ေနေရာင္စူးစူးကမ်က္လံုးထိုးလာေတာ့ လန္က်န္႔ေျဖးေျဖးျခင္းမ်က္ဝန္းေလးေတြဖြင့္လိုက္သည္။
ခ်စ္ရသူ ေဝ့ရင္းနဲ႔ျဖတ္သန္းရတဲ့ တစ္ညတာဟာ သိပ္ကိုုုၾကည္ႏူးစရာေကာင္းခဲ့သည္ မဟုတ္ပါလား??
မ်က္လံုးဖြင့္လိုက္သည္ႏွင့္ျမင္ေနရေသာ ေကာင္းကင္ျပာႀကီးက အရင္ေန႔ေတြထက္ပိုလွေနသလို....
တေယာက္တည္းေက်နပ္စြာျပံဳးရင္း ေဘးလွည့္ၾကည့္မိေတာ့....
.
.
.
.
ရင္ထဲဟာထြက္သြားသည္။
ဆန္႔ထားတဲ့ကိုယ့္လက္ေမာင္းကို ကိုယ္ျပန္ၾကည့္ရင္း မ်က္ရည္ေတြအဆက္မျပတ္ၾကလာသည္။
'ဘာလို႔လဲ' ဆိုတဲ့ေမးခြန္းက ေခါင္းထဲမွာအေရးေပၚေခါင္းေလာင္းထိုးသံလို ျမည္ဟိန္းေနၿပီ။
ႏွလံုးသားကေတာ့ သံရည္ပူနဲ႔ေလာင္းခ်ခံလိုက္ရသလိုပဲ။ ကၽြမ္းသြားၿပီ။
ကိုယ့္လက္ေမာင္းကို ကိုယ္ျပန္ၾကည့္ေနခဲ့တာ အခ်ိန္ဘယ္ေလာက္ၾကာသြားမွန္းေတာင္ မသိလိုက္ဘူး။
"ဝမ္က်ီး"
မ်က္ႏွာေလးေတာင္မေရြ႕ေစပဲ ရွီးခ်န္ကို လန္က်န္႔ တခ်က္လွမ္းၾကည့္လိုက္သည္။
ျဖစ္ႏိုင္ရင္ ေဝ့ရင္း ေခါင္းအံုးအိပ္သြားတဲ့ ကိုယ့္လက္ေမာင္းကို နဲနဲမွေနရာမေရြ႕ေစခ်င္ေသးဘူး။
ေဝ့ရင္း ျပန္လာတဲ့အထိေပါ့။
(လန္႔က်န္႔ရယ္....ေရးရင္းငါငိုေနပါၿပီ 😭😭)
"ဝမ္က်ီး"
"ေကာ....တိုးတိုးေန....ေဝ့ရင္းအိပ္ေနတယ္"
"ဝမ္က်ီးရယ္....."
ရွီးခ်န္မ်က္ရည္ေတြကိုဆက္လက္ထိန္းထားႏိုင္စြမ္းမရွိေတာ့။
ညီငယ္ေလးကိုေျပးဖက္ကာ ရင္ကြဲမတတ္ ရွီးခ်န္ငိုမိသည္။
ဝမ္က်ီးကမ်က္ရည္တစက္မွမက်ေတာ့။ ဘာမွမရွိတဲ့အေရွ႕ကိုသာ ငူငူငိုင္ငိုင္ႀကီးၾကည့္ေနၿပီး ရွီးခ်န္ရင္ခြင္ထဲမွာ အ႐ုပ္ႀကိဳးျပတ္။
ရွီးခ်န္ ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္ၿပီး မိုးနတ္မင္းကို ဘဝမွာပထမဆံုးအႀကိမ္ က်ိန္ဆဲလိုက္သည္။
ရွီးခ်န္မ်က္ရည္ေတြကိုျပန္ထိန္းရင္း
"ဝမ္က်ီး ျပန္ရေအာင္ေလ...."
"ဝမ္က်ီး....ဒီမွာပဲ.....ေနခ်င္တယ္"
ျပန္လိုက္ရန္ျငင္းဆန္ေနေသာ ညီငယ္ေလးကိုေမ့ေမ်ာသြားေအာင္လုပ္ၿပီး ေခၚေဆာင္သြားရံုမွတပါးမရွိပါေခ်။
………………………………………………………...
ဝမ္ေခ်ာင္ POV
မနက္ျဖန္ဆို သူနဲ႔ေဝ့ရင္းနဲ႔ မဂၤလာပြဲ။ ေျပာျပလို႔မရေအာင္ကို သူေပ်ာ္ေနသည္။ မဂၤလာပြဲအခန္းအနားအတြက္ သူကိုယ္တိုင္ပါဝင္ၿပီးေတာ့ကိုျပင္ဆင္ေနမိသည္။
အထူးသျဖင့္ မဂၤလာဦးအခန္းေလးေပါ့။
ေနာက္ဆံုးေတာ့ သိပ္ခ်စ္ရသူကိုပိုင္ဆိုင္ရေတာ့မယ္ေလ....
သူ႔အတြက္ေတာ့ ေဝ့ရင္း သူ႔အနားမွာရွိေနဖို႔ကပဲအဓိကက်သည္။ ဘယ္လိုပံု ဘယ္လိုနည္းနဲ႔ပဲရွိရွိ ေဝ့ရင္းရွိေနေပးဖို႔ပဲ။
အေတြးေတြ အေပ်ာ္ေတြ တေပြ႕တပိုက္ႀကီးနဲ႔ သူ....
မဂၤလာပြဲကမနက္ျဖန္မနက္ဆိုေပမယ့္ ဒီညေလးလဲခ်စ္ရသူမ်က္ႏွာေလးေတာ့ ခဏျဖစ္ျဖစ္ျမင္ခ်င္မိေသးတယ္....
အျပံဳးေတြကသူ႔အတြက္မဟုတ္ဘူး ဆိုရင္ေတာင္မွေပါ့...
ေပ်ာ္ရႊင္ျခင္းေတြနဲ႔ ခ်စ္ျခင္းေတြနဲ႔ အေျပးလာခဲ့တဲ့သူ..
ခ်စ္ရသူအခန္းေရွ႕ အေရာက္မွာ သူ႔ရဲ႕ေမွ်ာ္လင့္ျခင္း ဖန္လံုးေလးတစဆီက်ကြဲသတဲ့လား??
ပူေလာင္တဲ့ေသာကမီးေတြနဲ႔ အ႐ူးခြက္ေပ်ာက္သလိုလိုက္ရွာေပမယ့္မေတြ႕မွေတာ့ ေသခ်ာၿပီေလ...
ငါမင္းကို ခဏခဏေျပာပါတယ္ ေဝ့ရင္း...
အခ်စ္ႀကီးရင္အမ်က္ႀကီးတယ္လို႔....
ေနာက္ဆံုးသူနားလည္ခဲ့တာက.....
ဒီကမ႓ာမွာ လန္ဝမ္က်ီးဆိုတဲ့လူသားရွိေနသ၍ သူ ေဝ့ရင္းကို ဘယ္ေတာ့မွပိုင္ဆိုင္ခြင့္ရမွာ မဟုတ္ဘူးဆိုတာပဲ....
သူဟာ ဒုတိယလူ...
ဒါေပမယ့္ ပထမလူမရွိေတာ့ရင္ သူပထမလူျဖစ္လာႏိုင္ေသးသည္မဟုတ္လား....
အဲဒီေတာ့လုပ္စရာတစ္လမ္းပဲရွိတယ္....
ဟားဟား....လန္ဝမ္က်ီးကိုသတ္ရမွာေပါ့...
………………………………………………………...
ေဝ့ရင္း လန္က်န္႔ကိုတခ်က္မွ ေနာက္ျပန္လွည့္မၾကည့္ပဲ အိမ္သို႔ျပန္ေျပးခဲ့သည္။
သူ လန္က်န္႔နဲ႔သြားေတြ႕တာ ဝမ္ေခ်ာင္သိ၍မျဖစ္။
သို႔ေသာ္ သူ႔ဆုေတာင္းမျပည့္ခဲ့ပါ။
အိမ္တံခါးကိုဖြင့္လိုက္ေတာ့ ဆီးႀကိဳေနတဲ့ျမင္ကြင္းက သူ႔ကိုသံပူနဲ႔ကပ္လိုက္သလို ခံျပင္းရသည္။
သူတို႔ေဝ့မ်ိဳးႏြယ္အိမ္ဦးစီးထိုင္ခံုမွာ ဒူးႏွစ္ဖက္ကားခါ အသင့္သားထိုင္ေနတဲ့ ဝမ္ေခ်ာင္။ မဲ့ျပံဳးျပံဳးရင္း ျပန္လာေသးတယ္ေနာ္ ဆိုတဲ့အၾကည့္နဲ႔....
ဝမ္ေခ်ာင့္ ေျခႏွစ္ဖက္ေအာက္နားမွာ ဒါဏ္ရာေတြနဲ့အတံုးအရံုးလဲေနတဲ့ မိဘႏွစ္ပါး။
ဝမ္ေခ်ာင့္ပံုစံက မင္းေၾကာင့္ မင္းမိဘေတြဒီလိုျဖစ္ရတာဆိုတဲ့ ပံုစံမ်ိဳး။
ေဝ့ရင္း ေဒါသေတြနဲ႔ ဝမ္ေခ်ာင္ထိုင္ေနရာ ေနရာကိုေျပးသြားေတာ့ ဝမ္ေခ်ာင္က ေဝ့ရင္းအေဖဆံပင္ကိုေဆာင့္ဆြဲကာ အေဖ့လည္ပင္းေပၚတင္လိုက္တဲ့ ဓါးသြား....
ေဝ့ရင္းသာဒီထက္ပိုၿပီး နဲနဲေလးေနာက္က်ခဲ့ရင္ သူ႔မိဘေတြအသက္ဆံုးေနခဲ့ၿပီးေလာက္ၿပီ...
တကယ္ေတာ့ ဝမ္ေခ်ာင္ကလဲ ေဝ့ရင္းျပန္လာမွာမဟုတ္ဘူးလို႔ ထင္ထားခဲ့သည္။
"ဝမ္ေခ်ာင္ မင္း...မင္း ယုတ္မာလွပါလား...
ငါမင္းဆႏၵအတိုင္း မင္းနဲ႔လက္ထက္ဖို႔ကတိေပးၿပီးၿပီေလ...
ဒါဘာလုပ္တာလဲ??"
"ဟားဟား....ယုတ္မာတယ္ ဟုတ္လား??
ေဝ့ရင္း...ေဝ့ရင္း
ေျပာၾကည့္စမ္းပါဦး....ငါမင္းကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာသိသားနဲ႔ မင္းအခြင့္အေရးေတြယူတာကေရာ ယုတ္မာတယ္လို႔မေခၚဘူးလား???
ဟားဟား ဘာလဲ??
လူေတြက လူယုတ္မာေတြမွပဲ
ယုတ္မာတတ္တယ္လို႔ထင္တာလား?? ကလိန္က်စ္ဉာဏ္ဆင္တတ္တယ္လို႔ ယူဆၾကတာလား??
လူယုတ္မာေတြဆိုရင္မုန္းတာလား??
ဒါမွမဟုတ္ ရြံတာလား??
ဟုတ္ေလာက္တယ္။ ဟားဟား....ဟုတ္တယ္။
လူယုတ္မာဆိုတာ မင္းတို႔ထင္တဲ့အတိုင္း အကုန္မွန္တယ္.....
ဒါေပမယ့္ တခုေတာ့မင္းတို႔ေမ့ေနတယ္...ေဝ့ရင္း
လူယုတ္မာမွာလဲ အခ်စ္နဲ့ခံစားခ်က္ရွိတယ္။
မင္းတို႔ေမ့ေနတဲ့ အဲဒီခံစားခ်က္ကို နားလည္လာေအာင္ ငါေသခ်ာေျပာျပမယ္....
မင္း မင္းမိဘေတြနဲ႔မင္းတို႔တမ်ိဳးလံုးရဲ႕အသက္ကို အဆံုးရံႈးခံမလား??
လန္ဝမ္က်ီးတို႔မိသားတစုလံုးကိုသတ္မလား??
ၿပီးေတာ့ဒီမဂၤလာပြဲကို ငါဖ်က္သိမ္းတယ္....
စစ္ပြဲအတြက္လည္းျပင္ထားဖို႔မေမ့နဲ႔ေနာ္ ေဝ့ရင္း.... ငါစစ္ေၾကျငာလိုက္ၿပီးၿပီ.....
ဒါနဲ႔ ငါခုနေပးတဲ့ ေရြးခ်ယ္စရာႏွစ္ခုထဲက မင္းေရြးခ်ယ္ၿပီးၿပီဆို ငါ့လာေျပာ ဟုတ္လား....
ေၾသာ္...ဒါနဲ႔ သတ္ေသဖို႔ေတာ့မစဥ္းစားနဲ႔ဦးေနာ္.... မင္းသတ္ေသရင္ သူတို႔လဲမင္းေနာက္လိုက္လာေစရမယ္"
ဝမ္ေခ်ာင္က ေဝ့ရင္းမိဘေတြကိုလက္ညိဳးထိုးရင္း ေနာက္ဆံုးေျပာသြားခဲ့သည္။
"ရဲမက္ေတြ ဒီလူေတြအားလံုးကို အေမွာင္တိုက္အက်ဥ္းထဲပို႔ထားလိုက္ၾက"
ဝမ္ေခ်ာင္နဲ႔ရဲမက္ေတြထြက္သြားၾကတဲ့အထိ ေဝ့ရင္းဟာထိုေနရာမွာပဲ မလႈပ္မယွက္ရပ္ေနခဲ့တယ္။
မိဘေတြနဲ႔တမ်ိဳးလံုးရဲ႕အသက္ကို အဆံုးရံႈးခံမလား??
ခ်စ္ရသူနဲ့မိသားစုတစုလံုးကိုသတ္မလား??
ဟားဟား ဒါဟာေရြးခ်ယ္စရာတဲ့လား???
ဒါကိုေရြးခ်ယ္စရာလို႔ေခၚလား??
ေျပာၾကစမ္းပါဦး....ဒါဟာေရြးခ်ယ္စရာေရာဟုတ္ခဲ့လို႔လား???
ကိုယ့္အသက္ကိုကိုယ္ေတာင္ ကိုယ္မပိုင္ေတာ့တဲ့ ဘဝမွာ ေရြးခ်ယ္စရာဆိုတာ
ေက်ာက္ကမ္းပါးမွာမတ္တပ္ရပ္ၿပီး ဘယ္လိုခုန္ခ်ရမလဲလို႔ေရြးေနရသလို....
တြင္းႏွစ္တြင္းတူးၿပီး ဘယ္တြင္းထဲမွာေသရမလဲေရြးေနရသလိုပဲ......
ေျပာျပၾကပါဦး.....ငါဘာဆက္လုပ္ရမလဲ...
ငါဘာေရြးခ်ယ္ရမွာလဲ???
#################################
ေဝ့ရင္းေနရာမွာ ခ်စ္ရသူတို႔ဆိုရင္ေရာ ဘာကိုေရြးခ်ယ္ျဖစ္မလဲ???
😭😭
#################################
Unicode
နေရောင်စူးစူးကမျက်လုံးထိုးလာတော့ လန်ကျန့်ဖြေးဖြေးခြင်းမျက်ဝန်းလေးတွေဖွင့်လိုက်သည်။
ချစ်ရသူ ဝေ့ရင်းနဲ့ဖြတ်သန်းရတဲ့ တစ်ညတာဟာ သိပ်ကိုကြည်နူးစရာကောင်းခဲ့သည် မဟုတ်ပါလား??
မျက်လုံးဖွင့်လိုက်သည်နှင့်မြင်နေရသော ကောင်းကင်ပြာကြီးက အရင်နေ့တွေထက်ပိုလှနေသလို....
တယောက်တည်းကျေနပ်စွာပြုံးရင်း ဘေးလှည့်ကြည့်မိတော့....
.
.
.
.
ရင်ထဲဟာထွက်သွားသည်။
ဆန့်ထားတဲ့ကိုယ့်လက်မောင်းကို ကိုယ်ပြန်ကြည့်ရင်း မျက်ရည်တွေအဆက်မပြတ်ကြလာသည်။
'ဘာလို့လဲ' ဆိုတဲ့မေးခွန်းက ခေါင်းထဲမှာအရေးပေါ်ခေါင်းလောင်းထိုးသံလို မြည်ဟိန်းနေပြီ။
နှလုံးသားကတော့ သံရည်ပူနဲ့လောင်းချခံလိုက်ရသလိုပဲ။ ကျွမ်းသွားပြီ။
ကိုယ့်လက်မောင်းကို ကိုယ်ပြန်ကြည့်နေခဲ့တာ အချိန်ဘယ်လောက်ကြာသွားမှန်းတောင် မသိလိုက်ဘူး။
"ဝမ်ကျီး"
မျက်နှာလေးတောင်မရွေ့စေပဲ ရှီးချန်ကို လန်ကျန့် တချက်လှမ်းကြည့်လိုက်သည်။
ဖြစ်နိုင်ရင် ဝေ့ရင်း ခေါင်းအုံးအိပ်သွားတဲ့ ကိုယ့်လက်မောင်းကို နဲနဲမှနေရာမရွေ့စေချင်သေးဘူး။
ဝေ့ရင်း ပြန်လာတဲ့အထိပေါ့။
(လန့်ကျန့်ရယ်....ရေးရင်းငါငိုနေပါပြီ 😭😭)
"ဝမ်ကျီး"
"ကော....တိုးတိုးနေ....ဝေ့ရင်းအိပ်နေတယ်"
"ဝမ်ကျီးရယ်....."
ရှီးချန်မျက်ရည်တွေကိုဆက်လက်ထိန်းထားနိုင်စွမ်းမရှိတော့။
ညီငယ်လေးကိုပြေးဖက်ကာ ရင်ကွဲမတတ် ရှီးချန်ငိုမိသည်။
ဝမ်ကျီးကမျက်ရည်တစက်မှမကျတော့။ ဘာမှမရှိတဲ့အရှေ့ကိုသာ ငူငူငိုင်ငိုင်ကြီးကြည့်နေပြီး ရှီးချန်ရင်ခွင်ထဲမှာ အရုပ်ကြိုးပြတ်။
ရှီးချန် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပြီး မိုးနတ်မင်းကို ဘဝမှာပထမဆုံးအကြိမ် ကျိန်ဆဲလိုက်သည်။
ရှီးချန်မျက်ရည်တွေကိုပြန်ထိန်းရင်း
"ဝမ်ကျီး ပြန်ရအောင်လေ...."
"ဝမ်ကျီး....ဒီမှာပဲ.....နေချင်တယ်"
ပြန်လိုက်ရန်ငြင်းဆန်နေသော ညီငယ်လေးကိုမေ့မျောသွားအောင်လုပ်ပြီး ခေါ်ဆောင်သွားရုံမှတပါးမရှိပါချေ။
………………………………………………………...
ဝမ်ချောင် POV
မနက်ဖြန်ဆို သူနဲ့ဝေ့ရင်းနဲ့ မင်္ဂလာပွဲ။ ပြောပြလို့မရအောင်ကို သူပျော်နေသည်။ မင်္ဂလာပွဲအခန်းအနားအတွက် သူကိုယ်တိုင်ပါဝင်ပြီးတော့ကိုပြင်ဆင်နေမိသည်။
အထူးသဖြင့် မင်္ဂလာဦးအခန်းလေးပေါ့။
နောက်ဆုံးတော့ သိပ်ချစ်ရသူကိုပိုင်ဆိုင်ရတော့မယ်လေ....
သူ့အတွက်တော့ ဝေ့ရင်း သူ့အနားမှာရှိနေဖို့ကပဲအဓိကကျသည်။ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ပဲရှိရှိ ဝေ့ရင်းရှိနေပေးဖို့ပဲ။
အတွေးတွေ အပျော်တွေ တပွေ့တပိုက်ကြီးနဲ့ သူ....
မင်္ဂလာပွဲကမနက်ဖြန်မနက်ဆိုပေမယ့် ဒီညလေးလဲချစ်ရသူမျက်နှာလေးတော့ ခဏဖြစ်ဖြစ်မြင်ချင်မိသေးတယ်....
အပြုံးတွေကသူ့အတွက်မဟုတ်ဘူး ဆိုရင်တောင်မှပေါ့...
ပျော်ရွှင်ခြင်းတွေနဲ့ ချစ်ခြင်းတွေနဲ့ အပြေးလာခဲ့တဲ့သူ..
ချစ်ရသူအခန်းရှေ့ အရောက်မှာ သူ့ရဲ့မျှော်လင့်ခြင်း ဖန်လုံးလေးတစဆီကျကွဲသတဲ့လား??
ပူလောင်တဲ့သောကမီးတွေနဲ့ အရူးခွက်ပျောက်သလိုလိုက်ရှာပေမယ့်မတွေ့မှတော့ သေချာပြီလေ...
ငါမင်းကို ခဏခဏပြောပါတယ် ဝေ့ရင်း...
အချစ်ကြီးရင်အမျက်ကြီးတယ်လို့....
နောက်ဆုံးသူနားလည်ခဲ့တာက.....
ဒီကမ္ဘာမှာ လန်ဝမ်ကျီးဆိုတဲ့လူသားရှိနေသ၍ သူ ဝေ့ရင်းကို ဘယ်တော့မှပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ဘူးဆိုတာပဲ....
သူဟာ ဒုတိယလူ...
ဒါပေမယ့် ပထမလူမရှိတော့ရင် သူပထမလူဖြစ်လာနိုင်သေးသည်မဟုတ်လား....
အဲဒီတော့လုပ်စရာတစ်လမ်းပဲရှိတယ်....
ဟားဟား....လန်ဝမ်ကျီးကိုသတ်ရမှာပေါ့...
………………………………………………………...
ဝေ့ရင်း လန်ကျန့်ကိုတချက်မှ နောက်ပြန်လှည့်မကြည့်ပဲ အိမ်သို့ပြန်ပြေးခဲ့သည်။
သူ လန်ကျန့်နဲ့သွားတွေ့တာ ဝမ်ချောင်သိ၍မဖြစ်။
သို့သော် သူ့ဆုတောင်းမပြည့်ခဲ့ပါ။
အိမ်တံခါးကိုဖွင့်လိုက်တော့ ဆီးကြိုနေတဲ့မြင်ကွင်းက သူ့ကိုသံပူနဲ့ကပ်လိုက်သလို ခံပြင်းရသည်။
သူတို့ဝေ့မျိုးနွယ်အိမ်ဦးစီးထိုင်ခုံမှာ ဒူးနှစ်ဖက်ကားခါ အသင့်သားထိုင်နေတဲ့ ဝမ်ချောင်။ မဲ့ပြုံးပြုံးရင်း ပြန်လာသေးတယ်နော် ဆိုတဲ့အကြည့်နဲ့....
ဝမ်ချောင့် ခြေနှစ်ဖက်အောက်နားမှာ ဒါဏ်ရာတွေနဲ့အတုံးအရုံးလဲနေတဲ့ မိဘနှစ်ပါး။
ဝမ်ချောင့်ပုံစံက မင်းကြောင့် မင်းမိဘတွေဒီလိုဖြစ်ရတာဆိုတဲ့ ပုံစံမျိုး။
ဝေ့ရင်း ဒေါသတွေနဲ့ ဝမ်ချောင်ထိုင်နေရာ နေရာကိုပြေးသွားတော့ ဝမ်ချောင်က ဝေ့ရင်းအဖေဆံပင်ကိုဆောင့်ဆွဲကာ အဖေ့လည်ပင်းပေါ်တင်လိုက်တဲ့ ဓါးသွား....
ဝေ့ရင်းသာဒီထက်ပိုပြီး နဲနဲလေးနောက်ကျခဲ့ရင် သူ့မိဘတွေအသက်ဆုံးနေခဲ့ပြီးလောက်ပြီ...
တကယ်တော့ ဝမ်ချောင်ကလဲ ဝေ့ရင်းပြန်လာမှာမဟုတ်ဘူးလို့ ထင်ထားခဲ့သည်။
"ဝမ်ချောင် မင်း...မင်း ယုတ်မာလှပါလား...
ငါမင်းဆန္ဒအတိုင်း မင်းနဲ့လက်ထက်ဖို့ကတိပေးပြီးပြီလေ...
ဒါဘာလုပ်တာလဲ??"
"ဟားဟား....ယုတ်မာတယ် ဟုတ်လား??
ဝေ့ရင်း...ဝေ့ရင်း
ပြောကြည့်စမ်းပါဦး....ငါမင်းကို ဘယ်လောက်ချစ်တယ်ဆိုတာသိသားနဲ့ မင်းအခွင့်အရေးတွေယူတာကရော ယုတ်မာတယ်လို့မခေါ်ဘူးလား???
ဟားဟား ဘာလဲ??
လူတွေက လူယုတ်မာတွေမှပဲ
ယုတ်မာတတ်တယ်လို့ထင်တာလား?? ကလိန်ကျစ်ဉာဏ်ဆင်တတ်တယ်လို့ ယူဆကြတာလား??
လူယုတ်မာတွေဆိုရင်မုန်းတာလား??
ဒါမှမဟုတ် ရွံတာလား??
ဟုတ်လောက်တယ်။ ဟားဟား....ဟုတ်တယ်။
လူယုတ်မာဆိုတာ မင်းတို့ထင်တဲ့အတိုင်း အကုန်မှန်တယ်.....
ဒါပေမယ့် တခုတော့မင်းတို့မေ့နေတယ်...ဝေ့ရင်း
လူယုတ်မာမှာလဲ အချစ်နဲ့ခံစားချက်ရှိတယ်။
မင်းတို့မေ့နေတဲ့ အဲဒီခံစားချက်ကို နားလည်လာအောင် ငါသေချာပြောပြမယ်....
မင်း မင်းမိဘတွေနဲ့မင်းတို့တမျိုးလုံးရဲ့အသက်ကို အဆုံးရှုံးခံမလား??
လန်ဝမ်ကျီးတို့မိသားတစုလုံးကိုသတ်မလား??
ပြီးတော့ဒီမင်္ဂလာပွဲကို ငါဖျက်သိမ်းတယ်....
စစ်ပွဲအတွက်လည်းပြင်ထားဖို့မမေ့နဲ့နော် ဝေ့ရင်း.... ငါစစ်ကြေငြာလိုက်ပြီးပြီ.....
ဒါနဲ့ ငါခုနပေးတဲ့ ရွေးချယ်စရာနှစ်ခုထဲက မင်းရွေးချယ်ပြီးပြီဆို ငါ့လာပြော ဟုတ်လား....
သြော်...ဒါနဲ့ သတ်သေဖို့တော့မစဉ်းစားနဲ့ဦးနော်.... မင်းသတ်သေရင် သူတို့လဲမင်းနောက်လိုက်လာစေရမယ်"
ဝမ်ချောင်က ဝေ့ရင်းမိဘတွေကိုလက်ညိုးထိုးရင်း နောက်ဆုံးပြောသွားခဲ့သည်။
"ရဲမက်တွေ ဒီလူတွေအားလုံးကို အမှောင်တိုက်အကျဉ်းထဲပို့ထားလိုက်ကြ"
ဝမ်ချောင်နဲ့ရဲမက်တွေထွက်သွားကြတဲ့အထိ ဝေ့ရင်းဟာထိုနေရာမှာပဲ မလှုပ်မယှက်ရပ်နေခဲ့တယ်။
မိဘတွေနဲ့တမျိုးလုံးရဲ့အသက်ကို အဆုံးရှုံးခံမလား??
ချစ်ရသူနဲ့မိသားစုတစုလုံးကိုသတ်မလား??
ဟားဟား ဒါဟာရွေးချယ်စရာတဲ့လား???
ဒါကိုရွေးချယ်စရာလို့ခေါ်လား??
ပြောကြစမ်းပါဦး....ဒါဟာရွေးချယ်စရာရောဟုတ်ခဲ့လို့လား???
ကိုယ့်အသက်ကိုကိုယ်တောင် ကိုယ်မပိုင်တော့တဲ့ ဘဝမှာ ရွေးချယ်စရာဆိုတာ
ကျောက်ကမ်းပါးမှာမတ်တပ်ရပ်ပြီး ဘယ်လိုခုန်ချရမလဲလို့ရွေးနေရသလို....
တွင်းနှစ်တွင်းတူးပြီး ဘယ်တွင်းထဲမှာသေရမလဲရွေးနေရသလိုပဲ......
ပြောပြကြပါဦး.....ငါဘာဆက်လုပ်ရမလဲ...
ငါဘာရွေးချယ်ရမှာလဲ???
#################################
ဝေ့ရင်းနေရာမှာ ချစ်ရသူတို့ဆိုရင်ရော ဘာကိုရွေးချယ်ဖြစ်မလဲ???
😭😭
#################################