ရွီးခ်န္သိပ္မစဥ္းစားေနေတာ့ပဲ ေဝ့ရင္းရွိေနရာသို႔ ကိုယ္ေဖာ့ေျပးကာ ေလထဲကေန ေဝ့ရင္း ႏွလံုးသားတည့္တည့္ကိုဓါးနဲ႔ခ်ိန္ၿပီးအထိုး.....
"ေဝ့ရင္း" ဆိုတဲ့ေအာ္ေခၚသံၾကားလို႔ ေဝ့ရင္းက ေခါင္းကိုေနာက္လွည့္ၿပီးေတာ့အၾကည့္....
သူ႔ဆီ႐ုတ္တရက္ပ်ံဝဲလာတဲ့ ဓါးတေခ်ာင္းရဲ႕ဓါး႐ိုးကိုလက္လွမ္းဆုပ္လိုက္ၿပီး
အေရွ႕ကေန သူရင္ဘတ္တည့္တည့္ဆီဝင္လာတဲ့ ဓါးသြားရဲ႕ဦးတည္ခ်က္ ေျပာင္းျပန္အတိုင္း ေခါင္းလွည့္မၾကည့္ပဲ ဓါးကိုျပန္ထိုးလိုက္တဲ့အခိုက္.....
ဓါးဟာတစ္စံုတစ္ေယာက္ရဲ႕ ခႏၵာကိုယ္ထဲကို အဆံုးထိဝင္ေရာက္ထိုးေဖါက္သြားခဲ့တယ္.....
ဓါးရဲ႕အဆံုးသတ္ ဓါး႐ိုးနားအထိ....
ဓါးသြားကေနတဆင့္ ဓါး႐ိုးေပၚကို....
ဓါး႐ိုးေပၚကေနတဆင့္ ဓါးကိုင္ထားတဲ့လက္ေပၚကို စီးက်လာတဲ့ေသြးေတြကိုခံစားမိလိုက္မွပဲ.....
ေဝ့ရင္းဟာ တုန္လႈပ္ေျခာက္ျခားမႈမ်ားစြာနဲ႔ ေရွ႕ကိုျပန္လွည့္ၾကည့္မိလိုက္တယ္...
တစ္ဖက္လူရဲ႕နာက်င္မႈေတြနဲ႔ ႀကည္လင္စြာျပံဳးျပလာတဲ့အျပံဳး.....ေဖာ္ျပလို႔မရႏိုင္တဲ့အဓိပၸါယ္ေတြအမ်ားႀကီးပါတဲ့အျပံဳး....
အဲဒီအျပံဳးက ေဝ့ရင္း ရင္ကိုေျဗာင္းဆန္သြားေစတယ္.....
အလိုလိုေဝ့ဝဲတက္လာတဲ့မ်က္ရည္ေတြေၾကာင့္ ေဝ့ရင္း တဖက္လူရဲ႕အျပံဳးကို ဝိုးတဝါးပဲျမင္ရေတာ့တယ္....
လက္ထဲကက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားတဲ့ ဓါးကို တေျဖးေျဖးခ်င္း ေနာက္ျပန္ဆြဲထုတ္လိုက္တယ္...
အႏၲရာယ္က်ေရာက္ၿပီဆိုတာနဲ႔ ကိုယ့္ကိုကိုယ္ကာကြယ္ဖို႔ အလိုလိုလႈပ္ရွားတတ္ေအာင္ ေလ့က်င့္ထားမိတဲ့လက္ေတြအတြက္ ပထမဆံုးအႀကိမ္ ေဝ့ရင္း ေနာင္တရခဲ့တယ္.... ျမန္ဆန္လြန္းတဲ့လက္ေတြ....
ဦးေႏွာက္မပါတဲ့လက္ေတြ....
ေသြးေတြနဲ႔ေျမျပင္ေပၚလဲက်သြားတဲ့ သူကို ေဝ့ရင္းလွမ္းေပြ႕လိုက္ရင္း
"ေကာ"
ဆိုတဲ့ေအာ္သံ....သူအၾကားခ်င္ခဲ့ဆံုးအသံေလး......
ဒါေပမယ့္ခုခ်ိန္မွာသူမၾကားဝံ့ဆံုးေသာအသံေလးဟာ ေလထဲပ်ံ႕လြင့္လာတယ္.....
သူအသံလာရာကိုေတာ့လွည့္မၾကည့္ရဲခဲ့ဘူး....
ေဝ့ရင္းလက္ထဲက ေသြးေတြနဲ႔လဲက်ေနတဲ့ ရွီးခ်န္ကို လန္က်န္႔ျပန္ဆြဲယူၿပီး သူ႔ရင္ခြင္ထဲမွီေစလိုက္တယ္...
ေသြးေတြ ဒလေဟာက်လာတဲ့ ရွီးခ်န္ရဲ႕ရင္ဘတ္ကဓါးဒါဏ္ရာကို လက္နဲ႔တင္းတင္းဖိေပးထားရင္း
လန္က်န္႔ဟာအ႐ူးတစ္ေယာက္လိုစကားေတြအဆက္မျပတ္ေျပာေနခဲ့တယ္....
"ေကာ....ေကာ ဘာမွမျဖစ္ဘူးေနာ္ ေကာ.....
ရတယ္....ဓါးေလးနဲနဲထိရံုပါေနာ္ေကာ.....
ဘာမွမျဖစ္ဘူးေကာ....ဘာမွမျဖစ္ဘူး..."
လန္က်န္႔မ်က္ႏွာေပၚကခံစားခ်က္ဟာ
လက္ေတြ႕လား အိပ္မက္လားမသဲကြဲသလို....
ဟုတ္တယ္ ဒီအျဖစ္အပ်က္ကိုသူမယံုႏိုင္ဘူးေလ....
ေဝ့ရင္း ဟာလဲရွီးခ်န္ေရွ႕မွာပဲ ဒူးေထာက္လ်က္သား ပံုက်လ်က္ေလးအတိုင္းရွိေနခဲ့တယ္.....
"လန္က်န္႔....
ငါ....ငါမဟုတ္ဘူး....မဟုတ္ဘူး....
ငါတမင္လုပ္တာ မဟုတ္ဘူး.....လန္က်န္႔"
ေဝ့ရင္း ရွိသမွ်အားတင္းၿပီးေျပာေပမယ့္ ေၾကကြဲဆို႔နစ္သံေတြနဲ႔စကားဟာ ဗလံုးဗေထြးျဖစ္ေနခဲ့တယ္...
လန္က်န္႔ဟာ ခုခ်ိန္ထိ ေဝ့ရင္းမ်က္ႏွာကို တစက္မွေမာ့မၾကည့္လာခဲ့ဘူး...
ရွီးခ်န္ကိုပဲတင္းတင္းေပြ႕ပိုက္ရင္း သူအၾကည့္လႊဲလိုက္တာနဲ႔ ရွီးခ်န္ကိုဆံုးရံႈးလိုက္ရမွာေၾကာက္ေနခဲ့တယ္....
ရွီးခ်န္ကိုပဲတစိုက္မတ္မတ္စိုက္ၾကည့္ရင္း
"ေကာ သတိမလြတ္ေစနဲ႔ေနာ္.....
ကၽြန္ေတာ္နဲ႔တူတူအိမ္ကိုျပန္လိုက္ခဲ့ပါ ေကာ...
ကၽြန္ေတာ္ ေကာကို အိမ္ျပန္ေခၚသြားေပးမယ္.....
ကၽြန္ေတာ့္ကိုထားမသြားပါနဲ႔ေနာ္....ေနာ္....ေကာ"
လန္က်န္႔ရဲ႕စကားအဆံုးမွာ ရွီးခ်န္ရဲ႕အျပံဳးေတြဟာပိုအသက္ဝင္သြားသလိုပဲ...
ၿပီးေတာ့ေသြးစြန္းေနတဲ့ရွီးခ်န္ရဲ႕လက္ေလးတစ္စံုဟာ လန္က်န္႔ပါးေပၚေရာက္လာခဲ့တယ္....
လက္ေလးကအရင္လိုေႏြးေထြးေနတုန္းပဲ....
ဝမ္က်ီး စိတ္အားငယ္တိုင္း ဒုကၡေတြနဲ႔ၾကံဳလာတိုင္း တြဲလက္မျဖဳတ္ခဲ့တဲ့လက္ေလး....
ခုလိုဝမ္က်ီးပါးေလးေပၚတင္ၿပီး အၿမဲအားေပးခဲ့တဲ့လက္ေလး....
ခုလဲအရင္လိုေႏြးေထြးေနဆဲေလ....
ရွီးခ်န္ဟာ ျပံဳးၿပီး လန္က်န္႔ကိုအၾကာႀကီးစိုက္ၾကည့္ေနခဲ့တယ္....
စကားကိုႀကိဳးစားၿပီးေျပာေပမယ့္ လည္ေခ်ာင္းကထြက္က်လာတာက စကားလံုးေတြမဟုတ္ပဲ ေသြးေတြပဲျဖစ္ေနခဲ့တယ္....
အတိုးဆံုးနဲ႔ အညင္သာဆံုးစကားတစ္ခြန္း ရွီးခ်န္ေနာက္ဆံုးေျပာခဲ့တယ္...
"ဝမ္က်ီး....ေကာမရွိလည္းကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ေနာ္" တဲ့....
ရွီးခ်န္ျပံဳးေနရင္း အျပံဳးမပ်က္ မ်က္လံုးေလးေတြမွိတ္သြားခဲ့တယ္......
ဝမ္က်ီးပါးေပၚကလက္ေလးဟာေျပေလ်ာ့သြားခဲ့ၿပီး ေျမေပၚကိုလြတ္က်သြားခဲ့တယ္....
ဒါေပမယ့္လက္ေလးကေႏြးတယ္လို႔ထင္ေနရတုန္းပဲ..
ဟုတ္တယ္ ဝမ္က်ီးအတြက္ေတာ့ ေကာ လက္တစ္စံုဟာ ထာဝရေႏြးေထြးေနမွာပဲ....
ဝမ္က်ီးဟာမ်က္ႏွာကိုေကာင္းကင္ကိုေမာ့ရင္း ထပ္မံက်လာမဲ့မ်က္ရည္ေတြကို ထိန္းၾကည့္လိုက္တယ္။
ဟုတ္တယ္....အဲဒါ ေကာ သူ႔ကိုသင္ေပးခဲ့တာ....
ငယ္ငယ္ကအျပစ္လုပ္လို႔႐ိုက္ခံရတိုင္း နာလို႔ ဝမ္က်ီးမ်က္ရည္က်ခ်င္လာရင္ ရွီးခ်န္ကအၿမဲဒီလိုေျပာတတ္တယ္....
'မ်က္ရည္က်မဲ့အစား အရမ္းလွတဲ့ ေကာင္းကင္ႀကီးကိုေမာ့ၾကည့္ၿပီး နာက်င္စရာမ်က္ရည္ေတြကိုမ်က္လံုးထဲျပန္ဝင္ခိုင္းလိုက္ေနာ္ဝမ္က်ီး' လို႔။
သူအခု ေကာ ေျပာသလိုလိုက္လုပ္ၾကည့္ေပမယ့္ မ်က္ရည္ေတြကဘာလို႔ျပန္မဝင္သြားရတာလဲ ေကာ??
လန္က်န္႔ဟာ ရွီးခ်န္ကိုကေလးတစ္ေယာက္လို ေပြ႕ဖက္ခ်ီရင္း မတ္တပ္ရပ္လိုက္တယ္....
တစ္ကိုယ္လံုးေပြ႕ထားေပမယ့္ ရွီးခ်န္လက္တစ္ဖက္က ေလ်ာက်လာခဲ့တယ္....
ေနာက္ဆံုးထြက္သြားတဲ့အခ်ိန္ထိ လန္က်န္႔ဟာ ေဝ့ရင္းကို တစ္ခ်က္မွလွည့္မၾကည့္လာခဲ့ေတာ့ဘူး...
သူ႔မ်က္ဝန္းထဲမွာ ရွီးခ်န္ကိုယ္ထဲေဖါက္ၿပီးအဆံုးထိဝင္သြားတဲ့ ဓါးတစ္ေခ်ာင္းကိုပဲေတြ႕ေနရတယ္...
သူ႔မ်က္ဝန္းထဲမွာ သူ႔အကိုနဲ႔အတူတူ ျဖတ္သန္းခဲ့ဖူးတဲ့အတိတ္ကပံုရိပ္ေတြပဲ ထင္ဟပ္ေနတယ္....
ေနာက္ေက်ာေပးလွည့္ထြက္သြားတဲ့ လန္က်န္႔ရဲ႕မ်က္ႏွာဟာ ေရခဲတမွ်ေအးစက္ေနခဲ့တယ္....
မ်က္ဝန္းေတြဟာအဓိပၸါယ္မဲေနခဲ့တယ္.....
ေဝ့ရင္း လွည့္ထြက္သြားတဲ့လန္က်န္႔ရဲ႕ ေနာက္ေက်ာျပင္ကိုေငးရင္း အသက္မဲ့စြာနဲ႔ဟားတိုက္ရယ္ေမာမိတယ္....
မ်က္ဝန္းအိမ္ကမ်က္ရည္ေတြကေတာ့ လွ်ံက်လာတယ္....
ဟုတ္တယ္....ေလာကႀကီးက သူ႔အတြက္ သိပ္မ်က္လွည့္ဆန္လြန္းတယ္ေလ.....
#################################
အလင္းျပလိုက္ပါၿပီေနာ္ 😭
တစ္ေယာက္မွလဲမမွန္ဘူး
#################################
Unicode
ရှီးချန်သိပ်မစဉ်းစားနေတော့ပဲ ဝေ့ရင်းရှိနေရာသို့ ကိုယ်ဖော့ပြေးကာ လေထဲကနေ ဝေ့ရင်း နှလုံးသားတည့်တည့်ကိုဓါးနဲ့ချိန်ပြီးအထိုး.....
"ဝေ့ရင်း" ဆိုတဲ့အော်ခေါ်သံကြားလို့ ဝေ့ရင်းက ခေါင်းကိုနောက်လှည့်ပြီးတော့အကြည့်....
သူ့ဆီရုတ်တရက်ပျံဝဲလာတဲ့ ဓါးတချောင်းရဲ့ဓါးရိုးကိုလက်လှမ်းဆုပ်လိုက်ပြီး
အရှေ့ကနေ သူရင်ဘတ်တည့်တည့်ဆီဝင်လာတဲ့ ဓါးသွားရဲ့ဦးတည်ချက် ပြောင်းပြန်အတိုင်း ခေါင်းလှည့်မကြည့်ပဲ ဓါးကိုပြန်ထိုးလိုက်တဲ့အခိုက်.....
ဓါးဟာတစ်စုံတစ်ယောက်ရဲ့ ခန္ဒာကိုယ်ထဲကို အဆုံးထိဝင်ရောက်ထိုးဖေါက်သွားခဲ့တယ်.....
ဓါးရဲ့အဆုံးသတ် ဓါးရိုးနားအထိ....
ဓါးသွားကနေတဆင့် ဓါးရိုးပေါ်ကို....
ဓါးရိုးပေါ်ကနေတဆင့် ဓါးကိုင်ထားတဲ့လက်ပေါ်ကို စီးကျလာတဲ့သွေးတွေကိုခံစားမိလိုက်မှပဲ.....
ဝေ့ရင်းဟာ တုန်လှုပ်ခြောက်ခြားမှုများစွာနဲ့ ရှေ့ကိုပြန်လှည့်ကြည့်မိလိုက်တယ်...
တစ်ဖက်လူရဲ့နာကျင်မှုတွေနဲ့ ကြည်လင်စွာပြုံးပြလာတဲ့အပြုံး.....ဖော်ပြလို့မရနိုင်တဲ့အဓိပ္ပါယ်တွေအများကြီးပါတဲ့အပြုံး....
အဲဒီအပြုံးက ဝေ့ရင်း ရင်ကိုဗြောင်းဆန်သွားစေတယ်.....
အလိုလိုဝေ့ဝဲတက်လာတဲ့မျက်ရည်တွေကြောင့် ဝေ့ရင်း တဖက်လူရဲ့အပြုံးကို ဝိုးတဝါးပဲမြင်ရတော့တယ်....
လက်ထဲကကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ ဓါးကို တဖြေးဖြေးချင်း နောက်ပြန်ဆွဲထုတ်လိုက်တယ်...
အန္တရာယ်ကျရောက်ပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ အလိုလိုလှုပ်ရှားတတ်အောင် လေ့ကျင့်ထားမိတဲ့လက်တွေအတွက် ပထမဆုံးအကြိမ် ဝေ့ရင်း နောင်တရခဲ့တယ်.... မြန်ဆန်လွန်းတဲ့လက်တွေ....
ဦးနှောက်မပါတဲ့လက်တွေ....
သွေးတွေနဲ့မြေပြင်ပေါ်လဲကျသွားတဲ့ သူကို ဝေ့ရင်းလှမ်းပွေ့လိုက်ရင်း
"ကော"
ဆိုတဲ့အော်သံ....သူအကြားချင်ခဲ့ဆုံးအသံလေး......
ဒါပေမယ့်ခုချိန်မှာသူမကြားဝံ့ဆုံးသောအသံလေးဟာ လေထဲပျံ့လွင့်လာတယ်.....
သူအသံလာရာကိုတော့လှည့်မကြည့်ရဲခဲ့ဘူး....
ဝေ့ရင်းလက်ထဲက သွေးတွေနဲ့လဲကျနေတဲ့ ရှီးချန်ကို လန်ကျန့်ပြန်ဆွဲယူပြီး သူ့ရင်ခွင်ထဲမှီစေလိုက်တယ်...
သွေးတွေ ဒလဟောကျလာတဲ့ ရှီးချန်ရဲ့ရင်ဘတ်ကဓါးဒါဏ်ရာကို လက်နဲ့တင်းတင်းဖိပေးထားရင်း
လန်ကျန့်ဟာအရူးတစ်ယောက်လိုစကားတွေအဆက်မပြတ်ပြောနေခဲ့တယ်....
"ကော....ကော ဘာမှမဖြစ်ဘူးနော် ကော.....
ရတယ်....ဓါးလေးနဲနဲထိရုံပါနော်ကော.....
ဘာမှမဖြစ်ဘူးကော....ဘာမှမဖြစ်ဘူး..."
လန်ကျန့်မျက်နှာပေါ်ကခံစားချက်ဟာ
လက်တွေ့လား အိပ်မက်လားမသဲကွဲသလို....
ဟုတ်တယ် ဒီအဖြစ်အပျက်ကိုသူမယုံနိုင်ဘူးလေ....
ဝေ့ရင်း ဟာလဲရှီးချန်ရှေ့မှာပဲ ဒူးထောက်လျက်သား ပုံကျလျက်လေးအတိုင်းရှိနေခဲ့တယ်.....
"လန်ကျန့်....
ငါ....ငါမဟုတ်ဘူး....မဟုတ်ဘူး....
ငါတမင်လုပ်တာ မဟုတ်ဘူး.....လန်ကျန့်"
ဝေ့ရင်း ရှိသမျှအားတင်းပြီးပြောပေမယ့် ကြေကွဲဆို့နစ်သံတွေနဲ့စကားဟာ ဗလုံးဗထွေးဖြစ်နေခဲ့တယ်...
လန်ကျန့်ဟာ ခုချိန်ထိ ဝေ့ရင်းမျက်နှာကို တစက်မှမော့မကြည့်လာခဲ့ဘူး...
ရှီးချန်ကိုပဲတင်းတင်းပွေ့ပိုက်ရင်း သူအကြည့်လွှဲလိုက်တာနဲ့ ရှီးချန်ကိုဆုံးရှုံးလိုက်ရမှာကြောက်နေခဲ့တယ်....
ရှီးချန်ကိုပဲတစိုက်မတ်မတ်စိုက်ကြည့်ရင်း
"ကော သတိမလွတ်စေနဲ့နော်.....
ကျွန်တော်နဲ့တူတူအိမ်ကိုပြန်လိုက်ခဲ့ပါ ကော...
ကျွန်တော် ကောကို အိမ်ပြန်ခေါ်သွားပေးမယ်.....
ကျွန်တော့်ကိုထားမသွားပါနဲ့နော်....နော်....ကော"
လန်ကျန့်ရဲ့စကားအဆုံးမှာ ရှီးချန်ရဲ့အပြုံးတွေဟာပိုအသက်ဝင်သွားသလိုပဲ...
ပြီးတော့သွေးစွန်းနေတဲ့ရှီးချန်ရဲ့လက်လေးတစ်စုံဟာ လန်ကျန့်ပါးပေါ်ရောက်လာခဲ့တယ်....
လက်လေးကအရင်လိုနွေးထွေးနေတုန်းပဲ....
ဝမ်ကျီး စိတ်အားငယ်တိုင်း ဒုက္ခတွေနဲ့ကြုံလာတိုင်း တွဲလက်မဖြုတ်ခဲ့တဲ့လက်လေး....
ခုလိုဝမ်ကျီးပါးလေးပေါ်တင်ပြီး အမြဲအားပေးခဲ့တဲ့လက်လေး....
ခုလဲအရင်လိုနွေးထွေးနေဆဲလေ....
ရှီးချန်ဟာ ပြုံးပြီး လန်ကျန့်ကိုအကြာကြီးစိုက်ကြည့်နေခဲ့တယ်....
စကားကိုကြိုးစားပြီးပြောပေမယ့် လည်ချောင်းကထွက်ကျလာတာက စကားလုံးတွေမဟုတ်ပဲ သွေးတွေပဲဖြစ်နေခဲ့တယ်....
အတိုးဆုံးနဲ့ အညင်သာဆုံးစကားတစ်ခွန်း ရှီးချန်နောက်ဆုံးပြောခဲ့တယ်...
"ဝမ်ကျီး....ကောမရှိလည်းကိုယ့်ကိုကိုယ် ဂရုစိုက်နော်" တဲ့....
ရှီးချန်ပြုံးနေရင်း အပြုံးမပျက် မျက်လုံးလေးတွေမှိတ်သွားခဲ့တယ်......
ဝမ်ကျီးပါးပေါ်ကလက်လေးဟာပြေလျော့သွားခဲ့ပြီး မြေပေါ်ကိုလွတ်ကျသွားခဲ့တယ်....
ဒါပေမယ့်လက်လေးကနွေးတယ်လို့ထင်နေရတုန်းပဲ..
ဟုတ်တယ် ဝမ်ကျီးအတွက်တော့ ကော လက်တစ်စုံဟာ ထာဝရနွေးထွေးနေမှာပဲ....
ဝမ်ကျီးဟာမျက်နှာကိုကောင်းကင်ကိုမော့ရင်း ထပ်မံကျလာမဲ့မျက်ရည်တွေကို ထိန်းကြည့်လိုက်တယ်။
ဟုတ်တယ်....အဲဒါ ကော သူ့ကိုသင်ပေးခဲ့တာ....
ငယ်ငယ်ကအပြစ်လုပ်လို့ရိုက်ခံရတိုင်း နာလို့ ဝမ်ကျီးမျက်ရည်ကျချင်လာရင် ရှီးချန်ကအမြဲဒီလိုပြောတတ်တယ်....
'မျက်ရည်ကျမဲ့အစား အရမ်းလှတဲ့ ကောင်းကင်ကြီးကိုမော့ကြည့်ပြီး နာကျင်စရာမျက်ရည်တွေကိုမျက်လုံးထဲပြန်ဝင်ခိုင်းလိုက်နော်ဝမ်ကျီး' လို့။
သူအခု ကော ပြောသလိုလိုက်လုပ်ကြည့်ပေမယ့် မျက်ရည်တွေကဘာလို့ပြန်မဝင်သွားရတာလဲ ကော??
လန်ကျန့်ဟာ ရှီးချန်ကိုကလေးတစ်ယောက်လို ပွေ့ဖက်ချီရင်း မတ်တပ်ရပ်လိုက်တယ်....
တစ်ကိုယ်လုံးပွေ့ထားပေမယ့် ရှီးချန်လက်တစ်ဖက်က လျောကျလာခဲ့တယ်....
နောက်ဆုံးထွက်သွားတဲ့အချိန်ထိ လန်ကျန့်ဟာ ဝေ့ရင်းကို တစ်ချက်မှလှည့်မကြည့်လာခဲ့တော့ဘူး...
သူ့မျက်ဝန်းထဲမှာ ရှီးချန်ကိုယ်ထဲဖေါက်ပြီးအဆုံးထိဝင်သွားတဲ့ ဓါးတစ်ချောင်းကိုပဲတွေ့နေရတယ်...
သူ့မျက်ဝန်းထဲမှာ သူ့အကိုနဲ့အတူတူ ဖြတ်သန်းခဲ့ဖူးတဲ့အတိတ်ကပုံရိပ်တွေပဲ ထင်ဟပ်နေတယ်....
နောက်ကျောပေးလှည့်ထွက်သွားတဲ့ လန်ကျန့်ရဲ့မျက်နှာဟာ ရေခဲတမျှအေးစက်နေခဲ့တယ်....
မျက်ဝန်းတွေဟာအဓိပ္ပါယ်မဲနေခဲ့တယ်.....
ဝေ့ရင်း လှည့်ထွက်သွားတဲ့လန်ကျန့်ရဲ့ နောက်ကျောပြင်ကိုငေးရင်း အသက်မဲ့စွာနဲ့ဟားတိုက်ရယ်မောမိတယ်....
မျက်ဝန်းအိမ်ကမျက်ရည်တွေကတော့ လျှံကျလာတယ်....
ဟုတ်တယ်....လောကကြီးက သူ့အတွက် သိပ်မျက်လှည့်ဆန်လွန်းတယ်လေ.....
#################################
အလင်းပြလိုက်ပါပြီနော် 😭
တစ်ယောက်မှလဲမမှန်ဘူး
#################################