The True Conqueror [Complete]

Por Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... Mais

Prolouge
Chapter 1
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 2

69K 7.1K 66
Por Heather_Bell

Unicode

အခန်း(၂)
လင်းမို၏ ရာဇသံ

ရှန်နိုင်ငံ၏ နန်းတော်တွင် မှူးမတ်များညီလာခံ၌ စုရုံးနေကြသည်။ သူတို့ဆီကို မကြာသေးမီက ယန်ဘုရင် လင်းမို စစ်ချီလာပြီဟူသော သတင်းဆိုးကြီးရောက်လာခဲ့ပေသည်။

ဘုရင်မင်းမြတ်က အရေးပေါ် ခေါ်ယူသော ညီလာခံတွင် မှူးမတ်များ၏ မျက်နှာ၌ စိုးရိမ်ပူပန်မှုများအထင်းသားပေါ်နေသည်။ လင်းမိုက ရာဇသံပေးထားသည်။

အညံ့ခံမည်လော စစ်တိုက်မည်လော။
မှူးမတ်တို့မှာ ရှန်ဘုရင်၏ အဆုံးအဖြတ်ကို နာခံဖို့သာ ရှိသည်။

"ဘုရင်မင်းမြတ်ကြွလာပါပြီ'' အထိန်းတော်တစ်ယောက်၏ အသံနှင့်အတူ ရှန်ဘုရင်ကြီးကြွလာပါသည်။ ရှန်ဘုရင်၏ နောက်တော်တွင် တိတ်ဆိတ်စွာ လိုက်ပါလာသူမှာ ရှန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား လီချန်းယုံပင်ဖြစ်သည်။

လီချန်းယုံသည် အသက် ၁၉နှစ် ရှိပြီး ချောမောခံ့ညားပြီး အရှိန်အဝါကြီးသော သွင်ဟန် ရှိသည်။ ရေခဲပြင်လို အေးစိမ့်နေသော ဒေသတွင် ကြီးပြင်းလာခဲ့ရသည့် မြောက်ပိုင်းသားများမှာနီစွတ်စွတ်ကြမ်းတမ်းသော အသားအရည်များရှိသည်။ သို့သော် လီချန်ယုံကမူ နှင်းပွင့်လို ဖြူဖွေးနူးညံ့သော အသားအရည်ရှိလေသည်။ လီချန်ယုံ၏ မျက်ခုံးများမှာ ထူထဲပြီး လှပသည်။ ထို မျက်ဝန်းတစ်စုံကို ထူထဲသော မျက်တောင်တို့က ဝန်းရံထားသည်။ နှာတံမှာ ဖြောင့်စင်းပြီး ၎င်းတွင် ပိရိသေသပ်သော နှုတ်ခမ်းများရှိသည်။ လီချန်ယုံ၏ ချောမောခံ့ညားမှုမှာ မြင်ရသူတိုင်းကို ငေးမောစေလောက်သည်။

ရှန်ဘုရင်ကြီးမှာ လွန်ခဲ့သောငါးနှစ်ကစပြီး ကျန်းမာရေးချို့တဲ့လာခဲ့ကာ အခုသူ့ကျန်းမာရေးအခြေအနေက အဆိုးဝါးဆုံး အခြေအနေတွင်ရှိနေသည်။ အရာရာကို ကြိုတင်တွက်ဆထားသော လင်းမိုက ဘုရင်ကြီးကျန်းမာရေးချို့တဲ့ချိန်နှင့် မြောက်ပိုင်းအားနည်းနေသည့် အချိန်ကို သေချာရွေးပြီး စစ်ချီလာခဲ့ခြင်းဖြစ်သည်။

ဘုရင်ကြီးမှာ ပလ္လင်ပေါ်ထိုင်ရာတွင်ပင် လီချန်းယုံကတွဲပေးရသည်။ မြောက်ပိုင်းရှန်နိုင်ငံ၏ ညီလာခံမှာ တခြားနိုင်ငံများနှင့် လားလားမှမဆိုင်။ ဘုရင်ကိုအကဲစမ်းပြီး အာဏာပြိုင်နေကြသော အမတ်များမရှိပေ။ မြောက်ပိုင်းသားများမှာ ရိုးရှင်းသည်။ ပရိယာယ်မကြွယ်တတ်။ မှူးမတ်များပင်လျှင် တခြားနိုင်ငံကလို အရှုပ်တော်ပုံများမဖန်တီးတတ်။ ဘုရင်မင်းမြတ်၏ အမိန့်သာ တစ်သွေးတစ်သံတစ်မိန့်ဖြစ်ပြီး မည်သူမျှ ငြင်းဆန်မည်မဟုတ်ပါ။

ရှန်ဘုရင်ကြီးသည် လင်းမို၏ အညံ့ခံမည်လား စစ်တိုက်မည်လားဆိုသော ရာဇသံကို သေချာစွာဆုံးဖြတ်ထားပြီးသည့်ပုံဖြစ်သည်။ သူ့ထံမှ တည်ငြိမ်ပြီး ပြတ်သားသော အသံထွက်ပေါ်လာခဲ့သည်။

"အလံကိုင် အိမ်တော်တွေ ဆင့်ခေါ်လိုက်''

ရှန်နိုင်ငံ၏ အုပ်ချုပ်မှုပုံစံမှာ အခြားနိုင်ငံများနှင့်မတူပါ။ ဘုရင်က နန်းတော်တွင် ကိုယ်ပိုင်စစ်တပ်သီးသန့်ဖွဲ့မထားဘဲ ပြည်နယ်အသီးသီးက အိမ်တော်များတွင်သာ စစ်တပ်ရှိလေသည်။ အိမ်တော်များမှာ ရှန်နိုင်ငံ၏ သွေးဖြူဝံပုလွေအလံကို ချိတ်ထားခြင်းသည် ရှန်ဘုရင်ကိုသစ္စာခံခြင်းကို ဖော်ကျူးလေသည်။ ဘုရင်က လိုအပ်သည့်အချိန်မှသာ အိမ်တော်အသီးသီးကို ဆင့်ခေါ်လေသည်။ ဘုရင်ကစစ်တိုက်ရန် အမိန့်ချမှတ်လိုက်သည်နှင့် အိမ်တော်အသီးသီးက မိမိတို့အင်အားစုများကို စုစည်းပြီး နန်းတော်သို့အရောက်လာကြမည်ဖြစ်သည်။

စစ်တပ်မှာ နိုင်ငံ၏ အင်အားပင်ဖြစ်သည်။ ထိုကဲ့သို့အရေးကြီးသော စစ်အင်အားကို ဘုရင်က နန်းတော်တွင်မထားဘဲ လက်အောက်ခံအိမ်တော်များတွင် ထားရှိသည်မှာ တောင်ပိုင်းနိုင်ငံများက ရူးကြောင်ကြောင်လုပ်ရပ်ဟုသာ မြင်လိမ့်မည်။ သို့သော် ဆိုခဲ့သည့်အတိုင်း မြောက်ပိုင်းသားများသည် သစ္စာကြီးသည်။ စိတ်ဓာတ်မာကျောသည်။ လက်အောက်ခံအိမ်တော်တို့က ဘုရင်ကိုပုန်ကန်ဖို့ မကြိုးစားသလို ဘုရင်ကလည်း အလုံးစုံအင်အားကို ချုပ်ကိုင်မထားဘဲ အိမ်တော်များကို ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးထားလေသည်။ ဘုရင်က စစ်တိုက်ရန် ဆုံးဖြတ်လျှင်လည်း အိမ်တော်တို့က ရှိသမျှအင်အားစုစည်းပြီး ဘုရင်နှင့် ရင်ပေါင်တန်းတိုက်ခိုက်မည်ဖြစ်သည်။

ယခုဘုရင်ကြီးက အလံကိုင်အိမ်တော်များကို ဆင့်ခေါ်စေခြင်းမှာ သေချာပေါက် စစ်တိုက်တော့မည်ဖြစ်သည်။ ဘုရင်ကြီးက ၎င်း၏ စကားဆက်ပြောလေသည်။

"ရှန်စစ်တပ်ကို ကိုယ်တော်ကိုတိုင် ဦးဆောင်မယ်''

ဘုရင်စကားကို မသွေမတိမ်းနာခံသော မြောက်ပိုင်းစစ်တပ်စစ်သူကြီးမှာ တုန်လှုပ်သွားသည်။ ရှန်ဘုရင်ကြီးမှာ ငယ်စဉ်က စစ်ရေးကျွမ်းကျင်ပြီး အရည်အချင်းရှိစွာနှင့် ရှန်စစ်တပ်ကို ကွပ်ကဲခဲ့သည်မှာ မှန်ကန်သော်လည်း ယခုမူ ဘုရင်ကြီးသက်တော်က ထောက်လာသည့်အပြင် ကျန်းမာရေးကချို့တဲ့လာသည်။ ဘုရင်သည် မြောက်ပိုင်း၏ အင်အားအရင်းခံဖြစ်သည်။ မြောက်ပိုင်းတစ်ခုလုံးဘုရင်ကို သစ္စာရှိပြီး အခုကဲ့သို့ အရေးကြီးသော အချိန်တွင် ဘုရင်၏ အဆုံးအဖြတ်များပို၍လိုပေသည်။ ထို့ကြောင့် စစ်သူကြီးချင် အလျင်အမြန်လျှောက်ထားလိုက်ရသည်။

"အရှင်မင်းကြီး...ကျွနိတော့်ကို ဦးဆောင်ခွင့်ပေးပါ၊ အရှင်မင်းကြီးဟာ မြောက်ပိုင်းရဲ့ အင်အားမို့လို့ အရှင့်အစား ဒီတိုက်ပွဲကို တိုက်ခွင့်ပေးပါ''

ဘေးက အခြေအနေအရပ်ရပ်ကို တည်ငြိမ်စွာလေ့လာနေသော အိမ်ရှေ့စံမင်းသား လီချန်ယုံကလည်း ဝင်ပြောလေသည်။

"ခမည်းတော်...သားတော်ကိုလည်းဦးဆောင်ခွင့်ပေးပါ၊ ကျူကျော်သူတွေကို မောင်းထုတ်ပြီး မြောက်ပိုင်းကို ကာကွယ်ခွင့်ပေးပါ''

ရှန်ဘုရင်ကြီးကမူ ကျန်းမာရေးချို့တဲ့နေသောမိမိထက် စစ်တပ်ကိုကွပ်ကဲရန် နှစ်ယောက်လုံးက ပိုသင့်တော်နေသည် ဖြစ်သည့်အတွက် အမိန့်ချမှတ်ရတော့သည်။

"စစ်သူကြီးချင်...ရှန်စစ်တပ်ကို ကွပ်ကဲပါ၊ အိမ်ရှေ့စံမင်းသား ချန်းယုံ လက်ထောက်စစ်သူကြီး အဖြစ် တာဝန်ယူပါ''

စစ်သူကြီးချင်နှင့် လီချန်းယုံတို့သည် ဘုရင်မင်းမြတ်ရဲ့ ပလ္လင်ရှေ့ဒူးထောက်ပြီး ပြိုင်တူပြောလိုက်သည်။

"မြောက်ပိုင်းကိုအသက်ရင်းနှင့်ရင်းပြီးကာကွယ်ဖို့ကတိသစ္စာပြုပါတယ်''

ပြတ်သားသော အမိန့်ကို ချမှတ်ပြီးသည့်နောက်မှာ ဘုရင်ကြီးကလည်း သူ့နန်းဆောင်ကိုပြန်လည်ထွက်ခွာသွားသည်။

စစ်သူကြီးချင်နှင့် လီချန်ယုံတို့မှာကား မကြာခင်လာတော့မည့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို စတင်ဆွေးနွေးနေကြတော့သည်။

တစ်ဖက်တွင်တော့ လင်းမိုသည် မြောက်ပိုင်းသို့ စစ်ချီတက်ရာ လမ်းခုလတ်တွင် စခန်းချထားလေသည်။ သူတို့စစ်ချီလာသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သည်။ လမ်းတစ်လျှောက် မြို့များ ရွာများ ကို ဖြတ်ကျော်ခဲ့ပြီဖြစ်သည်။ ယခုတွင် တောင်ပိုင်းအစွန်က ဆွေဟိုင်းလွင်ပြင်ကို ရောက်ရှိနေခြင်းဖြစ်သည်။ လွင်ပြင်မှာ ပြည်နယ်တစ်ခုစာလောက်ကျယ်ဝန်းပြီး လင်းမို၏ စစ်တပ်မှာ ဆွေဟိုင်းလွင်ပြင်ကို ဖြတ်ရန် နောက်ထပ် ဆယ်ရက်လောက်အချိန်ယူရနိုင်သည်။ လွင်ပြင်ကို ကျော်လျှင်တော့ လော့မြစ်ကို ရောက်မည်ဖြစ်သည်။ လော့ရေခဲမြစ်သည် မြောက်ပိုင်းနှင့် တောင်ပိုင်းကိုခြားနားထားသော သဘာဝအတားအဆီး တစ်ခုပင် ဖြစ်သည်။

ဆွေဟိုင်းလွင်ပြင်တွင် လင်းမို၏ စစ်သည်တော်တစ်သောင်းမှာ ရွက်ဖျင်တဲများ အသီးသီးထိုးပြီး နားနေကြသည်။ လွင်ပြင်တွင် စစ်သည်တို့၏ အစီအရီရွက်ဖျင်တဲများမှာ မျက်စိတစ်ဆုံး ရှိနေသည်။

အတိုင်ပင်ခံအမတ်ကြီး လင်းမို၏ ရွက်ဖျင်တဲထဲ ဝင်လာသည့်အချိန်တွင် လင်းမိုသည် စုတ်တံကိုင်ပြီး စာတစ်စောင်ရေးနေလေသည်။ အမတ်ကြီးကို မြင်တော့ လင်းမိုက ခေါင်းငြိမ့်ပြသည်။ အမတ်ကြီးက အရိပ်အကဲသိစွာပင် သင့်တော်ရာတွင်ထိုင်ပြီးစောင့်နေလေသည်။ ယန်ပြည်သူတို့အတွက် လင်းမိုက နတ်ဘုရားတစ်ပါးလို အစွမ်းထွက်လှသည်။ ကျူးကျော်သူများကို တိုက်ထုတ်ခဲ့သည့်အပြင် ထန်ရွှမ်းတိုက်တစ်ခုလုံးကိုပါ သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့လေသည်။ လင်းမို၏ စိတ်ကူးမှာ စိတ်ကူးသပ်သပ်မဟုတ်။ အခု လင်းမိုက ဆယ့်ငါးနိုင်ငံလုံးကို သိမ်းပိုက်ပြီး ထန်ရွှမ်းတိုက်တစ်ခုလုံးသိမ်းပိုက်ဖို့ ခြေတစ်လှမ်းသာလိုတော့သည်။

လင်းမိုက စာကိုခေါက်ပြီး လှောင်အိမ်ထဲက ခိုတစ်ကောင်၏ ခြေထောက်တွင် ချည်နေသည်။ အမတ်ကြီးက လင်းမိုလုပ်သမျှကို မမှိတ်မသုန် ကြည့်နေလေသည်။ ဘုရင်က ခြေမြန်တော်မသုံးဘဲ ခိုကို သုံးပြီး စာပို့သည်မှာ အကြောင်းရင်းနှစ်ချက်ရှိနေနိုင်သည်။ ပထမအကြောင်းရင်းမှာ ခိုသည် မြန်မြန်ဆန်ဆန်နှင့် အလွန်ဝေးလံသော နေရာများကို စာပို့ပေးနိုင်သည်။ ဒုတိယအကြောင်းကတော့ လင်းမိုက မည်သူမျှ အသိမခံသော စာကို ပို့လိုသောကြောင့် ခြေမြန်တော်မသုံးခြင်းဖြစ်သည်။ အမတ်ကြီးကမူ အကြောင်းရင်းနှစ်ချက်လုံးနှင့် သက်ဆိုင်နေနိုသည်ဟု တွက်ဆမိလေသည်။ သို့သော် စာက မည်သူ့ကို ရည်ရွယ်၍ ပေးပို့သည် ဆိုသည်ကတော့ လင်းမိုတစ်ယောက်သာ သိနိုင်လေသည်။

လင်းမိုက စာပို့ခိုကို လွှတ်ပေးပြီးနောက် အမတ်ကြီးကို စေ့စေ့ ကြည့်လိုက်သည်။ အမတ်ကြီးကလည်း အရှင့်၏ အကြည့်ကို နားလည်စွာဖြင့် လာရင်းကိစ္စကို အမြန်လျှောက်တင်ရတော့သည်။ ယန်အမတ်ကြီးမှာ ဘုရင်လင်းမို၏ ငယ်စဉ်ကတည်းက တတ်သင့်တပ်အပ်သည်များကို သင်ပေးခဲ့သော ဆရာသခင်လည်းဖြစ်လေသည်။ ထို့ကြောင့် လင်းမို၏ ဆယ့်ခြောက်နိုင်ငံသိမ်းပိုက်ရေး အိပ်မက်ကို အမတ်ကြီးကလည်း များစွာပံ့ပိုးပေးခဲ့လေသည်။

"အရှင်...မကြာခင်ဆွေဟိုင်းလွင်ပြင်ကိုကျော်ရင် လော့မြစ်ကိုရောက်တော့မယ်၊ လော့မြစ်က မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ခြားနားထားတာ ယန်စစ်သည်တွေအနေနဲ့ ရေခဲမြစ်ကို ဖြတ်ဖို့က မဖြစ်နိုင်ဘူးထင်တယ်''

အမတ်ကြီးစကားကြောင့် လင်းမိုမျက်နှာမှာ အပြုံရိပ်တစ်ချို့ ဖြတ်သန်းသွားသည်။ သေသပ်ပိရိသော နှုတ်ခမ်းတို့က အထက်ကို ယောင်ယောင်လေးကွေးသွားသည်။ နက်မှောင်စူးရှသော မျက်လုံးမှာ ပိုပြီးစူးရှလာသည်။

"စိတ်မပူပါနဲ့ အမတ်ကြီးကိုယ်တော် ဒီကိစ္စကို ပြင်ဆင်ပြီးပြီ''

အမတ်ကြီးကတော့ အနည်းငယ် အံ့သြသွားသည်။ သူက လင်းမိုကို တစ်ချိန်လုံး ခစားနေသူဖြစ်သည်။ လင်းမို မည်သည့်အချိန်က ပြင်ဆင်လိုက်သည်ကို သူမသိလိုက်ပါ။ သို့သော် လင်းမို၏ အစွမ်းအစမှာ သံသယဖြစ်စရာအကြောင်းမရှိပေ။ ဘုရင်က ပြင်ဆင်ပြီး ပြီဆိုလျှင် မိမိလို အမတ်ကြီးက အထွန့်တက်စရာမရှိတော့ပါ။

"အရှင်...နောက်တစ်ချက်ကလေ...''

အမတ်ကြီးမှာစကားကို တုံ့ဆိုင်းနေသည်။ သူစကားကို ပြောသင့်မသင့် ချင့်ချိန်နေသည်။

"ပြောစရာရှိတာပြောပါ''

"မြောက်ပိုင်းမှာ ဒဏ္ဍာရီ တစ်ပုဒ်ရှိတယ်''
အမတ်ကြီးစကားကြောင့် လင်းမို၏ ထူထဲနက်မှောင်သော မျက်ခုံးတစ်စုံက မသိမသာ မြင့်တက်လာသည်။ လင်းမိုက အနည်းငယ် အံ့သြသော အသံဖြင့် ရေရွတ်လိုက်လေသည်။

"ဒဏ္ဍာရီဟုတ်လား''

.......................................................................................................

Zawgyi

အခန္း(၂)
လင္းမို၏ ရာဇသံ

႐ွန္ႏိုင္ငံ၏ နန္းေတာ္တြင္ မႉးမတ္မ်ားညီလာခံမွာ စုရံုးေနၾကသည္။ သူတို႔ဆီကို မၾကားေသးခင္က ယန္ဘုရင္ လင္းမို စစ္ခ်ီလာၿပီဟူေသာ သတင္းဆိုးႀကီးေရာက္လာခဲ့ေပသည္။ ဘုရင္မင္းျမတ္က အေရးေပၚ ေခၚယူေသာ ညီလာခံတြင္ မႉးမတ္မ်ား၏ မ်က္ႏွာမွာ စိုးရိမ္ပူပန္မႈမ်ားအထင္းသားေပၚေနသည္။ လင္းမိုက ရာဇသံေပးထားသည္။ အညံ့ခံမည္လား စစ္တိုက္မည္လား...မႉးမတ္တို႔မွာ ႐ွန္ဘုရင္၏ အဆံုးအျဖတ္ကို နာခံဖို႔သာ ႐ွိသည္။

"ဘုရင္မင္းျမတ္ႂကြလာပါၿပီ'' အထိန္းေတာ္တစ္ေယာက္၏ အသံႏွင့္အတူ ႐ွန္ဘုရင္ႀကီးႂကြလာပါသည္။ ႐ွန္ဘုရင္၏ ေနာက္ေတာ္တြင္ တိတ္ဆိတ္စြာ လိုက္ပါလာသူကေတာ့ ႐ွန္ႏိုင္ငံ၏ အိမ္ေ႐ွ႕စံမင္းသား လီခ်န္ယံုပင္ျဖစ္သည္။ လီခ်န္ယံုသည္ အသက္ ၁၉ႏွစ္ ႐ွိၿပီး အလြန္တရာေခ်ာေမာခံ့ညားေလသည္။ ေရခဲျပင္လို ေအးစိမ့္ေနေသာ ေဒသတြင္ ႀကီးျပင္းလာခဲ့ရေသာ ေျမာက္ပိုင္းသားမ်ားမွာနီစြတ္စြတ္ၾကမ္းတမ္းေသာ အသားအရည္မ်ား႐ွိသည္။ သို႔ေသာ္ လီခ်န္ယံုကမူ ႏွင္းပြင့္လို ျဖဴေဖြးႏူးညံ့ေသာ အသားအရည္႐ွိေလသည္။ လီခ်န္ယံု၏ မ်က္ခံုးမ်ားမွာ ထူထဲၿပီး လွပေသာ မ်က္ဝန္းတစ္စံုကို ထူထဲေသာ မ်က္ေတာင္တို႔က ဝန္းရံထားသည္။ ႏွာတံမွာ ေျဖာင့္စင္းၿပီး ပိရိေသသပ္ေသာ ႏႈတ္ခမ္းမ်ား႐ွိသည္။ လီခ်န္ယံု၏ ေခ်ာေမာခန္႔ညားမႈမွာ ျမင္ရသူတိုင္းကို ေငးေမာေစေလာက္သည္။

႐ွန္ဘုရင္ျကီးမွာ လြန္ခဲ့ေသာငါးႏွစ္ကစၿပီး က်န္းမာေရးခ်ိဳ႕တဲ့လာခဲ့ကာ အခုသူ႔က်န္းမာေရးအေျခအေနက အဆိုးဝါးဆံုး အေျခအေနတြင္႐ွိေနသည္။ အရာရာကို ႀကိဳတင္တြက္ဆထားေသာ လင္းမိုက ဘုရင္ႀကီးက်န္းမားေရးခ်ိဳ႕တဲ့ခ်ိန္ႏွင့္ ေျမာက္ပိုင္းအားနည္းေနသည့္ အခ်ိန္ကို ေသခ်ာေရြးၿပီး စစ္ခ်ီလာခဲ့ျခင္းျဖစ္သည္။

ဘုရင္ႀကီးမွာ ပလႅင္ေပၚထိုင္ရာတြင္ပင္ လီခ်န္းယံုကတြဲေပးရသည္။ ေျမာက္ပိုင္း႐ွန္ႏိုင္ငံ၏ ညီလာခံမွာ တျခားႏိုင္ငံမ်ားႏွင့္ လားလားမွမဆိုင္။ ဘုရင္ကိုအကဲစမ္းၿပီး အာဏာၿပိဳင္ေနၾကေသာ အမတ္မ်ားမ႐ွိေပ။ ေျမာက္ပိုင္းသားမ်ားမွာ ႐ိုး႐ွင္းသည္။ ပရိယာယ္မႂကြယ္တတ္။ မႉးမတ္မ်ားပင္လွ်င္ တျခားႏိုင္ငံကလို အ႐ႈပ္ေတာ္ပံုမ်ားမဖန္တီးတတ္။ ဘုရင္မင္းျမတ္၏ အမိန္႔သာ တေသြးတသံတစ္မိန္႔ျဖစ္ၿပီး မည္သူမွ် ျငင္းဆန္မည္မဟုတ္ပါ။

႐ွန္ဘုရင္ႀကီးမွာ လင္းမို၏ အညံ့ခံမည္လား စစ္တိုက္မည္လားဆိုေသာ ရာဇသံကို ေသခ်ာစြာဆံုးျဖတ္ထားၿပီးသည့္ပံုျဖစ္သည္။ သူ႔ထံမွ တည္ၿငိမ္ၿပီး ျပတ္သားေသာ အသံထြက္ေပၚလာခဲ့သည္။

"အလံကိုင္ အိမ္ေတာ္ေတြ ဆင့္ေခၚလိုက္''
႐ွန္ႏိုင္ငံ၏ အုပ္ခ်ဳပ္မႈပံုစံမွာ တျခားႏိုင္ငံမ်ားႏွင့္မတူပါ။ ဘုရင္က နန္းေတာ္တြင္ ကိုယ္ပိုင္စစ္တပ္သီးသန္႔ဖြဲ႔မထားဘဲ ျပည္နယ္အသီးသီးက အိမ္ေတာ္မ်ားတြင္သာ စစ္တပ္႐ွိေလသည္။ အိမ္ေတာ္မ်ားမွာ ႐ွန္ႏိုင္ငံ၏ ေသြးျဖဴဝံပုေလြအလံကို ခ်ိတ္ထားျခင္းသည္ ႐ွန္ဘုရင္ကိုသစၥာခံျခင္းကို ေဖာ္က်ဴးေလသည္။ ဘုရင္က လိုအပ္သည့္အခ်ိန္မွသာ အိမ္ေတာ္အသီးသီးကို ဆင့္ေခၚေလသည္။ ဘုရင္ကစစ္တိုက္ဖို႔ အမိန္႔ခ်မွတ္လိုက္သည္ႏွင့္ အိမ္ေတာ္အသီးသီးက မိမိတို႔အင္အားစုမ်ားကို စုစည္းၿပီး နန္းေတာ္သို႔အေရာက္လာၾကမည္ျဖစ္သည္။

စစ္တပ္မွာ ႏိုင္ငံ၏ အင္အားပင္ျဖစ္သည္။ ထိုကဲ့သို႔အေရးႀကီးေသာ စစ္အင္အားကို ဘုရင္က နန္းေတာ္တြင္မထားဘဲ လက္ေအာက္ခံအိမ္ေတာ္မ်ားတြင္ ထား႐ွိသည္မွာ ေတာင္ပိုင္းႏိုင္ငံမ်ားက ႐ူးေၾကာင္ေၾကာင္လုပ္ရပ္ဟုသာ ျမင္လိမ့္မည္။ သို႔ေသာ္ ဆိုခဲ့သည့္အတိုင္း ေျမာက္ပိုင္းသားမ်ားသည္ သစၥာႀကီးသည္။ စိတ္ဓာတ္မာေက်ာသည္။ လက္ေအာက္ခံအိမ္ေတာ္တို႔က ဘုရင္ကိုပုန္ကန္ဖို႔ မႀကိဳးစားသလို ဘုရင္ကလည္း အလံုးစံုအင္အားကို ခ်ဳပ္ကိုင္မထားဘဲ အိမ္ေတာ္ေတြကို ကိုယ္ပိုင္လြတ္လပ္ခြင့္ေပးထားေလသည္။ ဘုရင္က စစ္တိုက္ဖို႔ ဆံုးျဖတ္လွ်င္လည္း အိမ္ေတာ္တို႔က ႐ွိသမွ်အင္အားစုစည္းၿပီး ဘုရင္ႏွင့္ ရင္ေပါင္တန္းတိုက္ခိုက္မည္ျဖစ္သည္။

အခုဘုရင္ႀကီးက အလံကိုင္အိမ္ေတာ္ေတြကို ဆင့္ေခၚေစျခင္းမွာ ေသခ်ာေပါက္ စစ္တိုက္ေတာ့မည္ျဖစ္သည္။ ဘုရင္ျကီးက စကားဆက္ေျပာေလသည္။

"႐ွန္စစ္တပ္ကို ကိုယ္ေတာ္ကိုတိုင္ ဦးေဆာင္မယ္''

ဘုရင္စကားကို မေသြမတိမ္းနာခံေသာ ေျမာက္ပိုင္းစစ္တပ္စစ္သူႀကီးမွာ တုန္လႈပ္သြားသည္။ ႐ွန္ဘုရင္ႀကီးမွာ ငယ္စဥ္က စစ္ေရးကြၽမ္းက်င္ၿပီး အရည္အခ်င္း႐ွိစြာႏွင့္ ႐ွန္စစ္တပ္ကို ကြပ္ကဲခဲ့သည္မွာ မွန္ကန္ေသာ္လည္း ယခုမူ ဘုရင္ႀကီးသက္ေတာ္က ေထာက္လာသည့္အျပင္ က်န္းမာေရးကခ်ိဳ႕တဲ့လာသည္။ ဘုရင္သည္ ေျမာက္ပိုင္း၏ အင္အားအရင္းခံျဖစ္သည္။ ေျမာက္ပိုင္းတစ္ခုလံုးဘုရင္ကို သစၥာ႐ွိၿပီး အခုကဲ့သို႔ အေရးႀကီးေသာ အခ်ိန္တြင္ ဘုရင္၏ အဆံုးအျဖတ္မ်ားပို၍လိုေပသည္။ ထို႔ေၾကာင့္ စစ္သူႀကီးခ်င္ အလ်င္အျမန္ေလွ်ာက္ထားလိုက္ရသည္။

"အ႐ွင္မင္းႀကီး...ကြၽနိေတာ့္ကို ဦးေဆာင္ခြင့္ေပးပါ။ အ႐ွင္မင္းႀကီးဟာ ေျမာက္ပိုင္းရဲ႕ အင္အားမလို႔ အ႐ွင့္အစား ဒီတိုက္ပြဲကို တိုက္ခြင့္ေပးပါ''

ေဘးက အေျခအေနအရပ္ရပ္ကို တည္ၿငိမ္စြာေလ့လာေနေသာ အိမ္ေ႐ွ႕စံမင္းသား လီခ်န္ယံုကလည္း ဝင္ေျပာေလသည္။

"ခမည္းေတာ္...သားေတာ္ကိုဦးေဆာင္ခြင့္ေပးပါ။ က်ဴေက်ာ္သူေတြကို ေမာင္းထုတ္ၿပီး ေျမာက္ပိုင္းကို ကာကြယ္ခြင့္ေပးပါ''

႐ွန္ဘုရင္ႀကီးကမူ က်န္းမာေရးခ်ိဳ႕တဲ့ေနေသာမိမိထက္ စစ္တပ္ကိုကြပ္ကဲရန္ ႏွစ္ေယာက္လံုးက ပိုသင့္ေတာ္ေနသည္ ျဖစ္သည့္အတြက္ အမိန္႔ခ်မွတ္ရေတာ့သည္။

"စစ္သူႀကီးခ်င္...႐ွန္စစ္တပ္ကို ကြပ္ကဲပါ။ အိမ္ေ႐ွ႕စံမင္းသား ခ်န္ယံု လက္ေထာက္စစ္သူႀကီး အျဖစ္ တာဝန္ယူပါ''

စစ္သူႀကီးခ်င္ႏွင့္ လီခ်န္ယံုတို႔သည္ ဘုရင္မင္းျမတ္ရဲ႕ ပလႅင္ေ႐ွ႕ဒူးေထာက္ၿပီး ၿပိဳင္တူေျပာလိုက္သည္။

"ေျမာက္ပိုင္းကိုအသက္ရင္းႏွင့္ရင္းၿပီးကာကြယ္ဖို႔ကတိသစၥာျပဳပါတယ္''

ျပတ္သားေသာ အမိန္႔ကို ခ်မွတ္ၿပီးတဲ့ေနာက္မွာ ဘုရင္ႀကီးကလည္း သူ႔နန္းေဆာင္ကိုျပန္လည္ထြက္ခြာသြားသည္။ စစ္သူႀကီးခ်င္ႏွင့္ လီခ်န္ယံုတို႔မွာ မၾကာခင္လာေတာ့မည့္ စစ္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ားကို စတင္ေဆြးေႏြးေနၾကေတာ့သည္။

တစ္ဖက္တြင္ေတာ့ လင္းမိုသည္ ေျမာက္ပိုင္းသို႔ စစ္ခ်ီတက္ရာ လမ္းခုလတ္တြင္ စခန္းခ်ထားေလသည္။ သူတို႔စစ္ခ်ီလာတာ ဆယ္ရက္ေက်ာ္ၿပီျဖစ္သည္။ လမ္းတစ္ေလွ်ာက္ ၿမိဳ႕မ်ား ရြာမ်ား ကို ျဖတ္ေက်ာ္ခဲ့ၿပီ။ ယခုကေတာ့ ေတာင္ပိုင္းအစြန္က ေဆြဟိုင္းလြင္ျပင္ကို ေရာက္႐ွိေနျခင္းျဖစ္သည္။ လြင္ျပင္မွာ ျပည္နယ္တစ္ခုစာေလာက္က်ယ္ဝန္းၿပီး လင္းမို၏ စစ္တပ္မွာ ေဆြဟိုင္းလြင္ျပင္ကို ျဖတ္ဖို႔ ေနာက္ထပ္ ဆယ္ရက္ေလာက္အခ်ိန္ယူရႏိုင္သည္။ လြင္ျပင္ကို ေက်ာ္လွ်င္ေတာ့ ေလာ့ျမစ္ကို ေရာက္မည္ျဖစ္သည္။ ေလာ့ေရခဲျမစ္သည္ ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္းကိုျခားနားထားေသာ သဘာဝအတားအဆီး တစ္ခုပင္ ျဖစ္သည္။

ေဆြဟိုင္းလြင္ျပင္တြင္ လင္းမို၏ စစ္သည္ေတာ္တစ္ေသာင္းမွာ ရြက္ဖ်င္ထည္မ်ား အသီးသီးထိုးၿပီး နားေနၾကသည္။ လြင္ျပင္တြင္ စစ္သည္တို႔၏ အစီအရီရြက္ဖ်င္တဲမ်ားမွာ မ်က္စိတစ္ဆံုး ႐ွိေနသည္။

အတိုင္ပင္ခံအမတ္ႀကီး လင္းမို၏ ရြက္ဖ်င္တဲထဲ ဝင္လာေတာ့ လင္းမိုမွာ စုတ္တံကိုင္ၿပီး စာတစ္ေစာင္ေရးေနေလသည္။ အမတ္ႀကီးကို ျမင္ေတာ့ လင္းမိုက ေခါင္းၿငိမ့္ျပသည္။ အမတ္ႀကီးက အရိပ္အကဲသိစြာပင္ သင့္ေတာ္ရာတြင္ထိုင္ၿပီးေစာင့္ေနေလသည္။ ယန္ျပည္သူတို႔အတြက္ လင္းမိုက နတ္ဘုရားတစ္ပါးလို အစြမ္းထြက္လွသည္။ က်ဴးေက်ာ္သူမ်ားကို တိုက္ထုတ္ခဲ့သည့္အျပင္ ထန္ရႊမ္းတိုက္တစ္ခုလံုးကိုပါ သိမ္းပိုက္ဖို႔ ႀကိဳးပမ္းခဲ့ေလသည္။ လင္းမို၏ စိတ္ကူးမွာ စိတ္ကူးသပ္သပ္မဟုတ္။ အခု လင္းမိုက ဆယ့္ငါးႏိုင္ငံလံုးကို သိမ္းပိုက္ၿပီး ထန္ရႊမ္းတိုက္တစ္ခုလံုးသိမ္းပိုက္ဖို႔ ေျခတစ္လွမ္းပဲလိုေတာ့သည္။

လင္းမိုက စာကိုေခါက္ၿပီး ေလွာင္အိမ္ထဲက ခိုတစ္ေကာင္ရဲ႕ ေျခေထာက္မွာ ခ်ည္ေနသည္။ အမတ္ႀကီးက လင္းမိုလုပ္သမွ် မမွိတ္မသုန္ ၾကည့္ေနေလသည္။ ဘုရင္က ေျချမန္ေတာ္မသံုးပဲ ခိုကို သံုးၿပီး စာပို႔သည္မွာ အေၾကာင္းရင္းႏွစ္ခ်က္႐ွိေနႏိုင္သည္။ ပထမအေၾကာင္းရင္း ခိုသည္ ျမန္ျမန္ဆန္ဆန္ႏွင့္ အလြန္ေဝးလံေသာ ေနရာမ်ားကို စာပို႔ေပးႏိုင္သည္။ ဒုတိယအေၾကာင္းကေတာ့ လင္းမိုက မည္သူမွ် အသိမခံေသာ စာကို ပို႔လိုေသာေၾကာင့္ ေျချမန္ေတာ္မသံုးျခင္းျဖစ္သည္။ အမတ္ႀကီးကေတာ့ အေၾကာင္းရင္းႏွစ္ခ်က္လံုးႏွင့္ သက္ဆိုင္ေနေၾကာင္း ရိပ္မိေလသည္။ သို႔ေသာ္ စာက မည္သူ႔ကို ပို႔ဖို႔ ၾကံရြယ္သည္ဆိုတာေတာ့ လင္းမိုကလြဲၿပီး မည္သူမွ်မသိႏိုင္ေခ်။

လင္းမိုက စာပို႔ခိုကို လႊတ္ေပးၿပီးေတာ့ အမတ္ႀကီးကို ၾကည့္လိုက္သည္။ အမတ္ႀကီးကလည္း လာရင္းကိစၥကို အျမန္ေလွ်ာက္တင္ရေတာ့သည္။ ယန္အမတ္ႀကီးမွာ ဘုရင္လင္းမို၏ ငယ္စဥ္ကတည္းက တတ္သင့္တပ္အပ္သည္မ်ားကို သင္ေပးခဲ့ေသာ ဆရာသခင္လည္းျဖစ္ေလသည္။ ထို႔ေၾကာင့္ လင္းမို၏ ဆယ့္ေျခာက္ႏိုင္ငံသိမ္းပိုက္ေရး အိပ္မက္ကို အမတ္ႀကီးကလည္း မ်ားစြာပံ့ပိုးေပးခဲ့ေလသည္။

"အ႐ွင္...မၾကာခင္ေဆြဟိုင္းလြင္ျပင္ကိုေက်ာ္ရင္ ေလာ့ျမစ္ကိုေရာက္ေတာ့မယ္။ ေလာ့ျမစ္က ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းကို ျခားနားထားတာ ယန္စစ္သည္ေတြအေနနဲ႔ ေရခဲျမစ္ကို ျဖတ္ဖို႔က မျဖစ္ႏိုင္ဘူးထင္တယ္''

အမတ္ႀကီးစကားေၾကာင့္ လင္းမိုမ်က္ႏွာမွာ အျပံဳရိပ္တစ္ခ်ိဳ႕ ျဖတ္သန္းသြားသည္။ ေသသပ္ပိရိေသာ ႏႈတ္ခမ္းတို႔က အထက္ကို ေယာင္ေယာင္ေလးေကြးသြားသည္။ နက္ေမွာင္စူး႐ွေသာ မ်က္လံုးမွာ ပိုၿပီးစူး႐ွလာသည္။

"စိတ္မပူပါနဲ႔ အမတ္ႀကီးကိုယ္ေတာ္ ဒီကိစၥကို ျပင္ဆင္ၿပီးၿပီ''

အမတ္ႀကီးကေတာ့ အနည္းငယ္ အံ့ျသသြားသည္။ သူက လင္းမိုကို တစ္ခ်ိန္လံုး ခစားေနသူပါ။ လင္းမို ဘယ္လို ျပင္ဆင္လိုက္တာလဲ သူမသိလိုက္ပါ။ သို႔ေသာ္ လင္းမို၏ အစြမ္းအစမွာ သံသယျဖစ္စရာမ႐ွိ။ ဘုရင္က ျပင္ဆင္ၿပီး ၿပီဆိုလွ်င္ မိမိလို အမတ္ႀကီးက အထြန္႔တက္စရာမ႐ွိေတာ့ပါ။

"အ႐ွင္...ေနာက္တစ္ခ်က္ကေလ...''

အမတ္ႀကီးမွာစကားကို တံု႔ဆိုင္းေနသည္။ သူစကားကို ေျပာသင့္မသင့္ ခ်င့္ခ်ိန္ေနသည္။

"ေျပာစရာ႐ွိတာေျပာပါ''

"ေျမာက္ပိုင္းမွာ ဒ႑ာရီတစ္ပုဒ္႐ွိတယ္''
အမတ္ႀကီးစကားေၾကာင့္ လင္းမိုရဲ႕ထူထဲနက္ေမွာင္ေသာ မ်က္ခံုးတစ္စံုက မသိမသာ ျမင့္တက္လာသည္။ လင္းမိုက အနည္းငယ္ အံ့ျသေသာ အသံျဖင့္ ေရရြတ္လိုက္ေလသည္။

"ဒ႑ာရီဟုတ္လား???''

Continuar a ler

Também vai Gostar

79.6K 5.2K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
165K 14.4K 27
Not a fantasy fanfiction just want to write something normal... a normal love story ^^ enjoy
10.2K 883 12
Zawgyi __ပံုျပင္ေလးကေတာ့ ဒီလိုစတယ္ကြဲ႕ တစ္ခါတုန္းက စိတ္ဓာတ္ေတြက်ၿပီး ေလာကႀကီးကို အရွံုးေပးေတာ့မယ့္ ေကာင္ေလးတစ္ေယာက္ရွိသတဲ့ကြယ္ အဲ့ေကာင္ေလးရဲ႕ေနာက္ဆံ...
3K 160 11
ဟန်မီရေးသမျှ ဝတ္ထုတိုတွေကို တစ်စုတစ်စည်းတည်း စုထားမယ့် စာအုပ်လေးပါ💛 ဟန္မီေရးသမွ် ဝတၳဳတိုေတြကို တစ္စုတစ္စည္းတည္း စုထားမယ့္ စာအုပ္ေလးပါ💛