ဒီေန႔နဲ႔ဆို ေဝ့ရင္း, ရိေပၚလက္ထဲျပန္ေရာက္ေနခဲ့တာ ၅ ရက္ရွိၿပီ။ ရိေပၚရဲ႕ဆိုင္ကယ္ေမွာက္တုန္းက ဒါဏ္ရာေတြကၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ကုန္ၿပီ။ Vampire ဆိုတာ႐ိုး႐ိုးသာမန္ဒါဏ္ရာေလာက္ေတာ့ စာမဖြဲ႕ဘူးမဟုတ္လား။
ဒါေပမယ့္ စာဖြဲ႕ေနရတာက ေဝ့ရင္း။ ဘာေၾကာင့္မွန္းမသိ ေဝ့ရင္းရဲ႕ဓါးဒါဏ္ရာႏွစ္ခ်က္က အနာေကာင္းေကာင္းမက်က္ခ်င္....
ပံုမွန္ဆိုသူတို႔လို သဘာဝလြန္လူသားေတြက ေသဖို႔ခ်က္ေကာင္းမထိေသးသေရြ႕ေအးေဆးပဲေလ...
ခုဟာက ေဝ့ရင္းကဘယ္လိုျဖစ္တာမ်ားလဲ??
သာမန္လူသားတစ္ေယာက္ရဲ႕ ကိုယ္ခံစြမ္းအားထက္ပါပိုနည္းေနသလိုပဲ....
ရိေပၚ ဖဲေမြ႕ရာထက္မွာနစ္ျမဳပ္ၿပီးအိပ္ေနတဲ့ ေဝ့ရင္းကိုၾကည့္ၿပီးစိတ္ေတြပူေနမိၿပီ....
သူ႔ခ်စ္သူေဝ့ရင္းေလးကေတာ့အပူအပင္မရွိ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနသည့္အလား...
ေဝ့ရင္းနဖူးေလးကိုျမတ္ျမတ္ႏိုးႏိုးနမ္းမိေတာ့ ျခစ္ျခစ္ေတာက္ပူေနတဲ့ကိုယ္....
ရိေပၚကုတင္ေပၚကေျပးဆင္းရင္း
"ဦးေလးက်န္း....ဦးေလးက်န္း....အေပၚထပ္ျမန္ျမန္လာပါဦး"
ရိေပၚရဲ႕အလန္႔တၾကားေခၚသံက မနက္ခင္းေစာေစာမွာက်က္သေရရွိစြာ တိတ္ဆိတ္ေနတဲ့စံအိမ္ကိုပ်ားပန္းခတ္တမွ်ျဖစ္သြားေစတယ္...
ရိေပၚကေတာ့ကုတင္ေပၚျပန္ေျပးတက္သြားၿပီး ေဝ့ရင္းပါးေလးကိုသာသာေလးလႈပ္ႏႈိးေနမိတယ္။ ပံုမွန္အသက္ရႈေနေပမယ့္ ေဝ့ရင္းကေတာ့မ်က္လံုးေတြပြင့္မလာ....
"ေဒါက္...ေဒါက္"
"ဦးေလးက်န္းလား?? ဝင္ခဲ့ေလ..."
"ေဒါက္....ေဒါက္"
"ဦးေလးက်န္း ဝင္ခဲ့လို႔"
"ေဒါက္...ေဒါက္"
ဟာ....ဒီဦးေလးက်န္းကေတာ့...
ရိေပၚစိတ္မရွည္ေတာ့....ကုတင္ေပၚကျပန္ဆင္းၿပီး
တံခါးသြားဖြင့္ေပးရျပန္သည္။
"ဦးေလးက်န္း ဝင္လာခဲ့ေတာ့လို႔ေျပာေနတာ မၾကားဘူးလား?? မၾကားလဲ ဝင္လာခဲ့လိုက္တာမဟုတ္ဘူး...အေရးႀကီးေနပါတယ္ဆိုေနကာမွ"
*သခင္ေလးရယ္ အမ်ိဳးမ်ိဳးပဲ ဟင့္*
က်န္း ပါးစပ္ကေတာ့ထုတ္မေျပာျဖစ္ပါ။
(အရိပ္အကဲကိုမသိတဲ့ ဦးေလးက်န္းအတြက္မ်က္ရည္အလွဴခံသည္)
က်န္း လဲကုတင္ေပၚတင္ပါးလြဲထိုင္ကာ ေဝ့ရင္းကိုစမ္းၾကည့္ေတာ့ ကိုယ္ေတြပူေနတဲ့ေဝ့ရင္း။
က်န္းအေျခအေနကိုရိပ္စားမိတာမို႔ ေဝ့ရင္းရဲ႕လက္ေကာက္ဝတ္ေသြးေၾကာေလးကိုစမ္းလိုက္သည္။
ဟင္....
က်န္း ပ်က္သြားတဲ့မ်က္ႏွာကိုမသိမသာ ုျပန္ထိန္းလိုက္တယ္...
"သခင္ေလး သိပ္မစိုးရိမ္ပါနဲ႔...႐ိုး႐ိုးကိုယ္ပူတာပါ
ကၽြန္ေတာ္ေဆးစပ္ၿပီးတာနဲ႔လာပို႔လိုက္မယ္....
ေဆးတစ္ခြက္ေလာက္ဝင္ၿပီးတာနဲ႔ သခင္ေလးေဝ့ သက္သာသြားမွာပါ"
ေျပာေျပာဆိုဆို က်န္း အခန္းထဲက အလ်င္အျမန္ထြက္လာကာ ေအာက္ထပ္ကိုေျပးဆင္းခဲ့မိသည္။ ၿပီးေတာ့ဟန္မျပတ္ မိမိအခန္းထဲဝင္ကာ တံခါးဆြဲပိတ္လိုက္သည္။
ၿပီးေတာ့....ၿပီးေတာ့ပိတ္လိုက္တဲ့တံခါးဝနားမွာပဲၿပိဳလဲသြားတဲ့ က်န္း ရဲ႕ေျခအစံု.....
ေခါင္းငံု႔ထားရင္း လက္ခံုေပၚေပါက္ေပါက္က်လာတဲ့ မ်က္ရည္စက္ေတြ.....
ရင္ဘတ္နဲ႔မမွ်ေအာင္စူးနင့္ေနတဲ့ခံစားခ်က္....
ဟင့္အင္း....ဒါကိုက်န္းလက္မခံႏိုင္ဘူး....
ဘာေတြပဲေပးဆပ္ရ...ေပးဆပ္ရ က်န္းဘဝမွာအေရးႀကီးဆံုးက သခင္ေလးပဲ....
လူတစ္ေယာက္ရဲ႕ဘဝနဲ႔ကံၾကမၼာေတြကို က်န္း ဘယ္တုန္းကမွအဆံုးအျဖတ္မေပးခ်င္ခဲ့ဘူး။
ဒါေပမယ့္ဒီတစ္ေခါက္ေတာ့ က်န္း ကိုကံၾကမၼာက မ်က္ႏွာသာမေပးေတာ့ဘူးနဲ႔တူပါတယ္။
ဘဝမွာ႐ွိဳက္ႀကီးတငင္ငိုမိတာ ဒါ က်န္း အတြက္ပထမဆံုးပဲ....
အခ်ိန္ေတာ္ေတာ္ၾကာ ကေလးတစ္ေယာက္လို ငိုႀကီးခ်က္မငိုၿပီးမွ မ်က္ရည္ေတြသုတ္ရင္း အျပံဳးတုတစ္ခုခ်ိတ္ဆြဲကာ က်န္း အခန္းထဲကျပန္ထြက္လာခဲ့တယ္။ ၿပီးေတာ့ခပ္ေအးေအးပဲ ေဆးႀကိဳတယ္။
"သခင္ေလး....သခင္ေလးေဝ့အတြက္ေဆးရပါၿပီ"
"ဝင္လာခဲ့ပါဦးေလးက်န္း..."
ရိေပၚဦးေလးက်န္းေပးတဲ့ေဆးကိုတစ္ဇြန္းခ်င္း ေျဖးေျဖး ေဝ့ရင္းကိုတိုက္ေနမိသည္။ ေဝ့ရင္းကေတာ့ သူ႔ရင္ခြင္နဲ႔လက္ေမာင္းၾကားမွာ ေပ်ာ့ေခြေနလ်က္....
"သခင္ေလး...သခင္ေလးေဝ့ႏိုးလာတာနဲ႔ ဦးေလးကိုေျပာေနာ္....ဦးေလး အျခားေဆးစပ္ၿပီးတိုက္ရမွာမို႔လို႔"
"ဟုတ္ ဦးေလးက်န္း....
ဦးေလးက်န္း....ေဝ့ရင္းအဆင္ေျပတယ္မဟုတ္လားဟင္??"
ရိေပၚအသက္ေအာင့္ရင္းေမးမိသည္....
အလိုလိုေလးပင္ေနရတဲ့ခံစားခ်က္ကိုမုန္းတယ္ေလ..
ဦးေလးက်န္းက ရိေပၚကိုေနာက္ေက်ာေပးထားရင္း ေပါ့ေပါ့ပါးပါးပဲေျဖလာခဲ့တယ္....
"ဘာမွစိတ္ပူစရာမရွိပါဘူး သခင္ေလး"
ေဖ်ာက္ခနဲၾကမ္းျပင္ေပၚက်သြားတဲ့မ်က္ရည္တစ္စက္ကို က်န္း ေျခနဲ႔နင္းဖ်က္ရင္း ထြက္လာခဲ့လိုက္တယ္....
……………
ေဝ့ရင္း သတိရလာခဲ့ၿပီ။ ရင္ေတြကအလိုလိုေမာဟိုက္ေနခဲ့တာ....
အသက္ရႈလို႔ေတာင္သိပ္မဝခ်င္ဘူး...
ေဝ့ရင္းႏိုးလာေတာ့ သူ႔လက္ကိုခပ္ဖြဖြ ဆုပ္ကိုင္ေပးထားတဲ့လက္တစ္စံုရွိေနခဲ့ၿပီ....
ေႏြးေထြးလိုက္တာ....
မ်က္လံုးဖြင့္လိုက္တိုင္း သူ႔ကိုျမင္ေနရတဲ့ခံစားခ်က္...
မ်က္လံုးမွိတ္လိုက္တိုင္း သူေဘးနားမွာရွိေနေပးတယ္ဆိုတဲ့အသိ......
ဘဝရဲ႕အစိတ္အပိုင္းေတြကျပည့္စံုေနၿပီေလ....
ဘာလိုေသးလို႔လဲ....
အေတြးေတြနဲ႔ခပ္ေလ်ာ့ေလ်ာ့ျပံဳးေနေတာ့ ရိေပၚကတင္းၾကပ္စြာဖက္လာတယ္...
"အခ်စ္ သတိရၿပီလားဟင္"
"အင္း"
ရိေပၚရင္ခြင္ထဲတိုးဝင္တိုင္းၾကားရတဲ့ ရင္ခံုသံစည္းခ်က္ျမန္ျမန္ေတြကို သူႀကိဳက္တယ္။
ၾကားေနခြင့္ရွိေနေသးသေရြ႕ၾကားခ်င္တယ္....
ၾကားေနခြင့္မရွိေတာ့လဲ ဒီအတိုင္းေလးဆက္ခုန္ေနေစခ်င္တယ္....
ေလာဘသိပ္ႀကီးမိသြားလား????
မ်က္လံုးေတြအလိုလိုဝါးသြားတာမို႔ အလ်င္အျမန္ပဲ သန္းေဝခ်င္ေယာင္ေဆာင္လိုက္တယ္...
"ရိေပၚ ငါဗိုက္ဆာတယ္"
"အင္း....ကိုယ္တစ္ခုခုသြားလုပ္လိုက္မယ္....
ဦးေလးက်န္းကိုလႊတ္လိုက္မယ္....ဦးေလးက်န္းက အခ်စ္ႏိုးလာရင္ေဆးေနာက္တစ္မ်ိဳးထပ္တိုက္ရဦးမယ္တဲ့.....ေသာက္လိုက္ေနာ္ ျမန္ျမန္ေနေကာင္းေအာင္"
"အင္း" ေဝ့ရင္းျပံဳးရင္း....
အျပံဳးေတြက ဟန္ေဆာင္ရပါမ်ားလြန္းလို႔ ဘယ္ဟာအစစ္အမွန္လဲေတာင္ ေဝ့ရင္းကိုယ့္ကိုကိုယ္မခြဲျခားတတ္ေတာ့....
အခန္းထဲကေနထြက္သြားတဲ့ရိေပၚေနာက္ေက်ာကို မ်က္စိတစ္ဆံုး ေဝ့ရင္းလိုက္ၾကည့္မိတယ္...
"ထြက္သြားတဲ့မင္းရဲ႕ေနာက္ေက်ာေလးကို ငါအၿမဲလွမ္းဆြဲထားခ်င္ခဲ့ပါတယ္ရိေပၚရယ္...."
………
"ေဒါက္ ေဒါက္.... ဦးေလးက်န္းပါသခင္ေလးေဝ့"
"အာ...ဟုတ္ ဝင္ခဲ့ပါဦးေလးက်န္း"
ေဝ့ရင္းက အခန္းထဲဝင္လာတဲ့ဦးေလးက်န္းကို မ်က္လံုးေလးမ်ားမွိတ္သည္အထိျပံဳးျပလိုက္သည္။
ဦးေလးက်န္းကလည္းေခါင္းေလးၿငိမ့္ျပသည္။ ႏွစ္ဦးသားက ဘာမွေျပာစရာမလိုပဲ အျပန္မလွန္နားလည္ေနၾကသလို...
"ဦးေလးက်န္း.....ပြင့္ပြင့္လင္းလင္းေျပာႏိုင္ပါတယ္။
ကၽြန္ေတာ္ကိုယ့္ကိုကိုယ္ရိပ္မိေနတာမို႔"
"ေကာင္းပါၿပီ သခင္ေလးေဝ့...."
က်န္း သခင္ေလးေဝ့ကို အသက္ဆက္က်ိန္စာနဲ႔ ပတ္သတ္သမွ်သူသိထားတာအကုန္ေျပာျပလိုက္သည္။
ၿပီးေတာ့ပိုအေရးႀကီးတာက သခင္ေလးေဝ့ရဲ႕လက္ရွိအေျခအေန....
"ကၽြန္ေတာ္သေဘာေပါက္ပါၿပီ ဦးေလးက်န္း....
ေနာက္ဆံုးေမွ်ာ္လင့္ခ်က္က ေကာက္႐ိုးတစ္မွ်င္ျဖစ္လဲ အဲဒီေကာက္႐ိုးတစ္မွ်င္ကို ကၽြန္ေတာ္....ကၽြန္ေတာ္သိပ္ခ်စ္ရတဲ့တစ္ခ်ိန္ကလန္ဝမ္က်ီး၊ အခုကၽြန္ေတာ့ရဲ႕ရိေပၚအတြက္.... သူ့အတြက္ကၽြန္ေတာ္ဆက္ဆြဲထားေနမိမွာပါ....
ဦးေလးက်န္းသာသူ႔ကိုေပးမသိပါနဲ႔...."
ေဝ့ရင္းကအျပံဳးမပ်က္ေျပာသြားခဲ့သည္။
အဲဒီအျပံဳးေတြက ေလးနက္ၿပီး အၿမဲေၾကာက္စရာေကာင္းေလာက္ေအာင္ နာၾကင္ေၾကကြဲရတာ....
#################################
MMJPP ကေရးေရးျပီးရင္ ကိုယ္ပါရင္ေမာၿပီးက်န္ခဲ့ရတာ....
2072 Words
21 Sept 2019
#################################
Unicode
ဒီနေ့နဲ့ဆို ဝေ့ရင်း, ရိပေါ်လက်ထဲပြန်ရောက်နေခဲ့တာ ၅ ရက်ရှိပြီ။ ရိပေါ်ရဲ့ဆိုင်ကယ်မှောက်တုန်းက ဒါဏ်ရာတွေကကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီ။ Vampire ဆိုတာရိုးရိုးသာမန်ဒါဏ်ရာလောက်တော့ စာမဖွဲ့ဘူးမဟုတ်လား။
ဒါပေမယ့် စာဖွဲ့နေရတာက ဝေ့ရင်း။ ဘာကြောင့်မှန်းမသိ ဝေ့ရင်းရဲ့ဓါးဒါဏ်ရာနှစ်ချက်က အနာကောင်းကောင်းမကျက်ချင်....
ပုံမှန်ဆိုသူတို့လို သဘာဝလွန်လူသားတွေက သေဖို့ချက်ကောင်းမထိသေးသရွေ့အေးဆေးပဲလေ...
ခုဟာက ဝေ့ရင်းကဘယ်လိုဖြစ်တာများလဲ??
သာမန်လူသားတစ်ယောက်ရဲ့ ကိုယ်ခံစွမ်းအားထက်ပါပိုနည်းနေသလိုပဲ....
ရိပေါ် ဖဲမွေ့ရာထက်မှာနစ်မြုပ်ပြီးအိပ်နေတဲ့ ဝေ့ရင်းကိုကြည့်ပြီးစိတ်တွေပူနေမိပြီ....
သူ့ချစ်သူဝေ့ရင်းလေးကတော့အပူအပင်မရှိ နှစ်ခြိုက်စွာအိပ်ပျော်နေသည့်အလား...
ဝေ့ရင်းနဖူးလေးကိုမြတ်မြတ်နိုးနိုးနမ်းမိတော့ ခြစ်ခြစ်တောက်ပူနေတဲ့ကိုယ်....
ရိပေါ်ကုတင်ပေါ်ကပြေးဆင်းရင်း
"ဦးလေးကျန်း....ဦးလေးကျန်း....အပေါ်ထပ်မြန်မြန်လာပါဦး"
ရိပေါ်ရဲ့အလန့်တကြားခေါ်သံက မနက်ခင်းစောစောမှာကျက်သရေရှိစွာ တိတ်ဆိတ်နေတဲ့စံအိမ်ကိုပျားပန်းခတ်တမျှဖြစ်သွားစေတယ်...
ရိပေါ်ကတော့ကုတင်ပေါ်ပြန်ပြေးတက်သွားပြီး ဝေ့ရင်းပါးလေးကိုသာသာလေးလှုပ်နှိုးနေမိတယ်။ ပုံမှန်အသက်ရှုနေပေမယ့် ဝေ့ရင်းကတော့မျက်လုံးတွေပွင့်မလာ....
"ဒေါက်...ဒေါက်"
"ဦးလေးကျန်းလား?? ဝင်ခဲ့လေ..."
"ဒေါက်....ဒေါက်"
"ဦးလေးကျန်း ဝင်ခဲ့လို့"
"ဒေါက်...ဒေါက်"
ဟာ....ဒီဦးလေးကျန်းကတော့...
ရိပေါ်စိတ်မရှည်တော့....ကုတင်ပေါ်ကပြန်ဆင်းပြီး
တံခါးသွားဖွင့်ပေးရပြန်သည်။
"ဦးလေးကျန်း ဝင်လာခဲ့တော့လို့ပြောနေတာ မကြားဘူးလား?? မကြားလဲ ဝင်လာခဲ့လိုက်တာမဟုတ်ဘူး...အရေးကြီးနေပါတယ်ဆိုနေကာမှ"
*သခင်လေးရယ် အမျိုးမျိုးပဲ ဟင့်*
ကျန်း ပါးစပ်ကတော့ထုတ်မပြောဖြစ်ပါ။
(အရိပ်အကဲကိုမသိတဲ့ ဦးလေးကျန်းအတွက်မျက်ရည်အလှူခံသည်)
ကျန်း လဲကုတင်ပေါ်တင်ပါးလွဲထိုင်ကာ ဝေ့ရင်းကိုစမ်းကြည့်တော့ ကိုယ်တွေပူနေတဲ့ဝေ့ရင်း။
ကျန်းအခြေအနေကိုရိပ်စားမိတာမို့ ဝေ့ရင်းရဲ့လက်ကောက်ဝတ်သွေးကြောလေးကိုစမ်းလိုက်သည်။
ဟင်....
ကျန်း ပျက်သွားတဲ့မျက်နှာကိုမသိမသာုပြန်ထိန်းလိုက်တယ်...
"သခင်လေး သိပ်မစိုးရိမ်ပါနဲ့...ရိုးရိုးကိုယ်ပူတာပါ
ကျွန်တော်ဆေးစပ်ပြီးတာနဲ့လာပို့လိုက်မယ်....
ဆေးတစ်ခွက်လောက်ဝင်ပြီးတာနဲ့ သခင်လေးဝေ့ သက်သာသွားမှာပါ"
ပြောပြောဆိုဆို ကျန်း အခန်းထဲက အလျင်အမြန်ထွက်လာကာ အောက်ထပ်ကိုပြေးဆင်းခဲ့မိသည်။ ပြီးတော့ဟန်မပြတ် မိမိအခန်းထဲဝင်ကာ တံခါးဆွဲပိတ်လိုက်သည်။
ပြီးတော့....ပြီးတော့ပိတ်လိုက်တဲ့တံခါးဝနားမှာပဲပြိုလဲသွားတဲ့ ကျန်း ရဲ့ခြေအစုံ.....
ခေါင်းငုံ့ထားရင်း လက်ခုံပေါ်ပေါက်ပေါက်ကျလာတဲ့ မျက်ရည်စက်တွေ.....
ရင်ဘတ်နဲ့မမျှအောင်စူးနင့်နေတဲ့ခံစားချက်....
ဟင့်အင်း....ဒါကိုကျန်းလက်မခံနိုင်ဘူး....
ဘာတွေပဲပေးဆပ်ရ...ပေးဆပ်ရ ကျန်းဘဝမှာအရေးကြီးဆုံးက သခင်လေးပဲ....
လူတစ်ယောက်ရဲ့ဘဝနဲ့ကံကြမ္မာတွေကို ကျန်း ဘယ်တုန်းကမှအဆုံးအဖြတ်မပေးချင်ခဲ့ဘူး။
ဒါပေမယ့်ဒီတစ်ခေါက်တော့ ကျန်း ကိုကံကြမ္မာက မျက်နှာသာမပေးတော့ဘူးနဲ့တူပါတယ်။
ဘဝမှာရှိုက်ကြီးတငင်ငိုမိတာ ဒါ ကျန်း အတွက်ပထမဆုံးပဲ....
အချိန်တော်တော်ကြာ ကလေးတစ်ယောက်လို ငိုကြီးချက်မငိုပြီးမှ မျက်ရည်တွေသုတ်ရင်း အပြုံးတုတစ်ခုချိတ်ဆွဲကာ ကျန်း အခန်းထဲကပြန်ထွက်လာခဲ့တယ်။ ပြီးတော့ခပ်အေးအေးပဲ ဆေးကြိုတယ်။
"သခင်လေး....သခင်လေးဝေ့အတွက်ဆေးရပါပြီ"
"ဝင်လာခဲ့ပါဦးလေးကျန်း..."
ရိပေါ်ဦးလေးကျန်းပေးတဲ့ဆေးကိုတစ်ဇွန်းချင်း ဖြေးဖြေး ဝေ့ရင်းကိုတိုက်နေမိသည်။ ဝေ့ရင်းကတော့ သူ့ရင်ခွင်နဲ့လက်မောင်းကြားမှာ ပျော့ခွေနေလျက်....
"သခင်လေး...သခင်လေးဝေ့နိုးလာတာနဲ့ ဦးလေးကိုပြောနော်....ဦးလေး အခြားဆေးစပ်ပြီးတိုက်ရမှာမို့လို့"
"ဟုတ် ဦးလေးကျန်း....
ဦးလေးကျန်း....ဝေ့ရင်းအဆင်ပြေတယ်မဟုတ်လားဟင်??"
ရိပေါ်အသက်အောင့်ရင်းမေးမိသည်....
အလိုလိုလေးပင်နေရတဲ့ခံစားချက်ကိုမုန်းတယ်လေ..
ဦးလေးကျန်းက ရိပေါ်ကိုနောက်ကျောပေးထားရင်း ပေါ့ပေါ့ပါးပါးပဲဖြေလာခဲ့တယ်....
"ဘာမှစိတ်ပူစရာမရှိပါဘူး သခင်လေး"
ဖျောက်ခနဲကြမ်းပြင်ပေါ်ကျသွားတဲ့မျက်ရည်တစ်စက်ကို ကျန်း ခြေနဲ့နင်းဖျက်ရင်း ထွက်လာခဲ့လိုက်တယ်....
……………
ဝေ့ရင်း သတိရလာခဲ့ပြီ။ ရင်တွေကအလိုလိုမောဟိုက်နေခဲ့တာ....
အသက်ရှုလို့တောင်သိပ်မဝချင်ဘူး...
ဝေ့ရင်းနိုးလာတော့ သူ့လက်ကိုခပ်ဖွဖွ ဆုပ်ကိုင်ပေးထားတဲ့လက်တစ်စုံရှိနေခဲ့ပြီ....
နွေးထွေးလိုက်တာ....
မျက်လုံးဖွင့်လိုက်တိုင်း သူ့ကိုမြင်နေရတဲ့ခံစားချက်...
မျက်လုံးမှိတ်လိုက်တိုင်း သူဘေးနားမှာရှိနေပေးတယ်ဆိုတဲ့အသိ......
ဘဝရဲ့အစိတ်အပိုင်းတွေကပြည့်စုံနေပြီလေ....
ဘာလိုသေးလို့လဲ....
အတွေးတွေနဲ့ခပ်လျော့လျော့ပြုံးနေတော့ ရိပေါ်ကတင်းကြပ်စွာဖက်လာတယ်...
"အချစ် သတိရပြီလားဟင်"
"အင်း"
ရိပေါ်ရင်ခွင်ထဲတိုးဝင်တိုင်းကြားရတဲ့ ရင်ခုံသံစည်းချက်မြန်မြန်တွေကို သူကြိုက်တယ်။
ကြားနေခွင့်ရှိနေသေးသရွေ့ကြားချင်တယ်....
ကြားနေခွင့်မရှိတော့လဲ ဒီအတိုင်းလေးဆက်ခုန်နေစေချင်တယ်....
လောဘသိပ်ကြီးမိသွားလား????
မျက်လုံးတွေအလိုလိုဝါးသွားတာမို့ အလျင်အမြန်ပဲ သန်းဝေချင်ယောင်ဆောင်လိုက်တယ်...
"ရိပေါ် ငါဗိုက်ဆာတယ်"
"အင်း....ကိုယ်တစ်ခုခုသွားလုပ်လိုက်မယ်....
ဦးလေးကျန်းကိုလွှတ်လိုက်မယ်....ဦးလေးကျန်းက အချစ်နိုးလာရင်ဆေးနောက်တစ်မျိုးထပ်တိုက်ရဦးမယ်တဲ့.....သောက်လိုက်နော် မြန်မြန်နေကောင်းအောင်"
"အင်း" ဝေ့ရင်းပြုံးရင်း....
အပြုံးတွေက ဟန်ဆောင်ရပါများလွန်းလို့ ဘယ်ဟာအစစ်အမှန်လဲတောင် ဝေ့ရင်းကိုယ့်ကိုကိုယ်မခွဲခြားတတ်တော့....
အခန်းထဲကနေထွက်သွားတဲ့ရိပေါ်နောက်ကျောကို မျက်စိတစ်ဆုံး ဝေ့ရင်းလိုက်ကြည့်မိတယ်...
"ထွက်သွားတဲ့မင်းရဲ့နောက်ကျောလေးကို ငါအမြဲလှမ်းဆွဲထားချင်ခဲ့ပါတယ်ရိပေါ်ရယ်...."
………
"ဒေါက် ဒေါက်.... ဦးလေးကျန်းပါသခင်လေးဝေ့"
"အာ...ဟုတ် ဝင်ခဲ့ပါဦးလေးကျန်း"
ဝေ့ရင်းက အခန်းထဲဝင်လာတဲ့ဦးလေးကျန်းကို မျက်လုံးလေးများမှိတ်သည်အထိပြုံးပြလိုက်သည်။
ဦးလေးကျန်းကလည်းခေါင်းလေးငြိမ့်ပြသည်။ နှစ်ဦးသားက ဘာမှပြောစရာမလိုပဲ အပြန်မလှန်နားလည်နေကြသလို...
"ဦးလေးကျန်း.....ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်။
ကျွန်တော်ကိုယ့်ကိုကိုယ်ရိပ်မိနေတာမို့"
"ကောင်းပါပြီ သခင်လေးဝေ့...."
ကျန်း သခင်လေးဝေ့ကို အသက်ဆက်ကျိန်စာနဲ့ ပတ်သတ်သမျှသူသိထားတာအကုန်ပြောပြလိုက်သည်။
ပြီးတော့ပိုအရေးကြီးတာက သခင်လေးဝေ့ရဲ့လက်ရှိအခြေအနေ....
"ကျွန်တော်သဘောပေါက်ပါပြီ ဦးလေးကျန်း....
နောက်ဆုံးမျှော်လင့်ချက်က ကောက်ရိုးတစ်မျှင်ဖြစ်လဲ အဲဒီကောက်ရိုးတစ်မျှင်ကို ကျွန်တော်....ကျွန်တော်သိပ်ချစ်ရတဲ့တစ်ချိန်ကလန်ဝမ်ကျီး၊ အခုကျွန်တော့ရဲ့ရိပေါ်အတွက်.... သူ့အတွက်ကျွန်တော်ဆက်ဆွဲထားနေမိမှာပါ....
ဦးလေးကျန်းသာသူ့ကိုပေးမသိပါနဲ့...."
ဝေ့ရင်းကအပြုံးမပျက်ပြောသွားခဲ့သည်။
အဲဒီအပြုံးတွေက လေးနက်ပြီး အမြဲကြောက်စရာကောင်းလောက်အောင် နာကြင်ကြေကွဲရတာ....
#################################
MMJPP ကရေးရေးပြီးရင် ကိုယ်ပါရင်မောပြီးကျန်ခဲ့ရတာ....
2072 Words
21 Sept 2019