{Zawgyi}
သစ္ကိုင္းက်ိဳးေၾကသံေတြၾကားလိုက္ရကာ ေတာနက္ထဲကေန သက္႐ွိပံုရိပ္တစ္ခုခုန္ပ်ံၿပီးေရာက္လာတယ္။ ပိုင္ရန္အဲ့တာကို ေသခ်ာၾကည့္လိုက္ေတာ့ ဝံပုေလြအႀကီးႀကီးတစ္ေကာင္ျဖစ္ေနတယ္။
ဝံပုေလံက မီးခိုးနဲ႔အမည္းစပ္ၾကားျဖစ္ၿပီး အေမႊးဖြာဖြာႀကီးနဲ႔မ်က္လံုးေတြကလည္း စူး႐ွလို႔ေနတယ္။ လူအရပ္ရဲ႕တစ္ဝက္ေလာက္႐ွိၿပီး သာမာန္ဝံပုေလြေတြထက္ ႏွစ္ဆေလာက္ပိုႀကီးတယ္။ ပိုင္ရန္အလိုအေလ်ာက္ႏိုးႏိုးၾကားၾကားျဖစ္သြားၿပီး ေနာက္ဆုန္ကာလွည့္ေျပးခ်င္သြားတယ္။
သို့ေသာ္လည္း ဝံပုေလြႀကီးက သူ႔ထက္ပိုလွ်င္တယ္။ လ်ပ္တစ္ျပက္အတြင္းမွာ သူ႔နားကိုခုန္လိုက္ၿပီး ရန္ျပဳတာေတာ့မ႐ွိဘူး။ အဲ့အစားေခါင္းေလးငံု႔ၿပီး ပိုင္ရန္ကိုက်ိဳးႏြံစြာတို႔ထိလိုက္တယ္။
ပိုင္ရန္အဲ့ေတာ့မွ ဝံပုေလြၾကီးရဲ႕လည္ပင္းမွာ အထုတ္ေလးတစ္ခုဆြဲထားတာေတြ႔လိုက္ရတယ္။
ဝံပုေလြႀကီးရဲ႕ႏူးညံ့တဲ့အျပဳအမူေၾကာင့္ ပိုင္ရန္အံ့ျသသြားတယ္... ဒီဟာကငါ့အတြက္လား?
သူလည္းလက္ဆန္႔ထုတ္ၿပီး အထုတ္ကိုယူလိုက္တယ္။ ဝံပုေလြႀကီးကေတာ့ ပံုစံမေျပာင္းမလဲဘဲ႐ွိေနတယ္။
အထုတ္ကိုေအာင္ေအာင္ျမင္ျမင္ယူၿပီးေတာ့ ဖြင့္ၾကည့္လိုက္တယ္။ အနက္ေရာင္ဝတ္စံုတစ္စံုပဲ။
ဒါဆို ဒီဝံပုေလြႀကီးကဒီကို အက်ီdeliveryလာပို႔တာေပါ့!
သူအခုေလာေလာဆယ္အက်ီမဝတ္ထားတာ သိတဲ့သူဆိုလို႔ဒီကမာၻမွာတစ္ေယာက္ပဲ႐ွိတယ္။ အဲ့ေတာ့ ဒီအက်ီေတြကိုဘယ္သူပို႔တာလဲဆိုတာ ခန္႔မွန္းစရာေတာင္မလိုဘူး။
ပိုင္ရန္ စိတ္နည္းနည္း႐ႈပ္ေထြးသြားတယ္။ အစကသူထင္လိုက္တာ နတ္ဆိုးဘုရင္ယံုးယဲ့က လူစိတ္မ႐ွိ မညႇာတာတတ္ဘူးေပါ့။ ပိုင္ရန္လုပ္မိတာဆိုလို႔ သူ႔ေနာက္ပိုင္းေလးကိုသြားကိုင္မိရံုေလးကို ဒီဘာမဟုတ္တဲ့ျပစ္မႈေလးအတြက္ နတ္ဆိုးဘုရင္ကသူ႔ရဲ႕ teleportအစြမ္းကိုပိတ္ျပစ္လိုက္ၿပီး ေတာင္ေအာက္ကိုကိုယ္လံုးတီးဆင္းလာခိုင္းတယ္။ ဒါေပမယ့္အခုက်ေတာ့ နတ္ဆိုးဘုရင္ကသူ႔အတြက္ ဝံပုေလြႀကီးနဲ႔အက်ီေတြပို႔ေပးလိုက္တယ္။ ဒါနဲ႔ဆို ပိုင္ရန္လူအုပ္ၾကားထဲ ကိုယ္တံုးလံုးႀကီးေလွ်ာက္သြားစရာမလိုေတာ့ဘူး... နည္းနည္းအဖတ္ဆယ္လို႔ရသြားတာေပါ့။
ပိုင္ရန္ရဲ႕နတ္ဆိုးဘုရင္အေပၚ first impressionက ဒီလူႀကီးက အထက္စီးဆန္တယ္၊ ရက္စက္ၿပီး အညႇာအတာမ႐ွိဘူး။ အခုေတာ့ သူကအစကထင္သေလာက္လည္း မရက္စက္ပါဘူး။
ပိုင္ရန္ ဝံပုေလြႀကီးေခါင္းကို အသာေလးပုတ္ၿပီး ေပ်ာ္ရႊင္စြာေျပာလိုက္တယ္ "ေက်းဇူးတင္တယ္ေနာ္"
ဝံပုေလြက တစ္ခ်က္ႏွာမႈတ္ၿပီး သူ႔ရဲ႕အေမႊးထူထူေခါင္းေလးကို ပိုင္ရန္႔ကိုယ္နဲ႔ပြတ္လိုက္တယ္။
ပိုင္ရန္အထုတ္ဖြင့္ၿပီး အက်ီကိုထုတ္လိုက္တယ္။ ေ႐ွာင္လင္းလမ္းၫႊန္မႈနဲ႔ အဲ့တာကိုဝတ္ႏိုင္လိုက္ေပမယ့္ တခုခုမွားေနတာ သတိထားမိလိုက္တယ္။ နတ္ဆိုးဘုရင္က သူ႔ကိုဝတ္ရံုပဲပို႔လိုက္တာ ေအာက္ခံေဘာင္းဘီလည္းမပါဘူး! ေ႐ွးေခတ္အက်ီေတြက ပံုမွန္အားျဖင့္ ေယာက်ာ္းေလးဆိုရင္ေဘာင္းဘီ၊ မိန္းကေလးဆိုရင္ စကတ္နဲ႔ အေပၚကေန ေလ်ာ့ရဲရဲဝတ္ရံုထပ္ဝတ္ၾကတာျဖစ္တယ္။
ပိုင္ရန္ေလးခမ်ာ စြံအသြားရတယ္။ သူထင္လိုက္တာ နတ္ဆိုးဘုရင္ႀကီးက အသိဥာဏ္႐ွိၿပီးထင္သေလာက္လည္း မရက္စက္ပါဘူးဆိုၿပီးေတာ့။ အခု ဒီလူႀကီးကရက္စက္ရံုတင္မကေသးဘူး အင္မတန္လည္းအၿငိဳးအေတးႀကီးတယ္ဆိုတာ သိလိုက္ရတယ္။
အရဲစြန္႔ၿပီး ပိုင္ရန္အက်ီကိုဝတ္လိုက္ရတယ္။ ဝတ္ရံုက သူ႔ရဲ႕အဝတ္မပါတဲ့ ေပါင္တံေတြကိုဖံုးကြယ္ေပးေပမယ့္ သူသာေျခလွမ္းက်ယ္က်ယ္လွမ္းမိရင္ လူအမ်ားေ႐ွ႕မွာ ေအာက္ေဖာ္ျပပါျဖစ္သြားႏိုင္တဲ့ အႏၱရာယ္ရှိတယ္။
ဝံပုေလြႀကီးက ေျမႀကီးေပၚဒူးေထာက္လိုက္တယ္။
ဒါကေရာ ဘာကိုဆိုလိုတာလဲဟ?
"သခင္.. သူက သူ႔ေက်ာေပၚလိုက္စီးေစခ်င္တာ"
ပိုင္ရန္အနည္းငယ္ ေျမာက္ႂကြေျမာက္ႂကြျဖစ္သြားၿပီး အံ့လည္းအံ့ျသရတယ္။ သူဝံပုေလြစီးခြင့္ၾကံဳရလိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ထားခဲ့ဘူး။ အခုအခြင့္အေရးရေနၿပီ၊ ဒါေပါ့၊ ဘယ္လက္လြတ္ခံႏိုင္ပါ့မလဲ...
ဒီဝံပုေလြက သာမာန္ဝံပုေလြေတြနဲ႔ မတူဘူး။ ၾကည့္ရတာ အရမ္းဥာဏ္ေကာင္းၿပီး လူစကားလည္း နားလည္းသလိုပဲ။
"မင္းငါ့ကို တကယ္လာေခၚတာလား?" ပိုင္ရန္ဂ႐ုတစိုက္ေမးတယ္။
ဝံပုေလြႀကီးက ဘာမွျပန္မေျပာႏိုင္ေပမယ့္ နားရြက္ေလးေတာ့ ခတ္ျပတယ္။
ဟုတ္ေနတဲ့ပံုပဲ။
နဂိုက သူ႔ရဲ႕ေပၚေရာ္ေနတဲ့အသားေၾကာင့္စိတ္ညစ္ေနတဲ့ပိုင္ရန္၊ ခုတက္ႂကြေနၿပီ။ ငါေလးဝံပုေလြစီးရၿပီဟဲ့! ဒါကဘယ္ေတာ့မွလုပ္ႏိုင္လိမ့္မွာ မဟုတ္တဲ့အရာ။ ဆြဲေဆာင္မႈ႐ွိၿပီးလ်ပ္စီးလိုျမန္တဲ့ ဝံပုေလြကို စီးရတာသိပ္ေဂၚတယ္မဟုတ္လား?
ဒါေၾကာင့္ သူလည္းျမဴးတူးစြာ ဝံပုေလြေက်ာေပၚ ကုတ္ဖက္တက္သြားတယ္။
သူဝံပုေလြေက်ာေပၚေရာက္သြားတာနဲ႔ ဝံပုေလြႀကီးကထရပ္လိုက္ၿပီး ေလလိုေပါ့ပါးလ်င္ျမန္စြာ ေ႐ွ႕ကိုဆက္ေျပးေတာ့တယ္။ အ႐ွိန္ကေတာ့ ကားတစ္စီးထက္လံုးဝမေလ်ာ့ဘူး။ ေလတိုးတာေၾကာင့္ ပိုင္ရန္မ်က္ႏွာႏွစ္ျခမ္းလံုစ နည္းနည္းေတာင္ နာေနၿပီ။ မ်က္စိေ႐ွ႕ကျမင္ကြင္းေတြကလည္း ဖ်တ္ခနဲေနာက္မွာက်န္ရစ္ခဲ့ၿပီး ျမန္လြန္းလို႔ဝိုးတဝါးသာျမင္ရတယ္။
ပိုင္ရန္ဝံပုေလြႀကီးအေမႊးေတြကို ဆုတ္ကိုင္ၿပီး မွတ္ဥာဏ္ထဲမွာ႐ွာေဖြေနလိုက္တယ္။ ဒီဝံပုေလြႀကီးက နတ္ဆိုးဘုရင္ရဲ႕အႏွစ္သက္ဆံုးတစ္ေကာင္။ နတ္ဆိုးဘုရင္က ထူးျခားဆန္းျပားတဲ့အေကာင္ေတြ စုေဆာင္းရတာသေဘာက်တယ္။ သူ႔နန္းေတာ္ထဲမွာ မီးခိုးနဲ႔အနက္ၾကားတစ္ေကာင္႐ွိတာ သတိရသြားတယ္။ အဲ့ဒါဒီတစ္ေကာင္ျဖစ္မယ္။
ဝံပုေလြက ပိုင္ရန္ကိုသက္ဝင္လႈပ္႐ွားေနတဲ့လမ္းအခ်ိဳ႕ကို ေခၚေဆာင္သြားတယ္။ နတ္ဆိုးနယ္ေျမကပတ္ဝန္းက်င္အေနအထားက ၾကမ္းတမ္းၿပီး ေနရာတိုင္းမွာေမွာ္အကာအကြယ္စည္းေတြ႐ွိေနတယ္။ ဒါေၾကာင့္ အေျခခ်ေနထိုင္ဖို႔သင့္ေတာ္တဲ့ေနရာ အမ်ားႀကီးမ႐ွိဘူး။ ဒီၿမိဳ႕ရဲ႕အရြယ္အစားနဲ႔ ႂကြယ္ဝခ်မ္းသာမႈက လူသားနယ္ေျမကၿမိဳ႕ေတြနဲ႔ေတာ့ ယွဥ္လို႔မရဘူး။ ပိုင္ရန္ဝံပုေလြစီးလာတာျမင္ေတာ့ တစ္ခ်က္ၾကည့္ၿပီးတာနဲ႔ခ်က္ခ်င္း သူတို႔ေခါင္းေတြငံု႔လိုက္တယ္။ ပိုင္ရန္သူတို႔မ်က္လံုးထဲမွာ အမူအရာတစ္ခုပဲေတြ႔တယ္ _ ေၾကာက္ေနၾကတယ္။
႐ွဲ႕ဇီထ်န္းက နတ္ဆိုးနယ္ေျမရဲ႕မင္းသားေလးပါးထဲက တစ္ပါးျဖစ္တယ္။ သူကတျခားသူေတြ ခံစားခ်က္ကိုလ်စ္လ်ဴ႐ႈတယ္၊ အားနည္းသူကို အႏိုင္က်င့္တယ္၊ အလွေလးေတြဆို တဏွာထတယ္၊ ပစၥည္းဥစၥာမက္ေမာတယ္။ နတ္ဆိုးနယ္ေျမမွာ အားႀကီးသူကိုေလးစားရစျမဲပဲ။ အဲ့လိုလူရဲ႕အထက္စီးဆန္တာကို အျပစ္ေျပာလို႔မရေပမယ့္ အဲ့တာကမမုန္းရဘူး၊ မေၾကာက္ရဘူးလို႔မဆိုလိုဘူး။ ပိုင္ရန္ထင္တယ္ သူလမ္းေပၚမွာကိုယ္တံုးလံုးေလွ်ာက္သြားေနရင္ေတာင္ ဒီလူေတြဘာမွေျပာရဲမွာမဟုတ္ဘူး။
ဝံပုေလြစီးရင္း လူ႐ႈပ္တဲ့လမ္းေတြနဲ႔ ေတာအုပ္ကိုလွ်င္ျမန္စြာျဖတ္ေက်ာ္ခဲ့ၿပီး ၿမိဳ႕ေတာ္တည္ထားတဲ့ႀကီးမားတဲ့ ေတာင္ႀကီးဆီေရာက္လာခဲ့တယ္။
နတ္ဆိုးနယ္ေျမမွာ ေနေရာင္ရတာအရမ္းနည္းၿပီး ေကာင္းကင္က ထိတ္လန္႔စဖြယ္မည္းေမွာင္ေနတယ္။ ၿမိဳ႕ေတာ္ရဲ႕အထက္ေကာင္းကင္ယံက ညဥ့္နက္သန္းေခါင္လိုေမွာင္ေနတယ္။ အေဝးကေနၾကည့္ရင္ ေတာင္ကိုအနက္ေရာင္ျမဴေတြ ရစ္ပတ္ထားသလိုပဲ။ အဲ့ကအရာအားလံုးက အမည္းေတြခ်ည္းပဲျဖစ္ေနၿပီး ေအာက္ေျခမွာလည္း ျမဴေတြနဲ႔ျမင္ကြင္းမ႐ွင္းဘူး။ ေနရာႀကီးတစ္ခုလံုးက အံု႔မိႈင္းၿပီး ပေဟဠိဆန္တဲ့ေလထုႀကီးတစ္ခုျဖစ္ေနတယ္။
ပိုင္ရန္ ၿမိဳ႕ဂိတ္ဝထိ ဝံပုေလြစီးသြားတယ္။
ဂိတ္ေစာင့္ေတြက သူ႔ကိုျမင္ေတာ့ ေျပးလာၿပီးအ႐ိုအေသေပးၾကတယ္။ ပိုင္ရန္ရပ္ၿပီးအစစ္ေဆးမခံဘဲ ၿမိဳ႕ေတာ္ထဲကိုတည့္တည့္သာ ဝံပုေလြစီးလ်က္ဝင္သြားတယ္။ နန္းေတာ္လို႔မေခၚပဲ တံတိုင္းၿမိဳ႕ေတာ္လို႔ေခၚရင္ ပိုမွန္လိမ့္မယ္။ အတြင္းမွာ လူအနည္းငယ္သာ႐ွိတယ္။ အမ်ားစုက အနက္ေရာင္သံခ်ပ္ကာေတြ ဝတ္ဆင္ထားၿပီးသတ္မွတ္ထားတဲ့လမ္းေၾကာင္းအတိုင္း မရီမျပံဳး႐ုပ္တည္ၿပီးေတြနဲ႔နန္းေတာ္ကို ကင္းလွည့္ကာ ေ႐ွ႕ေနာက္ေလွ်ာက္ေနတယ္။
ၿမိဳ႕ေတာ္ရဲ႕အလယ္ ေတာင္ရဲ႕အျမင့္ဆံုးအပိုင္းမွာ နနတ္းေတာ္ႀကီး႐ွိတယ္။
ဒါက နတ္ဆိုးဘုရင္ရဲ႕နန္းေတာ္၊ ထာဝရအေမွာင္ထုနန္းေတာ္ႀကီး။
ပိုင္ရန္ လမ္းမႀကီးရဲ႕အဆံုးထိသြားလိုက္တယ္။ သူ႔ကိုေတြ႔တဲ့သူတို္င္းက ဦးၫႊတ္ၿပီးအ႐ိုအေသေပးသြားၾကတယ္။ အမွန္တိုင္းေျပာရရင္ ဒါကပိုင္ရန္အတြက္ပထဆံုးအႀကိမ္ တခမ္းတနားေလးစားဆက္ဆံတာခံရဖူးတာေၾကာင့္မလို႔ သိပ္ၿပီးအကြၽမ္းတဝင္မ႐ွိေနဘူး။
သူတို႔နန္းေတာ္ရဲ႕အဝင္ေပါက္နားေရာက္ေတာ့မွ ဝံပုေလြႀကီးက ရပ္တန္႔ၿပီးဒူးေကြးလိုက္တယ္။
ပိုင္ရန္သိတယ္ ဒါကစီးရတဲ့ခရီးစဥ္ကုန္ၿပီလို႔ ဝံပုေလြႀကီးကေျပာေနတဲ့ပံုဆိုတာ။ တကယ္တမ္း ပထမဆံုးဝံပုေလြစစီးရတာမလို႔ စိတ္လႈပ္႐ွားေနေပမယ့္ စီးရတာအဲ့ေလာက္သက္ေသာင့္သက္သာမ႐ွိလွဘူးဆိုတာ သိလိုက္ရတယ္။ ေက်ာေပၚမွာလိုက္စီးရေတာ့ သူ႔ေနာက္ပိုင္းေတြနာၿပီး အေမႊးၾကမ္းေတြကလည္း သူ႔ကိုပြန္း႐ွေစတယ္။ ခုေတာ့ သူ႔ေနာက္ပိုင္းႀကီးက အရမ္းနာေနၿပီး သက္သာသြားေအာင္ ေရေအးေလးတစ္ဇလံုနဲ႔ေျဖေလ်ာ့ခ်င္ေနၿပီ။
ဒါေပါ့ ေရေအးနဲ႔မလုပ္ရေသးခင္ ပိုင္ရန္အရင္ဆံုးေအာက္ခံေဘာင္းဘီတစ္စံုေတာ့ ဝတ္ခ်င္ေနၿပီ။
ထာဝရအေမွာင္ထုနန္းေတာ္ထဲဝင္ၿပီးေနာက္ နန္းေတာ္နဲ႔ပတ္သက္တဲ့သူ႔မွတ္ဥာဏ္ကို ႐ုတ္ခ်ည္း႐ွင္းလင္းသိသြားတယ္။ ႐ွဲ႕ဇီထ်န္းကတစ္ခါတစ္ေလ ဒီမွာလာေနတတ္တာေၾကာင့္ ဒီေနရာနဲ႔အရမ္းရင္းႏွီးေနတာကိုး။
မွတ္ဥာဏ္အရ ပိုင္ရန္အျမန္လွည့္ၿပီးရံဖန္ရံခါေနေလ့႐ွိတဲ့ ထာဝရအေမွာင္ထုနန္းေတာ္ရဲ႕ေထာင့္ကအခန္းကို သြားလိုက္တယ္။ အဲ့မွာသူထားထားတဲ့ အဝတ္အပိုေတြအျပင္ ေအာက္ခံေဘာင္းဘီပါ႐ွိ္တယ္။
တံခါးကိုတြန္းၿပီးဖြင့္မလို႔ပဲ႐ွိေသးတယ္ အေနာက္နားကအသံထြက္လာတယ္ "အ႐ွင့္ကို ပင္မေဆာင္ကိုဆင့္ေခၚထားပါတယ္"
ပိုင္ရန္ေခါင္းလွည့္ၾကည့္လိုက္ေတာ့ အနက္ေရာက္ဝတ္စံုနဲ႔လူတစ္ေယာက္ မထံုတတ္ေသး႐ုပ္နဲ႔သူ႔ေနာက္မွာ ရပ္ေနတာေတြ႔လိုက္ရတယ္။ ဒါက လီယုပဲ၊ နတ္ဆိုးဘုရင္ႀကီးရဲ႕လက္ေရြးစင္ကိုယ္ရံေတာ္ထဲက တစ္ေယာက္။
ပိုင္ရန္ဖြင့္ေတာင္မဖြင့္ရေသးတဲ့တံခါးကိုလွည့္ၾကည့္ၿပီး ရင္ထဲမွာငိုေႂကြးေနတယ္ _ ငါ့ေအာက္ခံေဘာင္းဘီေလးေတြ!
သို႔ေပမယ့္ နတ္ဆိုးဘုရင္အေၾကာင္းကသိေနေတာ့ ျငင္းလည္းမျငင္းလိုက္ရဲဘူး။ နတ္ဆိုးဘုရင္က သူ႔ကိုေဘာင္းဘီမဝတ္ေစခ်င္တာသိသာတယ္။ သူသာဝတ္သြားခဲ့ရင္ နတ္ဆိုးဘုရင္ကေဒါသထြက္ၿပီး ဘယ္သူသိမွာလဲ ေနာက္တစ္ႀကိမ္သူ႔ကို အဲ့နတ္ဆိုးႀကီးက ဘယ္လိုထူးဆန္းတာေတြလုပ္ခိုင္းမလဲဆိုတာ? ဒီအခ်ိန္က သူငိုခ်င္းခ်ေနရမယ့္အခ်ိန္မဟုတ္ဘူး။ သူလုပ္ႏိုင္တာ နတ္ဆိုးဘုရင္ႀကီးစိတ္ေက်နပ္တဲ့အထိ အားလံုးနာခံလိုက္ရံုပဲ႐ွိတယ္။
"ပင္မေဆာင္မွာ ဘာလုပ္ေနတာလဲ?" တင္းမာမႈေတြေလ်ာ့သြားေအာင္ ပိုင္ရန္ဝတ္ရံုနက္နဲ႔လူကို စကားစဖို႔ႀကိဳးစားလိုက္တယ္။
သို႔ေသာ္ ထိုလူကေတာ့ တိတ္ဆိတ္ျမဲ။ လမ္းတစ္ေလွ်ာက္ ပိုင္ရန္ဘယ္လိုအေၾကာင္းအရာပဲေျပာေနေန အဲ့လူကေတာ့ စကားလံုးဝမေျပာဘူး။ သူကအရမ္းစကားနည္းတာမ်ားလား...။
သူဆက္ၿပီးစကားမ်ားဖို႔ပဲ႐ွိေသးတယ္ ေ႐ွာင္လင္းကသတိေပးတယ္ "အ႐ွင္႐ွဲ႕ဇီထ်န္းက သူ႔လက္ေအာက္ငယ္သားေတြနဲ႔ ရင္းႏွီးတတ္တဲ့သူမဟုတ္ဘူးေနာ္၊ သူကအရမ္းေမာက္မာတာ၊ လက္ေအာက္ငယ္သားေတြကို ရင္းရင္းႏွီးႏွီးသြားလုပ္တာသတိထားပါ၊ မဟုတ္ရင္ Systemက အျပစ္ေပးတာခံရလိမ့္မယ္"
ေ႐ွာင္လင္းသူ႔ကို Systemရဲ႕သေဘာအတိုင္း ႐ွဲ႕ဇီထ်န္းရဲ႕ဇာတ္ေကာင္အတိုင္းေနဖို႔ သတိေပးလိုက္တယ္။ ပိုင္ရန္သာဇာတ္ေကာင္အတိုင္းေသခ်ာမေနရင္ အျပစ္ေပးခံရလိမ့္မယ္။
ဒါေၾကာင့္ ပိုင္ရန္ပါးစပ္ေလးပိတ္ကာ မ်က္ႏွာကိုလည္း ေမာက္မာၿပီးတည္ၾကည္တဲ့ပံုထားထားလိုက္တယ္။ ႏွစ္ေယာက္သား ပင္မေဆာင္ကိုအသံတိတ္လမ္းေလွ်ာက္လာၾကတယ္။
ပင္မေဆာင္မွာ လူေတြအမ်ားႀကီး႐ွိေနတယ္။ ထင္ထားတဲ့အတိုင္း နတ္ဆိုးဘုရင္ယံုးယဲ့က သလႅင္အျမင့္ေပၚမွာအခန္႔သား။ သူက အနက္ေရာင္႐ႈပ္ေထြးေပြလီတဲ့ပံုစံေတြထိုးထားတဲ့ ေကာင္းမြန္တဲ့အနက္္ေရာင္ဝတ္ရံုကိုလဲဝတ္ထားတယ္။ သူ႔ဝတ္ရံုရဲ႕ခ်ည္မွ်င္တစ္ခုခ်င္းစီကေတာင္ ႀကီးက်ယ္ခမ္းနားၿပီး ေလထုထဲမွာလည္း ကိုယ့္ကိုယ္ကိုယ္အလြန္အမင္းယံုၾကည္ခ်က္႐ွိမႈေတြ ပ်ံ႕ႏွံ႔ေနတယ္။ [T/N : ဘယ္လိုဆီေလ်ာ္ေအာင္ေရးရမလဲ မသ္ိေတာ့😅] သူ႔ဆံပင္ကိုလည္း ဖဲႀကိဳးေလးတစ္ခုတည္းနဲ႔႐ိုး႐ိုးေလးမစည္းထားေတာ့ဘူး။ အဲ့အစား ခရမ္းေရာင္ေရႊသဖူကိုေဆာင္းတယ္။ သူ႔ရဲ႕ျဖဴေဖ်ာ့ၿပီးျပစ္ခ်က္မ႐ွိတဲ့မ်က္ႏွာက ေရျပင္လိုတည္ၿငိမ္ေနတယ္။ သူ႔မ်က္ဝန္းနက္ေတြက တစ္ေယာက္ေယာက္အေပၚ ဒီတိုင္းၾကည့္လိုက္ရင္ေတာင္ လူေတြကိုအလိုလိုတုန္လႈပ္ၿပီး ေျမႀကီးေပၚဒူးေထာက္က်သြားေစႏိုင္တယ္။
ပိုင္ရန္ သူဝင္လိုက္တဲ့အခ်ိန္မွာ နတ္ဆိုးဘုရင္ႀကီးရဲ႕မ်က္လံုးေတြက သူ႔အေပၚက်ေရာက္လာတာခံစားရတယ္။ သူ႔စိတ္ကပဲထင္ေနတာလားေတာ့ မသိေပမယ့္ နတ္ဆိုးဘုရင္ႀကီးကသူ႔ေအာက္ပိုင္းကိုပဲၾကည့္ေနတယ္လို႔ ခံစားရတယ္။
____________________________________
{Unicode}
သစ်ကိုင်းကျိုးကြေသံတွေကြားလိုက်ရကာ တောနက်ထဲကနေ သက်ရှိပုံရိပ်တစ်ခုခုန်ပျံပြီးရောက်လာတယ်။ ပိုင်ရန်အဲ့တာကို သေချာကြည့်လိုက်တော့ ဝံပုလွေအကြီးကြီးတစ်ကောင်ဖြစ်နေတယ်။
ဝံပုလေံက မီးခိုးနဲ့အမည်းစပ်ကြားဖြစ်ပြီး အမွှေးဖွာဖွာကြီးနဲ့မျက်လုံးတွေကလည်း စူးရှလို့နေတယ်။ လူအရပ်ရဲ့တစ်ဝက်လောက်ရှိပြီး သာမာန်ဝံပုလွေတွေထက် နှစ်ဆလောက်ပိုကြီးတယ်။ ပိုင်ရန်အလိုအလျောက်နိုးနိုးကြားကြားဖြစ်သွားပြီး နောက်ဆုန်ကာလှည့်ပြေးချင်သွားတယ်။
သို့သော်လည်း ဝံပုလွေကြီးက သူ့ထက်ပိုလျှင်တယ်။ လျပ်တစ်ပြက်အတွင်းမှာ သူ့နားကိုခုန်လိုက်ပြီး ရန်ပြုတာတော့မရှိဘူး။ အဲ့အစားခေါင်းလေးငုံ့ပြီး ပိုင်ရန်ကိုကျိုးနွံစွာတို့ထိလိုက်တယ်။
ပိုင်ရန်အဲ့တော့မှ ဝံပုလွေကြီးရဲ့လည်ပင်းမှာ အထုတ်လေးတစ်ခုဆွဲထားတာတွေ့လိုက်ရတယ်။
ဝံပုလွေကြီးရဲ့နူးညံ့တဲ့အပြုအမူကြောင့် ပိုင်ရန်အံ့သြသွားတယ်... ဒီဟာကငါ့အတွက်လား?
သူလည်းလက်ဆန့်ထုတ်ပြီး အထုတ်ကိုယူလိုက်တယ်။ ဝံပုလွေကြီးကတော့ ပုံစံမပြောင်းမလဲဘဲရှိနေတယ်။
အထုတ်ကိုအောင်အောင်မြင်မြင်ယူပြီးတော့ ဖွင့်ကြည့်လိုက်တယ်။ အနက်ရောင်ဝတ်စုံတစ်စုံပဲ။
ဒါဆို ဒီဝံပုလွေကြီးကဒီကို အကျီdeliveryလာပို့တာပေါ့!
သူအခုလောလောဆယ်အကျီမဝတ်ထားတာ သိတဲ့သူဆိုလို့ဒီကမ္ဘာမှာတစ်ယောက်ပဲရှိတယ်။ အဲ့တော့ ဒီအကျီတွေကိုဘယ်သူပို့တာလဲဆိုတာ ခန့်မှန်းစရာတောင်မလိုဘူး။
ပိုင်ရန် စိတ်နည်းနည်းရှုပ်ထွေးသွားတယ်။ အစကသူထင်လိုက်တာ နတ်ဆိုးဘုရင်ယုံးယဲ့က လူစိတ်မရှိ မညှာတာတတ်ဘူးပေါ့။ ပိုင်ရန်လုပ်မိတာဆိုလို့ သူ့နောက်ပိုင်းလေးကိုသွားကိုင်မိရုံလေးကို ဒီဘာမဟုတ်တဲ့ပြစ်မှုလေးအတွက် နတ်ဆိုးဘုရင်ကသူ့ရဲ့ teleportအစွမ်းကိုပိတ်ပြစ်လိုက်ပြီး တောင်အောက်ကိုကိုယ်လုံးတီးဆင်းလာခိုင်းတယ်။ ဒါပေမယ့်အခုကျတော့ နတ်ဆိုးဘုရင်ကသူ့အတွက် ဝံပုလွေကြီးနဲ့အကျီတွေပို့ပေးလိုက်တယ်။ ဒါနဲ့ဆို ပိုင်ရန်လူအုပ်ကြားထဲ ကိုယ်တုံးလုံးကြီးလျှောက်သွားစရာမလိုတော့ဘူး... နည်းနည်းအဖတ်ဆယ်လို့ရသွားတာပေါ့။
ပိုင်ရန်ရဲ့နတ်ဆိုးဘုရင်အပေါ် first impressionက ဒီလူကြီးက အထက်စီးဆန်တယ်၊ ရက်စက်ပြီး အညှာအတာမရှိဘူး။ အခုတော့ သူကအစကထင်သလောက်လည်း မရက်စက်ပါဘူး။
ပိုင်ရန် ဝံပုလွေကြီးခေါင်းကို အသာလေးပုတ်ပြီး ပျော်ရွှင်စွာပြောလိုက်တယ် "ကျေးဇူးတင်တယ်နော်"
ဝံပုလွေက တစ်ချက်နှာမှုတ်ပြီး သူ့ရဲ့အမွှေးထူထူခေါင်းလေးကို ပိုင်ရန့်ကိုယ်နဲ့ပွတ်လိုက်တယ်။
ပိုင်ရန်အထုတ်ဖွင့်ပြီး အကျီကိုထုတ်လိုက်တယ်။ ရှောင်လင်းလမ်းညွှန်မှုနဲ့ အဲ့တာကိုဝတ်နိုင်လိုက်ပေမယ့် တခုခုမှားနေတာ သတိထားမိလိုက်တယ်။ နတ်ဆိုးဘုရင်က သူ့ကိုဝတ်ရုံပဲပို့လိုက်တာ အောက်ခံဘောင်းဘီလည်းမပါဘူး! ရှေးခေတ်အကျီတွေက ပုံမှန်အားဖြင့် ယောကျာ်းလေးဆိုရင်ဘောင်းဘီ၊ မိန်းကလေးဆိုရင် စကတ်နဲ့ အပေါ်ကနေ လျော့ရဲရဲဝတ်ရုံထပ်ဝတ်ကြတာဖြစ်တယ်။
ပိုင်ရန်လေးခမျာ စွံအသွားရတယ်။ သူထင်လိုက်တာ နတ်ဆိုးဘုရင်ကြီးက အသိဉာဏ်ရှိပြီးထင်သလောက်လည်း မရက်စက်ပါဘူးဆိုပြီးတော့။ အခု ဒီလူကြီးကရက်စက်ရုံတင်မကသေးဘူး အင်မတန်လည်းအငြိုးအတေးကြီးတယ်ဆိုတာ သိလိုက်ရတယ်။
အရဲစွန့်ပြီး ပိုင်ရန်အကျီကိုဝတ်လိုက်ရတယ်။ ဝတ်ရုံက သူ့ရဲ့အဝတ်မပါတဲ့ ပေါင်တံတွေကိုဖုံးကွယ်ပေးပေမယ့် သူသာခြေလှမ်းကျယ်ကျယ်လှမ်းမိရင် လူအများရှေ့မှာ အောက်ဖော်ပြပါဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်။
ဝံပုလွေကြီးက မြေကြီးပေါ်ဒူးထောက်လိုက်တယ်။
ဒါကရော ဘာကိုဆိုလိုတာလဲဟ?
"သခင်.. သူက သူ့ကျောပေါ်လိုက်စီးစေချင်တာ"
ပိုင်ရန်အနည်းငယ် မြောက်ကြွမြောက်ကြွဖြစ်သွားပြီး အံ့လည်းအံ့သြရတယ်။ သူဝံပုလွေစီးခွင့်ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ အခုအခွင့်အရေးရနေပြီ၊ ဒါပေါ့၊ ဘယ်လက်လွတ်ခံနိုင်ပါ့မလဲ...
ဒီဝံပုလွေက သာမာန်ဝံပုလွေတွေနဲ့ မတူဘူး။ ကြည့်ရတာ အရမ်းဉာဏ်ကောင်းပြီး လူစကားလည်း နားလည်းသလိုပဲ။
"မင်းငါ့ကို တကယ်လာခေါ်တာလား?" ပိုင်ရန်ဂရုတစိုက်မေးတယ်။
ဝံပုလွေကြီးက ဘာမှပြန်မပြောနိုင်ပေမယ့် နားရွက်လေးတော့ ခတ်ပြတယ်။
ဟုတ်နေတဲ့ပုံပဲ။
နဂိုက သူ့ရဲ့ပေါ်ရော်နေတဲ့အသားကြောင့်စိတ်ညစ်နေတဲ့ပိုင်ရန်၊ ခုတက်ကြွနေပြီ။ ငါလေးဝံပုလွေစီးရပြီဟဲ့! ဒါကဘယ်တော့မှလုပ်နိုင်လိမ့်မှာ မဟုတ်တဲ့အရာ။ ဆွဲဆောင်မှုရှိပြီးလျပ်စီးလိုမြန်တဲ့ ဝံပုလွေကို စီးရတာသိပ်ဂေါ်တယ်မဟုတ်လား?
ဒါကြောင့် သူလည်းမြူးတူးစွာ ဝံပုလွေကျောပေါ် ကုတ်ဖက်တက်သွားတယ်။
သူဝံပုလွေကျောပေါ်ရောက်သွားတာနဲ့ ဝံပုလွေကြီးကထရပ်လိုက်ပြီး လေလိုပေါ့ပါးလျင်မြန်စွာ ရှေ့ကိုဆက်ပြေးတော့တယ်။ အရှိန်ကတော့ ကားတစ်စီးထက်လုံးဝမလျော့ဘူး။ လေတိုးတာကြောင့် ပိုင်ရန်မျက်နှာနှစ်ခြမ်းလုံစ နည်းနည်းတောင် နာနေပြီ။ မျက်စိရှေ့ကမြင်ကွင်းတွေကလည်း ဖျတ်ခနဲနောက်မှာကျန်ရစ်ခဲ့ပြီး မြန်လွန်းလို့ဝိုးတဝါးသာမြင်ရတယ်။
ပိုင်ရန်ဝံပုလွေကြီးအမွှေးတွေကို ဆုတ်ကိုင်ပြီး မှတ်ဉာဏ်ထဲမှာရှာဖွေနေလိုက်တယ်။ ဒီဝံပုလွေကြီးက နတ်ဆိုးဘုရင်ရဲ့အနှစ်သက်ဆုံးတစ်ကောင်။ နတ်ဆိုးဘုရင်က ထူးခြားဆန်းပြားတဲ့အကောင်တွေ စုဆောင်းရတာသဘောကျတယ်။ သူ့နန်းတော်ထဲမှာ မီးခိုးနဲ့အနက်ကြားတစ်ကောင်ရှိတာ သတိရသွားတယ်။ အဲ့ဒါဒီတစ်ကောင်ဖြစ်မယ်။
ဝံပုလွေက ပိုင်ရန်ကိုသက်ဝင်လှုပ်ရှားနေတဲ့လမ်းအချို့ကို ခေါ်ဆောင်သွားတယ်။ နတ်ဆိုးနယ်မြေကပတ်ဝန်းကျင်အနေအထားက ကြမ်းတမ်းပြီး နေရာတိုင်းမှာမှော်အကာအကွယ်စည်းတွေရှိနေတယ်။ ဒါကြောင့် အခြေချနေထိုင်ဖို့သင့်တော်တဲ့နေရာ အများကြီးမရှိဘူး။ ဒီမြို့ရဲ့အရွယ်အစားနဲ့ ကြွယ်ဝချမ်းသာမှုက လူသားနယ်မြေကမြို့တွေနဲ့တော့ ယှဉ်လို့မရဘူး။ ပိုင်ရန်ဝံပုလွေစီးလာတာမြင်တော့ တစ်ချက်ကြည့်ပြီးတာနဲ့ချက်ချင်း သူတို့ခေါင်းတွေငုံ့လိုက်တယ်။ ပိုင်ရန်သူတို့မျက်လုံးထဲမှာ အမူအရာတစ်ခုပဲတွေ့တယ် _ ကြောက်နေကြတယ်။
ရှဲ့ဇီထျန်းက နတ်ဆိုးနယ်မြေရဲ့မင်းသားလေးပါးထဲက တစ်ပါးဖြစ်တယ်။ သူကတခြားသူတွေ ခံစားချက်ကိုလျစ်လျူရှုတယ်၊ အားနည်းသူကို အနိုင်ကျင့်တယ်၊ အလှလေးတွေဆို တဏှာထတယ်၊ ပစ္စည်းဥစ္စာမက်မောတယ်။ နတ်ဆိုးနယ်မြေမှာ အားကြီးသူကိုလေးစားရစမြဲပဲ။ အဲ့လိုလူရဲ့အထက်စီးဆန်တာကို အပြစ်ပြောလို့မရပေမယ့် အဲ့တာကမမုန်းရဘူး၊ မကြောက်ရဘူးလို့မဆိုလိုဘူး။ ပိုင်ရန်ထင်တယ် သူလမ်းပေါ်မှာကိုယ်တုံးလုံးလျှောက်သွားနေရင်တောင် ဒီလူတွေဘာမှပြောရဲမှာမဟုတ်ဘူး။
ဝံပုလွေစီးရင်း လူရှုပ်တဲ့လမ်းတွေနဲ့ တောအုပ်ကိုလျှင်မြန်စွာဖြတ်ကျော်ခဲ့ပြီး မြို့တော်တည်ထားတဲ့ကြီးမားတဲ့ တောင်ကြီးဆီရောက်လာခဲ့တယ်။
နတ်ဆိုးနယ်မြေမှာ နေရောင်ရတာအရမ်းနည်းပြီး ကောင်းကင်က ထိတ်လန့်စဖွယ်မည်းမှောင်နေတယ်။ မြို့တော်ရဲ့အထက်ကောင်းကင်ယံက ညဥ့်နက်သန်းခေါင်လိုမှောင်နေတယ်။ အဝေးကနေကြည့်ရင် တောင်ကိုအနက်ရောင်မြူတွေ ရစ်ပတ်ထားသလိုပဲ။ အဲ့ကအရာအားလုံးက အမည်းတွေချည်းပဲဖြစ်နေပြီး အောက်ခြေမှာလည်း မြူတွေနဲ့မြင်ကွင်းမရှင်းဘူး။ နေရာကြီးတစ်ခုလုံးက အုံ့မှိုင်းပြီး ပဟေဠိဆန်တဲ့လေထုကြီးတစ်ခုဖြစ်နေတယ်။
ပိုင်ရန် မြို့ဂိတ်ဝထိ ဝံပုလွေစီးသွားတယ်။
ဂိတ်စောင့်တွေက သူ့ကိုမြင်တော့ ပြေးလာပြီးအရိုအသေပေးကြတယ်။ ပိုင်ရန်ရပ်ပြီးအစစ်ဆေးမခံဘဲ မြို့တော်ထဲကိုတည့်တည့်သာ ဝံပုလွေစီးလျက်ဝင်သွားတယ်။ နန်းတော်လို့မခေါ်ပဲ တံတိုင်းမြို့တော်လို့ခေါ်ရင် ပိုမှန်လိမ့်မယ်။ အတွင်းမှာ လူအနည်းငယ်သာရှိတယ်။ အများစုက အနက်ရောင်သံချပ်ကာတွေ ဝတ်ဆင်ထားပြီးသတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း မရီမပြုံးရုပ်တည်ပြီးတွေနဲ့နန်းတော်ကို ကင်းလှည့်ကာ ရှေ့နောက်လျှောက်နေတယ်။
မြို့တော်ရဲ့အလယ် တောင်ရဲ့အမြင့်ဆုံးအပိုင်းမှာ နနတ်းတော်ကြီးရှိတယ်။
ဒါက နတ်ဆိုးဘုရင်ရဲ့နန်းတော်၊ ထာဝရအမှောင်ထုနန်းတော်ကြီး။
ပိုင်ရန် လမ်းမကြီးရဲ့အဆုံးထိသွားလိုက်တယ်။ သူ့ကိုတွေ့တဲ့သူတိုင်းက ဦးညွှတ်ပြီးအရိုအသေပေးသွားကြတယ်။ အမှန်တိုင်းပြောရရင် ဒါကပိုင်ရန်အတွက်ပထဆုံးအကြိမ် တခမ်းတနားလေးစားဆက်ဆံတာခံရဖူးတာကြောင့်မလို့ သိပ်ပြီးအကျွမ်းတဝင်မရှိနေဘူး။
သူတို့နန်းတော်ရဲ့အဝင်ပေါက်နားရောက်တော့မှ ဝံပုလွေကြီးက ရပ်တန့်ပြီးဒူးကွေးလိုက်တယ်။
ပိုင်ရန်သိတယ် ဒါကစီးရတဲ့ခရီးစဉ်ကုန်ပြီလို့ ဝံပုလွေကြီးကပြောနေတဲ့ပုံဆိုတာ။ တကယ်တမ်း ပထမဆုံးဝံပုလွေစစီးရတာမလို့ စိတ်လှုပ်ရှားနေပေမယ့် စီးရတာအဲ့လောက်သက်သောင့်သက်သာမရှိလှဘူးဆိုတာ သိလိုက်ရတယ်။ ကျောပေါ်မှာလိုက်စီးရတော့ သူ့နောက်ပိုင်းတွေနာပြီး အမွှေးကြမ်းတွေကလည်း သူ့ကိုပွန်းရှစေတယ်။ ခုတော့ သူ့နောက်ပိုင်းကြီးက အရမ်းနာနေပြီး သက်သာသွားအောင် ရေအေးလေးတစ်ဇလုံနဲ့ဖြေလျော့ချင်နေပြီ။
ဒါပေါ့ ရေအေးနဲ့မလုပ်ရသေးခင် ပိုင်ရန်အရင်ဆုံးအောက်ခံဘောင်းဘီတစ်စုံတော့ ဝတ်ချင်နေပြီ။
ထာဝရအမှောင်ထုနန်းတော်ထဲဝင်ပြီးနောက် နန်းတော်နဲ့ပတ်သက်တဲ့သူ့မှတ်ဉာဏ်ကို ရုတ်ချည်းရှင်းလင်းသိသွားတယ်။ ရှဲ့ဇီထျန်းကတစ်ခါတစ်လေ ဒီမှာလာနေတတ်တာကြောင့် ဒီနေရာနဲ့အရမ်းရင်းနှီးနေတာကိုး။
မှတ်ဉာဏ်အရ ပိုင်ရန်အမြန်လှည့်ပြီးရံဖန်ရံခါနေလေ့ရှိတဲ့ ထာဝရအမှောင်ထုနန်းတော်ရဲ့ထောင့်ကအခန်းကို သွားလိုက်တယ်။ အဲ့မှာသူထားထားတဲ့ အဝတ်အပိုတွေအပြင် အောက်ခံဘောင်းဘီပါရှိတယ်။
တံခါးကိုတွန်းပြီးဖွင့်မလို့ပဲရှိသေးတယ် အနောက်နားကအသံထွက်လာတယ် "အရှင့်ကို ပင်မဆောင်ကိုဆင့်ခေါ်ထားပါတယ်"
ပိုင်ရန်ခေါင်းလှည့်ကြည့်လိုက်တော့ အနက်ရောက်ဝတ်စုံနဲ့လူတစ်ယောက် မထုံတတ်သေးရုပ်နဲ့သူ့နောက်မှာ ရပ်နေတာတွေ့လိုက်ရတယ်။ ဒါက လီယုပဲ၊ နတ်ဆိုးဘုရင်ကြီးရဲ့လက်ရွေးစင်ကိုယ်ရံတော်ထဲက တစ်ယောက်။
ပိုင်ရန်ဖွင့်တောင်မဖွင့်ရသေးတဲ့တံခါးကိုလှည့်ကြည့်ပြီး ရင်ထဲမှာငိုကြွေးနေတယ် _ ငါ့အောက်ခံဘောင်းဘီလေးတွေ!
သို့ပေမယ့် နတ်ဆိုးဘုရင်အကြောင်းကသိနေတော့ ငြင်းလည်းမငြင်းလိုက်ရဲဘူး။ နတ်ဆိုးဘုရင်က သူ့ကိုဘောင်းဘီမဝတ်စေချင်တာသိသာတယ်။ သူသာဝတ်သွားခဲ့ရင် နတ်ဆိုးဘုရင်ကဒေါသထွက်ပြီး ဘယ်သူသိမှာလဲ နောက်တစ်ကြိမ်သူ့ကို အဲ့နတ်ဆိုးကြီးက ဘယ်လိုထူးဆန်းတာတွေလုပ်ခိုင်းမလဲဆိုတာ? ဒီအချိန်က သူငိုချင်းချနေရမယ့်အချိန်မဟုတ်ဘူး။ သူလုပ်နိုင်တာ နတ်ဆိုးဘုရင်ကြီးစိတ်ကျေနပ်တဲ့အထိ အားလုံးနာခံလိုက်ရုံပဲရှိတယ်။
"ပင်မဆောင်မှာ ဘာလုပ်နေတာလဲ?" တင်းမာမှုတွေလျော့သွားအောင် ပိုင်ရန်ဝတ်ရုံနက်နဲ့လူကို စကားစဖို့ကြိုးစားလိုက်တယ်။
သို့သော် ထိုလူကတော့ တိတ်ဆိတ်မြဲ။ လမ်းတစ်လျှောက် ပိုင်ရန်ဘယ်လိုအကြောင်းအရာပဲပြောနေနေ အဲ့လူကတော့ စကားလုံးဝမပြောဘူး။ သူကအရမ်းစကားနည်းတာများလား...။
သူဆက်ပြီးစကားများဖို့ပဲရှိသေးတယ် ရှောင်လင်းကသတိပေးတယ် "အရှင်ရှဲ့ဇီထျန်းက သူ့လက်အောက်ငယ်သားတွေနဲ့ ရင်းနှီးတတ်တဲ့သူမဟုတ်ဘူးနော်၊ သူကအရမ်းမောက်မာတာ၊ လက်အောက်ငယ်သားတွေကို ရင်းရင်းနှီးနှီးသွားလုပ်တာသတိထားပါ၊ မဟုတ်ရင် Systemက အပြစ်ပေးတာခံရလိမ့်မယ်"
ရှောင်လင်းသူ့ကို Systemရဲ့သဘောအတိုင်း ရှဲ့ဇီထျန်းရဲ့ဇာတ်ကောင်အတိုင်းနေဖို့ သတိပေးလိုက်တယ်။ ပိုင်ရန်သာဇာတ်ကောင်အတိုင်းသေချာမနေရင် အပြစ်ပေးခံရလိမ့်မယ်။
ဒါကြောင့် ပိုင်ရန်ပါးစပ်လေးပိတ်ကာ မျက်နှာကိုလည်း မောက်မာပြီးတည်ကြည်တဲ့ပုံထားထားလိုက်တယ်။ နှစ်ယောက်သား ပင်မဆောင်ကိုအသံတိတ်လမ်းလျှောက်လာကြတယ်။
ပင်မဆောင်မှာ လူတွေအများကြီးရှိနေတယ်။ ထင်ထားတဲ့အတိုင်း နတ်ဆိုးဘုရင်ယုံးယဲ့က သလ္လင်အမြင့်ပေါ်မှာအခန့်သား။ သူက အနက်ရောင်ရှုပ်ထွေးပွေလီတဲ့ပုံစံတွေထိုးထားတဲ့ ကောင်းမွန်တဲ့အနက်ရောင်ဝတ်ရုံကိုလဲဝတ်ထားတယ်။ သူ့ဝတ်ရုံရဲ့ချည်မျှင်တစ်ခုချင်းစီကတောင် ကြီးကျယ်ခမ်းနားပြီး လေထုထဲမှာလည်း ကိုယ့်ကိုယ်ကိုယ်အလွန်အမင်းယုံကြည်ချက်ရှိမှုတွေ ပျံ့နှံ့နေတယ်။ [T/N : ဘယ်လိုဆီလျော်အောင်ရေးရမလဲ မသိတော့😅] သူ့ဆံပင်ကိုလည်း ဖဲကြိုးလေးတစ်ခုတည်းနဲ့ရိုးရိုးလေးမစည်းထားတော့ဘူး။ အဲ့အစား ခရမ်းရောင်ရွှေသဖူကိုဆောင်းတယ်။ သူ့ရဲ့ဖြူဖျော့ပြီးပြစ်ချက်မရှိတဲ့မျက်နှာက ရေပြင်လိုတည်ငြိမ်နေတယ်။ သူ့မျက်ဝန်းနက်တွေက တစ်ယောက်ယောက်အပေါ် ဒီတိုင်းကြည့်လိုက်ရင်တောင် လူတွေကိုအလိုလိုတုန်လှုပ်ပြီး မြေကြီးပေါ်ဒူးထောက်ကျသွားစေနိုင်တယ်။
ပိုင်ရန် သူဝင်လိုက်တဲ့အချိန်မှာ နတ်ဆိုးဘုရင်ကြီးရဲ့မျက်လုံးတွေက သူ့အပေါ်ကျရောက်လာတာခံစားရတယ်။ သူ့စိတ်ကပဲထင်နေတာလားတော့ မသိပေမယ့် နတ်ဆိုးဘုရင်ကြီးကသူ့အောက်ပိုင်းကိုပဲကြည့်နေတယ်လို့ ခံစားရတယ်။
_____
Thanks😉