[ Zawgyi ]
ေအာက္ထပ္ေရာက္ေတာ့
ဧည့္ခန္းမွာထိုင္ေနၾကသည့္
မာမီႏွင့္ ကိုႀကီးက
ကြၽန္ေတာ့ကိုျမင္သည္ႏွင့္
“ ကေလးေရာ...
ငယ္ေလးကို သြားႏွိုးမယ္ဆိုၿပီး
တက္သြားတယ္ေလ...
လာမႏွိုးဘူးလား..."
" ႏွိုးတယ္..."
"ႏွိုးတယ္ဆိုၿပီး ဘယ္နားမွာ
က်န္ေနခဲ့လဲ..."
“ သား ခုတင္ေပၚမွာ
အိပ္ေပ်ာ္ေနတယ္..."
“ ဟင္...သြားႏွိုးမယ္ဆိုၿပီး
တက္သြားၿပီးေတာ့ အိပ္ေပ်ာ္သြားတာလား။
ဘာတဲ့ ေနပါဦး...ကိုကိုက
မုန႔္ဝယ္ေကြၽးမယ္ ေျပာထားလို႔တဲ့... ဟုတ္လား...သားသူ႕ကို
မုန႔္ဝယ္ေကြၽးမယ္လို႔ ေျပာထားလား...”
ဟု မာမီက ဝင္ေမးေလသည္...
အလည္ေကာင္ေလး...
ဆိုဂ်ဴလို႔ေျပာလိုက္ရင္
အဆူခံရမယ္ဆိုတာကို
သိပုံရသည္...အဲ့ေတာ့
မုန႔္ဝယ္ေကြၽးမွာဆိုၿပီး ေျပာသည္...
မင္းကို ငါတိုင္ဦးမွာ ၾကည့္ထား...
“ အလကား
ေလွ်ာက္ေျပာေနတာအဲ့ေကာင္...
ဆိုဂ်ဴနဲ႕ဝက္ေခါက္ကင္ကို
တစ္ခါမွ မစားဖူးလို႔ ဝယ္ေကြၽးပါဆိုၿပီး
သားကိုပူဆာထားတာ..."
" အဲ့ဒါနဲ႕ပဲ ဝယ္ေကြၽးမလို႔လား..."
“ အဲ့တုန္းက သားလည္း ဒီအတိုင္း
ၿပီးၿပီးေရာေျပာလိုက္တာ...
တကယ္စားမယ္လို႔ မထင္ဘူး...
မွတ္လည္း မွတ္မထားေလာက္ဘူး
ထင္ေနတာ..."
“ ဘာပဲျဖစ္ျဖစ္ အခုေတာ့
သူ အိပ္ေပ်ာ္ေနၿပီမလား...
ထားလိုက္... ေမ့ခ်င္ေယာင္
ေဆာင္ေနလိုက္ေတာ့...”
ဟု ကိုႀကီးကေျပာေတာ့
ကြၽန္ေတာ္လည္းေခါင္းညိတ္ျပလိုက္ကာ
ကိုႀကီးေျပာသလိုပဲ ထားလိုက္ေတာ့မည္...
သို႔ေသာ္ ညဘက္အိပ္ခါနီးမွနိုးလာၿပီး
သူ႕ကို ဝယ္မေကြၽးလို႔ဆိုၿပီး
ကြၽန္ေတာ့ခုတင္ေပၚမွာ တစ္ခ်ိန္လုံး
ထိုင္ငိုေနမယ္လို႔ ဘယ္သူကထင္မွာလဲ...
ဝယ္မေကြၽးမခ်င္း တအိအိႏွင့္
ငိုေနတာေၾကာင့္ ညဘက္
၁၀နာရီ ၁၁နာရီေလာက္ႀကီး
လိုက္ဝယ္ေကြၽးရလိမ့္မယ္လို႔ေရာ
ဘယ္သူကထင္မွာလဲ...
ဆိုင္ကို ကားေမာင္းလာတဲ့
တစ္ခ်ိန္လုံး ေဘးထိုင္ခုံတြင္
တစ္ရႈံ႕ရႈံ႕လုပ္ေနၿပီး
ဆိုင္ကိုေရာက္ၿပီး စားစရာေတြ
မွာၿပီးသည္အထိေတာင္
အငိုကမတိတ္ေသးတာေၾကာင့္
ဘာလို႔အဲ့ေလာက္ေတာင္ ငိုေနတာလဲဟု
ေမးလိုက္ေတာ့ သူ႕ရဲ႕ထုံးစံအတိုင္း
ကြၽန္ေတာ့၏ အျပစ္ေတြ
တစ္သီတစ္သန္းႀကီးျဖစ္ေသာ
သူ႕ကို လိမ္လို႔....
ကတိမတည္လို႔....
သူ႕ကိုေမ့ထားလို႔....
သူ႕ကိုပစ္ထားလို႔....ဆိုသည့္
စြပ္စြဲခ်က္ေတြကို အားရပါးရေျပာကာ
အငိုမရပ္သည့္ငတိအား လုံးေခ်ၿပီးေတာ့သာ
ၿမိဳခ်ပစ္လိုက္ခ်င္ေတာ့သည္....
ညလုံးေပါက္ဖြင့္သည့္ဆိုင္ေလးျဖစ္ၿပီး
ကြၽန္ေတာ္တို႔သူငယ္ခ်င္းေတြ
စားေနက်ျဖစ္သည့္ဆိုင္ေလးတြင္
အေခါက္ေရာ အသားေရာ
ဆိုဂ်ဴေတြေရာ ထမင္းသုပ္ေရာ
မွာၿပီး ကင္ေပးၿပီးသည့္တိုင္ေအာင္
ငိုလို႔ကိုမၿပီးေသး...
သူ႕မွာ တေမ့တေမာေတြးၿပီး
ဝမ္းနည္းလို႔မဆုံးျဖစ္ေနပုံပင္...
အျမင္ကပ္ကပ္ႏွင့္ ပါးစပ္ထဲ
အကင္တစ္ခု ခြံ႕လိုက္ေတာ့
ကြၽန္ေတာ့ကို မ်က္ေစာင္းထိုးၿပီး
ဝါးစားေလသည္...
ၾကည့္...မစားတာလည္း မဟုတ္ဘူး...
ငိုရင္းတန္းလန္းနဲ႕ ဝါးစားေနတာ
ပါးစပ္ထဲကို ေနာက္တစ္ဖက္
ထပ္ခြံ႕လိုက္ေတာ့လည္း စားတာပါပဲ။
စားေနရင္းနဲ႕မွ...
“ ကိုကိုက ဘာလို႔ မႏွိုးတာလဲ...”
ေဟာၾကည့္ အျပစ္ကရွာျပန္ၿပီ...
“ မင္းက အိပ္ေမာက်ေနတာကိုး...”
" ကိုကိုက အတင္းအိပ္ခိုင္းတာကိုး..."
"ငါက ဘယ္တုန္းက အိပ္ခိုင္းလို႔လဲ...
ငါ့ဘာ့သာငါ အိပ္မယ္ေျပာတာကို
သူ႕ဘာ့သာသူ အိပ္သြားၿပီးေတာ့..."
"ဟင္...ကိုကိုက အတင္းႀကီး
ဖက္ထားတာကိုး..."
"ခြထားတာေတာ့ လုပ္လိုက္..."
"ဖက္ထားတယ္လို႔ေျပာပါဆို...
ကိုကိုက အတင္းႀကီးဖက္ထားေတာ့
အိပ္ေပ်ာ္သြားတာေပါ့..."
" ေဟ်ာင့္ အပိုေတြမေျပာနဲ႕...
မင္းဘာ့သာ့မင္း အိပ္ခ်င္လို႔
အိပ္ၿပီးေတာ့မ်ား။ အိပ္မယ္ေျပာတဲ့
ငါေတာင္ အိပ္မေပ်ာ္ေသးဘူး
သူက တခူးခူးတေခါေခါ ျဖစ္ေနၿပီ..."
"ကိုကို႔ရင္ခြင္ႀကီးက ႏြေးတာကိုး...
ကိုကို...အာ..."
ဘယ္လိုဟာေလးမွန္းမသိဘူး...
အရွက္လည္းမရွိဘူး...
ငါကေတာ့ သူေျပာလိုက္တာကို
မ်က္ႏွာပူလို႔...
သူကေတာ့ ေျပာခ်င္ရာေျပာခ်တာပဲ...
ၿပီးလည္းၿပီးေရာ ပါးစပ္ကိုဟထားၿပီး
သူ႕ကိုခြံ႕ေပးဦးဟု ခိုင္းျပန္သည္...
အသားဖတ္တစ္ဖတ္ကိုယူကာ
ပါးစပ္ထဲ ေကာက္ထည့္ေပးလိုက္သည္...
“ဒါေပမယ့္လည္း စားဖို႔ေျပာထားတာကို
ကိုကို ႏွိုးရင္ ထမွာေပါ့...”
“မရစ္စမ္းနဲ႕ကြာ...အခုေရာ
ငါက လိုက္မဝယ္ေကြၽးလို႔လား..."
“ အဲ့ဒါ Baek ငိုလို႔ေလ...”
“ သိရင္ၿပီးတာပဲ...ဟ...”
ဆိုကာ ဆလပ္႐ြက္ႏွစ္႐ြက္ႏွင့္
အေခါက္ကင္တစ္ခုရယ္
အသားကင္တစ္ခုရယ္
ၾကက္သြန္ျဖဴရယ္ င႐ုတ္သီးေလးရယ္
ေရာၿပီး ပါးစပ္ထဲခြံ႕လိုက္ေတာ့
အက်ယ္ႀကီးဟေပးၿပီး
ထိုင္စားေနေလသည္...
အခုခ်ိန္အထိ သူ႕ဘာ့သာသူယူမစားေသး။
ကြၽန္ေတာ္လုပ္ေပးေနသည္ကို
ဒူးေလးႏွစ္ေခ်ာင္းၾကားထဲ
လက္ကေလးညွပ္ကာ
လႈပ္စိ လႈပ္စိလုပ္ေနၿပီး
ကြၽန္ေတာ့ကို ရစ္ေနေသးသည္...
ပါးစပ္ထဲကိုလည္း ခြံ႕လိုက္ေရာ
သူ႕ပါးစပ္ကိုသူ လက္ကေလးႏွင့္
အုပ္လိုက္ၿပီး ဒီထဲမွာ
ဘာေတြထည့္လိုက္တာလဲဟု
စားပြဲခုံေပၚကို မ်က္လုံးကိုေဝ့ကာရွာရင္း
ေမးလာသည္...
ကြၽန္ေတာ္က အသားဖတ္တစ္ဖတ္ကို
ပါးစပ္ထဲေကာက္ထည့္လိုက္ရင္း...
“ ၾကက္သြန္ျဖဴရယ္...
င႐ုတ္သီးရယ္...
အသားေတြရယ္ေလ...”
ဟုေျဖၿပီးၿပီးခ်င္းမွာပင္
“ Baek ၾကက္သြန္ျဖဴမစားနိုင္ဘူး...”
ဟု ပါးလုပ္ျပည့္ပါးေလာင္းျပည့္ႏွင့္
ေျပာလာသည္...
“ စားလို႔ေကာင္းပါတယ္...”
“ ဟင့္...မစားနိုင္ဘူးလို႔...
ေထြးခ်င္တယ္...”
“ ငါေကြၽးတာကိုေထြးရင္
ထပ္မေကြၽးေတာ့ဘူး...”
ဟု စလိုက္ေတာ့ မ်က္ရည္ေတြ
ဝိုင္းလာကာ အတင္းကို
ဝါးစားေနေလသည္...
သူျဖစ္ေနတာကိုၾကည့္ၿပီး
ကိုယ့္မွာရယ္ရခက္ ငိုရခက္
သနားသြားတာေၾကာင့္
“ ေထြး...”
ဆိုၿပီးေတာ့ သူ႕ပါးစပ္ေရွ႕ကို
လက္ဖဝါးေပးလိုက္ေတာ့
ေခါင္းေလးရမ္းျပကာ ကြၽန္ေတာ့
လက္ကို တြန္းကာဖယ္လိုက္သည္...
ၿပီးေတာ့ သူ႕ဘာ့သာသူ
တစ္ရႉးယူကာ ေထြးၿပီး
လွ်ာေလးကို တစ္လစ္ကေလးလုပ္ေနကာ
မ်က္ရည္ေတြက ဝဲေနေလသည္...
“ ေရာ့...ေရေသာက္...”
ဆိုၿပီး သူ႕အေရွ႕ကိုခ်ေပးလိုက္ေတာ့
ေရကိုေသာက္ကာ
“ ဆိုဂ်ဴဝယ္တိုက္မယ္ဆို...”
“မင္းက ေသာက္ဦးမလို႔လား...”
“ ေသာက္မွာေပါ့...
ဒီေန႕အမ်ားႀကီးစားၿပီး
အမ်ားႀကီးေသာက္ပစ္မွာ..."
သူ႕ကိုဟုတ္ေရာဟုတ္ရဲ႕လား...
ဟုတ္မွလည္းေျပာပါကြာဆိုသည့္
႐ုပ္ႏွင့္ၾကည့္လိုက္ကာ...
“ ေသာက္ေစဗ်ာ...ေသာက္ေစ...”
ဟု သူ႕ကိုေျပာလိုက္ရင္း
“အန္တီေရ...ဆိုဂ်ဴတစ္ပုလင္းေလာက္
ခ်ေပးပါ...”
ဟု လွမ္းေအာ္ေျပာလိုက္သည္...
ဆိုဂ်ဴပုလင္းေရာက္လာေတာ့
သူ႕အေရွ႕ကိုခ်ေပးၿပီး
“ေရာ့ေသာက္...မူးၿပီးရစ္ရင္ေတာ့
ကားေပၚကေန ေစာင့္ကန္ခ်ထားခဲ့မွာ...”
ဟု ႀကိမ္းေတာ့
“ ကိုကိုကလည္း...ေသာက္ရတာ
စိတ္မေျဖာင့္ေအာင္လို႔...”
ေသာက္ေတာင္ ေသာက္နိုင္ပါ့မလားေတာ့
မသိေပမယ့္ အခုေတာ့
စကားႀကီးစကားက်ယ္ေတြေျပာကာ
စိတ္ေျဖာင့္တာေတြ
မေျဖာင့္တာေတြေတာင္
လာလုပ္ေနသည္...
“ ေသာက္ပါ...ေသာက္ပါ...
စိတ္ေျဖာင့္ေျဖာင့္နဲ႕ေသာက္ပါ...
မူးလို႔ကေတာ့ ဆိုင္မွာပဲ ထားခဲ့မွာ...
အမူးေျပမွ အိမ္ျပန္ခဲ့...”
“ မသိဝူးဗ်ာ...ေသာက္ၿပီ...”
အံမယ္...သူ႕ကိုယ္သူ
အရက္သမားဒီဇိုင္းနဲ႕
ေသာက္ၿပီေလး ဘာေလးေအာ္ၿပီး
ခြက္ထဲကို တစ္ခြက္ ငွဲ႕ထည့္ၿပီး
ေသာက္လိုက္ခ်ိန္
တစ္ခြက္လုံးကုန္ဖို႔မေျပာႏွင့္
လွ်ာေလးနဲ႕တို႔႐ုံေလာက္ပဲရွိေသးသည္...
ထြီးဆိုၿပီး ပါးစပ္ထဲကဟာေတြ
အကုန္လုံးကို ေထြးထုတ္ပစ္လိုက္သည္...
အမေလး အရက္သမားေလး...
ေသာက္မယ္ဆို ေသာက္ ေသာက္...
ကုန္ေအာင္ေသာက္...အဲ့မွာ...
“ ကိုကို႔...ဆိုဂ်ဴႀကီးက
အရမ္း ခါးတယ္ေဝၚ..."
“ မခါးပါဘူး ခ်ိဳပါတယ္...”
“ ဟင္ အဲ့ေလာက္ ခါးတာႀကီးကို...”
“ ေသာက္မယ္ဆို ေသာက္ေလ...
တစ္ပုလင္းလုံး ကုန္ေအာင္ေသာက္ေနာ္...
ပိုက္ဆံေပးၿပီး ဝယ္ထားရတာ...
အလကားရတာမဟုတ္ဘူး...”
“ ဟင္းးးး ကိုကိုကလည္း
ဒီေလာက္ခါးတာႀကီးကို ဘယ္လိုလုပ္ၿပီး
ကုန္ေအာင္ေသာက္နိုင္မွာလဲ...”
“ ေျပာေတာ့ အမ်ားႀကီးေသာက္မွာဆို...
သူပဲ အသံေကာင္း ဟစ္ထားၿပီးေတာ့...”
“ ကိုကိုလည္း နည္းနည္းေလာက္
ေသာက္ေပးေလ...”
“ ငါ ကားေမာင္းရဦးမွာေလ...”
“ ေၾသာ္ အင္း...ဟုတ္တယ္ေနာ္...
ဒါေပမယ့္ Baek တစ္ေယာက္တည္း
ဒါကို မေသာက္နိုင္ဘူးေလ...”
“ ျဖစ္ၿပီ...အဲ့ဒါနဲ႕မ်ား ေသာက္ၿပီေနာ္
ဆိုၿပီးေတာင္ ေၾကညာထားၿပီးေတာ့...”
“ ဟီးးးးဟီးးးးး ေသာက္မွာပါ...
ေသာက္မွာ...ကိုကိုသာ Baekကို
ကုန္းပိုးဖို႔ျပင္ထား...ဟြန႔္...”
“ စိတ္ကူးေတြယဥ္မေနနဲ႕...
မင္းကို ကုန္းပိုးမယ္လို႔
ဘယ္သူကမ်ား ေျပာမိလို႔လဲ...
မူးေနရင္ ဂုတ္ကေနတ႐ြတ္တိုက္ဆြဲၿပီး
ေခၚသြားမွာ...ဟ ပါးစပ္...”
ဆိုၿပီး သူ မႀကိဳက္သည့္
ၾကက္သြန္ျဖဴကိုမထည့္ဘဲ
ေနာက္တစ္လုပ္ထပ္ခြံ႕ေတာ့
အမွတ္မရွိ နည္းနည္းပါးပါးစစ္ၿပီးမွ
စားမယ္မရွိဘူး။ ပါးစပ္ကိုတန္းဟတာပဲ။
ဘာေလးမွန္းကိုမသိဘူး...
“ မင္းဘာ့သာမင္း စားဖို႔ အစီအစဥ္
မရွိဘူးလား...ငါလက္ေညာင္းလာၿပီ...”
ဟုတ္တယ္ဗ်ာ...ကင္ထားတဲ့
အေခါက္ေတြ အသားေတြကို
မတူးသြားေအာင္လည္း
ဟိုလွန္ဒီလွန္လုပ္ရေသး...
သူ႕ကိုလည္း ထိုင္ၿပီး ခြံ႕ရေသး...
ဒီၾကားထဲ ၾကက္သြန္ျဖဴပါသြားလို႔ဆိုၿပီး
ျပသနာက ရွာေသး...
အရက္က ခါးလို႔ဆိုၿပီး
လူကိုလည္း မမူးဘဲနဲ႕ ရစ္ေသး...
ၿပီးေတာ့ သူမေက်မနပ္မခ်င္းကို
အိပ္ရာမႏွိုးတဲ့အေၾကာင္းကို
အစျပန္ျပန္ေဖာ္ကာ
နားပူေသး...
ငါေနာ္...စိတ္ကေပါက္လာၿပီ...
ေျပာလိုက္ေတာ့မွ ေခါင္းေလးညိတ္ျပကာ
တူကို စကိုင္ေတာ့သည္...
“ ကိုကိုေရာ့...အာ...”
ဆိုကာ အသားဖတ္တစ္ဖတ္ကို
ကြၽန္ေတာ့ကို ခြံ႕ေလသည္...
မစားဘူး ဘာညာလုပ္ေနရင္
စကားေတြကမ်ားၿပီး လူကို
ထပ္အရစ္ခံရမည္ စိုးေသာေၾကာင့္
ပါးစပ္ကေလးပိတ္ကာ
သူခြံ႕ေကြၽးေသာ အသားဖတ္ေလးအား
စားလိုက္ေတာ့...
“ ေကာင္းလား ကိုကို...”
“ အတူတူေတြခ်ည္းပဲ....”
“ Baek ခြံ႕ေကြၽးလို႔ ပိုၿပီး
စားေကာင္းတယ္ေတာ့ လုပ္လိုက္..."
အံမယ္...ေျပာပုံကိုက သူခြံ႕ေကြၽးလို႔
ပိုစားေကာင္းတယ္ပဲ ျဖစ္ရေသးတယ္...
ဒီအခ်ိန္မွာ အ႐ူးစိတ္ခ်မ္းသာရင္
တိုင္းျပည္တစ္ဝွမ္းေအးခ်မ္းတယ္...
အဲ့ဒါေၾကာင့္ ဘာမွဆက္မေျပာဘဲ
အသားဖတ္တစ္ဖတ္ကိုသာ
ေကာက္ဝါးလိုက္သည္...
သူကေတာ့ ဆိုဂ်ဴကိုေသာက္လိုက္
မ်က္ႏွာက ရႈံ႕မဲ့သြားလိုက္နဲ႕
သူတစ္ေယာက္တည္းကို
အလုပ္ျဖစ္ေနေတာ့သည္...
အခ်ိန္အနည္းငယ္ၾကာေတာ့
အကင္ေတြလည္း ကုန္ခါနီးပါးကို
ျဖစ္သြားခ်ိန္ ခုနက ဆိုဂ်ဴက
ခါးလို႔ မေသာက္နိုင္ဘူးဟု
ေအာ္ခ်က္ထုတ္ထားသည့္သူက
အခုေတာ့ ဆိုဂ်ဴတစ္ပုလင္းလုံးလည္း
ကုန္သြားကာ လူလည္း စားပြဲေပၚသို႔
ေခါင္းေမွာက္ကာ အိပ္ေပ်ာ္ေနေလၿပီ...
“ အန္တီေရ...ရွင္းမယ္...”
ဟု ေအာ္ကာ က်သင့္ေငြကို
ရွင္းလိုက္ၿပီး ငမူးေကာင္၏
ပုခုံးေလးကို ပုတ္ကာ...
“ ေဟ်ာင့္...ငမူး...
ထေတာ့...ျပန္မယ္...”
ဟုလည္း ေျပာလိုက္ေရာ
ေၾကာင္ေတာင္ေတာင္ႏွင့္
ေငါက္ခနဲထထိုင္လာကာ
“ ဆိုဂ်ဴး...”
ဆိုၿပီး အာေလးလွ်ာေလးျဖင့္
ထေအာ္ေလသည္...
အရက္သမားကေတာ့ အိပ္ရာက
နိုးတာေတာင္ အရက္အေၾကာင္း
ေျပာၿပီး ထလာသည္...
“ ေဟ်ာင့္...ထ ျပန္မယ္...”
ဟုေျပာလိုက္ေတာ့မွ မ်က္လုံးပိတ္ၿပီး
ေအာ္ခ်င္ရာေအာ္ေနသည့္ သူက
မ်က္လုံးေလး ဖြင့္ၾကည့္ကာ....
“ ဟာ...ကိုကို...Baek ရဲ႕ကိုကို...
ဟီးးးဟီးးးး ခ်စ္ဆုံးႀကီး.....
ကိုကိုလူဆိုးႀကီး...”
ဆိုကာ ကြၽန္ေတာ့အား ဖက္ရန္
လက္ကမ္းလာၿပီး လမ္းတစ္ဝက္မွာတင္
ထိုင္ခုံေပၚက ျပဳတ္က်ေတာ့မလို
ျဖစ္သြားတာေၾကာင့္
အျမန္ဖမ္းလိုက္ရသည္...
ျပဳတ္က်မည့္သူ႕ကို ကမန္းကတန္း
ဖမ္းလိုက္သည္ေၾကာင့္
ကြၽန္ေတာ့ရင္ခြင္ထဲသို႔
ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္
ေရာက္လာေလသည္...
သူ႕ေခါင္းက ေခါင္းေလွ်ာ္ရည္အနံ႕ေလးက
ကြၽန္ေတာ့ ႏွာေခါင္းနားကို
ေရာက္လာကာ က်ီစယ္ေနတာေၾကာင့္
ငုံ႕ၿပီး နမ္းၾကည့္လိုက္မိစဥ္
သူက လူကိုလာေမာ့ၾကည့္ၿပီး
"ကိုကို ေနာက္တစ္ခါေလာက္
ထပ္နမ္းပါလား...."
ဟုၿပဳံးၿပီး ေျပာလာသည္....
" ဘာလို႔ နမ္းရမွာလဲ....
မင္းရဲ႕ေခါင္းက နံေနတာကို..."
ဟုေျပာေတာ့
"ဟင္....တကယ္....
တကယ္ႀကီး နံေနတာလား..."
ဟု မ်က္လုံးမပြင့္ဘဲ ျပန္ေမးျပန္သည္...
"ေခါင္းေလွ်ာ္မယ္..."
ဟု ထေအာ္ကာ မတ္တပ္ကိုမရပ္နိုင္ဘဲ
ထၿပီး ရပ္ေနျပန္သည္ေၾကာင့္....
" ေဟ်ာင့္....ထိုင္စမ္း....
မတ္တပ္ျဖင့္ မရပ္နိုင္ဘဲနဲ႕...
ဘယ္ကို ေခါင္းေလွ်ာ္မွာလဲ....
ေနာက္ၿပီ အခုဘယ္အခ်ိန္ရွိေနၿပီထင္လို႔
ေခါင္းေလွ်ာ္မွာလဲ...
အေအးပတ္ၿပီး ေသခ်င္လို႔လား...."
"ဟင့္...ဟင့္...
ကိုကိုပဲ ေခါင္းက နံေနတယ္ဆို...
အီးးးးးဟီးးးးးး..."
ဟု ထငိုတာေၾကာင့္ ကြၽန္ေတာ္
ေၾကာင္ေတာင္ ေၾကာင္သြားသည္...
" အီးးးးးးဟီးးးးးးးး "
ဟုေအာ္ငိုေနတာေၾကာင့္
" မနံဘူး...မနံဘူး...
ေမႊးေနတာပဲ...ခုနက စတာ..."
ဟု ခပ္ျမန္ျမန္ေျပာလိုက္ေတာ့မွ
တိခနဲ အငိုတိတ္ကာ
" တကယ္လား...
အဲ့ဒါဆို ေနာက္တစ္ေခါက္
ထပ္နမ္းၾကည့္ပါလား..."
ဆိုကာ လက္ညွိုးေလးေထာင္ၿပီး
မ်က္လုံးေလး ပုတ္ခတ္ပုတ္ခတ္လုပ္ကာ
လူကိုလာခြၽဲေနတာေၾကာင့္
နားေအးျပ္ိးေရာ ငုံ႕ၿပီးနမ္းေပးလိုက္သည္...
အဲ့ေတာ့မွ ေက်နပ္သြားသည့္ႏွယ္
ၿပဳံးျပၿပီး
" ကိုကိုက ခ်စ္ဖို႔အေကာင္းဆုံးပဲ..."
ဟု ထေအာ္ကာ ကြၽန္ေတာ့ လည္ပင္းကို
သိုင္းဖက္ၿပီးအိပ္ေပ်ာ္သြားေတာ့သည္...
~~~~~~~~~~to be continued 💛💚💙
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
[ Unicode ]
အောက်ထပ်ရောက်တော့
ဧည့်ခန်းမှာထိုင်နေကြသည့်
မာမီနှင့် ကိုကြီးက
ကျွန်တော့ကိုမြင်သည်နှင့်
“ ကလေးရော...
ငယ်လေးကို သွားနှိုးမယ်ဆိုပြီး
တက်သွားတယ်လေ...
လာမနှိုးဘူးလား..."
" နှိုးတယ်..."
"နှိုးတယ်ဆိုပြီး ဘယ်နားမှာ
ကျန်နေခဲ့လဲ..."
“ သား ခုတင်ပေါ်မှာ
အိပ်ပျော်နေတယ်..."
“ ဟင်...သွားနှိုးမယ်ဆိုပြီး
တက်သွားပြီးတော့ အိပ်ပျော်သွားတာလား။
ဘာတဲ့ နေပါဦး...ကိုကိုက
မုန့်ဝယ်ကျွေးမယ် ပြောထားလို့တဲ့... ဟုတ်လား...သားသူ့ကို
မုန့်ဝယ်ကျွေးမယ်လို့ ပြောထားလား...”
ဟု မာမီက ဝင်မေးလေသည်...
အလည်ကောင်လေး...
ဆိုဂျူလို့ပြောလိုက်ရင်
အဆူခံရမယ်ဆိုတာကို
သိပုံရသည်...အဲ့တော့
မုန့်ဝယ်ကျွေးမှာဆိုပြီး ပြောသည်...
မင်းကို ငါတိုင်ဦးမှာ ကြည့်ထား...
“ အလကား
လျှောက်ပြောနေတာအဲ့ကောင်...
ဆိုဂျူနဲ့ဝက်ခေါက်ကင်ကို
တစ်ခါမှ မစားဖူးလို့ ဝယ်ကျွေးပါဆိုပြီး
သားကိုပူဆာထားတာ..."
" အဲ့ဒါနဲ့ပဲ ဝယ်ကျွေးမလို့လား..."
“ အဲ့တုန်းက သားလည်း ဒီအတိုင်း
ပြီးပြီးရောပြောလိုက်တာ...
တကယ်စားမယ်လို့ မထင်ဘူး...
မှတ်လည်း မှတ်မထားလောက်ဘူး
ထင်နေတာ..."
“ ဘာပဲဖြစ်ဖြစ် အခုတော့
သူ အိပ်ပျော်နေပြီမလား...
ထားလိုက်... မေ့ချင်ယောင်
ဆောင်နေလိုက်တော့...”
ဟု ကိုကြီးကပြောတော့
ကျွန်တော်လည်းခေါင်းညိတ်ပြလိုက်ကာ
ကိုကြီးပြောသလိုပဲ ထားလိုက်တော့မည်...
သို့သော် ညဘက်အိပ်ခါနီးမှနိုးလာပြီး
သူ့ကို ဝယ်မကျွေးလို့ဆိုပြီး
ကျွန်တော့ခုတင်ပေါ်မှာ တစ်ချိန်လုံး
ထိုင်ငိုနေမယ်လို့ ဘယ်သူကထင်မှာလဲ...
ဝယ်မကျွေးမချင်း တအိအိနှင့်
ငိုနေတာကြောင့် ညဘက်
၁၀နာရီ ၁၁နာရီလောက်ကြီး
လိုက်ဝယ်ကျွေးရလိမ့်မယ်လို့ရော
ဘယ်သူကထင်မှာလဲ...
ဆိုင်ကို ကားမောင်းလာတဲ့
တစ်ချိန်လုံး ဘေးထိုင်ခုံတွင်
တစ်ရှုံ့ရှုံ့လုပ်နေပြီး
ဆိုင်ကိုရောက်ပြီး စားစရာတွေ
မှာပြီးသည်အထိတောင်
အငိုကမတိတ်သေးတာကြောင့်
ဘာလို့အဲ့လောက်တောင် ငိုနေတာလဲဟု
မေးလိုက်တော့ သူ့ရဲ့ထုံးစံအတိုင်း
ကျွန်တော့၏ အပြစ်တွေ
တစ်သီတစ်သန်းကြီးဖြစ်သော
သူ့ကို လိမ်လို့....
ကတိမတည်လို့....
သူ့ကိုမေ့ထားလို့....
သူ့ကိုပစ်ထားလို့....ဆိုသည့်
စွပ်စွဲချက်တွေကို အားရပါးရပြောကာ
အငိုမရပ်သည့်ငတိအား လုံးချေပြီးတော့သာ
မြိုချပစ်လိုက်ချင်တော့သည်....
ညလုံးပေါက်ဖွင့်သည့်ဆိုင်လေးဖြစ်ပြီး
ကျွန်တော်တို့သူငယ်ချင်းတွေ
စားနေကျဖြစ်သည့်ဆိုင်လေးတွင်
အခေါက်ရော အသားရော
ဆိုဂျူတွေရော ထမင်းသုပ်ရော
မှာပြီး ကင်ပေးပြီးသည့်တိုင်အောင်
ငိုလို့ကိုမပြီးသေး...
သူ့မှာ တမေ့တမောတွေးပြီး
ဝမ်းနည်းလို့မဆုံးဖြစ်နေပုံပင်...
အမြင်ကပ်ကပ်နှင့် ပါးစပ်ထဲ
အကင်တစ်ခု ခွံ့လိုက်တော့
ကျွန်တော့ကို မျက်စောင်းထိုးပြီး
ဝါးစားလေသည်...
ကြည့်...မစားတာလည်း မဟုတ်ဘူး...
ငိုရင်းတန်းလန်းနဲ့ ဝါးစားနေတာ
ပါးစပ်ထဲကို နောက်တစ်ဖက်
ထပ်ခွံ့လိုက်တော့လည်း စားတာပါပဲ။
စားနေရင်းနဲ့မှ...
“ ကိုကိုက ဘာလို့ မနှိုးတာလဲ...”
ဟောကြည့် အပြစ်ကရှာပြန်ပြီ...
“ မင်းက အိပ်မောကျနေတာကိုး...”
" ကိုကိုက အတင်းအိပ်ခိုင်းတာကိုး..."
"ငါက ဘယ်တုန်းက အိပ်ခိုင်းလို့လဲ...
ငါ့ဘာ့သာငါ အိပ်မယ်ပြောတာကို
သူ့ဘာ့သာသူ အိပ်သွားပြီးတော့..."
"ဟင်...ကိုကိုက အတင်းကြီး
ဖက်ထားတာကိုး..."
"ခွထားတာတော့ လုပ်လိုက်..."
"ဖက်ထားတယ်လို့ပြောပါဆို...
ကိုကိုက အတင်းကြီးဖက်ထားတော့
အိပ်ပျော်သွားတာပေါ့..."
" ဟျောင့် အပိုတွေမပြောနဲ့...
မင်းဘာ့သာ့မင်း အိပ်ချင်လို့
အိပ်ပြီးတော့များ။ အိပ်မယ်ပြောတဲ့
ငါတောင် အိပ်မပျော်သေးဘူး
သူက တခူးခူးတခေါခေါ ဖြစ်နေပြီ..."
"ကိုကို့ရင်ခွင်ကြီးက နွေးတာကိုး...
ကိုကို...အာ..."
ဘယ်လိုဟာလေးမှန်းမသိဘူး...
အရှက်လည်းမရှိဘူး...
ငါကတော့ သူပြောလိုက်တာကို
မျက်နှာပူလို့...
သူကတော့ ပြောချင်ရာပြောချတာပဲ...
ပြီးလည်းပြီးရော ပါးစပ်ကိုဟထားပြီး
သူ့ကိုခွံ့ပေးဦးဟု ခိုင်းပြန်သည်...
အသားဖတ်တစ်ဖတ်ကိုယူကာ
ပါးစပ်ထဲ ကောက်ထည့်ပေးလိုက်သည်...
“ဒါပေမယ့်လည်း စားဖို့ပြောထားတာကို
ကိုကို နှိုးရင် ထမှာပေါ့...”
“မရစ်စမ်းနဲ့ကွာ...အခုရော
ငါက လိုက်မဝယ်ကျွေးလို့လား..."
“ အဲ့ဒါ Baek ငိုလို့လေ...”
“ သိရင်ပြီးတာပဲ...ဟ...”
ဆိုကာ ဆလပ်ရွက်နှစ်ရွက်နှင့်
အခေါက်ကင်တစ်ခုရယ်
အသားကင်တစ်ခုရယ်
ကြက်သွန်ဖြူရယ် ငရုတ်သီးလေးရယ်
ရောပြီး ပါးစပ်ထဲခွံ့လိုက်တော့
အကျယ်ကြီးဟပေးပြီး
ထိုင်စားနေလေသည်...
အခုချိန်အထိ သူ့ဘာ့သာသူယူမစားသေး။
ကျွန်တော်လုပ်ပေးနေသည်ကို
ဒူးလေးနှစ်ချောင်းကြားထဲ
လက်ကလေးညှပ်ကာ
လှုပ်စိ လှုပ်စိလုပ်နေပြီး
ကျွန်တော့ကို ရစ်နေသေးသည်...
ပါးစပ်ထဲကိုလည်း ခွံ့လိုက်ရော
သူ့ပါးစပ်ကိုသူ လက်ကလေးနှင့်
အုပ်လိုက်ပြီး ဒီထဲမှာ
ဘာတွေထည့်လိုက်တာလဲဟု
စားပွဲခုံပေါ်ကို မျက်လုံးကိုဝေ့ကာရှာရင်း
မေးလာသည်...
ကျွန်တော်က အသားဖတ်တစ်ဖတ်ကို
ပါးစပ်ထဲကောက်ထည့်လိုက်ရင်း...
“ ကြက်သွန်ဖြူရယ်...
ငရုတ်သီးရယ်...
အသားတွေရယ်လေ...”
ဟုဖြေပြီးပြီးချင်းမှာပင်
“ Baek ကြက်သွန်ဖြူမစားနိုင်ဘူး...”
ဟု ပါးလုပ်ပြည့်ပါးလောင်းပြည့်နှင့်
ပြောလာသည်...
“ စားလို့ကောင်းပါတယ်...”
“ ဟင့်...မစားနိုင်ဘူးလို့...
ထွေးချင်တယ်...”
“ ငါကျွေးတာကိုထွေးရင်
ထပ်မကျွေးတော့ဘူး...”
ဟု စလိုက်တော့ မျက်ရည်တွေ
ဝိုင်းလာကာ အတင်းကို
ဝါးစားနေလေသည်...
သူဖြစ်နေတာကိုကြည့်ပြီး
ကိုယ့်မှာရယ်ရခက် ငိုရခက်
သနားသွားတာကြောင့်
“ ထွေး...”
ဆိုပြီးတော့ သူ့ပါးစပ်ရှေ့ကို
လက်ဖဝါးပေးလိုက်တော့
ခေါင်းလေးရမ်းပြကာ ကျွန်တော့
လက်ကို တွန်းကာဖယ်လိုက်သည်...
ပြီးတော့ သူ့ဘာ့သာသူ
တစ်ရှူးယူကာ ထွေးပြီး
လျှာလေးကို တစ်လစ်ကလေးလုပ်နေကာ
မျက်ရည်တွေက ဝဲနေလေသည်...
“ ရော့...ရေသောက်...”
ဆိုပြီး သူ့အရှေ့ကိုချပေးလိုက်တော့
ရေကိုသောက်ကာ
“ ဆိုဂျူဝယ်တိုက်မယ်ဆို...”
“မင်းက သောက်ဦးမလို့လား...”
“ သောက်မှာပေါ့...
ဒီနေ့အများကြီးစားပြီး
အများကြီးသောက်ပစ်မှာ..."
သူ့ကိုဟုတ်ရောဟုတ်ရဲ့လား...
ဟုတ်မှလည်းပြောပါကွာဆိုသည့်
ရုပ်နှင့်ကြည့်လိုက်ကာ...
“ သောက်စေဗျာ...သောက်စေ...”
ဟု သူ့ကိုပြောလိုက်ရင်း
“အန်တီရေ...ဆိုဂျူတစ်ပုလင်းလောက်
ချပေးပါ...”
ဟု လှမ်းအော်ပြောလိုက်သည်...
ဆိုဂျူပုလင်းရောက်လာတော့
သူ့အရှေ့ကိုချပေးပြီး
“ရော့သောက်...မူးပြီးရစ်ရင်တော့
ကားပေါ်ကနေ စောင့်ကန်ချထားခဲ့မှာ...”
ဟု ကြိမ်းတော့
“ ကိုကိုကလည်း...သောက်ရတာ
စိတ်မဖြောင့်အောင်လို့...”
သောက်တောင် သောက်နိုင်ပါ့မလားတော့
မသိပေမယ့် အခုတော့
စကားကြီးစကားကျယ်တွေပြောကာ
စိတ်ဖြောင့်တာတွေ
မဖြောင့်တာတွေတောင်
လာလုပ်နေသည်...
“ သောက်ပါ...သောက်ပါ...
စိတ်ဖြောင့်ဖြောင့်နဲ့သောက်ပါ...
မူးလို့ကတော့ ဆိုင်မှာပဲ ထားခဲ့မှာ...
အမူးပြေမှ အိမ်ပြန်ခဲ့...”
“ မသိဝူးဗျာ...သောက်ပြီ...”
အံမယ်...သူ့ကိုယ်သူ
အရက်သမားဒီဇိုင်းနဲ့
သောက်ပြီလေး ဘာလေးအော်ပြီး
ခွက်ထဲကို တစ်ခွက် ငှဲ့ထည့်ပြီး
သောက်လိုက်ချိန်
တစ်ခွက်လုံးကုန်ဖို့မပြောနှင့်
လျှာလေးနဲ့တို့ရုံလောက်ပဲရှိသေးသည်...
ထွီးဆိုပြီး ပါးစပ်ထဲကဟာတွေ
အကုန်လုံးကို ထွေးထုတ်ပစ်လိုက်သည်...
အမလေး အရက်သမားလေး...
သောက်မယ်ဆို သောက် သောက်...
ကုန်အောင်သောက်...အဲ့မှာ...
“ ကိုကို့...ဆိုဂျူကြီးက
အရမ်း ခါးတယ်ဝေါ်..."
“ မခါးပါဘူး ချိုပါတယ်...”
“ ဟင် အဲ့လောက် ခါးတာကြီးကို...”
“ သောက်မယ်ဆို သောက်လေ...
တစ်ပုလင်းလုံး ကုန်အောင်သောက်နော်...
ပိုက်ဆံပေးပြီး ဝယ်ထားရတာ...
အလကားရတာမဟုတ်ဘူး...”
“ ဟင်းးးး ကိုကိုကလည်း
ဒီလောက်ခါးတာကြီးကို ဘယ်လိုလုပ်ပြီး
ကုန်အောင်သောက်နိုင်မှာလဲ...”
“ ပြောတော့ အများကြီးသောက်မှာဆို...
သူပဲ အသံကောင်း ဟစ်ထားပြီးတော့...”
“ ကိုကိုလည်း နည်းနည်းလောက်
သောက်ပေးလေ...”
“ ငါ ကားမောင်းရဦးမှာလေ...”
“ သြော် အင်း...ဟုတ်တယ်နော်...
ဒါပေမယ့် Baek တစ်ယောက်တည်း
ဒါကို မသောက်နိုင်ဘူးလေ...”
“ ဖြစ်ပြီ...အဲ့ဒါနဲ့များ သောက်ပြီနော်
ဆိုပြီးတောင် ကြေညာထားပြီးတော့...”
“ ဟီးးးးဟီးးးးး သောက်မှာပါ...
သောက်မှာ...ကိုကိုသာ Baekကို
ကုန်းပိုးဖို့ပြင်ထား...ဟွန့်...”
“ စိတ်ကူးတွေယဉ်မနေနဲ့...
မင်းကို ကုန်းပိုးမယ်လို့
ဘယ်သူကများ ပြောမိလို့လဲ...
မူးနေရင် ဂုတ်ကနေတရွတ်တိုက်ဆွဲပြီး
ခေါ်သွားမှာ...ဟ ပါးစပ်...”
ဆိုပြီး သူ မကြိုက်သည့်
ကြက်သွန်ဖြူကိုမထည့်ဘဲ
နောက်တစ်လုပ်ထပ်ခွံ့တော့
အမှတ်မရှိ နည်းနည်းပါးပါးစစ်ပြီးမှ
စားမယ်မရှိဘူး။ ပါးစပ်ကိုတန်းဟတာပဲ။
ဘာလေးမှန်းကိုမသိဘူး...
“ မင်းဘာ့သာမင်း စားဖို့ အစီအစဉ်
မရှိဘူးလား...ငါလက်ညောင်းလာပြီ...”
ဟုတ်တယ်ဗျာ...ကင်ထားတဲ့
အခေါက်တွေ အသားတွေကို
မတူးသွားအောင်လည်း
ဟိုလှန်ဒီလှန်လုပ်ရသေး...
သူ့ကိုလည်း ထိုင်ပြီး ခွံ့ရသေး...
ဒီကြားထဲ ကြက်သွန်ဖြူပါသွားလို့ဆိုပြီး
ပြသနာက ရှာသေး...
အရက်က ခါးလို့ဆိုပြီး
လူကိုလည်း မမူးဘဲနဲ့ ရစ်သေး...
ပြီးတော့ သူမကျေမနပ်မချင်းကို
အိပ်ရာမနှိုးတဲ့အကြောင်းကို
အစပြန်ပြန်ဖော်ကာ
နားပူသေး...
ငါနော်...စိတ်ကပေါက်လာပြီ...
ပြောလိုက်တော့မှ ခေါင်းလေးညိတ်ပြကာ
တူကို စကိုင်တော့သည်...
“ ကိုကိုရော့...အာ...”
ဆိုကာ အသားဖတ်တစ်ဖတ်ကို
ကျွန်တော့ကို ခွံ့လေသည်...
မစားဘူး ဘာညာလုပ်နေရင်
စကားတွေကများပြီး လူကို
ထပ်အရစ်ခံရမည် စိုးသောကြောင့်
ပါးစပ်ကလေးပိတ်ကာ
သူခွံ့ကျွေးသော အသားဖတ်လေးအား
စားလိုက်တော့...
“ ကောင်းလား ကိုကို...”
“ အတူတူတွေချည်းပဲ....”
“ Baek ခွံ့ကျွေးလို့ ပိုပြီး
စားကောင်းတယ်တော့ လုပ်လိုက်..."
အံမယ်...ပြောပုံကိုက သူခွံ့ကျွေးလို့
ပိုစားကောင်းတယ်ပဲ ဖြစ်ရသေးတယ်...
ဒီအချိန်မှာ အရူးစိတ်ချမ်းသာရင်
တိုင်းပြည်တစ်ဝှမ်းအေးချမ်းတယ်...
အဲ့ဒါကြောင့် ဘာမှဆက်မပြောဘဲ
အသားဖတ်တစ်ဖတ်ကိုသာ
ကောက်ဝါးလိုက်သည်...
သူကတော့ ဆိုဂျူကိုသောက်လိုက်
မျက်နှာက ရှုံ့မဲ့သွားလိုက်နဲ့
သူတစ်ယောက်တည်းကို
အလုပ်ဖြစ်နေတော့သည်...
အချိန်အနည်းငယ်ကြာတော့
အကင်တွေလည်း ကုန်ခါနီးပါးကို
ဖြစ်သွားချိန် ခုနက ဆိုဂျူက
ခါးလို့ မသောက်နိုင်ဘူးဟု
အော်ချက်ထုတ်ထားသည့်သူက
အခုတော့ ဆိုဂျူတစ်ပုလင်းလုံးလည်း
ကုန်သွားကာ လူလည်း စားပွဲပေါ်သို့
ခေါင်းမှောက်ကာ အိပ်ပျော်နေလေပြီ...
“ အန်တီရေ...ရှင်းမယ်...”
ဟု အော်ကာ ကျသင့်ငွေကို
ရှင်းလိုက်ပြီး ငမူးကောင်၏
ပုခုံးလေးကို ပုတ်ကာ...
“ ဟျောင့်...ငမူး...
ထတော့...ပြန်မယ်...”
ဟုလည်း ပြောလိုက်ရော
ကြောင်တောင်တောင်နှင့်
ငေါက်ခနဲထထိုင်လာကာ
“ ဆိုဂျူး...”
ဆိုပြီး အာလေးလျှာလေးဖြင့်
ထအော်လေသည်...
အရက်သမားကတော့ အိပ်ရာက
နိုးတာတောင် အရက်အကြောင်း
ပြောပြီး ထလာသည်...
“ ဟျောင့်...ထ ပြန်မယ်...”
ဟုပြောလိုက်တော့မှ မျက်လုံးပိတ်ပြီး
အော်ချင်ရာအော်နေသည့် သူက
မျက်လုံးလေး ဖွင့်ကြည့်ကာ....
“ ဟာ...ကိုကို...Baek ရဲ့ကိုကို...
ဟီးးးဟီးးးး ချစ်ဆုံးကြီး.....
ကိုကိုလူဆိုးကြီး...”
ဆိုကာ ကျွန်တော့အား ဖက်ရန်
လက်ကမ်းလာပြီး လမ်းတစ်ဝက်မှာတင်
ထိုင်ခုံပေါ်က ပြုတ်ကျတော့မလို
ဖြစ်သွားတာကြောင့်
အမြန်ဖမ်းလိုက်ရသည်...
ပြုတ်ကျမည့်သူ့ကို ကမန်းကတန်း
ဖမ်းလိုက်သည်ကြောင့်
ကျွန်တော့ရင်ခွင်ထဲသို့
ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာလေသည်...
သူ့ခေါင်းက ခေါင်းလျှော်ရည်အနံ့လေးက
ကျွန်တော့ နှာခေါင်းနားကို
ရောက်လာကာ ကျီစယ်နေတာကြောင့်
ငုံ့ပြီး နမ်းကြည့်လိုက်မိစဥ်
သူက လူကိုလာမော့ကြည့်ပြီး
"ကိုကို နောက်တစ်ခါလောက်
ထပ်နမ်းပါလား...."
ဟုပြုံးပြီး ပြောလာသည်....
" ဘာလို့ နမ်းရမှာလဲ....
မင်းရဲ့ခေါင်းက နံနေတာကို..."
ဟုပြောတော့
"ဟင်....တကယ်....
တကယ်ကြီး နံနေတာလား..."
ဟု မျက်လုံးမပွင့်ဘဲ ပြန်မေးပြန်သည်...
"ခေါင်းလျှော်မယ်..."
ဟု ထအော်ကာ မတ်တပ်ကိုမရပ်နိုင်ဘဲ
ထပြီး ရပ်နေပြန်သည်ကြောင့်....
" ဟျောင့်....ထိုင်စမ်း....
မတ်တပ်ဖြင့် မရပ်နိုင်ဘဲနဲ့...
ဘယ်ကို ခေါင်းလျှော်မှာလဲ....
နောက်ပြီ အခုဘယ်အချိန်ရှိနေပြီထင်လို့
ခေါင်းလျှော်မှာလဲ...
အအေးပတ်ပြီး သေချင်လို့လား...."
"ဟင့်...ဟင့်...
ကိုကိုပဲ ခေါင်းက နံနေတယ်ဆို...
အီးးးးးဟီးးးးးး..."
ဟု ထငိုတာကြောင့် ကျွန်တော်
ကြောင်တောင် ကြောင်သွားသည်...
" အီးးးးးးဟီးးးးးးးး "
ဟုအော်ငိုနေတာကြောင့်
" မနံဘူး...မနံဘူး...
မွှေးနေတာပဲ...ခုနက စတာ..."
ဟု ခပ်မြန်မြန်ပြောလိုက်တော့မှ
တိခနဲ အငိုတိတ်ကာ
" တကယ်လား...
အဲ့ဒါဆို နောက်တစ်ခေါက်
ထပ်နမ်းကြည့်ပါလား..."
ဆိုကာ လက်ညှိုးလေးထောင်ပြီး
မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ
လူကိုလာချွဲနေတာကြောင့်
နားအေးပြ်ိးရော ငုံ့ပြီးနမ်းပေးလိုက်သည်...
အဲ့တော့မှ ကျေနပ်သွားသည့်နှယ်
ပြုံးပြပြီး
" ကိုကိုက ချစ်ဖို့အကောင်းဆုံးပဲ..."
ဟု ထအော်ကာ ကျွန်တော့ လည်ပင်းကို
သိုင်းဖက်ပြီးအိပ်ပျော်သွားတော့သည်...
~~~~~~~~~~to be continued 💛💚💙