Death(သေမင်းတမန်တော်)
အပိုင်း-၂၁
channie:သိပ်ကိုသတ္တိရှိနေတာပဲကိုးးး…စိတ်ချပါ။မင်းတို့ကို လှေပေါ်ရောက်မှသတ်မှာ
chanchin channieပြောတဲ့စကားကြောင့်
chanchin:မင်းအကြံတွေမဖြစ်စေရဘူးchannie
chanchinအိမ်အောက်ထပ်ကိုရောက်သွားတော့ chanyeolနဲ့baekhyunက မရှိတော့တာကြောင့်
chanchin:ဟာ…မြန်လိုက်တာ
chanchin လှေဆိပ်ဆီကို အမြန်ပြေးထွက်သွားသည်။
channie ပြေးထွက်သွားတဲ့ chanchinကို အပေါ်ထပ်ကနေလှမ်းကြည့်နေရင်း မဲ့ပြုံးလေးပြုံးလိုက်ပြီး
channie:မင်းက ကိုယ့်အကြံကိုဖျက်ဆီးနိုင်မယ်ထင်လို့လား
ထို့နောက် channie ဖတ်သရဲတွေမဝင်လာနိုင်အောင် ကာရံထားသော အကာတွေကိုဖျက်လိုက်သည်။
channie:လှေပေါ်ကလွဲရင်လွတ်လမ်းမရှိစေရဘူး
channie လှေဆိပ်ကိုပြေးထွက်လာတော့ အားလုံးက ဖရိုဖရဲဖြစ်နေသည်။chanyeolနဲ့chanbaeက ဓားတွေကိုယ်စီကိုင်ပြီး ဖုတ်သရဲတွေရဲ့ခေါင်းကို ခုတ်ဖြတ်နေသည်။baekhyunကိုတော့ chanchinက ကာကွယ်ပေးထားသည်။သူ့ကို ဒီအကောင်တွေက ဘာမှမလုပ်မှန်းသူသိသောကြောင့်ဖြစ်သည်။
byun:လှေပေါ်သွားရအောင်
chanchin:မဖြစ်ဘူး။လှေပေါ်မှာက ပိုပြီးအန္တရာယ်များတယ်
byun:ဒါပေမဲ့ လွတ်လမ်းမှမရှိ……
chanyeolခုတ်လိုက်တာကြောင့် ဖုတ်သရဲတစ်ကောင်ရဲ့ ခေါင်းကပြတ်သွားပြီး baekhyunပါးပြင်ကိုလာစင်သည်။
chanchin:အဆင်ပြေရဲ့လား
park:လှေပေါ်တက်တော့
chanchin:မဖြစ်ဘူးမင်းကြီး။အဲ့ပေါ်မှာက ပိုပြီးအန္တရာယ်များမှာ
chanchinရဲ့တားမြစ်စကားကို chanyeolနားမထောင်။
park:ဒီထက်ပိုပြီး ရောဂါကူးစက်သူတွေရောက်မလာခင် အမြန်သွားမှရမှာ
byun:မင်းကောမလိုက်ဘူးလား
park:သွားနှင့် အနောက်ကလိုက်ခဲ့မယ်
byun:အရမ်းအန္တရာယ်များတယ်chanyeol။တစ်ခါတည်းလိုက်ခဲ့
park:သူတို့ကိုယ့်ကိုမသတ်နိုင်ပါဘူး
chanyeol baekhyunပါးလေးကိုကိုင်ပြီး ပြောလိုက်တော့ baekhyunကခေါင်းခါပြရင်း
byun:ငါစိတ်မချဘူး
park:ကိုယ့်ကိုယုံစမ်းပါ။byunသာ ဂရုစိုက်
chanbae:မကောင်းတော့ဘူးခမည်းတော် ထပ်ရောက်လာကြပြန်ပြီ
park:သွားတော့……chanbae…သားpaကိုဂရုစိုက်
chanbae:ခမည်းတော်ကကော
park:channieနဲ့ ဒီမှာတားဖို့နေခဲ့မယ်
chanbae:ဒါဆို ဒီမြစ်ကြောင်းအတိုင်းပဲလာခဲ့။သားတို့ စောင့်နေမယ်
park:အင်း…သွားတော့
chanchinထပ်ပြီးတားချင်ပေမဲ့ ထပ်ရောက်လာတဲ့ ဖုတ်ကောင်တွေရဲ့ အရေအတွက်က အရမ်းများတာကြောင့် လှေပေါ်ကိုသာ ပါသွားတော့သည်။
လှေထွက်သွားတော့မှ ဖုတ်သရဲတွေကို သတ်ချင်ယောင်ဆောင်နေတဲ့ channie ပြုံးလိုက်သည်။
ဒါကို chanyeolမသိပေ။
~~~~~~~~
baekhyunတို့သုံးယောက် လှေပေါ်မှာ တိတ်ဆိတ်စွာ ပါလာခဲ့သည်။အားလုံးကိုယ်စီ အတွေးမျိုးစုံတို့ ရောထွေးနေသည်။
chanbaeသူ့အပေါ်ဝတ်ကိုချွတ်ပြီး baekhyunကိုခြုံပေးလိုက်ပြီး
chanbae:အအေးမိမယ်pa
byun:chanyeolအဆင်ပြေပါ့မလား
chanbae:ခမည်းတော်က သာမန်လူမှမဟုတ်တာ။လူသားအတိုင်းရှိတုန်းကတောင် သူ့ကိုဘယ်သူမှ အန္တရာယ်မပြုနိုင်တာကို အခု သေမင်းတမန်ဆိုတော့ လုံးဝကို စိုးရိမ်စရာမရှိပါဘူး။သူ့အတွက် စိုးရိမ်စရာက pa ပဲရှိတာ
byun:paကြောင့်ပါ။paကြောင့်သာမဟုတ်ရင် သားတို့ အခုလိုအခက်တွေ့မှာမဟုတ်ဘူး
chanbae:paကြောင့်မဟုတ်ပါဘူး။သူတို့က တစ်နည်းမဟုတ်တစ်နည်းနဲ့ paကို အန္တရာယ်ပြုမှာလေ။အနည်းဆုံးတော့ အခုက paတစ်ယောက်တည်းမဟုတ်ဘူးလေ
baekhyun chanbae ခေါင်းလေးကိုသပ်ပေးရင်း
byun:paသားလေးတောင်အရွယ်ရောက်လာပြီပဲ
နှစ်ယောက်သား အလွမ်းတွေဝေနေသည့်မျက်လုံးတို့ဖြင့် အချိန်အတော်ကြာကြည့်နေကြပြီးနောက်
chanbae:pa နားတော့လေ။သားစောင့်ပေးမယ်
byun:pa အိပ်မပျော်ပါဘူး
baekhyun၏ မျက်လုံးထဲတွင် chanyeolအတွက် စိုးရိမ်ပူပန်မှုတွေကို အထင်းသားမြင်နေရသည်။
chanbae pov:ကျေးဇူးပါမိဖုရားလတ်။ခင်များကြောင့် ခမည်းတော်အပေါ်မှာထားတဲ့ paရဲ့စိတ်ရင်းအမှန်တွေကို ပြန်တွေ့နေရပြီ
baekhyunက ရေပြင်ကိုငေးနေတာကြောင့် chanbae chanchinထိုင်နေတဲ့နေရာကို သွားလိုက်ပြီး သူရင်ခွင်ထဲ ထည့်ဖတ်ထားလိုက်သည်။
chanbae:ပျင်းနေပြီလား
chanchin:မပျင်းပါဘူး။ညီရောက်လာမှာကို စောင့်နေရတာက အကျင့်ဖြစ်နေပြီလေ
chanbae:တောင်းပန်ပါတယ်။hyungရဲ့မှတ်ဥာဏ်တွေကိုပြန်ဖွင့်လိုက်တဲ့အပြင် ဒီလို နေရာဆိုးကြီးကို ခေါ်ခဲ့မိလို့
chanchin:ရပါတယ်။အမှန်ပြောရရင်……ဂျိုဆွန်းဆိုတာက ငါ့အတွက် စိမ်းသက်သက်နေရာမှမဟုတ်တာ
chanbae:ဂျိုဆွန်းကို မုန်းနေတုန်းပဲလား
chanchin:မုန်းတယ်……ဘယ်တော့မှ အခဲမကျေဘူး
အမှန်ပြောရရင် chanbaeကိုယ်တိုင်လည်း ဂျိုဆွန်းကို အရမ်းမုန်းပါတယ်။
chanchin ရုတ်တရက် သတိရလိုက်မိတဲ့ channieရဲ့မျက်လုံး……
အားလုံးလှေပေါ်တက်လာပြီး ကမ်းကခွာသွားတာနဲ့ သူ့ကိုကြည့်ပြီး ပြုံးပြလိုက်တဲ့ channieအပြုံးက သိပ်ကို ကြက်သီးထစရာကောင်းလွန်းသည်။
chanchin:ညီ့ကိုပြောရဦးမယ်
chanbae:မေးလေ
chanchin:ဒီလှေကနေမသွားဘဲ ကုန်လမ်းကပဲသွားရအောင်
chanbae:ဘာလို့လဲhyung။ညဘက်ဆိုရင် ရောဂါကူးထားတဲ့လူတွေရဲ့ အန္တရာယ်ကပိုမျာတယ်လေ
chanchin:channieအကြည့်ကတစ်မျိုးပဲ။တစ်ခုခုအကြံရှိနေတဲ့ပုံစံမျိုး။စိတ်ထဲလေးနေတယ်
chanbae:hyungစိတ်ထင်တာနေမှာပါ။ညီတစ်ယောက်လုံးရှိနေတာပဲကို သူကဘာလုပ်နိုင်မှာမို့လို့လဲ
chanbaeရဲ့ အပြောကို chanchin ဖြည်းဖြည်းချင်းခေါင်းခါပြရင်း
chanchin:ဂျိုဆွန်းကလူတွေက အရမ်းကောက်ကျစ်တာ။လွယ်လွယ်ယုံလို့မရဘူး
chanbae:channieက မယုံရဘူးဆိုပေမဲ့ အခုသူက ခမည်းတော်နဲ့အတူရှိနေတာလေ။ဘာမှမလုပ်နိုင်ပါဘူး
chanchin:အင်းလေ။မင်းကြီးကိုယ်တိုင်ရှိနေတာပဲကို……
chanchin chanbaeရင်ခွင်ထဲ မှီပြီး မျက်လုံးလေးမှိတ်ထားလိုက်သည်။
chanbae:ရင်ဘက်ကနာနေတုန်းပဲလား
chanchin:အင်း……နာနေတုန်းပဲ
chanbae:ဘာလို့ ဒီဘဝအထိပါလာတာလဲ
chanchin:မသိဘူးလေ။ညီပေးထားတဲ့ဒဏ်ရာဖြစ်နေလို့နေမယ်
chanchin chanbaeကိုမော့ကြည့်လိုက်တော့ chanbaeက မျက်ရည်လေးဝဲပြီး ပြန်ကြည့်နေသည်။
chanbae:တောင်းပန်ပါတယ်။မကာကွယ်ပေးနိုငိခဲ့လို့
chanchin:မဟုတ်တာပဲ။hyung ညီ့ကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူး
မြစ်ကြောင်းတစ်လျှောက် ရေစီးသံ၊ လေတိုးသံ နဲ့ ညပုစဉ်းလေးများ၏ အော်သံများသာ ကြားနေရသည်။
---------------DEATH-----------------
မနက်မိုးလင်းသော်
chanyeolနဲ့ channieတို့ မြစ်ကြောင်းတစ်လျှောက် တိုက်ခိုက်လာရင်း မိုးလင်းတော့မှ ဖုတ်သရဲတွေက ထွက်ပြေးသွားတာကြောင့် တစ်ကိုယ်လုံး သွေးတွေ အလိမ်းလိမ်းပေကျံနေခဲ့သည်။
မြစ်ကမ်းစပ်မှာ နှစ်ယောက်သား ခြေလက်ဆေးရင်း အဝတ်တွေကိုလည်း ရေစွတ်ပြီး သွေးတွေကို ညစ်ထုတ်လိုက်တော့ အနီရောင်ပုတ်ပုတ်သွေးတို့က ရေတွေနဲ့ရောပြီးထွက်သွားသည်။အလုံးစုံတော့မပြောင်ပေမဲ့ ခုနကထက်စာရင်တော့ တော်တော်လေးသန့်ရှင်းသွားပြီဖြစ်သည်။
channieက အဝတ်တွေလှမ်းထားတုန်း ခြေအိတ်ချွတ်ကာ ခြေထောက်ကိုရေစိမ်သည်။ထို့အပြင် ညက တိုက်ခိုက်လာတာကြောင့် ရောင်နေသည့် ခြေဖမိုးလေးကို ဖွဖွလေးနှိပ်ပေးနေသည်။
park:တော်တော်ရောင်နေတာပဲ
channie:ခမည်းတော်!
chanyeol channieခြေထောက်ကိုဆွဲယူလိုက်ပြီး နှိပ်ပေးနေတော့ channieက မနေတတ်ဖြစ်နေပြီး
channie:ရ.ရပါတယ် ခမည်းတော် သား ဘာမှမဖြစ်ပါဘူး
park:ထူးဆန်းတယ်။ဒီထဲရောက်တော့မှ ငါတို့အားလုံး လူတွေလိုပြန်ဖြစ်သွားသလိုပဲ။ဒဏ်ရာတွေရတယ်။မောလာတယ်။ပင်ပန်းလာတယ်။ဒီနေရာက ဘယ်လိုနေရာမျိုးလဲ channie
channie:သားမသိဘူး။ဒီနေရာက ဂျိုဆွန်းပြည်သူတွေ ဖန်တီးထားတဲ့ ကမ္ဘာလေ
park:သားမယ်တော်နဲ့တွေ့ဖြစ်သေးလား
chamyeolရဲ့ ရုတ်တရက်မေးလိုက်တဲ့ အမေးကြောင့် channieဘာဖြေရမှန်းမသိဖြစ်သွားတာကြောင့်
park:ကိစ္စမရှိဘူး။အမှန်အတိုင်းပဲဖြေ
channie:ဒီထဲ မရောက်ခင်ကတော့ တွေ့ဖြစ်ပါတယ်
park:အင်းလေ…သားကိုက သူပြန်ခေါ်ထားတာဆိုတော့ တစ်ချိန်လုံးမတူရှိနေမှာပဲကို
channie:သားကိုမုန်းသွားပြီလား
chanyeol channieခြေထောက်ကိုပြန်ချလိုက်ပြီး
park:ခမည်းတော် သားကို ဘယ်တုန်းကမှ မမုန်းခဲ့ဖူးပါဘူး။သားသေသွားပြီဆိုတာသိလိုက်ရတော့ အရမ်းဝမ်းနည်းခဲ့တာ။ယူကျုံးမရလည်းဖြစ်မိတယ်။ငါအသုံးမကျလို့ ငါ့ရဲ့ ပထမဆုံးသွေးသားကို ဆုံးရှုံးရတာဆိုပြီး
channie:ဒါပေမဲ့ ခမည်းတော်က မယ်တော့်ကိုမုန်းတယ်လေ
chanyeol:အမေကိုမုန်းတာနဲ့ သားကိုမုန်းရအောင် ခမည်းတော်က လူစိတ်ပျောက်နေတာမဟုတ်ဘူး
channie:ဒါပေမဲ့……chanbaeကိုတော့ သားထက်ပိုချစ်တယ်မဟုတ်လား
chanyeol:သားအတွက်ဝမ်းနည်းစေမဲ့အမေးတွေကိုမမေးနဲ့သား။အမှန်တရာကိုသိသိကြီးနဲ့ ဒီအဖြေထွက်မယ်မှန်းသိသိကြီးနဲ့ မေးတာက အချိန်ဖြုန်းတာပဲ
channie:သားကို chanbaeသတ်တုန်းကကော။သူ့ကိုဘာလို့အပြစ်မပေးတာလဲ
park:အပြစ်ဒဏ်ပေးပါတယ်။သူ့တစ်သက်လုံး နောင်တရစေမဲ့ အပြစ်ဒဏ်လေ။သားကမမှတ်မိတော့ ဒါတွေမသိတော့တာမဆန်းပါဘူး
channie:ဒါပေမဲ့လည်း ခမည်းတော် ခွင့်လွှတ်ခဲ့တယ်မဟုတ်လား
chanyeol channieကို နင့်နင်နဲနဲစိုက်ကြည့်နေသည်။channieအပြောဟာ သူဖြေချင်တဲ့အဖြေမျိုးကွက်တိမှန်နေသလိုမျိုး……chanbaeအစားတောင်းပန်နေသည့်အကြည့်မျိုး………channieမျက်နှာလွှဲလိုက်သည်။
ထို့နောက်chanyeol လှမ်းထားတဲ့အဝတ်တွေကို သူ့အစွမ်းနဲ့ အမြန်ခြောက်အောင်လုပ်ပေးနေတုန်း channieက သူ့ကိုကြည့်နေသည်။
မိဖုရားလတ်:အဲ့ဒါbyunကြောင့် သားခမည်းတော်သားကိုမချစ်တာ။byunကိုချစ်နေတော့ chanbaeကိုပဲချစ်နေတာ။သားအဖေရဲ့အချစ်တွေကို သူတို့သားဖကအပိုင်ယူထားတာ
channie:သားသတ်လိုက်ရတော့မလား
မိဖုရားလတ်:မြန်လေကောင်းလေပဲပေါ့သားရယ်
channie chanyeolဆီပြေးပြီး ဖက်ထားလိုက်တော့ chanyeolက သူ့ကျောလေးကို ပုတ်ပေးပြီး နှစ်သိမ့်ပေးနေသည်။
channie:chanbaeနေရာမှာသားဆိုရင်ကော ခွင့်လွှတ်မှာလား
chanyeolဘာမှမဖြေ။
channie:သား chanbaeကိုပြန်သတ်လိုက်ရင်ကော သားကိုခွင့်လွှတ်မှာလား
park:ခွင့်မလွှတ်နိုင်ဘူးလို့ထင်တယ်။chanbaeတစ်ခုခုဖြစ်ရင် ကျလာမဲ့ byunရဲ့မျက်ရည်စက်တွေက အဲ့လူကိုပြန်သတ်ပေးဖို့တောင်းဆိုနေလိမ့်မယ်
channie:ဒါဆို……
park:ခမည်းတော် တောင်းပန်ပါတယ်
channie:အဲ့ဒီအစား ဘယ်တုန်းကမှမချစ်ခဲ့ပါဘူးလို့ပြောလိုက်ပါလား!!
channieငိုနေသည်။
channie:ဘာလို့…ဘာလို့ မျော်လင့်ချက်တွေပေးနေတာလဲ။အစကတည်းက သားက ခမည်းတော်ရဲ့သားပါလို့ ပြောရမှာကိုကြောက်တယ်မဟုတ်လား။သား သေသွားတော့ chanbaeအတွက် တက်လမ်းရှိတယ်ဆိုပြီး ပျော်နေချိန်မှာ အသက်ရှင်နေမှန်းသိလိုက်ရတော့ ဝမ်းနည်းခဲ့တယ်မဟုတ်လား။အဲ့ဒါကြောင့် သားကို chanbaeသတ်လိုက်တာကိုတောင် ခမည်းတော်ခွင့်လွှတ်ပေးခဲ့တာ။chanchinကိုပေးတဲ့အပြစ်ဒဏ်က chanbaeနဲ့မဆိုင်မှန်းသားသိတယ်။ခမည်းတော်က အစကတည်းက သားကို ချစ်မှမချစ်ခဲ့တာ။မလိုချင်ပေမဲ့ မသတ်ရက်လို့ အသက်ရှင်ခွင့်ပေးခဲ့တာမဟုတ်လား
park:သားပြောတာနေတာတွေတစ်ခုမှမဟုတ်ဘူး။သားအဖေဆိုတဲ့ park chanyeolက ဗိုက်ကြီးသည်တောင်မချန် သတ်ခဲ့တဲ့လူ။သားအမေနဲ့ byunဗိုက်ထဲမှာ ကိုယ့်သွေးသားရှိနေချိန်မှာတောင် သတ်ခဲ့တဲ့သူ။အဖေသာမလိုချင်ရင် သားလူဖြစ်ခွင့်တောင်မရှိဘူး
channie:ဒါဆို ဘာလို့……
park:ဘယ်သူနဲ့မှမယှဉ်နဲ့။သားက channie။chanbaeနဲ့ ယှဉ်စရာမလိုဘူး။channieက channieပဲ။သားရဲ့ ဂျိုဆွန်းအိမ်ရှေ့စံဆိုတဲ့ ဂုဏ်ပုဒ်က channieဆီမှာပဲရှိတာ။သားကိုချစ်တဲ့ အဖေ့ရဲ့မေတ္တာက chanbaeထက်မပိုရင်တောင်မလျော့ဘူး။ဘာလို့လဲဆိုတော့ အဖေ့ရဲ့ ပထမဦးဆုံးသားမို့လို့ပဲ။ဒါပေမဲ့ မွေးခဲ့တဲ့လူနဲ့တွဲပြီးယှဉ်လိုက်ရင်တော့ အဖေချစ်တဲ့ byunဘက်ကိုသာနေတာက မှားတာလား
channie:ဒါဆို ကြင်ယာတော်သာမရှိရင် အဖေသားကိုချစ်မှာပေါ့နော်
park:သားအမေစကားတွေနားမယောင်နဲ့။သားအမေက အရင်ဘဝကတည်းက byunကိုသတ်ချင်နေတာ။သူ့ရဲ့ လူသတ်လက်နက်မလုပ်စမ်းနဲ့သား။သားလမ်းမှားရောက်သွားလိမ့်မယ်
chanyeol channieကို ဖက်ထားလိုက်သည်။အရင်က တစ်ခါမှ မဖက်ထူးတဲ့သားကို အခုချိန်မှာ အသက်ရှူကြပ်လောက်သည်အထိ မွတ်မွတ်သိပ်သိပ်ထွေးပွေ့ထားမိသည်။
channie pov:သားလမ်းမှားရောက်သွားပြီခမည်းတော်။ကြင်ယာတော်ကိုသတ်ဖို့ အမိန့်ပေးပြီးပြီ
park pov:ကလေးကိုလမ်းမှားပို့တဲ့မိဖုရားလတ်……ကိုယ့်သားအရင်းကိုတောင် လူသတ်လက်နက်လုပ်ရက်တယ်
chanyeol channieကာအတွက် ယူကြုံးမရဖြစ်နေသည်။သူသာ အစောကြီးကတည်းက channieကို ချစ်ခင်ပေးခဲ့ရင် အခုလို မိခင်မပီသတဲ့မိခင်ရဲ့စကားကို နားယောင်မှာမဟုတ်ပေ။အဖေဖြစ်သည့်အလျောက် ကိုယ်သားစိတ်ကိုဖတ်နိုင်နေသည့်အလား channie byunတို့ကို အန္တရာယ်ပြုဖို့စီစဉ်ပြီးပြီမှန်းသိနေသည်။
သို့သော် channie ဘယ်လောက်ပဲ byunကိုသတ်ပါစေ။သူသာမရှိရင် byun သေမည်မဟုတ်ပေ။
park chanyeolက byun baekhyunရဲ့ ကိုယ်ပိုင်သေမင်းတမန်တော် ဖြစ်နေခြင်းကို channieမေ့နေပုံပေါ်သည်။
~~~~~~~~~~~
မနက်မိုးလင်းပြီဖြစ်သောကြောင့် chanbaeလည်း သတိလက်လွတ်သာ နေမိသည်။ပတ်ဝန်းကျင်ကို သိပ်အာရုံမစိုက်တော့ပေ။
baekhyunကတော့မြစ်ကမ်းစပ်တွေကိုသာ အသည်းအသန်ကြည့်နေပြီး chanyeolကိုရှာနေသည်။
chanchin သူ့အိတ်ထဲမှာ ဝှက်ထားတဲ့ဆေးမှုန့်တွေကိုပြန်စစ်နေသည်။chanbaeဘယ်လောက်ပဲ သတိလွတ်ပါစေ သူမလွတ်ပေ။channieပြောခဲ့သည့်စကားတွေက အလကားပြောတာမဟုတ်မှန်းသူသိသည်။channieသည် သူလိုချင်တာမရရင် မစားရသည့်အမဲ သဲနဲ့ပက်တတ်သည့်လူစားမျိုး။သူလိုချင်တာရှိရင် ကျေးဇူးရှင်တောငိ ပြန်သတ်ရဲသည့်သူ။သိပ်ကြောက်ဖို့ကောင်းသည့် သူ့လိုလူမျိုးကို မိတ်ဆွေအဖြစ်ထားခဲ့မိခြင်းသည် chanchinဘဝတွင် အကြီးမားဆုံးအမှားဖြစ်သည်။
သုံးယောက်လုံး ရေအောက်ထဲမှာကူးခတ်လာသော ဝိဥာဉ်ဝင်ပူးထားသည့် ဖုတ်သရဲတွေကိုသတ်မထားမိ။
byun:ရေတွေကတစ်မျိုးကြီးပဲနော်
chanbae:ဘာလို့လဲpa
byun:ရေစီးတွေလေ တစ်မျိုးကြီးပဲ။ငါတို့လှေနောက်လိုက်နေသလိုကြီး
baekhyunအပြောကြောင့် chanbaeကော chanchinကော အနားရောက်လာပြီး ကြည့်လိုက်ကြသည်။
chanchin:မဟုတ်မှ……ဝိဥာဉ်ဝင်ပူးထားတဲ့ဖုတ်ကောင်တွေလား
chanchinရဲ့အပြောအဆုံး ရေထဲကနေ ဝုန်းခနဲခုန်ထွက်လာသည့် ဖုတ်ကောင်တွေ……
လှေပတ်ပတ်လည်ကနေ တက်လာသည့် ထိုအကောင်တွေကို chanbaeတစ်ယောက်တည်းသာ ခုခံနေရသည်။byunကမှ chanyeolပေးလိုက်တဲ့ ဓားနဲ့ သတ်နေသေးသည်။chanchinကတော့ ဓားတောင်မကိုင်တတ်တာကြောင့် အလယ်မှာပဲ နေနေရသည်။
အရှေ့ကိုပဲ မဲပြီးတိုက်နေတဲ့ beakhyunက အနောက်ကနေရောက်လာတဲ့ ဖုတ်ကောင်းကိုသတိမထားမိ။သတိထားမိတဲ့အချိန်မှာတော့ သူပါ ထိုဖုတ်ကောင်နဲ့အတူ ရေထဲကျသွားသည်။
chanbae:pa!!
chanchin:pa!!
chanbaeခုန်ဆင်းဖို့လုပ်တော့ လှေပေါ်ရောင်လာတဲ့ ဖုတ်ကောင်တွေကြောင့် လှေတစ်ခုလုံးပြည့်သွားသည်။ထိုအကောင်တွေက chanchinဆီကိုသာ ဦးတည်လာနေသည်။chanbaeမှာသာ ရေထဲလည်းဆင်းမရ chanchinကိုလည်းထားခဲ့မရနဲ့ တစ်ယောက်တည်းတိုင်တွေပတ်နေသည်။
baekhyun ရေထဲကျသွားတော့မှ ရေထဲမှာ ဖုတ်ကောင်တွေအများကြီးရှိနေတာကိုမြင်ပြီး အပေါ်ကိုအမြန်ကူးတက်နေသည်။သို့သော် ရေအောက်ကနေ သူ့ခြေထောက်ကိုဆွဲထားသော လက်တွေက နှစ်ဖက်တည်းမဟုတ်။
အတင်းရုန်းကန်ရင်းအပေါ်ပြန်တက်ချင်ပေမဲ့ အကြာကြီးအောင့်ထားမရတဲ့ အသက်ရှူလမ်းကြောင်းက အသက်ရှူချင်လာသည်။တဖြေးဖြေးနဲ့ ရေတွေက ပါးစပ်ထဲကော နှာခေါင်းထဲကိုပါ ဝင်လာခဲ့သည်။ရုန်းကန်နေသော ခြေတွေလက်တွေက နှေးကွေးလာသည်။နောက်ဆုံးတော့ အရာအားလုံးဟာ ပကတိငြိမ်သက်သွားတော့သည်။
chanchin:paအခြေအနေမကောင်းဘူး
chanbae:hyungတစ်ယောက်တည်းဖြစ်ပါမလား
chanchin:ဘာမှမဖြစ်ဘူး…သွား
chanbae ရေထဲအမြန်ဆင်းသွားချိန်မှာ chanchinကသူ့အင်္ကျီထဲက ဆေးထုပ်ကိုထုတ်လိုက်ပြီး ထိုအကောင်တွေဆီပက်ဖျန်းလိုက်သည်။ရေထဲလည်း ဆေးမှုန့်တွေကို ဖြန့်ချလိုက်သည်။chanbae baekhyunကို ချီပြီး လှေပေါ်ပြန်တင်ချိန်မှာတော့ ဖုတ်သရဲတစ်ကောင်မှာမရှိတော့ပေ။
chanbae:pa……သတိထားပါဦး……pa
chanchin:အဆင်ပြေရဲ့လား
chanbae:ခမည်းတော်ရောက်လာမှပြေမှာ……ရေမွန်းပြီး နှိုးလို့မရဘူး
chanbae baekhyunရင်ဘက်ကိုဖိပြီး ရေတွေထုတ်နေသည်။chanchinကတော့ ဘေးကနေ စိုးရိမ်တကြီးသာကြည့်နေသည်။
chanchin:မြန်မြန်လာပါတော့ မင်းကြီး
••••••••••••••••••••••••••••••••••••••••••••••