[ Zawgyi ]
ဝိုင်းမေးကြလေသည်....
ဟုမေးလာသည်...
သူလောက် ငယ်လေးကို
အခု ငယ်လေးက သူ့ကို
စိတ်ကောက်သွားတော့
မဟုတ်ဘဲနဲ့ သွားစတယ်...
စိတ်ဘယ်လောက်တောင်
ကောက်နေတယ်မှတ်လဲ...
တော်တော် ချစ်ပုံရတယ်..."
ကိုကြီးက
သိသာနေတာပဲကို..."
ဟု ပြောလာသည်...
" အဲ့ဒါ Baek လေးက
ကလေးကလည်း ကြောက်ပြီး
"အဲ့ဒါပြောတာ...
ကြာရင် ကလေးရဲ့လက်ပါ
ဘာမှ မကြားသလိုပဲ....
လွှတ်ပေးလိုက်တာဗျာ...
သားမှာ သဘောကျလို့...
မေမေ မေမေ...ငယ်လေးလေ
Baek လေးအပေါ်မှာများ
စိတ်ရှိနေလားမရှိဘူး...."
" အယ်...သားကလည်း
ဘယ်သူ အကြီးလဲ
ဘယ်သူ အငယ်မှန်းတောင်
ဖြစ်နိုင်ပါ့မလား..."
ဟု မေမေက သူထင်တာကို
သူသဘောကျတဲ့လူရှိရင်
စတင်တယ်တဲ့..."
ကိုကြီးက
" ငယ်လေးက အရင်ကထက်
စိတ်တွေ ကြီးလာတာကို
တအား ခံစားလွယ်လာတယ်...
စိတ်လည်း ပူတတ်လာတယ်..."
ပြောပြတော့ မေမေက
ပြောပြလာသည်...
သူအဲ့ကလေးအပေါ်မှာ
မဟုတ်ဘူးလား..."
" မသိတော့ပါဘူး သားရယ်...
ယူတာမယူတာ သူတို့ကဏ္ဍ...
ကြည့်လိုက်မိသည်...
အဲ့ဒါနဲ့ Baek လေးကို
ပြောရမရတော့ မသိပါဘူး..."
ဆင်းလည်းမလာဘူး...
ထိုအခြေအနေကို မေမေက
ကြောင်ပြီးကြည့်နေကာ
" မေမေ မြင်နေရတာကို
ဝင်မေးပြန်သည်....
" Dae bak..."
သွားကြည့်လိုက်သည်...
" တော်သေးတယ်...
အဆင်သင့်မဖြစ်သေးရင်
လိုက်လာသည်...
" ကိုကိုကလည်း
Baek က စိုးရိမ်လို့ပါ..."
ဟုပြောလာသည်...
ဒီလောက်ဆို ကျွန်တော်
ထိုင်လိုက်ရင်း
အပိုတွေလုပ်မနေနဲ့..."
ပိဿလေးနဲ့ ဘေးပစ်...
ဂရုစိုက်ပေးတာလေ...."
ထပ်ပြောလာသည်...
" သြော်...သြော်...
ကျေးဇူးတင်ပါတယ်ဗျ...
ဂရုစိုက်ပေးလို့..."
ဆိုကာ ပြောလိုက်တော့...
အပူပေးထားပေးသည်...
ပြန်ထိုင်လိုက်သည်...
" ကိုကို...အာ...."
လုပ်နေတာလား...
မဟုတ်တာကို လူမမာလို
တောင်းလိုက်တော့
ဆုပ်ကိုင်လိုက်ကာ
" ခရင်း တောင်းတာ..."
" ဗျာ..."
" ခရင်း...မင်းလက်ထဲမှာ
ကိုင်ထားတဲ့ ခရင်း..."
ဟုပြောလိုက်တော့
" ဘာလို့လဲ ကိုကိုရဲ့...
Baek ခွံ့ကျွေးမယ်လေ....
ကိုကိုက လက်နာနေတာကို
စားပါ ကိုကိုရယ်...နော်...
နောက်ရက်ကျမှ
ဟု အေးအေးဆေးဆေးလေး
" သားရယ်...ဟုတ်သားပဲ...
" သားဘယ်ဘက်လက်က
" သြော် သားရယ် ကလေးက
ဟု မာမီကပါ သူ့ဘက်က
" ကိုကို...အာ..."
မဟချင် ဟချင်နှင့်
ပါးစပ်ဟပေးလိုက်တော့
ခွံ့ကျွေးလာသည်...
ကျွန်တော်က ဝါးနေစဉ်
ဟုမေးလာသည်ကြောင့်
ဟုပြန်ပြောလိုက်တော့...
စားတော့မယ်နော်..."
သူပါစားတော့သည်...
ကျန်တော့သည်....
" အယ်...ကုန်ပြီ..."
" ငယ်လေးရော Baek လေးရော
Baek လေးပါ တိုးလာပြီ...
ဟု ကိုလေးကပြောတော့....
ပုစိအား ကိုလေးမှ
" ဟုတ်ပါတယ် ခင်ဗျာ....
တစ်ယောက် တစ်လုပ်နဲ့
စားနေကြတာပါခင်ဗျာ..."
တစ်ဟဲဟဲနှင့်ရယ်ပြကာ...
" ဟဲဟဲ...သားတို့စားတာ
ဟု ပြောလိုက်တော့....
" နည်းနည်းလေးတော့
မကဘူး ထင်တာပဲ..."
မကောင်းရင် မစားဘူး...."
ဖြစ်တယ်မလား...
ပြောပါဦး..."
ဟု ကိုလေးက စလိုက်တော့
ရယ်မိတော့သည်...
~~~~~~~~~~to be continued 💛💚💙
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
[ UniCode ]
ဂျစ်တူးကို ဆေးကုပေးပြီး
အောက်ရောက်တော့ မေမေရော
ကိုကြီးရောက အခြေအနေဘယ်လိုရှိလဲဟု
ဝိုင်းမေးကြလေသည်....
" ကောက်တာမှ ချိတ်နေတာပဲ...
ကိုကြီးကိစ္စ ကိုကြီးရှင်းတော့...."
ဆိုပြီး ပြောလိုက်တော့ ကိုကြီးက
" တော်တော် ကောက်နေတာလား..."
ဟုမေးလာသည်...
သူလောက် ငယ်လေးကို
တုန်နေအောင်ချစ်တာ သူပဲရှိသည်ကိုး...
အခု ငယ်လေးက သူ့ကို
စိတ်ကောက်သွားတော့
နေမထိ ထိုင်မသာတွေကို ဖြစ်လို့...
" ကိုယ့်ညီအကြောင်းလည်း မသိတာ
မဟုတ်ဘဲနဲ့ သွားစတယ်...
စိတ်ဘယ်လောက်တောင်
ကောက်နေတယ်မှတ်လဲ...
စကားတောင် တစ်ခွန်းပြန်မပြောဘူး...
သားတက်သွားတော့ Baekလေးက
ခုတင်ပေါ်မှာ ထိုင်ပြီး ငယ်လေးရဲ့
လက်ကို လက်ကိုင်ပုဝါလေးနဲ့
သုတ်ပေးနေတာ...ငယ်လေးကို
တော်တော် ချစ်ပုံရတယ်..."
ဟု ကျွန်တော် မြင်တာကို ပြောပြတော့
ကိုကြီးက
" အဲ့လိုဆိုတော့ ငယ်လေးကျတော့ရော
ဘာထူးလို့လဲ...ထုတ်သာမပြတာ
ကလေးကို သူဘယ်လောက်ချစ်လဲ
သိသာနေတာပဲကို..."
ဟု ပြောလာသည်...
" အဲ့ဒါ Baek လေးက
သားထိုင်ဖို့နေရာဖယ်ပေးတာကို
ကလေးရဲ့ လက်ကောက်ဝတ်ကို
ညှစ်ထားတာမှ နီရဲတွတ်နေတာပဲ...
ကလေးကလည်း ကြောက်ပြီး
ဘာမှပြန်မပြောရဲဘဲ ငြိမ်ခံနေရတယ်..."
" အယ်...ကလေးနဲ့ ဘာဆိုင်လို့လဲ..."
"အဲ့ဒါပြောတာ...
လွှတ်မပေးဘဲ အတင်းဆုပ်ကိုင်ထားတာ...
ကြာရင် ကလေးရဲ့လက်ပါ
တစ်ခုခုဖြစ်မှာစိုးလို့
လွှတ်ပေးလိုက်ပါလို့ ပြောတော့
ကိုကြီး ညီကတုပ်တုပ်တောင်မလှုပ်ဘူး...
ဘာမှ မကြားသလိုပဲ....
အဲ့ဒါနဲ့ ကလေးတော်တော်နာနေပြီလို့လည်း
ပြောလိုက်ရော ချက်ချင်းကို
လွှတ်ပေးလိုက်တာဗျာ...
ကလေးနာမှာကျတော့ ကြောက်တယ်...
သူလုပ်လိုက်တဲ့ပုံကို
သားမှာ သဘောကျလို့...
မေမေ မေမေ...ငယ်လေးလေ
Baek လေးအပေါ်မှာများ
စိတ်ရှိနေလားမရှိဘူး...."
ဟု မေမေ့ကို မေးကြည့်တော့...
" အယ်...သားကလည်း
ပေါက်ပေါက်ရှာရှာကွယ် ဖြစ်နိုင်လို့လား...
သားညီလေးက ကလေးအပေါ်မှာ
တစ်ချိန်လုံး အနိုင်ကျင့်ပြီးဆိုးနေတာ...
ဘယ်သူ အကြီးလဲ
ဘယ်သူ အငယ်မှန်းတောင်
မသိတော့အောင်ဆိုးနေတာကို...
ဖြစ်နိုင်ပါ့မလား..."
ဟု မေမေက သူထင်တာကို
ပြောလာသည်...ထို့ကြောင့်
" ဖြစ်နိုင်တာပေါ့ မေမေရဲ့...
ပိုပြီးတော့တောင် ဖြစ်နိုင်သေးတယ်...
ယောကျာ်းလေးတစ်ယောက်က
သူသဘောကျတဲ့လူရှိရင်
အဲ့လူကို အနိုင်ကျင့်တာနဲ့
စတင်တယ်တဲ့..."
ဟု ကျွန်တော်က ထပ်ပြောပြတော့
ကိိုကြီးက
" attention ယူသလိုမျိုးလား..."
ဟု ပြန်မေးတာကြောင့် ခေါင်းညိတ်ပြလိုက်ရင်း
" ငယ်လေးက အရင်ကထက်
စိတ်တွေ ကြီးလာတာကို
သတိထားမိလား...နောက်ပြီးတော့
အဲ့ကလေးနဲ့ပတ်သတ်ပြီး
တအား ခံစားလွယ်လာတယ်...
စိတ်လည်း ပူတတ်လာတယ်..."
ဟု ကျွန်တော်မြင်တာကို
ပြောပြတော့ မေမေက
" ကိုလတ်ပြောမှပဲ ဟုတ်တယ်နော်...
ငယ်လေးက အရင်နဲ့မတူတော့ဘူး..."
ဟု သူလည်း သတိထားမိကြောင်း
ပြောပြလာသည်...
" ဟုတ်တယ်...နောက်ပြီးတော့
Baek လေးနဲ့ပတ်သတ်ပြီး
သူစိတ်တိုတယ် ဒေါသထွက်တယ်...
ကလေးအပေါ်ကိုအနိုင်ယူတယ်...
နှိပ်စက်တယ်...အဲ့ဒါတွေက
သူအဲ့ကလေးအပေါ်မှာ
စိတ်ရှိနေလို့ပေါ့ မေမေရဲ့...
မဟုတ်ဘူးလား..."
" မသိတော့ပါဘူး သားရယ်...
ဘာပဲဖြစ်ဖြစ် သေချာရင်တော့
မေမေကသူတို့ကို ပေးစားပစ်မှာ...
ယူတာမယူတာ သူတို့ကဏ္ဍ...
ပေးစားရမှာက မေမေ့တာဝန်ပဲ..."
ဟု ဇွတ်ပေးစားဖို့ကို လုပ်နေသည့်
မေမေ့အား မနိုင်တော့ဘူးဆိုသည့်
အကြည့်နှင့် ညီကို နှစ်ယောက်
ကြည့်လိုက်မိသည်...
" အခုလည်း ဆေးထည့်ပေးပြီးတော့
ထမင်းစားဖို့ခေါ်ခဲ့တာကို
စကားတစ်ခွန်းမှပြန်မပြောဘူး...
အဲ့ဒါနဲ့ Baek လေးကို
ခေါ်လာခဲ့ဖို့ ပြောထားခဲ့တယ်...
ပြောရမရတော့ မသိပါဘူး..."
" သူကောက်ပြီဆို ဘယ်တုန်းက
ပြောလို့ရဖူးလို့လဲ...ဘယ်သူခေါ်ခေါ်
ဆင်းလည်းမလာဘူး...
ထမင်းလည်း ဆင်းမစားဘူး..."
ဟူသော ကိုကြီး၏ စကားအဆုံး
အပေါ်ထပ်ကနေ ငယ်လေးလက်ကို
တွဲပြီးဆင်းလာတဲ့ Baek လေး...
ထိုအခြေအနေကို မေမေက
ကြောင်ပြီးကြည့်နေကာ
" မေမေ မြင်နေရတာကို
သားတို့ရော မြင်ရတယ်မလား..."
မေမေကမေးတော့ ကိုကြီးကပါ
ဝင်မေးပြန်သည်....
" အဲ့ဒါ တကယ်မဟုတ်ဘူးမလား..."
ဟု သူတို့ကို ကြောင်ကြည့်နေရင်းနှင့်
မေးပြန်သည်ကို ကျွန်တော်က
" Dae bak..."
ဟုပြန်ပြောရင်း ထမင်းစားခန်းထဲသို့
ဝင်သွားကာ စားဖို့အဆင်သင့်ဖြစ်ပြီလားဟု
သွားကြည့်လိုက်သည်...
" တော်သေးတယ်...
အကုန်လုံးပြင်ပြီးသွားလို့...
မေမေရေ...အဆင်သင့်ဖြစ်ပြီနော်..."
ဟု လှမ်းအော်လိုက်ရသည်...
အဆင်သင့်မဖြစ်သေးရင်
ဟိုကောက်တေး ပိုကောက်သွားနိုင်သည်...
လှမ်းအော်လိုက်ပြီး မကြာခင်
မေမေနှင့်ကိုကြီး အရင်ဝင်လာကာ
နောက်မှ Baek လေးနှင့် ငယ်လေး
လိုက်လာသည်...
ထမင်းဝိုင်းထိအောင် ကျွန်တော့လက်ကို
သေချာဆုပ်ကိုင်ပြီး တွဲလာတဲ့ ပုစိ...
ထမင်းစားပွဲကိုရောက်ရောက်ချင်း
" ငါ့လက်ကို လွှတ်လို့ရပြီလား..."
ဟုမေးလိုက်တော့မှ ရယ်ပြလာပြီး
" ကိုကိုကလည်း
Baek က စိုးရိမ်လို့ပါ..."
ဟုပြောလာသည်...
ကျွန်တော် ထိုင်နေကျနေရာသည်
ကိုကြီး၏ ဘေးတွင် ဖြစ်သည်...
သို့သော်ဒီနေ့တော့ ကိုကြီးကို
မခေါ်ချင်တာကြောင့် ကိုယ့်နေရာကိုယ်
မထိုင်ဘဲ ဟိုကလေး၏နေရာတွင်
ရုပ်တည်နှင့် ဝင်ထိုင်လိုက်သည်...
ဒီလောက်ဆို ကျွန်တော်
စိတ်ကောက်နေတယ် ဆိုတာကို
ကိုကြီးသိမှာပါ...ထိုင်ခုံတွင်
ထိုင်လိုက်ရင်း
" လက်ကလေးပဲ နည်းနည်းထိတာ...
တစ်ကိုယ်လုံးကို တွဲရလောက်တဲ့အထိ
ဒဏ်ရာပြင်းတာမဟုတ်ဘူး...
အပိုတွေလုပ်မနေနဲ့..."
" အဲ့ကိုကိုကလေ ပြောလိုက်ရင်
ပိဿလေးနဲ့ ဘေးပစ်...
စိတ်ပူလို့တွဲပေးတာလေ...
စိတ်မပူရင် ပစ်ထားလိုက်မှာပေါ့...
နောက်ပြီးတော့ စေတနာနဲ့ တွဲပေးတာကို..."
" ဒါ ဘယ်သူ့ကြောင့်ဖြစ်တာလဲ...
ငါ့ကို စိတ်တိုအောင် ဘယ်သူလုပ်တာလဲ..."
ဟုအသံမာမာနှင့် မေးလိုက်တော့
" Baek ကြောင့်ပါ ကိုကိုရယ်...."
ဟု မျက်နှာငယ်လေးနှင့် ပြန်ဖြေကာ
" အဲ့ဒါကြောင့်မို့ ပြန်ပြီး
ဂရုစိုက်ပေးတာလေ...."
ဟု ချက်ချင်းကို ခပ်သွက်သွက်
ထပ်ပြောလာသည်...
" သြော်...သြော်...
ကျေးဇူးတင်ပါတယ်ဗျ...
အနာပေးလိုက် ဆေးပေးလိုက်လုပ်ပြီးမှ
ဂရုစိုက်ပေးလို့..."
ဆိုကာ ရွဲ့ပြီး ပြောလိုက်သည်...
"ကိုကိုကလည်း မရွဲ့ပါနဲ့...
Baek က တကယ်ပြောနေတာကို..."
" ဟ...မင်းကို ကျေးဇူးတင်ပါတယ်လို့
ပြောတာလေ...အဲ့ဒါ ရွဲ့တာလား...
ကျေးဇူးအတင်မခံချင်လည်း နေ...
ခုနပြောထားတာကို ရုတ်သိမ်းတယ်..."
ဆိုကာ ပြောလိုက်တော့...
လူကို မျက်စောင်းထိုးပြီး
ဘေးနားတွင် ဝင်ထိုင်သည်...
ပြီးတော့ ထမင်းဝိုင်းအလည်တွင်
တော့ပိုကီကို ဗန်းပုံစံထဲတွင်ထည့်ကာ
အောက်က ဂတ်စ်မီးဖိုဖြင့်
ပူပူလေးစားရအောင် ကိုလေးက
အပူပေးထားပေးသည်...
ကျွန်တော့ပန်းကန်ကို ယူလိုက်ကာ
ထိုဗန်းထဲမှ တော့ပိုကီကို ခပ်ထည့်ပြီး
ကျွန်တော့အရှေ့ကို ချပေးပြီး
သူ့ပန်းကန်ထဲကို မထည့်ဘဲနှင့်
ပြန်ထိုင်လိုက်သည်...
ဘာလုပ်တာလဲ ဟု ကြည့်နေတုန်း
ခရင်းကို ကောက်ကိုင်ကာ
တော့ပိုကီ တစ်ချောင်းကို ထိုးလိုက်ပြီး
သူ့နှုတ်ခမ်းနားလေးသို့ ကပ်ကာ
တစ်ဟူးဟူးနှင့် မှုတ်ပြီး ကျွန်တော့ကို
" ကိုကို...အာ...."
ဆိုပြီး ပါးစပ် ဟခိုင်းနေသည်...
ဘာလဲ င့ါကို သူခွံ့ကျွေးမလို့
လုပ်နေတာလား...
ကျွန်တော်က ဘာမှဖြစ်တာမှ
မဟုတ်တာကို လူမမာလို
ဆက်ဆံနေတာက တစ်မျိုးပဲ...
လူကို လူမမာဇာတ်သွင်းချင်နေတဲ့
ဟာလေးကိုလည်း ဂုတ်ကနေကိုင်ပြီး
ဆွဲလွှင့်ပစ်လိုက်ချင်သည်...
သူကျွေးတာကို မစားဘဲနှင့်
မျက်စိကို မှိတ်ပစ်လိုက်ပြီး
စိတ်မရှည်သလို သက်ပြင်းချလိုက်ကာ
သူ့ရှေ့ကို လက်ဝါးဖြန့်ကာ
တောင်းလိုက်တော့
" ဟင်...ကိုကိုဘာတောင်းတာလဲ...
ရေလား...ရေသောက်ချင်လို့လား..."
ဟု ရေထယူပေးရန် လုပ်နေသည့်
ပုစိလေးအား လက်ကောက်ဝတ်ကို
ဆုပ်ကိုင်လိုက်ကာ
" ခရင်း တောင်းတာ..."
" ဗျာ..."
" ခရင်း...မင်းလက်ထဲမှာ
ကိုင်ထားတဲ့ ခရင်း..."
ဟုပြောလိုက်တော့
" ဘာလို့လဲ ကိုကိုရဲ့...
Baek ခွံ့ကျွေးမယ်လေ....
ကိုကိုက လက်နာနေတာကို
ဒီနေ့တော့ Baek ခွံ့ကျွေးတဲ့အတိုင်းပဲ
စားပါ ကိုကိုရယ်...နော်...
နောက်ရက်ကျမှ
ကိုယ့်ဘာသာကိုယ်စားလေ..."
ဟု အေးအေးဆေးဆေးလေး
ပြောပြနေသော Baekလေး၏ ဘက်မှ
" သားရယ်...ဟုတ်သားပဲ...
ကလေးက ခွံ့ပါ့မယ် ပြောနေတာကို...
ဒီအတိုင်းစားလိုက်ပါလား..."
ဟု မာမီက ဝင်ပြောပေးသည်ကို
" သားဘယ်ဘက်လက်က
အကောင်းကြီး...နောက်ပြီးတော့
တူနဲ့စားရမှာလည်း မဟုတ်ဘူး...
ခရင်းနဲ့ ထိုးစားရုံပဲလေ...
ဘာမှဖြစ်တာမှ မဟုတ်တာကို..."
" သြော် သားရယ် ကလေးက
လုပ်ပေးချင်လို့ဟာကို..."
ဟု မာမီကပါ သူ့ဘက်က
ပြောလာတော့ ကျွန်တော်ဘာပြောလို့
ရဦးမှာလဲဗျာ...သက်ပြင်းချလိုက်ကာ
ဖြန့်ထားသည့်လက်ဝါးကို သိမ်းလိုက်တော့
သဘောပေါက်မြန်သည့် ပုစိက
" ကိုကို...အာ..."
ဆိုကာ ထပ်လုပ်နေပြန်သည်...
ငါတော့ စိတ်ဆင်းရဲပါတယ်....
မဟချင် ဟချင်နှင့်
ပါးစပ်ဟပေးလိုက်တော့
လက်ကလေးနှင့်ခံကာတော့ပိုကီကို
ကျွန်တော့ ပါးစပ်ထဲအရောက်
ခွံ့ကျွေးလာသည်...
ကျွန်တော်က ဝါးနေစဉ်
" ကိုကို...စားလို့ကောင်းလား..."
ဟုမေးလာသည်ကြောင့်
" သိချင်ရင် စားကြည့်ပါလား..."
ဟုပြန်ပြောလိုက်တော့...
" ဒါဆို Baek လည်း ဒီထဲကနေပဲ
စားတော့မယ်နော်..."
ဟု ပြုံးစိစိဖြင့် ပြောရင်း
သူပါစားတော့သည်...
သူစားလိုက် ကျွန်တော့ကိုခွံ့လိုက်ဖြင့်
စားလိုက်ကြပြီး ကျွန်တော်တို့နှစ်ယောက်
တော်ပြီဟူ၍ ရပ်လိုက်ချိန်
ဗန်းထဲကိုကြည့်တော့ ငရုတ်အနှစ်တွေပဲ
ကျန်တော့သည်....
" အယ်...ကုန်ပြီ..."
ဟု ပုစိကပြောတော့ ကိုလေးက
" ငယ်လေးရော Baek လေးရော
တော့ပိုကီ တော်တော်ကြိုက်ကြတာပဲ...
အရင်ကတော့ အားရပါးရစားတာ
ငယ်လေးပဲ ရှိတာ...အခုတော့
Baek လေးပါ တိုးလာပြီ...
နောက်ဆို ပိုလုပ်ရမှာပေါ့..."
ဟု ကိုလေးကပြောတော့....
" ဒါ...Baek တို့စားလိုက်တာလား..."
ဟု မယုံသင်္ကာဖြင့်ပြန်မေးနေသည့်
ပုစိအား ကိုလေးမှ
" ဟုတ်ပါတယ် ခင်ဗျာ....
အစ်ကိုလေးတို့ နှစ်ယောက်
တစ်ယောက် တစ်လုပ်နဲ့
စားနေကြတာပါခင်ဗျာ..."
ဟု ပြောလိုက်တော့ ပုစိက
တစ်ဟဲဟဲနှင့်ရယ်ပြကာ...
" ဟဲဟဲ...သားတို့စားတာ
နည်းနည်းလေး များသွားတယ်ထင်တယ်..."
ဟု ပြောလိုက်တော့....
" နည်းနည်းလေးတော့
မကဘူး ထင်တာပဲ..."
ဟု ကိုကြီးကဝင်ပြောတော့
" ကိုလေးချက်တာ ကောင်းလို့
Baek တို့ကစားတာလေ...နော့...
မကောင်းရင် မစားဘူး...."
" သြော် ဟုတ်ကဲ့ပါခင်ဗျာ...
ဒါ ချီးကျူးတယ်လို့ပဲ တွေးလိုက်လို့
ဖြစ်တယ်မလား...
အခုလို ချီးလည်းကျူးပေးပြီး
ကုန်နေအောင်လည်း စားပေးလို့
ကျွန်တော်ကလည်း ကျေးဇူးတွေ
အများကြီးတင်ပါတယ် ခင်ဗျ...
နောက်ကိုလည်း စားချင်တာ ရှိရင်
ပြောပါဦး..."
ဟု ကိုလေးက စလိုက်တော့
တစ်ဟားဟားနှင့် အားလုံးက
ရယ်မိတော့သည်...
စကားနည်းတဲ့ ကိုလေးတောင်
ဒီကလေးနဲ့တွေ့တော့မှ စကားကို
အရှည်ကြီးတွေပြောလို့ပါလား...
ဒီပုစိရဲ့အစွမ်းလည်း မသေးဘူး...
~~~~~~~~~~to be continued 💛💚💙