နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

由 Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... 更多

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း-၂၄ (Zawgyi + Unicode)

15.3K 2.4K 61
由 Kay_Wine


{Zawgyi}

နတ္ဆိုးဘုရင္ႀကီး လုံးဝေပ်ာက္သြားေတာ့မွပဲ ပိုင္ရန္စိတ္ေအးသြားရတယ္။

သူေၾကာက္လြန္းလို႔ရင္ေတြတုန္ေနတာေၾကာင့္ ေရွ႕ေနာက္အႀကိမ္အနည္းငယ္ေလာက္ လမ္းေလွ်ာက္ေနလိုက္တယ္။

“ငါမေသေသးဘူးလား” ပိုင္ရန္ေျပာလိုက္တယ္။

“သံသယမျဖစ္ပါနဲ႔ သခင္တကယ္မေသပါဘူး!” ေရွာင္လင္းကျပန္ေျပာေပးတယ္။

ဆိုးဆိုးဝါးဝါးျပႆနာသြားရွာတာေတာင္မွ မေသဘူးဆိုေတာ့ အရမ္းေကာင္းတဲ႔ရလဒ္ပဲ။

“အခုကစၿပီး ငါဘာလုပ္သင့္လဲ?” ပိုင္ရန္ဗလံုးဗေထြးေျပာလိုက္တယ္။ “ငါ့missionကို ၿပီးႏိုင္သမွ်ျမန္ျမန္ၿပီးခ်င္ေနၿပီ”

တကယ္လို႔တျခားကပ္ေဘးႀကီးေတြသာထပ္ျဖစ္ရင္ သူဘယ္လိုေျဖရွင္းရမလဲဆိုတာ မသိေတာ့ဘူး။ ပထမအႀကိမ္နဲ႔ဒုတိယအႀကိမ္မွာ မေသေပမယ့္ တတိယတစ္ေခါက္က်ရင္ေတာ့ ဘယ္လိုလြတ္ေျမာက္ေအာင္ လုပ္ရပါ့မလဲ? အေကာင္းဆံုးကေတာ့ missionကို ျမန္ျမန္ၿပီးေအာင္လုပ္ၿပီးေတာ့ တကယ့္ကမာၻကိုျပန္ဖို႔ပဲရွိတယ္။

ဇာတ္လိုက္ကေတာ့ တိမ္လႊာပ်ံဝဲဂိုဏ္းကိုျပန္သြားႏိုင္ခဲ႔ၿပီး ဇာတ္ေၾကာင္းအတိုင္းဆက္ျဖစ္ေနေတာ့တယ္။ ပိုင္ရန္ကေတာ့အေတာ္ေလး လူသားနယ္ေျမကိုသြားၿပီး ဇာတ္လိုက္ေနာက္လိုက္ကာ တတ္ႏိုင္သမွ်ျမန္ျမန္ေလး အထက္တက္ႏိုင္ေအာင္လို႔ကူညီေပးခ်င္ေနတယ္။

ဒါေပမယ့္ နတ္ဆိုးနယ္ေျမမွာသာ ေသာင္တင္ေနရတယ္။ လူသားနယ္ေျမကိုသြားႏိုင္ဖို႔အတြက္ ဘယ္လိုဆင္ေျခဆင္လက္ကို သံုးရပါ့မလဲ?

ပိုင္ရန္ထိုအေၾကာင္းကိုေတြးရင္း ေရပူစမ္းကေနတက္လာကာ အ၀တ္ေတြ၀တ္ၿပီး အေမွာင္ထုနန္းေတာ္ကေနထြက္လာလိုက္တယ္။ သူနန္းေတာ္မွာေနၿပီး နတ္ဆိုးဘုရင္ႀကီးနဲ႔ထပ္ၿပီး မ်က္ႏွာခ်င္းမဆိုင္ခ်င္ေတာ့ဘူး။ တစ္ဖက္မွာလည္း အရိပ္အႁမြက္ေတ ထည့္ေျပာမိမွာေၾကာက္တယ္၊ ေနာက္ၿပီးေတာ့ နတ္ဆိုးဘုရင္ႀကီးကလည္း စိတ္ဆတ္လြန္းတယ္။ ငါသာသူ႔ကို စိတ္ဆိုးေအာင္လုပ္မိရင္ သူငါ့ကိုအျပတ္ရွင္းပစ္လိုက္လိမ့္မယ္။

နတ္ဆိုးဘုရင္ႀကီးက သူ႔နဲ႔မေတြ႕မိေစဖို႔အတြက္ အမိန္႔ထုတ္ထားတာေၾကာင့္ ပိုင္ရန္နာနာခံခံေလးနဲ႔ သူ႔အိမ္ေတာ္မွာပဲျပန္ေနေတာ့မယ္။ အဲ႔အျပင္ သူတကယ္သာ နတ္ဆိုးဘုရင္ႀကီးကို ခ်စ္တယ္ဆိုရင္ အိပ္ယာေပၚမွာလူးလိမ့္တာကိုေရွာင္တာကလည္း ပံုမွန္ပဲျဖစ္တယ္။ သူ႔အိမ္ေတာ္မွာေနတုန္းမွာ အသည္းကြဲသမားပံုစံကို အပီအျပင္သ႐ုပ္ေဖာ္ရမယ္။

အားလံုးကလံုး၀ကို အိုေခမွာစိုေျပေနတာပဲ!

တစ္ခုတည္းေသာမေကာင္းတာကေတာ့ နတ္ဆိုးဘုရင္ႀကီးကပိုင္ရန္ကို သူ႔ကိုမေတြ႕ခိုင္းတာက သူတို႔ေတြ႕ခြင့္ရတာေတာ့မဟုတ္ဘူး။ ပံုမွန္ဆို ပိုင္ရန္ကအသည္းကြဲတာကို အေၾကာင္းျပၿပီး လူသားနယ္ေျမကိုသြားမယ္ဆိုၿပီး ဆင္ေျခေပးမလို႔ကို နတ္ဆိုးဘုရင္ႀကီးက သူနဲ႔ေတြ႕ဖို႔ကိုျငင္းဆန္ေနၿပီး ပိုင္ရန္လူသားနယ္ေျမသြားဖို႔အတြက္ဆို ပိုေတာင္မေျပာခိုင္းေသးတယ္။

ပိုင္ရန္ေတာ့ ျပႆနာပဲ။

ၿပီးေတာ့ ဒီလိုနဲ႔ပဲ တစ္လနီးနီးကုန္သြားတယ္။ လကုန္ပိုင္းေလာက္မွာ အေမွာင္ထုနန္းေတာ္ကေနၿပီးေတာ့ သူ႔ကိုလူသားနယ္ေျမကို သြားခြင့္ေပးတယ္ဆိုတဲ႔ သတင္းေရာက္လာတယ္။ အဲ႔ေနာက္မွာ ပိုင္ရန္ကလည္း အခ်ိန္အသင့္အတင့္ကုသၿပီးၿပီဆိုေတာ့ ဒီသတင္းကိုၾကားတာနဲ႔ ထသြားလိုက္တယ္။ သူေျပာခ်င္တာေတြကိုႀကိဳေတြထားၿပီး ထာ၀ရအေမွာင္ထုနန္းေတာ္ကို အလ်င္စလိုသြားေတာ့တယ္။

နန္းေတာ္ထဲ၀င္ၿပီး ပင္မေဆာင္ကိုေလွ်ာက္သြားေတာ့ ပိုင္ရန္ ရက္မ်ားစြာမေတြ႕ခဲ႔ရတဲ႔နတ္ဆိုးဘုရင္ႀကီးကို ေတြ႕လိုက္ရတယ္။

နတ္ဆိုးဘုရင္ႀကီးက ၿပီးခဲ႔တဲ႔ႏွစ္ႀကိမ္ပိုင္ရန္နဲ႔ေတြ႕သလို ေလ်ာ့တိေလ်ာ့ရဲပံုစံနဲ႔မဟုတ္ဘဲ ၀တ္စံုအျပည့္နဲ႔အေတာ္ေလးလန္းလန္းဆန္းဆန္းျဖစ္ေနတယ္။ လူမွာအ၀တ္၊ ေတာင္းမွာအကြပ္။ [T/N ; ဒီေနရာမွာ သူကတစ္ျခားစကားပံုေရးေပးထားတာပါ၊ ျမန္မာလိုျပန္ရင္ တစ္မ်ိဳးႀကီးျဖစ္ေနလို႔ဆင္တူတဲ႔စကားပံုထည့္ေပးထားတာပါ] နတ္ဆိုးဘုရင္ႀကီးက ေကာင္းေကာင္းမ၀တ္ထားတဲ႔အခ်ိန္မွာဆိုရင္ အ႐ိုင္းဆန္ၿပီး ဘယ္သူမွတားဆီးလို႔မရတဲ႔ပံုေပၚတယ္။ ေသခ်ာ၀တ္စားထားတဲ႔အခ်ိန္က်ရင္ေတာ့ မႏိႈင္းယွဥ္ႏိုင္ေလာက္ေအာင္ကို ျမင့္ျမတ္တဲ႔ဟန္ေပၚတယ္။ လွပတဲ႔သူေတြကေတာ့ ဘယ္လိုပဲ၀တ္၀တ္ပါေလ… ၾကည့္ေကာင္းေနေတာ့တာပဲ။

ပိုင္ရန္အၾကည့္မလႊဲႏိုင္ဘဲ ေငးေမာေနမိတယ္။ သူေတြးမိတာက လွပတဲ႔အႏုပညာကိုေတာင္ဖန္တီးထားႏိုင္တယ္ဆိုေတာ့ ဒီဂိမ္းကမိုက္လိုက္တာ… ငါတကယ့္ကမာၻကိုျပန္ေရာက္ရင္ ဖန္တီးသူကိုသြားရွာရင္ေကာင္းမလား?

ပိုင္ရန္အခုလို အဓိပၸါယ္မရွိတာေတြေတြးေနေပမယ့္ မ်က္ႏွာမွာေတာ့ ဘာအရိပ္အေယာင္မွမျပေနဘူး၊ ပိုင္ရန္ၾကမ္းျပင္ေပၚ ဒူးေထာက္ခ်ကာ “အရွင္!”

“ထလို႔ရၿပီ” နတ္ဆိုးဘုရင္ႀကီးက လက္ကိုေႁမွာက္ျပလိုက္တယ္။

ပိုင္ရန္ မတ္တပ္ရပ္ကာ “ကြ်န္ေတာ့္ကိုေခၚပါလား အရွင္?”

ပိုင္ရန္သိခ်င္တယ္။ နတ္ဆိုးဘုရင္ႀကီးကို ေတြ႕ခြင့္ေတာင္းေနတုန္းကေတာ့ ပိုင္ရန္႔ကိုခြင့္မျပဳခဲ႔ဘူး၊ ဒါေပမယ့္ပိုင္ရန္ ရပ္လိုက္ေတာ့မွပဲ နတ္ဆိုးဘုရင္ႀကီး႐ုတ္တရက္ႀကီး ေခၚလာတယ္? တစ္ခုခုမ်ားျဖစ္လို႔လား?

နတ္ဆိုးဘုရင္ႀကီးက အတန္ၾကာတိတ္ဆိတ္ေနၿပီးမွ စကားစေျပာတယ္ “ကိုယ္ေတာ္ၾကားတာေတာ့ မင္းဒီတေလာအိမ္ေတာ္ကေန မထွက္ဘူးဆို၊ ၿပီးေတာ့ စိတ္မခ်မ္းသာစရာေတြကို ေမ့ေပ်ာက္သြားေအာင္ ေသာက္ပဲေသာက္ေနတာလား?”

အယ္?

နတ္ဆိုးဘုရင္ႀကီးက ငါ့ကိုအာရံုလာစိုက္ေနတာလား?

ပိုင္ရန္ေခါင္းကိုေမာ့ၿပီး နတ္ဆိုးဘုရင္ႀကီးကိုၾကည့္လိုက္တဲ႔အခ်ိန္မွာ အၾကည့္ခ်င္းဆံုသြားေတာ့ မ်က္၀န္းေတြကအရင္ကထက္ေတာင္ ႏူးညံ့ေနတယ္.. ခုမွသတိထားမိတယ္ _ နတ္ဆိုးဘုရင္ႀကီးက ငါအိမ္ထဲကအိမ္ျပင္မထြက္တာ ေခါင္းခဲစရာေတြေၾကာင့္လို႔ထင္ေနတာလား?

ပိုင္ရန္အိမ္ထဲကမထြက္တာေတာ့ ဟုတ္ပါရဲ႕၊ ဒါေပမယ့္ ရင္ပူစရာေတြကို ေမ့ပစ္ဖို႔ေသာက္ေနတာေၾကာင့္ေတာ့မဟုတ္ဘူး။ ဒီတိုင္းအိပ္လိုက္စားလိုက္ပဲလုပ္ေနတာ။ သူ႔ကိုနာက်င္ေစတဲ႔တစ္ခုတည္းေသာ အေၾကာင္းအရာက လူသားနယ္ေျမကိုဘယ္လိုသြားရမယ္ဆိုတာကို အတင္းစဥ္းစားေနရတာပဲျဖစ္တယ္။

ဒါေပါ့ အမွန္အတိုင္းေတာ့ဘယ္ေျပာလို႔ျဖစ္မလဲ… အဲ႔တာေၾကာင့္ေသခ်ာေတြးၿပီးမွ ျပန္ေျပာတယ္ “အရွင္ ကြ်န္ေတာ့္ဒဏ္ရာေတြေၾကာင့္ အိမ္မွာပဲကုသရင္းေနေနရတာပါ”

ေရွာင္လင္းက “သခင္၊ ဘာလို႔အဲ႔လိုေျပာတာလဲ? တကယ္ဆို အျငင္းခံလိုက္ရတည္းက နာက်င္ခံစားေနရတာပါလို႔ေျပာသင့္တာကို!”

ပိုင္ရန္မသိခ်င္ေယာင္သာေဆာင္ေနတယ္။

မင္းျငင္းလိုက္တည္းက ငါအသည္းကြဲေနရတာပါ… သူဒီလိုစကားလံုးေတြကို ဘယ္လိုမွေျပာမထြက္ဘူး၊ ဒါႀကီးကေတာ့ သိပ္သနားစရာေကာင္းလြန္းပါတယ္။

နတ္ဆိုးဘုရင္ႀကီးက သူ႔ကိုခဏေလာက္စူးစမ္းသလိုၾကည့္ေနၿပီး “မင္းဒဏ္ရာေတြက ၾကည့္ရတာေတာ့ သက္သာေနပါၿပီ”

“စိုးရိမ္ေပးတာေၾကာင့္ အရွင့္ကိုေက်းဇူးတင္ပါတယ္.. ကြ်န္ေတာ့္ဒဏ္ရာေတြက ဘာမွမျဖစ္ေတာ့ပါဘူး” ပိုင္ရန္ေတာင့္ေတာင့္ႀကီး ျပန္ေျဖတယ္။ သူအပိုစာသားေတြထပ္မေျပာေတာ့ဘူး။

ေလထုႀကီးက နည္းနည္းေတာ့ကသိကေအာက္ျဖစ္စရာေကာင္းေနတယ္။

ဒီလိုကသိကေအာက္အေျခအေနႀကီးကို ဘယ္လိုေျဖရွင္းရမယ္ဆိုတာလဲ တစ္ေယာက္မွမသိဘူး။ အၾကာႀကီးေနမွ နတ္ဆိုးဘုရင္ႀကီးဆက္ေျပာလာတယ္ “မင္းဒဏ္ရာေတြ သက္သာၿပီဆိုရင္ ၿပီးေအာင္လုပ္စရာရွိေသးတာေတြကို ၿပီးေအာင္ဆက္လုပ္ေတာ့”

အခြင့္အေရးကေတာ့ ေရာက္လာၿပီ!

ပိုင္ရန္ေနာက္တစ္ႀကိမ္ ၾကမ္းျပင္ေပၚဒူးေထာက္ခ်ၿပီး ေျပာလိုက္တယ္ “အရွင္ကလည္း ကြ်န္ေတာ္ကိုမျမင္ခ်င္ဘူးဆိုေတာ့ ကြ်န္ေတာ့္ကိုအေ၀းပို႔မယ္ဆိုရင္ ဘယ္လိုသေဘာရပါလဲ?”

နတ္ဆိုးဘုရင္ႀကီးက မတ္မတ္ထိုင္ကာ လက္ကိုပလႅင္လက္ကိုင္မွာေခါက္ေနတယ္။ ပိုင္ရန္ၿပီးခဲ႔တဲ႔အပတ္ေတြတည္းက နတ္ဆိုးဘုရင္ႀကီးကိုေတြ႕ခြင့္ေတာင္းေနတာ သံုးႀကိမ္ထက္မနည္းရွိၿပီ..။ ၿပီးေတာ့ အႀကိမ္တိုင္းမွာလည္း နတ္ဆိုးဘုရင္ႀကီးက ပယ္ခ်လိုက္တာခ်ည္းပဲ။

နတ္ဆိုးဘုရင္ႀကီး နည္းနည္းေတာ့အျပစ္ရွိသလိုခံစားရတယ္။ သူျငင္းလိုက္တာက ရွဲ႕ဇီထ်န္းအေပၚအဲ႔ေလာက္ထိအမ်ားႀကီး ဆိုးက်ိဳးသက္ေရာက္ေစလိမ့္မယ္လို႔ မထင္ခဲ႔ဘူး။ ရွဲ႕ဇီထ်န္းက သူ႔ကိုနက္နက္ရႈိင္းရႈိင္းခ်စ္မိေနတာပဲ။

နတ္ဆိုးဘုရင္ႀကီး မသက္မသာျဖစ္ေစတဲ႔အေတြးေတြ ေတြးမိတယ္။ ေကာင္းလြန္းတာကလည္း ၀န္ထုတ္၀န္ပိုးတစ္ခုပါပဲလား…

“ကြ်န္ေတာ္ နတ္ဆိုးနယ္ေျမမွာရွိေနသေရြ႕ အရွင့္ကိုကြ်န္ေတာ္ေတြ႕ခ်င္ေနမွာ… ကြ်န္ေတာ့္အရွင္ရယ္၊ အရွင့္ကိုစိတ္မရႈပ္ရေအာင္ ကြ်န္ေတာ့္စိတ္ကိုထိန္းခ်ဳပ္မွာပါ၊ ေက်းဇူးျပဳၿပီး ကြ်န္ေတာ့္ကိုအေ၀းပို႔ေပးပါ… ေ၀းႏိုင္သမွ်ေ၀းေလ ပိုေကာင္းေလပါ အရွင္ရယ္၊ ခုနစ္စင္ၾကယ္သားေတာ္လည္း အမွန္တကယ္ေသလားဆိုတာလည္း ကြ်န္ေတာ္တို႔မသိဘူး၊ ကြ်န္ေတာ့္ကိုလႊတ္ၿပီးပဲဆက္ရွာခိုင္းရင္ေရာဟင္? တကယ္လို႔ခုနစ္စင္ၾကယ္သားေတာ္ အသက္ရွင္ေနေသးရင္ဘယ္လိုလုပ္မလဲ?”

ပိုင္ရန္ေအာ့အန္ထြက္ေတာ့မယ္။

သူဒီတာ၀န္အတြက္နဲ႔ အနစ္နာခံရတာေတြမ်ားေနၿပီ။ ဒီလိုစကားေတြေတာင္ ေျပာရေသးတယ္။

ဒီလို႐ိုးရွင္းတဲ႔ေတာင္းဆိုခ်က္ကိုေတာင္ နတ္ဆိုးဘုရင္ႀကီးကတိတ္ဆိတ္ေနၿပီး သူ႔ေရြးျခယ္မႈကို ခ်ိန္ဆေနပံုရတယ္။

ပိုင္ရန္ေနလို႔ထိုင္လို႔မေကာင္းေနေပမယ့္ ၾကမ္းျပင္ေပၚဒူးေထာက္ကာ ေခါင္းငံု႔ရင္းပဲ ေစာင့္ေနလိုက္တယ္။ အၾကာႀကီးေနမွ ပလႅင္ေပၚက အေက်ာ္ေဇယ်ႀကီးက စကားဆိုလာတယ္ “တိုက္ဆိုင္လိုက္တာ၊ ကိုယ္ေတာ့္မွာလည္း လူသားနယ္ေျမမွာလုပ္စရာေလးေတြ ရွိေနတယ္ဆိုေတာ့ မင္းကိုပဲလက္လႊဲရေတာ့မယ္”

ပိုင္ရန္အင္မတန္ေပ်ာ္သြားေပမယ့္ ၿမိဳသိပ္ကာျပန္ေျပာလိုက္တယ္ “ေက်းဇူးတင္ပါတယ္ အရွင္”

နတ္ဆိုးဘုရင္ႀကီးက စိတ္ခံစားခ်က္ထက္ ဆင္ျခင္တံုတရားကပိုရွိတာေၾကာင့္ ရွဲ႕ဇီထ်န္းသူ႔ကိုသေဘာက်ေနတဲ႔ကိစၥကို သူ႔စိတ္ထဲမွာ ေဘးပို႔ထားဖို႔သာလုပ္လိုက္တယ္။ သူသေဘာတူၿပီးတာနဲ႔ လူသားနယ္ေျမက အေျခအေနေတြကိုရွင္းျပလိုက္တယ္။

နတ္ဆိုးဘုရင္ႀကီးက လူသားနယ္ေျမတစ္ခုလံုးကို သိမ္းယူခ်င္တာေၾကာင့္ ေလာ့က်န္းဖန္းတစ္ေယာက္တည္းကို အလုပ္ေပးထားတာနဲ႔ပဲ မလံုေလာက္ေတာ့ဘူး။ ေလာ့က်န္းဖန္းက အေမွာင္ထဲမွာသူ႔အလုပ္သူလုပ္ေနတာေၾကာင့္ နတ္ဆိုးဘုရင္ႀကီးအတြက္ အလင္းထဲမွာလုပ္ေဆာင္ေပးႏိုင္မယ့္ တစ္ေယာက္ေယာက္လိုတယ္။

“အရွင္ ဘာမ်ားအမိန္႔ေပးခ်င္ပါသလဲ?” ပိုင္ရန္ေမးလိုက္တယ္။

နတ္ဆိုးဘုရင္ႀကီးရဲ႕ အၾကည့္ေတြက ေအးစက္သြားၿပီး “ကိုယ္ေတာ္မင္းကို လူသားနယ္ေျမကိုသြားၿပီး ေလာ့က်န္းဖန္းကို နယ္နိမိတ္တိုင္ေလးခုကို ဖ်က္ဆီးတဲ႔ေနရာမွာ သြားကူေစခ်င္တယ္”

ဒါကတကယ့္ တာ၀န္အစစ္ပဲ!

မူရင္း၀တၳဳမွာတုန္းက ရွဲ႕ဇီထ်န္းက နတ္ဆိုးဘုရင္ႀကီးရဲ႕နံပါတ္တစ္တာ၀န္သိေခြးတစ္ေကာင္ ျဖစ္တာနဲ႔အညီ၊ လူသားနယ္ေျမကို ဂယက္ေတြထေအာင္လုပ္ၿပီး မေကာင္းတာေတြအမ်ားႀကီးလုပ္ခဲ႔တယ္။ စာအုပ္ထဲမွာေတာ့ သူဘာေၾကာင့္ လူသားနယ္ေျမကိုလာရတယ္ဆိုတာ ေျပာျပမထားဘူး၊ ဒါေပမယ့္ ခုေတာ့ပိုင္ရန္သိလိုက္ရၿပီ။

ဘာေၾကာင့္ဆို ရွဲ႕ဇီထ်န္းက နတ္ဆိုးဘုရင္ႀကီးကိုခ်စ္မိသြားတာေၾကာင့္ ေရွ႕တန္းကိုပို႔ခံလိုက္ရတာပဲ။

အာ… ဒရမ္မာေတြခ်ိဳးလိုက္တာ!

ပိုင္ရန္ အဲ႔တာနဲ႔ပတ္သက္ၿပီး ရႈပ္ေထြးသလိုခံစားရေပမယ့္ ျပန္ေျပာလိုက္ေသးတယ္ “အရွင္… အရွင့္အေစခံက ရႈံးနိမ္႔မယ့္အစား ေသပစ္လိုက္ပါမယ္!”

“ေလာ့က်န္းဖန္း ပို႔လိုက္တဲ႔သတင္းမွာ တိုင္ေတြထဲကတစ္ခုကို တိမ္နက္ဂိတ္မွာ စတည္းခ်ထားတယ္လို႔ပါတယ္.. လူသားနယ္ေျမကိုသြားဖို႔မနက္ျဖန္ ထြက္ခြာလို႔ရၿပီ” နတ္ဆိုးဘုရင္ႀကီးက လက္ကိုေ၀ွ႕ယမ္းၿပီး ပိုင္ရန္ကို ထြက္သြားဖို႔အခ်က္ျပလိုက္တယ္။

ပိုင္ရန္႔မွာလည္း ေျပာစရာစကားထပ္မရွိေတာ့တာေၾကာင့္ တပ္ဆုတ္လာခဲ႔လိုက္တယ္။

အေမွာင္ထုနန္းေတာ္ကေနထြက္ခြာလာၿပီးတာေတာင္ ပိုင္ရန္စိတ္တည္ၿငိမ္သြားဖို႔ မနည္းလုပ္ေနရတယ္။

“ရွဲ႕ဇီထ်န္းလူသားနယ္ေျမကို သြားရတာက နတ္ဆိုးဘုရင္ႀကီးကိုသြားႀကိဳက္မိၿပီးေတာ့ ဟိုလူႀကီးကသူ႔ကိုမုန္းသြားတာေၾကာင့္လို႔ ဘယ္တုန္းကမွမထင္ခဲ႔မိဘူး”

ေရွာင္လင္းကေျပာတယ္ “သခင္ မူရင္းထဲမွာဘာေၾကာင့္ဆိုတာေျပာမထားေတာ့ ကြ်န္မလည္းဒါကတကယ့္အေၾကာင္းျပခ်က္လို႔ မထင္ဘူး”

“ကိစၥမရွိဘူး၊ ငါတို႔ရည္မွန္းခ်က္ေအာင္တာပဲကို” လူသားနယ္ေျမကိုသြားၿပီး ဇာတ္လိုက္ေက်ာ္နဲ႔ေတြ႕ရဖို႔က အေရးအႀကီးဆံုးပဲ။

အမ္… နတ္ဆိုးဘုရင္ႀကီးသာ အခုဟန္ေဆာင္ေနတာေတြအားလံုးက တျခားေယာက်ာ္းတစ္ေယာက္အတြက္ေၾကာင့္ဆိုတာသာ သိသြားရင္၊ နတ္ဆိုးဘုရင္ႀကီးဘယ္လို တုန္႔ျပန္ႏိုင္တယ္ဆိုတာ ပိုင္ရန္မသိဘူး။ ေသခ်ာေပါက္ေတာ့ ေဒါသပုန္ထမွာပဲ။ အဲ႔တာအျပင္ သူက ယံုၾကည္ခ်က္အျပည့္နဲ႔ ရွဲ႕ဇီထ်န္းက သူ႔ကိုခ်စ္ေနပါတယ္လို႔ လႈိက္လႈိက္လွဲလွဲယံုေနတဲ႔သူဆိုေတာ့…။

တကယ္လို႔သာ ငါကသူ႔ကိုဦးထုပ္စိမ္းေဆာင္းေပးေနတယ္ဆိုတာသာသိသြားရင္၊ ငါေတာ့…
[T/N ; ဦးထုပ္စိမ္းေဆာင္းေပးတယ္ဆိုတာက တခါကလင္မယားစံုတြဲမွာ မိန္းမက ေယာက်ာ္းအလုပ္ကိစၥနဲ႔ ညအိပ္ညေနခရီးထြက္ရၿပီဆိုရင္ သူ႔ေယာက်ာ္းျဖစ္သူကို ဦးထုပ္စိမ္းေလးေဆာင္းေပးလိုက္ပါတယ္တဲ႔။ အဲ႔အခါက်ရင္ လင္ငယ္က အဲ႔ဦးထုပ္ကိုျမင္တာနဲ႔ ဒါကညအိပ္ခရီးသြားတာဆိုတာကို သိၿပီးမယားျဖစ္သူနဲ႔ လာေပ်ာ္ပါးေတာ့တယ္တဲ႔။ အဲ႔တာကိုအေၾကာင္းျပဳၿပီး လင္ငယ္တာေတြဘာေတြမွာဆိုရင္ ေယာက်ာ္းကို ဦးထုပ္စိမ္းေဆာင္းေပးတယ္လို႔ ေျပာၾကပါေတာ့တယ္တဲ႔။ ဒါကိုပိုင္ရန္က…..မေျပာေတာ့ပါဘူးေလ]

ပိုင္ရန္တုန္လႈပ္သြားတယ္။ မရဘူး၊ သူအဲ႔လိုျဖစ္ခြင့္မေပးႏိုင္ဘူး!

ေနပါအံုး ဒါေတာ့မဟုတ္ေသးပါဘူး။ ငါကဘာလို႔သူ႔ကို ဦးထုပ္စိမ္းေဆာင္းေပးရမွာလဲ? ငါကသူ႕ကိုတကယ္ႀကီးႀကိဳက္ေနတာလည္း မဟုတ္ဘူး ၿပီးေတာ့ နတ္ဆိုးဘုရင္ႀကီးကလည္း ငါ့ကိုုျငင္းလိုက္ၿပီဟာကို…

ဆိုေပမယ့္လည္း သူမသိတာပိုေကာင္းတာပဲေလ

ပိုင္ရန္သူ႔အိမ္ေတာ္ကို စိတ္ရႈပ္ရႈပ္နဲ႔ပဲျပန္လာကာ တစ္ရက္နားလိုက္တယ္။ ျဖတ္လမ္းပြင့္လာတဲ႔အခါမွာ အဲ႔တာကိုျဖတ္ၿပီး လူသားနယ္ေျမကို ေရာက္လာခဲ႔တယ္။

တိမ္နက္ဂိတ္က နယ္နမိတ္တိုင္အေၾကာင္းက ေလာ့က်န္းဖန္းဆီကေနလာတာျဖစ္ၿပီး ေကာလဟာလေတြအတိုင္း ေနရာေပါင္းစံုကို ရွာေနရင္းဒါကိုရွာေတြ႕သြားတာျဖစ္တယ္။ ရွဲ႕ဇီထ်န္းရဲ႕တာ၀န္က တိမ္နက္ဂိတ္ကိုသြားၿပီး နယ္နမိတ္တိုင္ကို ဖ်က္ဆီးဖို႔ျဖစ္တယ္။

လူသားနယ္ေျမနဲ႔ နတ္ဆိုးနယ္ေျမကို ျခားထားတဲ႔စည္းက အားေကာင္းၿပီး ေဘးမကင္းႏိုင္ဘူး။ အဲ႔မွာနယ္နိမိတ္တိုင္ေလးခုရွိတယ္၊ အဲ႔တိုင္ေလးတိုင္ကိုသာ ဖ်က္ဆီးပစ္ႏိုင္ရင္ နယ္ေျမႏွစ္ခုကို ျခားထားတဲ႔စည္းလည္း က်ိဳးပ်က္သြားႏိုင္ေျခရွိတယ္။ ျပႆနာႀကီးက နယ္နိမိတ္တိုင္ေတြ ဘယ္ေနရာမွာရွိတယ္ဆိုတာ မသိတာပဲ။ တိုင္ရဲ႕တည္ေနရာကိုသိရင္ေတာင္ အဲ႔မွာေစာင့္ၾကပ္ေနမယ့္ ဆရာတစ္ေယာက္ေသခ်ာေပါက္ရွိႏိုင္တာေၾကာင့္ ဖ်က္ဖို႔ကမလြယ္ကူႏိုင္ဘူး။

ေလာ့က်န္းဖန္းက တိုင္တစ္ခုကို ရွာမေတြ႕ခင္ လူသားနယ္ေျမကိုေရာက္တာ ႏွစ္ႏွစ္ဆယ္ေက်ာ္ေလာက္ရွိေနၿပီ အဲ႔တာေၾကာင့္ ဒါကနတ္ဆိုးဘုရင္ႀကီးအတြက္ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ သင္ခန္႔မွန္းႏိုင္မွာပါ။ စစ္ဗိုလ္တစ္ေယာက္ကို လူသားနယ္ေျမကို လႊတ္ထားတည္းက တိုင္ကိုဖ်က္ဆီးဖို႔အတြက္ ဘယ္ေလာက္ေတာင္ ဆံုးျဖတ္ခ်က္ခ်ထားတယ္ဆိုတာ ျမင္ႏိုင္တယ္။

ပိုင္ရန္လူသားနယ္ေျမဆီ သူ႔ကိုကူညီႏိုင္မယ့္သူအခ်ိဳ႕ေခၚသြားတယ္။ ေလာ့က်န္းဖန္းကလည္း လူသားနယ္ေျမမွာ အင္အားအခ်ိဳ႕စုေဆာင္းထားတယ္၊ ၿပီးေတာ့ လြန္ခဲ႔တဲ႔ႏွစ္ေတြက ျဖတ္၀င္လာတဲ႔နတ္ဆိုးေတြကိုပါ ထည့္ေပါင္းထည့္ထားေသးတာေၾကာင့္ သူတို႔ေပါင္းစည္းလိုက္တဲ႔အစြမ္းက အေတာ္ေလးအားေကာင္းေနတယ္။ ဒါေၾကာင့္ ဂိုဏ္းတစ္ခုလံုးကိုဖ်က္ဆီးခ်င္ရင္ေတာင္ ျဖစ္ႏိုင္ေခ်ရွိေနၿပီ။

ေလာ့က်န္းဖန္းက တိမ္နက္ဂိတ္ရဲ႕ေတာင္ေအာက္မွာေတာင္ အေျခခ်စခန္းတည္ၿပီး သူ႔လူေတြကိုလည္း အျခားေနရာေတြကေန ဝိုင္းခိုင္းထားၿပီး သူ႔ရဲ႕ေနာက္ဆံုးအမိန္႔ေပးခ်က္ကို ေစာင့္ခိုင္းထားတယ္။

ေတာင္ထိပ္မွာ စြန္႔ပစ္ထားတဲ႔ဘုရားေက်ာင္းတစ္ခုရွိတယ္။ ေလာ့က်န္းဖန္းက သူ႔လူေတြကို အဲ႔တာကိုျပန္ျပင္ဆင္ခိုင္းထားၿပီး မ်က္ကန္းဂါထာနဲ႔ ဖံုးကြယ္ထားတယ။ အျပင္ဆိုရင္ေတာ့ လူေတြအေဆာက္အအံုႀကီးကို မျမင္ႏိုင္ဘူး။

ပိုင္ရန္သူ႔လူေတြကိုေခၚၿပီး ေတာင္ဆီသို႔ဂိတ္ေစာင့္ေနာက္ကေန လိုက္လာခဲ႔လိုက္တယ္။

ေလာ့က်န္းဖန္းကေတာ့ အိမ္ထဲကေနေစာင့္ေနတယ္။

____________________________________

{Unicode}

နတ်ဆိုးဘုရင်ကြီး လုံးဝပျောက်သွားတော့မှပဲ ပိုင်ရန်စိတ်အေးသွားရတယ်။

သူကြောက်လွန်းလို့ရင်တွေတုန်နေတာကြောင့် ရှေ့နောက်အကြိမ်အနည်းငယ်လောက် လမ်းလျှောက်နေလိုက်တယ်။

“ငါမသေသေးဘူးလား” ပိုင်ရန်ပြောလိုက်တယ်။

“သံသယမဖြစ်ပါနဲ့ သခင်တကယ်မသေပါဘူး!” ရှောင်လင်းကပြန်ပြောပေးတယ်။

ဆိုးဆိုးဝါးဝါးပြဿနာသွားရှာတာတောင်မှ မသေဘူးဆိုတော့ အရမ်းကောင်းတဲ့ရလဒ်ပဲ။

“အခုကစပြီး ငါဘာလုပ်သင့်လဲ?” ပိုင်ရန်ဗလုံးဗထွေးပြောလိုက်တယ်။ “ငါ့missionကို ပြီးနိုင်သမျှမြန်မြန်ပြီးချင်နေပြီ”

တကယ်လို့တခြားကပ်ဘေးကြီးတွေသာထပ်ဖြစ်ရင် သူဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိတော့ဘူး။ ပထမအကြိမ်နဲ့ဒုတိယအကြိမ်မှာ မသေပေမယ့် တတိယတစ်ခေါက်ကျရင်တော့ ဘယ်လိုလွတ်မြောက်အောင် လုပ်ရပါ့မလဲ? အကောင်းဆုံးကတော့ missionကို မြန်မြန်ပြီးအောင်လုပ်ပြီးတော့ တကယ့်ကမ္ဘာကိုပြန်ဖို့ပဲရှိတယ်။

ဇာတ်လိုက်ကတော့ တိမ်လွှာပျံဝဲဂိုဏ်းကိုပြန်သွားနိုင်ခဲ့ပြီး ဇာတ်ကြောင်းအတိုင်းဆက်ဖြစ်နေတော့တယ်။ ပိုင်ရန်ကတော့အတော်လေး လူသားနယ်မြေကိုသွားပြီး ဇာတ်လိုက်နောက်လိုက်ကာ တတ်နိုင်သမျှမြန်မြန်လေး အထက်တက်နိုင်အောင်လို့ကူညီပေးချင်နေတယ်။

ဒါပေမယ့် နတ်ဆိုးနယ်မြေမှာသာ သောင်တင်နေရတယ်။ လူသားနယ်မြေကိုသွားနိုင်ဖို့အတွက် ဘယ်လိုဆင်ခြေဆင်လက်ကို သုံးရပါ့မလဲ?

ပိုင်ရန်ထိုအကြောင်းကိုတွေးရင်း ရေပူစမ်းကနေတက်လာကာ အဝတ်တွေဝတ်ပြီး အမှောင်ထုနန်းတော်ကနေထွက်လာလိုက်တယ်။ သူနန်းတော်မှာနေပြီး နတ်ဆိုးဘုရင်ကြီးနဲ့ထပ်ပြီး မျက်နှာချင်းမဆိုင်ချင်တော့ဘူး။ တစ်ဖက်မှာလည်း အရိပ်အမြွက်တေ ထည့်ပြောမိမှာကြောက်တယ်၊ နောက်ပြီးတော့ နတ်ဆိုးဘုရင်ကြီးကလည်း စိတ်ဆတ်လွန်းတယ်။ ငါသာသူ့ကို စိတ်ဆိုးအောင်လုပ်မိရင် သူငါ့ကိုအပြတ်ရှင်းပစ်လိုက်လိမ့်မယ်။

နတ်ဆိုးဘုရင်ကြီးက သူ့နဲ့မတွေ့မိစေဖို့အတွက် အမိန့်ထုတ်ထားတာကြောင့် ပိုင်ရန်နာနာခံခံလေးနဲ့ သူ့အိမ်တော်မှာပဲပြန်နေတော့မယ်။ အဲ့အပြင် သူတကယ်သာ နတ်ဆိုးဘုရင်ကြီးကို ချစ်တယ်ဆိုရင် အိပ်ယာပေါ်မှာလူးလိမ့်တာကိုရှောင်တာကလည်း ပုံမှန်ပဲဖြစ်တယ်။ သူ့အိမ်တော်မှာနေတုန်းမှာ အသည်းကွဲသမားပုံစံကို အပီအပြင်သရုပ်ဖော်ရမယ်။

အားလုံးကလုံးဝကို အိုခေမှာစိုပြေနေတာပဲ!

တစ်ခုတည်းသောမကောင်းတာကတော့ နတ်ဆိုးဘုရင်ကြီးကပိုင်ရန်ကို သူ့ကိုမတွေ့ခိုင်းတာက သူတို့တွေ့ခွင့်ရတာတော့မဟုတ်ဘူး။ ပုံမှန်ဆို ပိုင်ရန်ကအသည်းကွဲတာကို အကြောင်းပြပြီး လူသားနယ်မြေကိုသွားမယ်ဆိုပြီး ဆင်ခြေပေးမလို့ကို နတ်ဆိုးဘုရင်ကြီးက သူနဲ့တွေ့ဖို့ကိုငြင်းဆန်နေပြီး ပိုင်ရန်လူသားနယ်မြေသွားဖို့အတွက်ဆို ပိုတောင်မပြောခိုင်းသေးတယ်။

ပိုင်ရန်တော့ ပြဿနာပဲ။

ပြီးတော့ ဒီလိုနဲ့ပဲ တစ်လနီးနီးကုန်သွားတယ်။ လကုန်ပိုင်းလောက်မှာ အမှောင်ထုနန်းတော်ကနေပြီးတော့ သူ့ကိုလူသားနယ်မြေကို သွားခွင့်ပေးတယ်ဆိုတဲ့ သတင်းရောက်လာတယ်။ အဲ့နောက်မှာ ပိုင်ရန်ကလည်း အချိန်အသင့်အတင့်ကုသပြီးပြီဆိုတော့ ဒီသတင်းကိုကြားတာနဲ့ ထသွားလိုက်တယ်။ သူပြောချင်တာတွေကိုကြိုတွေထားပြီး ထာဝရအမှောင်ထုနန်းတော်ကို အလျင်စလိုသွားတော့တယ်။

နန်းတော်ထဲဝင်ပြီး ပင်မဆောင်ကိုလျှောက်သွားတော့ ပိုင်ရန် ရက်များစွာမတွေ့ခဲ့ရတဲ့နတ်ဆိုးဘုရင်ကြီးကို တွေ့လိုက်ရတယ်။

နတ်ဆိုးဘုရင်ကြီးက ပြီးခဲ့တဲ့နှစ်ကြိမ်ပိုင်ရန်နဲ့တွေ့သလို လျော့တိလျော့ရဲပုံစံနဲ့မဟုတ်ဘဲ ဝတ်စုံအပြည့်နဲ့အတော်လေးလန်းလန်းဆန်းဆန်းဖြစ်နေတယ်။ လူမှာအဝတ်၊ တောင်းမှာအကွပ်။ [T/N ; ဒီနေရာမှာ သူကတစ်ခြားစကားပုံရေးပေးထားတာပါ၊ မြန်မာလိုပြန်ရင် တစ်မျိုးကြီးဖြစ်နေလို့ဆင်တူတဲ့စကားပုံထည့်ပေးထားတာပါ] နတ်ဆိုးဘုရင်ကြီးက ကောင်းကောင်းမဝတ်ထားတဲ့အချိန်မှာဆိုရင် အရိုင်းဆန်ပြီး ဘယ်သူမှတားဆီးလို့မရတဲ့ပုံပေါ်တယ်။ သေချာဝတ်စားထားတဲ့အချိန်ကျရင်တော့ မနှိုင်းယှဉ်နိုင်လောက်အောင်ကို မြင့်မြတ်တဲ့ဟန်ပေါ်တယ်။ လှပတဲ့သူတွေကတော့ ဘယ်လိုပဲဝတ်ဝတ်ပါလေ… ကြည့်ကောင်းနေတော့တာပဲ။

ပိုင်ရန်အကြည့်မလွှဲနိုင်ဘဲ ငေးမောနေမိတယ်။ သူတွေးမိတာက လှပတဲ့အနုပညာကိုတောင်ဖန်တီးထားနိုင်တယ်ဆိုတော့ ဒီဂိမ်းကမိုက်လိုက်တာ… ငါတကယ့်ကမ္ဘာကိုပြန်ရောက်ရင် ဖန်တီးသူကိုသွားရှာရင်ကောင်းမလား?

ပိုင်ရန်အခုလို အဓိပ္ပါယ်မရှိတာတွေတွေးနေပေမယ့် မျက်နှာမှာတော့ ဘာအရိပ်အယောင်မှမပြနေဘူး၊ ပိုင်ရန်ကြမ်းပြင်ပေါ် ဒူးထောက်ချကာ “အရှင်!”

“ထလို့ရပြီ” နတ်ဆိုးဘုရင်ကြီးက လက်ကိုမြှောက်ပြလိုက်တယ်။

ပိုင်ရန် မတ်တပ်ရပ်ကာ “ကျွန်တော့်ကိုခေါ်ပါလား အရှင်?”

ပိုင်ရန်သိချင်တယ်။ နတ်ဆိုးဘုရင်ကြီးကို တွေ့ခွင့်တောင်းနေတုန်းကတော့ ပိုင်ရန့်ကိုခွင့်မပြုခဲ့ဘူး၊ ဒါပေမယ့်ပိုင်ရန် ရပ်လိုက်တော့မှပဲ နတ်ဆိုးဘုရင်ကြီးရုတ်တရက်ကြီး ခေါ်လာတယ်? တစ်ခုခုများဖြစ်လို့လား?

နတ်ဆိုးဘုရင်ကြီးက အတန်ကြာတိတ်ဆိတ်နေပြီးမှ စကားစပြောတယ် “ကိုယ်တော်ကြားတာတော့ မင်းဒီတလောအိမ်တော်ကနေ မထွက်ဘူးဆို၊ ပြီးတော့ စိတ်မချမ်းသာစရာတွေကို မေ့ပျောက်သွားအောင် သောက်ပဲသောက်နေတာလား?”

အယ်?

နတ်ဆိုးဘုရင်ကြီးက ငါ့ကိုအာရုံလာစိုက်နေတာလား?

ပိုင်ရန်ခေါင်းကိုမော့ပြီး နတ်ဆိုးဘုရင်ကြီးကိုကြည့်လိုက်တဲ့အချိန်မှာ အကြည့်ချင်းဆုံသွားတော့ မျက်ဝန်းတွေကအရင်ကထက်တောင် နူးညံ့နေတယ်.. ခုမှသတိထားမိတယ် _ နတ်ဆိုးဘုရင်ကြီးက ငါအိမ်ထဲကအိမ်ပြင်မထွက်တာ ခေါင်းခဲစရာတွေကြောင့်လို့ထင်နေတာလား?

ပိုင်ရန်အိမ်ထဲကမထွက်တာတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် ရင်ပူစရာတွေကို မေ့ပစ်ဖို့သောက်နေတာကြောင့်တော့မဟုတ်ဘူး။ ဒီတိုင်းအိပ်လိုက်စားလိုက်ပဲလုပ်နေတာ။ သူ့ကိုနာကျင်စေတဲ့တစ်ခုတည်းသော အကြောင်းအရာက လူသားနယ်မြေကိုဘယ်လိုသွားရမယ်ဆိုတာကို အတင်းစဉ်းစားနေရတာပဲဖြစ်တယ်။

ဒါပေါ့ အမှန်အတိုင်းတော့ဘယ်ပြောလို့ဖြစ်မလဲ… အဲ့တာကြောင့်သေချာတွေးပြီးမှ ပြန်ပြောတယ် “အရှင် ကျွန်တော့်ဒဏ်ရာတွေကြောင့် အိမ်မှာပဲကုသရင်းနေနေရတာပါ”

ရှောင်လင်းက “သခင်၊ ဘာလို့အဲ့လိုပြောတာလဲ? တကယ်ဆို အငြင်းခံလိုက်ရတည်းက နာကျင်ခံစားနေရတာပါလို့ပြောသင့်တာကို!”

ပိုင်ရန်မသိချင်ယောင်သာဆောင်နေတယ်။

မင်းငြင်းလိုက်တည်းက ငါအသည်းကွဲနေရတာပါ… သူဒီလိုစကားလုံးတွေကို ဘယ်လိုမှပြောမထွက်ဘူး၊ ဒါကြီးကတော့ သိပ်သနားစရာကောင်းလွန်းပါတယ်။

နတ်ဆိုးဘုရင်ကြီးက သူ့ကိုခဏလောက်စူးစမ်းသလိုကြည့်နေပြီး “မင်းဒဏ်ရာတွေက ကြည့်ရတာတော့ သက်သာနေပါပြီ”

“စိုးရိမ်ပေးတာကြောင့် အရှင့်ကိုကျေးဇူးတင်ပါတယ်.. ကျွန်တော့်ဒဏ်ရာတွေက ဘာမှမဖြစ်တော့ပါဘူး” ပိုင်ရန်တောင့်တောင့်ကြီး ပြန်ဖြေတယ်။ သူအပိုစာသားတွေထပ်မပြောတော့ဘူး။

လေထုကြီးက နည်းနည်းတော့ကသိကအောက်ဖြစ်စရာကောင်းနေတယ်။

ဒီလိုကသိကအောက်အခြေအနေကြီးကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာလဲ တစ်ယောက်မှမသိဘူး။ အကြာကြီးနေမှ နတ်ဆိုးဘုရင်ကြီးဆက်ပြောလာတယ် “မင်းဒဏ်ရာတွေ သက်သာပြီဆိုရင် ပြီးအောင်လုပ်စရာရှိသေးတာတွေကို ပြီးအောင်ဆက်လုပ်တော့”

အခွင့်အရေးကတော့ ရောက်လာပြီ!

ပိုင်ရန်နောက်တစ်ကြိမ် ကြမ်းပြင်ပေါ်ဒူးထောက်ချပြီး ပြောလိုက်တယ် “အရှင်ကလည်း ကျွန်တော်ကိုမမြင်ချင်ဘူးဆိုတော့ ကျွန်တော့်ကိုအဝေးပို့မယ်ဆိုရင် ဘယ်လိုသဘောရပါလဲ?”

နတ်ဆိုးဘုရင်ကြီးက မတ်မတ်ထိုင်ကာ လက်ကိုပလ္လင်လက်ကိုင်မှာခေါက်နေတယ်။ ပိုင်ရန်ပြီးခဲ့တဲ့အပတ်တွေတည်းက နတ်ဆိုးဘုရင်ကြီးကိုတွေ့ခွင့်တောင်းနေတာ သုံးကြိမ်ထက်မနည်းရှိပြီ..။ ပြီးတော့ အကြိမ်တိုင်းမှာလည်း နတ်ဆိုးဘုရင်ကြီးက ပယ်ချလိုက်တာချည်းပဲ။

နတ်ဆိုးဘုရင်ကြီး နည်းနည်းတော့အပြစ်ရှိသလိုခံစားရတယ်။ သူငြင်းလိုက်တာက ရှဲ့ဇီထျန်းအပေါ်အဲ့လောက်ထိအများကြီး ဆိုးကျိုးသက်ရောက်စေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ရှဲ့ဇီထျန်းက သူ့ကိုနက်နက်ရှိုင်းရှိုင်းချစ်မိနေတာပဲ။

နတ်ဆိုးဘုရင်ကြီး မသက်မသာဖြစ်စေတဲ့အတွေးတွေ တွေးမိတယ်။ ကောင်းလွန်းတာကလည်း ဝန်ထုတ်ဝန်ပိုးတစ်ခုပါပဲလား…

“ကျွန်တော် နတ်ဆိုးနယ်မြေမှာရှိနေသရွေ့ အရှင့်ကိုကျွန်တော်တွေ့ချင်နေမှာ… ကျွန်တော့်အရှင်ရယ်၊ အရှင့်ကိုစိတ်မရှုပ်ရအောင် ကျွန်တော့်စိတ်ကိုထိန်းချုပ်မှာပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုအဝေးပို့ပေးပါ… ဝေးနိုင်သမျှဝေးလေ ပိုကောင်းလေပါ အရှင်ရယ်၊ ခုနစ်စင်ကြယ်သားတော်လည်း အမှန်တကယ်သေလားဆိုတာလည်း ကျွန်တော်တို့မသိဘူး၊ ကျွန်တော့်ကိုလွှတ်ပြီးပဲဆက်ရှာခိုင်းရင်ရောဟင်? တကယ်လို့ခုနစ်စင်ကြယ်သားတော် အသက်ရှင်နေသေးရင်ဘယ်လိုလုပ်မလဲ?”

ပိုင်ရန်အော့အန်ထွက်တော့မယ်။

သူဒီတာဝန်အတွက်နဲ့ အနစ်နာခံရတာတွေများနေပြီ။ ဒီလိုစကားတွေတောင် ပြောရသေးတယ်။

ဒီလိုရိုးရှင်းတဲ့တောင်းဆိုချက်ကိုတောင် နတ်ဆိုးဘုရင်ကြီးကတိတ်ဆိတ်နေပြီး သူ့ရွေးခြယ်မှုကို ချိန်ဆနေပုံရတယ်။

ပိုင်ရန်နေလို့ထိုင်လို့မကောင်းနေပေမယ့် ကြမ်းပြင်ပေါ်ဒူးထောက်ကာ ခေါင်းငုံ့ရင်းပဲ စောင့်နေလိုက်တယ်။ အကြာကြီးနေမှ ပလ္လင်ပေါ်က အကျော်ဇေယျကြီးက စကားဆိုလာတယ် “တိုက်ဆိုင်လိုက်တာ၊ ကိုယ်တော့်မှာလည်း လူသားနယ်မြေမှာလုပ်စရာလေးတွေ ရှိနေတယ်ဆိုတော့ မင်းကိုပဲလက်လွှဲရတော့မယ်”

ပိုင်ရန်အင်မတန်ပျော်သွားပေမယ့် မြိုသိပ်ကာပြန်ပြောလိုက်တယ် “ကျေးဇူးတင်ပါတယ် အရှင်”

နတ်ဆိုးဘုရင်ကြီးက စိတ်ခံစားချက်ထက် ဆင်ခြင်တုံတရားကပိုရှိတာကြောင့် ရှဲ့ဇီထျန်းသူ့ကိုသဘောကျနေတဲ့ကိစ္စကို သူ့စိတ်ထဲမှာ ဘေးပို့ထားဖို့သာလုပ်လိုက်တယ်။ သူသဘောတူပြီးတာနဲ့ လူသားနယ်မြေက အခြေအနေတွေကိုရှင်းပြလိုက်တယ်။

နတ်ဆိုးဘုရင်ကြီးက လူသားနယ်မြေတစ်ခုလုံးကို သိမ်းယူချင်တာကြောင့် လော့ကျန်းဖန်းတစ်ယောက်တည်းကို အလုပ်ပေးထားတာနဲ့ပဲ မလုံလောက်တော့ဘူး။ လော့ကျန်းဖန်းက အမှောင်ထဲမှာသူ့အလုပ်သူလုပ်နေတာကြောင့် နတ်ဆိုးဘုရင်ကြီးအတွက် အလင်းထဲမှာလုပ်ဆောင်ပေးနိုင်မယ့် တစ်ယောက်ယောက်လိုတယ်။

“အရှင် ဘာများအမိန့်ပေးချင်ပါသလဲ?” ပိုင်ရန်မေးလိုက်တယ်။

နတ်ဆိုးဘုရင်ကြီးရဲ့ အကြည့်တွေက အေးစက်သွားပြီး “ကိုယ်တော်မင်းကို လူသားနယ်မြေကိုသွားပြီး လော့ကျန်းဖန်းကို နယ်နိမိတ်တိုင်လေးခုကို ဖျက်ဆီးတဲ့နေရာမှာ သွားကူစေချင်တယ်”

ဒါကတကယ့် တာဝန်အစစ်ပဲ!

မူရင်းဝတ္ထုမှာတုန်းက ရှဲ့ဇီထျန်းက နတ်ဆိုးဘုရင်ကြီးရဲ့နံပါတ်တစ်တာဝန်သိခွေးတစ်ကောင် ဖြစ်တာနဲ့အညီ၊ လူသားနယ်မြေကို ဂယက်တွေထအောင်လုပ်ပြီး မကောင်းတာတွေအများကြီးလုပ်ခဲ့တယ်။ စာအုပ်ထဲမှာတော့ သူဘာကြောင့် လူသားနယ်မြေကိုလာရတယ်ဆိုတာ ပြောပြမထားဘူး၊ ဒါပေမယ့် ခုတော့ပိုင်ရန်သိလိုက်ရပြီ။

ဘာကြောင့်ဆို ရှဲ့ဇီထျန်းက နတ်ဆိုးဘုရင်ကြီးကိုချစ်မိသွားတာကြောင့် ရှေ့တန်းကိုပို့ခံလိုက်ရတာပဲ။

အာ… ဒရမ်မာတွေချိုးလိုက်တာ!

ပိုင်ရန် အဲ့တာနဲ့ပတ်သက်ပြီး ရှုပ်ထွေးသလိုခံစားရပေမယ့် ပြန်ပြောလိုက်သေးတယ် “အရှင်… အရှင့်အစေခံက ရှုံးနိမ့်မယ့်အစား သေပစ်လိုက်ပါမယ်!”

“လော့ကျန်းဖန်း ပို့လိုက်တဲ့သတင်းမှာ တိုင်တွေထဲကတစ်ခုကို တိမ်နက်ဂိတ်မှာ စတည်းချထားတယ်လို့ပါတယ်.. လူသားနယ်မြေကိုသွားဖို့မနက်ဖြန် ထွက်ခွာလို့ရပြီ” နတ်ဆိုးဘုရင်ကြီးက လက်ကိုဝှေ့ယမ်းပြီး ပိုင်ရန်ကို ထွက်သွားဖို့အချက်ပြလိုက်တယ်။

ပိုင်ရန့်မှာလည်း ပြောစရာစကားထပ်မရှိတော့တာကြောင့် တပ်ဆုတ်လာခဲ့လိုက်တယ်။

အမှောင်ထုနန်းတော်ကနေထွက်ခွာလာပြီးတာတောင် ပိုင်ရန်စိတ်တည်ငြိမ်သွားဖို့ မနည်းလုပ်နေရတယ်။

“ရှဲ့ဇီထျန်းလူသားနယ်မြေကို သွားရတာက နတ်ဆိုးဘုရင်ကြီးကိုသွားကြိုက်မိပြီးတော့ ဟိုလူကြီးကသူ့ကိုမုန်းသွားတာကြောင့်လို့ ဘယ်တုန်းကမှမထင်ခဲ့မိဘူး”

ရှောင်လင်းကပြောတယ် “သခင် မူရင်းထဲမှာဘာကြောင့်ဆိုတာပြောမထားတော့ ကျွန်မလည်းဒါကတကယ့်အကြောင်းပြချက်လို့ မထင်ဘူး”

“ကိစ္စမရှိဘူး၊ ငါတို့ရည်မှန်းချက်အောင်တာပဲကို” လူသားနယ်မြေကိုသွားပြီး ဇာတ်လိုက်ကျော်နဲ့တွေ့ရဖို့က အရေးအကြီးဆုံးပဲ။

အမ်… နတ်ဆိုးဘုရင်ကြီးသာ အခုဟန်ဆောင်နေတာတွေအားလုံးက တခြားယောကျာ်းတစ်ယောက်အတွက်ကြောင့်ဆိုတာသာ သိသွားရင်၊ နတ်ဆိုးဘုရင်ကြီးဘယ်လို တုန့်ပြန်နိုင်တယ်ဆိုတာ ပိုင်ရန်မသိဘူး။ သေချာပေါက်တော့ ဒေါသပုန်ထမှာပဲ။ အဲ့တာအပြင် သူက ယုံကြည်ချက်အပြည့်နဲ့ ရှဲ့ဇီထျန်းက သူ့ကိုချစ်နေပါတယ်လို့ လှိုက်လှိုက်လှဲလှဲယုံနေတဲ့သူဆိုတော့…။

တကယ်လို့သာ ငါကသူ့ကိုဦးထုပ်စိမ်းဆောင်းပေးနေတယ်ဆိုတာသာသိသွားရင်၊ ငါတော့…
[T/N ; ဦးထုပ်စိမ်းဆောင်းပေးတယ်ဆိုတာက တခါကလင်မယားစုံတွဲမှာ မိန်းမက ယောကျာ်းအလုပ်ကိစ္စနဲ့ ညအိပ်ညနေခရီးထွက်ရပြီဆိုရင် သူ့ယောကျာ်းဖြစ်သူကို ဦးထုပ်စိမ်းလေးဆောင်းပေးလိုက်ပါတယ်တဲ့။ အဲ့အခါကျရင် လင်ငယ်က အဲ့ဦးထုပ်ကိုမြင်တာနဲ့ ဒါကညအိပ်ခရီးသွားတာဆိုတာကို သိပြီးမယားဖြစ်သူနဲ့ လာပျော်ပါးတော့တယ်တဲ့။ အဲ့တာကိုအကြောင်းပြုပြီး လင်ငယ်တာတွေဘာတွေမှာဆိုရင် ယောကျာ်းကို ဦးထုပ်စိမ်းဆောင်းပေးတယ်လို့ ပြောကြပါတော့တယ်တဲ့။ ဒါကိုပိုင်ရန်က…..မပြောတော့ပါဘူးလေ]

ပိုင်ရန်တုန်လှုပ်သွားတယ်။ မရဘူး၊ သူအဲ့လိုဖြစ်ခွင့်မပေးနိုင်ဘူး!

နေပါအုံး ဒါတော့မဟုတ်သေးပါဘူး။ ငါကဘာလို့သူ့ကို ဦးထုပ်စိမ်းဆောင်းပေးရမှာလဲ? ငါကသူ့ကိုတကယ်ကြီးကြိုက်နေတာလည်း မဟုတ်ဘူး ပြီးတော့ နတ်ဆိုးဘုရင်ကြီးကလည်း ငါ့ကိုငြင်းလိုက်ပြီဟာကို…

ဆိုပေမယ့်လည်း သူမသိတာပိုကောင်းတာပဲလေ

ပိုင်ရန်သူ့အိမ်တော်ကို စိတ်ရှုပ်ရှုပ်နဲ့ပဲပြန်လာကာ တစ်ရက်နားလိုက်တယ်။ ဖြတ်လမ်းပွင့်လာတဲ့အခါမှာ အဲ့တာကိုဖြတ်ပြီး လူသားနယ်မြေကို ရောက်လာခဲ့တယ်။

တိမ်နက်ဂိတ်က နယ်နမိတ်တိုင်အကြောင်းက လော့ကျန်းဖန်းဆီကနေလာတာဖြစ်ပြီး ကောလဟာလတွေအတိုင်း နေရာပေါင်းစုံကို ရှာနေရင်းဒါကိုရှာတွေ့သွားတာဖြစ်တယ်။ ရှဲ့ဇီထျန်းရဲ့တာဝန်က တိမ်နက်ဂိတ်ကိုသွားပြီး နယ်နမိတ်တိုင်ကို ဖျက်ဆီးဖို့ဖြစ်တယ်။

လူသားနယ်မြေနဲ့ နတ်ဆိုးနယ်မြေကို ခြားထားတဲ့စည်းက အားကောင်းပြီး ဘေးမကင်းနိုင်ဘူး။ အဲ့မှာနယ်နိမိတ်တိုင်လေးခုရှိတယ်၊ အဲ့တိုင်လေးတိုင်ကိုသာ ဖျက်ဆီးပစ်နိုင်ရင် နယ်မြေနှစ်ခုကို ခြားထားတဲ့စည်းလည်း ကျိုးပျက်သွားနိုင်ခြေရှိတယ်။ ပြဿနာကြီးက နယ်နိမိတ်တိုင်တွေ ဘယ်နေရာမှာရှိတယ်ဆိုတာ မသိတာပဲ။ တိုင်ရဲ့တည်နေရာကိုသိရင်တောင် အဲ့မှာစောင့်ကြပ်နေမယ့် ဆရာတစ်ယောက်သေချာပေါက်ရှိနိုင်တာကြောင့် ဖျက်ဖို့ကမလွယ်ကူနိုင်ဘူး။

လော့ကျန်းဖန်းက တိုင်တစ်ခုကို ရှာမတွေ့ခင် လူသားနယ်မြေကိုရောက်တာ နှစ်နှစ်ဆယ်ကျော်လောက်ရှိနေပြီ အဲ့တာကြောင့် ဒါကနတ်ဆိုးဘုရင်ကြီးအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သင်ခန့်မှန်းနိုင်မှာပါ။ စစ်ဗိုလ်တစ်ယောက်ကို လူသားနယ်မြေကို လွှတ်ထားတည်းက တိုင်ကိုဖျက်ဆီးဖို့အတွက် ဘယ်လောက်တောင် ဆုံးဖြတ်ချက်ချထားတယ်ဆိုတာ မြင်နိုင်တယ်။

ပိုင်ရန်လူသားနယ်မြေဆီ သူ့ကိုကူညီနိုင်မယ့်သူအချို့ခေါ်သွားတယ်။ လော့ကျန်းဖန်းကလည်း လူသားနယ်မြေမှာ အင်အားအချို့စုဆောင်းထားတယ်၊ ပြီးတော့ လွန်ခဲ့တဲ့နှစ်တွေက ဖြတ်ဝင်လာတဲ့နတ်ဆိုးတွေကိုပါ ထည့်ပေါင်းထည့်ထားသေးတာကြောင့် သူတို့ပေါင်းစည်းလိုက်တဲ့အစွမ်းက အတော်လေးအားကောင်းနေတယ်။ ဒါကြောင့် ဂိုဏ်းတစ်ခုလုံးကိုဖျက်ဆီးချင်ရင်တောင် ဖြစ်နိုင်ချေရှိနေပြီ။

လော့ကျန်းဖန်းက တိမ်နက်ဂိတ်ရဲ့တောင်အောက်မှာတောင် အခြေချစခန်းတည်ပြီး သူ့လူတွေကိုလည်း အခြားနေရာတွေကနေ ဝိုင်းခိုင်းထားပြီး သူ့ရဲ့နောက်ဆုံးအမိန့်ပေးချက်ကို စောင့်ခိုင်းထားတယ်။

တောင်ထိပ်မှာ စွန့်ပစ်ထားတဲ့ဘုရားကျောင်းတစ်ခုရှိတယ်။ လော့ကျန်းဖန်းက သူ့လူတွေကို အဲ့တာကိုပြန်ပြင်ဆင်ခိုင်းထားပြီး မျက်ကန်းဂါထာနဲ့ ဖုံးကွယ်ထားတယ။ အပြင်ဆိုရင်တော့ လူတွေအဆောက်အအုံကြီးကို မမြင်နိုင်ဘူး။

ပိုင်ရန်သူ့လူတွေကိုခေါ်ပြီး တောင်ဆီသို့ဂိတ်စောင့်နောက်ကနေ လိုက်လာခဲ့လိုက်တယ်။

လော့ကျန်းဖန်းကတော့ အိမ်ထဲကနေစောင့်နေတယ်။

_____

Thanks😉

繼續閱讀

You'll Also Like

12.1K 645 23
တစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး...
37.5K 3.7K 78
အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ​ရောက်လာတတ်တယ်❤ လေ​ပြေ​လေးတစ်ခုလို ညင်သာစွာ ​ရောက်လာပြီးတီးခတ်လိုက်တဲ့သံစဥ်​လေးကို ကြားရုံနဲ့တ...
1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...