{Zawgyi}
အာ?
ပိုင္ရန္အနည္းငယ္ေၾကာက္လန္႔သြားတယ္။
"အေမွာင္ထုနန္းေတာ္ကို ဘယ္ေျခေထာက္နဲ႔ပထမဆံုးစဝင္လိုက္တာလဲ?"
သူဒီေမးခြန္းကိုၾကားလိုက္တဲ့အခ်ိန္မွာ သူနတ္ဆိုးဘုရင္နဲ႔ ပထမဆံုးစေတြ႔ခ်ိန္ကို မွတ္မိသြားတယ္။ နတ္ဆိုးဘုရင္က တည္ၿငိမ္ေနေပမယ့္ သူ႔လက္က အျဖတ္ခံရလုနီးပါးပဲ။ အခု နတ္ဆိုးဘုရင္ယံုးယဲ့က ဒီေမးခြန္းေမးလာၿပီ။ သူ႔ေျခေထာက္ကို ျဖတ္ဖို႔စဥ္းစားေနတာေတာ့ မျဖစ္ႏိုင္ပါဘူးေနာ္? မျဖစ္ႏိုင္ဘူး! ငါက သူ႔ရဲ႕သစၥာေစာင့္ေခြးေလးေလ... ဘယ္လိုလုပ္သူက သူ႔ေဘးနားကလူေတြကို နာက်င္ေအာင္လုပ္မွာလဲ?
ရင္ထဲမွာ သူ႔ခႏၶာကိုယ္အတြက္စိုးရိမ္ေနေပမယ့္ ပိုင္ရန္တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ ေျဖလိုက္ေသးတယ္ "ကြၽန္ေတာ္ ညာဘက္ေျခေထာက္လို႔ထင္တယ္?"
နတ္ဆိုးဘုရင္ယံုးယဲ့ ႏူးႏူးညံ့ညံ့ေလးျပံဳးလိုက္တယ္။ ဒါေပမယ့္ အဲ့အျပံဳးကပိုင္ရန္႔ကို မေကာင္းတဲ့ခံစားခ်က္ႀကီးရေစတယ္။
သူထင္တဲ့အတိုင္းပဲ၊ ခနအတြင္းမွယ နတ္ဆိုးဘုရင္က သူ႔လက္ကိုဆန္႔ထုတ္လိုက္ေတာ့ အမည္းေရာင္အရာကပိုင္ရန္႔ကိုဆုတ္ကိုင္မိသြားတယ္။သူ႔ကိုေျမျပင္ေပၚကေန မ.သြားၿပီး နန္းေတာ္အျပင္ကိုပစ္ထုတ္လိုက္တယ္။ ညာဘက္ေျခေထာက္ကေန တြဲေလာင္းခ်ိတ္ခံရၿပီးက်န္ေနခဲ့တယ္။
"မင္းဘာလုပ္ခဲ့လဲ ျပန္စဥ္းစားေန"
နတ္ဆုိးဘုရင္ရဲ႕အသံက အေဝးကေနလြင့္ပ်ံလာတယ္။
ပိုင္ရန္ကေတာ့ သစ္ပင္ေပၚမွာတြဲေလာင္းခ်ိတ္ခံထားရတယ္။ ငိုဖို႔ႀကိဳးစားရင္ေတာင္ မ်က္ရည္ကမထြက္လာဘူး။
အေစခံေတြအကုန္လံုးကိုလည္း ပထုတ္ထားတယ္။ လူတစ္ေယာက္မွကိုမ႐ွိဘူး။ တကယ္လို႔တစ္ေယာက္ေယာက္ကသာ သူ႔ကိုျမင္သြားရင္ သူဘယ္လိုဟာသအလုပ္ခံရမလဲေတာင္မသိဘူး။
တစ္ေယာက္မွမျမင္ဘူးဆိုေပမယ့္လည္း အခုလိုေဇာက္ထိုးဆြဲခံထားရတာ လံုးဝကိုေနလို႔ေကာင္းမေနဘူး။ သူေ႐ွာင္ေျပးလို႔လည္းမရဘူး၊ အဲ့ေတာ့တစ္ညလံုးပဲ ေနရေတာ့တယ္။ ေက်းဇူးတင္ဖို႔ေကာင္းတာက သူ႔မွာေ႐ွာင္လင္း႐ွိေသးတယ္။ အနည္းဆံုးေတာ့စကားေျပာေဖာ္ေလး႐ွိတာေပါ့။ မဟုတ္ရင္ သူအထီးက်န္ၿပီး ေဝဒနာခံစားရင္း တြဲေလာင္းႀကီးခ်ခံထားရမွာ။
ေနာက္ေန႔မွာမွ နတ္ဆိုးဘုရင္သူ႔ကို ျပန္ခ်ေပးေတာ့တယ္။ ပိုင္ရန္တစ္ကိုယ္လံုးကိုက္ခဲေနၿပီ။ ေလေအးေတြကလည္းတိုက္တာေၾကာင့္ သူ႔ညာဘက္ေျခေထာက္က နီရဲေယာင္ကိုင္းေနၿပီ။ သူေျမျပင္ကိုထိတာေတာင္မွ ေျခေထာက္ကဘာမွမခံစားရဘူးျဖစ္ေနတယ္။
နတ္ဆိုးဘုရင္က လူေကာင္းတစ္ေယာက္မဟုတ္ဘူး။
ေနာက္ဆို သူနဲ႔ေဝးေဝးေနတာ ပိုေကာင္းမယ္။
"သခင္၊ အဆင္ေျပရဲ႕လား?" ေ႐ွာင္လင္းေမးလိုက္တယ္။
"မင္းၾကည့္ေလ ငါအဆင္ေျပေနတဲ့ပံုေပါက္လား?" ပိုင္ရန္သူ႔ရဲ႕ ညာဘက္ေျခေထာက္ကိုကိုင္ၿပီး ေထာ့နဲ႔ေထာ့နဲ႔ေလွ်ာက္ေနတယ္။
ေ႐ွာင္လင္း ဘာမွျပန္မေျပာေတာ့ဘူး။
"နန္းေတာ္မွာ ကိုယ္ေတာ့္ကိုလာေတြ႔"
ပိုင္ရန္နန္းေတာ္က ထြက္ေတာ့မယ့္အခ်ိန္ ဒီအသံၾကားလိုက္ရၿပီး မ်က္ရည္မဲ့ငိုခ်င္သြားတယ္။
ငါ့အ႐ွင္၊ ငါ့ဘုရင္ႀကီးေရ ကြၽန္ေတာ့္ကိုသြားခြင့္ေပးပါေတာ့၊ ကြၽန္ေတာ္႐ႈပ္မိမွန္းသိေနပါၿပီ.. ဟုတ္ၿပီလား? ေနာက္ဘယ္ေတာ့မွ အေမွာင္ထုနန္းေတာ္ကို ေဖာက္မဝင္ေတာ့ဘူးေလ....
သူစိတ္မပါေပမယ့္ နတ္ဆိုးဘုရင္ရဲ႕အမိန္႔ကို နာခံရအံုးမွာပဲ။ ဒါေၾကာင့္မ်က္ရည္ကိုထိန္းၿပီး ေနာက္ကိုျပန္ေလွ်ာက္လာခဲ့တယ္။
ပင္မေဆာင္ကို လွမ္းဝင္သြားေတာ့ နတ္ဆိုးဘုရင္တစ္ေယာက္ေယာက္နဲ႔ စကားေျပာေနတာေတြ႔လိုက္ရတယ္။
ဒီလူက ေလာ့က်န္းဖန္း။
ပိုင္ရန္ကိုေတြ႔သြားေတာ့ ေလာ့က်န္းဖန္းအသာျပံဳးကာ ရင္းႏွီးေဖာ္ေရြတဲ့မ်က္ႏွာနဲ႔ေခါင္းညိတ္ျပတယ္။
ပိုင္ရန္လည္း ရင္းႏွီးမႈျပတဲ့သေဘာနဲ႔ ေခါင္းျပန္ညိတ္ျပလိုက္တယ္။
သူပိုင္ရန္ရဲ႕ကိုး႐ိုးကားယားပံုစံကိုျမင္သြားေတာ့ ေမးလိုက္တယ္။ "ေျခေထာက္ကဘာျဖစ္သြားတာလဲ?"
ပိုင္ရန္ နတ္ဆိုးဘုရင္ရဲ႕အမူအရာမဲ့မ်က္ႏွာကိုၾကည့္ၿပီး မ်က္ႏွာေျပာင္ေျပာင္နဲ႔ဘဲ လိမ္ေျပာလိုက္တယ္။ "ကြၽန္ေတာ္ေရခ်ိဳးခန္းသံုးတာ ၾကာသြားလို္႔ ေျခေထာက္ေတြက်င္ေနတာ"
မေဖာ္ျပႏိုင္တဲ့အၾကည့္က ေလာ့က်န္းဖန္းမ်က္ႏွာမွာေပၚလာတယ္။
နတ္ဆိုးဘုရင္ကေတာ့ ရယ္လို႔ေမာလို႔။
ပိုင္ရန္ ေလာ့က်န္းဖန္းနားကို ေလွ်ာက္သြားလိုက္တယ္။
ေလာ့က်န္းဖန္းအၾကည့္က ပိုင္ရန္႔ေျခေထာက္ေပၚမွာ ႐ွိေနတုန္းပဲ။
ပိုင္ရန္႔မ်က္ႏွာမွာ ဘာအမူအရာမွမ႐ွိေနဘူး။
"မနက္ျဖန္ မင္းေလာ့က်န္းဖန္းနဲ႔ လူသားနယ္ေျမကိုသြားလိုက္" နတ္ဆိုးဘုရင္က အထက္ကေနမိန္႔လိုက္တယ္။
ခ်က္ခ်င္းႀကီး?
တစ္ညလံုးတြဲေလာင္းခ်ခံထားရတာေၾကာင့္ ပိုင္ရန္စိတ္ဓာတ္က်ေနေပမယ့္ အခုလိုၾကားလိုက္ရေတာ့ ပိုင္ရန္ျပန္တက္ႂကြသြားတယ္။
ပိုင္ရန္လက္ကို ဆုတ္ကိုင္ၿပီး "ဟုတ္ကဲ့ပါ!"
သူ႔ေလသံက သာယာ၊ တက္ႂကြၿပီး အားအင္အျပည့္နဲ႔ျဖစ္ေနတယ္။
ပလႅင္ထိပ္မွာထိုင္ေနတဲ့ခပ္ေခ်ာေခ်ာအမ်ိဳးသားက ျပံဳးသြားၿပီး ပိုင္ရန္႔တုံ႔ျပန္မႈကို သေဘာက်ေနတယ္။
ဒီလိုနဲ႔ ပိုင္ရန္လူသားနယ္ေျမကိုသြားဖို႔ အခြင့္အေရးရသြားတယ္။
ပိုင္ရန္ပင္မေဆာင္ကေန အိမ္ေတာ္ကိုျပန္လာၿပီးေနာက္ရက္အနည္းငယ္စာအတြက္ အနားယူတယ္။ အဲ့ေနာက္ ျဖတ္လမ္းကေနလူသားနယ္ေျမကို ေပ်ာ္ေပ်ာ္ႀကီးျဖတ္သြားလိုက္တယ္။
လူသားနယ္ေျမကိုေရာက္ေတာ့ ေလာ့က်န္းဖန္းကသူ႔တာဝန္ေတြကိုေျပာျပတယ္။ သူက ဝွက္ပန္းတံလ်ပ္ပြဲကိုေရာက္လာတဲ့ပါဝင္သူေတြကို သတ္ဖို႔တာဝန္က်တယ္။ ဒါကခုနစ္စင္ၾကယ္သားေတာ္က ဒီအဖြဲ႔မွာပါမယ္လို႔ထင္ေၾကးေပးထားတာေၾကာင့္ျဖစ္တယ္။ ဒါေပမယ့္သူမပါရင္ေတာင္မွ လူသားနယ္ေျမကအင္အားႀကီးသူေတြကို သတ္ရတာက ေကာင္းတဲ့အရာပဲေလ။
ေလာ့က်န္းဖန္းရဲ႕ေျပာၾကားခ်က္ကိုၾကားၿပီး ပိုင္ရန္မွတ္ဥာဏ္ထဲက ဆက္ႏြယ္ေနတဲ့အခ်က္ေတြကို႐ွာတယ္။
ဝွက္ပန္းတံလ်ပ္ပြဲက ဆယ္ႏွစ္တစ္ႀကိမ္က်င္းပတဲ့ႀကီးက်ယ္တဲ့ပြဲတစ္ခုျဖစ္တယ္။ က်င့္စဥ္က်င့္ၾကံတဲ့ဂိုဏ္းေတြအားလံုး သူတို႔ရဲ႕ထက္ျမက္တဲ့တပည့္ေတြလႊတ္ၿပီး ပါဝင္ယွဥ္ၿပိဳင္ကာ မ်ိဳးႏြယ္ေတြအဆင့္သတ္မွတ္ၾကတယ္။ အဖိုးတန္ဆုေၾကးေတြကိုလည္း အဆင့္အလိုက္ျပသထားကာ ကိုယ္ခံပညာကြၽမ္းက်င္မႈကိုလည္း တိုင္းတာရတယ္။ ဒါေၾကာင့္ ဆုေၾကးေရာ နာမည္ေက်ာ္ၾကားဖို႔အတြက္ေရာ အရည္အခ်င္း႐ွိတဲ့လူရြယ္မ်ားက ပါဝင္ၾကၿပီး အဆင့္ေကာင္းရေအာငိ အားထုတ္ၾကတယ္။
မူရင္းစာအုပ္မွာ၊ ေခါင္းေဆာင္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့_ က်ိဳးရင္နဲ႔ မမေလးလီ_ ႏွစ္ေယာက္လံုးက တိမ္လႊာပ်ံဝဲဂိုဏ္းကို ဝင္ၾကတယ္။ မမေလးလီက တရားဝင္တပည့္၊ ဇာတ္လိုက္က်ိဳးရင္ကေတာ့ သူမရဲ႕အေစခံသာျဖစ္တယ္။ တိတိက်က်ေျပာရရင္ သူကသူမအတြက္ အစားအေသာက္နဲ႔လိုအပ္တာေတြ ျပင္ေပးရတာ။
ေခါင္းေဆာင္မင္းသားက သူ႔ရဲ႕ဇာတ္လိုက္အ႐ွိန္အဝါနဲ႔ တိမ္လႊာပ်ံဝဲဂိုဏ္းရဲ႕အေစခံငယ္ေလးျဖစ္ေနေပမယ့္ ကံတရားအတိုင္း ေက်ာင္ခ်င္းအာရဲ႕စိတ္ဝင္စားမႈကို ရယူႏိုင္ခဲ့တယ္။ သူမက တိမ္လႊာပ်ံဝဲဂိုဏ္းရဲ႕မ်ိဳးႏြယ္ေခါင္းေဆာင္သမီးျဖစ္တယ္။
ပံုမွန္ဆို ဇာတ္လိုက္က ဝွက္ပန္းတံလ်ပ္ပြဲကိုဝင္ေရာက္ဖို႔ အရည္အခ်င္းမျပည့္မွီေသးေပမယ့္ အမ်ိဳးသမီးလူစြမ္းေကာင္းေတြျဖစ္တဲ့ ေက်ာင္ခ်င္းအာနဲ႔ မမေလးလီတို႔အစြမ္းနဲ႔ ပါဝင္ခြင့္ရသြားတယ္။
ပြဲအတြင္းမွာ နတ္ဆိုးေတြက်ဴးေက်ာ္ဝင္ေရာက္လာၿပီး ဝွက္ပန္းတံလ်ပ္ရဲ႕ပါဝင္သူ ရာေပါင္းမ်ားစြာကို သတ္ခဲ့ၿပီး ဇာတ္လိုက္တစ္ေယာက္သာ လြတ္ေျမာက္သြားခဲ့တယ္။ ဒါ့ျပင္သူ႔ရဲ႕အဓိကလက္ရံုးျဖစ္တဲ့ နဂါးႏိုင္ဓားပါရသြလိုက္ေသးတယ္။
ပိုင္ရန္ သူလူသားနယ္ေျမကို ပထမဆံုးစေရာက္တဲ့အႀကိမ္မွာပဲ အခုလိအစုလိုက္အျပံဳလိုက္လူသတ္တာနဲ႔တိုးလိမ့္မယ္လို႔ ဘယ္တုန္းကမွမထင္ထားခဲ့ဘူး။
____________________________________
{Unicode}
အာ?
ပိုင်ရန်အနည်းငယ်ကြောက်လန့်သွားတယ်။
"အမှောင်ထုနန်းတော်ကို ဘယ်ခြေထောက်နဲ့ပထမဆုံးစဝင်လိုက်တာလဲ?"
သူဒီမေးခွန်းကိုကြားလိုက်တဲ့အချိန်မှာ သူနတ်ဆိုးဘုရင်နဲ့ ပထမဆုံးစတွေ့ချိန်ကို မှတ်မိသွားတယ်။ နတ်ဆိုးဘုရင်က တည်ငြိမ်နေပေမယ့် သူ့လက်က အဖြတ်ခံရလုနီးပါးပဲ။ အခု နတ်ဆိုးဘုရင်ယုံးယဲ့က ဒီမေးခွန်းမေးလာပြီ။ သူ့ခြေထောက်ကို ဖြတ်ဖို့စဉ်းစားနေတာတော့ မဖြစ်နိုင်ပါဘူးနော်? မဖြစ်နိုင်ဘူး! ငါက သူ့ရဲ့သစ္စာစောင့်ခွေးလေးလေ... ဘယ်လိုလုပ်သူက သူ့ဘေးနားကလူတွေကို နာကျင်အောင်လုပ်မှာလဲ?
ရင်ထဲမှာ သူ့ခန္ဓာကိုယ်အတွက်စိုးရိမ်နေပေမယ့် ပိုင်ရန်တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဖြေလိုက်သေးတယ် "ကျွန်တော် ညာဘက်ခြေထောက်လို့ထင်တယ်?"
နတ်ဆိုးဘုရင်ယုံးယဲ့ နူးနူးညံ့ညံ့လေးပြုံးလိုက်တယ်။ ဒါပေမယ့် အဲ့အပြုံးကပိုင်ရန့်ကို မကောင်းတဲ့ခံစားချက်ကြီးရစေတယ်။
သူထင်တဲ့အတိုင်းပဲ၊ ခနအတွင်းမှယ နတ်ဆိုးဘုရင်က သူ့လက်ကိုဆန့်ထုတ်လိုက်တော့ အမည်းရောင်အရာကပိုင်ရန့်ကိုဆုတ်ကိုင်မိသွားတယ်။သူ့ကိုမြေပြင်ပေါ်ကနေ မ.သွားပြီး နန်းတော်အပြင်ကိုပစ်ထုတ်လိုက်တယ်။ ညာဘက်ခြေထောက်ကနေ တွဲလောင်းချိတ်ခံရပြီးကျန်နေခဲ့တယ်။
"မင်းဘာလုပ်ခဲ့လဲ ပြန်စဉ်းစားနေ"
နတ်ဆိုးဘုရင်ရဲ့အသံက အဝေးကနေလွင့်ပျံလာတယ်။
ပိုင်ရန်ကတော့ သစ်ပင်ပေါ်မှာတွဲလောင်းချိတ်ခံထားရတယ်။ ငိုဖို့ကြိုးစားရင်တောင် မျက်ရည်ကမထွက်လာဘူး။
အစေခံတွေအကုန်လုံးကိုလည်း ပထုတ်ထားတယ်။ လူတစ်ယောက်မှကိုမရှိဘူး။ တကယ်လို့တစ်ယောက်ယောက်ကသာ သူ့ကိုမြင်သွားရင် သူဘယ်လိုဟာသအလုပ်ခံရမလဲတောင်မသိဘူး။
တစ်ယောက်မှမမြင်ဘူးဆိုပေမယ့်လည်း အခုလိုဇောက်ထိုးဆွဲခံထားရတာ လုံးဝကိုနေလို့ကောင်းမနေဘူး။ သူရှောင်ပြေးလို့လည်းမရဘူး၊ အဲ့တော့တစ်ညလုံးပဲ နေရတော့တယ်။ ကျေးဇူးတင်ဖို့ကောင်းတာက သူ့မှာရှောင်လင်းရှိသေးတယ်။ အနည်းဆုံးတော့စကားပြောဖော်လေးရှိတာပေါ့။ မဟုတ်ရင် သူအထီးကျန်ပြီး ဝေဒနာခံစားရင်း တွဲလောင်းကြီးချခံထားရမှာ။
နောက်နေ့မှာမှ နတ်ဆိုးဘုရင်သူ့ကို ပြန်ချပေးတော့တယ်။ ပိုင်ရန်တစ်ကိုယ်လုံးကိုက်ခဲနေပြီ။ လေအေးတွေကလည်းတိုက်တာကြောင့် သူ့ညာဘက်ခြေထောက်က နီရဲယောင်ကိုင်းနေပြီ။ သူမြေပြင်ကိုထိတာတောင်မှ ခြေထောက်ကဘာမှမခံစားရဘူးဖြစ်နေတယ်။
နတ်ဆိုးဘုရင်က လူကောင်းတစ်ယောက်မဟုတ်ဘူး။
နောက်ဆို သူနဲ့ဝေးဝေးနေတာ ပိုကောင်းမယ်။
"သခင်၊ အဆင်ပြေရဲ့လား?" ရှောင်လင်းမေးလိုက်တယ်။
"မင်းကြည့်လေ ငါအဆင်ပြေနေတဲ့ပုံပေါက်လား?" ပိုင်ရန်သူ့ရဲ့ ညာဘက်ခြေထောက်ကိုကိုင်ပြီး ထော့နဲ့ထော့နဲ့လျှောက်နေတယ်။
ရှောင်လင်း ဘာမှပြန်မပြောတော့ဘူး။
"နန်းတော်မှာ ကိုယ်တော့်ကိုလာတွေ့"
ပိုင်ရန်နန်းတော်က ထွက်တော့မယ့်အချိန် ဒီအသံကြားလိုက်ရပြီး မျက်ရည်မဲ့ငိုချင်သွားတယ်။
ငါ့အရှင်၊ ငါ့ဘုရင်ကြီးရေ ကျွန်တော့်ကိုသွားခွင့်ပေးပါတော့၊ ကျွန်တော်ရှုပ်မိမှန်းသိနေပါပြီ.. ဟုတ်ပြီလား? နောက်ဘယ်တော့မှ အမှောင်ထုနန်းတော်ကို ဖောက်မဝင်တော့ဘူးလေ....
သူစိတ်မပါပေမယ့် နတ်ဆိုးဘုရင်ရဲ့အမိန့်ကို နာခံရအုံးမှာပဲ။ ဒါကြောင့်မျက်ရည်ကိုထိန်းပြီး နောက်ကိုပြန်လျှောက်လာခဲ့တယ်။
ပင်မဆောင်ကို လှမ်းဝင်သွားတော့ နတ်ဆိုးဘုရင်တစ်ယောက်ယောက်နဲ့ စကားပြောနေတာတွေ့လိုက်ရတယ်။
ဒီလူက လော့ကျန်းဖန်း။
ပိုင်ရန်ကိုတွေ့သွားတော့ လော့ကျန်းဖန်းအသာပြုံးကာ ရင်းနှီးဖော်ရွေတဲ့မျက်နှာနဲ့ခေါင်းညိတ်ပြတယ်။
ပိုင်ရန်လည်း ရင်းနှီးမှုပြတဲ့သဘောနဲ့ ခေါင်းပြန်ညိတ်ပြလိုက်တယ်။
သူပိုင်ရန်ရဲ့ကိုးရိုးကားယားပုံစံကိုမြင်သွားတော့ မေးလိုက်တယ်။ "ခြေထောက်ကဘာဖြစ်သွားတာလဲ?"
ပိုင်ရန် နတ်ဆိုးဘုရင်ရဲ့အမူအရာမဲ့မျက်နှာကိုကြည့်ပြီး မျက်နှာပြောင်ပြောင်နဲ့ဘဲ လိမ်ပြောလိုက်တယ်။ "ကျွန်တော်ရေချိုးခန်းသုံးတာ ကြာသွားလို့် ခြေထောက်တွေကျင်နေတာ"
မဖော်ပြနိုင်တဲ့အကြည့်က လော့ကျန်းဖန်းမျက်နှာမှာပေါ်လာတယ်။
နတ်ဆိုးဘုရင်ကတော့ ရယ်လို့မောလို့။
ပိုင်ရန် လော့ကျန်းဖန်းနားကို လျှောက်သွားလိုက်တယ်။
လော့ကျန်းဖန်းအကြည့်က ပိုင်ရန့်ခြေထောက်ပေါ်မှာ ရှိနေတုန်းပဲ။
ပိုင်ရန့်မျက်နှာမှာ ဘာအမူအရာမှမရှိနေဘူး။
"မနက်ဖြန် မင်းလော့ကျန်းဖန်းနဲ့ လူသားနယ်မြေကိုသွားလိုက်" နတ်ဆိုးဘုရင်က အထက်ကနေမိန့်လိုက်တယ်။
ချက်ချင်းကြီး?
တစ်ညလုံးတွဲလောင်းချခံထားရတာကြောင့် ပိုင်ရန်စိတ်ဓာတ်ကျနေပေမယ့် အခုလိုကြားလိုက်ရတော့ ပိုင်ရန်ပြန်တက်ကြွသွားတယ်။
ပိုင်ရန်လက်ကို ဆုတ်ကိုင်ပြီး "ဟုတ်ကဲ့ပါ!"
သူ့လေသံက သာယာ၊ တက်ကြွပြီး အားအင်အပြည့်နဲ့ဖြစ်နေတယ်။
ပလ္လင်ထိပ်မှာထိုင်နေတဲ့ခပ်ချောချောအမျိုးသားက ပြုံးသွားပြီး ပိုင်ရန့်တုံ့ပြန်မှုကို သဘောကျနေတယ်။
ဒီလိုနဲ့ ပိုင်ရန်လူသားနယ်မြေကိုသွားဖို့ အခွင့်အရေးရသွားတယ်။
ပိုင်ရန်ပင်မဆောင်ကနေ အိမ်တော်ကိုပြန်လာပြီးနောက်ရက်အနည်းငယ်စာအတွက် အနားယူတယ်။ အဲ့နောက် ဖြတ်လမ်းကနေလူသားနယ်မြေကို ပျော်ပျော်ကြီးဖြတ်သွားလိုက်တယ်။
လူသားနယ်မြေကိုရောက်တော့ လော့ကျန်းဖန်းကသူ့တာဝန်တွေကိုပြောပြတယ်။ သူက ဝှက်ပန်းတံလျပ်ပွဲကိုရောက်လာတဲ့ပါဝင်သူတွေကို သတ်ဖို့တာဝန်ကျတယ်။ ဒါကခုနစ်စင်ကြယ်သားတော်က ဒီအဖွဲ့မှာပါမယ်လို့ထင်ကြေးပေးထားတာကြောင့်ဖြစ်တယ်။ ဒါပေမယ့်သူမပါရင်တောင်မှ လူသားနယ်မြေကအင်အားကြီးသူတွေကို သတ်ရတာက ကောင်းတဲ့အရာပဲလေ။
လော့ကျန်းဖန်းရဲ့ပြောကြားချက်ကိုကြားပြီး ပိုင်ရန်မှတ်ဉာဏ်ထဲက ဆက်နွယ်နေတဲ့အချက်တွေကိုရှာတယ်။
ဝှက်ပန်းတံလျပ်ပွဲက ဆယ်နှစ်တစ်ကြိမ်ကျင်းပတဲ့ကြီးကျယ်တဲ့ပွဲတစ်ခုဖြစ်တယ်။ ကျင့်စဉ်ကျင့်ကြံတဲ့ဂိုဏ်းတွေအားလုံး သူတို့ရဲ့ထက်မြက်တဲ့တပည့်တွေလွှတ်ပြီး ပါဝင်ယှဉ်ပြိုင်ကာ မျိုးနွယ်တွေအဆင့်သတ်မှတ်ကြတယ်။ အဖိုးတန်ဆုကြေးတွေကိုလည်း အဆင့်အလိုက်ပြသထားကာ ကိုယ်ခံပညာကျွမ်းကျင်မှုကိုလည်း တိုင်းတာရတယ်။ ဒါကြောင့် ဆုကြေးရော နာမည်ကျော်ကြားဖို့အတွက်ရော အရည်အချင်းရှိတဲ့လူရွယ်များက ပါဝင်ကြပြီး အဆင့်ကောင်းရအောငိ အားထုတ်ကြတယ်။
မူရင်းစာအုပ်မှာ၊ ခေါင်းဆောင်သရုပ်ဆောင်တွေဖြစ်တဲ့_ ကျိုးရင်နဲ့ မမလေးလီ_ နှစ်ယောက်လုံးက တိမ်လွှာပျံဝဲဂိုဏ်းကို ဝင်ကြတယ်။ မမလေးလီက တရားဝင်တပည့်၊ ဇာတ်လိုက်ကျိုးရင်ကတော့ သူမရဲ့အစေခံသာဖြစ်တယ်။ တိတိကျကျပြောရရင် သူကသူမအတွက် အစားအသောက်နဲ့လိုအပ်တာတွေ ပြင်ပေးရတာ။
ခေါင်းဆောင်မင်းသားက သူ့ရဲ့ဇာတ်လိုက်အရှိန်အဝါနဲ့ တိမ်လွှာပျံဝဲဂိုဏ်းရဲ့အစေခံငယ်လေးဖြစ်နေပေမယ့် ကံတရားအတိုင်း ကျောင်ချင်းအာရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့တယ်။ သူမက တိမ်လွှာပျံဝဲဂိုဏ်းရဲ့မျိုးနွယ်ခေါင်းဆောင်သမီးဖြစ်တယ်။
ပုံမှန်ဆို ဇာတ်လိုက်က ဝှက်ပန်းတံလျပ်ပွဲကိုဝင်ရောက်ဖို့ အရည်အချင်းမပြည့်မှီသေးပေမယ့် အမျိုးသမီးလူစွမ်းကောင်းတွေဖြစ်တဲ့ ကျောင်ချင်းအာနဲ့ မမလေးလီတို့အစွမ်းနဲ့ ပါဝင်ခွင့်ရသွားတယ်။
ပွဲအတွင်းမှာ နတ်ဆိုးတွေကျူးကျော်ဝင်ရောက်လာပြီး ဝှက်ပန်းတံလျပ်ရဲ့ပါဝင်သူ ရာပေါင်းများစွာကို သတ်ခဲ့ပြီး ဇာတ်လိုက်တစ်ယောက်သာ လွတ်မြောက်သွားခဲ့တယ်။ ဒါ့ပြင်သူ့ရဲ့အဓိကလက်ရုံးဖြစ်တဲ့ နဂါးနိုင်ဓားပါရသွလိုက်သေးတယ်။
ပိုင်ရန် သူလူသားနယ်မြေကို ပထမဆုံးစရောက်တဲ့အကြိမ်မှာပဲ အခုလိအစုလိုက်အပြုံလိုက်လူသတ်တာနဲ့တိုးလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ဘူး။
_____
Thanks😉