ကိုကိုလူဆိုး ( Z + U ) 🍀 Com...

By HaSoonnie

972K 102K 12.2K

Chanyeol - ကိုယ္ မႏူးညံ့တတ္ေပမယ့္ မင္းကို တကယ္ခ်စ္တာ ယုံ.... Baekhyun - ကိုကို႔ေျပာသမွ... More

1 🌱
2 🌵
3 🌿
4 🌳
5 🌲
6 🌴
7 🍀
8 🍃
9 🍁
10 🍂
11 🌾
12 😔
13 😙
14 💥
15 🌼
16 🙈
17 😒
18 😭
Please Read ✋
20 😏
21 😋
22 💫
23 😒
24 😡
25 😤
26 😭
27 😊
28 😁
29 😵
30 😪
31 😕
32 😚
33 😭
34 🐕
35 😚
36 😁
37 😚
38 😚
39 😏
40 🥃🍸
41 💋
42 😔
43 😘
44 😝
45 🤗
46 🤓
47 😖
48 😢
49 ⚡🌧
50 🤗
51 😔
52 😂
53 😡
54 😆
55 😟
56 😠
57 😢
58 😁
59 😚
60 😠
61😢
62 💞
63 😁
64 🤣
65 😔
66 😢
67 😔
68 😆
69 😊
70 🎁
71
72 😔
73 😔
74 😭
75 😊
76 😊
77 😿
78 👨‍❤️‍💋‍👨
79 🌙
80 😙
81 ❤
82 😕
83 😞
84 🎂
85 🤗
86 🤒
87 😒
88 😚
89 🤕
90 🌹
🤗 Hello
Order စကောက်ပါပြီ😁

19 😠

12.3K 1.2K 140
By HaSoonnie

[ Zawgyi ]

သူငိုေနစဥ္ ဘာမွမေျပာဘာမွမေခ်ာ့ဘဲ
ငိုခ်င္တိုင္းေပးငိုထားလိုက္ေတာ့သည္....
သူငိုလို႔ၿပီးသြားေတာ့မွ...

" ဒီေန႕သင္တန္းမသြားနဲ႕ေတာ့...
ခြင့္လွမ္းတိုင္ေပးမယ္...
ေရခဲမုန႔္စားမွာလား..."

ဆိုကာ ေခ်ာ့မလို႔ ေျပလည္ရာ
ေျပလည္ေၾကာင္း ေျပာလိုက္ေသာ္လည္း

" ရတယ္...ေရခဲမုန႔္မစားဘူး...
သင္တန္းပဲသြားမယ္..."

ဆိုၿပီး ကားတံခါးကိုတြန္းဖြင့္ၿပီး
ထြက္သြားရန္ လုပ္ေနတာေၾကာင့္
ကြၽန္ေတာ့ထိုင္ခုံဘက္ကေန
Lock ခ်လိဳက္ေတာ့

" တံခါးဖြင့္ေပး...ကြၽန္ေတာ္
သင္တန္းသြားမလို႔..."

သူ႕ကိုယ္သူ Baek ဟု သုံးႏႈန္းေနက်
ကေလးက ကြၽန္ေတာ္ဟုပင္
သုံးႏႈန္းေနသည္...အေျခအေနကို
ၾကည့္ရတာေတာ့ နည္းနည္းေလး
ျပင္းထန္သည့္ပုံတြင္ရွိသည္...

" မသြားနဲ႕ေတာ့လို႔ ေျပာေနတယ္ေလ..."

ဟု ထပ္ကာ တားလိုက္ေသာ္လည္း

" သြားမွာပဲ...သင္တန္းကို
ကိုယ့္ဘာ့သာ ေရာက္ေအာင္ကို
သြားဦးမွာ..."

ေဟာ သူစိတ္ေကာက္ေနရျခင္း၏
အေၾကာင္းအရင္းကို
အရိပ္အႁမြတ္ေလးေလာက္ေတာ့
သိလိုက္ရၿပီထင္ပါသည္...

သင္တန္းကို တစ္ေယာက္တည္း
သြားခိုင္းလိုက္လို႔ စိတ္ေကာက္ေနသည့္
ပုံဆိုေတာ့ ေခ်ာ့ရေတာ့မည္ေလ...

" ငါ့ကိုစိတ္ေကာက္ေနတာလား..."

ဟုေမးၾကည့္မိေတာ့ ေခါင္းကိုရမ္းျပကာ

" စိတ္မေကာက္ရဲပါဘူး...
ေနာက္ၿပီး ကြၽန္ေတာ္စိတ္ေကာက္လည္း
ကိုကိုက ေခ်ာ့မွာမွ မဟုတ္တာ..."

ဟု ခ်က္ခ်င္းျပန္ေျပာလာသည္...

" အဲ့ဒါဆို ဘာလို႔ငိုတာလဲ..."

ဟု ေမးလိုက္ေတာ့

" ဝမ္းနည္းလို႔..."

ဟု မဆိုင္းမတြျပန္ေျဖလာသည္...

" ဘာလို႔ဝမ္းနည္းတာလဲ..."

" ကိုကိုက Baek လာႏွိုးတာကို
ေကာင္းေကာင္းမထလို႔...

Baek ကိုသင္တန္းလိုက္မပို႔ဘဲ
ကိုယ့္ဘာ့သာကိုယ္သြားလို႔ေျပာလို႔...

ကိုကို႔ကို အားကိုးမွန္းသိရက္နဲ႕
Baek ကို ဂ႐ုမစိုက္လို႔...

ကိုကို မႀကိဳက္ဘူးဆိုတာေတြကို
ကိုကို႔ကြယ္ရာမွာေတာင္ မလုပ္တဲ့
Baek ကို ကိုကိုက မခ်ီးက်ဴးပဲ
ဆူဖို႔ပဲ လုပ္ေနလို႔...

ေနာက္ၿပီး ကိုကိုက ကိုကို႔စိတ္ကိုပဲ
အေရးေပးတယ္... Baek ကို
နည္းနည္းေလးမွ စိတ္မပူဘူး...

Baek ကေတာ့ ကိုကို႔ကိုပဲၾကည့္တာ...
ကိုကိုမႀကိဳက္တာကိုလုပ္မိလို႔
ကိုကို စိတ္ဆိုးရင္ဆိုၿပီး
ေၾကာက္ေနတာေတြကို ကိုကိုက
မသိဘူး..."

ဆိုသည့္ အေၾကာင္းမ်ားအား
တန္းစီကာ ေျပာျပသြားသည္...
ကြၽန္ေတာ့အေပၚမွာ မေက်နပ္ခ်က္ေတြ
ေတာ္ေတာ္မ်ားေနတာပဲ...

" ေနဦး...ငါေကာင္းေကာင္းမထဘူး
ဆိုတာက မင္းကိုစခ်င္လို႔ အိပ္ခ်င္ေယာင္
ေဆာင္ေနတာ..."

" သိတယ္....သိတယ္....
ကိုကိုက Baek ကို မုန္းၿပီး
ႏွိပ္ပဲႏွိပ္စက္ခ်င္ေနတာကိုး...."

"မုန္းေနတယ္ဆိုတာ လာျပန္ၿပီလား...
မမုန္းပါဘူးလို႔ ေျပာထားလ်က္နဲ႕ကို...
ေနာက္ၿပီးေတာ့ ႏွိပ္စက္ခ်င္တာလည္း
မဟုတ္ပါဘူးကြာ...အခုလည္း
သင္တန္းကို လိုက္ပို႔တာပဲေလ...း."

"အခုက်မွ..."

ဆိုၿပီး အထြန႔္က တက္ခ်င္ေနျပန္သည္...

" ဟိုေကာင့္ကားနဲ႕ ထပ္ၿပီး
လိုက္မသြားတာေတာ့ ေတာ္ပါတယ္..."

" အဲ့ဒါပဲ ကိုကိုက ကိုကို႔စိတ္ကိုပဲ
အေလးထားတာ...
ကိုကို မုန္းတဲ့လူနဲ႕ Baek ကို
အေခၚအေျပာ မလုပ္ေစခ်င္တာေလ..."

ငါေျပာေနတာေတြကို ဘယ္လိုေတြ
နားေထာင္ၿပီး ဘယ္လိုေတြ
နားလည္ေနခဲ့တာလဲ...

" အဲ့ဒါ မင္းကို စိတ္ပူလို႔
ေျပာေနတာေတြပဲေလ....
မင္း အဲ့ေကာင္အေၾကာင္း
ဘာသိလို႔လဲ..."

စိတ္တိုတိုႏွင့္ ေျပာမိေတာ့
သူေလးကလည္း ျပန္ေျပာလာသည္...

"မသိလို႔လည္း ကိုကိုေျပာသမွ်ကို
ဟုတ္ကဲ့ လုပ္ေနတာပဲေလ...
မလုပ္ဘူးဆိုၿပီး ျငင္းဖူးတာရွိလို႔လား..."

" အဲ့ေတာ့ မင္းက ငါ့ေျပာတာကို
ဟုတ္ကဲ့ဆိုၿပီး အၿမဲလုပ္ရလို႔
မေက်နပ္ဘူးေပါ့...အဲ့လိုလား...
ေျပာ...မင္း အဲ့ေကာင္နဲ႕
လိုက္သြားခ်င္လို႔လား..."

ဟု ေမးလိုက္ေတာ့....

" ကိုကိုက စကားကို
ကပ္သပ္ၿပီးေျပာတယ္...
လိုက္သြားခ်င္မွေတာ့
Baek ခုနကတည္းက
လိုက္သြားၿပီးၿပီ...

Baek ေခါင္းထဲမွာေရာ
စိတ္ထဲမွာေရာ ကိုကိုရွိလို႔...
ကိုကိုမႀကိဳက္မွန္းသိလို႔
အဲ့ကိုႀကီးနဲ႕ လိုက္မသြားခဲ့တာကို
လိုက္သြားခ်င္လို႔လားလို႔
ကိုကိုကေမးတယ္...
ေနာက္ကို အဲ့ကိုႀကီးနဲ႕
ထပ္ေတြ႕ရင္ လိုက္သြားလို႔ ရလား....

ကိုကိုေျဖေပးပါ....ကိုကိုကသာ
ရတယ္ဆိုၿပီး ခြင့္ျပဳေပးရင္
ေနာက္ေန႕ကစၿပီး သင္တန္းကို
ကိုကို လိုက္ပို႔စရာ မလိုေတာ့ဘူး...."

သူက ငါ့ကိုေတာင္
ျပန္ေမးေနလိုက္ေသးတယ္....
အၿမဲတမ္း စကားကိုနားေထာင္ေနတဲ့
ကေလးက ဒီလိုမ်ိဳးေတြ ျပန္ေျပာေနေတာ့
စိတ္ထဲမွာ ဘာျဖစ္မွန္းမသိ....
ဘာကို အလိုမက်မွန္း မသိေတာ့ေခ်....

ငိုထား၍ နီရဲေနသည့္ မ်က္ဝန္းေလးႏွင့္
ကြၽန္ေတာ့ကို စကားျပန္ခံေျပာေန၍
တင္းတင္းစိထားေသာ ႏႈတ္ခမ္းေလးက
တစ္ဇတ္ဇတ္တုန္ေနသည္....

ဟက္...ေၾကာက္တတ္လိုက္တာ...
ဒီေလာက္ေၾကာက္ေနတာကို...
မျဖစ္မေန ငါ့ကိုစကားျပန္ခံေျပာေနေသးတယ္

သူေလးလုပ္ေနသည့္ အျပဳအမူေတြကို
ျမင္ၿပီး ေဒါသေတြက တလိပ္လိပ္
ထြက္လာကာ စိတ္ တိုတိုနဲ႕
ကား စတီယာတိုင္ကို လက္သီးနဲ႕
တရစပ္ ထိုးပစ္ေနမိေတာ့သည္...

ဘာ့ေၾကာင့္မွန္းလည္းမသိ...
ရပ္တန႔္ျခင္းလည္းမရွိ...
လက္ကေန ေသြးေတြထြက္မွန္းေတာင္မသိပဲ
ေတာက္ေလွ်ာက္ထိုးေနမိ၍
သူေလး ငိုယိုၿပီး တားလာေတာ့မွ
သတိထားမိေတာ့သည္...

" ကိုကို...ကိုကို႔...မလုပ္ပါနဲ႕...
အီး...ဟီး...ေသြးေတြ ထြက္လာၿပီ...
ကိုကို႔လက္မွာ ေသြးေတြမလုပ္ပါနဲ႕ေတာ့...
Baek မွားပါတယ္ ကိုကိုရယ္...
Baek မွားတာပါ...နာေအာင္မလုပ္ပါနဲ႕...
ကိုကို႔စကားကို နားေထာင္ပါ့မယ္...
အီး...ဟီး..."

ဆိုကာ ငိုယိုၿပီး ကြၽန္ေတာ့လက္ကို
သူ႕ဘက္ကိုဆြဲၿပီး သူ႕ရင္ခြင္ထဲမွာ
ပိုက္ထားကာ ငိုေနေတာ့သည္...

သူအတင္းဖက္ထားေသာ
ကြၽန္ေတာ့လက္ကို ျပန္ဆြဲယူလိုက္ကာ...

" လႊတ္...ငါ့ကိုလႊတ္...
မင္းငါ့ကို မလိုေတာ့ဘူးမလား...
အားကိုးခ်င္စရာ လူေတြ႕ေတာ့
ငါ့ကို မလိုအပ္ေတာ့ဘူးမလား...
သြား...သြားခ်င္တဲ့ဆီကိုသြား...
ထြက္သြား...."

ဟု ကြၽန္ေတာ္ေအာ္ၿပီး ေျပာလိုက္သည့္
အခ်ိန္မွာပဲ ငိုၿပီး ျပန္ေျဖရွင္းလာသည္....

" ဟင့္အင္း...ဟင့္အင္း...
Baek က ကိုကို႔ကိုပဲ လိုအပ္တာ...
ကိုကို႔ကိုပဲ အားကိုးတာ..."

"အပိုေတြ လာေျပာမေနနဲ႕...
အဲ့ဒါဆိုဘာလို႔ လိုက္သြားလို႔ရလားလို႔
ေမးလဲ...ငါ့ကိုေတာင္
သင္တန္းလိုက္မပို႔နဲ႕ေတာ့လို႔
ေျပာရေလာက္တဲ့အထိ မင္းက
သတၱိေတြအရမ္းရွိေနတာေပါ့
ဟုတ္လား..."

ဟု ေမးလိုက္ေတာ့...

"မဟုတ္ပါဘူး ကိုကိုရယ္....
Baek က ကိုကို သင္တန္းကို
လိုက္မပို႔လို႔စိတ္မေကာင္းလို႔ပါ...
ကိုကိုေခ်ာ့တာကို လိုခ်င္လို႔
ေျပာလိုက္တာပါ...တကယ္
လိုက္ခ်င္လို႔ မဟုတ္ပါဘူး..."

" သြားခ်င္တဲ့လူနဲ႕သြား...
သြားလို႔ရတယ္...
မင္းကိုငါ ထိန္းခ်ဳပ္ထားတာ
ခ်ဳပ္ကိုင္ထားတာမဟုတ္ဘူး...
အဲ့ေကာင္အေၾကာင္းကိုသိလို႔...
ငါ့ကိုလက္စားေခ်ခ်င္တာနဲ႕...
မင္းကိုထိခိုက္မွာစိုးလို႔ ေျပာေနတာ...
ငါ့ေၾကာင့္နဲ႕ မင္းမွာ ဒဏ္ရာအနာတရ
ျဖစ္မွာစိုးလို႔ ငါ ကာကြယ္ေနရတာ...

မင္းအဲ့ဒါေတြကို မသိဘူး...
မင္းစိတ္ထဲမွာ ငါက ငါမတည့္တဲ့လူနဲ႕
မင္းကိုပါ မေပါင္းခိုင္းဘူးလို႔
မင္းေတြးေနတာ...
ငါ့ကို အတၱႀကီးတယ္လို႔ မင္းထင္ေနတာ...
ငါနဲ႕မတည့္တဲ့လူကို တစ္ျခားလူေတြနဲ႕ပါ
အေခၚအေျပာမလုပ္ခိုင္းရေအာင္
ငါ သူငယ္နပ္စားကေလးမဟုတ္ဘူး...

အဓိက က မင္း...
မင္းကို ထိခိုက္မွာစိုးလို႔
ငါေျပာေနရတာကြ မင္းသိရဲ႕လား...

အဲ့ေကာင္က မင္းအတြက္
စိတ္ခ်လိဳ႕ရတယ္ အားကိုးလို႔ရတယ္
လုံၿခဳံမႈေပးနိုင္တယ္ဆိုရင္
ငါ့ဆီကေန အခ်ိန္မေ႐ြး
ထြက္သြားနိုင္တယ္... "

ဆိုကာ မခ်ိတင္ကဲေျပာမိေတာ့...

"ဟင့္အင္း...
Baek ဘယ္ကိုမွ မသြားဘူး...
ကိုကိုကသာ Baek အတြက္
အေကာင္းဆုံးပါ...ကိုကို႔ကိုပဲ
Baek အားကိုးတာပါ...

Baek မွားပါတယ္ ကိုကို...
ကိုကို႔ ေစတနာေတြကို
မသိခဲ့လို႔ ဆိုးမိတာပါ...
Baekမသိခဲ့လို႔ပါ ကိုကိုရယ္...
ေတာင္းပန္ပါတယ္..."

ဟု ကြၽန္ေတာ့လက္ကို သူ႕ရင္ဘတ္ထဲတြင္
တင္းၾကပ္ၾကပ္ ပိုက္ထားကာ
ခပ္တိုးတိုး ေတာင္းပန္လာေတာ့
ကြၽန္ေတာ့မွာ ဘာထပ္ေျပာလို႔
ေျပာရမယ္မွန္းကို မသိေတာ့...

" လက္ကိုလႊတ္..."

ဟု ခပ္ျပတ္ျပတ္ေျပာလိုက္ေတာ့...

" Baek မသြားခ်င္ဘူးေနာ္ ကိုကို..."

" ဘယ္သူက ဘာေျပာလို႔လဲ..."

" သင္တန္းကို လိုက္ပို႔ေပးမွာလားဟင္..."

" သင္တန္းမသြားနဲ႕ေတာ့လို႔
ေျပာတာကို မၾကားဘူးလား..."

" ဟုတ္...ဟုတ္...
မသြားေတာ့ဘူး ကိုကို...."

ဟု ခပ္ျမန္ျမန္ နားေထာင္ေနျပန္သည္....

" ငါ ဗိုက္ဆာတယ္..."

ဟု ကြၽန္ေတာ္ေျပာလိုက္သည့္
စကားအဆုံး အံ့ဩသလိုေလး
ၾကည့္လာကာ ပါးက မ်က္ရည္ေတြကို
လက္ႏွင့္ဆြဲသုတ္ၿပီး

" ဗ်ာ...ကိုကိုဘာမွ
မစားရေသးဘူးလား..."

ဟုေမးလာသည္ေၾကာင့္ ေခါင္းကို
ဇတ္ခနဲညိတ္ျပလိုက္ေတာ့

" ဘာလို႔မစားလာတာလဲ ကိုကိုရယ္...
ဗိုက္ေတြ ေအာင့္ကုန္မွျဖင့္..."

လူကိုက်ေတာ့ လာၿပီး
ဆရာလာလုပ္ေနသည္...
သူက်ေတာ့ ဘာမွ မစားဘဲ အိမ္ကေန
စိတ္ေကာက္ၿပီး ထြက္သြားသည္ဟု
ၾကားထားသည္ေၾကာင့္...

" မင္းက်ေတာ့ေရာ..."

ဟုေမးလိုက္ေတာ့

" Baek လည္း မစားရေသးဘူး...
ကိုကို႔ကို စိတ္ေကာက္ၿပီး ထြက္လာတာ...
ဟီးဟီး..."

ဆိုကာ ရယ္ျပလာသည္...

" စိတ္က အခုေရာ
ေကာက္ေနေသးလား..."

ဟု တကယ္ သိခ်င္၍ ေမးလိုက္ေတာ့

" မေကာက္ရဲပါဘူး ကိုကိုရယ္....
စိတ္ေကာက္လည္း ကိုကိုက
ေခ်ာ့မွာမွ မဟုတ္တာကို...
တစ္ေယာက္တည္း ေကာက္ေနၿပီး
ဘာလုပ္လို႔ရမွာလဲ..." တဲ့ေလ

" ငါေခ်ာ့မယ္ ဆိုရင္ေတာ့
ေကာက္မယ္ေပါ့..."

" မေကာက္ပါဘူး ကိုကိုရယ္...
မေကာက္ရဲပါဘူး... ကိုကို႔ကို
စိတ္ညစ္ေအာင္လည္း မလုပ္ပါဘူး...
Baek ကလိမၼာပါတယ္..."

ဆိုကာ လာၿပီး ရယ္ျပေနသည္....

" ကိုကို ေဆးဆိုင္ေရွ႕ေရာက္ရင္
ခဏရပ္ေပးဦး..."

" ဘာလုပ္မလို႔လဲ..."

"ကိုကို႔ လက္ကို ေဆးထည့္ရမယ္ေလ....
ဒီမွာၾကည့္ဦး...နီရဲေနတာပဲ....
အသားေတြလည္း လန္ကုန္ၿပီ....
ေသြးေတြလည္း ထြက္ေနၿပီ.....
ကိုကိုက အရမ္းဆိုးတာပဲ...."

ဆိုၿပီး ကြၽန္ေတာ့လက္ကို
ေသေသခ်ာခ်ာေလးၾကည့္ေနကာ
ႏႈတ္ခမ္းေလးခြၽန္ၿပီးေတာ့
ေလေလးမႈတ္ေပးေနရင္းျဖင့္
ပါးစပ္ကေနလည္း ပြစိပြစိေျပာေနသည့္
သူ႕ႏႈတ္ခမ္း နီနီရဲရဲေလးကိုၾကည့္ၿပီး
အသည္းေတြယားလာေၾကာင့္ အလ်င္အျမန္ပင္
အၾကည့္ကိုလႊဲလိုက္ကာ သူ႕လက္ထဲက
ကြၽန္ေတာ့လက္ကို အျမန္ဆြဲယူလိုက္ေတာ့....

" ကိုကို...Baek ကို
စိတ္ဆိုးေနေသးတာလား..."

ဟုတိုးတိုးေလး ေမးလာျပန္သည္...
ကြၽန္ေတာ့ဘာသာ ရင္ထဲက
ဘာေတြျဖစ္သြားမွန္း မသိလိုက္၍
ဇတ္ခနဲဆြဲယူလိုက္သည္ကို
လန႔္သြားၿပီး လူကိုလာေမးေနသည္...

" အစကတည္းက စိတ္မဆိုးပါဘူး...
စိတ္ပူလို႔ေတာင္ အျမန္လိုက္လာတာ..."

ဟု သူ႕ဘက္ကို လွည့္မၾကည့္ဘဲ
ကားအေရွ႕တည့္တည့္ကိုၾကည့္ကာ
ေျပာမိေတာ့...

" တကယ္...ကိုကိုက Baek ကို
စိတ္ပူေနတာလား... တကယ္လား...
အဲ့ဒါမ်ား တစ္ခါတည္း လိုက္မပို႔ဘဲနဲ႕..."

ဟု မေက်နပ္သံေလးႏွင့္
ေျပာလာျပန္တာေၾကာင့္

" ဟုတ္ပါၿပီဗ်ာ...ဟုတ္ပါၿပီ
ေနာက္ဆို ကြၽန္ေတာ္တစ္ခါတည္း
လိုက္ပို႔ပါ့မယ္...ဟုတ္ၿပီလား... "

ဟု ေျပာလိုက္ေတာ့ ရယ္ျပလာသည္...
တကယ္မနိုင္ဘူး မင္းေလးကို...
ဘာပဲျဖစ္ျဖစ္ အခုေလာေလာဆယ္ေတာ့
ဗိုက္ဆာေနတာေၾကာင့္ မနက္စာစားရန္
စားေသာက္ဆိုင္ဆီသာ ဦးတည္ကာ
ေမာင္းသြားလိုက္ေတာ့သည္...

~~~~~~~~~~to be continued 💛💚💙

💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐

[ UniCode ]

သူငိုနေစဉ် ဘာမှမပြောဘာမှမချော့ဘဲ
ငိုချင်တိုင်းပေးငိုထားလိုက်တော့သည်....
သူငိုလို့ပြီးသွားတော့မှ...

" ဒီနေ့သင်တန်းမသွားနဲ့တော့...
ခွင့်လှမ်းတိုင်ပေးမယ်...
ရေခဲမုန့်စားမှာလား..."

ဆိုကာ ချော့မလို့ ပြေလည်ရာ
ပြေလည်ကြောင်း ပြောလိုက်သော်လည်း

" ရတယ်...ရေခဲမုန့်မစားဘူး...
သင်တန်းပဲသွားမယ်..."

ဆိုပြီး ကားတံခါးကိုတွန်းဖွင့်ပြီး
ထွက်သွားရန် လုပ်နေတာကြောင့်
ကျွန်တော့ထိုင်ခုံဘက်ကနေ
Lock ချလိုက်တော့

" တံခါးဖွင့်ပေး...ကျွန်တော်
သင်တန်းသွားမလို့..."

သူ့ကိုယ်သူ Baek ဟု သုံးနှုန်းနေကျ
ကလေးက ကျွန်တော်ဟုပင်
သုံးနှုန်းနေသည်...အခြေအနေကို
ကြည့်ရတာတော့ နည်းနည်းလေး
ပြင်းထန်သည့်ပုံတွင်ရှိသည်...

" မသွားနဲ့တော့လို့ ပြောနေတယ်လေ..."

ဟု ထပ်ကာ တားလိုက်သော်လည်း

" သွားမှာပဲ...သင်တန်းကို
ကိုယ့်ဘာ့သာ ရောက်အောင်ကို
သွားဦးမှာ..."

ဟော သူစိတ်ကောက်နေရခြင်း၏
အကြောင်းအရင်းကို
အရိပ်အမြွတ်လေးလောက်တော့
သိလိုက်ရပြီထင်ပါသည်...

သင်တန်းကို တစ်ယောက်တည်း
သွားခိုင်းလိုက်လို့ စိတ်ကောက်နေသည့်
ပုံဆိုတော့ ချော့ရတော့မည်လေ...

" ငါ့ကိုစိတ်ကောက်နေတာလား..."

ဟုမေးကြည့်မိတော့ ခေါင်းကိုရမ်းပြကာ

" စိတ်မကောက်ရဲပါဘူး...
နောက်ပြီး ကျွန်တော်စိတ်ကောက်လည်း
ကိုကိုက ချော့မှာမှ မဟုတ်တာ..."

ဟု ချက်ချင်းပြန်ပြောလာသည်...

" အဲ့ဒါဆို ဘာလို့ငိုတာလဲ..."

ဟု မေးလိုက်တော့

" ဝမ်းနည်းလို့..."

ဟု မဆိုင်းမတွပြန်ဖြေလာသည်...

" ဘာလို့ဝမ်းနည်းတာလဲ..."

" ကိုကိုက Baek လာနှိုးတာကို
ကောင်းကောင်းမထလို့...

Baek ကိုသင်တန်းလိုက်မပို့ဘဲ
ကိုယ့်ဘာ့သာကိုယ်သွားလို့ပြောလို့...

ကိုကို့ကို အားကိုးမှန်းသိရက်နဲ့
Baek ကို ဂရုမစိုက်လို့...

ကိုကို မကြိုက်ဘူးဆိုတာတွေကို
ကိုကို့ကွယ်ရာမှာတောင် မလုပ်တဲ့
Baek ကို ကိုကိုက မချီးကျူးပဲ
ဆူဖို့ပဲ လုပ်နေလို့...

နောက်ပြီး ကိုကိုက ကိုကို့စိတ်ကိုပဲ
အရေးပေးတယ်... Baek ကို
နည်းနည်းလေးမှ စိတ်မပူဘူး...

Baek ကတော့ ကိုကို့ကိုပဲကြည့်တာ...
ကိုကိုမကြိုက်တာကိုလုပ်မိလို့
ကိုကို စိတ်ဆိုးရင်ဆိုပြီး
ကြောက်နေတာတွေကို ကိုကိုက
မသိဘူး..."

ဆိုသည့် အကြောင်းများအား
တန်းစီကာ ပြောပြသွားသည်...
ကျွန်တော့အပေါ်မှာ မကျေနပ်ချက်တွေ
တော်တော်များနေတာပဲ...

" နေဦး...ငါကောင်းကောင်းမထဘူး
ဆိုတာက မင်းကိုစချင်လို့ အိပ်ချင်ယောင်
ဆောင်နေတာ..."

" သိတယ်....သိတယ်....
ကိုကိုက Baek ကို မုန်းပြီး
နှိပ်ပဲနှိပ်စက်ချင်နေတာကိုး...."

"မုန်းနေတယ်ဆိုတာ လာပြန်ပြီလား...
မမုန်းပါဘူးလို့ ပြောထားလျက်နဲ့ကို...
နောက်ပြီးတော့ နှိပ်စက်ချင်တာလည်း
မဟုတ်ပါဘူးကွာ...အခုလည်း
သင်တန်းကို လိုက်ပို့တာပဲလေ...း."

"အခုကျမှ..."

ဆိုပြီး အထွန့်က တက်ချင်နေပြန်သည်...

" ဟိုကောင့်ကားနဲ့ ထပ်ပြီး
လိုက်မသွားတာတော့ တော်ပါတယ်..."

" အဲ့ဒါပဲ ကိုကိုက ကိုကို့စိတ်ကိုပဲ
အလေးထားတာ...
ကိုကို မုန်းတဲ့လူနဲ့ Baek ကို
အခေါ်အပြော မလုပ်စေချင်တာလေ..."

ငါပြောနေတာတွေကို ဘယ်လိုတွေ
နားထောင်ပြီး ဘယ်လိုတွေ
နားလည်နေခဲ့တာလဲ...

" အဲ့ဒါ မင်းကို စိတ်ပူလို့
ပြောနေတာတွေပဲလေ....
မင်း အဲ့ကောင်အကြောင်း
ဘာသိလို့လဲ..."

စိတ်တိုတိုနှင့် ပြောမိတော့
သူလေးကလည်း ပြန်ပြောလာသည်...

"မသိလို့လည်း ကိုကိုပြောသမျှကို
ဟုတ်ကဲ့ လုပ်နေတာပဲလေ...
မလုပ်ဘူးဆိုပြီး ငြင်းဖူးတာရှိလို့လား..."

" အဲ့တော့ မင်းက ငါ့ပြောတာကို
ဟုတ်ကဲ့ဆိုပြီး အမြဲလုပ်ရလို့
မကျေနပ်ဘူးပေါ့...အဲ့လိုလား...
ပြော...မင်း အဲ့ကောင်နဲ့
လိုက်သွားချင်လို့လား..."

ဟု မေးလိုက်တော့....

" ကိုကိုက စကားကို
ကပ်သပ်ပြီးပြောတယ်...
လိုက်သွားချင်မှတော့
Baek ခုနကတည်းက
လိုက်သွားပြီးပြီ...

Baek ခေါင်းထဲမှာရော
စိတ်ထဲမှာရော ကိုကိုရှိလို့...
ကိုကိုမကြိုက်မှန်းသိလို့
အဲ့ကိုကြီးနဲ့ လိုက်မသွားခဲ့တာကို
လိုက်သွားချင်လို့လားလို့
ကိုကိုကမေးတယ်...
နောက်ကို အဲ့ကိုကြီးနဲ့
ထပ်တွေ့ရင် လိုက်သွားလို့ ရလား....

ကိုကိုဖြေပေးပါ....ကိုကိုကသာ
ရတယ်ဆိုပြီး ခွင့်ပြုပေးရင်
နောက်နေ့ကစပြီး သင်တန်းကို
ကိုကို လိုက်ပို့စရာ မလိုတော့ဘူး...."

သူက ငါ့ကိုတောင်
ပြန်မေးနေလိုက်သေးတယ်....
အမြဲတမ်း စကားကိုနားထောင်နေတဲ့
ကလေးက ဒီလိုမျိုးတွေ ပြန်ပြောနေတော့
စိတ်ထဲမှာ ဘာဖြစ်မှန်းမသိ....
ဘာကို အလိုမကျမှန်း မသိတော့ချေ....

ငိုထား၍ နီရဲနေသည့် မျက်ဝန်းလေးနှင့်
ကျွန်တော့ကို စကားပြန်ခံပြောနေ၍
တင်းတင်းစိထားသော နှုတ်ခမ်းလေးက
တစ်ဇတ်ဇတ်တုန်နေသည်....

ဟက်...ကြောက်တတ်လိုက်တာ...
ဒီလောက်ကြောက်နေတာကို...
မဖြစ်မနေ ငါ့ကိုစကားပြန်ခံပြောနေသေးတယ်

သူလေးလုပ်နေသည့် အပြုအမူတွေကို
မြင်ပြီး ဒေါသတွေက တလိပ်လိပ်
ထွက်လာကာ စိတ် တိုတိုနဲ့
ကား စတီယာတိုင်ကို လက်သီးနဲ့
တရစပ် ထိုးပစ်နေမိတော့သည်...

ဘာ့ကြောင့်မှန်းလည်းမသိ...
ရပ်တန့်ခြင်းလည်းမရှိ...
လက်ကနေ သွေးတွေထွက်မှန်းတောင်မသိပဲ
တောက်လျှောက်ထိုးနေမိ၍
သူလေး ငိုယိုပြီး တားလာတော့မှ
သတိထားမိတော့သည်...

" ကိုကို...ကိုကို့...မလုပ်ပါနဲ့...
အီး...ဟီး...သွေးတွေ ထွက်လာပြီ...
ကိုကို့လက်မှာ သွေးတွေမလုပ်ပါနဲ့တော့...
Baek မှားပါတယ် ကိုကိုရယ်...
Baek မှားတာပါ...နာအောင်မလုပ်ပါနဲ့...
ကိုကို့စကားကို နားထောင်ပါ့မယ်...
အီး...ဟီး..."

ဆိုကာ ငိုယိုပြီး ကျွန်တော့လက်ကို
သူ့ဘက်ကိုဆွဲပြီး သူ့ရင်ခွင်ထဲမှာ
ပိုက်ထားကာ ငိုနေတော့သည်...

သူအတင်းဖက်ထားသော
ကျွန်တော့လက်ကို ပြန်ဆွဲယူလိုက်ကာ...

" လွှတ်...ငါ့ကိုလွှတ်...
မင်းငါ့ကို မလိုတော့ဘူးမလား...
အားကိုးချင်စရာ လူတွေ့တော့
ငါ့ကို မလိုအပ်တော့ဘူးမလား...
သွား...သွားချင်တဲ့ဆီကိုသွား...
ထွက်သွား...."

ဟု ကျွန်တော်အော်ပြီး ပြောလိုက်သည့်
အချိန်မှာပဲ ငိုပြီး ပြန်ဖြေရှင်းလာသည်....

" ဟင့်အင်း...ဟင့်အင်း...
Baek က ကိုကို့ကိုပဲ လိုအပ်တာ...
ကိုကို့ကိုပဲ အားကိုးတာ..."

"အပိုတွေ လာပြောမနေနဲ့...
အဲ့ဒါဆိုဘာလို့ လိုက်သွားလို့ရလားလို့
မေးလဲ...ငါ့ကိုတောင်
သင်တန်းလိုက်မပို့နဲ့တော့လို့
ပြောရလောက်တဲ့အထိ မင်းက
သတ္တိတွေအရမ်းရှိနေတာပေါ့
ဟုတ်လား..."

ဟု မေးလိုက်တော့...

"မဟုတ်ပါဘူး ကိုကိုရယ်....
Baek က ကိုကို သင်တန်းကို
လိုက်မပို့လို့စိတ်မကောင်းလို့ပါ...
ကိုကိုချော့တာကို လိုချင်လို့
ပြောလိုက်တာပါ...တကယ်
လိုက်ချင်လို့ မဟုတ်ပါဘူး..."

" သွားချင်တဲ့လူနဲ့သွား...
သွားလို့ရတယ်...
မင်းကိုငါ ထိန်းချုပ်ထားတာ
ချုပ်ကိုင်ထားတာမဟုတ်ဘူး...
အဲ့ကောင်အကြောင်းကိုသိလို့...
ငါ့ကိုလက်စားချေချင်တာနဲ့...
မင်းကိုထိခိုက်မှာစိုးလို့ ပြောနေတာ...
ငါ့ကြောင့်နဲ့ မင်းမှာ ဒဏ်ရာအနာတရ
ဖြစ်မှာစိုးလို့ ငါ ကာကွယ်နေရတာ...

မင်းအဲ့ဒါတွေကို မသိဘူး...
မင်းစိတ်ထဲမှာ ငါက ငါမတည့်တဲ့လူနဲ့
မင်းကိုပါ မပေါင်းခိုင်းဘူးလို့
မင်းတွေးနေတာ...
ငါ့ကို အတ္တကြီးတယ်လို့ မင်းထင်နေတာ...
ငါနဲ့မတည့်တဲ့လူကို တစ်ခြားလူတွေနဲ့ပါ
အခေါ်အပြောမလုပ်ခိုင်းရအောင်
ငါ သူငယ်နပ်စားကလေးမဟုတ်ဘူး...

အဓိက က မင်း...
မင်းကို ထိခိုက်မှာစိုးလို့
ငါပြောနေရတာကွ မင်းသိရဲ့လား...

အဲ့ကောင်က မင်းအတွက်
စိတ်ချလို့ရတယ် အားကိုးလို့ရတယ်
လုံခြုံမှုပေးနိုင်တယ်ဆိုရင်
ငါ့ဆီကနေ အချိန်မရွေး
ထွက်သွားနိုင်တယ်... "

ဆိုကာ မချိတင်ကဲပြောမိတော့...

"ဟင့်အင်း...
Baek ဘယ်ကိုမှ မသွားဘူး...
ကိုကိုကသာ Baek အတွက်
အကောင်းဆုံးပါ...ကိုကို့ကိုပဲ
Baek အားကိုးတာပါ...

Baek မှားပါတယ် ကိုကို...
ကိုကို့ စေတနာတွေကို
မသိခဲ့လို့ ဆိုးမိတာပါ...
Baekမသိခဲ့လို့ပါ ကိုကိုရယ်...
တောင်းပန်ပါတယ်..."

ဟု ကျွန်တော့လက်ကို သူ့ရင်ဘတ်ထဲတွင်
တင်းကြပ်ကြပ် ပိုက်ထားကာ
ခပ်တိုးတိုး တောင်းပန်လာတော့
ကျွန်တော့မှာ ဘာထပ်ပြောလို့
ပြောရမယ်မှန်းကို မသိတော့...

" လက်ကိုလွှတ်..."

ဟု ခပ်ပြတ်ပြတ်ပြောလိုက်တော့...

" Baek မသွားချင်ဘူးနော် ကိုကို..."

" ဘယ်သူက ဘာပြောလို့လဲ..."

" သင်တန်းကို လိုက်ပို့ပေးမှာလားဟင်..."

" သင်တန်းမသွားနဲ့တော့လို့
ပြောတာကို မကြားဘူးလား..."

" ဟုတ်...ဟုတ်...
မသွားတော့ဘူး ကိုကို...."

ဟု ခပ်မြန်မြန် နားထောင်နေပြန်သည်....

" ငါ ဗိုက်ဆာတယ်..."

ဟု ကျွန်တော်ပြောလိုက်သည့်
စကားအဆုံး အံ့ဩသလိုလေး
ကြည့်လာကာ ပါးက မျက်ရည်တွေကို
လက်နှင့်ဆွဲသုတ်ပြီး

" ဗျာ...ကိုကိုဘာမှ
မစားရသေးဘူးလား..."

ဟုမေးလာသည်ကြောင့် ခေါင်းကို
ဇတ်ခနဲညိတ်ပြလိုက်တော့

" ဘာလို့မစားလာတာလဲ ကိုကိုရယ်...
ဗိုက်တွေ အောင့်ကုန်မှဖြင့်..."

လူကိုကျတော့ လာပြီး
ဆရာလာလုပ်နေသည်...
သူကျတော့ ဘာမှ မစားဘဲ အိမ်ကနေ
စိတ်ကောက်ပြီး ထွက်သွားသည်ဟု
ကြားထားသည်ကြောင့်...

" မင်းကျတော့ရော..."

ဟုမေးလိုက်တော့

" Baek လည်း မစားရသေးဘူး...
ကိုကို့ကို စိတ်ကောက်ပြီး ထွက်လာတာ...
ဟီးဟီး..."

ဆိုကာ ရယ်ပြလာသည်...

" စိတ်က အခုရော
ကောက်နေသေးလား..."

ဟု တကယ် သိချင်၍ မေးလိုက်တော့

" မကောက်ရဲပါဘူး ကိုကိုရယ်....
စိတ်ကောက်လည်း ကိုကိုက
ချော့မှာမှ မဟုတ်တာကို...
တစ်ယောက်တည်း ကောက်နေပြီး
ဘာလုပ်လို့ရမှာလဲ..." တဲ့လေ

" ငါချော့မယ် ဆိုရင်တော့
ကောက်မယ်ပေါ့..."

" မကောက်ပါဘူး ကိုကိုရယ်...
မကောက်ရဲပါဘူး... ကိုကို့ကို
စိတ်ညစ်အောင်လည်း မလုပ်ပါဘူး...
Baek ကလိမ္မာပါတယ်..."

ဆိုကာ လာပြီး ရယ်ပြနေသည်....

" ကိုကို ဆေးဆိုင်ရှေ့ရောက်ရင်
ခဏရပ်ပေးဦး..."

" ဘာလုပ်မလို့လဲ..."

"ကိုကို့ လက်ကို ဆေးထည့်ရမယ်လေ....
ဒီမှာကြည့်ဦး...နီရဲနေတာပဲ....
အသားတွေလည်း လန်ကုန်ပြီ....
သွေးတွေလည်း ထွက်နေပြီ.....
ကိုကိုက အရမ်းဆိုးတာပဲ...."

ဆိုပြီး ကျွန်တော့လက်ကို
သေသေချာချာလေးကြည့်နေကာ
နှုတ်ခမ်းလေးချွန်ပြီးတော့
လေလေးမှုတ်ပေးနေရင်းဖြင့်
ပါးစပ်ကနေလည်း ပွစိပွစိပြောနေသည့်
သူ့နှုတ်ခမ်း နီနီရဲရဲလေးကိုကြည့်ပြီး
အသည်းတွေယားလာကြောင့် အလျင်အမြန်ပင်
အကြည့်ကိုလွှဲလိုက်ကာ သူ့လက်ထဲက
ကျွန်တော့လက်ကို အမြန်ဆွဲယူလိုက်တော့....

" ကိုကို...Baek ကို
စိတ်ဆိုးနေသေးတာလား..."

ဟုတိုးတိုးလေး မေးလာပြန်သည်...
ကျွန်တော့ဘာသာ ရင်ထဲက
ဘာတွေဖြစ်သွားမှန်း မသိလိုက်၍
ဇတ်ခနဲဆွဲယူလိုက်သည်ကို
လန့်သွားပြီး လူကိုလာမေးနေသည်...

" အစကတည်းက စိတ်မဆိုးပါဘူး...
စိတ်ပူလို့တောင် အမြန်လိုက်လာတာ..."

ဟု သူ့ဘက်ကို လှည့်မကြည့်ဘဲ
ကားအရှေ့တည့်တည့်ကိုကြည့်ကာ
ပြောမိတော့...

" တကယ်...ကိုကိုက Baek ကို
စိတ်ပူနေတာလား... တကယ်လား...
အဲ့ဒါများ တစ်ခါတည်း လိုက်မပို့ဘဲနဲ့..."

ဟု မကျေနပ်သံလေးနှင့်
ပြောလာပြန်တာကြောင့်

" ဟုတ်ပါပြီဗျာ...ဟုတ်ပါပြီ
နောက်ဆို ကျွန်တော်တစ်ခါတည်း
လိုက်ပို့ပါ့မယ်...ဟုတ်ပြီလား... "

ဟု ပြောလိုက်တော့ ရယ်ပြလာသည်...
တကယ်မနိုင်ဘူး မင်းလေးကို...
ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်တော့
ဗိုက်ဆာနေတာကြောင့် မနက်စာစားရန်
စားသောက်ဆိုင်ဆီသာ ဦးတည်ကာ
မောင်းသွားလိုက်တော့သည်...

~~~~~~~~~~to be continued 💛💚💙

Continue Reading

You'll Also Like

234K 13.3K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
598K 39.4K 79
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
238K 23.2K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
157K 10.8K 22
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။