လူေတြဟာ ဝမ္းနည္းစရာေတြနဲ႔ေတြ႕ၾကံဳလို႔ အျပင္းအထန္ငိုၾကၿပီးရင္အိပ္ေပ်ာ္သြားတတ္ၾကတယ္...ဘာလို႔အိပ္သြားၾကတာလဲသိလား??
ပင္ပန္းေနတဲ့ႏွလံုးသားေလးအနားယူဖို႔လိုအပ္လို႔ပါတဲ့....
ဝမ္ေခ်ာင္ရဲ႕ထိုးႏွက္တဲ့စကားေတြကိုအျပန္ျပန္အလွန္လွန္နားထဲၾကားေယာင္ၿပီးတဲ့အခိုက္အတန္႔မွာ ေဝ့ရင္းပင္ပန္းလြန္းလြန္႔ျပန္အိပ္ေပ်ာ္သြားခဲ့တယ္။
ဝမ္ေခ်ာင္ကေတာ သူ႔ရဲ႕ေနာက္ဆံုးပိတ္အိတ္နဲ႔လြယ္ အစီအစဥ္ႀကီးကိုစတင္ၾကံစည္ေနၿပီ။ သူေျပာခဲ့ၿပီးသားပဲ သူမပိုင္ဆိုင္ရတဲ့အရာကို သူမ်ားလဲမပိုင္ဆိုင္ေစရဘူး....အကုန္ဖ်က္စီးပစ္မွာလို႔။ သူျဖစ္ေစခ်င္ေနတာအရင္ကတည္းက တစ္ခုပဲရွိတယ္.....
သူအေကာင္အထည္ေဖာ္မယ္လုပ္တိုင္း ပ်က္သြားတာခ်ည္းပဲ.....
ဘာကမွာလဲ....လန္ဝမ္က်ီးကိုသတ္ဖို႔ေပါ့.....
ေဝ့ရင္းကဖ်က္လိုက္....လန္ရွီးခ်န္ကျဖတ္လိုက္နဲ႔....
ခုေတာ့လန္ရွီးခ်န္ကေသၿပီ....ေဝ့ရင္းကအက်ယ္ခ်ဳပ္ျပန္ျဖစ္ေနၿပီ....ဒီတစ္ခါေတာ့သူ႔ကိုတားႏိုင္မယ့္သူမရွိေတာ့ဘူး....မိုးနတ္မင္းဆင္းဖ်က္ေတာင္ သူ႔အၾကံမပ်က္ေတာ့ဘူး...
ဝမ္ေခ်ာင္စံုစမ္းထားၿပီးသား.....
Vampire မ်ိဳးႏြယ္စုေတြရဲ႕အေျခအေနနဲ႔ စစ္အင္အားကို...
သူတို႔ Vampire မ်ိဳးႏြယ္ေတြအထြတ္အျမတ္ ထားရတဲ့ ပထမသခင္ေလးကလဲေသထားတာ ရက္လည္ေလးပဲရွိတုန္းဆိုေတာ့ စိတ္ဓါတ္ေတြက ဟိုးေအာက္ဆံုးက်ေနေလာက္ၿပီ။ စစ္ပြဲေၾကာင့္အရမ္းအထိနာထားတာဆိုေတာ့ စစ္အင္အားက႐ိုင္နဲ႔ေနတာ...
ၿပီးေတာ့ စစ္ပြဲကလည္းအခ်ိန္မေရြးျပန္ျဖစ္ႏိုင္တာမို႔ လက္က်န္႐ိုင္နဲ႔နဲ႔ Vampire စစ္တပ္ႀကီးကရြာႏွစ္ရြာနယ္နမိတ္ ေရတံခြန္မွာပဲစခန္းခ်ထားတုန္း။
ဒါဆိုတစ္ဖက္ရြာမွာအင္အားနဲေနတဲ့အခ်ိန္.... အေကာင္းဆံုးအခြင့္အေရးပဲ....
ဒီညလႈပ္ရွားဖို႔ အကုန္အဆင္သင့္လဲျဖစ္ေနခဲ့ၿပီ...
ေက်နပ္မႈေတြနဲ႔အျပံဳးဟာ ဝမ္ေခ်ာင္မ်က္ႏွာမွာလင္းလက္ေနခဲ့တယ္....
..................................................................
အက်ယ္ခ်ဳပ္အခန္းျပတင္းငယ္ေလးကေန ဒီေန႔ည ျမင္ေနရတဲ့လမင္းဟာ ျဖဴစြတ္မေနခဲ့ဘူး.... ေသြးလႊမ္းေနသလိုအနီေရာင္သန္းေနတယ္....
ေဝ့ရင္း လႀကီးကိုေငးေမာရင္း အမည္မသိတဲ့စိတ္ေလးမႈေတြႀကီးစိုးေနတယ္....
လမင္းႀကီးကိုၾကည့္ေနရင္း ခပ္လွမ္းလွမ္းက တဖက္အေဆာင္ရဲ႕အမိုးမွာ အနက္ေရာင္ဝတ္ လူတစ္ဦးကရပ္ရင္း ေဝ့ရင္းရွိရာျပတင္းကို စူးစူးစိုက္စိုက္ျပန္ၾကည့္ေနခဲ့တယ္.....ၿပီးေတာ့ မဲ့ျပံဳးျပံဳးၿပီးေလထဲမွာေပ်ာက္ကြယ္သြားတယ္။
အျဖစ္အပ်က္ကအရမ္းျမန္ေတာ့ ေဝ့ရင္း ကိုယ့္မ်က္လံုးကိုကိုယ္ပြတ္ရင္း ျမင္ေယာင္တာလား၊ တကယ္လားစဥ္းစားေနမိတယ္....အဲဒါဘယ္သူလဲ...
ခပ္လွမ္းလွမ္းအေနအထားမို႔ မ်က္ႏွာကသဲသဲကြဲကြဲမျမင္ရဘူး...
ဒါေပမယ့္အဲဒီလူရဲ႕ ကိုယ္လံုးကိုယ္ေပါက္နဲ့ ဟန္ပန္အမူအရာ....
ေသခ်ာတယ္....
အဲဒါ ဝမ္ေခ်ာင္....
ဝမ္ေခ်ာင္ အခန္းထဲဝင္လာလို႔ရရဲ႕သားနဲ႔ ဘာလို႔အေဝးကေနရပ္ၾကည့္ေနတာလဲ ေဝ့ရင္းစဥ္းစားၾကည့္မိတယ္...
ၿပီးေတာ့ဘာလို့ အနီေရာင္အၿမဲဝတ္တတ္တဲ့ ဝမ္ေခ်ာင္ကေဝ့ရင္းဝတ္သလို အနက္ေရာင္အျပည့္ ဝတ္ထားရတာလဲ???
ၿပီးေတာ့ဒီအခ်ိန္ႀကီး နန္းေတာ္အျပင္ ဘာလို႔ထြက္သြားရတာလဲ???
ၿပီးေတာ့ ဝမ္ေခ်ာင္ေျပာခဲ့တဲ့စကား
"ေဝ့ရင္း မင္းထြက္သြားခိုင္းတာေနာ္..... ျပီးမွငါ့ကိုလိုက္မရွာနဲ႔" ဆိုတဲ့စကား။ ေဝ့ရင္း ဝမ္ေခ်ာင့္မ်က္ႏွာကို ျမင္ေတာင္မျမင္ခ်င္မွန္း သိရဲ႕သားနဲ႔ ေဝ့ရင္းကဝမ္ေခ်ာင္ကို လိုက္ရွာလိမ့္မယ္ဆိုတာက....
အားလံုးကိုဆက္စပ္ေတြးၿပီးေတာ့ ေဝ့ရင္း စိတ္ေတြေယာက္ယက္ခက္သြားၿပီ။ သူထင္သလိုျဖစ္မလာပါေစနဲ႔လို႔ပဲ ေဝ့ရင္းဆုေတာင္းရင္း ထြက္ေျပးၿပီးဝမ္ေခ်ာင့္ေနာက္လိုက္ဖို႔ပဲ ေဝ့ရင္းစိတ္ေစာေနၿပီ။
ေသာ့ကအျပင္က ခတ္ထားေတာ့ အခန္းထဲကပစၥည္းေတြကို ပစ္ခ်ကိုင္ေပါက္ရင္းအေစာင့္ေတြအခန္းထဲ ဝင္လာေအာင္လုပ္လိုက္တယ္...
အခန္းေထာင့္တစ္ေနရာမွာပုန္းေနလိုက္ၿပီး ဝင္လာတဲ့အေစာင့္ေတြကိုတစ္ေယာက္ၿပီးတစ္ေယာက္ ေမ့သြားေအာင္လုပ္ပစ္လိုက္တယ္....
အရင္ကတည္းကဒီလိုလုပ္ၿပီးထြက္ေျပးလို့ရေပမယ့္
အေျခအေနေတြပိုပိုမရႈပ္ေစခ်င္လို႔ဒီအတိုင္းေလး ဝမ္ေခ်ာင္ထားသလိုေနခဲ့တာ....
ခုေတာ့ ဝမ္ေခ်ာင့္ေနာက္လိုက္ၿပီး လိုက္ရွာမွရေတာ့မယ္.....ေျခလြန္လက္လြန္မျဖစ္ခင္ေပါ့...
အေစာင့္ေတြအကုန္လံုးေမ့သြားတာနဲ႔ ေဝ့ရင္း နန္းအျပင္ကိုထြက္ၿပီး ေျခဦးလွည့္လိုက္တဲ့ေနရာက ယခင္စစ္ေျမျပင္ ေရတံခြန္.....
ေဝ့ရင္းအတတ္ႏိုင္ဆံုး အလ်င္ျမန္ဆံုး ဝမ္ေခ်ာင့္ေနာက္လိုက္ခဲ့ေပမယ့္ ဝမ္ေခ်ာင္ကလဲတခ်က္မွမနားပဲ အေလာတႀကီးခရီးဆက္ေနတယ္လို႔ထင္ရတယ္....လမ္းမွာဝမ္ေခ်ာင့္ကိုအရိပ္အေယာင္ေတာင္မေတြ႕ရဘူး။
ေရတံခြန္ေရာက္ေတာ့ ခပ္ေဝးေဝးတစ္ေနရာကေန ေဝ့ရင္းအကဲခတ္ေလ့လာမိတယ္....
ဘာမွထူးထူးျခားျခားမျဖစ္။
ဝမ္ေခ်ာင္ ဘယ္သြားတာလဲ ေဝ့ရင္းအသည္းအသန္စဥ္းစားေနတုန္းပဲ....
ေနာက္ဆံုးတစ္ေနရာကိုသတိရလိုက္မိခိ်န္မွာ ေဝ့ရင္းေအးခဲသြားခဲ့ရတယ္....
လန္က်န္႔တို႔ရြာ....
အႏၲရာယ္အရမ္းမ်ားလွတဲ့ အျခားမ်ိဳးႏြယ္စုရြာကို ဝမ္ေခ်ာင္တစ္ေယာက္တည္းသြားလိမ့္မယ္လို့ ေဝ့ရင္းမထင္ထားခဲ့ဘူး။
လန္က်န္႔တို႔ရြာရွိရာဘက္ကို ေဝ့ရင္း သည္းႀကီးမည္းႀကီးလိုက္ေတာ့တယ္....
သူေနာက္က်သြားခဲ့ၿပီလား....
အဲဒီအေတြးက အသက္ရႈေတာင္ရပ္ေစတယ္....
ေျခလွမ္းေတြမနဲထိန္းရင္း လန္က်န္႔တို႔ရြာကိုအေရာက္သြားေနရတယ္....
လမင္းႀကီးကပိုပိုနီေထြးလာသလိုပဲ....
..................................................................
ဝမ္ေခ်ာင္ ေဘးပတ္ဝန္းက်င္အေျခအေနကို အကဲခတ္လိုက္တယ္....
ဉာဥ့္သန္းေခါင္ ၂ ခ်က္ထိုးဆိုတာ ကေလးအစေခြးအဆံုးအိပ္ေမာက်ခ်ိန္ပဲ.....
ရြာေလးကတိတ္ဆိတ္ၿငိမ္သက္ေနတယ္.....
မၾကာခင္ အဲဒီတိတ္ဆိတ္ၿငိမ္သက္ေနတဲ့ရြာေလး ပြက္ေလာ႐ိုက္ေတာ့မွာ....
ကိုယ့္အေတြးနဲ႔ကိုယ္ျပံဳးရင္း ေနာက္ကပါလာတဲ့ အထူးလက္ေရြးစင္တပ္သားေတြကို ဝမ္ေခ်ာင္လက္နဲ႔အခ်က္ျပလိုက္တယ္......
တပ္သားေတြ တစ္ေနရာစီ ေနရာျဖန္႔ၾကက္ထြက္သြားၾကတယ္...
သူနဲ႔လက္ရံုးတပ္သားႏွစ္ေယာက္ေလာက္ပဲ ခန္းနားလွတဲ့အျဖဴေရာင္ေတြနဲ႔လႊမ္းေနတဲ့ အိမ္ႀကီးေဆာင္ၿမိဳင္ထဲကိုေျခခ်လိုက္တယ္....
အေရွ႕တံခါးကဖြင့္ထားတယ္.....အျဖဴေရာင္ စကၠဴပန္းပါြးေတြကေလတိုက္တိုင္းယိမ္းႏြဲ႕ေနတယ္...
အဲဒီမွာ လန္ရွီးခ်န္အေလာင္းရွိတယ္....
သူမွန္းထားတာမမွားရင္ အျခားအိမ္သားေတြလဲရွိလိမ့္္မယ္....
အဓိကကေတာ့ လန္ဝမ္က်ီးေပါ့....
Vampire မ်ိဳးႏြယ္ေတြမွာအသုဘတစ္ခုရွိရင္ မိသားစုဝင္ေတြက ရက္လည္မတိုင္မီအထိ အေလာင္းထားရာခန္းမမွာပဲ စုေနတတ္ၾကတယ္.... ေသသြားသူရဲ႕ဝိဉာဥ္ကိုႏွစ္သိမ့္ေပးတဲ့အေနနဲ႔ေပါ့.....
အသုဘခန္းမရွိရာကို ဝမ္ေခ်ာင္တို႔ကိုယ္ေဖာ့ရင္း ေျခသံမၾကားေအာင္တိုးကပ္လာခဲ့ၾကတယ္။
ခန္းမအလယ္မွာပန္းကႏုတ္ေတြအႏုစိတ္ေဖာ္ထားတဲ့ေခါင္းတလားႀကီးရွိတယ္။
ၾကမ္းျပင္မွာအျဖဴေရာင္ထိုင္ဖံုေတြခင္းထားတယ္....
ေခါင္းတလားႀကီးရဲ့ညာဖက္ေဘးမွာထိုင္ခံုႏွစ္ခံုရွိတယ္။ လန္အိမ္ေတာ္ရဲ႕သခင္ႀကီးနဲ႔သခင္မႀကီး... ေျပာရရင္လန္ရွီးခ်န္နဲ႔လန္ဝမ္က်ီးတို႔ရဲ႕ခမည္းေတာ္နဲ႔မယ္ေတာ္ခဏနားဖို႔ထားထားတဲ့ထိုင္ခံုႏွစ္ခံု။
ထူးဆန္းတာက အိမ္ေစေတြနဲ႔လန္သခင္မႀကီးပဲ ခန္းမထဲမွာရွိေနၾကတယ္။ လန္သခင္ႀကီးနဲ႔ ဝမ္ေခ်ာင္လိုခ်င္တဲ့လန္ဝမ္က်ီးမရွိဘူး။
႐ုတ္တရက္ဝမ္ေခ်ာင္အၾကံရသြားတယ္။ အိမ္ေစေတြကိုသတ္ၿပီး အကာအကြယ္မဲ့ေနတဲ့ လန္သခင္မႀကီးကိုဓါးစာခံအေနနဲ႔ဖမ္းထားဖို႔....
လန္ဝမ္က်ီးျပန္လာရင္ သူ႔မယ္ေတာ္ကိုျပၿပီး သူ႔ကိုယ္သူသတ္ေသခိုင္းလိုက္ရံုပဲ....
လက္ေတာင္ လန္ဝမ္က်ီးေသြးမစြန္းေတာ့ဘူး....
ဝမ္ေခ်ာင္ အၾကံအတိုင္းအိမ္ေစေတြကိုသတ္ၿပီး လန္သခင္မႀကီးကိုဓါးစာခံဖမ္းကာ ႐ုတ္႐ုတ္သဲသဲျဖစ္ေနတုန္း လန္သခင္ႀကီးက အသုဘခန္းမထဲကိုဝင္လာခဲ့တယ္...
အိမ္ေစေတြလည္းအသတ္ခံထားရတယ္။ လန္သခင္မႀကီးလည္းဖမ္းခံထားရတာသိေတာ့ လန္သခင္ႀကီးက ခန္းမအေပါက္ဝကေန လွည့္ေျပးၿပီးသူ႔ရဲမက္ေတြကိုေခၚဖို႔ျပင္တယ္။ အဲတာကိုေတြ႕သြားတဲ့ ဝမ္ေခ်ာင့္ရဲ႕ညာလက္ရံုးက ေနာက္ကေနလန္သခင္ႀကီးရဲ႕ႏွလံုးတည့္တည့္ကို ေငြေရာင္ဓါးနဲ႔ထိုးခ်လိုက္တယ္....
Vampire ေတြကိုတစ္ခ်က္တည္းသတ္ဖို႔က အထူးစီရင္ထားတဲ့ ေငြေရာင္ဓါးပဲလိုတယ္ေလ....
သားအႀကီးအတြက္ေသာကေရာက္ေနခဲ့တဲ့ လန္သခင္ႀကီးဟာ လက္တုန္႔ျပန္ဖို႔ခြန္အားေတြ ရွိမေနခဲ့ေတာ့ပါဘူး။ ဓါးထိုးခံရတဲ့ေနရာမွာပဲ လဲက်ေသဆံုးသြားခဲ့တယ္။ စိတ္မခ်တဲ့မ်က္လံုးေတြနဲ႔ လန္သခင္မႀကီးကိုၾကည့္ရင္းနဲ႔ေပါ့....
လန္သခင္မႀကီးကေတာ့ငိုေႂကြးရံုမွတပါး ဘာမွမတတ္ႏိုင္ဘူးေလ....
"မင္း ဘာရန္ၿငိဳးနဲ႔ လန္မိသားစုကို တစ္ေယာက္ၿပီးတစ္ေယာက္လိုက္သတ္ေနရတာလဲ" လို႔ပဲတဖြဖြေျပာေနေတာ့တယ္....
ဝမ္ေခ်ာင့္အေျဖက႐ိုးစင္းတယ္...
"အခ်စ္ရန္ေႂကြး" တဲ့.....
ဝမ္ေခ်ာင္အဖိုးႀကီးနဲ႔အဖြားႀကီးကိုသတ္ဖို႔လံုးဝမရည္ရြယ္ခဲ့ဘူး....ျဖစ္လာတာကိုမီးစင္ၾကည့္ကေနတာပဲရွိခဲ့တာ....
သူသတ္ခ်င္တာ လန္ဝမ္က်ီး....ဒါပဲ
"လန္သခင္မႀကီး....
က်ဳပ္ခင္ဗ်ားကို မသတ္ခ်င္ဘူး....
ခင္ဗ်ားသားအငယ္ေကာင္ လန္ဝမ္က်ီးဘယ္မလဲ??"
လန္သခင္မႀကီးကႏႈတ္ခမ္းကိုတင္းေနေအာင္ေစ့ထားခဲ့သည္။
"လန္သခင္မႀကီး က်ဳပ္မၾကမ္းခ်င္ဘူးေနာ္"
"....."
"ဒါဆိုလဲ လန္သခင္မႀကီးကို ဝမ္ေခ်ာင္ အျပစ္ျပဳမိၿပီ" ဟုဆိုကာ ၾကမ္းျပင္တြင္ ဒူးေထာက္ေနေသာ လန္သခင္မႀကီးေနာက္မွာ ဝမ္ေခ်ာင္ပါဒူးတစ္ေခ်ာင္းေထာက္မုဆိုးထိုင္ ထိုင္လိုက္၍ လန္သခင္မႀကီးလည္ပင္းေပၚကို ဓါးတင္ထားသည္။
ေဝ့ရင္းေနာက္ဆံုးေတာ့ လန္အိမ္ေတာ္ႀကီးဆီသို႔ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာခဲ့ၿပီ....
ေရာက္ေရာက္ခ်င္းအိမ္ေတာ္တံခါးဝမွာေတြ႕လိုက္ရေသာ အေလာင္းေတြေၾကာင့္ ရင္ထဲမြန္းၾကပ္သြားသည္။ ဝမ္ေခ်ာင္ရဲ႕လက္ရံုးႏွစ္ေယာက္ကိုလဲ ေဝ့ရင္းလြယ္လင့္တကူသတ္လိုက္သည္။ ထို႔ေနာက္
"လန္က်န္႔???"
ေအာ္ေခၚသံနဲ႔အတူ အသုဘခန္းမထဲ ေျပးဝင္သြားေတာ့ ခန္းမၾကမ္းျပင္မွာလဲက်ေနတဲ့ လန္သခင္ႀကီး....
ဝမ္ေခ်ာင့္ဓါးေအာက္မွာ လည္ေရာက္ေနတဲ့ လန္သခင္မႀကီး.....
"ဝမ္ေခ်ာင္င္င္င္" ခန္းမတခုလံုးပဲ့တင္သြားတဲ့ေဒါသသံေၾကာင့္ ဝမ္ေခ်ာင္ေမာ့ၾကည့္ေတာ့ ေဝ့ရင္း....
ဘာ ေဝ့ရင္း.....
ေဝ့ရင္းကဘာလို႔ဒီကိုေရာက္လာရတာလဲ....
ဟင့္အင္း ဒီတေခါက္လဲသူ႔အၾကံအစည္ ပ်က္ရဦးမွာလား??
ေဝ့ရင္းဟာ လန္သခင္မႀကီးေနာက္က ဝမ္ေခ်ာင္ကိုဓါးနဲ႔ခ်ိန္ကာဦးတည္ထားရင္း ေရွ႕ေျဖးေျဖးခ်င္းတိုးလိုက္တယ္....
"ေဝ့ရင္း တိုးမလာနဲ႔ေနာ္။ေရွ႕တစ္လွမ္းထပ္တိုးတာနဲ႔ ငါ့ဓါးကလည္ပင္းထဲစိုက္ဝင္သြားမွာ"
ေဝ့ရင္းလို႔ေခၚသံအၾကားမွာ လန္သခင္မႀကီးမ်က္ဝန္းေတြဟာ အားကိုးတႀကီးျဖစ္သြားခဲ့ရတယ္....
ေဝ့ရင္းကိုတကယ္တမ္းက် မႏွစ္သက္ေပမယ့္ သူ႔သားငယ္ေလးဝမ္က်ီးကိုအသက္နဲ႔လဲၿပီးကာကြယ္ေပးႏိုင္တာ ေနာက္ဆံုးေဝ့ရင္းပဲရွိတယ္ဆိုတာ သူသိထားတယ္။
"ေဝ့ရင္း...ဝမ္က်ီးကိုအေဝးဆံုးေခၚသြားပါ....ဝမ္က်ီးကိုေစာင့္ေရွာက္ေပးပါ....ေက်းဇူးျပဳၿပီး...."
အဲဒီလိုတင္းမာေနတဲ့အေျခအေနေတြကို ႐ုတ္ခ်ည္းၿငိမ္က်သြားေစခဲ့တာက ခပ္ေျဖးေျဖးမွန္မွန္လွမ္းလာတဲ့ ေတာ္ေတာ္ေဝးေဝးကေျခလွမ္းသံတစ္ခု....
ေဝ့ရင္း ႏွလံုးသားေလးကိုအၿမဲအရည္ေပ်ာ္က်ေစ တတ္တဲ့ေျခလွမ္းေပါ့.....
အဲတာ လန္က်န္႔....
ေဝ့ရင္းေနာက္လွည့္ၾကည့္မိလိုက္တယ္.....
လန္က်န္႔မ်ားေရာက္ေနၿပီလားလို႔....
လန္သခင္မႀကီးဟာ လန္က်န္႔ရဲ႕ေျခလွမ္းသံကို သဲ့သဲ့ၾကားလိုက္ရတာနဲ႔ အားလံုးၾကက္ေသေသေနတဲ့ အခိုက္အတန္႔ကိုအခြင့္ေကာင္းယူၿပီး အခ်ိန္ဆြဲမေနေတာ့ဘဲ ေရွ႕လက္တစ္ကမ္းက ရပ္ေနတဲ့ေဝ့ရင္းရဲ႕ဓါးကိုအျမန္ဆြဲယူလိုက္ကာ သူ႔ကိုယ္သူ တစ္ဆံုးထိုးခ်လိုက္တယ္.....
ရည္ရြယ္ခ်က္က သူ႔ခႏၵာကိုယ္ကိုထုတ္ခ်င္းေဖါက္သြားမဲ့ဓါးဟာ သူ႔အေနာက္ကေနလည္ပင္းကိုဓါးေထာက္ထားတဲ့ ဝမ္ေခ်ာင့္ကိုပါထိုးမိေစခ်င္လို႔....
"ခြမ္း"
လန္က်န္႔လက္ထဲကေရေႏြးခြက္လြတ္က်သြားခဲ့ၿပီ...
သူေတြ႕လိုက္ရတာက ၾကမ္းျပင္ေပၚမွာေသြးေတြအိုင္ထြန္းၿပီးလဲက်ေနတဲ့ သူ႔အေဖ....
ခုေလးတင္ဓါးထိုးခံလိုက္ရတဲ့သူ႔အေမ.....
ဓါးကိုင္ထားတာက ေဝ့ရင္း....
လက္ေတြ႕အျမင္နဲ႔ဦးေႏွာက္ကိုယံုရမလား??
ႏွလံုးသားကိုယံုရမလား??
ဦေႏွာက္ကယံုေပမယ့္လည္း ႏွလံုးသားကျငင္းဆန္ေနတုန္းပဲ....
ငါ ဘယ္ဟာကိုယံုရမလဲ ေဝ့ရင္း???
#################################
3510 Words
8 Sept 2019
ဝုန္းက်ေတာ့မယ္ဆိုတာႀကိဳသိေနတယ္ေနာ္....😭😭
ေန႔တိုင္းလဲမွန္မွန္ update ေပးတယ္....
Mood ဝင္ရင္ဝင္သလို တေန႔ ၂ ပိုင္းကေန ၄ ပိုင္းအထိလဲတင္ေပးတယ္...😎😎
ဒါေပမယ့္လဲ သူတို႔ကဝုန္းၾကတယ္...😣😣
ေရွာင္ေကာေကာနဲ႔ဝမ္ဒီဒီတို႔မားေရ ေခၽြးမေလးကိုကယ္ပါ....
ဇာတ္လမ္းေကာင္းေလးဖတ္ေစခ်င္လို႔ဟာကို ဝုန္းခံေနရပါတယ္လို႔...😝😝
သနားဖို႔အရမ္းေကာင္းတာကသာသာပါ....😉😉
##############################
Unicode
လူတွေဟာ ဝမ်းနည်းစရာတွေနဲ့တွေ့ကြုံလို့ အပြင်းအထန်ငိုကြပြီးရင်အိပ်ပျော်သွားတတ်ကြတယ်...ဘာလို့အိပ်သွားကြတာလဲသိလား??
ပင်ပန်းနေတဲ့နှလုံးသားလေးအနားယူဖို့လိုအပ်လို့ပါတဲ့....
ဝမ်ချောင်ရဲ့ထိုးနှက်တဲ့စကားတွေကိုအပြန်ပြန်အလှန်လှန်နားထဲကြားယောင်ပြီးတဲ့အခိုက်အတန့်မှာ ဝေ့ရင်းပင်ပန်းလွန်းလွန့်ပြန်အိပ်ပျော်သွားခဲ့တယ်။
ဝမ်ချောင်ကတော သူ့ရဲ့နောက်ဆုံးပိတ်အိတ်နဲ့လွယ် အစီအစဉ်ကြီးကိုစတင်ကြံစည်နေပြီ။ သူပြောခဲ့ပြီးသားပဲ သူမပိုင်ဆိုင်ရတဲ့အရာကို သူများလဲမပိုင်ဆိုင်စေရဘူး....အကုန်ဖျက်စီးပစ်မှာလို့။ သူဖြစ်စေချင်နေတာအရင်ကတည်းက တစ်ခုပဲရှိတယ်.....
သူအကောင်အထည်ဖော်မယ်လုပ်တိုင်း ပျက်သွားတာချည်းပဲ.....
ဘာကမှာလဲ....လန်ဝမ်ကျီးကိုသတ်ဖို့ပေါ့.....
ဝေ့ရင်းကဖျက်လိုက်....လန်ရှီးချန်ကဖြတ်လိုက်နဲ့....
ခုတော့လန်ရှီးချန်ကသေပြီ....ဝေ့ရင်းကအကျယ်ချုပ်ပြန်ဖြစ်နေပြီ....ဒီတစ်ခါတော့သူ့ကိုတားနိုင်မယ့်သူမရှိတော့ဘူး....မိုးနတ်မင်းဆင်းဖျက်တောင် သူ့အကြံမပျက်တော့ဘူး...
ဝမ်ချောင်စုံစမ်းထားပြီးသား.....
Vampire မျိုးနွယ်စုတွေရဲ့အခြေအနေနဲ့ စစ်အင်အားကို...
သူတို့ Vampire မျိုးနွယ်တွေအထွတ်အမြတ် ထားရတဲ့ ပထမသခင်လေးကလဲသေထားတာ ရက်လည်လေးပဲရှိတုန်းဆိုတော့ စိတ်ဓါတ်တွေက ဟိုးအောက်ဆုံးကျနေလောက်ပြီ။ စစ်ပွဲကြောင့်အရမ်းအထိနာထားတာဆိုတော့ စစ်အင်အားကရိုင်နဲ့နေတာ...
ပြီးတော့ စစ်ပွဲကလည်းအချိန်မရွေးပြန်ဖြစ်နိုင်တာမို့ လက်ကျန်ရိုင်နဲ့နဲ့ Vampire စစ်တပ်ကြီးကရွာနှစ်ရွာနယ်နမိတ် ရေတံခွန်မှာပဲစခန်းချထားတုန်း။
ဒါဆိုတစ်ဖက်ရွာမှာအင်အားနဲနေတဲ့အချိန်.... အကောင်းဆုံးအခွင့်အရေးပဲ....
ဒီညလှုပ်ရှားဖို့ အကုန်အဆင်သင့်လဲဖြစ်နေခဲ့ပြီ...
ကျေနပ်မှုတွေနဲ့အပြုံးဟာ ဝမ်ချောင်မျက်နှာမှာလင်းလက်နေခဲ့တယ်....
..................................................................
အကျယ်ချုပ်အခန်းပြတင်းငယ်လေးကနေ ဒီနေ့ည မြင်နေရတဲ့လမင်းဟာ ဖြူစွတ်မနေခဲ့ဘူး.... သွေးလွှမ်းနေသလိုအနီရောင်သန်းနေတယ်....
ဝေ့ရင်း လကြီးကိုငေးမောရင်း အမည်မသိတဲ့စိတ်လေးမှုတွေကြီးစိုးနေတယ်....
လမင်းကြီးကိုကြည့်နေရင်း ခပ်လှမ်းလှမ်းက တဖက်အဆောင်ရဲ့အမိုးမှာ အနက်ရောင်ဝတ် လူတစ်ဦးကရပ်ရင်း ဝေ့ရင်းရှိရာပြတင်းကို စူးစူးစိုက်စိုက်ပြန်ကြည့်နေခဲ့တယ်.....ပြီးတော့ မဲ့ပြုံးပြုံးပြီးလေထဲမှာပျောက်ကွယ်သွားတယ်။
အဖြစ်အပျက်ကအရမ်းမြန်တော့ ဝေ့ရင်း ကိုယ့်မျက်လုံးကိုကိုယ်ပွတ်ရင်း မြင်ယောင်တာလား၊ တကယ်လားစဉ်းစားနေမိတယ်....အဲဒါဘယ်သူလဲ...
ခပ်လှမ်းလှမ်းအနေအထားမို့ မျက်နှာကသဲသဲကွဲကွဲမမြင်ရဘူး...
ဒါပေမယ့်အဲဒီလူရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ဟန်ပန်အမူအရာ....
သေချာတယ်....
အဲဒါ ဝမ်ချောင်....
ဝမ်ချောင် အခန်းထဲဝင်လာလို့ရရဲ့သားနဲ့ ဘာလို့အဝေးကနေရပ်ကြည့်နေတာလဲ ဝေ့ရင်းစဉ်းစားကြည့်မိတယ်...
ပြီးတော့ဘာလို့ အနီရောင်အမြဲဝတ်တတ်တဲ့ ဝမ်ချောင်ကဝေ့ရင်းဝတ်သလို အနက်ရောင်အပြည့် ဝတ်ထားရတာလဲ???
ပြီးတော့ဒီအချိန်ကြီး နန်းတော်အပြင် ဘာလို့ထွက်သွားရတာလဲ???
ပြီးတော့ ဝမ်ချောင်ပြောခဲ့တဲ့စကား
"ဝေ့ရင်း မင်းထွက်သွားခိုင်းတာနော်..... ပြီးမှငါ့ကိုလိုက်မရှာနဲ့" ဆိုတဲ့စကား။ ဝေ့ရင်း ဝမ်ချောင့်မျက်နှာကို မြင်တောင်မမြင်ချင်မှန်း သိရဲ့သားနဲ့ ဝေ့ရင်းကဝမ်ချောင်ကို လိုက်ရှာလိမ့်မယ်ဆိုတာက....
အားလုံးကိုဆက်စပ်တွေးပြီးတော့ ဝေ့ရင်း စိတ်တွေယောက်ယက်ခက်သွားပြီ။ သူထင်သလိုဖြစ်မလာပါစေနဲ့လို့ပဲ ဝေ့ရင်းဆုတောင်းရင်း ထွက်ပြေးပြီးဝမ်ချောင့်နောက်လိုက်ဖို့ပဲ ဝေ့ရင်းစိတ်စောနေပြီ။
သော့ကအပြင်က ခတ်ထားတော့ အခန်းထဲကပစ္စည်းတွေကို ပစ်ချကိုင်ပေါက်ရင်းအစောင့်တွေအခန်းထဲ ဝင်လာအောင်လုပ်လိုက်တယ်...
အခန်းထောင့်တစ်နေရာမှာပုန်းနေလိုက်ပြီး ဝင်လာတဲ့အစောင့်တွေကိုတစ်ယောက်ပြီးတစ်ယောက် မေ့သွားအောင်လုပ်ပစ်လိုက်တယ်....
အရင်ကတည်းကဒီလိုလုပ်ပြီးထွက်ပြေးလို့ရပေမယ့်
အခြေအနေတွေပိုပိုမရှုပ်စေချင်လို့ဒီအတိုင်းလေး ဝမ်ချောင်ထားသလိုနေခဲ့တာ....
ခုတော့ ဝမ်ချောင့်နောက်လိုက်ပြီး လိုက်ရှာမှရတော့မယ်.....ခြေလွန်လက်လွန်မဖြစ်ခင်ပေါ့...
အစောင့်တွေအကုန်လုံးမေ့သွားတာနဲ့ ဝေ့ရင်း နန်းအပြင်ကိုထွက်ပြီး ခြေဦးလှည့်လိုက်တဲ့နေရာက ယခင်စစ်မြေပြင် ရေတံခွန်.....
ဝေ့ရင်းအတတ်နိုင်ဆုံး အလျင်မြန်ဆုံး ဝမ်ချောင့်နောက်လိုက်ခဲ့ပေမယ့် ဝမ်ချောင်ကလဲတချက်မှမနားပဲ အလောတကြီးခရီးဆက်နေတယ်လို့ထင်ရတယ်....လမ်းမှာဝမ်ချောင့်ကိုအရိပ်အယောင်တောင်မတွေ့ရဘူး။
ရေတံခွန်ရောက်တော့ ခပ်ဝေးဝေးတစ်နေရာကနေ ဝေ့ရင်းအကဲခတ်လေ့လာမိတယ်....
ဘာမှထူးထူးခြားခြားမဖြစ်။
ဝမ်ချောင် ဘယ်သွားတာလဲ ဝေ့ရင်းအသည်းအသန်စဉ်းစားနေတုန်းပဲ....
နောက်ဆုံးတစ်နေရာကိုသတိရလိုက်မိချိန်မှာ ဝေ့ရင်းအေးခဲသွားခဲ့ရတယ်....
လန်ကျန့်တို့ရွာ....
အန္တရာယ်အရမ်းများလှတဲ့ အခြားမျိုးနွယ်စုရွာကို ဝမ်ချောင်တစ်ယောက်တည်းသွားလိမ့်မယ်လို့ ဝေ့ရင်းမထင်ထားခဲ့ဘူး။
လန်ကျန့်တို့ရွာရှိရာဘက်ကို ဝေ့ရင်း သည်းကြီးမည်းကြီးလိုက်တော့တယ်....
သူနောက်ကျသွားခဲ့ပြီလား....
အဲဒီအတွေးက အသက်ရှုတောင်ရပ်စေတယ်....
ခြေလှမ်းတွေမနဲထိန်းရင်း လန်ကျန့်တို့ရွာကိုအရောက်သွားနေရတယ်....
လမင်းကြီးကပိုပိုနီထွေးလာသလိုပဲ....
..................................................................
ဝမ်ချောင် ဘေးပတ်ဝန်းကျင်အခြေအနေကို အကဲခတ်လိုက်တယ်....
ဉာဉ့်သန်းခေါင် ၂ ချက်ထိုးဆိုတာ ကလေးအစခွေးအဆုံးအိပ်မောကျချိန်ပဲ.....
ရွာလေးကတိတ်ဆိတ်ငြိမ်သက်နေတယ်.....
မကြာခင် အဲဒီတိတ်ဆိတ်ငြိမ်သက်နေတဲ့ရွာလေး ပွက်လောရိုက်တော့မှာ....
ကိုယ့်အတွေးနဲ့ကိုယ်ပြုံးရင်း နောက်ကပါလာတဲ့ အထူးလက်ရွေးစင်တပ်သားတွေကို ဝမ်ချောင်လက်နဲ့အချက်ပြလိုက်တယ်......
တပ်သားတွေ တစ်နေရာစီ နေရာဖြန့်ကြက်ထွက်သွားကြတယ်...
သူနဲ့လက်ရုံးတပ်သားနှစ်ယောက်လောက်ပဲ ခန်းနားလှတဲ့အဖြူရောင်တွေနဲ့လွှမ်းနေတဲ့ အိမ်ကြီးဆောင်မြိုင်ထဲကိုခြေချလိုက်တယ်....
အရှေ့တံခါးကဖွင့်ထားတယ်.....အဖြူရောင် စက္ကူပန်းပွါးတွေကလေတိုက်တိုင်းယိမ်းနွဲ့နေတယ်...
အဲဒီမှာ လန်ရှီးချန်အလောင်းရှိတယ်....
သူမှန်းထားတာမမှားရင် အခြားအိမ်သားတွေလဲရှိလိမ့်မယ်....
အဓိကကတော့ လန်ဝမ်ကျီးပေါ့....
Vampire မျိုးနွယ်တွေမှာအသုဘတစ်ခုရှိရင် မိသားစုဝင်တွေက ရက်လည်မတိုင်မီအထိ အလောင်းထားရာခန်းမမှာပဲ စုနေတတ်ကြတယ်.... သေသွားသူရဲ့ဝိဉာဉ်ကိုနှစ်သိမ့်ပေးတဲ့အနေနဲ့ပေါ့.....
အသုဘခန်းမရှိရာကို ဝမ်ချောင်တို့ကိုယ်ဖော့ရင်း ခြေသံမကြားအောင်တိုးကပ်လာခဲ့ကြတယ်။
ခန်းမအလယ်မှာပန်းကနုတ်တွေအနုစိတ်ဖော်ထားတဲ့ခေါင်းတလားကြီးရှိတယ်။
ကြမ်းပြင်မှာအဖြူရောင်ထိုင်ဖုံတွေခင်းထားတယ်....
ခေါင်းတလားကြီးရဲ့ညာဖက်ဘေးမှာထိုင်ခုံနှစ်ခုံရှိတယ်။ လန်အိမ်တော်ရဲ့သခင်ကြီးနဲ့သခင်မကြီး... ပြောရရင်လန်ရှီးချန်နဲ့လန်ဝမ်ကျီးတို့ရဲ့ခမည်းတော်နဲ့မယ်တော်ခဏနားဖို့ထားထားတဲ့ထိုင်ခုံနှစ်ခုံ။
ထူးဆန်းတာက အိမ်စေတွေနဲ့လန်သခင်မကြီးပဲ ခန်းမထဲမှာရှိနေကြတယ်။ လန်သခင်ကြီးနဲ့ ဝမ်ချောင်လိုချင်တဲ့လန်ဝမ်ကျီးမရှိဘူး။
ရုတ်တရက်ဝမ်ချောင်အကြံရသွားတယ်။ အိမ်စေတွေကိုသတ်ပြီး အကာအကွယ်မဲ့နေတဲ့ လန်သခင်မကြီးကိုဓါးစာခံအနေနဲ့ဖမ်းထားဖို့....
လန်ဝမ်ကျီးပြန်လာရင် သူ့မယ်တော်ကိုပြပြီး သူ့ကိုယ်သူသတ်သေခိုင်းလိုက်ရုံပဲ....
လက်တောင် လန်ဝမ်ကျီးသွေးမစွန်းတော့ဘူး....
ဝမ်ချောင် အကြံအတိုင်းအိမ်စေတွေကိုသတ်ပြီး လန်သခင်မကြီးကိုဓါးစာခံဖမ်းကာ ရုတ်ရုတ်သဲသဲဖြစ်နေတုန်း လန်သခင်ကြီးက အသုဘခန်းမထဲကိုဝင်လာခဲ့တယ်...
အိမ်စေတွေလည်းအသတ်ခံထားရတယ်။ လန်သခင်မကြီးလည်းဖမ်းခံထားရတာသိတော့ လန်သခင်ကြီးက ခန်းမအပေါက်ဝကနေ လှည့်ပြေးပြီးသူ့ရဲမက်တွေကိုခေါ်ဖို့ပြင်တယ်။ အဲတာကိုတွေ့သွားတဲ့ ဝမ်ချောင့်ရဲ့ညာလက်ရုံးက နောက်ကနေလန်သခင်ကြီးရဲ့နှလုံးတည့်တည့်ကို ငွေရောင်ဓါးနဲ့ထိုးချလိုက်တယ်....
Vampire တွေကိုတစ်ချက်တည်းသတ်ဖို့က အထူးစီရင်ထားတဲ့ ငွေရောင်ဓါးပဲလိုတယ်လေ....
သားအကြီးအတွက်သောကရောက်နေခဲ့တဲ့ လန်သခင်ကြီးဟာ လက်တုန့်ပြန်ဖို့ခွန်အားတွေ ရှိမနေခဲ့တော့ပါဘူး။ ဓါးထိုးခံရတဲ့နေရာမှာပဲ လဲကျသေဆုံးသွားခဲ့တယ်။ စိတ်မချတဲ့မျက်လုံးတွေနဲ့ လန်သခင်မကြီးကိုကြည့်ရင်းနဲ့ပေါ့....
လန်သခင်မကြီးကတော့ငိုကြွေးရုံမှတပါး ဘာမှမတတ်နိုင်ဘူးလေ....
"မင်း ဘာရန်ငြိုးနဲ့ လန်မိသားစုကို တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေရတာလဲ" လို့ပဲတဖွဖွပြောနေတော့တယ်....
ဝမ်ချောင့်အဖြေကရိုးစင်းတယ်...
"အချစ်ရန်ကြွေး" တဲ့.....
ဝမ်ချောင်အဖိုးကြီးနဲ့အဖွားကြီးကိုသတ်ဖို့လုံးဝမရည်ရွယ်ခဲ့ဘူး....ဖြစ်လာတာကိုမီးစင်ကြည့်ကနေတာပဲရှိခဲ့တာ....
သူသတ်ချင်တာ လန်ဝမ်ကျီး....ဒါပဲ
"လန်သခင်မကြီး....
ကျုပ်ခင်ဗျားကို မသတ်ချင်ဘူး....
ခင်ဗျားသားအငယ်ကောင် လန်ဝမ်ကျီးဘယ်မလဲ??"
လန်သခင်မကြီးကနှုတ်ခမ်းကိုတင်းနေအောင်စေ့ထားခဲ့သည်။
"လန်သခင်မကြီး ကျုပ်မကြမ်းချင်ဘူးနော်"
"....."
"ဒါဆိုလဲ လန်သခင်မကြီးကို ဝမ်ချောင် အပြစ်ပြုမိပြီ" ဟုဆိုကာ ကြမ်းပြင်တွင် ဒူးထောက်နေသော လန်သခင်မကြီးနောက်မှာ ဝမ်ချောင်ပါဒူးတစ်ချောင်းထောက်မုဆိုးထိုင် ထိုင်လိုက်၍ လန်သခင်မကြီးလည်ပင်းပေါ်ကို ဓါးတင်ထားသည်။
ဝေ့ရင်းနောက်ဆုံးတော့ လန်အိမ်တော်ကြီးဆီသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီ....
ရောက်ရောက်ချင်းအိမ်တော်တံခါးဝမှာတွေ့လိုက်ရသော အလောင်းတွေကြောင့် ရင်ထဲမွန်းကြပ်သွားသည်။ ဝမ်ချောင်ရဲ့လက်ရုံးနှစ်ယောက်ကိုလဲ ဝေ့ရင်းလွယ်လင့်တကူသတ်လိုက်သည်။ ထို့နောက်
"လန်ကျန့်???"
အော်ခေါ်သံနဲ့အတူ အသုဘခန်းမထဲ ပြေးဝင်သွားတော့ ခန်းမကြမ်းပြင်မှာလဲကျနေတဲ့ လန်သခင်ကြီး....
ဝမ်ချောင့်ဓါးအောက်မှာ လည်ရောက်နေတဲ့ လန်သခင်မကြီး.....
"ဝမ်ချောင်င်င်င်" ခန်းမတခုလုံးပဲ့တင်သွားတဲ့ဒေါသသံကြောင့် ဝမ်ချောင်မော့ကြည့်တော့ ဝေ့ရင်း....
ဘာ ဝေ့ရင်း.....
ဝေ့ရင်းကဘာလို့ဒီကိုရောက်လာရတာလဲ....
ဟင့်အင်း ဒီတခေါက်လဲသူ့အကြံအစည် ပျက်ရဦးမှာလား??
ဝေ့ရင်းဟာ လန်သခင်မကြီးနောက်က ဝမ်ချောင်ကိုဓါးနဲ့ချိန်ကာဦးတည်ထားရင်း ရှေ့ဖြေးဖြေးချင်းတိုးလိုက်တယ်....
"ဝေ့ရင်း တိုးမလာနဲ့နော်။ရှေ့တစ်လှမ်းထပ်တိုးတာနဲ့ ငါ့ဓါးကလည်ပင်းထဲစိုက်ဝင်သွားမှာ"
ဝေ့ရင်းလို့ခေါ်သံအကြားမှာ လန်သခင်မကြီးမျက်ဝန်းတွေဟာ အားကိုးတကြီးဖြစ်သွားခဲ့ရတယ်....
ဝေ့ရင်းကိုတကယ်တမ်းကျ မနှစ်သက်ပေမယ့် သူ့သားငယ်လေးဝမ်ကျီးကိုအသက်နဲ့လဲပြီးကာကွယ်ပေးနိုင်တာ နောက်ဆုံးဝေ့ရင်းပဲရှိတယ်ဆိုတာ သူသိထားတယ်။
"ဝေ့ရင်း...ဝမ်ကျီးကိုအဝေးဆုံးခေါ်သွားပါ....ဝမ်ကျီးကိုစောင့်ရှောက်ပေးပါ....ကျေးဇူးပြုပြီး...."
အဲဒီလိုတင်းမာနေတဲ့အခြေအနေတွေကို ရုတ်ချည်းငြိမ်ကျသွားစေခဲ့တာက ခပ်ဖြေးဖြေးမှန်မှန်လှမ်းလာတဲ့ တော်တော်ဝေးဝေးကခြေလှမ်းသံတစ်ခု....
ဝေ့ရင်း နှလုံးသားလေးကိုအမြဲအရည်ပျော်ကျစေ တတ်တဲ့ခြေလှမ်းပေါ့.....
အဲတာ လန်ကျန့်....
ဝေ့ရင်းနောက်လှည့်ကြည့်မိလိုက်တယ်.....
လန်ကျန့်များရောက်နေပြီလားလို့....
လန်သခင်မကြီးဟာ လန်ကျန့်ရဲ့ခြေလှမ်းသံကို သဲ့သဲ့ကြားလိုက်ရတာနဲ့ အားလုံးကြက်သေသေနေတဲ့ အခိုက်အတန့်ကိုအခွင့်ကောင်းယူပြီး အချိန်ဆွဲမနေတော့ဘဲ ရှေ့လက်တစ်ကမ်းက ရပ်နေတဲ့ဝေ့ရင်းရဲ့ဓါးကိုအမြန်ဆွဲယူလိုက်ကာ သူ့ကိုယ်သူ တစ်ဆုံးထိုးချလိုက်တယ်.....
ရည်ရွယ်ချက်က သူ့ခန္ဒာကိုယ်ကိုထုတ်ချင်းဖေါက်သွားမဲ့ဓါးဟာ သူ့အနောက်ကနေလည်ပင်းကိုဓါးထောက်ထားတဲ့ ဝမ်ချောင့်ကိုပါထိုးမိစေချင်လို့....
"ခွမ်း"
လန်ကျန့်လက်ထဲကရေနွေးခွက်လွတ်ကျသွားခဲ့ပြီ...
သူတွေ့လိုက်ရတာက ကြမ်းပြင်ပေါ်မှာသွေးတွေအိုင်ထွန်းပြီးလဲကျနေတဲ့ သူ့အဖေ....
ခုလေးတင်ဓါးထိုးခံလိုက်ရတဲ့သူ့အမေ.....
ဓါးကိုင်ထားတာက ဝေ့ရင်း....
လက်တွေ့အမြင်နဲ့ဦးနှောက်ကိုယုံရမလား??
နှလုံးသားကိုယုံရမလား??
ဦနှောက်ကယုံပေမယ့်လည်း နှလုံးသားကငြင်းဆန်နေတုန်းပဲ....
ငါ ဘယ်ဟာကိုယုံရမလဲ ဝေ့ရင်း???
#################################
3510 Words
8 Sept 2019
ဝုန်းကျတော့မယ်ဆိုတာကြိုသိနေတယ်နော်....😭😭
နေ့တိုင်းလဲမှန်မှန် update ပေးတယ်....
Mood ဝင်ရင်ဝင်သလို တနေ့ ၂ ပိုင်းကနေ ၄ ပိုင်းအထိလဲတင်ပေးတယ်...😎😎
ဒါပေမယ့်လဲ သူတို့ကဝုန်းကြတယ်...😣😣
ရှောင်ကောကောနဲ့ဝမ်ဒီဒီတို့မားရေ ချွေးမလေးကိုကယ်ပါ....
ဇာတ်လမ်းကောင်းလေးဖတ်စေချင်လို့ဟာကို ဝုန်းခံနေရပါတယ်လို့...😝😝
သနားဖို့အရမ်းကောင်းတာကသာသာပါ....😉😉
##############################