My Missing JigsawsPuzzle Piec...

By HEATUT

330K 24.6K 1.8K

"ဆုေတာင္းတခု မွားခဲ့ရင္ ဘဝအဆက္ဆက္ ျပန္ေပးဆပ္ရတတ္တယ္တဲ့...... တကယ္လို႔ မင္းနဲ႔ခ်စ္ခြင့္ရဖို႔ဆုေတာင္းမိတဲ့ ငါ့ရ... More

Character Introduction
PART-1: Unexpected Meeting 1
PART-2: Unexpected Meeting 2
PART-2: EXTRA
PART-3: Unexpected Meeting 3
Part-3: EXTRA
PART-4: Keep Me Away from Nightmares
PART-5: Black King
PART-6: My White Flag is Yours
PART-7: Shades of RED
PART-9: The Lost Memory
PART-10: Let Me Kiss You
PART-11: ခ်စ္ျခင္းႏွင့္မုန္းျခင္း အျခားတဖက္စီ၌
PART-12: ခ်စ္ရသူရဲ႕မ်က္ရည္
PART-13: လူငယ္ေလးႏွစ္ဦး
PART-14: အမုန္း
PART-14: EXTRA
PART-15: ေနာင္တတို႔ရဲ႕အလြန္
PART-16: ယုန္ေကာင္ေလး
PART-18: အျဖဴေရာင္ျခံဳထည္ေလး
PART-19: ကိုယ့္ခ်စ္ျခင္း မင္းသိပါေစ
PART-20: ခ်စ္သက္လက္ေဆာင္
PART-21: ပင္လယ္ကိုျဖတ္၍ မီးေတာင္ကိုေက်ာ္မည္
PART-22: တိမ္ဖံုးတဲ့လ
PART-23: ႏွလံုးသားနဲ႔ဘဝအလဲအထပ္လုပ္တဲ့ည
သတိေပးစာ
PART-24: ကိုယ္ပိုင္တဲ့ကမ႓ာရဲ႕အျပာေရာင္မ်က္ရည္
PART-25: အခ်စ္နဲ႔စစ္
PART-26: ဗီလိန္ရဲ႕အခ်စ္
PART-27: တိုက္ပြဲေခၚသံ
PART-28: မွန္းရခက္တဲ့ကံၾကမၼာ
PART-29: ထာဝရေႏြးေထြးမဲ့လက္
PART-30: ေနာက္ဆံုးထားခဲ့တဲ့ကတိ
PART-31: ျပင္မရေတာ့မဲ့သမိုင္း
PART-32: ေဆာင္းညအိပ္မက္ရွည္
PART-33: ကံၾကမၼာနဲ႔ဘဝအတြက္အဆံုးအျဖတ္
PART-34: ႏွလံုးသားခ်ည္တဲ့ႀကိဳး
PART-35: လာမေႏွာင့္ယွက္ပါနဲ႔ဆိုခါမွ
PART-35: EXTRA
PART-36: ငါ့ကိုမုန္းလား??
အလွည့္ေျပာင္း
အသစ္
PART-37: အျပံဳးတုေတြ
Diary of Xiao Zhan & Diary of Yibo
PART-38: ေၾကာက္ဖို႔ေကာင္းတဲ့အခ်စ္ေတြ
PART-39: ခါးစည္းခံမယ့္သူ
PART-40: The End of Everything
PART-41: ခ်စ္ရတဲ့ လန္က်န္႔သို႔
Ending Song
ခ်ယ္ရီေတြပြင့္တဲ့တစ္ေန႔ (Final)
ႏႈတ္ဆက္ လမ္းခြဲ

PART-17: သက္တံ့ႀကီးေတာင္ေကြးသြားတယ္

4.9K 419 28
By HEATUT

"ဝမ္က်ီး အေဖေခၚေနတယ္"

"မဦးမဆိုက္ေရာက္ခါစေလး အေဖကေခၚတယ္ဆိုေတာ့လည္းသြားရမွာေပါ့"

"မင္းကလဲေလ....အေဖ့စိတ္မဆိုးေအာင္ေနေပးလို႔မရဘူးလား?? ၿပီးေတာ့ ဒီေန႔ေတာ္ေတာ္ေနာက္က်တယ္....ငါလည္းမင္းေၾကာင့္ဆူခံထိတယ္"

"ေကာ ကလည္း ေကာလဲသိသားနဲ႔ အိမ္မွာေနရတာပ်င္းတယ္....ေလ့က်င့္ခ်ိန္ၿပီးရင္ ဘာမွလုပ္စရာမွမရွိတာ"

ထိုေန႔ ဝမ္က်ီး ဒူးေထာက္ၿပီး အခ်က္ ၂၀ ႐ိုက္ခံလိုက္ရသည္။ ႐ိုက္သာ႐ိုက္ခံရတာ....သူ႔ရင္ထဲမွာပန္းေတြပြင့္လို႔....
႐ိုက္ခံေနရရင္းေတာင္ ျပံဳးစိျပံဳးစိလုပ္ေနလို႔ အေဖကမ်က္ေစာင္းႀကီးထိုးသြားေသးသည္။

**ယုန္ေကာင္ေလးေရ....ငါေတာ့႐ူးေနၿပီ**

...................................................................

"ဝမ္က်ီး.....
တစ္ညလံုးလဲေကာင္းေကာင္းမအိပ္ဘူး။ ဟိုဘက္လွည့္လိုက္ဒီဘက္လွည့္လိုက္နဲ႔ မ်က္ႏွာႀကီးကလဲျပံဳးၿဖီးေနတာပဲ....
အဲတာဘာျဖစ္ေနတာလဲ??.....မေန႔ကလည္းယုန္သြားဖမ္းမယ္ဆိုၿပီးျပန္လာေတာ့ ဘာမွလဲပါမလာဘူး"

"ဟဲဟဲ ေကာ ကၽြန္ေတာ္ေလ ယုန္အႀကီးႀကီးတေကာင္မေန႔ကေတြ႕ထားတယ္...
အႀကီးႀကီးမွအႀကီးႀကီးပဲ.....အဲတာ အဲဒီယုန္အႀကီးႀကီးကိုဖမ္းမလို႔.....ဖမ္းလို႔မိရင္ေကာကိုျပမယ္ေလေနာ္.....ေကာလဲအဲဒီယုန္ႀကီးကိုေတြ႕ရင္ခ်စ္မွာပါ"

"..........."

"ေကာ ဝမ္က်ီးသြားေတာ့မယ္ အေဖမသိေစနဲ႔ေနာ္"
ေလ့က်င့္ခ်ိန္ၿပီးတာနဲ႔ ဖြတ္ခနဲေပ်ာက္သြားတဲ့ညီငယ္ေလး အရင္ကအၿမဲသိပ္ရႊင္ရႊင္ျပျပမရွိေပမယ့္ ခုလိုေပ်ာ္ေနတာေတြ႕ေတာ့
"ဟင္း....ဝမ္က်ီး ျမန္ျမန္ အဲဒီယုန္ႀကီးဖမ္းမိပါေစ"

....................................................................

မေန႔ကယုန္ေကာင္ေလးနဲ႔ ဝမ္က်ီးေရတံခြန္ေအာက္မွာ ဒီေန႔ျပန္ေတြ႕ဖို႔ခ်ိန္းထားခဲ့သည္။

"ဟင္ ယုန္ေကာင္ေလးလဲမေရာက္ေသးဘူး"
ဝမ္က်ီးတေယာက္တည္း ေက်ာက္ခဲဒိုးျပားလုပ္ကာ ေရကိုရွပ္၍ပစ္ကစားေနသည္။

"ဒီမွာၾကည့္ ဒီလိုပစ္မွ ေဝးေဝးေရာက္တာ လန္က်န္႔ရ"

ေျပာေျပာဆိုဆိုေရာက္လာၿပီးသူနဲ႔လာကစားေနသည္။

ေရစီးသံသဲ့သဲ့ဟာ သူတို႔ႏွစ္ေယာက္ရဲ႕ျငင္းခံုရယ္သံေတြၾကားမွာ ရပ္တန္႔ေပးခဲ့ရတယ္။

ႏွစ္ေယာက္သား ငါးဖမ္းက်တယ္။ ေရတူတူကူးတယ္။ ေမာလာရင္ ဖမ္းမိထားတဲ့ငါးေတြကိုကင္စားတယ္။ စိုရႊဲေနတဲ့အဝတ္ေတြကိုမီးတူတူကင္ရင္း ေဝ့ရင္းေခါင္းကို သူသုတ္ေပးတယ္။ ေဝ့ရင္းကလဲသူ႔ေခါင္းကိုျပန္သုတ္ေပးတယ္။

ေဝ့ရင္းကယုန္ေလးေတြကိုလိုက္ဖမ္းတမ္းကစားတယ္။
လန္က်န္႔က ေဝ့ရင္းကိုလိုက္ဖမ္းတမ္းကစားတယ္။
ေမာလာရင္ ျမက္ခင္းႀကီးမွာလွဲအိပ္ရင္း တေယာက္မ်က္ႏွာတေယာက္ၾကည့္ၿပီးရယ္တယ္။

မ်က္လံုးကိုစည္းၿပီး စိန္ေျပးလိုက္တိုင္းလည္းကစားတယ္။ ေဝ့ရင္းလိုက္ဖမ္းတဲ့အလွည့္ေရာက္တိုင္း လန္က်န္႔ကိုမိတာခဲယဥ္းတယ္။ မ်က္လံုးစည္းထားရတဲေဝ့ရင္းနား နားကပ္ၿပီးတိုးတိုးေလးစကားလာလာေျပာလိုက္....တခါတေလ ေဝ့ရင္းႏႈတ္ခမ္းေပၚကို လက္ႏုႏုေလးလာတင္လိုက္နဲ႔ အမိမခံပဲ စေနတတ္တယ္။
(အမွန္က ေဝ့ရင္းက လက္လို႔သူ႔ဘာသာထင္တာပါေနာ္)

ႏွစ္ေယာက္သား အတိုက္အခိုက္ အသတ္အပုတ္လဲတူတူေလ့က်င့္ၾကတယ္။ တိုက္ခိုက္တိုင္း လန္က်န္႔ကနပမ္းလံုးမယ္ဆိုတာခ်ည္းပဲ.....
ၿပီးရင္လန္က်န္႔က အားပိုသန္ေတာ့နပမ္းလံုးတိုင္းလဲ သူႏိုင္တယ္။ ေဝ့ရင္းကို အေပၚကတက္ဖိထားၿပီး ကလိထိုးရတာသူႀကိဳက္တယ္။

သူတို႔ႏွစ္ေယာက္ၾကားမွာ မ်ိဳး႐ိုးေတြမသိဘူး။ သူသာတယ္ ကိုယ္နာတယ္ဆိုတာေတြမရွိဘူး။ နာမည္တလံုးဆီကလြဲလို႔ က်န္တာဘာမွမသိဘူး။ လိုအပ္တာ တေယာက္အနားတေယာက္ရွိဖို႔ပဲ။ အပူအပင္ကင္းမဲ့စြာနဲ႔ ေပ်ာ္ရႊင္ေနၾကတဲ့ေကာင္ေလးႏွစ္ေယာက္ဟာ ဒီကမ႓ာေလာကႀကီးမွာ သူတို႔ႏွစ္ေယာက္ကလြဲလို႔က်န္တာ ဘယ္သူမွမရွိေတာ့သလိုပဲ.....

ဒီလိုနဲ႔ လေတြအလီလီေျပာင္းသြားတယ္။

ဝမ္က်ီးရင္ထဲမွာေတာ့ သူ႔ခ်စ္ျခင္းေတြကို ေဝ့ရင္းကိုဘယ္လိုေျပာျပရမလဲပဲ အၿမဲေတြးေနမိတယ္။

တေျဖးေျဖးလူပ်ိဳေဖာ္ဝင္ကာစ ေကာင္ေလးတေယာက္ရဲ႕အေတြးေတြဟာလဲ အရင္လိုေတာ့သိပ္မျဖဴစင္ႏိုင္ေတာ့ဘူးေလ။

သူကသာ မျဖဴစင္တာပါ။ ေဝ့ရင္း သူ႔ရဲ႕ယုန္ေကာင္ေလးကေတာ့ သိပ္ျဖဴစင္တာ။ တေန႔တျခားလဲပိုပိုလွလာတယ္။
ဟုတ္တယ္ ေဝ့ရင္း ကသူ႔အတြက္ေတာ့လွတာ.... သိပ္လွတဲ့ယုန္ေလးေပါ့။

တေန႔ သူတို႔ ထံုးစံအတိုင္းပဲ ေရတူတူကူးၿပီးေရေဆာ့ၾကတယ္။ အမည္းေရာင္ပါးလႊလႊအက်ႌေလးက ေရစိုၿပီး ေဝ့ရင္းကိုယ္ေပၚမွာကပ္ေနေတာ့ ေအာက္ကျဖဴဝင္းမြတ္ေနတဲ့အသားအေရက ဝင္းခနဲပဲ။

ေရထဲမွာေနရင္း လန္က်န္႔ေရေတြငတ္လာတယ္။ ရင္ေတြလဲတဒုန္းဒုန္းခုန္ေနတယ္....ထိန္းမႏိုင္သိမ္းမရပဲ။ ေရေအးေအးၾကားမွာ သူ႔ေသြးေတြကဆူပြက္ေနတယ္။

သူ႔နာမည္တေၾကာ္ေၾကာ္ေအာ္ေခၚရင္း ရယ္ကာေရကစားေနတဲ့ ေဝ့ရင္း ကေတာ့ ကိုယ့္ဘာသာကိုယ္ ဖိတ္ေခၚေနမိသလိုျဖစ္ေနတဲ့ အႏၲရာယ္ကိုမသိေသးဘူးေပါ့။

အရင္တည္းက ခဏခဏမ်ိဳသိပ္ခဲ့ရတဲ့ သူ႔ဆႏၵေတြကို ဝမ့္က်ီး အခုတခ်ိန္ေတာ့ ဘယ္လိုမွထိန္းမခ်ဳပ္ႏိုင္ေတာ့ဘူး။

သူ႔ကိုေနာက္ေက်ာေပးၿပီး ေရထဲေျပးထြက္သြားတဲ့ ယုန္ေရရႊဲေလးကို ဆြဲလွည့္လိုက္ၿပီး သူႏႈတ္ခမ္းေတြကိုယုန္ေကာင္ေလးရဲ႕ႏႈတ္ခမ္းေတြနဲ႔ ထိကပ္လိုက္တယ္။

ေရတံခြန္နားကသူတို႔ေပၚျဖာက်ေနတဲ့ သက္တံ့ႀကီးေတာင္ေကြးသြားေတာ့တယ္....
(သက္တံ့ႀကီး : ငါရွက္လို႔ပါကြာ 🤭🤭)

##################################

ဒီေန႔ ၄ ပိုင္းေတာင္တင္လိုက္ပါတယ္ေနာ္။
အစကေတာ့ တေန႔တပိုင္းခြဲတင္မလို႔။
ကိုယ္ကိုတိုင္လဲ ဖတ္ရင္တပိုင္းတပိုင္းေစာင့္ဖတ္ရတာစိတ္မရွည္ဘူး။
အဲေတာ့ ေရးထားသမွ်အကုန္ Up ေလးလိုက္ပါတယ္။
စာဖတ္သူေလးေတြစိတ္ခ်မ္းသာေအာင္။

😘😘

##################

Unicode

"ဝမ်ကျီး အဖေခေါ်နေတယ်"

"မဦးမဆိုက်ရောက်ခါစလေး အဖေကခေါ်တယ်ဆိုတော့လည်းသွားရမှာပေါ့"

"မင်းကလဲလေ....အဖေ့စိတ်မဆိုးအောင်နေပေးလို့မရဘူးလား?? ပြီးတော့ ဒီနေ့တော်တော်နောက်ကျတယ်....ငါလည်းမင်းကြောင့်ဆူခံထိတယ်"

"ကော ကလည်း ကောလဲသိသားနဲ့ အိမ်မှာနေရတာပျင်းတယ်....လေ့ကျင့်ချိန်ပြီးရင် ဘာမှလုပ်စရာမှမရှိတာ"

ထိုနေ့ ဝမ်ကျီး ဒူးထောက်ပြီး အချက် ၂၀ ရိုက်ခံလိုက်ရသည်။ ရိုက်သာရိုက်ခံရတာ....သူ့ရင်ထဲမှာပန်းတွေပွင့်လို့....
ရိုက်ခံနေရရင်းတောင် ပြုံးစိပြုံးစိလုပ်နေလို့ အဖေကမျက်စောင်းကြီးထိုးသွားသေးသည်။

**ယုန်ကောင်လေးရေ....ငါတော့ရူးနေပြီ**

...................................................................

"ဝမ်ကျီး.....
တစ်ညလုံးလဲကောင်းကောင်းမအိပ်ဘူး။ ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့ မျက်နှာကြီးကလဲပြုံးဖြီးနေတာပဲ....
အဲတာဘာဖြစ်နေတာလဲ??.....မနေ့ကလည်းယုန်သွားဖမ်းမယ်ဆိုပြီးပြန်လာတော့ ဘာမှလဲပါမလာဘူး"

"ဟဲဟဲ ကော ကျွန်တော်လေ ယုန်အကြီးကြီးတကောင်မနေ့ကတွေ့ထားတယ်...
အကြီးကြီးမှအကြီးကြီးပဲ.....အဲတာ အဲဒီယုန်အကြီးကြီးကိုဖမ်းမလို့.....ဖမ်းလို့မိရင်ကောကိုပြမယ်လေနော်.....ကောလဲအဲဒီယုန်ကြီးကိုတွေ့ရင်ချစ်မှာပါ"

"..........."

"ကော ဝမ်ကျီးသွားတော့မယ် အဖေမသိစေနဲ့နော်"
လေ့ကျင့်ချိန်ပြီးတာနဲ့ ဖွတ်ခနဲပျောက်သွားတဲ့ညီငယ်လေး အရင်ကအမြဲသိပ်ရွှင်ရွှင်ပြပြမရှိပေမယ့် ခုလိုပျော်နေတာတွေ့တော့
"ဟင်း....ဝမ်ကျီး မြန်မြန် အဲဒီယုန်ကြီးဖမ်းမိပါစေ"

....................................................................

မနေ့ကယုန်ကောင်လေးနဲ့ ဝမ်ကျီးရေတံခွန်အောက်မှာ ဒီနေ့ပြန်တွေ့ဖို့ချိန်းထားခဲ့သည်။

"ဟင် ယုန်ကောင်လေးလဲမရောက်သေးဘူး"
ဝမ်ကျီးတယောက်တည်း ကျောက်ခဲဒိုးပြားလုပ်ကာ ရေကိုရှပ်၍ပစ်ကစားနေသည်။

"ဒီမှာကြည့် ဒီလိုပစ်မှ ဝေးဝေးရောက်တာ လန်ကျန့်ရ"

ပြောပြောဆိုဆိုရောက်လာပြီးသူနဲ့လာကစားနေသည်။

ရေစီးသံသဲ့သဲ့ဟာ သူတို့နှစ်ယောက်ရဲ့ငြင်းခုံရယ်သံတွေကြားမှာ ရပ်တန့်ပေးခဲ့ရတယ်။

နှစ်ယောက်သား ငါးဖမ်းကျတယ်။ ရေတူတူကူးတယ်။ မောလာရင် ဖမ်းမိထားတဲ့ငါးတွေကိုကင်စားတယ်။ စိုရွှဲနေတဲ့အဝတ်တွေကိုမီးတူတူကင်ရင်း ဝေ့ရင်းခေါင်းကို သူသုတ်ပေးတယ်။ ဝေ့ရင်းကလဲသူ့ခေါင်းကိုပြန်သုတ်ပေးတယ်။

ဝေ့ရင်းကယုန်လေးတွေကိုလိုက်ဖမ်းတမ်းကစားတယ်။
လန်ကျန့်က ဝေ့ရင်းကိုလိုက်ဖမ်းတမ်းကစားတယ်။
မောလာရင် မြက်ခင်းကြီးမှာလှဲအိပ်ရင်း တယောက်မျက်နှာတယောက်ကြည့်ပြီးရယ်တယ်။

မျက်လုံးကိုစည်းပြီး စိန်ပြေးလိုက်တိုင်းလည်းကစားတယ်။ ဝေ့ရင်းလိုက်ဖမ်းတဲ့အလှည့်ရောက်တိုင်း လန်ကျန့်ကိုမိတာခဲယဉ်းတယ်။ မျက်လုံးစည်းထားရတဲဝေ့ရင်းနား နားကပ်ပြီးတိုးတိုးလေးစကားလာလာပြောလိုက်....တခါတလေ ဝေ့ရင်းနှုတ်ခမ်းပေါ်ကို လက်နုနုလေးလာတင်လိုက်နဲ့ အမိမခံပဲ စနေတတ်တယ်။
(အမှန်က ဝေ့ရင်းက လက်လို့သူ့ဘာသာထင်တာပါနော်)

နှစ်ယောက်သား အတိုက်အခိုက် အသတ်အပုတ်လဲတူတူလေ့ကျင့်ကြတယ်။ တိုက်ခိုက်တိုင်း လန်ကျန့်ကနပမ်းလုံးမယ်ဆိုတာချည်းပဲ.....
ပြီးရင်လန်ကျန့်က အားပိုသန်တော့နပမ်းလုံးတိုင်းလဲ သူနိုင်တယ်။ ဝေ့ရင်းကို အပေါ်ကတက်ဖိထားပြီး ကလိထိုးရတာသူကြိုက်တယ်။

သူတို့နှစ်ယောက်ကြားမှာ မျိုးရိုးတွေမသိဘူး။ သူသာတယ် ကိုယ်နာတယ်ဆိုတာတွေမရှိဘူး။ နာမည်တလုံးဆီကလွဲလို့ ကျန်တာဘာမှမသိဘူး။ လိုအပ်တာ တယောက်အနားတယောက်ရှိဖို့ပဲ။ အပူအပင်ကင်းမဲ့စွာနဲ့ ပျော်ရွှင်နေကြတဲ့ကောင်လေးနှစ်ယောက်ဟာ ဒီကမ္ဘာလောကကြီးမှာ သူတို့နှစ်ယောက်ကလွဲလို့ကျန်တာ ဘယ်သူမှမရှိတော့သလိုပဲ.....

ဒီလိုနဲ့ လတွေအလီလီပြောင်းသွားတယ်။

ဝမ်ကျီးရင်ထဲမှာတော့ သူ့ချစ်ခြင်းတွေကို ဝေ့ရင်းကိုဘယ်လိုပြောပြရမလဲပဲ အမြဲတွေးနေမိတယ်။

တဖြေးဖြေးလူပျိုဖော်ဝင်ကာစ ကောင်လေးတယောက်ရဲ့အတွေးတွေဟာလဲ အရင်လိုတော့သိပ်မဖြူစင်နိုင်တော့ဘူးလေ။

သူကသာ မဖြူစင်တာပါ။ ဝေ့ရင်း သူ့ရဲ့ယုန်ကောင်လေးကတော့ သိပ်ဖြူစင်တာ။ တနေ့တခြားလဲပိုပိုလှလာတယ်။
ဟုတ်တယ် ဝေ့ရင်း ကသူ့အတွက်တော့လှတာ.... သိပ်လှတဲ့ယုန်လေးပေါ့။

တနေ့ သူတို့ ထုံးစံအတိုင်းပဲ ရေတူတူကူးပြီးရေဆော့ကြတယ်။ အမည်းရောင်ပါးလွှလွှအင်္ကျီလေးက ရေစိုပြီး ဝေ့ရင်းကိုယ်ပေါ်မှာကပ်နေတော့ အောက်ကဖြူဝင်းမွတ်နေတဲ့အသားအရေက ဝင်းခနဲပဲ။

ရေထဲမှာနေရင်း လန်ကျန့်ရေတွေငတ်လာတယ်။ ရင်တွေလဲတဒုန်းဒုန်းခုန်နေတယ်....ထိန်းမနိုင်သိမ်းမရပဲ။ ရေအေးအေးကြားမှာ သူ့သွေးတွေကဆူပွက်နေတယ်။

သူ့နာမည်တကြော်ကြော်အော်ခေါ်ရင်း ရယ်ကာရေကစားနေတဲ့ ဝေ့ရင်း ကတော့ ကိုယ့်ဘာသာကိုယ် ဖိတ်ခေါ်နေမိသလိုဖြစ်နေတဲ့ အန္တရာယ်ကိုမသိသေးဘူးပေါ့။

အရင်တည်းက ခဏခဏမျိုသိပ်ခဲ့ရတဲ့ သူ့ဆန္ဒတွေကို ဝမ့်ကျီး အခုတချိန်တော့ ဘယ်လိုမှထိန်းမချုပ်နိုင်တော့ဘူး။

သူ့ကိုနောက်ကျောပေးပြီး ရေထဲပြေးထွက်သွားတဲ့ ယုန်ရေရွှဲလေးကို ဆွဲလှည့်လိုက်ပြီး သူနှုတ်ခမ်းတွေကိုယုန်ကောင်လေးရဲ့နှုတ်ခမ်းတွေနဲ့ ထိကပ်လိုက်တယ်။

ရေတံခွန်နားကသူတို့ပေါ်ဖြာကျနေတဲ့ သက်တံ့ကြီးတောင်ကွေးသွားတော့တယ်....
(သက်တံ့ကြီး : ငါရှက်လို့ပါကွာ 🤭🤭)

##################################

ဒီနေ့ ၄ ပိုင်းတောင်တင်လိုက်ပါတယ်နော်။
အစကတော့ တနေ့တပိုင်းခွဲတင်မလို့။
ကိုယ်ကိုတိုင်လဲ ဖတ်ရင်တပိုင်းတပိုင်းစောင့်ဖတ်ရတာစိတ်မရှည်ဘူး။
အဲတော့ ရေးထားသမျှအကုန် Up လေးလိုက်ပါတယ်။
စာဖတ်သူလေးတွေစိတ်ချမ်းသာအောင်။

😘😘

##################


Continue Reading

You'll Also Like

94.7K 12.6K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
180K 18.6K 31
Both Zawgyi & Unicode {Zawgyi} တကၠသိုလ္​ပထမႏွစ္​​ေက်ာင္​းသားတစ္​​ေယာက္ျဖစ္​တဲ့ရိ​ေပၚရဲ႕စူးစမ္​းခ်င္​​ေသာစိတ္​​ေၾကာင္​့မွားယြင္​းစြာSystemတစ္​ခုအတြင္​...
478K 46K 45
မင္းႀကီးကြၽန္ေတာ့္ကိုမရွာခ့ဲပါဘူး...... မယံုၾကည္ရဲေပမ့ဲ.............. မင္းႀကီးေပးတ့ဲေဆြျပန္႔ဓားေလးရယ္ မင္းႀကီးေမြးထားတ့ဲ ယုန္ေလးေတြရယ္ ပိုင္ရွင္ေ၀းေန...
852K 82.8K 35
Wang Yi Bo & Xiao Zhan fan fiction fictionကိုfictionလိုသာျမင္ေပးၾကေစရန္။