအသားခြောက်များ မီးကင်စားတာပဲ ဖြစ်ဖြစ် အဆင်ပြေနိုင်သော်လည်း လူမမာကတော့ စားဖို့အဆင်ပြေမည်မဟုတ်ပေ။

နှစ်နာရီခန့် ကြိုးစားပမ်းစား ချက်ပြုတ်ပြီးနောက်မှာတော့ စားရန် အဆင်ပြေလောက်သည့် အသားဆန်ပြုတ်တစ်ခွက်ရလာလေသည်။ အစားအသောက်ချက်ပြုတ်ရသည်မှာ လင်းမို ထင်ထားသည်ထက် များစွာ ခဲယဉ်းလေသည်။ သို့သော် သူ၏ ပထမဆုံး ခက်ခက်ခဲခဲ ချက်ပြုတ်ထားသည်ကို စားမည့်သူက လီချန်းယုံ ဖြစ်နေသည့်အတွက် လင်းမို များစွာကျေနပ်လေသည်။

ထိုစဉ် အိပ်ရာပေါ်မှ လီချန်းယုံ သတိရလာလေသည်။ သူအရင်ဆုံး မြင်ရသည်က လိုဏ်ဂူ၏အမိုး။ သူက အေးစိမ့်စိမ့်ဖြစ်နေသော ပတ်ဝန်းကျင်ကိုလည်း သတိပြုမိလိုက်သည်။ မွှေးပျံ့သော အနံ့တစ်ခုက သူ၏ နှာသီးဝသို့ လာရိုက်ခတ်သည်။ လီချန်းယုံ အားယူပြီးဘေးဘီဝေ့ကြည့်သောအခါ သူသည် ရှောင်ချို၏ ရေခဲ လိုဏ်ဂူထဲ ရောက်နေမှန်း သိလိုက်ရသည်။ သို့ပေမဲ့ မွှေးပျံ့သော ဆန်ပြုတ်နံ့က ဘယ်ကရနေတာလဲ။ ရှောင်ချိုကတော့ ဘာမှ မချက်ပြုတ်တတ်သည်မှာ သေချာသည်။

လီချန်းယုံအားယူပြီး ထလိုက်သည်။ သူခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်အခါမှာတော့ တောင့်တင်းသော ခန္တာကိုယ်တစ်ခု၏ ကျောပြင်ကို မြင်လိုက်ရသည်။ မည်သူမှန်းမသိသော်လည်း သူနှင့် ရှောင်ချိုးနှစ်ယောက်တည်း သိသော လိုဏ်ဂူကို လူစိမ်းရောက်နေကြောင်း သိလိုက်သည်။ လူစိမ်းက နောက်သို့ လှည့်ပြီး လီချန်းယုံဘက်သို့ ဦးတည်လာလေသည်။ လီချန်းယုံက လျှပ်တပြက် ကျောက်ဂူ၏ အစွန်းတစ်ခုနောက်သို့ ပုန်းလိုက်သည်။

လင်းမိုက စောနကတည်းက လီချန်းယုံနိုးပြီး သူ့ဆီလျှောက်လာမှန်းသိသည်။ သူနောက်လှည့်ကြည့်သောကြောင့် လီချန်းယုံ ကျောက်စွန်း တစ်ခုနားမှာပုန်းနေကြောင်းကိုလည်း သိလေသည်။ လီချန်းယုံ၏ သိုင်းပညာနှင့် လျင်မြန်မှုမှာ ထိပ်တန်းအဆင့်တွင် ရှိသော်လည်း လင်းမိုက သူ့ထက်သာလေသည်။ ထို့ကြောင့် အဖြူရောင်ပုံရိပ်လေး၏ လှုပ်ရှားမှုမှန်သမျှသူသိနေသည်။

လီချန်းယုံကျောက်အစွန်းကနေ ကျော်ပြီး ကြည့်လိုက်သောအခါ ထိုလူမရှိတော့ပေ။ သူအံ့အားသင့်သွားသည်။

"အဟမ်း...''

လီချန်းယုံ မှာ အသံကြောင့် နောက်လှည့်ကြည့်လိုက်သည်။
ထိုလူက မည်သည့်အချိန်က သူ့နောက်ရောက်နေမှန်းမသိ။
ထိုလူ၏ မျက်နှာကိုကြည့်လိုက်တော့ အရင်ဆုံးမြင်လိုက်ရသည်က အပြုံးတစ်ခု။ မှားစရာမရှိပါ။ တစ်လောကလုံးတွင် မကောင်းဆိုးဝါးဆန်ဆန်ပြုံးတတ်သည်မှာ လင်းမိုတစ်ယောက်သာ ရှိလိမ့်မည်။

"လင်းမို???''

လင်းမို၏ ချောမောသောမျက်နှာမှာ မထိတထီ အပြုံးက ပိုပီပြင်လာသည်။

"အင်း...နိုးလာပြီလား လီချန်းယုံ''

လီချန်းယုံ အလွန်အမင်းဒေါသထွက်သွားသည်။ သူ့ကို အဆိပ်ခတ်ပြီး မြောက်ပိုင်းကိုသိမ်းဖို့ကြံနေသည့် ရန်သူတော်ကြီးက ဘာလို့ ဒီလိုဏ်ဂူထဲရောက်နေတာလဲ။

"မင်းဘာလို့ ဒီလိုဏ်ဂူထဲရောက်နေတာလဲ''

"မင်းစဉ်းစားကြည့်ပါလား...လူမရှိသူမရှိလိုဏ်ဂူထဲမှာ မင်းနဲ့ငါနှစ်ယောက်တည်း ဘာလို့ရောက်နေတာလဲ''
လင်းမို၏ အရှက်မရှိသောစကားကြောင့် လီချန်းယုံ မျက်နှာမဲ့သွားသည်။

"သေလေ...မကောင်းဆိုးဝါးလိုကောင်''
လီချန်းယုံသည် ပုံမှန်အားရုန့်ရင်းသောစကားတို့ကို ပြောလေ့မရှိပေ။ သို့သော်သူ၏ရှေ့တွင် ရှိနေသူက သူ၏တိုင်းပြည်ကို သိမ်းပြီး သူ့ကို အဆိပ်ခတ်ထားသူဖြစ်သည်။

လင်းမို၏ မျက်လုံးတို့မှာ စူးရဲသွားသည်။

"မင်းအသက်ကိုကယ်လာတဲ့သူကို အခုလိုပဲ ပြောရသလား မင်းရဲ့ သွေးဖြူဝံပုလွေလေးက ငါမပါပဲ မင်းကို ဒီအထိသယ်လာနိုင်မှာတဲ့လား''

လီချန်းယုံမျက်နှာတွင် မဲ့ပြုံးတစ်ချက်ပေါ်လာလေသည်။

"မင်းပြောချင်တာက မင်းခတ်တဲ့ အဆိပ်မိသွားလို့ ငါသေမလို ုဖြစ်တာ မင်းကိုကျေးဇူးတင်ရမယ်ပေါ့''

လီချန်းယုံ၏ ခနဲ့သလို လှောင်သံမှာ လင်းမို၏ နှလုံးသားကို ဓားနှင့်မွှန်းသွားသလိုရှိသည်။သူအတတ်နိုင်ဆုံး မျက်နှာအမူအရာမပျက်အောင် ထိန်းပြီး ဖြေလိုက်သည်။

"အဲ့ဒီတော့ မင်းငါ့ကို ပြန်သတ်ချင်လား...ဓားနဲ့ထိုးချင်လား...ဒါပေမယ့် ဘယ်လိုလုပ်မလဲ အင်အားချည်နဲ့နေတဲ့ မင်းရဲ့အခုအခြေအနေမပြောနဲ့...မင်းကျန်းကျန်းမာမာရှိရင်တောင် ငါ့ကိုထိအောင် တ်ုက်နိုင်မယ်မထင်ဘူး''

လင်းမို၏ စကားကြောင့် လီချန်းယုံ၏ မျက်လုံးများမှာ ဒေါသအရိပ်အယောင်များပေါ်လာလေသည်။

"ငါကျိန်တယ်...မင်းကိုလက်စားမချေရရရင် ငါမြောက်ပိုင်းက အိမ်ရှေ့စံမင်းသားမလုပ်တော့ဘူး''

လင်းမိုမှာ လီချန်းယုံ၏ ဒေါသဖြင့်ခက်ထန်နေသော အမူအရာကို စေ့စေ့စပ်စပ်ကြည့်နေလေသည်။ လွန်ခဲ့သော ရက်ပိုင်းများဆီက သတိမေ့နေသော လီချန်းယုံနှင့်ခြားနားစွာ သူ၏မျက်နှာတွင် မြောက်ပိုင်းတော်ဝင်မင်းသားတစ်ပါး၏ မာန်အပြည့်တို့ ရှိနေလေသည်။

"အင်း...နောက်မှလက်စားချေ...အခု တစ်ခုခုစားဦး''
ပြောရင်း လင်းမိုက လီချန်းယုံကို သူဆန်ပြုတ်တင်ထားသော စားပွဲဆီခေါ်သွားသည်။ လီချန်းယုံမှာ ဒေါသအထွတ်အထိပ်ရောက်သွားပြီး ရုန်းလေသည်။ သို့ပေမဲ့ လင်းမို၏ ခွန်အားမှာ သာမန်မဟုတ်သောကြောင့် သူရုန်းမရပေ။ လင်းမိုက သူ့ကို ကျောက်ခုံတစ်ခုတွင် အတင်းအကြပ်ထိုင်စေသည်။ ထို့နောက် လီချန်းယုံ၏ ရှေ့သို့ သူလောလောလတ်လတ်ပြုတ်ထားပေးသော ပူပူနွေးနွေး ဆန်ပြုတ်ပန်းကန်တိုးပေလေသည်။

လီချန်းယုံက ဆန်ပြုတ်ပန်းကန်ကို မြင်သည်နှင့် နှာခေါင်းရှုံ့သွားသည်။ သူက အေးစက်စက်လေသံဖြင့် လင်းမိုကိုပြောလိုက်သည်။

"မင်းငါ့ကို နောက်တစ်ကြိမ် အဆိပ်မခတ်ဘူးလို့ပြောနိုင်လား''

လင်းမိုက လီချန်းယုံ၏ စကားကို စိတ်ဆိုးဟန်မပြပေ။ လီချန်းယုံကိုသာ မျက်မှောင်ကြုတ်ပြီး ကြည့်နေသည်။

လီချန်းယုံမှာ အနှီမကောင်းဆိုးဝါး၏ စေ့စေ့စပ်စပ်ကြည့်နေခြင်းကို အနေရခက်လာသည်နှင့် ပြောလိုက်သည်။

"ဘာကြည့်နေတာလဲ''

"ငါစဉ်းစားနေတာ...မင်းဒီလောက်တုံးတာ မြောက်ပိုင်းတစ်ခုလုံးကို ဘုရင်ဖြစ်ရင်ဘယ်လိုအုပ်ချုပ်မလဲ''

လီချန်းယုံမှာဒေါသတို့ကို ထိန်းမရသည်နှင့် လင်းမိုကို လက်သီးနှင့်ပစ်ထိုးလိုက်လေသည်။ သို့သော် သူ၏လက်သီးမှာ အတွင်းအားမပါသလို ပြင်းထန်မှုလည်းမရှိပါ။ လင်းမိုက အသာအယာပင် သူ့လက်သီးကိုဖမ်းဆုပ်ပြီး ပြောလေသည်။

"ငါပြောတာက မင်းကို သတ်ချင်မှတော့ ဒီအထိအပင်ပန်းခံပြီး ခေါ်လာပါ့မလား''

လင်းမို၏စကားမှန်နေသောကြောင့် လီချန်းယုံမှာ ဘာမှခွန်းတုံ့မပြန်တော့ပါ။ သို့သော် သူ၏ ဒေါသတို့ကတော့ ပြေမသွားပါ။

"လွှတ်...''
သူက လင်းမိုဖမ်းထားသော လက်ကိုဆောင့်ရုန်းကာ ခပ်ဆတ်ဆတ်ပြောလိုက်သည်။

ထိုအခါမှ လင်းမိုက လီချန်းယုံ၏ လက်ကိုအသာအယာပြန်လွှတ်ပေးလိုက်သည်။

"စားတော့...ရှောင်ချိုကပြောတာ မင်းမလှုပ်ရှားစေနဲ့တဲ့...သူအခု ဆေးပင်သွားရှာတယ်...ဒေါသလည်းမထွက်နဲ့တော့''
လင်းမိုက လီချန်းယုံကို ဆက်လက်၍ ဒေါသမထွက်စေတော့သောကြောင့် အေးဆေးသော လေသံဖြင့် ဖြောင်းဖျလိုက်သည်။ ရှောင်ချိုက မှာသွားသည်။ အဆိပ်မိထားသော လီချန်းယုံ၏ ခန္တာကိုယ်က ပြင်းပြင်းထန်ထန်စိတ်လှုပ်ရှားနေလျှင် ကောင်းမည်မဟုတ်ပေ။

လင်းမို၏ ရုတ်တရက်ပျော့ပြောင်းသွားသော လေသံကြောင့် လီချန်းယုံက သူ၏ မျက်နှာကို မော့ကြည့်မိသည်။ လင်းမိုက ခါတိုင်းလို ခပ်ထေ့ထေ့ပြုံးမနေပါ။ သူ၏မျက်ဝန်းတွေက လေးနက်ပြီး လီချန်းယုံကို အမှန်တကယ်စိုးရိမ်နေဟန်ရှိလေသည်။ အနှီမကောင်းဆိုးဝါးထံတွင် လောလောဆည်တော့ မကောင်းသောအကြံအစည်များ မရှိသည်က သေချာပါသည်။

လောလောဆည်၌ လီချန်းယုံက သူ့ခန္တာကိုယ်ကို ဂရုစိုက်ရမည်ဖြစ်သောကြောင့် ထွေထွေထူးထူး စဥ်းစားမနေတော့ပဲ ဆန်ပြုတ်ကိုသောက်ရန်ဇွန်းကို ကိုင်လိုက်သည်။

သို့သော်...ကံဆိုးစွာပင် လှုပ်ရှားမှုများသွားသောကြောင့် အဆိပ်ကအာနိသင်ပြလာပြီး လီချန်းယုံ၏ အကြောများဆိုင်းသွားသလို သူ၏ လက်ချောင်းတို့ လှုပ်မရတော့ချေယ

လီချန်းယုံ၏ အခြေအနေကို တွေ့နေရသော လင်းမိုမှာ တစ်မဟုတ်ချင်းစိတ်ပူသွားသည်။
"လီချန်းယုံ...ရရဲ့လား''

ရုတ်ခြည်းပြောင်းလဲသွားသော လင်းမို၏ အမူအရာနှင့် ပျော့ပြောင်းသွားသော လေသံ၌ စိုးရိမ်မှုတို့ရောစွတ်ျမသည်ကို လီချန်းယုံအံ့အားသင့်နေဆဲမှာပင် လင်းမိုက ဆန်ပြုတ်ပန်းကန်က ဇွန်းကိုယူပြီးသူ့ကို ခွံ့ကျွေးလေသည်။
"ပါးစပ်ဟ... ''

လီချန်းယုံကပါးစပ်ကို တင်းတင်းစေ့ထားသည်။

"မင်းမစားရင် မြောက်ပိုင်းတစ်ခုလုံး ငါသိမ်းပစ်မယ်...မင်တို့ နန်းတော်ကိုလည်း မီးရှို့ပစ်မယ်''
လင်းမို၏ ခြိမ်းခြောက်စကားကြောင့် လီချန်းယုံမှာသူ့ပါးစပ်ကို ဟပေးလေသည်။ ပထမတစ်ဇွန်းကို ခက်ခက်ခဲခဲမြိုချလိုက်ရသည်။ အရသာက လီချန်းယုံမျှော်လင့်ထားသည်ထက် အနည်းငယ် ပိုကောင်းနေသည်။

"ကောင်းလား...''
လင်းမိုက ဆန်ပြုတ်ကိုမျိုချ၍ မသိမသာလှုပ်ခတ်သွားသော လည်ဇလုပ်လေးကို ငေးကြည့်နေမိသည်။

"မကောင်းဘူး... ''
အနှီသွေးအေးအိမ်ရှေ့စံမှာကား ပြတ်ပြတ်သားသားပင် ပြန်ဖြေလိုက်သည်။

"အဲ့ဒါဆိုမစားနဲ့တော့''
လင်းမိုကလည်း အလျှော့မပေးပဲ ပန်းကန်ကို သူ၏ ဘက်သို့ ပြန်ဆွဲသွားသည်။

"စားလို့တော့ရပါတယ်...''
ဆာလောင်နေသော ဝမ်းဗိုက်၏ အလိုတော်ကြောင့် လီချန်းယုံ ထပ်၍ မငြင်းဆန်ရဲပါ။

ထိုအခါမှ လင်းမိုက ပန်းကန်ထဲက တစ်ဇွန်းကိုခပ်ပြီး လီချန်းယုံအား ခွံ့ကျွေးသည်။ သည်လိုနှင့် တစ်ဇွန်းပြီး တစ်ဇွန်း စိတ်ရှည်စွာ လင်းမိုက လီချန်းယုံကို ခွံ့ကျွေးနေသည်မှာ တစ်ပန်းကန်ပင်ကုန်တော့မည်။ နောက်တစ်ဇွန်းမှာတော့ လီချန်းယုံက ခေါင်းယမ်းပြသည်။

"တော်ပြီ..မစားတော့ဘူး ရှောင်ချိုကဘယ်တော့ ပြန်လာမှာလဲ''

"ညနေလောက်ပြန်ရောက်မှာတဲ့''
လင်းမိုက ပြန်ဖြေသည်။

"အင်း...သူလာရင်ငါ့ကိုပြော''
ပြောပြောဆိုဆို လီချန်းယုံက မတ်တပ်ရပ်လိုက်ရာ အကြောများထုံနေသော ခြေထောက်က မထောက်နိုင်သောကြောင့် လဲပြိုသွားသည်။ သူက မာကျောကျော ကျောက်သား၏ အထိအတွေ့နှင့် ရိုက်ခတ်မှုကြောင့် နာကျင်မှုကို ခံစားရမည်ဟုထင်ထားသော်လည်း လင်းမိုက လျင်မြန်စွာပင် လီချန်းယုံ၏ ခါးကိုလှမ်းဖက်ပြီး ဟန်ချက်ထိန်းပေးသည်။

"သတိထား''

လီချန်းယုံမှာ ရုတ်တရက်လှမ်းဖက်ခံလိုက်ရသောကြောင့် ကြောင်အသွားသည်။ သူ၏ခန္တာကိုယ်က လင်းမို၏ ရင်ခွင်ထဲသို့ ရောက်သွားသည်။လီချန်းယုံရုန်းကန်ချင်ပေမဲ့ သူမလှုပ်နိုင်ပေ။ အခုတောင် သူတော်တော်ပင်ပန်းနေသည်။ အဆိပ်ကြောင့် ခန္တာကိုယ်က နွမ်းနယ်ပြီး မျက်လုံးများမှေးစင်းလာသည်။ သူ၏အသိစိတ်လွတ်မသွားခင်မှာ လင်းမိုကသူ့ခန္တာကိုယ်ကို ပွေ့ချီသွားသည်ကို သိလိုက်သည်။ ပြီးတော့ သူ့ကို အိပ်ရာပေါ်ချပေးသည်။ ထို့နောက် လီချန်းယုံမှာ အိပ်ပျော်သွားလေသည်။

အဆိပ်ဒဏ်ကြောင့် ပြန်လည်အိပ်ပျော်သွားသော လီချန်းယုံကို ကြည့်ပြီး လင်းမိုမှာ ရှောင်ချိုမြန်မြန်ပြန်လာပါစေဟုသာ ဆုတောင်းမိတော့သည်။
__________________________________________________________

Zawgyi

ေနာက္တစ္ရက္တြင္ေတာ့ ယန္ႏိုင္ငံ၏ အမတ္ႀကီးကို ေခၚၿပီး ေျမာက္ပိုင္းစစ္တပ္ ျပန္ဆုတ္သြားၿပီ ျဖစ္သည္။ ပိုင္အိမ္ေတာ္ကို ဘုရင္ႀကီးလီက ေျမာက္ပိုင္း၏သစၥာေဖာက္အျဖစ္ေၾကာျငာၿပီး အလံကိုင္အိမ္ေတာ္အျဖစ္မသတ္မွတ္ေတာ့ေပ။ ပိုင္အိမ္ေတာ္မွာ ေလာ့တံတားကို အပိုင္စီးထားႏိုင္ဆဲ ျဖစ္ေသာ္လည္း ေက်ာေထာက္ေနာက္ခံေပးမည့္ ႏိုင္ငံမ႐ွိေတာ့ပါ။

လက္တစ္ကမ္းအလိုက စစ္ပြဲကို တားဆိီးႏိုင္ၿပီ ျဖစ္ေသာေၾကာင့္ ေတာင္ပိုင္းေျမာက္ပိုင္းကို ကူးသန္းေရာင္းဝယ္ၾကေသာ ကုန္သည္တို႔မွာ ယခုမွ ယခင္လို သြားလာ လႈပ္႐ွားႏိုင္ေတာ့သည္။

ေလာ့တံတားေပၚတြင္ေတာ့ ျမင္းေျခာက္ေကာင္ဆြဲသည့္ ႀကီးမားေသာ ရထားလံုးႀကီးသည္ ေျမာက္ပိုင္းေရခဲလြင္ျပင္ကို ဦးတည္သြားေနသည္။ ရထားလံုးကို ေမာင္းႏွင္လာသူမွာ ဆံပင္ေတြကို ေျမႇာက္စည္းထားသည့္ ဆယ္ေက်ာ္သက္ေကာင္ေလး တစ္ေယာက္ျဖစ္ေလသည္။ သူတို႔၏ ရထားလံုးမွာ ဟိုဘက္ကမ္း ဒီဘက္ကမ္း ကူးသန္းေနၾကေသာ ကုန္သည္ေတြၾကား ေရာေႏွာလ်က္႐ွိေလသည္။

ရထားလံုးအတြင္းမွာ လူတစ္ေယာက္မက အိပ္ႏိုင္ေသာ အက်ယ္အဝန္း႐ွိေလသည္။ အထဲတြင္ ျဖဴစြတ္ေနေသာ တိရိစၦာန္သားေမြးျဖင့္ ျပဳလုပ္ထားသည့္ အခင္းႀကီးခင္းထားသည္။ ထိုအခင္းေပၚတြင္ အလြန္ေခ်ာေမာခန္႔ညားသည့္ လူငယ္ေလး တစ္ေယာက္လဲေလ်ာင္းေနသည္။ လူငယ္ေလးေဘးတြင္ သူ႔ထက္အသက္အနည္းငယ္ႀကီးပံုရသည့္ နတ္ဘုရားတစ္ပါးလို အ႐ွိန္အဝါ႐ွိသည့္ ခန္႔ညားေသာ လူတစ္ေယာက္႐ွိေနသည္။ ထိုသူက လူငယ္ေလးကို ေစာင္အထပ္ထပ္ျခံဳေပးေနေလသည္။

ရထားလံုးကို ေမာင္းႏွင္လာေသာေကာင္ေလးမွာ ေ႐ွာင္ခ်ိဳျဖစ္ၿပီး ရထားလံုးအတြင္းတြင္ေတာ့ လီခ်န္းယံုႏွင့္ လင္းမိုတို႔႐ွိေလသည္။ လီခ်န္းယံုမွာ ေ႐ွာင္ခ်ိဳ၏ ေသြးေၾကာင့္ အေျခအေနတိုးတက္လာေသာ္လည္း သတိမရေသးပါ။

ႏွစ္ရက္ခန္႔အၾကာ မနားမေန ခရီးႏွင္ၿပီးေနာက္မွာေတာ့ ေ႐ွာင္ခ်ိဳေျပာေသာ လိုဏ္ဂူသို႔ေရာက္လာေပၿပီ။ လိုဏ္ဂူမွာ အျပင္ဘက္က ေရခဲမ်ားဖုံးလႊမ္းေနေသာ္လည္း အတြင္းဘက္မွာေတာ့ အေႏြးဓာတ္အနည္းငယ္႐ွိေပသည္။ အေတာ္အတန္က်ယ္ၿပီး အတြင္းပိုင္းမွာ လူေနသလို ဖြဲ႔စည္းထားေလသည္။ခုတင္ပံုစံ ေက်ာက္ျပားတစ္ခ်ပ္ ေက်ာက္သားစားပြဲတစ္ခုလည္း ႐ွိေလသည္။ လင္းမိုက ပတ္ဝန္းက်င္ကို စူးစမ္းၾကည့္ေနေသာေၾကာင့္ ေ႐ွာင္ခ်ိဳက ႐ွင္းျပေလသည္။

"သခင္ေလး ခ်န္းယံုက တစ္ခါတစ္ေလ ကြၽန္ေတာ့္ဆီလာတတ္တယ္...အဲ့ဒါေၾကာင့္... ''

လင္းမိုေခါင္းၿငိမ့္ျပလိုက္ၿပီး ရထားလံုးအတြင္းက ပစၥည္းေတြကို လိုဏ္ဂူအတြင္းသို႔ ေရႊ႔ေျပာင္းေလသည္။ မည္မွ်ၾကာႏိုင္မည္မသိသည့္အတြက္ လင္းမိုက ရိကၡာေျခာက္အေတာ္မ်ားမ်ားသယ္ယူခဲ့ေလသည္။

ေ႐ွာင္ခ်ိဳႏွင့္ လင္းမို လိုဏ္ဂူအတြင္းျပင္ဆင္သင့္သည္မ်ားကို ျပင္ဆင္ သြားေသာအခါ သူတို႔မွာ လုပ္စရာတစ္ခုပဲ က်န္ေတာ့သည္။ ရထားလံုးအတြင္းက ေမ့ေျမာေနေသာ လီခ်န္းယံုကို လိုဏ္ဂူအတြင္း ေရႊ႕ေပးဖို႔ ျဖစ္သည္။ ေ႐ွာင္ခ်ိဳက ရထားလံုးတံခါးကို ဖြင့္ၿပီး သခင္ေလးခ်န္းယံုကို ေပြ႔ခ်ီမည္အျပဳ ျပင္းထန္ေသာ အားတစ္ခုက သူ႔လက္ေပၚက်လာသည္။

ေ႐ွာင္ခ်ိဳလန္႔သြားၿပီး ေနာက္ဆုတ္လိုက္သည္။ အ႐ွင္လင္းမိုက သူ႔လက္ကို ျဖတ္႐ိုက္ခ်လိုက္ျခင္းျဖစ္သည္။ လင္းမိုက အတြင္းအား မသံုးဘဲ ႐ိုက္လိုက္ျခင္းျဖစ္ေသာ္လည္း သူ၏ ပင္ကိုအားကပင္ သာမန္လူတစ္ေယာက္ဆို အ႐ိုးက်ိဳးသြားႏိုင္ေလသည္။

"မင္းကို ပစၥည္းေတြသယ္ဖို႔ပဲ ေျပာတာ ဘယ္သူက ခ်န္းယံုကို ေပြ႔ခိုင္းတာလဲ''

ေ႐ွာင္ခ်ိဳမွာ နာသြားေသာ လက္ကို ပြတ္ေနေလသည္။

"အ႐ွင္ကလည္း သခင္ခ်န္းယံုကို ေစာင့္ေ႐ွာက္ဖို႔က ကြၽန္ေတာ့္ တာဝန္ေလ...ဘာလို႔ အသားလြတ္ႀကီးလာ႐ိုက္တာလဲ''

လင္းမိုက မ်က္ေမွာင္ၾကဳတ္ၿပီး ေ႐ွာင္ခ်ိဳကို ၾကည့္လိုက္သည္။

"မင္းေစာင့္ေ႐ွာက္တာက အသားထိဖို႔ လိုလို႔လား''

ေျပာရင္းလင္းမိုက လီခ်န္းယံုကို ေပြ႔ခ်ီၿပီး လိုဏ္ဂူထဲဝင္သြားေလသည္။ ေ႐ွာင္ခ်ိဳမွာေတာ့ က်ိဳးေၾကာင္းမဆီေလ်ာ္ေသာ သူကို သခင္အျဖစ္ေတာ္ထားရသည့္ မိမိကံၾကမၼာကို သာ အျပစ္တင္မိေတာ့သည္။

လိုဏ္ဂူအတြင္း လီခ်န္းယံုကို ေနရာေရႊ႔ၿပီးေတာ့ လင္းမိုႏွင့္ ေ႐ွာင္ခ်ိဳမွာ လုပ္ေဆာင္စရာမ်ားစြာ႐ွိေသးေလသည္။ လီခ်န္းယံု၏ ခႏၱာကိုယ္တြင္႐ွိေနေသာ အဆိပ္ကိုေျဖရန္ ေဆးတစ္မ်ိဳးေဖာ္စပ္ရမည္ျဖစ္သည္။ ေဆးေဖာ္စပ္ရန္ ေရခဲေက်ာက္ေဆာင္တြင္ ေပါက္တတ္ေသာ အပင္တစ္မ်ိဳးကို ရရန္လိုေလသည္။ ထိုတာဝန္ကေတာ့ ေသခ်ာေပါက္ ေရခဲျပင္တြင္ က်င္လည္ေသာ ေ႐ွာင္ခ်ိဳ၏ တာဝန္ျဖစ္သည္။ ေ႐ွာင္ခ်ိဳက သူမသြားခင္ သူ႔ေသြးအနည္းငယ္ႏွင့္ ေဆးတစ္မ်ိဳးကို လီခ်န္းယံုအားတိုက္သြားေလသည္။

"အ႐ွင္...ကြၽန္ေတာ္ ညေနေလာက္မွ ျပန္ေရာက္မွာ ဒီၾကားထဲ သခင္ေလးႏိုးလာရင္ တစ္ခုခုစားဖို႔လိုလိမ့္မယ္''

လင္းမိုက ေ႐ွာင္ခ်ိဳေျပာသည္ကို အျပည့္အဝနားလည္ပါသည္။ သူက ခ်န္းယံုစားဖို႔ တစ္ခုခုစီစဥ္ေပးရမည္။

"ၿပီးေတာ့ အေရးႀကီးတာက ျဖစ္ႏိုင္ရင္ သခင္ေလးကို မလႈပ္ပါေစနဲ႔ သူ႔ခႏၱာကိုယ္လႈပ္႐ွားရင္ ခဏတာထိန္းထားတဲ့ အဆ္ိပ္ေတြ ျပန္႔ကုန္မွာစိုးလို႔...''

လင္းမိုေခါင္းၿငိမ့္ျပလိုက္သည္။ ေ႐ွာင္ခ်ိဳသည္ လိုဏ္ဂူအျပင္ေရာက္သည္ႏွင့္ ဝံပုေလြအသြင္ေျပာင္းလဲ ၿပီး ေရခဲေက်ာက္ေဆာင္ေတြဆီ ဦးတည္သြားေလသည္။

ေ႐ွာင္ခ်ိဳထြက္သြားၿပီးေနာက္ လင္းမိုက အရင္ဆံုး ျမင္းေျခာက္ေကာင္ကို ရထားလံုးက ျဖဳတ္လိုက္သည္။ ေရခဲလြင္ျပင္မွာ ႀကီးျပင္းသည့္ ေျမာက္ပိုင္းျမင္းမ်ားျဖစ္သည့္အတြက္ အေအးဒဏ္ကိုခံႏိုင္ေလသည္။ ထိုျမင္းေတြကို အနီးအနားမွာပဲ လႊတ္ထားလိုက္သည္။ ေရခဲလြင္ျပင္က ဝံပုေလြေတြအုပ္စုလိုက္ က်က္စားေသာေၾကာင့္ ျမင္းမ်ားသည္ ေဝးေဝးလံလံမသြားရဲေပ။

လင္းမိုသည္ သူယူလာေသာ ရိကၡာမ်ားကို ၾကည့္လိုက္သည္။ ဘုရင္တစ္ပါးျဖစ္ေသာ္လည္း စစ္ပြဲမ်ားၾကားတြင္ အခ်ိန္ကုန္ခဲ့သည့္အတြက္ မိမိဘာသာ ရပ္တည္ႏိုင္ေရးမွာ အေရးႀကီးဆံုးျဖစ္ေၾကာင္း လင္းမိုနားလည္ထားေလသည္။ တစ္ခါမွ ကိုယ္တိုင္ကိူယ္က် မခ်က္ျပဳတ္ဖူးေသာ္လည္း မည္သို႔ခ်က္ျပဳတ္ရမည္ဆိုတာေလာက္ေတာ့ သိထားေလသည္။

ထို႔ေၾကာင့္ လင္းမိုက ရိကၡာမ်ားထဲမွ သင့္ေတာ္ရာကို ေရြးခ်ယ္ၿပီး လီခ်န္းယံုစားႏိုင္ရန္ျပင္ဆင္ႀကိဳးပမ္းေလသည္။ လင္းမိုဘာသာဆို ေရခဲလြင္ျပင္က ယုန္တစ္ေကာင္ဖမ္းၿပီး မီးကင္စားတာပဲျဖစ္ျဖစ္ ယူလာေသာအသားေျခာက္မ်ား မီးကင္စားတာပဲ ျဖစ္ျဖစ္ အဆင္ေျပႏိုင္ေသာ္လည္း လူမမာကေတာ့ စားဖို႔အဆင္ေျပမည္မဟုတ္ေပ။

ႏွစ္နာရီခန္႔ ႀကိဳးစားပမ္းစား ခ်က္ျပဳတ္ၿပီးေနာက္မွာေတာ့ စားရန္ အဆင္ေျပေလာက္သည့္ အသားဆန္ျပဳတ္တစ္ခြက္ရလာေလသည္။ အစားအေသာက္ခ်က္ျပဳတ္ရသည္မွာ လင္းမို ထင္ထားသည္ထက္ မ်ားစြာ ခဲယဥ္းေလသည္။ သို႔ေသာ္ သူ၏ ပထမဆံုး ခက္ခက္ခဲခဲ ခ်က္ျပဳတ္ထားသည္ကို စားမည့္သူက လီခ်န္းယံု ျဖစ္ေနသည့္အတြက္ လင္းမို မ်ားစြာေက်နပ္ေလသည္။

ထိုစဥ္ အိပ္ရာေပၚမွ လီခ်န္းယံု သတိရလာေလသည္။ သူအရင္ဆံုး ျမင္ရသည္က လိုဏ္ဂူအမိုး...ေအးစိမ့္စိမ့္ခံစားခ်က္...ျပီးေတာ့ ေမႊးပ်ံ႕ေသာ အနံ႔တစ္ခုလည္းရလိုက္သည္။ လီခ်န္းယံု အားယူၿပီးေဘးဘီေဝ့ၾကည့္ေတာ့ ေ႐ွာင္ခ်ိဳ၏ ေရခဲ လိုဏ္ဂူမွန္းသိလိုက္သည္။ သို႔ေပမယ့္ ေမႊးပ်ံ႕ေသာ ဆန္ျပဳတ္နံ႔က ဘယ္ကရေနတာလဲ။ ေ႐ွာင္ခ်ိဳကေတာ့ ဘာမွ မခ်က္ျပဳတ္တတ္သည္မွာ ေသခ်ာသည္။

လီခ်န္းယံုအားယူၿပီး ထလိုက္သည္။ သူေျခလွမ္းအနည္းငယ္ လွမ္းၿပီးသည့္အခါမွာေတာ့ ေတာင့္တင္းေသာ ခႏၱာကိုယ္တစ္ခု၏ ေက်ာျပင္ကို ျမင္လိုက္ရသည္။ မည္သူမွန္းမသိေပမယ့္ သူႏွင့္ ေ႐ွာင္ခ်ိဳးႏွစ္ေယာက္တည္း သိေသာ လိုဏ္ဂူကို လူစိမ္းေရာက္ေနေလၿပီ။ လူစိမ္းက ေနာက္သို႔ လွည့္ၿပီး လီခ်န္းယံုဘက္သို႔ ဦးတည္လာေလသည္။ လီခ်န္းယံုက လ်ွပ္တျပက္ ေက်ာက္ဂူ၏ အစြန္းတစ္ခုေနာက္သို႔ ပုန္းလိုက္သည္။

လင္းမိုက ေစာနကတည္းက ခ်န္းယံုႏိုးၿပီး သူ႔ဆီေလွ်ာက္လာမွန္းသိသည္။ သူေနာက္လွည့္ၾကည့္ေသာေၾကာင့္ ေက်ာက္စြန္း တစ္ခုနားမွာပုန္းေနေၾကာင္းကိုလည္း သိေလသည္။ လီခ်န္းယံု၏ သိုင္းပညာႏွင့္ လ်င္ျမန္မႈမွာ ထိပ္တန္းအဆင့္တြင္ ႐ွိေသာ္လည္း လင္းမိုက သူ႔ထက္သာေလသည္။ ထို႔ေၾကာင့္ အျဖဴေရာင္ပံုရိပ္ေလး၏ လႈပ္႐ွားမႈမွန္သမွ်သူသိေနသည္။

လီခ်န္းယံုေက်ာက္အစြန္းကေန ေက်ာ္ၿပီး ၾကည့္လိုက္ေတာ့ ထိုလူမ႐ွိေတာ့။ သူအံ့အားသင့္သြားသည္။

"အဟမ္း...''
လီခ်န္းယံု မွာ အသံေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္သည္။
ထိုလူက မည္သည့္အခ်ိန္က သူ႔ေနာက္ေရာက္ေနမွန္းမသိ။
ထိုလူ၏ မ်က္ႏွာကိုၾကည့္လိုက္ေတာ့ အရင္ဆံုးျမင္လိုက္ရသည္က အျပံဳးတစ္ခု...မွားစရာမ႐ွိပါ တစ္ေလာကလံုးတြင္ သည္လို မေကာင္းဆိုးဝါးဆန္ဆန္ျပံဳးတတ္သည္မွာ လင္းမိုတစ္ေယာက္သာ ႐ွိလိမ့္မည္။

"လင္းမို???''

လင္းမို၏ ေခ်ာေမာေသာမ်က္ႏွာမွာ မထိတထီ အျပံဳးက ပိုပီျပင္လာသည္။

"အင္း...ႏိုးလာၿပီလား လီခ်န္းယံု''

လီခ်န္းယံု အလြန္အမင္းေဒါသထြက္သြားသည္။ သူ႔ကို အဆိပ္ခတ္ၿပီး ေျမာက္ပိုင္းကိုသိမ္းဖို႔ၾကံေနသည့္ ရန္သူေတာ္ႀကီးက ဘာလို႔ ဒီလိုဏ္ဂူထဲေရာက္ေနတာလဲ...

"မင္းဘာလို႔ ဒီလိုဏ္ဂူထဲေရာက္ေနတာလဲ''

"မင္းစဥ္းစားၾကည့္ပါလား...လူမ႐ွိသူမ႐ွိလိုဏ္ဂူထဲမွာ မင္းနဲ႔ငါႏွစ္ေယာက္တည္း ဘာလို႔ေရာက္ေနတာလဲ''

လင္းမို၏ အ႐ွက္မ႐ွိေသာစကားေၾကာင့္ လီခ်န္းယံု မ်က္ႏွာမဲ့သြားသည္။

"ေသေလ''

လင္းမို၏ မ်က္လံုးတို႔မွာ စူးရဲသြားသည္။

"မင္းအသက္ကိုကယ္လာတဲ့သူကို အခုလိုပဲ ေျပာရသလား မင္းရဲ႕ ေသြးျဖဴဝံပုေလြေလးက ငါမပါပဲ မင္းကို ဒီအထိသယ္လာႏိုင္မွာတဲ့လား''

လီခ်န္းယံုမ်က္ႏွာတြင္ မဲ့ျပံဳးတစ္ခ်က္ေပၚလာေလသည္။

"မင္းေျပာခ်င္တာက မင္းခတ္တဲ့ အဆိပ္မိသြားလို႔ ငါေသမလို ုျဖစ္တာ မင္းကိုေက်းဇူးတင္ရမယ္ေပါ့''

လီခ်န္းယံု၏ ခနဲ႔သလို ေလွာင္သံမွာ လင္းမို၏ ႏွလံုးသားကို ဓားႏွင့္မႊန္းသြားသလိုပင္...သူအတတ္ႏိုင္ဆံုး မ်က္ႏွာအမူအရာမပ်က္ေအာင္ ထိန္းၿပီး ေျဖလိုက္သည္။

"အဲ့ဒီေတာ့ မင္းငါ့ကို ျပန္သတ္ခ်င္လား...ဓားနဲ႔ထိုးခ်င္လား...ဒါေပမယ့္ ဘယ္လိုလုပ္မလဲ အင္အားခ်ည္နဲ႔ေနတဲ့ မင္းရဲ႕အခုအေျခအေနမေျပာနဲ႔...မင္းက်န္းက်န္းမာမာ႐ွိရင္ေတာင္ ငါ့ကိုထိေအာင္ တ္ုက္ႏိုင္မယ္မထင္ဘူး''

လင္းမို၏ စကားေၾကာင့္ လီခ်န္းယံု၏ မ်က္လံုးမ်ားမွာ ေဒါသအရိပ္အေယာင္မ်ားေပၚလာေလသည္။

"ငါက်ိန္တယ္...မင္းကိုလက္စားမေခ်ရရင္ ငါေျမာက္ပိုင္းက အိမ္ေ႐ွ႕စံမင္းသားမလုပ္ေတာ့ဘူး''

လင္းမိုမွာ လီခ်န္းယံု၏ ေဒါသျဖင့္ခက္ထန္ေနေသာ အမူအရာကို ေစ့ေစ့စပ္စပ္ၾကည့္ေနေလသည္။ လြန္ခဲ့တဲ့ ရက္ပိုင္းေတြက သတိေမ့ေနေသာ လီခ်န္းယံုႏွင့္ျခားနားစြာ သူ႔မ်က္ႏွာတြင္ ေျမာက္ပိုင္းေတာ္ဝင္မင္းသားတစ္ပါး၏ မာန္အျပည့္႐ွိေနေလသည္။

"အင္း...ေနာက္မွလက္စားေခ်...အခု တစ္ခုခုစားဦး'' ေျပာရင္း လင္းမိုက လီခ်န္းယံုကို သူဆန္ျပဳတ္တင္ထားေသာ စားပြဲဆီေခၚသြားသည္။ လီခ်န္းယံုမွာ ေဒါသအထြတ္အထိပ္ေရာက္သြားေလသည္။ သူက ႐ုန္းဖို႔ႀကိဳးစားေပမယ့္ လင္းမို၏ ခြန္အားမွာ သာမန္မဟုတ္ေပ။ လင္းမိုက သူ႔ကို ေက်ာက္ခံုတစ္ခုတြင္ အတင္းအၾကပ္ထိုင္ေစသည္။ ထို႔ေနာက္ လီခ်န္းယံု၏ ေ႐ွ႕သို႔ ဆန္ျပဳတ္ပန္းကန္တိုးေပေလသည္။

လီခ်န္းယံုက ဆန္ျပဳတ္ပန္းကန္ကို ျမင္သည္ႏွင့္ ႏွာေခါင္း႐ႈံ႕သြားသည္။ သူက ေအးစက္စက္ေလသံျဖင့္ လင္းမိုကိုေျပာလိုက္သည္။

"မင္းငါ့ကို ေနာက္တစ္ႀကိမ္ အဆိပ္မခတ္ဘူးလို႔ေျပာႏိုင္လား''

လင္းမိုက လီခ်န္းယံု၏ စကားကို စိတ္ဆိုးဟန္မျပေပ။ လီခ်န္းယံုကို သာ မ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္ေနသည္။ လီခ်န္းယံုမွာ အႏွီမေကာင္းဆိုးဝါး၏ ေစ့ေစ့စပ္စပ္ၾကည့္ေနျခင္းကို အေနရခက္လာသည္ႏွင့္ ေျပာလိုက္သည္။

"ဘာၾကည့္ေနတာလဲ''

"ငါစဥ္းစားေနတာ...မင္းဒီေလာက္တံုးတာ ေျမာက္ပိုင္းတစ္ခုလံုးကို ဘုရင္ျဖစ္ရင္ဘယ္လိုအုပ္ခ်ဳပ္မလဲ''

လီခ်န္းယံုမွာေဒါသကို ထိန္းမရသည္ႏွင့္ လင္းမိုကို လက္သီးႏွင့္ပစ္ထိုးလိုက္ေလသည္။ သို႔ေသာ္ သူ႔လက္သီးမွာ အတြင္းအားမပါသလို ျပင္းထန္မႈလည္းမ႐ွိပါ။ လင္းမိုက အသာအယာပင္ သူ႔လက္သီးဖမ္းဆုပ္ၿပီး ေျပာေလသည္။

"ငါေျပာတာက မင္းကို သတ္ခ်င္မွေတာ့ ဒီအထိအပင္ပန္းခံၿပီး ေခၚလာပါ့မလား''

လင္းမို၏စကားမွန္ေနေသာေၾကာင့္ လီခ်န္းယံုမွာ ဘာမွခြန္းတံု႔မျပန္ေတာ့ပါ။

"လႊတ္...''

လင္းမိုက လီခ်န္းယံု၏ လက္ကိုအသာအယာျပန္လႊတ္ေပးလိုက္သည္။

"စားေတာ့...ေ႐ွာင္ခ်ိဳကေျပာတာ မင္းမလႈပ္႐ွားေစနဲ႔တဲ့...သူအခု ေဆးပင္သြား႐ွာတယ္...ေဒါသလည္းမထြက္နဲ႔ေတာ့''

လီခ်န္းယံုက လင္းမို၏ မ်က္ႏွာကို ၾကည့္လိုက္သည္။ လင္းမိုက ခါတိုင္းလို ခပ္ေထ့ေထ့ျပံဳးမေနပါ။ သူ႔မ်က္ဝန္းေတြက ေလးနက္ၿပီး လီခ်န္းယံုကို အမွန္တကယ္စိုးရိမ္ေနဟန္႐ွိေလသည္။ ေလာေလာဆည္ လီခ်န္းယံုက သူ႔ခႏၱာကိုယ္ကို ဂ႐ုစိုက္ရမည္ျဖစ္ေသာေၾကာင့္ ဆန္ျပဳတ္ကိုေသာက္ရန္ဇြန္းကို ကိုင္လိုက္သည္။

သို႔ေသာ္...ကံဆိုးစြာပင္ လႈပ္႐ွားမႈမ်ားသြားေသာေၾကာင့္ အဆိပ္ကအာနိသင္ျပလာၿပီး လီခ်န္းယံု၏ အေၾကာမ်ားဆိုင္းသြားသလို လႈပ္မရေတာ့ေပ...

လီခ်န္းယံု၏ အေျခအေနကို ေတြ႔ေနရေသာ လင္းမိုမွာ တစ္မဟုတ္ခ်င္းစိတ္ပူသြားသည္။
"ခ်န္းယံု...ရရဲ႕လား''

႐ုတ္ျခည္းေျပာင္းလဲသြားေသာ လင္းမို၏ အမူအရာႏွင့္ ေပ်ာ့ေျပာင္းသြားေသာ ေလသံကို လီခ်န္းယံုအံ့အားသင့္ေနဆဲမွာပင္ လင္းမိုက ဆန္ျပဳတ္ပန္းကန္က ဇြန္းကိုယူၿပီးသူ႔ကို ခြံ႔ေကြၽးေလသည္။

"ပါးစပ္ဟ... ''
လီခ်န္းယံုကပါးစပ္ကို တင္းတင္းေစ့ထားသည္။

"မင္းမစားရင္ ေျမာက္ပိုင္းတစ္ခုလံုး ငါသိမ္းပစ္မယ္...မင္တို႔ နန္းေတာ္ကိုလည္း မီး႐ႈိ့ပစ္မယ္''

လင္းမို၏ ၿခိမ္းေျခာက္စကားေၾကာင့္ လီခ်န္းယံုမွာသူ႔ပါးစပ္ကို ဟေပးေလသည္။ ပထမတစ္ဇြန္းကို ခက္ခက္ခဲခဲၿမိဳခ်လိုက္ရသည္။ အရသာက လီခ်န္းယံုေမွ်ာ္လင့္ထားသည္ထက္ အနည္းငယ္ ပိုေကာင္းေနသည္။

"ေကာင္းလား...''

"မေကာင္းဘူး... ''

"အဲ့ဒါဆိုမစားနဲ႔ေတာ့''

"စားလို႔ေတာ့ရပါတယ္...''

သည္လိုနွင့္ တစ္ဇြန္းၿပီး တစ္ဇြန္း စိတ္႐ွည္စြာ လင္းမိုက လီခ်န္းယံုကို ခြံ႕ေကြၽးေနသည္မွာ တစ္ပန္းကန္ပင္ကုန္ေတာ့မည္။ ေနာက္တစ္ဇြန္းမွာေတာ့ လီခ်န္းယံုက ေခါင္းယမ္းျပသည္။

"ေတာ္ၿပီ..မစားေတာ့ဘူး ေ႐ွာင္ခ်ိဳကဘယ္ေတာ့ ျပန္လာမွာလဲ''

"ညေနေလာက္ျပန္ေရာက္မွာတဲ့''

"အင္း...သူလာရင္ငါ့ကိုေျပာ''

ေျပာေျပာဆိုဆို လီခ်န္းယံုက မတ္တပ္ရပ္လိုက္ရာ အေၾကာမ်ားထံုေနေသာ ေျခေထာက္က မေထာက္ႏိုင္ေသာေၾကာင့္ လဲၿပိဳသြားသည္။ မာေက်ာေက်ာ ေက်ာက္သား၏ အထိအေတြ႔ႏွင့္ နာက်င္မႈကို ခံစားရမည္ဟုထင္ထားေသာ္လည္း လင္းမိုက လ်င္ျမန္စြာပင္ လီခ်န္းယံုလွမ္းဖက္ၿပီး ဟန္ခ်က္ထိန္းေပးသည္။

"သတိထား''

လီခ်န္းယံုမွာ ႐ုတ္တရက္လွမ္းဖက္ခံလိုက္ရေသာေၾကာင့္ ေၾကာင္အသြားသည္။ သူ႔ခႏၱာကိုယ္က လင္းမို၏ ရင္ခြင္ထဲမွာ...လီခ်န္းယံု႐ုန္းကန္ခ်င္ေပမယ့္ သူမလႈပ္ႏိုင္ေပ။ အခုေတာင္ သူေတာ္ေတာ္ပင္ပန္းေနသည္။ အဆိပ္ေၾကာင့္ ခႏၱာကိုယ္က ႏြမ္းနယ္ၿပီး မ်က္လံုးမ်ားေမွးစင္းလာသည္။ သူအသိစိတ္လြတ္မသြားခင္မွာ လင္းမိုကသူ႔ခနၱာကိုယ္ကို ေပြ႔ခ်ီသြားသည္ကို သိလိုက္သည္။ ၿပီးေတာ့ သူ႔ကို အိပ္ရာေပၚခ်ေပးသည္။ ထို႔ေနာက္ လီခ်န္းယံုမွာ အိပ္ေပ်ာ္သြားေလသည္။

အဆိပ္ဒဏ္ေၾကာင့္ ျပန္လည္အိပ္ေပ်ာ္သြားေသာ လီခ်န္းယံုကို ၾကည့္ၿပီး လင္းမိုမွာ ေ႐ွာင္ခ်ိဳျမန္ျမန္ျပန္လာပါေစဟုသာ ဆုေတာင္းမိေတာ့သည္။
__________________________________________________________________________________


Continue Reading

You'll Also Like

115K 5.8K 32
chan-ငါမင္​းကိုအရမ္​းမုန္​းတယ္​ မင္​းက အရမ္​း အတၱႀကီးလြန္​းတယ္​ Sehun-hyung ကြၽန္​​ေတာ္​့ကို ႀကိဳက္​သ​ေလာက္​ မုန္​းႏိုင္​တယ္​ ...
122K 14.6K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
70K 3.1K 12
3ႏွစ္ၾကာ ၾကာသြားပီးတဲ့ ေနာက္ သူတို႔ရဲ႕ RS ဘယ္လို ဖစ္သြားမလဲ? ဒီ fic ကို ႀကိဳက္လို႔ ဘာသာျပန္ပီး ျပန္တင္ေရသားထားပါသည္ မူရင္း Author ကို Credit ေပးပါသည္။
3K 160 11
ဟန်မီရေးသမျှ ဝတ္ထုတိုတွေကို တစ်စုတစ်စည်းတည်း စုထားမယ့် စာအုပ်လေးပါ💛 ဟန္မီေရးသမွ် ဝတၳဳတိုေတြကို တစ္စုတစ္စည္းတည္း စုထားမယ့္ စာအုပ္ေလးပါ💛