စိမ္းလန္းေနခဲ့တဲ့တခ်ိန္ကေတာအုပ္ေလးဟာ ခုေတာ့အနီေရာင္လႊမ္းေနၿပီ....
ေက်းငွက္သံသာသာအစား ျကားေနရတာေတြက နားနဲ႔ေတာင္မဆန္႔ႏိုင္တဲ့ ေအာ္ဟစ္မႈေတြနဲ႔လက္နက္သံေတြ.....
ဟုတ္တယ္ စစ္ပြဲစေနၿပီေလ....
စစ္ေျမျပင္ဆိုတာဘယ္ေလာက္ေၾကာက္စရာေကာင္းလဲမင္းတို႔သိရဲ႕လား??
သတိေလးတခ်က္လြတ္တာဟာ မင္းကိုဒုကိၡတျဖစ္သြားေစႏိုင္တယ္....
တမလြန္ေရာက္သြားေစႏိုင္တယ္....
အခ်ိဳ႕စစ္ပြဲအေတြ႕အၾကံဳေရာ တိုက္ရည္ခိုက္ရည္ေရာသိပ္မရွိေသးတဲ့ လူငယ္ေလးေတြဟာ ေသြးသံရဲရဲနဲ႔ေျချပတ္လက္ျပတ္ေတြ အေခြလိုက္ထြက္က်ေနတဲ့အူေတြနဲ႔ ေခါင္းျပတ္ေတြကိုၾကည့္ရင္း သတိေမ့သူကေမ့ အန္တဲ့သူကအန္ အသိစိတ္လြတ္သူကလြတ္ျဖစ္ကုန္တယ္။
ျပတ္ထြက္သြားတဲ့ကိုယ့္ရဲ႕ကိုယ္ခႏၵာအစိတ္အပိုင္းကို ကိုယ္ကိုင္ၿပီး ေသြး႐ူးေသြးတန္းေျပးေနတဲ့ သူေတြလည္းရွိတယ္။
ေဘးနားကေခါင္းျပတ္ႀကီးကေတာ့ ခုထိမ်က္ေတာင္ခတ္ရင္း အသက္ျပင္းေနေသးတုန္း..
ပတ္ဝန္းက်င္တစ္ခုလံုးလဲ ၫွီစို႔စို႔ ေသြးနံ့လွိုင္လွိုင္သင္းေနၿပီ.....
ႏွစ္ဖက္စလံုးအေသအေပ်ာက္ကေၾကာက္စရာပဲ....
ဒီေန႔နဲ႔ဆိုမရပ္မနားတိုက္ေနၾကတာ ၃ ရက္ရွိၿပီ....
ဝမ္က်ီးတစ္ေယာက္လည္း တိုက္ရင္းခိုက္ရင္းနဲ႔ ေဝ့ရင္း ကိုစစ္ေျမျပင္မွာလိုက္ေနရွာခဲ့တာ ၃ရက္လံုးလံုးေပါ့....
ဒါေပမယ့္ ေဝ့ရင္းကိုလံုးဝရွာခဲ့မေတြ႕ဘူး....
"ဘယ္မွာလဲ ေဝ့ရင္း....ကိုယ္နဲ႔ျပန္လိုက္ခဲ့ေတာ့ေလ"
မ်က္လံုးအစံုကေဝ့ရင္းကိုလိုက္ရွာရင္း ရင္ဘတ္ကိုတိုးဝင္လာတဲ့ဓါးကိုေရွာင္လိုက္တယ္....
ဓါးကိုင္ထားတဲ့လက္ကိုေဆာင့္ဆြဲလိုက္ၿပီး တစ္ခ်က္ပဲသူ႔လက္ဗလာနဲ႔ တစ္ဖက္လူႏွလံုးကိုဆြဲထုတ္ပစ္လိုက္တယ္....
ၿပီးေတာ့ပါးစပ္ကတစ္ခြန္းပဲေျပာလိုက္တယ္
"လာမေႏွာက္ယွက္နဲ႔"
အခုအခ်ိန္မွာ ဝမ္က်ီးဟာ vampire မ်ိဳးႏြယ္စုအတြက္ေတာ့ လူသတ္လက္နက္ပဲ....
ေဝ့ရင္းမေပၚလာေသးသေရြ႕ေပါ့....
ေတြ႕သမွ်လူ သူအကုန္သတ္မွာပဲ.....
နီရဲေနတဲ့သူ႔မ်က္ဝန္းေတြကသိပ္ေၾကာက္ဖို႔ေကာင္းတယ္....
ဟိုတစ ဒီတစေသြးစြန္းေနတဲ့ျဖဴလႊလႊဝတ္ရံုနဲ႔ ဝမ္က်ီးဟာ
တကယ့္ကို ဒဏၰာရီထဲက မိစၧာနတ္ဆိုးတစ္ေကာင္လိုပဲ.....
အနီေရာင္ဝင္းဝင္းေတာက္မ်က္လံုးနဲ႔ အျဖဴေရာင္နတ္ဆိုး။
လိုခ်င္တာမရေသးသေရြ႕ သူေဒါသေတြဟာ လူသတ္လက္နက္ျဖစ္ကုန္တယ္....
ဒါေပမယ့္လည္း အေမွာင္ဂိုဏ္းရဲ႕ ရဲမက္အင္အားကလည္း ေလ်ာ့တြက္မရဘူး.....
သူတို႔ရဲ႕ ငါးဆေလာက္ရွိတယ္.....
တစ္ေန႔တစ္ေန႔ အေလာင္းေတြဆိုတာ ေတာင္ပံုယာပံု....အပိုင္းပိုင္းအစအစေတြပဲ.....
ေျခလက္အဂါၤအျပည့္အစံုရွိတဲ့အေလာင္းဆိုတာ လက္ခ်ိဳးေရလို႔ရတယ္.....
ေန႔လဲမနား ညလဲမနား တိုက္ပြဲကေတာ့လံုးဝအရွိန္အဟုန္မပ်က္ပဲ.....
လူသားမဟုတ္တဲ့ မ်ိဳးႏြယ္စုေတြရဲ႕ျပင္းထန္တဲ့တိုက္ပြဲေပါ့......
ေကာင္းကင္က လမင္းႀကီးေတာင္ေသြးစြန္းေနၿပီ....
ပိုးစုန္းၾကဴးေလးေတြရဲ႕အလင္းေရာင္ကလည္းအဝါေရာင္မဟုတ္ေတာ့ဘူး.....အနီေရာင္ေျပာင္းေနၿပီ....
ဝမ္ေခ်ာင္ကေတာ့ သူ႔ေရွ႕မွာအားမာန္အျပည့္နဲ႔တိုက္ေနတဲ့ ေဒါသတႀကီး နတ္ဆိုးတစ္ေကာင္ကိုေတြ႕ေနရတယ္....
သူသိၿပီးသား အဲတာသူ႔ရဲ႕အဓိကရန္သူေတာ္ဆိုတာ...
သူခုခ်ိန္ထိဘာမွမလုပ္ေသးပဲ ထိုင္ေစာင့္ေနတာအေၾကာင္းရင္းတစ္ခုပဲရွိတယ္....
သူ တစ္စံုတစ္ေယာက္အလာကိုေစာင့္ေနတာ....
..................................................................
ဒီေန႔နဲ႔ဆို စစ္ပြဲျဖစ္ေနတာ ၃ရက္....
စစ္ပြဲသာၿပီးသြားမယ္....
ဒီပံုစံနဲ႔ဆိုအခ်ဳပ္ထဲကလြတ္လမ္းမျမင္....
ဘယ္သူေတြဘယ္လိုျဖစ္ေနၾကၿပီလဲ....အေျခအေနဘယ္လိုလဲေတာ့အနည္းဆံုးသိခ်င္မိသည္...
အဓိကက လန္က်န္႔ေပါ့.....
လန္က်န္႔ဘာမွမျဖစ္ပါေစနဲ႔လို႔ဆုေတာင္းခ်င္ေပမယ့္ သူ႔ဆုေတာင္းေတြကအၿမဲလြဲေခ်ာ္သည္မို႔ ေဝ့ရင္း ဆုလဲမေတာင္းရဲပါ....
ေျမေအာက္အခ်ဳပ္ခန္းျဖစ္သည္မို႔ အက်ဥ္းခန္းရဲ႕တစ္ဖက္နံရံ ခပ္ျမင့္ျမင့္မွာ ေလရေအာင္ေဖါက္ထားေသာ အျပင္ဖက္ ေျမျပင္နဲ႔ဆက္ထားသည့္တစ္ခုတည္းေသာ ျပတင္းက်ဥ္းက်ဥ္းေလးကိုပဲၾကည့္ရင္း အျပင္အေျခအေနကိုေလ့လာေနရသည္။
ထိုစဥ္ ႐ုတ္တရက္ ထိုျပတင္းေပါက္ေလးမွ 'ခၽြင္' ကနဲျမည္ၿပီးေျမေပၚက်လာေသာ ေျပာင္လက္လက္အရာေလးေၾကာင့္ ေဝ့ရင္း ထိုအရာေလးက်သြားသည့္ေနရာအားေျပးသြားလိုက္သည္။ သူထင္ထားသည့္အတိုင္း အက်ဥ္းခန္းေသာ့...
ဘယ္သူရယ္ဘယ္ဝါရယ္ ဘာရည္ရြယ္ခ်က္နဲ႔ အက်ဥ္းခန္းေသာ့လာေပးသြားလဲ စဥ္းစားခ်ိန္သူ႔မွာမရွိ...
တုန္ရီေနတဲ့လက္ေတြနဲ႔ေသာ့ဖြင့္ရင္း တရွိန္ထိုးစစ္ေျမျပင္ရွိရာေနရာသို႔သြားခဲ့သည္။
စစ္ေျမျပင္ေရာက္ေတာ့သူ႔ဝမ္းနည္းသြားရသည္။
ဘာ....ဒီေနရာဟာစစ္ေျမျပင္တဲ့လား??
ရက္စက္လိုက္ၾကတာ....
တခ်ိန္ကသူနဲ႔လန္က်န္႔ ႏွစ္ေယာက္ထဲၾကည္ႏူးခဲ့ၾကရတဲ့ေနရာဟာ ခုေတာ့စစ္ေျမျပင္တဲ့လား??
ေရတံခြန္ကေနစီးေနတဲ့ေရေတြဟာ ခုေတာ့ေသြးေခ်ာင္းစီးေနၿပီတဲ့လား??
သူလက္ညိဳးထိုးၿပီး ေအးခ်မ္းတဲ့ တရားမွ်တတဲ့ အားလံုးတန္းတူအခြင့္အေရးရွိတဲ့ရြာေလး တည္ၾကမယ္ဆိုတဲ့ေနရာဟာ ခုေတာ့လူေသအေလာင္းပံုတဲ့ေနရာတဲ့လား...??
ဟား ေလာကႀကီးကသိပ္မ်က္လွည့္ျပလြန္းတယ္...
ရင္နဲ႔မဆန္႔တဲ့ခံစားခ်က္ေတြက မ်က္ရည္ေတြအျဖစ္နဲ႔ပဲက်ဆင္းသြားေတာ့တယ္။
..................................................................
စစ္ေျမျပင္ထဲေရာက္လာတဲ့ ေဝ့ရင္းကို ပထမဆံုးလွမ္းေတြ႕လိုက္တဲ့သူက လန္ရွီးခ်န္....
ရွီးခ်န္ ဝမ္က်ီးကိုလွမ္းၾကည့္လိုက္ေတာ့ ဝမ္က်ီးကခုခ်ိန္ထိ ေဝ့ရင္းေရာက္လာတာ သိပံုမေပၚေသးဘူး။
ဝမ္က်ီးကေရတံခြန္နဲ႔ဆန္႔က်င္ဘက္ ဟိုးျမစ္ရဲ႕အဆံုးပိုင္းနားေလာက္မွာျဖစ္ၿပီး
ရွီးခ်န္နဲ႔ေဝ့ရင္းက ေရတံခြန္နားမလွမ္းမကမ္းမွာရွိေနၾကတာ....
ရွီးခ်န္စိတ္ထဲေပၚလာတာတစ္ခုပဲရွိတယ္....
သိပ္ေၾကာက္စရာေကာင္းတဲ့အရာေပါ့....
ေဝ့ရင္းကိုထာဝရေပ်ာက္ကြယ္သြားေစခ်င္တယ္...
ဟုတ္တယ္....အကိုတစ္ေယာက္အေနနဲ႔ သိပ္ခ်စ္ရတဲ့ညီေလး ဘဝပ်က္ၿပီး အ႐ူးတစ္ေယာက္လိုခံစားရတာ ေဝ့ရင္းေၾကာင့္ဆိုတာသိမွေတာ့ ေဝ့ရင္းကိုသူမုန္းပိ္ုင္ခြင့္ရွိတယ္မဟုတ္လား??
ေဝ့ရင္းသာမရွိေတာ့ရင္ တေန႔ေန႔ တခ်ိန္ခ်ိန္ေတာ့ ဝမ္က်ီးအရင္လိုျပန္ျဖစ္လာမွာပါလို႔သူေမွ်ာ္လင့္ေနတုန္းပဲ....
ဘယ္ေလာက္ၾကာၾကာေပါ့....သူတို႔လို vampire ဆိုတာအခ်ိန္ေတြဂ႐ုစိုက္ေနစရာမွမလိုတာ...
အကိုတစ္ေယာက္အေနနဲ႔ ညီေလးကို ထပ္ၿပီးမထိခိုက္ေစခ်င္ေတာ့တာ ကာကြယ္ေပးခ်င္တာ သူ႔အမွားလား??
အခုအခ်ိန္စစ္ေျမျပင္မွာ လက္နက္မပါ မလႈပ္မယွက္ အသိစိတ္လြတ္ၿပီး ငူငူငိုင္ငိုင္ရပ္ေနတဲ့ ေဝ့ရင္းဟာ သတ္ဖို႔အခြင့္ေကာင္းပဲမဟုတ္လား??
ရွီးခ်န္သိပ္မစဥ္းစားေနေတာ့ပဲ ေဝ့ရင္းရွိေနရာသို႔ ကိုယ္ေဖာ့ေျပးကာ ေလထဲကေန ေဝ့ရင္း ႏွလံုးသားတည့္တည့္ကိုဓါးနဲ႔ခ်ိန္ၿပီးအထိုး.....
"ေဝ့ရင္း" ဆိုတဲ့ေအာ္ေခၚသံၾကားလို႔ ေဝ့ရင္းက ေခါင္းကိုေနာက္လွည့္ၿပီးေတာ့အၾကည့္....
သူ႔ဆီ႐ုတ္တရက္ပ်ံဝဲလာတဲ့ ဓါးတေခ်ာင္းရဲ႕ဓါး႐ိုးကိုလက္လွမ္းဆုပ္လိုက္ၿပီး
အေရွ႕ကေန သူရင္ဘတ္တည့္တည့္ဆီဝင္လာတဲ့ ဓါးသြားရဲ႕ဦးတည္ခ်က္ ေျပာင္းျပန္အတိုင္း ေခါင္းလွည့္မၾကည့္ပဲ ဓါးကိုျပန္ထိုးလိုက္တဲ့အခိုက္.....
ေသြးေတြနဲ႔အတူ ေျမျပင္ေပၚျပဳတ္က်သြားတဲ့ လူတစ္ဦး.....
ကံၾကမၼာဆိုတာ မွန္းရခက္သည္တဲ့လား??
#################################
ဘယ္သူလို႔ထင္ၾကလဲေဝ???
လန္ဝမ္က်ီး?
ေဝ့ရင္း?
လန္ရွီးခ်န္?
ဝမ္ေခ်ာင္?
ဘယ္သူက ဘယ္သူရဲ႕ဓါးခ်က္ကိုခံယူသြားလဲဆိုတာကေတာ့.....
ဆက္လက္ရႈစားၾကကုန္....
😝😝
Btw, comments ေတြအမ်ားႀကီးေတြ႕ေတာ့ အရမ္းအားတက္သြားပါတယ္....
ေပၚလာသမွ် comments ေတြအကုန္ reply ျပန္ပါတယ္... ခ်စ္လို႔ပါ...
Reply မျပန္မိတာရွိခဲ့ရင္ မ်က္စိရွန္းၿပီးမေတြ႕လိုက္လို႔ပါေနာ္.... 😘😘
#################################
Unicode
စိမ်းလန်းနေခဲ့တဲ့တချိန်ကတောအုပ်လေးဟာ ခုတော့အနီရောင်လွှမ်းနေပြီ....
ကျေးငှက်သံသာသာအစား ကြားနေရတာတွေက နားနဲ့တောင်မဆန့်နိုင်တဲ့ အော်ဟစ်မှုတွေနဲ့လက်နက်သံတွေ.....
ဟုတ်တယ် စစ်ပွဲစနေပြီလေ....
စစ်မြေပြင်ဆိုတာဘယ်လောက်ကြောက်စရာကောင်းလဲမင်းတို့သိရဲ့လား??
သတိလေးတချက်လွတ်တာဟာ မင်းကိုဒုက္ခိတဖြစ်သွားစေနိုင်တယ်....
တမလွန်ရောက်သွားစေနိုင်တယ်....
အချို့စစ်ပွဲအတွေ့အကြုံရော တိုက်ရည်ခိုက်ရည်ရောသိပ်မရှိသေးတဲ့ လူငယ်လေးတွေဟာ သွေးသံရဲရဲနဲ့ခြေပြတ်လက်ပြတ်တွေ အခွေလိုက်ထွက်ကျနေတဲ့အူတွေနဲ့ ခေါင်းပြတ်တွေကိုကြည့်ရင်း သတိမေ့သူကမေ့ အန်တဲ့သူကအန် အသိစိတ်လွတ်သူကလွတ်ဖြစ်ကုန်တယ်။
ပြတ်ထွက်သွားတဲ့ကိုယ့်ရဲ့ကိုယ်ခန္ဒာအစိတ်အပိုင်းကို ကိုယ်ကိုင်ပြီး သွေးရူးသွေးတန်းပြေးနေတဲ့ သူတွေလည်းရှိတယ်။
ဘေးနားကခေါင်းပြတ်ကြီးကတော့ ခုထိမျက်တောင်ခတ်ရင်း အသက်ပြင်းနေသေးတုန်း..
ပတ်ဝန်းကျင်တစ်ခုလုံးလဲ ညှီစို့စို့ သွေးနံ့လှိုင်လှိုင်သင်းနေပြီ.....
နှစ်ဖက်စလုံးအသေအပျောက်ကကြောက်စရာပဲ....
ဒီနေ့နဲ့ဆိုမရပ်မနားတိုက်နေကြတာ ၃ ရက်ရှိပြီ....
ဝမ်ကျီးတစ်ယောက်လည်း တိုက်ရင်းခိုက်ရင်းနဲ့ ဝေ့ရင်း ကိုစစ်မြေပြင်မှာလိုက်နေရှာခဲ့တာ ၃ရက်လုံးလုံးပေါ့....
ဒါပေမယ့် ဝေ့ရင်းကိုလုံးဝရှာခဲ့မတွေ့ဘူး....
"ဘယ်မှာလဲ ဝေ့ရင်း....ကိုယ်နဲ့ပြန်လိုက်ခဲ့တော့လေ"
မျက်လုံးအစုံကဝေ့ရင်းကိုလိုက်ရှာရင်း ရင်ဘတ်ကိုတိုးဝင်လာတဲ့ဓါးကိုရှောင်လိုက်တယ်....
ဓါးကိုင်ထားတဲ့လက်ကိုဆောင့်ဆွဲလိုက်ပြီး တစ်ချက်ပဲသူ့လက်ဗလာနဲ့ တစ်ဖက်လူနှလုံးကိုဆွဲထုတ်ပစ်လိုက်တယ်....
ပြီးတော့ပါးစပ်ကတစ်ခွန်းပဲပြောလိုက်တယ်
"လာမနှောက်ယှက်နဲ့"
အခုအချိန်မှာ ဝမ်ကျီးဟာ vampire မျိုးနွယ်စုအတွက်တော့ လူသတ်လက်နက်ပဲ....
ဝေ့ရင်းမပေါ်လာသေးသရွေ့ပေါ့....
တွေ့သမျှလူ သူအကုန်သတ်မှာပဲ.....
နီရဲနေတဲ့သူ့မျက်ဝန်းတွေကသိပ်ကြောက်ဖို့ကောင်းတယ်....
ဟိုတစ ဒီတစသွေးစွန်းနေတဲ့ဖြူလွှလွှဝတ်ရုံနဲ့ ဝမ်ကျီးဟာ
တကယ့်ကို ဒဏ္ဏာရီထဲက မိစ္ဆာနတ်ဆိုးတစ်ကောင်လိုပဲ.....
အနီရောင်ဝင်းဝင်းတောက်မျက်လုံးနဲ့ အဖြူရောင်နတ်ဆိုး။
လိုချင်တာမရသေးသရွေ့ သူဒေါသတွေဟာ လူသတ်လက်နက်ဖြစ်ကုန်တယ်....
ဒါပေမယ့်လည်း အမှောင်ဂိုဏ်းရဲ့ ရဲမက်အင်အားကလည်း လျော့တွက်မရဘူး.....
သူတို့ရဲ့ ငါးဆလောက်ရှိတယ်.....
တစ်နေ့တစ်နေ့ အလောင်းတွေဆိုတာ တောင်ပုံယာပုံ....အပိုင်းပိုင်းအစအစတွေပဲ.....
ခြေလက်အဂါင်္အပြည့်အစုံရှိတဲ့အလောင်းဆိုတာ လက်ချိုးရေလို့ရတယ်.....
နေ့လဲမနား ညလဲမနား တိုက်ပွဲကတော့လုံးဝအရှိန်အဟုန်မပျက်ပဲ.....
လူသားမဟုတ်တဲ့ မျိုးနွယ်စုတွေရဲ့ပြင်းထန်တဲ့တိုက်ပွဲပေါ့......
ကောင်းကင်က လမင်းကြီးတောင်သွေးစွန်းနေပြီ....
ပိုးစုန်းကြူးလေးတွေရဲ့အလင်းရောင်ကလည်းအဝါရောင်မဟုတ်တော့ဘူး.....အနီရောင်ပြောင်းနေပြီ....
ဝမ်ချောင်ကတော့ သူ့ရှေ့မှာအားမာန်အပြည့်နဲ့တိုက်နေတဲ့ ဒေါသတကြီး နတ်ဆိုးတစ်ကောင်ကိုတွေ့နေရတယ်....
သူသိပြီးသား အဲတာသူ့ရဲ့အဓိကရန်သူတော်ဆိုတာ...
သူခုချိန်ထိဘာမှမလုပ်သေးပဲ ထိုင်စောင့်နေတာအကြောင်းရင်းတစ်ခုပဲရှိတယ်....
သူ တစ်စုံတစ်ယောက်အလာကိုစောင့်နေတာ....
..................................................................
ဒီနေ့နဲ့ဆို စစ်ပွဲဖြစ်နေတာ ၃ရက်....
စစ်ပွဲသာပြီးသွားမယ်....
ဒီပုံစံနဲ့ဆိုအချုပ်ထဲကလွတ်လမ်းမမြင်....
ဘယ်သူတွေဘယ်လိုဖြစ်နေကြပြီလဲ....အခြေအနေဘယ်လိုလဲတော့အနည်းဆုံးသိချင်မိသည်...
အဓိကက လန်ကျန့်ပေါ့.....
လန်ကျန့်ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းချင်ပေမယ့် သူ့ဆုတောင်းတွေကအမြဲလွဲချော်သည်မို့ ဝေ့ရင်း ဆုလဲမတောင်းရဲပါ....
မြေအောက်အချုပ်ခန်းဖြစ်သည်မို့ အကျဉ်းခန်းရဲ့တစ်ဖက်နံရံ ခပ်မြင့်မြင့်မှာ လေရအောင်ဖေါက်ထားသော အပြင်ဖက် မြေပြင်နဲ့ဆက်ထားသည့်တစ်ခုတည်းသော ပြတင်းကျဉ်းကျဉ်းလေးကိုပဲကြည့်ရင်း အပြင်အခြေအနေကိုလေ့လာနေရသည်။
ထိုစဉ် ရုတ်တရက် ထိုပြတင်းပေါက်လေးမှ 'ချွင်' ကနဲမြည်ပြီးမြေပေါ်ကျလာသော ပြောင်လက်လက်အရာလေးကြောင့် ဝေ့ရင်း ထိုအရာလေးကျသွားသည့်နေရာအားပြေးသွားလိုက်သည်။ သူထင်ထားသည့်အတိုင်း အကျဉ်းခန်းသော့...
ဘယ်သူရယ်ဘယ်ဝါရယ် ဘာရည်ရွယ်ချက်နဲ့ အကျဉ်းခန်းသော့လာပေးသွားလဲ စဉ်းစားချိန်သူ့မှာမရှိ...
တုန်ရီနေတဲ့လက်တွေနဲ့သော့ဖွင့်ရင်း တရှိန်ထိုးစစ်မြေပြင်ရှိရာနေရာသို့သွားခဲ့သည်။
စစ်မြေပြင်ရောက်တော့သူ့ဝမ်းနည်းသွားရသည်။
ဘာ....ဒီနေရာဟာစစ်မြေပြင်တဲ့လား??
ရက်စက်လိုက်ကြတာ....
တချိန်ကသူနဲ့လန်ကျန့် နှစ်ယောက်ထဲကြည်နူးခဲ့ကြရတဲ့နေရာဟာ ခုတော့စစ်မြေပြင်တဲ့လား??
ရေတံခွန်ကနေစီးနေတဲ့ရေတွေဟာ ခုတော့သွေးချောင်းစီးနေပြီတဲ့လား??
သူလက်ညိုးထိုးပြီး အေးချမ်းတဲ့ တရားမျှတတဲ့ အားလုံးတန်းတူအခွင့်အရေးရှိတဲ့ရွာလေး တည်ကြမယ်ဆိုတဲ့နေရာဟာ ခုတော့လူသေအလောင်းပုံတဲ့နေရာတဲ့လား...??
ဟား လောကကြီးကသိပ်မျက်လှည့်ပြလွန်းတယ်...
ရင်နဲ့မဆန့်တဲ့ခံစားချက်တွေက မျက်ရည်တွေအဖြစ်နဲ့ပဲကျဆင်းသွားတော့တယ်။
..................................................................
စစ်မြေပြင်ထဲရောက်လာတဲ့ ဝေ့ရင်းကို ပထမဆုံးလှမ်းတွေ့လိုက်တဲ့သူက လန်ရှီးချန်....
ရှီးချန် ဝမ်ကျီးကိုလှမ်းကြည့်လိုက်တော့ ဝမ်ကျီးကခုချိန်ထိ ဝေ့ရင်းရောက်လာတာ သိပုံမပေါ်သေးဘူး။
ဝမ်ကျီးကရေတံခွန်နဲ့ဆန့်ကျင်ဘက် ဟိုးမြစ်ရဲ့အဆုံးပိုင်းနားလောက်မှာဖြစ်ပြီး
ရှီးချန်နဲ့ဝေ့ရင်းက ရေတံခွန်နားမလှမ်းမကမ်းမှာရှိနေကြတာ....
ရှီးချန်စိတ်ထဲပေါ်လာတာတစ်ခုပဲရှိတယ်....
သိပ်ကြောက်စရာကောင်းတဲ့အရာပေါ့....
ဝေ့ရင်းကိုထာဝရပျောက်ကွယ်သွားစေချင်တယ်...
ဟုတ်တယ်....အကိုတစ်ယောက်အနေနဲ့ သိပ်ချစ်ရတဲ့ညီလေး ဘဝပျက်ပြီး အရူးတစ်ယောက်လိုခံစားရတာ ဝေ့ရင်းကြောင့်ဆိုတာသိမှတော့ ဝေ့ရင်းကိုသူမုန်းပိ်ုင်ခွင့်ရှိတယ်မဟုတ်လား??
ဝေ့ရင်းသာမရှိတော့ရင် တနေ့နေ့ တချိန်ချိန်တော့ ဝမ်ကျီးအရင်လိုပြန်ဖြစ်လာမှာပါလို့သူမျှော်လင့်နေတုန်းပဲ....
ဘယ်လောက်ကြာကြာပေါ့....သူတို့လို vampire ဆိုတာအချိန်တွေဂရုစိုက်နေစရာမှမလိုတာ...
အကိုတစ်ယောက်အနေနဲ့ ညီလေးကို ထပ်ပြီးမထိခိုက်စေချင်တော့တာ ကာကွယ်ပေးချင်တာ သူ့အမှားလား??
အခုအချိန်စစ်မြေပြင်မှာ လက်နက်မပါ မလှုပ်မယှက် အသိစိတ်လွတ်ပြီး ငူငူငိုင်ငိုင်ရပ်နေတဲ့ ဝေ့ရင်းဟာ သတ်ဖို့အခွင့်ကောင်းပဲမဟုတ်လား??
ရှီးချန်သိပ်မစဉ်းစားနေတော့ပဲ ဝေ့ရင်းရှိနေရာသို့ ကိုယ်ဖော့ပြေးကာ လေထဲကနေ ဝေ့ရင်း နှလုံးသားတည့်တည့်ကိုဓါးနဲ့ချိန်ပြီးအထိုး.....
"ဝေ့ရင်း" ဆိုတဲ့အော်ခေါ်သံကြားလို့ ဝေ့ရင်းက ခေါင်းကိုနောက်လှည့်ပြီးတော့အကြည့်....
သူ့ဆီရုတ်တရက်ပျံဝဲလာတဲ့ ဓါးတချောင်းရဲ့ဓါးရိုးကိုလက်လှမ်းဆုပ်လိုက်ပြီး
အရှေ့ကနေ သူရင်ဘတ်တည့်တည့်ဆီဝင်လာတဲ့ ဓါးသွားရဲ့ဦးတည်ချက် ပြောင်းပြန်အတိုင်း ခေါင်းလှည့်မကြည့်ပဲ ဓါးကိုပြန်ထိုးလိုက်တဲ့အခိုက်.....
သွေးတွေနဲ့အတူ မြေပြင်ပေါ်ပြုတ်ကျသွားတဲ့ လူတစ်ဦး.....
ကံကြမ္မာဆိုတာ မှန်းရခက်သည်တဲ့လား??
##################################
ဘယ်သူလို့ထင်ကြလဲဝေ???
လန်ဝမ်ကျီး?
ဝေ့ရင်း?
လန်ရှီးချန်?
ဝမ်ချောင်?
ဘယ်သူက ဘယ်သူရဲ့ဓါးချက်ကိုခံယူသွားလဲဆိုတာကတော့.....
ဆက်လက်ရှုစားကြကုန်....
😝😝
Btw, comments တွေအများကြီးတွေ့တော့ အရမ်းအားတက်သွားပါတယ်....
ပေါ်လာသမျှ comments တွေအကုန် reply ပြန်ပါတယ်... ချစ်လို့ပါ...
Reply မပြန်မိတာရှိခဲ့ရင် မျက်စိရှန်းပြီးမတွေ့လိုက်လို့ပါနော်.... 😘😘
#################################