နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

De Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... Mais

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း-၁၅ (Zawgyi + Unicode)

15.4K 2.6K 41
De Kay_Wine


{Zawgyi}

ပိုင္ရန္အနက္ေရာင္ပံုရိပ္ကိုျမင္မွ သူ ဥပေဒကန္႔သတ္ထားတဲ႔ ဒါမွမဟုတ္ တကယ့္ကမာၻမွာရွိေနတာရွိေနတာမဟုတ္ဘူးဆိုတာကို ေနာက္ဆံုးမွာ သတိျပဳမိလိုက္တယ္။ သူက ေမွာ္ဆန္တဲ႔ ပံုရိပ္ေရာင္ကမာၻထဲမွာေရာက္ေနတာပဲ။ ဒီကမာၻမွာ အင္အားၾကီးတာကအရင္ဆံုးျဖစ္ျပီး လူ႔အသက္ကေနာက္မွျဖစ္တယ္။

"ကြ်န္မကို ကယ္ပါ၊ ကြ်န္မကိုကယ္ပါအံုး!" ထိုအမ်ိဳးသမီးက ပိုင္ရန္ကိုေတြ႕သြားတာနဲ႔ ငိုယိုျပီး အကူအညီေတာင္းေတာ့တယ္။

ပန္း၀ွက္တံလ်ပ္မွာတုန္းက အနက္ေရာင္၀တ္ရံုနဲ႔ပံုရိပ္ေတြက လူေတြကိုသတ္ေနတာကို ၾကည့္ခဲ႔ရျပီး အဲ႔ေနရာမွာ လူႏွစ္ရာနဲ႔ေျခာက္ဆယ့္သံုးေယာက္ေသေၾကခ႔ဲတယ္ဆိုတာ ေကာင္းေကာင္းၾကီးသိေနတယ္။ အဲ႔အခ်ိန္က ဒီဟာက မူရင္း၀တၳဳမွာပါတဲ႔အပိုင္းျဖစ္မွန္း သိေနတာေၾကာင့္ သူ႔ရဲ႕အသိစိတ္ကေန သိပ္ျပီးအေလးအနက္မထားခဲ႔ဘူး။ သို႔ေသာ္လည္း သူ႔ေရွ႕မွာရွိေနတဲ႔ အမ်ိဳးသမီးက ဘယ္သူမွန္းမသိတဲ႔ဇာတ္ေကာင္။ သူမကမူရင္း၀တၳဳမွာ မေပၚလာခဲ႔ဖူးတာေၾကာင့္ သူမေသေတာ့မယ့္အခ်ိန္မွာ ပိုင္ရန္ဘာလုပ္လို႔လုပ္ရမယ္မွန္းမသိဘူးျဖစ္ေနတယ္။ ပုိျပီးအေရးၾကီးတာက သူမကသူ႔ကိုျမင္သြားျပီး သူမကိုကယ္ဖို႔ ေတာင္းဆိုေနတယ္။

"သခင္အဲ႔ကို မသြားနဲ႔ေနာ္.." သူ႔ေခါင္းထဲကေနရုတ္တရက္ ေရွာင္လင္းအသံကထြက္ေပၚလာတယ္။

ပိုင္ရန္ေျခလွမ္းက လမ္းတစ္၀က္မွာတင္ရပ္သြားတယ္ "ဘာလို႔လဲ?"

"သခင္... ရွဲ႕ဇီထ်န္းက လူေတြကိုကယ္မွာမဟုတ္ဘူး"

ပိုင္ရန္ရင္ထဲမွာတုန္လႈပ္သြားတယ္ "ဒါေပမယ့္ သူမကေသေတာ့မယ္ေလ!"

"သခင္ ေက်းဇူးျပဳျပီး ကြ်န္မတို႔ကပံုရိပ္ေယာင္ကမာၻထဲေရာက္ေနတယ္ဆိုတာ မေမ့ပါနဲ႔၊ ဒီအမ်ိဳးသမီးဆိုတာကလည္း ေဒတာအပိုင္းေလးတစ္ခုပါပဲ.. သူမကိုကယ္လိုက္လို႔ ဘာမွထူးမွာ မဟုတ္ပါဘူး"

အဲ႔လုိေျပာေနေတာ့လည္း ဟုတ္ေလာက္မွာပါေလ..

အနက္ေရာင္ပံုရိပ္ရဲ႕ေမွာ္အစြမ္းေတြက သူမကိုလႊမ္းျခံဳေနျပီဆိုေပမယ့္ ပိုင္ရန္ထုိအမ်ိဳးသမီးကို ၾကည့္ေနရံုကလြဲျပီး ဘာမွမတတ္ႏိုင္ဘူး။ သူမကိုၾကည့္ရတာ အသက္ရႈၾကပ္ေနသလိုပံုမ်ိဳးျဖစ္ေနျပီး ခႏၶာကိုယ္ကလည္း မတရားတုန္ရီေနတယ္။

ပိုင္ရန္ဆက္မၾကည့္ႏိုင္ေတာ့ဘူး....။

"သခင္ အဲ႔ဒီ႔အနက္ေရာင္ပံုရိပ္ကို မမွတ္မိဘူးလား?"

ပိုင္ရန္ ေမာ့လိုက္ျပီး အနက္ေရာင္ပံုရိပ္ကို စစ္ေဆးၾကည့္ရႈလိုက္တဲ႔အခါ သူ႔မ်က္လံုးေတြေၾကာက္ရြံ႕မႈေၾကာင့္ ျပဴးက်ယ္ကုန္တယ္ "ဒါၾကီး... ဒါၾကီးက နတ္ဆိုးဘုရင္ၾကီးယံုးယဲ႔ မဟုတ္လား?"

"ဟုတ္ပါတယ္" ေရွာင္လင္း ျပန္ေျဖတယ္ "သခင္သာ အဲ႔အမ်ိဳးသမီးကို သြားကယ္ရင္ နတ္ဆိုးဘုရင္ယံုးယဲ႔သတ္လို႔ ေသရလိမ္႔မယ္"

ပိုင္ရန္ ထိတ္လန္႔သြားရတယ္။

သူသာ ပံုရိပ္ေယာင္ကမာၻမွာေသသြားမယ္ဆိုရင္ တကယ့္ကမာၻမွာပါ ေသလိမ့္မယ္ဆိုတာ ဘယ္ေတာ့မွေမ့မွာမဟုတ္ဘူး။

သူ႔ရဲ႕အသက္ကို ဘာမွန္းမသိတဲ႔ဇာတ္ေကာင္အေပၚပံုေအာစရာလိုလို႔လား? အဲ႔တာထက္ အဲ႔အမ်ိဳးသမီးက တကယ့္အစစ္ေတာင္ မဟုတ္တဲ႔ေဒတာပိုင္းေလးတစ္ခုပဲ။

အေျဖကသိသာေနတာကို။

ဒါေၾကာင့္ ပိုင္ရန္ထြက္သြားဖို႔အတြက္ လွည့္လိုက္တယ္။ သူေျခလွမ္း အနည္းငယ္သာလွမ္းရေသးတယ္၊ သို႔ေသာ္လည္း ရုတ္တရက္ၾကီး ကိုယ္ေယာင္ထြက္ျပလိုက္ကာ အလ်င္အျမန္လွည့္ျပီး နတ္ဆိုးဘုရင္ယံုးယဲ႔ဆီကို တည့္တည့္ၾကီးပ်ံထြက္လာတယ္။

"သခင္!" ေရွာင္လင္း မယံုၾကည္ႏိုင္ေလာက္ေအာင္ အံ့ၾသသြားျပီး သူ႔စိတ္ထဲမွာ စီခနဲေအာ္လိုက္တယ္။

သူပံုရိပ္ေရွ႕ေရာက္သြားတဲ႔အခါမွာ လက္တစ္ဖက္ကိုသံုးျပီး အရိပ္ရဲ႕ဖမ္းခ်ဳပ္တာခံထားရတဲ႔ အမ်ိဳးသမီးကို ဆြဲထုတ္လိုက္ျပီး တစ္ဖက္ကလည္း ေမွာ္အစြမ္းကို ထုတ္သံုးလိုက္တယ္။

သူ႔ရဲ႕အားေကာင္းလွတဲ႔ေမွာ္စြမ္းအားေတြနဲ႔ အမ်ိဳးသမီးကို ခ်ဳပ္ေႏွာင္ထားတဲ႔က်န္ရွိေနတဲ႔ အရိပ္ေတြကိုပါ ဖယ္ရွားႏိုင္ခဲ႔တယ္။ ပိုင္ရန္သူမကို တစ္ဖက္ဆြဲလိုက္ေတာ့ ႏွစ္ေယာက္လံုးမီးခိုးေရာင္ ကြန္ကရစ္ေပၚကို လဲက်သြားတယ္။

"ဒီေနရာကေနထြက္သြား!" သူေျပာရင္း ထိုအမ်ိဳးသမီးကို အေ၀းတြန္းထုတ္လိုက္တယ္။

ထုိအမ်ိဳးသမီးမွာလည္း ကိုယ္ခံစြမ္းအား အခ်ိဳ႕ရွိေနတာေၾကာင့္ ဘာတစ္ခြန္းမွမေျပာဘဲ အားကုန္သံုးျပီး ထြက္ေျပးသြားတယ္။

"သခင္၊ ရူးသြားတာလား?" ေရွာင္လင္းရဲ႕ေအာ္သံက သူ႔ေခါင္းထဲမွာ ပဲ႔တင္ထပ္ေနတယ္ "ဒီေနရာကေန ထြက္ေတာ့!"

ပိုင္ရန္ system ကို လံုး၀အာရံုမထားဘူး၊ အဲ႔အစား အနက္ေရာင္မီးေတာက္ဆီ ေျပးသြားလိုက္တယ္။ အမ်ိဳးသမီးကို ဖမ္းခ်ဳပ္ခဲ႔တဲ႔ အနက္ေရာင္အရိပ္ေတြက ဒီတစ္ခါသူ႔ကို ပစ္မွတ္ထားလာတယ္။

ပိုင္ရန္ ေမွာ္အစြမ္းကိုသံုးျပီး တိုက္ခိုက္လာတဲ႔အရိပ္ေတြကို ျဖိဳခြဲကာ ေရွ႕ဆက္တိုးသြားတယ္။ သူနတ္ဆိုးဘုရင္ယံုးယဲ႔ကို ၀ါးျမိဳေနတဲ႔ေမွာ္အစြမ္းေတြကို ေဖာက္ထြင္းျပီး သူ႔ကိုေပြ႕ဖက္လိုက္တယ္။

"အရွင္.. ထပါေတာ့!" ရွဲ႕ဇီထ်န္းက အင္မတန္အားသန္တယ္၊ အဲ႔လိုမွမဟုတ္ရင္ နတ္ဆိုးဘုရင္ယံုးယဲ႔ရဲ႕ ညာလက္ရံုးျဖစ္လာမွာမဟုတ္ဘူး။ နတ္ဆိုးဘုရင္ၾကီးကို ဖက္ထားရင္း ပိုင္ရန္ သူ႔အစြမ္းေတြကိုသံုးကာ အနက္ေရာင္မီးေတာက္ကိုလည္း ဖိႏွိပ္ထားရတယ္။

တစ္ခ်ိန္တည္းမွာပဲ ပိုင္ရန္သူ႔ရဲ႕ေမွာ္အစြမ္းကိုသံုးျပီး နတ္ဆိုးဘုရင္ကိုကာေပးေနရတယ္။ သူ႔ေမွာ္အစြမ္းက နတ္ဆိုးဘုရင္နဲ႔ယွဥ္ရင္ေတာ့ ပမႊားေလးသာျဖစ္ေလတယ္။ ဒါ့ေၾကာင့္ အခ်ိန္အၾကာၾကီးေတာ့ အလုပ္မျဖစ္ဘူး။

"ထပါေတာ့.. အရွင္ေရ!" သူ႔ေအာ္သံက နတ္ဆိုးဘုရင္ယံုးယဲ႔ မိန္းေမာေနတာကို ပ်က္သြားေစမယ္လို႔ေမွ်ာ္လင့္တာပဲ..။

နတ္ဆိုးဘုရင္ၾကီးယံုးယဲ႔ရဲ႕အနက္ေရာင္၀တ္ရံုနဲ႔ အနက္ေရာင္ဆံပင္ေတြက အကုန္ပ်ံ႕က်ဲေနတယ္။ သူ႔မ်က္လံုးေတြကလည္း အတိတ္နမိတ္ဆိုးတစ္ခုလို အနီေရာင္ေတာက္ပေနတယ္။

"အရွင္! အရွင္!!" ပိုင္ရန္ သူ႔ကိုထပ္ခါ ထပ္ခါေခၚေနမိတယ္။

အခ်ိန္ခဏၾကာေတာ့ နတ္ဆိုးဘုရင္ၾကီးရဲ႕အနီေရာင္ေတာက္ေနတဲ႔ မ်က္လံုးေတြ အေရာင္ေဖ်ာ့သြားတယ္။

"မင္းလား? ဘာလို႔ဒီမွာရွိေနတာလဲ?" နတ္ဆိုးဘုရင္ၾကီး အသိစိတ္ျပန္၀င္လာေတာ့ မ်က္ေမွာင္ၾကဳတ္သြားတယ္။

ပိုင္ရန္ခုမွ သက္ျပင္းခ်ရေတာ့တယ္။ ေက်းဇူးတင္စရာေကာင္းေလာက္ေအာင္ သူ႔ရဲ႕အစြမ္းေတြမကုန္ေသးခင္ နတ္ဆိုးဘုရင္ၾကီး ျပန္ေကာင္းလာလို႔...။ ဒါသာအလုပ္မျဖစ္ရင္ သူဘာလုပ္ႏိုင္မလဲဆိုတာ မသိေတာ့ဘူး။

"အရွင္.. ကြ်န္ေတာ့ကို မမွတ္မိဘူးလား?" ပိုင္ရန္တစ္ကိုယ္လံုးေခြ်းေစးေတြ ထြက္ေနျပီ။ သူအေတာ္ေလး ပင္ပန္းေနတယ္။

နတ္ဆိုးဘုရင္ယံုးယဲ႔က ေဘးပတ္၀န္းက်င္ကို တိတ္တဆိတ္ၾကည့္လိုက္ျပီး သူ႔မ်က္လံုးေတြက ပိုင္ရန္႔အေပၚ က်ေရာက္လာတယ္။

"မင္းဘာလို႔မသြားေသးတာလဲ?" နတ္ဆိုးဘုရင္ၾကီးရဲ႕အသြင္အျပင္က တစ္ခုခုလိုေနသလိုပဲ။

ထင္တဲ႔အတိုင္းပဲ သူကခုထိ စိတ္မၾကည္တၾကည္ျဖစ္ေနျပီး အေျခအေနကို ရွင္းလင္းေအာင္လုပ္ေနရတုန္းရွိေသးတယ္။

နတ္ဆိုးဘုရင္ၾကီးေမးတာက ရွဲ႕ဇီထ်န္းကို ဘာေၾကာင့္ထြက္မေျပးရတာလဲလို႔... ဒါေပမယ့္ ပိုင္ရန္ကေတာ့ ဆိုလိုရင္းကို နားလည္မႈလြဲသြားတယ္။ "အရွင္ ကြ်န္ေတာ္က အေမွာင္ထုနန္းေတာ္ထဲက ကြ်န္ေတာ့္အခန္းမွာ ေနေနတာပါ၊ တစ္ေယာက္ေယာက္ ေအာ္သံၾကားလို႔ ဒီကိုေျပးလာလိုက္တာ..."

"မင္းအားလံုးျမင္သြားလား?"

ပိုင္ရန္ေခါင္းျငိတ္လိုက္ကာ "အရွင္ ဒါကိုကြ်န္ေတာ္တို႔နွစ္ေယာက္ၾကားမွာပဲ ထားပါမယ္၊ က်ိန္ေျပာပါတယ္"

အနက္ေရာင္နတ္ဆိုးမီးေတာက္က မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ ... နတ္ဆိုးဘုရင္ယံုးယဲ႔ရဲ႕ ေနရာတိုင္းမွာရွိတဲ႔ အတြင္းစိတ္ရိုင္းေတြကို ႏႈိးဆြေတာ့တယ္။ သူလူတိုင္းကို အေမွာင္ထုနန္းေတာ္ရဲ႕အေ၀းကို ပထုတ္ထားတာလည္း မဆန္းပါဘူး။ အကယ္၍တစ္စံုတစ္ေယာက္သာ သူထိန္းခ်ဳပ္ခဲေနရမွန္းသိသြားရင္ ဘယ္လိုထၾကြမႈေတြ ျဖစ္လာမယ္ဆိုတာ မသိႏိုင္ဘူး။

"ဒါေပါ့ အဲ႔လုိပဲျဖစ္ရမွာ" နတ္ဆိုးဘုရင္ယံုးယဲ႔က ေလသံခပ္နက္နက္နဲ႔ " မင္းသာတစ္ခုခုေျပာရင္ မနက္ျဖန္ေနကိုေတာင္ ျမင္လိုက္ရမွာမဟုတ္ဘူး"

ပိုင္ရန္ေခြ်းေစးေတြထြက္လာကာ သူ႔ရင္ဘတ္ထဲက ႏွလံုးကလည္း ခုန္ေပါက္ေနရင္း ျပန္ေျဖတယ္ " အရွင္၊ တိမ္လႊာပ်ံ၀ဲကဂိုဏ္းမွာ ေက်ာက္စိမ္းတိမ္လႊာပုလဲလို႔ေခၚတဲ႔ အဖိုးတန္ရတနာတစ္ခုရွိတယ္လို႔ သိထားပါတယ္၊ အဲ့တာက ႏုငယ္ပ်ိဳျမစ္မႈကို ကုသႏိုင္စြမ္းရွိျပီး အရွင့္ရဲ႕ခ်ီမျငိမ္မသက္ျဖစ္ေနတာကို ထိန္းခ်ဳပ္ႏိုင္ေစပါတယ္... အရွင္၊ ေက်းဇူးျပဳျပီး ဒီမွာေစာင့္ေနပါ ကြ်န္ေတာ္အရွင့္အတြက္ ေက်ာက္စိမ္းတိမ္လႊာပုလဲယူလာခဲ႔ေပးပါ့မယ္"

"ကိုယ္ေတာ္လည္း ေက်ာက္စိမ္းတိမ္လႊာပုလဲအေၾကာင္းၾကားဖူးတယ္" နတ္ဆိုးဘုရင္ၾကီးအသံက ေပ်ာ့ေျပာင္းေအးေဆးသြားတယ္ "မင္းတကယ္ပဲ ကိုယ္ေတာ့္အတြက္ သြားယူေပးခ်င္တာလာူ?"

သူဘာထပ္ေျပာႏိုင္ေတာ့မွာလဲ?

ပိုင္ရန္ျပန္ေျဖလိုက္တယ္ "ဒီအေစခံက ေသရမယ္ဆိုရင္ေတာင္ ေက်ာက္စိမ္းတိမ္လႊာပုလဲကို ရေအာင္ယူေပးမယ္လို႔ သစၥာျပဳပါတယ္!"

နတ္ဆုိးဘုရင္က အခ်ိန္အေတာ္ၾကာစကားမေျပာတာေၾကာင့္ ပိုင္ရန္မသက္မသာျဖစ္လာရျပီး ဒူးေထာက္ခ်လိုက္တယ္။

"သခင္ေရ ထြက္ေျပးသင့္တာကို" သူ႔စိတ္ထဲမွာ ေရွာင္လင္းကေျပာလာတယ္။ "ဒီအေျခအေနၾကီးက အႏၱရာယ္မ်ားလြန္းအားၾကီးတယ္၊ သခင္က ေၾကာက္တတ္တဲ့သူမဟုတ္ဘူးလား? ဘာလို႔ေရွ႕ကိုဇြတ္ ေျပးသြားရတာလဲ?"

"ငါက အဲ႔အမ်ိဳးသမီးကိုကယ္ဖို႔အတြက္ ေျပးသြားတယ္လို႔ထင္ေနတာလား?"

ေရွာင္လင္းဘာမွျပန္မေျပာဘူး၊ အဲ႔တာကိုက လက္ခံလိုက္တာနဲ႔အတူတူပဲ။

"ဒါက အေၾကာင္းျပခ်က္ေတြထဲက တစ္ခုပဲရွိတယ္" ပိုင္ရန္႔ေလသံက တည္ျငိမ္ေနတယ္ "တကယ္ေတာ့ ငါနတ္ဆိုးဘုရင္ၾကီးကို နန္းေတာ္ငယ္ေလးထဲမွာေတြ႕လိုက္ကတည္းက သံသယျဖစ္ေနတာ၊ ဒါေပမယ့္ ဒီကေန႔ျမင္ကြင္းကို ျမင္လိုက္ရေတာ့ သူခ်ီမျငိမ္မသက္ျဖစ္ေနတယ္ဆိုတာ ပိုေသခ်ာသြားတာ"

"နတ္ဆိုးဘုရင္က နန္းေတာ္ထဲကလူေတြကို အေ၀းပို႔တယ္ဆိုတာ သူရဲ႕မတည္မျငိမ္ျဖစ္ေနတဲ႔အေျခအေနကို လူေတြကို မျမင္ေစခ်င္လို႔ပဲ.. သူခ်ီမျငိမ္မသက္ျဖစ္ေနတဲ႔အခ်ိန္မွာ လံုး၀သာစိတ္လြတ္သြားရင္ သူဘယ္လိုမွ ဖံုးကြယ္ႏိုင္မွာမဟုတ္ဘူး၊ မင္းဒီေန႔သူ႔ရဲ႕ဖ်က္စီးႏိုင္စြမ္းေတြကို ေတြ႕တယ္မွတ္လား! သူသာလံုး၀လြတ္ထြက္သြားရင္ ေဒါသတၾကီးဆက္ျဖစ္ေနျပီး မ်က္စိေရွ႕မွာရွိတဲ႔ လူတိုင္းကို ၀ါးျမိဳလိုက္လိမ့္မယ္၊ ဒါေပမယ့္ ဘယ္သူမွ ဘာမွမေျပာၾကေသးဘူးဆုိေတာ့ သူနည္းနည္းပါးပါး ထိန္းႏိုင္ေသးတာျဖစ္ရမယ္"

"သူကထိန္းႏိုင္ေသးတယ္ဆိုရင္ေတာင္၊ သူကအႏၱရာယ္ရွိေနတုန္းေလ" ေရွာင္လင္းကေျပာတယ္။

"ေရွာင္လင္း၊ မင္းအခုထိနားမလည္ေသးဘူးလား? ျပီးခဲ႔တဲ႔အၾကိမ္တုန္းက ငါသူ႔ရဲ႕လ်ိဳ႕၀ွက္ခ်က္ကို ရွာေတြ႕သြားလို႔ သူကငါ့ကို သတိထားေနတာ၊ သူမတည္ျငိမ္ျဖစ္ေနတာကို ျမင္သြားျပီဆိုရင္ေတာ့ သူငါ့ကိုယံုၾကည္တာပိုနည္းသြားျပီး သူ႕လ်ိဳ႕၀ွက္ခ်က္ကို ထိန္းထားဖိူ႔အတြက္ ငါ့ကိုသတ္လိုက္ႏိုင္တယ္"

"အဲ့တာေၾကာင့္ သူ႔ဆီကိုေျပးသြားတာေပါ့?" ေရွာင္လင္းေနာက္ဆံုးေတာ့ နားလည္သြားတယ္။

"အင္း" ပိုင္ရန္ကျပန္ေျပာတယ္။ "သူကလံုး၀မလြတ္ေသးဘူး၊ ဒါေၾကာင့္ ငါ့ရဲ႕လက္ရွိစြမ္းအားအဆင့္နဲ႔ဆို ငါသူ႔ကိုႏိႈးႏိုင္လိမ့္မယ္လုိ႔ေတြးမိလိုက္တာ... ထင္တဲ႔အတိုင္းပဲေလ ငါလုပ္ႏိုင္ခဲ႔တယ္"

"ဒါေပမယ့္ ဒါကတကယ့္ကိုအႏၱရာယ္မ်ားတယ္... သူ႔စြမ္းအားကိုမထိန္းခ်ဳပ္ႏိုင္ခဲ႔ဘဲ သခင့္ကိုနာက်င္ေအာင္လုပ္မိရင္ ဘယ္လိုလုပ္မလဲ...?"

"ငါ ၇၀ရာခိုင္ႏႈန္းေတာ့ေသခ်ာပါတယ္" ပိုင္ရန္ခဏရပ္ျပီးမွ ဆက္ေျပာတယ္ "ငါဒီတစ္ၾကိမ္ေတာ့ သတၱိရွိတယ္ေလ မင္းငါ့ကိုမခ်ီးက်ဴးသင့္ဘူးလား?"

ေရွာင္လင္းခဏေလာက္တိတ္သြားျပီးမွ ေျပာလာတယ္ " သခင္က အရမ္းေတာ္တာပဲ!"

ေရွာင္လင္းနဲ႔အသံတိတ္စကားေျပာတာေတြက တကယ့္အျပင္မွာေတာ့ ခဏတစ္ျဖဳတ္ေလးသာၾကာတယ္။ ပိုင္ရန္သူ႔ပါးကိုလာထိတာကို ခံစားလိုက္ရတယ္။ သူ႔မ်က္ႏွာကို အေပၚေမာ့လာဖို႔ ဖိအားေပးခံလိုက္ရျပီး သူနတ္ဆိုးဘုရင္ယံုးယဲ႔ရဲ႕မ်က္၀န္းနက္ေတြနဲ႔ အၾကည့္ခ်င္းဆံုသြားတယ္။

နတ္ဆိုးဘုရင္ရဲ႕လက္ေတြက သိပ္လွတဲ႔အျပင္ အင္မတန္လည္းေအးစက္ေနတယ္။ သူ႔လက္ေတြက ပိုင္ရန္မ်က္ႏွာတစ္ေလွ်ာက္ကို အဖိုးတန္ရတနာကိုကိုင္တြယ္ေနသလိုမ်ိဳးထိေတြ႕ေနတယ္။

ေအးစက္တဲ႔အထိအေတြ႕ေၾကာင့္ ပိုင္ရန္႔ခႏၶာကိုယ္တစ္ခုလံုးတုန္ရီသြားတယ္။ ဒီလႈပ္ရွားမႈေလးက အရမ္းကိုေသးဖြဲ႕တာေၾကာင့္ နတ္ဆိုးဘုရင္ယံုးယဲ႔ သတိမျပဳမိဘူး။

ေလာေလာဆယ္ဆယ္အၾကီးဆံုးေမးခြန္းက ဒီလိုေတြအားလံုးျဖစ္ပ်က္ျပီးေနာက္မွာ နတ္ဆိုးဘုရင္ယံုးယဲ႔က ပိုင္ရန္ကိုဘယ္လိုလုပ္မလဲဆိုတာပဲ?

ပိုင္ရန္က သူ႔လ်ိဳ႕၀ွက္ခ်က္ကိုသိတယ္.. နတ္ဆိုးဘုရင္ၾကီးယံုးယဲ႔က သူ႕အတြင္းစိတ္ရိုင္းေတြရဲ႕ လႊမ္းမိုးခံေနရတယ္ဆိုတာကို။ နတ္ဆိုးဘုရင္ယံုးယဲ႔က သူ႔ကိုဒီတိုင္းထားမလား.. ဒါမွမဟုတ္ရင္ သတ္မလား?

ပိုင္ရန္႔ရင္ထဲမွာေတာ့ နတ္ဆိုးဘုရင္ၾကီးက သူ႔ကိုမသတ္ေလာက္ဘူးလို႔ ခံစားမိေနတယ္။ သူခုနတုန္းက သူ႔ကိုႏႈိးမယ့္အစား နတ္ဆိုးဘုရင္ၾကီးကို တိုက္ခိုက္လို႔ရတယ္။ ဒီအျပဳအမူကပဲ သူသစၥာရွိေၾကာင္းကို ျပသေနတာ။

နတ္ဆိုးဘုရင္ယံုးယဲ႔ရဲ႕ေအးစက္စက္လက္ေတြက သူ႔မ်က္ႏွာနဲ႔ ေမးေစ့ကိုအခ်ိန္အေတာ္ၾကာ ကိုင္တြယ္ေနျပီးေတာ့မွ ျပန္ရုတ္သြားတယ္။

"ေကာင္းျပီေလ၊ ကိုယ္ေတာ့္အတြက္ ေက်ာက္စိမ္းတိမ္လႊာပုလဲယူလာခဲ႔ေပး" နတ္ဆိုးဘုရင္ယံုးယဲ႔က ႏူးညံ့စြာေျပာလိုက္တယ္။

____________________________________

{Unicode}

ပိုင်ရန်အနက်ရောင်ပုံရိပ်ကိုမြင်မှ သူ ဥပဒေကန့်သတ်ထားတဲ့ ဒါမှမဟုတ် တကယ့်ကမ္ဘာမှာရှိနေတာရှိနေတာမဟုတ်ဘူးဆိုတာကို နောက်ဆုံးမှာ သတိပြုမိလိုက်တယ်။ သူက မှော်ဆန်တဲ့ ပုံရိပ်ရောင်ကမ္ဘာထဲမှာရောက်နေတာပဲ။ ဒီကမ္ဘာမှာ အင်အားကြီးတာကအရင်ဆုံးဖြစ်ပြီး လူ့အသက်ကနောက်မှဖြစ်တယ်။

"ကျွန်မကို ကယ်ပါ၊ ကျွန်မကိုကယ်ပါအုံး!" ထိုအမျိုးသမီးက ပိုင်ရန်ကိုတွေ့သွားတာနဲ့ ငိုယိုပြီး အကူအညီတောင်းတော့တယ်။

ပန်းဝှက်တံလျပ်မှာတုန်းက အနက်ရောင်ဝတ်ရုံနဲ့ပုံရိပ်တွေက လူတွေကိုသတ်နေတာကို ကြည့်ခဲ့ရပြီး အဲ့နေရာမှာ လူနှစ်ရာနဲ့ခြောက်ဆယ့်သုံးယောက်သေကြေခဲ့တယ်ဆိုတာ ကောင်းကောင်းကြီးသိနေတယ်။ အဲ့အချိန်က ဒီဟာက မူရင်းဝတ္ထုမှာပါတဲ့အပိုင်းဖြစ်မှန်း သိနေတာကြောင့် သူ့ရဲ့အသိစိတ်ကနေ သိပ်ပြီးအလေးအနက်မထားခဲ့ဘူး။ သို့သော်လည်း သူ့ရှေ့မှာရှိနေတဲ့ အမျိုးသမီးက ဘယ်သူမှန်းမသိတဲ့ဇာတ်ကောင်။ သူမကမူရင်းဝတ္ထုမှာ မပေါ်လာခဲ့ဖူးတာကြောင့် သူမသေတော့မယ့်အချိန်မှာ ပိုင်ရန်ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဘူးဖြစ်နေတယ်။ ပိုပြီးအရေးကြီးတာက သူမကသူ့ကိုမြင်သွားပြီး သူမကိုကယ်ဖို့ တောင်းဆိုနေတယ်။

"သခင်အဲ့ကို မသွားနဲ့နော်.." သူ့ခေါင်းထဲကနေရုတ်တရက် ရှောင်လင်းအသံကထွက်ပေါ်လာတယ်။

ပိုင်ရန်ခြေလှမ်းက လမ်းတစ်ဝက်မှာတင်ရပ်သွားတယ် "ဘာလို့လဲ?"

"သခင်... ရှဲ့ဇီထျန်းက လူတွေကိုကယ်မှာမဟုတ်ဘူး"

ပိုင်ရန်ရင်ထဲမှာတုန်လှုပ်သွားတယ် "ဒါပေမယ့် သူမကသေတော့မယ်လေ!"

"သခင် ကျေးဇူးပြုပြီး ကျွန်မတို့ကပုံရိပ်ယောင်ကမ္ဘာထဲရောက်နေတယ်ဆိုတာ မမေ့ပါနဲ့၊ ဒီအမျိုးသမီးဆိုတာကလည်း ဒေတာအပိုင်းလေးတစ်ခုပါပဲ.. သူမကိုကယ်လိုက်လို့ ဘာမှထူးမှာ မဟုတ်ပါဘူး"

အဲ့လိုပြောနေတော့လည်း ဟုတ်လောက်မှာပါလေ..

အနက်ရောင်ပုံရိပ်ရဲ့မှော်အစွမ်းတွေက သူမကိုလွှမ်းခြုံနေပြီဆိုပေမယ့် ပိုင်ရန်ထိုအမျိုးသမီးကို ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ သူမကိုကြည့်ရတာ အသက်ရှုကြပ်နေသလိုပုံမျိုးဖြစ်နေပြီး ခန္ဓာကိုယ်ကလည်း မတရားတုန်ရီနေတယ်။

ပိုင်ရန်ဆက်မကြည့်နိုင်တော့ဘူး....။

"သခင် အဲ့ဒီ့အနက်ရောင်ပုံရိပ်ကို မမှတ်မိဘူးလား?"

ပိုင်ရန် မော့လိုက်ပြီး အနက်ရောင်ပုံရိပ်ကို စစ်ဆေးကြည့်ရှုလိုက်တဲ့အခါ သူ့မျက်လုံးတွေကြောက်ရွံ့မှုကြောင့် ပြူးကျယ်ကုန်တယ် "ဒါကြီး... ဒါကြီးက နတ်ဆိုးဘုရင်ကြီးယုံးယဲ့ မဟုတ်လား?"

"ဟုတ်ပါတယ်" ရှောင်လင်း ပြန်ဖြေတယ် "သခင်သာ အဲ့အမျိုးသမီးကို သွားကယ်ရင် နတ်ဆိုးဘုရင်ယုံးယဲ့သတ်လို့ သေရလိမ့်မယ်"

ပိုင်ရန် ထိတ်လန့်သွားရတယ်။

သူသာ ပုံရိပ်ယောင်ကမ္ဘာမှာသေသွားမယ်ဆိုရင် တကယ့်ကမ္ဘာမှာပါ သေလိမ့်မယ်ဆိုတာ ဘယ်တော့မှမေ့မှာမဟုတ်ဘူး။

သူ့ရဲ့အသက်ကို ဘာမှန်းမသိတဲ့ဇာတ်ကောင်အပေါ်ပုံအောစရာလိုလို့လား? အဲ့တာထက် အဲ့အမျိုးသမီးက တကယ့်အစစ်တောင် မဟုတ်တဲ့ဒေတာပိုင်းလေးတစ်ခုပဲ။

အဖြေကသိသာနေတာကို။

ဒါကြောင့် ပိုင်ရန်ထွက်သွားဖို့အတွက် လှည့်လိုက်တယ်။ သူခြေလှမ်း အနည်းငယ်သာလှမ်းရသေးတယ်၊ သို့သော်လည်း ရုတ်တရက်ကြီး ကိုယ်ယောင်ထွက်ပြလိုက်ကာ အလျင်အမြန်လှည့်ပြီး နတ်ဆိုးဘုရင်ယုံးယဲ့ဆီကို တည့်တည့်ကြီးပျံထွက်လာတယ်။

"သခင်!" ရှောင်လင်း မယုံကြည်နိုင်လောက်အောင် အံ့သြသွားပြီး သူ့စိတ်ထဲမှာ စီခနဲအော်လိုက်တယ်။

သူပုံရိပ်ရှေ့ရောက်သွားတဲ့အခါမှာ လက်တစ်ဖက်ကိုသုံးပြီး အရိပ်ရဲ့ဖမ်းချုပ်တာခံထားရတဲ့ အမျိုးသမီးကို ဆွဲထုတ်လိုက်ပြီး တစ်ဖက်ကလည်း မှော်အစွမ်းကို ထုတ်သုံးလိုက်တယ်။

သူ့ရဲ့အားကောင်းလှတဲ့မှော်စွမ်းအားတွေနဲ့ အမျိုးသမီးကို ချုပ်နှောင်ထားတဲ့ကျန်ရှိနေတဲ့ အရိပ်တွေကိုပါ ဖယ်ရှားနိုင်ခဲ့တယ်။ ပိုင်ရန်သူမကို တစ်ဖက်ဆွဲလိုက်တော့ နှစ်ယောက်လုံးမီးခိုးရောင် ကွန်ကရစ်ပေါ်ကို လဲကျသွားတယ်။

"ဒီနေရာကနေထွက်သွား!" သူပြောရင်း ထိုအမျိုးသမီးကို အဝေးတွန်းထုတ်လိုက်တယ်။

ထိုအမျိုးသမီးမှာလည်း ကိုယ်ခံစွမ်းအား အချို့ရှိနေတာကြောင့် ဘာတစ်ခွန်းမှမပြောဘဲ အားကုန်သုံးပြီး ထွက်ပြေးသွားတယ်။

"သခင်၊ ရူးသွားတာလား?" ရှောင်လင်းရဲ့အော်သံက သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်နေတယ် "ဒီနေရာကနေ ထွက်တော့!"

ပိုင်ရန် system ကို လုံးဝအာရုံမထားဘူး၊ အဲ့အစား အနက်ရောင်မီးတောက်ဆီ ပြေးသွားလိုက်တယ်။ အမျိုးသမီးကို ဖမ်းချုပ်ခဲ့တဲ့ အနက်ရောင်အရိပ်တွေက ဒီတစ်ခါသူ့ကို ပစ်မှတ်ထားလာတယ်။

ပိုင်ရန် မှော်အစွမ်းကိုသုံးပြီး တိုက်ခိုက်လာတဲ့အရိပ်တွေကို ဖြိုခွဲကာ ရှေ့ဆက်တိုးသွားတယ်။ သူနတ်ဆိုးဘုရင်ယုံးယဲ့ကို ဝါးမြိုနေတဲ့မှော်အစွမ်းတွေကို ဖောက်ထွင်းပြီး သူ့ကိုပွေ့ဖက်လိုက်တယ်။

"အရှင်.. ထပါတော့!" ရှဲ့ဇီထျန်းက အင်မတန်အားသန်တယ်၊ အဲ့လိုမှမဟုတ်ရင် နတ်ဆိုးဘုရင်ယုံးယဲ့ရဲ့ ညာလက်ရုံးဖြစ်လာမှာမဟုတ်ဘူး။ နတ်ဆိုးဘုရင်ကြီးကို ဖက်ထားရင်း ပိုင်ရန် သူ့အစွမ်းတွေကိုသုံးကာ အနက်ရောင်မီးတောက်ကိုလည်း ဖိနှိပ်ထားရတယ်။

တစ်ချိန်တည်းမှာပဲ ပိုင်ရန်သူ့ရဲ့မှော်အစွမ်းကိုသုံးပြီး နတ်ဆိုးဘုရင်ကိုကာပေးနေရတယ်။ သူ့မှော်အစွမ်းက နတ်ဆိုးဘုရင်နဲ့ယှဉ်ရင်တော့ ပမွှားလေးသာဖြစ်လေတယ်။ ဒါ့ကြောင့် အချိန်အကြာကြီးတော့ အလုပ်မဖြစ်ဘူး။

"ထပါတော့.. အရှင်ရေ!" သူ့အော်သံက နတ်ဆိုးဘုရင်ယုံးယဲ့ မိန်းမောနေတာကို ပျက်သွားစေမယ်လို့မျှော်လင့်တာပဲ..။

နတ်ဆိုးဘုရင်ကြီးယုံးယဲ့ရဲ့အနက်ရောင်ဝတ်ရုံနဲ့ အနက်ရောင်ဆံပင်တွေက အကုန်ပျံ့ကျဲနေတယ်။ သူ့မျက်လုံးတွေကလည်း အတိတ်နမိတ်ဆိုးတစ်ခုလို အနီရောင်တောက်ပနေတယ်။

"အရှင်! အရှင်!!" ပိုင်ရန် သူ့ကိုထပ်ခါ ထပ်ခါခေါ်နေမိတယ်။

အချိန်ခဏကြာတော့ နတ်ဆိုးဘုရင်ကြီးရဲ့အနီရောင်တောက်နေတဲ့ မျက်လုံးတွေ အရောင်ဖျော့သွားတယ်။

"မင်းလား? ဘာလို့ဒီမှာရှိနေတာလဲ?" နတ်ဆိုးဘုရင်ကြီး အသိစိတ်ပြန်ဝင်လာတော့ မျက်မှောင်ကြုတ်သွားတယ်။

ပိုင်ရန်ခုမှ သက်ပြင်းချရတော့တယ်။ ကျေးဇူးတင်စရာကောင်းလောက်အောင် သူ့ရဲ့အစွမ်းတွေမကုန်သေးခင် နတ်ဆိုးဘုရင်ကြီး ပြန်ကောင်းလာလို့...။ ဒါသာအလုပ်မဖြစ်ရင် သူဘာလုပ်နိုင်မလဲဆိုတာ မသိတော့ဘူး။

"အရှင်.. ကျွန်တော့ကို မမှတ်မိဘူးလား?" ပိုင်ရန်တစ်ကိုယ်လုံးချွေးစေးတွေ ထွက်နေပြီ။ သူအတော်လေး ပင်ပန်းနေတယ်။

နတ်ဆိုးဘုရင်ယုံးယဲ့က ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက ပိုင်ရန့်အပေါ် ကျရောက်လာတယ်။

"မင်းဘာလို့မသွားသေးတာလဲ?" နတ်ဆိုးဘုရင်ကြီးရဲ့အသွင်အပြင်က တစ်ခုခုလိုနေသလိုပဲ။

ထင်တဲ့အတိုင်းပဲ သူကခုထိ စိတ်မကြည်တကြည်ဖြစ်နေပြီး အခြေအနေကို ရှင်းလင်းအောင်လုပ်နေရတုန်းရှိသေးတယ်။

နတ်ဆိုးဘုရင်ကြီးမေးတာက ရှဲ့ဇီထျန်းကို ဘာကြောင့်ထွက်မပြေးရတာလဲလို့... ဒါပေမယ့် ပိုင်ရန်ကတော့ ဆိုလိုရင်းကို နားလည်မှုလွဲသွားတယ်။ "အရှင် ကျွန်တော်က အမှောင်ထုနန်းတော်ထဲက ကျွန်တော့်အခန်းမှာ နေနေတာပါ၊ တစ်ယောက်ယောက် အော်သံကြားလို့ ဒီကိုပြေးလာလိုက်တာ..."

"မင်းအားလုံးမြင်သွားလား?"

ပိုင်ရန်ခေါင်းငြိတ်လိုက်ကာ "အရှင် ဒါကိုကျွန်တော်တို့နှစ်ယောက်ကြားမှာပဲ ထားပါမယ်၊ ကျိန်ပြောပါတယ်"

အနက်ရောင်နတ်ဆိုးမီးတောက်က မထိန်းချုပ်နိုင်တော့ဘဲ ... နတ်ဆိုးဘုရင်ယုံးယဲ့ရဲ့ နေရာတိုင်းမှာရှိတဲ့ အတွင်းစိတ်ရိုင်းတွေကို နှိုးဆွတော့တယ်။ သူလူတိုင်းကို အမှောင်ထုနန်းတော်ရဲ့အဝေးကို ပထုတ်ထားတာလည်း မဆန်းပါဘူး။ အကယ်၍တစ်စုံတစ်ယောက်သာ သူထိန်းချုပ်ခဲနေရမှန်းသိသွားရင် ဘယ်လိုထကြွမှုတွေ ဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူး။

"ဒါပေါ့ အဲ့လိုပဲဖြစ်ရမှာ" နတ်ဆိုးဘုရင်ယုံးယဲ့က လေသံခပ်နက်နက်နဲ့ " မင်းသာတစ်ခုခုပြောရင် မနက်ဖြန်နေကိုတောင် မြင်လိုက်ရမှာမဟုတ်ဘူး"

ပိုင်ရန်ချွေးစေးတွေထွက်လာကာ သူ့ရင်ဘတ်ထဲက နှလုံးကလည်း ခုန်ပေါက်နေရင်း ပြန်ဖြေတယ် " အရှင်၊ တိမ်လွှာပျံဝဲကဂိုဏ်းမှာ ကျောက်စိမ်းတိမ်လွှာပုလဲလို့ခေါ်တဲ့ အဖိုးတန်ရတနာတစ်ခုရှိတယ်လို့ သိထားပါတယ်၊ အဲ့တာက နုငယ်ပျိုမြစ်မှုကို ကုသနိုင်စွမ်းရှိပြီး အရှင့်ရဲ့ချီမငြိမ်မသက်ဖြစ်နေတာကို ထိန်းချုပ်နိုင်စေပါတယ်... အရှင်၊ ကျေးဇူးပြုပြီး ဒီမှာစောင့်နေပါ ကျွန်တော်အရှင့်အတွက် ကျောက်စိမ်းတိမ်လွှာပုလဲယူလာခဲ့ပေးပါ့မယ်"

"ကိုယ်တော်လည်း ကျောက်စိမ်းတိမ်လွှာပုလဲအကြောင်းကြားဖူးတယ်" နတ်ဆိုးဘုရင်ကြီးအသံက ပျော့ပြောင်းအေးဆေးသွားတယ် "မင်းတကယ်ပဲ ကိုယ်တော့်အတွက် သွားယူပေးချင်တာလာူ?"

သူဘာထပ်ပြောနိုင်တော့မှာလဲ?

ပိုင်ရန်ပြန်ဖြေလိုက်တယ် "ဒီအစေခံက သေရမယ်ဆိုရင်တောင် ကျောက်စိမ်းတိမ်လွှာပုလဲကို ရအောင်ယူပေးမယ်လို့ သစ္စာပြုပါတယ်!"

နတ်ဆိုးဘုရင်က အချိန်အတော်ကြာစကားမပြောတာကြောင့် ပိုင်ရန်မသက်မသာဖြစ်လာရပြီး ဒူးထောက်ချလိုက်တယ်။

"သခင်ရေ ထွက်ပြေးသင့်တာကို" သူ့စိတ်ထဲမှာ ရှောင်လင်းကပြောလာတယ်။ "ဒီအခြေအနေကြီးက အန္တရာယ်များလွန်းအားကြီးတယ်၊ သခင်က ကြောက်တတ်တဲ့သူမဟုတ်ဘူးလား? ဘာလို့ရှေ့ကိုဇွတ် ပြေးသွားရတာလဲ?"

"ငါက အဲ့အမျိုးသမီးကိုကယ်ဖို့အတွက် ပြေးသွားတယ်လို့ထင်နေတာလား?"

ရှောင်လင်းဘာမှပြန်မပြောဘူး၊ အဲ့တာကိုက လက်ခံလိုက်တာနဲ့အတူတူပဲ။

"ဒါက အကြောင်းပြချက်တွေထဲက တစ်ခုပဲရှိတယ်" ပိုင်ရန့်လေသံက တည်ငြိမ်နေတယ် "တကယ်တော့ ငါနတ်ဆိုးဘုရင်ကြီးကို နန်းတော်ငယ်လေးထဲမှာတွေ့လိုက်ကတည်းက သံသယဖြစ်နေတာ၊ ဒါပေမယ့် ဒီကနေ့မြင်ကွင်းကို မြင်လိုက်ရတော့ သူချီမငြိမ်မသက်ဖြစ်နေတယ်ဆိုတာ ပိုသေချာသွားတာ"

"နတ်ဆိုးဘုရင်က နန်းတော်ထဲကလူတွေကို အဝေးပို့တယ်ဆိုတာ သူရဲ့မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေကို လူတွေကို မမြင်စေချင်လို့ပဲ.. သူချီမငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ လုံးဝသာစိတ်လွတ်သွားရင် သူဘယ်လိုမှ ဖုံးကွယ်နိုင်မှာမဟုတ်ဘူး၊ မင်းဒီနေ့သူ့ရဲ့ဖျက်စီးနိုင်စွမ်းတွေကို တွေ့တယ်မှတ်လား! သူသာလုံးဝလွတ်ထွက်သွားရင် ဒေါသတကြီးဆက်ဖြစ်နေပြီး မျက်စိရှေ့မှာရှိတဲ့ လူတိုင်းကို ဝါးမြိုလိုက်လိမ့်မယ်၊ ဒါပေမယ့် ဘယ်သူမှ ဘာမှမပြောကြသေးဘူးဆိုတော့ သူနည်းနည်းပါးပါး ထိန်းနိုင်သေးတာဖြစ်ရမယ်"

"သူကထိန်းနိုင်သေးတယ်ဆိုရင်တောင်၊ သူကအန္တရာယ်ရှိနေတုန်းလေ" ရှောင်လင်းကပြောတယ်။

"ရှောင်လင်း၊ မင်းအခုထိနားမလည်သေးဘူးလား? ပြီးခဲ့တဲ့အကြိမ်တုန်းက ငါသူ့ရဲ့လျို့ဝှက်ချက်ကို ရှာတွေ့သွားလို့ သူကငါ့ကို သတိထားနေတာ၊ သူမတည်ငြိမ်ဖြစ်နေတာကို မြင်သွားပြီဆိုရင်တော့ သူငါ့ကိုယုံကြည်တာပိုနည်းသွားပြီး သူ့လျို့ဝှက်ချက်ကို ထိန်းထားဖိူ့အတွက် ငါ့ကိုသတ်လိုက်နိုင်တယ်"

"အဲ့တာကြောင့် သူ့ဆီကိုပြေးသွားတာပေါ့?" ရှောင်လင်းနောက်ဆုံးတော့ နားလည်သွားတယ်။

"အင်း" ပိုင်ရန်ကပြန်ပြောတယ်။ "သူကလုံးဝမလွတ်သေးဘူး၊ ဒါကြောင့် ငါ့ရဲ့လက်ရှိစွမ်းအားအဆင့်နဲ့ဆို ငါသူ့ကိုနှိုးနိုင်လိမ့်မယ်လို့တွေးမိလိုက်တာ... ထင်တဲ့အတိုင်းပဲလေ ငါလုပ်နိုင်ခဲ့တယ်"

"ဒါပေမယ့် ဒါကတကယ့်ကိုအန္တရာယ်များတယ်... သူ့စွမ်းအားကိုမထိန်းချုပ်နိုင်ခဲ့ဘဲ သခင့်ကိုနာကျင်အောင်လုပ်မိရင် ဘယ်လိုလုပ်မလဲ...?"

"ငါ ၇၀ရာခိုင်နှုန်းတော့သေချာပါတယ်" ပိုင်ရန်ခဏရပ်ပြီးမှ ဆက်ပြောတယ် "ငါဒီတစ်ကြိမ်တော့ သတ္တိရှိတယ်လေ မင်းငါ့ကိုမချီးကျူးသင့်ဘူးလား?"

ရှောင်လင်းခဏလောက်တိတ်သွားပြီးမှ ပြောလာတယ် " သခင်က အရမ်းတော်တာပဲ!"

ရှောင်လင်းနဲ့အသံတိတ်စကားပြောတာတွေက တကယ့်အပြင်မှာတော့ ခဏတစ်ဖြုတ်လေးသာကြာတယ်။ ပိုင်ရန်သူ့ပါးကိုလာထိတာကို ခံစားလိုက်ရတယ်။ သူ့မျက်နှာကို အပေါ်မော့လာဖို့ ဖိအားပေးခံလိုက်ရပြီး သူနတ်ဆိုးဘုရင်ယုံးယဲ့ရဲ့မျက်ဝန်းနက်တွေနဲ့ အကြည့်ချင်းဆုံသွားတယ်။

နတ်ဆိုးဘုရင်ရဲ့လက်တွေက သိပ်လှတဲ့အပြင် အင်မတန်လည်းအေးစက်နေတယ်။ သူ့လက်တွေက ပိုင်ရန်မျက်နှာတစ်လျှောက်ကို အဖိုးတန်ရတနာကိုကိုင်တွယ်နေသလိုမျိုးထိတွေ့နေတယ်။

အေးစက်တဲ့အထိအတွေ့ကြောင့် ပိုင်ရန့်ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားတယ်။ ဒီလှုပ်ရှားမှုလေးက အရမ်းကိုသေးဖွဲ့တာကြောင့် နတ်ဆိုးဘုရင်ယုံးယဲ့ သတိမပြုမိဘူး။

လောလောဆယ်ဆယ်အကြီးဆုံးမေးခွန်းက ဒီလိုတွေအားလုံးဖြစ်ပျက်ပြီးနောက်မှာ နတ်ဆိုးဘုရင်ယုံးယဲ့က ပိုင်ရန်ကိုဘယ်လိုလုပ်မလဲဆိုတာပဲ?

ပိုင်ရန်က သူ့လျို့ဝှက်ချက်ကိုသိတယ်.. နတ်ဆိုးဘုရင်ကြီးယုံးယဲ့က သူ့အတွင်းစိတ်ရိုင်းတွေရဲ့ လွှမ်းမိုးခံနေရတယ်ဆိုတာကို။ နတ်ဆိုးဘုရင်ယုံးယဲ့က သူ့ကိုဒီတိုင်းထားမလား.. ဒါမှမဟုတ်ရင် သတ်မလား?

ပိုင်ရန့်ရင်ထဲမှာတော့ နတ်ဆိုးဘုရင်ကြီးက သူ့ကိုမသတ်လောက်ဘူးလို့ ခံစားမိနေတယ်။ သူခုနတုန်းက သူ့ကိုနှိုးမယ့်အစား နတ်ဆိုးဘုရင်ကြီးကို တိုက်ခိုက်လို့ရတယ်။ ဒီအပြုအမူကပဲ သူသစ္စာရှိကြောင်းကို ပြသနေတာ။

နတ်ဆိုးဘုရင်ယုံးယဲ့ရဲ့အေးစက်စက်လက်တွေက သူ့မျက်နှာနဲ့ မေးစေ့ကိုအချိန်အတော်ကြာ ကိုင်တွယ်နေပြီးတော့မှ ပြန်ရုတ်သွားတယ်။

"ကောင်းပြီလေ၊ ကိုယ်တော့်အတွက် ကျောက်စိမ်းတိမ်လွှာပုလဲယူလာခဲ့ပေး" နတ်ဆိုးဘုရင်ယုံးယဲ့က နူးညံ့စွာပြောလိုက်တယ်။

_____

Thanks😉

Continue lendo

Você também vai gostar

637K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
12.1K 647 23
တစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး...
230K 26.4K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...