My Missing JigsawsPuzzle Piec...

Por HEATUT

331K 24.7K 1.8K

"ဆုတောင်းတခု မှားခဲ့ရင် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတတ်တယ်တဲ့...... တကယ်လို့ မင်းနဲ့ချစ်ခွင့်ရဖို့ဆုတောင်းမိတဲ့ ငါ့ရ... Más

Character Introduction
PART-1: Unexpected Meeting 1
PART-2: Unexpected Meeting 2
PART-2: EXTRA
PART-3: Unexpected Meeting 3
Part-3: EXTRA
PART-4: Keep Me Away from Nightmares
PART-5: Black King
PART-6: My White Flag is Yours
PART-7: Shades of RED
PART-9: The Lost Memory
PART-10: Let Me Kiss You
PART-11: ချစ်ခြင်းနှင့်မုန်းခြင်း အခြားတဖက်စီ၌
PART-12: ချစ်ရသူရဲ့မျက်ရည်
PART-13: လူငယ်လေးနှစ်ဦး
PART-14: အမုန်း
PART-14: EXTRA
PART-15: နောင်တတို့ရဲ့အလွန်
PART-16: ယုန်ကောင်လေး
PART-17: သက်တံ့ကြီးတောင်ကွေးသွားတယ်
PART-18: အဖြူရောင်ခြုံထည်လေး
PART-19: ကိုယ့်ချစ်ခြင်း မင်းသိပါစေ
PART-20: ချစ်သက်လက်ဆောင်
PART-21: ပင်လယ်ကိုဖြတ်၍ မီးတောင်ကိုကျော်မည်
PART-22: တိမ်ဖုံးတဲ့လ
PART-23: နှလုံးသားနဲ့ဘဝအလဲအထပ်လုပ်တဲ့ည
သတိပေးစာ
PART-25: အချစ်နဲ့စစ်
PART-26: ဗီလိန်ရဲ့အချစ်
PART-27: တိုက်ပွဲခေါ်သံ
PART-28: မှန်းရခက်တဲ့ကံကြမ္မာ
PART-29: ထာဝရနွေးထွေးမဲ့လက်
PART-30: နောက်ဆုံးထားခဲ့တဲ့ကတိ
PART-31: ပြင်မရတော့မဲ့သမိုင်း
PART-32: ဆောင်းညအိပ်မက်ရှည်
PART-33: ကံကြမ္မာနဲ့ဘဝအတွက်အဆုံးအဖြတ်
PART-34: နှလုံးသားချည်တဲ့ကြိုး
PART-35: လာမနှောင့်ယှက်ပါနဲ့ဆိုခါမှ
PART-35: EXTRA
PART-36: ငါ့ကိုမုန်းလား??
အလှည့်ပြောင်း
အသစ်
PART-37: အပြုံးတုတွေ
Diary of Xiao Zhan & Diary of Yibo
PART-38: ကြောက်ဖို့ကောင်းတဲ့အချစ်တွေ
PART-39: ခါးစည်းခံမယ့်သူ
PART-40: The End of Everything
PART-41: ချစ်ရတဲ့ လန်ကျန့်သို့
Ending Song
ချယ်ရီတွေပွင့်တဲ့တစ်နေ့ (Final)
နှုတ်ဆက် လမ်းခွဲ

PART-24: ကိုယ်ပိုင်တဲ့ကမ္ဘာရဲ့အပြာရောင်မျက်ရည်

4.9K 371 25
Por HEATUT























မိန်းမောနေစေတယ်....

ချိုတယ်....
ပိုပိုလိုချင်စေတယ်.....






ထိတ်လန့်ခြင်းတွေနဲ့....
စိုးရိမ်မှုတွေနဲ့......






ညဥ့်သန်းခေါင်ယံ

..................................................................











စိတ်မှာစွဲနေ...



Song link ⬇️⬇️

##################################




ချစ်တယ် အားလုံးကို.....



#################################

Unicode

ငွေလရောင်ဖြာကျနေတဲ့ အစိမ်းရောင်မြက်ခင်းကြီးပေါ်မှာ အချစ်ငှက်လေးနှစ်ကောင်.....

အချစ်ခိုးတွေရီဝေနေတဲ့မျက်လုံးလေးနဲ့ကြည့်လာတဲ့ ချစ်ရသူ....

ခိုခြေရောင်ပတ္တမြားလိုနီထွေးနေတဲ့နှုတ်ခမ်းတစုံက သူ့တပ်မက်ချင်းတွေကိုပိုနိုးကြွစေတယ်....

မြက်ခင်းစိမ်းမှာအိပ်လှဲနေတဲ့အနီရောင်ဝတ်စုံနဲ့ချစ်ရသူက မျက်နှာတွေပန်းရောင်သန်းနေတယ်....

လှရက်လွန်းနေတဲ့ချစ်ရသူမျက်နှာကို အကြာကြီးငေးကြည့်နေမိတယ်။ မျက်တောင်ခတ်ဖို့တောင် နှစ်ဦးသားမေ့လျော့နေခဲ့ကြတယ်။

မြတ်နိုးစွာ မျက်နှာနားတဖြေးဖြေးတိုးကပ်သွားတော့ ချစ်ရသူကမျက်ဝန်းလေးကိုအတင်းမှိတ်တယ်....
မျက်တောင်လေးတွေကတဆတ်ဆတ်တုန်ခါနေပြီး
အောက်နှုတ်ခမ်းလေးကို အသာအယာကိုက်ထားတယ်....

ချစ်ရသူကိုကြည်နူးစွာ ပင့်သက်ရှိုက်ကြည့်ရင်းပြုံးမိတော့ ဝင်သက်ထွက်သက်လေလေးတိုးသွားတဲ့ အထိအတွေ့ကြောင့် ချစ်ရသူကအသက်ရှုတွေမြန်လာတယ်....

ပထမဆုံးမင်္ဂလာဦးညရဲ့အငွေ့အသက်လေးတွေ ပုံရိပ်လေးတွေကိုဖြစ်နိုင်ရင် လန်ကျန့်မှတ်တမ်းတင်ထားချင်တယ်။
အမှတ်ရတိုင်းထုတ်ကြည့်ဖို့.....

အစွမ်းရှိရင်အချိန်တွေရပ်တန့်ထားချင်တယ်....

ခပ်ဖွဖွအနမ်းချွေရင်း .....
နှုတ်ခမ်းသားနုနုအိအိကို တတိတိကိုက်ရင်းပဲ..... တဖက်နှုတ်ခမ်းလေးအလိုလိုပွင့်ဟလာဖို့ သူစောင့်လိုက်တယ်....

သူ့အနမ်းမှာအလိုက်တသင့်လေးပြန်ပါလာတဲ့ မော့တက်လာတဲ့နှုတ်ခမ်းတစုံနဲ့မေးစေ့လေးကြောင့် နမ်းရင်းပြုံးမိတယ်.....

လျှာတွေယှက်ထွေးနေတဲ့ ခပ်ကြမ်းကြမ်းအနမ်းကြောမှာ မျောနေတာကို တော်တော်ကြာတယ်....

အနမ်းကြားမှာအသက်ကိုလုရှုလာတဲ့ချစ်ရသူကြောင့် သူနှုတ်ခမ်းလေးကိုခဏအနားပေးလိုက်တယ်....

ဖူးယောင်သွားတဲ့နှုတ်ခမ်းလေး....

ဖြူလွှလွှအသားရောင်ထက်က လည်ပင်းသွေးကြောလေးတွေကတော့ စိမ်းဖန့်ဖန့်...

လည်ချောင်းတွေခြောက်လာတာကြောင့် တံတွေးကိုမနဲမျိုချရင်း စိမ်းဖန့်ဖန့်လည်ပင်းသွေးကြောလေးဆီကို သူကပ်သွားမိတယ်...

လည်ပင်းလေးနားရောက်တော့ အရမ်းမွှေးပျံ့တဲ့ရနံ့တမျိုးကသူ့စိတ်ကိုအရိုင်းဆန်စေတယ်...

သတိတွေလွတ်ထွက်မသွားခင် နောက်ပြန်ဆုတ်လိုက်တော့ သူ့ကျောကိုသိုင်းဖက်ထားတဲ့ လက်တစုံကပြန်ဆွဲချတယ်။

သူ့ကိုပြုံးပြရင်း ခေါင်းလေးတချက်ငြိမ့်ပြကာ မျက်လုံးလေးတွေမှိတ်ရင်း မျက်နှာကိုတဖက်လွှဲသွားတဲ့ချစ်ရသူဟာ သူဆက်လုပ်မဲ့အရာအတွက်ခွင့်ပြုပေးနေသလို....

ညင်သာစွာထိုးစိုက်လိုက်တယ်ဆိုပေမယ့် လည်ပင်းသွေးကြောထဲ စူးခနဲနစ်ဝင်သွားတာကြောင့် နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ကာ အံကြိတ်ထားပေမယ့် တိုးညှင်းတဲ့ညီးသံကတော့ ခပ်ဖွဖွထွက်လာခဲ့သေးတယ်....

လည်ပင်းကိုလာရိုက်ခတ်နေတဲ့ အသက်ရှုနှုန်းလေးကပိုပြီးမြန်ဆန်လာတယ်...

လန်ကျန့် သူ့လည်ပင်းသွေးကို စုပ်ယူနေတဲ့အခိုက်အတန့်ဟာ

သူ့ကိုနိုးထမရစေတဲ့ မူးယစ်ဆေးလိုပဲ....
မိန်းမောနေစေတယ်....

ချိုတယ်....
ချိုတယ်ဆိုတာထက် အငမ်းမရဖြစ်စေတယ်....
အတောမသတ်နိုင်ဖြစ်စေတယ်.....
ပိုပိုလိုချင်စေတယ်.....
နုလုံးခုန်သံတွေမြန်လာလေလေ.....
ဆောင့်တိုးလာတဲ့နုလုံးသွေးတွေ အချစ်သွေးတွေကပိုချိုလေလေ.....

မျက်လုံးလေးမှိတ် အံလေးကြိတ်ကာကြောက်နေသည့်ချစ်ရသူကို သူဆက်ပြီးနာကျင်အောင်မလုပ်ရက်တော့ပါ...

ဒါဟာပထမဆုံးသူ့အတွက် အကောင်းဆုံးအရသာကိုခံစားစေရတာဖြစ်ပေမယ့် ချစ်ရသူကိုဒီထက်ပိုမနာကျင်စေချင်ပါ....

မြတ်နိုးမှုများစွာနဲ့သူငုံ့ကြည့်တော့ ပြန်ကြည့်လာတဲ့မျက်ဝန်းတစုံက သူ့ကမ္ဘာပဲ....
သူတယောက်ထဲပိုင်တဲ့ကမ္ဘာ....
ဒီနေ့ညကစပြီး သူတယောက်တည်းပိုင်မဲ့ကမ္ဘာ....

အပေါ်ပိုင်းကိုလျော့တိလျော့ရွဲဖုံးကွယ်ထားတဲ့ အပေါ်ရုံအင်္ကျီကိုလှစ်ဟလိုက်တော့ ချောမွေ့ဝင်းမွတ်တဲ့ပုခုံးသားဖြူဖြူလေးတွေက ဟပ်ခနဲပေါ်လာတယ်.....

သူပိုင်ဆိုင်ကြောင်းအမှတ်တွေပေးလိုက်တော့....
ကော့တက်လာတဲ့ခါးသေးသေးလေး....

ကော့တက်လာတဲ့ခါးလေးကို သေချာထွေးပွေ့ပြီး
ညင်သာစွာခါးစည်းအဝတ်ကိုဖြေလိုက်တော့ သူ့လက်ကိုတင်းကျပ်စွာကိုင်လာတဲ့လက်တစုံ....
ထိတ်လန့်ခြင်းတွေနဲ့....
စိုးရိမ်မှုတွေနဲ့......

သူထိုလက်လေးကိုအပေါ်မှအုပ်မိုးကာကိုင်လိုက်ပြီး အချိုသာဆုံးပြုံးပြကာ နှစ်သိမ့်လိုက်တယ်.....

အနမ်းတွေထပ်ကျလာတဲ့အခိုက်မှာတော့.....

ဘေးမြက်ခင်းစိမ်းပေါ်က ပိုးစုန်းကြူးလေးတွေက ထပျံသွားခဲ့တယ်....

ကောင်းကင်ကကြယ်လေးတွေက တလက်လက်တောက်ကုန်တယ်....

လမင်းကြီးကရှက်လို့တိမ်နောက်ထဲ ဝင်ပြေးသွားတယ်...

ညဉ့်သန်းခေါင်ယံ
ရေတံခွန်ကရေကျသံတွေကြားမှာတော့ ရှိုက်သံသဲ့သဲ့နဲ့ သူ့နာမည်ခေါ်သံသဲ့သဲ့ကြားရတယ်........

..................................................................

အများကပြောတယ် ကိုယ့်ချစ်ရသူကို ဘယ်တော့မှမျက်ရည်မကျစေနဲ့တဲ့....
ဒါပေမယ့် ဒီညမှာချစ်ရသူဆီက ကျလာတဲ့မျက်ရည်ကတော့ အဖြူစင်ဆုံး၊အဖိုးအတန်ဆုံးမျက်ရည်လေးပေါ့....

ကျွန်တော့်တဦးတည်းပိုင်တဲ့ အဖြူစင်ဆုံးသောမျက်ရည်....

ဖြစ်နိုင်ရင် ချစ်ရသူပုလဲမျက်ရည်လေးတွေကို ပုလင်းလေးခံပြီးတောင်သိမ်းထားချင်မိသေးတယ်....

"တစ်လှိမ့်ချင်းလှိမ့်လို့ စီးဆင်းကြလာရာလမ်း
မြစ်နှစ်သွယ်လို့ပဲ ထင်ယောင်နေ.....

စီးပလေစေ...ချစ်သူရေမသုတ်လိုက်နဲ့....
အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ....

တစ်ချက် တစ်ချက် သဲ့သဲ့ရှိုက်သံ မင်းငိုသံလေး....
ညဉ့်သန်းခေါင်ယံ တေးတပုဒ်လိုပဲလေ....

ယဲ့ယဲ့ပြုံးတဲ့မင်းရဲ့မျက်နှာမြင်တော့ အလှပန်းချီတချပ်လား ထင်စရာပေ...

စီးပလေစေ...ချစ်သူရေမသုတ်လိုက်နဲ့....
အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လိုက်နေ....

အပြာရောင်လေး ချစ်မျက်ရည်
အပြာရောင်လေး ချစ်သက်သေ

စိုခွင့်ရှိသူသာ စိုစေမယ် စိုစေမယ်

ပေါက္ခရဝဿမိုးလို့ ပြောတာ...ဒါပဲ ဖြစ်မယ်ထင်ရဲ့
စိတ်မှာစွဲနေ...

လိုက်လျောခြင်းရဲ့အဆုံးစွန်ရောက်တဲ့ ခဏလေးတစ်သက်မှာ တစ်ခါပဲ ကြုံမယ်လေ....

စီးပလေစေ...ချစ်သူရေမသုတ်လိုက်နဲ့....
အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ယဉ်လွန်းနေ...."

သီချင်း - အပြာရောင်မျက်ရည်
တေးရေး - စိုင်းခမ်းလိတ်၊ စိုင်းခမ်းသီ
တေးဆို - စိုင်းထီးဆိုင်
Song link ⬇️⬇️

#################################

စောင်ကိုက်ကာအိပ်ကြကုန်သော အပေါင်းအပါအားလုံးတို့

အိပ်မက်နှာခေါင်းသွေးလျံလျံမက်ပါစေ......😏😏

အရမ်းချစ်ရသောဇာတ်ကောင်နှစ်ယောက်အတွက် ဘယ်လိုအခန်းပဲရေးရေး ညစ်ညမ်းစာသားထက် မြတ်နိုးမှုလေးတွေပဲဖြစ်စေချင်လို့ပါနော်....

ချစ်တယ် အားလုံးကို.....

ဒါနဲ့မနေ့က သီချင်းရောနားထောင်ကြရဲ့လား?
တင်ပြန်ပြီးနောက်သီချင်းတပုဒ် 😴😴


Seguir leyendo

También te gustarán

1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
340K 47.6K 79
(Both Unicode & Zawgyi version) (BJYX fan fiction) A story about C-Level Executives in a multi-national organization!
804K 39.1K 63
သင်ဟာ အင်နိုးစန့်  လေးဆိုရင် ဒီ Fic ကိုကျော်သွားပါ🌚🌚🌚❌❌❌