နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း-၂ (Zawgyi+Unicode)

32.4K 3.5K 101
By Kay_Wine

{Zawgyi}

ပိုင္​ရန္​ taskကိုလက္​ခံဖို႔အတြက္​ ခ်က္​ခ်င္​းစိတ္​ပိုင္​းဆိုင္​ရာျပင္​ဆင္​ထားလိုက္​တယ္​။ ခဏ​ေန​ေတာ့ သူစိတ္​ထဲက​ေန ​ေ႐ွာင္​လင္​း​ေျပာတာၾကားလိုက္​ရတယ္​ "Task 1: ႐ွဲ႕ဇီထ်န္​းအတု​ေယာင္​၊ က်ိဳးရင္​အဆင္​့တက္​သြားတဲ့အထိ အသက္​ဆက္​႐ွင္​ပါ၊ က်ိဳးရင္​အဆင္​့မတက္​ခင္​ ႐ွဲ႕ဇီထ်န္​း​ေသသြားခဲ့မယ္​ဆိုရင္​ ျပစ္​ဒဏ္​အ​ေနနဲ႔hostရဲ႕ ဦး​ေႏွာက္​​ေသပါမယ္​"

••• အ​ေဖ​ေရ! ကြၽန္​​ေတာ္​ကအမ်ားအားျဖင္​့အသံုးမဝင္​တဲ့သားတစ္​​ေယာက္​ဆိုတာမွန္​​ေပမယ္​့ ​ေသရ​ေလာက္​တဲ့ထိဆိုးတဲ့ အႏုတ္​စုတ္​ဂုတ္​စုတ္​​ေကာင္​လည္​း မဟုတ္​​ေသးပါဘူး!

ပိုင္​ရန္​ မ်က္​ရည္​က်​ေတာ့မလိုျဖစ္​​ေနၿပီ။

​ေ႐ွာင္​လင္​းကလည္​း ​ေျဖသိမ္​့နိုင္​ဖို႔ႀကိဳးစား​ေပးတယ္​ "သခင္​၊ ကြၽန္​မတို႔ taskကို ၿပီး​ေအာင္​လုပ္​ႏိုင္​ပါတယ္​၊ ​ေ႐ွာင္​လင္​းက ကူညီမွာ​ေပါ့!"

ပိုင္​ရန္​မ်က္​ရည္​​ေတြသုတ္​လိုက္​ၿပီး ဆို႔ဆို႔နင္​့နင္​့႐ႈိက္​သံတစ္​ဝက္​နဲ႔ျပန္​​ေျပာတယ္​ "​ေကာင္​းၿပီ​ေလ၊ ျငင္​းလုိ႔မရမွ​ေတာ့ taskကို ၿပီး​ေအာင္​လုပ္​ရ​ေတာ့မွာ​ေပါ့"

​ေ႐ွာင္​လင္​းက "သခင္​၊ သခင္​​ေျပာတာမွန္​တယ္​၊ ​တက္​တက္​ႂကြႂကြ​ေနပါ၊ ကြၽန္​မမွာ ​ေလ႐ူးသုန္​သုန္​ဝတၳဳစာသား​ေတြ႐ွိတယ္​၊ တကယ္​လို႔စာသားမမွတ္​မိရင္​ ကြၽန္​မကူညီႏိုင္​တယ္​၊ ​ေလ႐ူးသုန္​သုန္​မွာက ဇာတ္​​ေကာင္​ဆယ္​သန္​း​ေက်ာ္​​ေလာက္​ပါတာ၊ က်ိဳးရင္​ရဲ႕'​ေကာင္​းကင္​ဘံုသို႔တက္​လွမ္​းျခင္​း'ဆိုတဲ့ arcမွာ ဇာတ္​​ေကာင္​က သံုးသန္​း​ေလာက္​ပါတယ္​၊ တိုတုိ​ေျပာရရင္​ အိမ္​ကိုျပန္​ႏိုင္​ဖို႔အတြက္​ ဇာတ္​လမ္​းရဲ႕သံုးပံုတစ္​ပံုပဲ အသက္​႐ွင္​ႏိုင္​ရင္​ရၿပီ"

ပိုင္​ရန္​ ဇာတ္​လမ္​းမၿပီးခင္​သံုးပံုတစ္​ပံု​ေလာက္​မွာ task​ေတြၿပီးမယ္​လို႔ၾကားလိုက္​တာနဲ႔ သူ​ေပ်ာ္​ရႊင္​သြားတယ္​ "​သိပ္​​ေကာင္​းတာ​ေပါ့ ​ေက်းဇူးပဲ ​ေ႐ွာင္​လင္​းရယ္​"

​ေ႐ွာင္​လင္​း ​ေပ်ာ္​ရႊင္​စြာရယ္​လိုက္​ၿပီး "ကိစၥမ႐ွိပါဘူး သခင္​၊ ဒါကြၽန္​မလုပ္​ရမွာပါ၊ လူႀကီးမင္​းဒီကမာၻကထြက္​သြားရင္​သာ ကြၽန္​မကို Five-star​ေပး​ေပးပါ"

ပိုင္​ရန္​ကလည္​း ခ်က္​ခ်င္​းျပန္​​ေျပာတယ္​ "Five-star? ဒါ​ေပါ့ ျပႆနာမ႐ွိဘူး!"

"ကြၽန္​မအရမ္​း​ေပ်ာ္​တာပဲ!"သူ႔စိတ္​ထဲက ​ေပ်ာ္​ရႊင္​မႈအျပည္​့နဲ႔ ခ်ိဳသာတဲ့မိန္​းက​ေလးအသံက ​ေၾကာက္​ရြံတာ​ေတြကိုအနည္​းငယ္​ သက္​သာသြား​ေစတယ္​။

လူသားနဲ႔ systemက​ေတာ့ အတိုင္​အ​ေဖာက္​ညီ​ေနၾကဆဲ။

ပိုင္​ရန္​သူ႔စိတ္​ထဲက စိုးရိမ္​ပူပန္​​ေနတာ​ေတြ​ေပ်ာက္​သြား​ေအာင္​ ႀကိဳးစားၿပီးတက္​တက္​ႂကြႂကြ​ေနတယ္​။ "task​ေတြကို ၿပီးႏိုင္​သမွ်ျမန္​ျမန္​ၿပီး​ေအာင္​လုပ္​မယ္​ ဒါမွအိမ္​ျပန္​ႏိုင္​မွာ၊ ​ေ႐ွာင္​လင္​း ဇာတ္​လိုက္​ကိုအခုသြား႐ွာရ​ေအာင္​ ၿပီးရင္​​ေဆး​ေတြ​နဲ႔စိတ္​ဝိဥာဥ္​က်င္​့စဥ္​​ေတြ သြား​ေပးၾကစို႔၊ ဒါမွသူလည္​း ​ေစာ​ေစာစီးစီးတက္​ႏိုင္​သြားတာ​ေပါ့!"

​ေ႐ွာင္​လင္​းကလည္​း အားက်မခံ "​ေကာင္​းၿပီ!"

သူ႔စိတ္​ထဲမွာ​ေျပာလို႔ဆိုလို႔ၿပီးသြား​ေတာ့မွ ပိုင္​ရန္​​ေဘးဘီၾကည္​့မိတယ္​။ ​ေတြ႔လိုက္​ရတာက ​ေက်ာက္​တံုးအမည္​း​ေတြနဲ႔ျပည္​့​ေနတဲ့ ဂူအ​ေသး​ေလးထဲသူ​ေရာက္​​ေနတယ္​ဆိုတာပဲ။ ဂူရဲ႕အတြင္​းအက်ဆံုးမွာ ​ေခ်ာ္​ရည္​​ေတြပြက္​ပြက္​ဆူ​ေနတဲ့ကန္​႐ွိတယ္​။ ဂူတစ္​ခုလံုး ​ေညႇာ္​နံ႔​ေတြနဲ႔မႊန္​ထူ​ေနၿပီး ပိုင္​ရန္​အပူဒဏ္​​ေၾကာင္​့ က်က္​​ေတာ့မလို​ေတာင္​ျဖစ္​​ေနၿပီ။

​ေ႐ွာင္​လင္​းအသံကို သူ႔စိတ္​ထဲမွာၾကားလိုက္​ရျပန္​တယ္​ "မွတ္​ဥာဏ္​​ျပန္​တင္​​ေနပါတယ္​၊​ ​ေက်းဇူးျပဳၿပီးသည္​းခံပါ သခင္​"

စကၠန္​႔အနည္​းငယ္​ၾကာ​ေတာ့ ပိုင္​ရန္​ဦး​ေႏွာက္​ထဲမွာ တန္​နဲ႔ခ်ီတဲ့အခ်က္​အလက္​​ေတြ၊ အခ်ိဳ႕စိတ္​ဝိဥာဥ္​က်င္​့စဥ္​​ေတြနဲ႔ ျပည္​့ႏွက္​သြားတယ္​။ သူအလ်င္​အျမန္​ အသစ္​ခြၽတ္​ခြၽတ္​သင္​ထားတဲ့က်င္႔​စဥ္​ကိုသံုးၿပီး ခႏၶာကိုယ္​​ေအးျမသြားတဲ့အထိ ထူးကဲ​ေသြး​ေၾကာ ၈​ေၾကာဆီကို ခ်ီ​ေတြလည္​ပတ္​​ေစလိုက္​တယ္​။ [T/N : ​ေသြး​ေၾကာ၈​ေၾကာကို ဘယ္​လိုျပန္​ရမွန္​းမသိလို႔ ရမ္​းတုတ္​လိုက္​တယ္​ ≧◔◡◔≦ ]

အသစ္​ရထားတဲ့မွတ္​ဥာဏ္​အရ ဒီဂူကခ်ီ​ေတြျပည္​့ဝ​ေနၿပီး က်င္​့စဥ္​က်င့္ဖို႔​အတြက္​အင္​မတန္​​ေကာင္​းမြန္​တဲ့ သူ႔ရဲ႕မီး​ေတာင္​ဂူဆိုတာ သတိထားမိလိုက္​တယ္​။ ႐ွဲ႕ဇီထ်န္​းအပါအဝင္​နတ္​ဆိုးနယ္​​ေျမကတျခားရာထူးျမင္​့တဲ့သူ​ ​ေလးဦးသာလွ်င္​ ဒီဂူကိုသံုးဖို႔ အရည္​အခ်င္​းျပည္​့မွီၾကတယ္​။

စိတ္​ထဲကမွတ္​ဥာဏ္​​ေတြကို လိုက္​ၾကည္​့​ေနရင္​း ပိုင္​ရန္​ဆြံ႕အသြားတယ္​။ ႐ွဲ႕ဇီထ်န္​းက တကယ္​့ကိုဗီလိန္​ပီသတယ္​။ ဝတၳဳအတိုင္​းဆို သူ​ေန႔တိုင္​းဂူထဲမွာ ​ေလ့က်င္​့တယ္​။ သူအျပင္​ထြက္​လာၿပီဆိုတိုင္​းလည္​း အလွ​ေလး​ေတြကို ​စ​ေနာက္​ရန္​စၿပီး အစြန္​း​ေရာက္​မ်ားစြာ​ေသာမ​ေကာင္​းမႈ​ေတြကို ​ေ႐ွ႕​ေနာက္​မဆင္​ျခင္​ပဲျပဳလုပ္​တယ္​။ သူ႔မွာဘဝရည္​မွန္​းခ်က္​လည္​းမ႐ွိဘူး၊ သူလုပ္​တာဆိုလို႔ လူ​ေတြကိုအာဏာျပတာနဲ႔၊ အလွ​ေလး​ေတြဆို အႏိုင္​ထက္​မတရားျပဳက်င္​့တာပဲ႐ွိတယ္​။

တျခားဘက္​ကၾကည္​့မယ္​ဆိုရင္​​ေတာ့၊ ဒီဇာတ္​လမ္​းထဲမွာ ဗီလိန္​​ေတြထည္​့ထားတာဘာကိုဆိုလိုခ်င္​တာလဲ? ​ေသခ်ာ​ေပါက္​ ဇာတ္​လိုက္​အတြက္​ အဖိုးတန္​ပစၥည္​း​ေတြ၊ က်င္​့စဥ္​​ေတြ၊ စည္​းစိမ္​​ေတြနဲ႔ အလွ​ေလး​ေတြ​ဖန္​တီး​ေပးခ်င္​လို႔ပဲ​ေပါ့...

ပိုင္​ရန္​ ဒီကမာၻက​ေနထြက္​ၿပီး သူ႔ရဲ႕သက္​​ေသာင္​့သက္​သာ႐ွိတဲ့သခင္​​ေလးဘဝကို ျပန္​သြားခ်င္​​ေနၿပီ။ သူခ်က္​ခ်င္​းထၿပီး ဂူထဲကထြက္​လိုက္​တယ္​။ ဇာတ္​လ္​ုိက္​ကိုသြား႐ွာၿပီး တတ္​ႏိုင္​သမွ်ျမန္​ျမန္​အထက္​ကို တက္​ႏိုင္​​ေအာင္​ကူညီ​ေပးခ်င္​​ေနၿပီ။

သူဂူထဲက ထြက္​ရံုပဲ႐ွိ​ေသးတယ္​ သူ႔စိတ္​ထဲက​ေ႐ွာင္​လင္​းက စကားစ​ေျပာ​ေတာ့တယ္​ "သခင္​၊ Main Systemက daily taskထုတ္​လိုက္​တယ္​၊ ၿပီး​ေျမာင္​​ေအာင္​ ​ေဆာင္​ရြက္​​ေပးပါ"

"Daily taskကဘာလဲ?" ပိုင္​ရန္​ တအံ့တျသ​ေမးလိုက္​တယ္​ "ဘာလို႔ daily taskကို ၿပီး​ေအာင္​လုပ္​ရမွာလဲ?"

​ေ႐ွာင္​လင္​းကလည္​း ႐ွင္​းျပ႐ွာတယ္​ "သခင္​၊ ဘာလို႔ဒီကမာၻကိုဝင္​လာရတာလဲဆိုတာ ​ေမ့သြားၿပီလား?"

ဒါ​ေပါ့၊ ဘယ္​​ေမ့ႏိုင္​ပါ့မလဲ။

"ငါ့အ​ေဖဂ်င္​းထည္​့လိုက္​လို႔​ေလ" ပိုင္​ရန္​ခံစားခ်က္​မဲ့စြာ ​ေျပာလိုက္​တယ္​။

​ေ႐ွာင္​လင္​း: "•••"

​ေ႐ွာင္​လင္​း ခဏ​ေလာက္​တိတ္​သြားၿပီးမွ ျပန္​စ​ေျပာတယ္​ "သခင္​ဒီကို​ေျပာင္​းလာရတာ အက်င္​့​ေတြ​ေျပာင္​းလဲသြား​ေအာင္​ပါ၊ Main Systemက အဲ့ရည္​ရြယ္​ခ်က္​​ေအာင္​ျမင္​​ေအာင္​လို႔ ဒီလိုtask​ေတြ ထုတ္​ျပန္​​ေပးတာပါ၊ သခင္​သာ task​ေတြ​ေအာင္​ျမင္​ရင္​ အမွတ္​​ေတြရလိမ္​့မယ္​၊ က်႐ႈံးခဲ့ရင္​​ေတာ့ အျပစ္​​ေပးခံရမွာပါ..."

"ဘယ္​လိုအျပစ္​လဲ?"

"သခင္​ဘယ္​​ေတာ့မွာ မ​ေမ့ႏိုင္​မယ္​့ျပစ္​ဒဏ္​ပါ"

ပိုင္​ရန္​: "•••"
ၾကားရတာသိပ္​​ေတာ့မသက္​သာ​ေလာက္​ဘူး။

ပိုင္​ရန္​စိတ္​ထဲမွာ​ေျပာလိုက္​တယ္​ "System error​ေတြဘာ​ေတြ ျဖစ္​ႏိုင္​လား?"

"မ႐ွိပါဘူး" ​ေ႐ွာင္​လင္​းက "ဒါကသခင္​့အ​ေဖ​ေတာင္​းဆိုထားတာပါ၊ သူက သခင္​​ေလးကိုနည္​းနည္​းတင္​းက်ပ္​​ေစခ်င္​တာပါ၊ Systemကသာ ညႇာ​ေနရင္​ သခင္​​ကထံုးစံအတိုင္​း အသံုးမက်ပဲ၊ ​ေကာင္​းတာဘာမွမ႐ွိတဲ့​ေယာက်ာ္​းပဲျဖစ္​​ေနလိမ္​့မယ္​"

ပိုင္​ရန္​: "•••"

အ​ေဖ...​ေသခ်ာတယ္​၊ ဒါအ​ေဖမွ အ​ေဖပဲ။

"စိတ္​မပူပါနဲ ့... Daily taskက ၿပီး​ေျမာက္​ဖို႔လြယ္​ပါတယ္​"

ပိုင္​ရန္​လည္​း အနည္​းငယ္​စိတ္​သက္​သာရာရသြားၿပီး "​ေကာင္​းၿပီ​ေလ၊ daily taskကို​ေျပာပါအံုး"

​ေ႐ွာင္​လင္​းက "daily taskက အလွ​ေလးကို အီစီကလီလုပ္​ပါ၊ ႐ိုး႐ိုး​ေလးပါ​ေနာ့"

ပိုင္​ရန္​: "•••"

ပိုင္​ရန္​: "errorတက္​တာမ်ားလား? ငါကလူ​ေတြကို အီစီကလီလုပ္​ရမယ္​?"

ႏွစ္​ႏွစ္​ဆယ္​​ေက်ာ္​အတြင္​းမွာ သူကမိန္​းက​ေလးတစ္​​ေယာက္​လက္​ကို​ေတာင္​မကိုင္​ဖူးတာ၊ အခု​ေတာ့သူက တစ္​စ​ံုတစ္​​ေယာက္​ကို ပ​ေရာပရည္​လုပ္​ရမယ္​တဲ့လား?

ဒါက...

"ငါကဘာလို႔ အီစီကလီလုပ္​ရမွာလဲ? ဘာလို႔ ဒီလိုtask႐ွိ​ေနရတာလဲ?"

​ေ႐ွာင္​လင္​း: "ဘာလို႔ဆို ႐ွဲ႕ဇီထ်န္​းက အႂကြင္​းမဲ့ဗီလိန္​​ေလ၊ သူကအလွ​ေလး​ေတြကို အီစီကလီရတာႀကိဳက္​တယ္​​ေလ၊ ဒါ​ေၾကာင္​့ သခင္​လည္​း သူလုပ္​သလိုလိုက္​လုပ္​ရမယ္​၊ ၿပီး​ေတာ့ သခင္​ကလူ​ေတြကို စ​ေနာက္​ရတာ​ေၾကာက္​တယ္​​ေလ အဲ့​ေတာ့Systemက သခင္​​ေၾကာက္​တတ္​တာ​ေတြကိုခိုင္​းၿပီး ရဲရင္​့လာ​ေအာင္​လုပ္​​ေပးတာပါ"

ပိုင္​ရန္​: "•••"

ပိုင္​ရန္​​ေတာင္​့​​ေတာင္​့ႀကီးနဲ႔ပဲ "​ၿပီး​ေရာ"

အီစီကလီဆို​ေတာ့လည္​း အီစီကလီတာ​ေပါ့။

ဒီလို​ေသာက္​ရမ္​းစိတ္​ပ်က္​စရာကမာၻႀကီးနဲ႔ daily task​ေတြကို ျမန္​ျမန္​ၿပီး​ေအာင္​လုပ္​ၿပီး ျပန္​လို႔ရတာနဲ႔ျပန္​မွာ စိတ္​ခ်။

ဇာတ္​လိုက္​​ေကာင္​​ေရ.. အထက္​ျမန္​ျမန္​တက္​!

ပိုင္​ရန္​ ဂူထဲကထြက္​လာတုန္​း႐ွိ​ေသးတယ္​ ​ေဘးတစ္​ဖက္​ဆီက​ေန သိမ္​​ေမြ႔တဲ့အသံ​ေလး​ေတြၾကားလိုက္​ရတယ္​ "သခင္​ႀကီး"

ပိုင္​ရန္​ လွပတဲ့အငယ္​​ေလးႏွစ္​​ေယာက္​ကို ႐ုတ္​တရက္​​ေတြ႔လိုက္​ရ​ေတာ့ လိပ္​ျပာလြင္​့မလို​ေတာင္​ျဖစ္​သြားတယ္​။ သူတို႔အ​ေတာ္​​ၾကည္​့လို႔​ေကာင္​းတဲ့ ဇာတ္​​ေကာင္​​ေလး​ေတြပဲ။ သူတို႔က​ေခါင္​းကိုငံု႔အ႐ိုအ​ေသ​ေပးၿပီး လက္​ႏွစ္​ဖက္​ကို ယွက္​ကာထားတယ္​။

ပိုင္​ရန္​​ေတြးမိလိုက္​တာက : 'ဒါ​ေလး​ေတြက ႐ွဲ႕ဇီထ်န္​းရဲ႕ minion​ေလး​ေတြျဖစ္​မယ္​'

သူတို႔အသံက္​ုိၾကားၿပီး​ေနာက္​ ပိုင္​ရန္​သူ႔လက္​ကို ဆန္​႔ထုတ္​ၿပီး "​ေက်းဇူးျပဳၿပီး ​ေခါင္​း​ေတြ​ေမာ့ပါ"

သူ​ေျပာၿပီးၿပီးခ်င္​း သူ႔စိတ္​ထဲမွာ​ေ႐ွာင္​လင္​းအသံကို ၾကားလိုက္​ရတယ္​ "သခင္​ ႐ွဲ႕ဇီထ်န္​းကႏူးႏူးညံ့ညံ့မဆက္​ဆံတတ္​ဘူး ၿပီး​ေတာ့ '​ေက်းဇူးျပဳၿပီး'ဆိုတာကို အ​ေၾကာင္​းမ႐ွိဘဲမ​ေျပာဘူး၊ သခင္​ဒီလို​ေတြျပဳမူ​ေနရင္​ ဇာတ္​​ေကာင္​နဲ႔မကိုက္​ညီ​ေတာ့ဘူး၊ သခင္​လွ်ပ္​စီးနဲ႔အျပစ္​​ေပးခံရလိမ္​့မယ္​"

ပိုင္​ရန္​ခမ်ာ ျပန္​​ေျပာခ်ိန္​​ေတာင္​မရလိုက္​ဘူး။ လွ်ပ္​စီး​ေၾကာင္​းတစ္​ခုက ​ေခါင္​းထိပ္​က​ေန ဟိုး​ေျခဖဝါးထိစီးဆင္​းသြားတယ္​။ ႐ုတ္​တရက္​မလို႔ ထ​ေတာင္​ခုန္​မိမတတ္​ပဲ။

​ေသာက္​ရမ္​းနာတယ္​ဟ!

​ေ႐ွာင္​လင္​းက "သခင္​ ဇာတ္​​ေကာင္​ရဲ႕​ေဘာင္​​ေက်ာ္​ၿပီး(OOC) အမ်ားႀကီးမလုပ္​မိ​ေအာင္​ သတိထားပါ"

ဒါကအရမ္​းနာတာပဲ.. OOCျဖစ္​​ေအာင္​ ဘယ္​သူကထပ္​လုပ္​ရဲပါ့မလဲ?

သူ ​ေ႐ွာင္​လင္​းနဲ႔စိတ္​ထဲမွာ အခ်ိန္​အနည္​းငယ္​စကား​ေျပာ​ေန​ေပမယ္​့ တကယ္​့အျပင္​မွာ​ေတာ့ အခ်ိန္​ခဏ​ေလးသာျဖစ္​တယ္​။ သူစိတ္​နဲ႔ကိုယ္​နဲ႔ျပန္​ကပ္​သြားခ်ိန္​မွာ အငယ္​​ေလးႏွစ္​​ေယာက္​ကသူ႔ကို အလန္​႔တၾကားၾကည္​့​ေနတာ ​ေတြ႔လိုက္​ရတယ္​။ ဒါက ခု​ေလးတင္​ OOCထိထားတဲ့ "​ေက်းဇူးျပဳၿပီး ​ေခါင္​း​ေတြ​ေမာ့ပါ"လို႔​ေျပာလိုက္​တာ​ေၾကာင္​့ ျဖစ္​​ေနၾကတာ။

ပိုင္​ရန္​လက္​ကို အျမန္​႐ုပ္​ၿပီး​ေခ်ာင္​းဟန္​႔လိုက္​တယ္​။ "သြား​ေတာ့... ငါတစ္​​ေယာက္​တည္​း အျပင္​သြားမလို႔"

"ဟုတ္​ကဲ့!" အလွ​ေလးႏွစ္​​ေယာက္​လည္​း ျပန္​​ေျဖၿပီးတာနဲ႔ တံု႔ဆိုင္​းျခင္​းမ႐ွိ ဂူထဲက​ေနထြက္​သြားၾကတယ္​။

ပိုင္​ရန္​ သူတို႔ထြက္​သြားမွ သက္​ျပင္​းခ်နိုင္​တယ္​။ သူတို႔ကိုျပန္​လႊတ္​လိုက္​ရတာက သူတို႔သာဆက္​​ေန​ေနရင္​ သူလည္​း OOCျဖစ္​​ေအာင္​လုပ္​မိၿပီး အျပစ္​​ေပးတာထပ္​ခံရမွာ​ေၾကာက္​တာ​ေၾကာင္​့ျဖစ္​တယ္​။

တျခားလူ​ေတြက သူတို႔သား​ေတြအတြက္​ ကလိမ္​ကက်စ္​က်​ေပး​ေပမယ္​့ သူ႔အလွည္​့က်မွပဲ အ​ေဖက ကလိန္​ကက်စ္​က်တာခံလိုက္​ရတယ္​။

အ​ေဖ​ေရ၊ အ​ေဖ့သားကို​ေသ​ေလာက္​​ေအာင္​ အႏၱရာယ္​႐ွိတဲ့​ေနရာကို ပို႔လိုက္​မိတာမွန္​း​​ေရာသိရဲ႕လား?!

ၿပီး​ေတာ့ သူ႔ကိုခိုး​ေၾကာင္​ခိုးဝွက္​ လွည္​့စားခဲ့တဲ့သူက​ေရာ၊ သူဘာ​ေတြၾကံစည္​​ေနတာလဲ?

ပိုင္​ရန္​ လမ္​း​ေလွ်ာက္​​ေနရင္​း တိတ္​တိတ္​​ေလးႀကိမ္​ဆဲ​ေနလိုက္​တယ္​။ သူ႔မွာ ႐ွဲ႕ဇီထ်န္​းရဲ႕မွတ္​ဥာဏ္​​ေတြ ရ​ေနၿပီျဖစ္​တာ​ေၾကာင္​့ လမ္​း​ေတြကိုလည္​းသိ​ေနၿပီ။ ဒီဂူက အရမ္​းျမင္​့တဲ့​ေတာင္​​ေပၚမွာ႐ွိၿပီး ​ေတာင္​ပတ္​ပတ္​လည္​မွာလည္​း အကာအကြယ္​​ေတြ႐ွိတယ္​။ သတ္​မွတ္​ထားတဲ့အရည္​အခ်င္​းျပည္​့မွီရင္​ ​ေတာင္​​ေပၚ​ေျခ​ေတာင္​ခ်လို႔မရဘူး။ ​ေတာင္​​ေျခရင္​းမွာ​ေတာ့ နတ္​ဆိုးနယ္​​ေျမရဲ႕ၿမိဳ႕​ေတာ္​ တည္​႐ွိတယ္​။

ပိုင္​ရန္​ကနတ္​ဆိုးနယ္​​ေျမမွာ အာဏာပါဝါ႐ွိတဲ့သူျဖစ္​တာ​ေၾကာင္​့ ပံုမွန္​အားျဖင္​့ ​မိုင္​​ေထာင္​​ေပါင္​းမ်ားစြာ​ေဝးတဲ့ၿမိဳ႕​ေတာ္​ကို ဆင္​းမယ္​ဆိုရင္​ teleport​ေလးပဲလုပ္​ၿပီးသြားလိုက္​တာ။ ပိုင္​ရန္​က​ေတာ့ အကာကြယ္​က​ေန ခ်က္​ခ်င္​းႀကီးမထြက္​သြားခ်င္​​ေသးဘူး။ သူ႔လက္​​ေအာက္​ငယ္​သားႏွစ္​​ေယာက္​​ေ႐ွ႕မွာ​ေတာင္​ ခ်က္​ခ်င္​းဓာတ္​လိုက္​ခံရတာ။ နတ္​ဆိုးနယ္​​ေျမကိုဆင္​းသြားလို႔က​ေတာ့ လူ​ေတြအမ်ားႀကီးနဲ႔​ေတြ႔ၿပီး....

​ေတြးမိတာနဲ႔ ၾကက္​သီး​ေတာင္​ထတယ္​။

လမ္​း​ေလွ်ာက္​ကာ သူ႔ဦး​ေႏွာက္​ထဲက မွတ္​ဥာဏ္​​ေတြကိုၾကည္​့​ေနရင္​းနဲ႔ မသိလိုက္​ခင္​မွာပဲ ​ေတာင္​ရဲ႕တဝက္​ခ်ဳိး​ေလာက္​ကို ​ေလွ်ာက္​ၿပီး​ေနၿပီ။

အဲ့မွာ တိမ္​​ေတြဝန္​းရံ​ေနတဲ့နား​ေန​ေဆာင္​​ေလးတစ္​ခု႐ွိတယ္​။ ပိုင္​ရန္​​ေလွ်ာက္​လာ​ေတာ့ နား​ေန​ေဆာင္​ထဲမွာလူတစ္​​ေယာက္​ရပ္​​ေနတာ​ေတြ႔လိုက္​ရတယ္​။ အဲ့လူက ပိုင္​ရန္​ကို​ေနာက္​​ေက်ာ​ေပးထားတယ္​။

ဒါက ဒီကမာၻမွာပိုင္​ရန္​​ေတြ႔ရတဲ့ တတိယ​ေျမာက္​လူပဲ။ ​ေနာက္​က​ေနၾကည္​့ရတာ ဒီလူက သြယ္​သြယ္​​ေလးနဲ႔အရပ္​႐ွည္​ၿပီး ​ေျဖာင္​့တန္​း​ေနတဲ့​ေနာက္​​ေက်ာမွာ ပခံုး​မွက်​ေနတဲ့မွင္​နက္​​ေရာင္​ဆံပင္​​ေတြကို စိမ္​းျပာ​ေရာင္​​ေခါင္​းစည္​း​နဲ႔ ​ေလ်ာ့တြဲတြဲ​ေလး စည္​းထားတယ္​။ သူက ဘာဒီဇိုင္း​ပံုမွမထိုးထားတဲ့ လက္​ရာ​ေျမာက္​စိမ္​းျပာ​ေရာင္​​ဝတ္​ရံု​ကို ဝတ္​ဆင္​ထားတယ္​။ အဲ့တာကရာထူးနိမ္​့အ​ေစခံ​ေတြဝတ္​သလိုမ်ိဳး ႐ိုး႐ွင္​း​ေန​ေသာ္​ျငား ၾကည္​့ရတာသိပ္ကိုက်က္​သ​ေရ႐ွိၿပီး လွပ​ေနတယ္​။

____________________________________

{Unicode}

ပိုင်ရန် taskကိုလက်ခံဖို့အတွက် ချက်ချင်းစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားလိုက်တယ်။ ခဏနေတော့ သူစိတ်ထဲကနေ ရှောင်လင်းပြောတာကြားလိုက်ရတယ် "Task 1: ရှဲ့ဇီထျန်းအတုယောင်၊ ကျိုးရင်အဆင့်တက်သွားတဲ့အထိ အသက်ဆက်ရှင်ပါ၊ ကျိုးရင်အဆင့်မတက်ခင် ရှဲ့ဇီထျန်းသေသွားခဲ့မယ်ဆိုရင် ပြစ်ဒဏ်အနေနဲ့hostရဲ့ ဦးနှောက်သေပါမယ်"

••• အဖေရေ! ကျွန်တော်ကအများအားဖြင့်အသုံးမဝင်တဲ့သားတစ်ယောက်ဆိုတာမှန်ပေမယ့် သေရလောက်တဲ့ထိဆိုးတဲ့ အနုတ်စုတ်ဂုတ်စုတ်ကောင်လည်း မဟုတ်သေးပါဘူး!

ပိုင်ရန် မျက်ရည်ကျတော့မလိုဖြစ်နေပြီ။

ရှောင်လင်းကလည်း ဖြေသိမ့်နိုင်ဖို့ကြိုးစားပေးတယ် "သခင်၊ ကျွန်မတို့ taskကို ပြီးအောင်လုပ်နိုင်ပါတယ်၊ ရှောင်လင်းက ကူညီမှာပေါ့!"

ပိုင်ရန်မျက်ရည်တွေသုတ်လိုက်ပြီး ဆို့ဆို့နင့်နင့်ရှိုက်သံတစ်ဝက်နဲ့ပြန်ပြောတယ် "ကောင်းပြီလေ၊ ငြင်းလို့မရမှတော့ taskကို ပြီးအောင်လုပ်ရတော့မှာပေါ့"

ရှောင်လင်းက "သခင်၊ သခင်ပြောတာမှန်တယ်၊ တက်တက်ကြွကြွနေပါ၊ ကျွန်မမှာ လေရူးသုန်သုန်ဝတ္ထုစာသားတွေရှိတယ်၊ တကယ်လို့စာသားမမှတ်မိရင် ကျွန်မကူညီနိုင်တယ်၊ လေရူးသုန်သုန်မှာက ဇာတ်ကောင်ဆယ်သန်းကျော်လောက်ပါတာ၊ ကျိုးရင်ရဲ့'ကောင်းကင်ဘုံသို့တက်လှမ်းခြင်း'ဆိုတဲ့ arcမှာ ဇာတ်ကောင်က သုံးသန်းလောက်ပါတယ်၊ တိုတိုပြောရရင် အိမ်ကိုပြန်နိုင်ဖို့အတွက် ဇာတ်လမ်းရဲ့သုံးပုံတစ်ပုံပဲ အသက်ရှင်နိုင်ရင်ရပြီ"

ပိုင်ရန် ဇာတ်လမ်းမပြီးခင်သုံးပုံတစ်ပုံလောက်မှာ taskတွေပြီးမယ်လို့ကြားလိုက်တာနဲ့ သူပျော်ရွှင်သွားတယ် "သိပ်ကောင်းတာပေါ့ ကျေးဇူးပဲ ရှောင်လင်းရယ်"

ရှောင်လင်း ပျော်ရွှင်စွာရယ်လိုက်ပြီး "ကိစ္စမရှိပါဘူး သခင်၊ ဒါကျွန်မလုပ်ရမှာပါ၊ လူကြီးမင်းဒီကမ္ဘာကထွက်သွားရင်သာ ကျွန်မကို Five-starပေးပေးပါ"

ပိုင်ရန်ကလည်း ချက်ချင်းပြန်ပြောတယ် "Five-star? ဒါပေါ့ ပြဿနာမရှိဘူး!"

"ကျွန်မအရမ်းပျော်တာပဲ!"သူ့စိတ်ထဲက ပျော်ရွှင်မှုအပြည့်နဲ့ ချိုသာတဲ့မိန်းကလေးအသံက ကြောက်ရွံတာတွေကိုအနည်းငယ် သက်သာသွားစေတယ်။

လူသားနဲ့ systemကတော့ အတိုင်အဖောက်ညီနေကြဆဲ။

ပိုင်ရန်သူ့စိတ်ထဲက စိုးရိမ်ပူပန်နေတာတွေပျောက်သွားအောင် ကြိုးစားပြီးတက်တက်ကြွကြွနေတယ်။ "taskတွေကို ပြီးနိုင်သမျှမြန်မြန်ပြီးအောင်လုပ်မယ် ဒါမှအိမ်ပြန်နိုင်မှာ၊ ရှောင်လင်း ဇာတ်လိုက်ကိုအခုသွားရှာရအောင် ပြီးရင်ဆေးတွေနဲ့စိတ်ဝိဉာဉ်ကျင့်စဉ်တွေ သွားပေးကြစို့၊ ဒါမှသူလည်း စောစောစီးစီးတက်နိုင်သွားတာပေါ့!"

ရှောင်လင်းကလည်း အားကျမခံ "ကောင်းပြီ!"

သူ့စိတ်ထဲမှာပြောလို့ဆိုလို့ပြီးသွားတော့မှ ပိုင်ရန်ဘေးဘီကြည့်မိတယ်။ တွေ့လိုက်ရတာက ကျောက်တုံးအမည်းတွေနဲ့ပြည့်နေတဲ့ ဂူအသေးလေးထဲသူရောက်နေတယ်ဆိုတာပဲ။ ဂူရဲ့အတွင်းအကျဆုံးမှာ ချော်ရည်တွေပွက်ပွက်ဆူနေတဲ့ကန်ရှိတယ်။ ဂူတစ်ခုလုံး ညှော်နံ့တွေနဲ့မွှန်ထူနေပြီး ပိုင်ရန်အပူဒဏ်ကြောင့် ကျက်တော့မလိုတောင်ဖြစ်နေပြီ။

ရှောင်လင်းအသံကို သူ့စိတ်ထဲမှာကြားလိုက်ရပြန်တယ် "မှတ်ဉာဏ်ပြန်တင်နေပါတယ်၊ ကျေးဇူးပြုပြီးသည်းခံပါ သခင်"

စက္ကန့်အနည်းငယ်ကြာတော့ ပိုင်ရန်ဦးနှောက်ထဲမှာ တန်နဲ့ချီတဲ့အချက်အလက်တွေ၊ အချို့စိတ်ဝိဉာဉ်ကျင့်စဉ်တွေနဲ့ ပြည့်နှက်သွားတယ်။ သူအလျင်အမြန် အသစ်ချွတ်ချွတ်သင်ထားတဲ့ကျင့်စဉ်ကိုသုံးပြီး ခန္ဓာကိုယ်အေးမြသွားတဲ့အထိ ထူးကဲသွေးကြော ၈ကြောဆီကို ချီတွေလည်ပတ်စေလိုက်တယ်။ [T/N : သွေးကြော၈ကြောကို ဘယ်လိုပြန်ရမှန်းမသိလို့ ရမ်းတုတ်လိုက်တယ် ≧◔◡◔≦ ]

အသစ်ရထားတဲ့မှတ်ဉာဏ်အရ ဒီဂူကချီတွေပြည့်ဝနေပြီး ကျင့်စဉ်ကျင့်ဖို့အတွက်အင်မတန်ကောင်းမွန်တဲ့ သူ့ရဲ့မီးတောင်ဂူဆိုတာ သတိထားမိလိုက်တယ်။ ရှဲ့ဇီထျန်းအပါအဝင်နတ်ဆိုးနယ်မြေကတခြားရာထူးမြင့်တဲ့သူ လေးဦးသာလျှင် ဒီဂူကိုသုံးဖို့ အရည်အချင်းပြည့်မှီကြတယ်။

စိတ်ထဲကမှတ်ဉာဏ်တွေကို လိုက်ကြည့်နေရင်း ပိုင်ရန်ဆွံ့အသွားတယ်။ ရှဲ့ဇီထျန်းက တကယ့်ကိုဗီလိန်ပီသတယ်။ ဝတ္ထုအတိုင်းဆို သူနေ့တိုင်းဂူထဲမှာ လေ့ကျင့်တယ်။ သူအပြင်ထွက်လာပြီဆိုတိုင်းလည်း အလှလေးတွေကို စနောက်ရန်စပြီး အစွန်းရောက်များစွာသောမကောင်းမှုတွေကို ရှေ့နောက်မဆင်ခြင်ပဲပြုလုပ်တယ်။ သူ့မှာဘဝရည်မှန်းချက်လည်းမရှိဘူး၊ သူလုပ်တာဆိုလို့ လူတွေကိုအာဏာပြတာနဲ့၊ အလှလေးတွေဆို အနိုင်ထက်မတရားပြုကျင့်တာပဲရှိတယ်။

တခြားဘက်ကကြည့်မယ်ဆိုရင်တော့၊ ဒီဇာတ်လမ်းထဲမှာ ဗီလိန်တွေထည့်ထားတာဘာကိုဆိုလိုချင်တာလဲ? သေချာပေါက် ဇာတ်လိုက်အတွက် အဖိုးတန်ပစ္စည်းတွေ၊ ကျင့်စဉ်တွေ၊ စည်းစိမ်တွေနဲ့ အလှလေးတွေဖန်တီးပေးချင်လို့ပဲပေါ့...

ပိုင်ရန် ဒီကမ္ဘာကနေထွက်ပြီး သူ့ရဲ့သက်သောင့်သက်သာရှိတဲ့သခင်လေးဘဝကို ပြန်သွားချင်နေပြီ။ သူချက်ချင်းထပြီး ဂူထဲကထွက်လိုက်တယ်။ ဇာတ်လိုက်ကိုသွားရှာပြီး တတ်နိုင်သမျှမြန်မြန်အထက်ကို တက်နိုင်အောင်ကူညီပေးချင်နေပြီ။

သူဂူထဲက ထွက်ရုံပဲရှိသေးတယ် သူ့စိတ်ထဲကရှောင်လင်းက စကားစပြောတော့တယ် "သခင်၊ Main Systemက daily taskထုတ်လိုက်တယ်၊ ပြီးမြောင်အောင် ဆောင်ရွက်ပေးပါ"

"Daily taskကဘာလဲ?" ပိုင်ရန် တအံ့တသြမေးလိုက်တယ် "ဘာလို့ daily taskကို ပြီးအောင်လုပ်ရမှာလဲ?"

ရှောင်လင်းကလည်း ရှင်းပြရှာတယ် "သခင်၊ ဘာလို့ဒီကမ္ဘာကိုဝင်လာရတာလဲဆိုတာ မေ့သွားပြီလား?"

ဒါပေါ့၊ ဘယ်မေ့နိုင်ပါ့မလဲ။

"ငါ့အဖေဂျင်းထည့်လိုက်လို့လေ" ပိုင်ရန်ခံစားချက်မဲ့စွာ ပြောလိုက်တယ်။

ရှောင်လင်း: "•••"

ရှောင်လင်း ခဏလောက်တိတ်သွားပြီးမှ ပြန်စပြောတယ် "သခင်ဒီကိုပြောင်းလာရတာ အကျင့်တွေပြောင်းလဲသွားအောင်ပါ၊ Main Systemက အဲ့ရည်ရွယ်ချက်အောင်မြင်အောင်လို့ ဒီလိုtaskတွေ ထုတ်ပြန်ပေးတာပါ၊ သခင်သာ taskတွေအောင်မြင်ရင် အမှတ်တွေရလိမ့်မယ်၊ ကျရှုံးခဲ့ရင်တော့ အပြစ်ပေးခံရမှာပါ..."

"ဘယ်လိုအပြစ်လဲ?"

"သခင်ဘယ်တော့မှာ မမေ့နိုင်မယ့်ပြစ်ဒဏ်ပါ"

ပိုင်ရန်: "•••"
ကြားရတာသိပ်တော့မသက်သာလောက်ဘူး။

ပိုင်ရန်စိတ်ထဲမှာပြောလိုက်တယ် "System errorတွေဘာတွေ ဖြစ်နိုင်လား?"

"မရှိပါဘူး" ရှောင်လင်းက "ဒါကသခင့်အဖေတောင်းဆိုထားတာပါ၊ သူက သခင်လေးကိုနည်းနည်းတင်းကျပ်စေချင်တာပါ၊ Systemကသာ ညှာနေရင် သခင်ကထုံးစံအတိုင်း အသုံးမကျပဲ၊ ကောင်းတာဘာမှမရှိတဲ့ယောကျာ်းပဲဖြစ်နေလိမ့်မယ်"

ပိုင်ရန်: "•••"

အဖေ...သေချာတယ်၊ ဒါအဖေမှ အဖေပဲ။

"စိတ်မပူပါနဲ့... Daily taskက ပြီးမြောက်ဖို့လွယ်ပါတယ်"

ပိုင်ရန်လည်း အနည်းငယ်စိတ်သက်သာရာရသွားပြီး "ကောင်းပြီလေ၊ daily taskကိုပြောပါအုံး"

ရှောင်လင်းက "daily taskက အလှလေးကို အီစီကလီလုပ်ပါ၊ ရိုးရိုးလေးပါနော့"

ပိုင်ရန်: "•••"

ပိုင်ရန်: "errorတက်တာများလား? ငါကလူတွေကို အီစီကလီလုပ်ရမယ်?"

နှစ်နှစ်ဆယ်ကျော်အတွင်းမှာ သူကမိန်းကလေးတစ်ယောက်လက်ကိုတောင်မကိုင်ဖူးတာ၊ အခုတော့သူက တစ်စုံတစ်ယောက်ကို ပရောပရည်လုပ်ရမယ်တဲ့လား?

ဒါက...

"ငါကဘာလို့ အီစီကလီလုပ်ရမှာလဲ? ဘာလို့ ဒီလိုtaskရှိနေရတာလဲ?"

ရှောင်လင်း: "ဘာလို့ဆို ရှဲ့ဇီထျန်းက အကြွင်းမဲ့ဗီလိန်လေ၊ သူကအလှလေးတွေကို အီစီကလီရတာကြိုက်တယ်လေ၊ ဒါကြောင့် သခင်လည်း သူလုပ်သလိုလိုက်လုပ်ရမယ်၊ ပြီးတော့ သခင်ကလူတွေကို စနောက်ရတာကြောက်တယ်လေ အဲ့တော့Systemက သခင်ကြောက်တတ်တာတွေကိုခိုင်းပြီး ရဲရင့်လာအောင်လုပ်ပေးတာပါ"

ပိုင်ရန်: "•••"

ပိုင်ရန်တောင့်တောင့်ကြီးနဲ့ပဲ "ပြီးရော"

အီစီကလီဆိုတော့လည်း အီစီကလီတာပေါ့။

ဒီလိုသောက်ရမ်းစိတ်ပျက်စရာကမ္ဘာကြီးနဲ့ daily taskတွေကို မြန်မြန်ပြီးအောင်လုပ်ပြီး ပြန်လို့ရတာနဲ့ပြန်မှာ စိတ်ချ။

ဇာတ်လိုက်ကောင်ရေ.. အထက်မြန်မြန်တက်!

ပိုင်ရန် ဂူထဲကထွက်လာတုန်းရှိသေးတယ် ဘေးတစ်ဖက်ဆီကနေ သိမ်မွေ့တဲ့အသံလေးတွေကြားလိုက်ရတယ် "သခင်ကြီး"

ပိုင်ရန် လှပတဲ့အငယ်လေးနှစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရတော့ လိပ်ပြာလွင့်မလိုတောင်ဖြစ်သွားတယ်။ သူတို့အတော်ကြည့်လို့ကောင်းတဲ့ ဇာတ်ကောင်လေးတွေပဲ။ သူတို့ကခေါင်းကိုငုံ့အရိုအသေပေးပြီး လက်နှစ်ဖက်ကို ယှက်ကာထားတယ်။

ပိုင်ရန်တွေးမိလိုက်တာက : 'ဒါလေးတွေက ရှဲ့ဇီထျန်းရဲ့ minionလေးတွေဖြစ်မယ်'

သူတို့အသံကိုကြားပြီးနောက် ပိုင်ရန်သူ့လက်ကို ဆန့်ထုတ်ပြီး "ကျေးဇူးပြုပြီး ခေါင်းတွေမော့ပါ"

သူပြောပြီးပြီးချင်း သူ့စိတ်ထဲမှာရှောင်လင်းအသံကို ကြားလိုက်ရတယ် "သခင် ရှဲ့ဇီထျန်းကနူးနူးညံ့ညံ့မဆက်ဆံတတ်ဘူး ပြီးတော့ 'ကျေးဇူးပြုပြီး'ဆိုတာကို အကြောင်းမရှိဘဲမပြောဘူး၊ သခင်ဒီလိုတွေပြုမူနေရင် ဇာတ်ကောင်နဲ့မကိုက်ညီတော့ဘူး၊ သခင်လျှပ်စီးနဲ့အပြစ်ပေးခံရလိမ့်မယ်"

ပိုင်ရန်ခမျာ ပြန်ပြောချိန်တောင်မရလိုက်ဘူး။ လျှပ်စီးကြောင်းတစ်ခုက ခေါင်းထိပ်ကနေ ဟိုးခြေဖဝါးထိစီးဆင်းသွားတယ်။ ရုတ်တရက်မလို့ ထတောင်ခုန်မိမတတ်ပဲ။

သောက်ရမ်းနာတယ်ဟ!

ရှောင်လင်းက "သခင် ဇာတ်ကောင်ရဲ့ဘောင်ကျော်ပြီး(OOC) အများကြီးမလုပ်မိအောင် သတိထားပါ"

ဒါကအရမ်းနာတာပဲ.. OOCဖြစ်အောင် ဘယ်သူကထပ်လုပ်ရဲပါ့မလဲ?

သူ ရှောင်လင်းနဲ့စိတ်ထဲမှာ အချိန်အနည်းငယ်စကားပြောနေပေမယ့် တကယ့်အပြင်မှာတော့ အချိန်ခဏလေးသာဖြစ်တယ်။ သူစိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားချိန်မှာ အငယ်လေးနှစ်ယောက်ကသူ့ကို အလန့်တကြားကြည့်နေတာ တွေ့လိုက်ရတယ်။ ဒါက ခုလေးတင် OOCထိထားတဲ့ "ကျေးဇူးပြုပြီး ခေါင်းတွေမော့ပါ"လို့ပြောလိုက်တာကြောင့် ဖြစ်နေကြတာ။

ပိုင်ရန်လက်ကို အမြန်ရုပ်ပြီးချောင်းဟန့်လိုက်တယ်။ "သွားတော့... ငါတစ်ယောက်တည်း အပြင်သွားမလို့"

"ဟုတ်ကဲ့!" အလှလေးနှစ်ယောက်လည်း ပြန်ဖြေပြီးတာနဲ့ တုံ့ဆိုင်းခြင်းမရှိ ဂူထဲကနေထွက်သွားကြတယ်။

ပိုင်ရန် သူတို့ထွက်သွားမှ သက်ပြင်းချနိုင်တယ်။ သူတို့ကိုပြန်လွှတ်လိုက်ရတာက သူတို့သာဆက်နေနေရင် သူလည်း OOCဖြစ်အောင်လုပ်မိပြီး အပြစ်ပေးတာထပ်ခံရမှာကြောက်တာကြောင့်ဖြစ်တယ်။

တခြားလူတွေက သူတို့သားတွေအတွက် ကလိမ်ကကျစ်ကျပေးပေမယ့် သူ့အလှည့်ကျမှပဲ အဖေက ကလိန်ကကျစ်ကျတာခံလိုက်ရတယ်။

အဖေရေ၊ အဖေ့သားကိုသေလောက်အောင် အန္တရာယ်ရှိတဲ့နေရာကို ပို့လိုက်မိတာမှန်းရောသိရဲ့လား?!

ပြီးတော့ သူ့ကိုခိုးကြောင်ခိုးဝှက် လှည့်စားခဲ့တဲ့သူကရော၊ သူဘာတွေကြံစည်နေတာလဲ?

ပိုင်ရန် လမ်းလျှောက်နေရင်း တိတ်တိတ်လေးကြိမ်ဆဲနေလိုက်တယ်။ သူ့မှာ ရှဲ့ဇီထျန်းရဲ့မှတ်ဉာဏ်တွေ ရနေပြီဖြစ်တာကြောင့် လမ်းတွေကိုလည်းသိနေပြီ။ ဒီဂူက အရမ်းမြင့်တဲ့တောင်ပေါ်မှာရှိပြီး တောင်ပတ်ပတ်လည်မှာလည်း အကာအကွယ်တွေရှိတယ်။ သတ်မှတ်ထားတဲ့အရည်အချင်းပြည့်မှီရင် တောင်ပေါ်ခြေတောင်ချလို့မရဘူး။ တောင်ခြေရင်းမှာတော့ နတ်ဆိုးနယ်မြေရဲ့မြို့တော် တည်ရှိတယ်။

ပိုင်ရန်ကနတ်ဆိုးနယ်မြေမှာ အာဏာပါဝါရှိတဲ့သူဖြစ်တာကြောင့် ပုံမှန်အားဖြင့် မိုင်ထောင်ပေါင်းများစွာဝေးတဲ့မြို့တော်ကို ဆင်းမယ်ဆိုရင် teleportလေးပဲလုပ်ပြီးသွားလိုက်တာ။ ပိုင်ရန်ကတော့ အကာကွယ်ကနေ ချက်ချင်းကြီးမထွက်သွားချင်သေးဘူး။ သူ့လက်အောက်ငယ်သားနှစ်ယောက်ရှေ့မှာတောင် ချက်ချင်းဓာတ်လိုက်ခံရတာ။ နတ်ဆိုးနယ်မြေကိုဆင်းသွားလို့ကတော့ လူတွေအများကြီးနဲ့တွေ့ပြီး....

တွေးမိတာနဲ့ ကြက်သီးတောင်ထတယ်။

လမ်းလျှောက်ကာ သူ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကိုကြည့်နေရင်းနဲ့ မသိလိုက်ခင်မှာပဲ တောင်ရဲ့တဝက်ချိုးလောက်ကို လျှောက်ပြီးနေပြီ။

အဲ့မှာ တိမ်တွေဝန်းရံနေတဲ့နားနေဆောင်လေးတစ်ခုရှိတယ်။ ပိုင်ရန်လျှောက်လာတော့ နားနေဆောင်ထဲမှာလူတစ်ယောက်ရပ်နေတာတွေ့လိုက်ရတယ်။ အဲ့လူက ပိုင်ရန်ကိုနောက်ကျောပေးထားတယ်။

ဒါက ဒီကမ္ဘာမှာပိုင်ရန်တွေ့ရတဲ့ တတိယမြောက်လူပဲ။ နောက်ကနေကြည့်ရတာ ဒီလူက သွယ်သွယ်လေးနဲ့အရပ်ရှည်ပြီး ဖြောင့်တန်းနေတဲ့နောက်ကျောမှာ ပခုံးမှကျနေတဲ့မှင်နက်ရောင်ဆံပင်တွေကို စိမ်းပြာရောင်ခေါင်းစည်းနဲ့ လျော့တွဲတွဲလေး စည်းထားတယ်။ သူက ဘာဒီဇိုင်းပုံမှမထိုးထားတဲ့ လက်ရာမြောက်စိမ်းပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ အဲ့တာကရာထူးနိမ့်အစေခံတွေဝတ်သလိုမျိုး ရိုးရှင်းနေသော်ငြား ကြည့်ရတာသိပ်ကိုကျက်သရေရှိပြီး လှပနေတယ်။

_____

Thanks😉

Continue Reading

You'll Also Like

1.1M 61.8K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
200K 26.4K 58
သုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...