星野 ႐ွင္းရယ္/ရှင်းရယ်(Complete...

By baiyun808

216K 19.1K 945

ဒီထဲကဇာတ္ေကာင္ေတြက အျပင္မွာတကယ့္real coupleပါ။ ကြၽန္ေတာ္က xing ye fanျဖစ္လို႔ သူတို႔အေၾကာင္း Own creation fic... More

Chapter-1
Chapter-2
Chapter-4
Chapter-5
Chapter6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37(Ending)
Xing Ye+Han Zhan

Chapter-3

6.8K 675 13
By baiyun808

နဖူးေပၚဝဲက်ေနသည့္ ဆံပင္ေတြကို လာသပ္တင္ေနသည့္ ေဖာ့ဖေယာင္းလိုသြယ္ေပ်ာင္းတဲ့လက္ေခ်ာင္းေလးေတြရဲ႕အေတြ႔မွာ ဟန္က်န္႔ ဖ်ားခ်င္သလိုလိုျဖစ္လာသည္။

"ဒီလိုေတာ့ သိပ္ႏုေနတဲ့မ်က္ႏွာကေန ရင့္က်က္သလိုျဖစ္မသြားဘူးလား''

"ဟုတ္တယ္Ge... ေ႐ွာင္က်န္႔ က hair style ေတြဘာေတြလည္း တစ္ခါမွမေျပာင္းေတာ့ ကြၽန္ေတာ္ေတာင္ Geလိုမျမင္မိဘူး''

သတိဆြဲရန္အမိန့္ေပးခံထားရတဲ့စစ္သားနွယ္ တာင့္ေတာင့္ႀကီးရပ္ေနသည့္ ဟန္က်န္႔ နဖူးအား လက္ညႇိဳးေလးနဲ႔အသာထိုးကာ

"ရၿပီ ထိုင္ေတာ့''

ေလွာင္ျပံဳးေလးလား ဘာလားမသိ
ဟက္ခနဲျပဳကာ ဆိုဖာ႐ွည္ထက္စမတ္က်က်ေလးဝင္ထိုင္ရင္းက stylist ဆိုသူ နဲ႔ ဆက္လက္တိုင္ပင္ေဆြးေႏြးရန္ျပင္သည္။

ေဝ့လ်န္ က ေခြၽးေစးေတြပ်ံေနေသာ ဟန္က်န္႔ကို ဗိုက္ဆာေနသည္မွတ္ကာ ထမင္းစားစားပြဲသို႔ လက္တို႔ေခၚလာသည္။

႐ွက္႐ွက္နဲ႔ေရာခ်ကာ ေဝ့လ်န္တည္ခင္းသမ်ွ အကုန္သိမ္းၾကံဳးစားေနလိုက္မိသည္။

ေဆြးေႏြးေနရင္းက ဟန္က်န္႔ဘက္လွမ္းလွမ္းၾကည့္ကာ လက္ဟန္ေျခဟန္ေလးနဲ႔ ဘာေတြေျပာေနသည္မသိ။
ထိုသို႔ အၾကည့္ေလးေတြေရာက္လာတိုင္း ရဟတ္စီးေနသူ အျမင့္မွျပန္အက်လို ရင္ဘတ္ထဲ ဟာခနဲ ဟာခနဲ။

ဒီအလုပ္နဲ႔ျဖစ္ပါ့မလား။
နတ္ဘုရားတစ္ပါးရဲ႕ညႇိဳ႕ငင္မႈေအာက္က်ိန္စာမိလိုက္သလို ခ်က္ခ်င္းေျပာင္းလဲသြားတာျမန္ဆန္လြန္းလွသည္ေလ။

.......

"ငါနဲ႔မျဖစ္ဘူးနဲ႔တူတယ္''

"ေဟာ ဘာျဖစ္ရျပန္ၿပီလဲ....ဖက္႐ွင္ေတြအတြက္ေတာင္တိုင္းတာစီစဥ္လာၿပီးေနၿပီ''

"ဟို...ဟို...မင္းအစ္ကိုက တအားလွလြန္းေနတယ္.''

အထစ္ အထစ္နဲ႔ မ်က္လံုးအိမ္ထဲ ေဖ်ာက္မရတဲ့ အလွတရားကို မ်က္ခြံတို႔ပိတ္ကာကြယ္ခ်လိုက္ရင္းၾကံဳးေအာ္မိသည္။

ပါးစပ္အေဟာင္းသားနဲ႔ ေဝ့လ်န္က ကားစက္သပ္ဖို႔ေတာင္သတိမရ

"ဟိုေလ...သူက တအားလွေနေတာ့ ငါကသူ႔ကိုမိန္းမလို႔ခ်ည့္ထင္ထင္သြားမိတယ္ သူလာလာထိရင္ ေယာက်္ားခ်င္းလိုမခံစားရဘူး...အဲ့ေတာ့ ငါအားနာတယ္''

ဟန္က်န္႔ မ်က္ႏွာနီနီနဲ႔႐ွင္းျပအၿပီးမွ ေဝ့လ်န္က တဟားဟား ထရယ္ကာ

"အမေလး ေ႐ွာင္က်န္႔ရာ...႐ွင္းGe ကိုက မင္းမွမဟုတ္ဘူး ေတြ႔ခါစလူတိုင္း႐ူးမိၾကတာပဲ
ေနာက္က်ေတာ့လည္း အသားက်သြားလိမ့္မယ္
ဘာမ်ားလဲလို႔''

ေဝ့လ်န္ က ျဖစ္႐ိုးျဖစ္စဥ္တစ္ခုလို ရယ္ေမာကာေျပာေတာ့ ဟန္က်န္႔ ပိုစိတ္လႈပ္႐ွားရသည္။

"အမ်ိဳးသမီးေတြၾကားမွာ ေရပန္းစားတယ္လား''

"အမ်ိဳးသမီးေတြေရာ အမ်ိဳးသားေတြၾကားမွာပါ...''

"ဟင္''

ေဝ့လ်န္ထြက္သြားသည္အထိ အိပ္စင္ေပၚမွာပက္လက္လွန္ရင္း အလွနတ္ဘုရားရဲ႕သ႑န္ျဖဴျဖဴကိုျမင္ေယာင္ေနမိသည္။
ဆံစကေနေျခဖ်ားအထိလွရက္ႏိုင္သူ
ေယာက်္ားတစ္ေယာက္ရဲ႕အလွမွာ ေသြးေတြပူေႏြးတဲ့အထိမင္သက္တြယ္ၿငိသြားမိသည့္ ကိုယ့္ကိုယ္ကိုလည္း အ့့ံျသမဆံုး။
ေဝ့လ်န္ ေျပာသလို ကိုယ္တစ္ေယာက္တည္းမွမဟုတ္တာ
႐ွင္းGe ထံမွာကိုက ေမွာ္စြမ္းအားတစ္ခု႐ွိေနလို႔ေနမွာပါ။

......

ဝတ္စံုေတြဆင္ယင္လိုက္တဲ့အခါ ေပၚထြက္လာတဲ့ ဟန္က်န္႔အသြင္ကိုၾကည့္ၿပီး ေဝ့လ်န္က အထပ္ထပ္ခ်ီးက်ဴးေနသလို ႐ွင္းGe ကလည္းေက်နပ္ဟန္နဲ႔ လက္ပိုက္လ်က္ စုန္ဆန္ၾကည့္ေနသည္။

"ကဲ ခဏေနရင္ စရေအာင္''

႐ွင္းGe က ကင္မရာကိုအသင့္ျပင္ ၊လက္ေထာက္ႏွစ္ေယာက္က လည္းသူတို႔ဆိုင္ရာေနရာမွာ

ကင္မရာကိုခ်ိန္ဆၿပီးတာနဲ႔ ဟန္က်န္႔အနီးေလ်ွာက္လာကာ ကိုယ္ေနဟန္ကိုျပဳျပင္ေပးေနစဥ္ ထိကပ္လာတဲ့ လက္ေခ်ာင္းေတြေအာက္ အေရျပားေတြေႏြးေထြးေနရသည္။

"တင္းေတာင္''

"အားလ်န္ သြားၾကည့္လိုက္ပါဦး''

႐ွင္းGe က လွည့္မၾကည့္ပဲခိုင္းလိုက္သျဖင့္ ေဝ့လ်န္က အိမ္အဝင္တံခါးနားေလ်ွာက္သြားကာ

"ထန္Ge လာတာ ႐ွင္းGe''

"ေျသာ...ဖြင့္ေပးလိုက္''

တံခါးဖြင့္ဖြင့္ခ်င္းဝင္လာေသာ အ႐ွိန္အဝါႀကီးသူလူခန္႔ေခ်ာတစ္ေယာက္ကို မ်က္ႏွာမူရာအရပ္မွ ဟန္က်န္႔က အရင္ဆံုးျမင္လိုက္ရသည္။

"႐ွင္းအာ....''

"အင္း...ဘယ္ကလွည့္''

႐ွင္းGe က လွည့္မၾကည့္ေသး..ဟန္က်န္႔ ဆံပင္ကို အသာသပ္ခ်ေပးၿပီးမွ ကင္မရာဘက္ျပန္ေလ်ွာက္သြားရင္းေမးလိုက္တာပါ

ညင္သာသပ္ရပ္လြန္းတဲ့ သ႑န္ျဖဴျဖဴေလးရဲ႕လႈပ္႐ွားမႈမွန္သမ်ွကို မ်က္ေတာင္မခတ္လိုက္ၾကည့္ေနတာက ထန္Ge ဆိုတဲ့ အသက္၃၀ဝန္းက်င္ခန့္ဧည့္သည္လူခန့္ညား။

"လွည့္စရာလားကြာ..႐ွင္းအာကိုသတိရလို႔ သက္သက္လာေတြ႔တာေပါ့''

လူခန္႔ညားက ႐ွင္းGeနဲ႔အနီးဆံုးကိုေလ်ွာက္သြားေပမယ့္ ႐ွင္းGeရဲ႕အာရံုက ကင္မရာစခရင္ေပၚမွာသာ။

ဟန္က်န္႔ရဲ႕မ်က္လံုးေတြက ကင္မရာကိုၾကည့္ေနရေပမယ့္ မ်က္ဝန္းေထာင့္မွာေတာ့ ႐ွင္းGeအေပၚခ်စ္ရည္ရႊန္းလဲ့စြာၾကည့္ေနေသာ လူ႔ခန္႔ညားႀကီးထံအကဲခတ္ခ်င္ေနမိသည္။

"ခဏသြားထိုင္ေနပါဦး ကြၽန္ေတာ္အလုပ္လုပ္လိုက္ဦးမယ္''

႐ွင္းGe ရဲ႕အၾကည့္ကိုရသြားမွ ေက်နပ္သြားဟန္ျဖင့္ ဆိုဖာဘက္ဆီျပန္ေလ်ွာက္သြားသည္။

ေဝ့လ်န္က လူျကီးလူေကာင္းအားဧည့္ခံထားရန္အသင့္ႀကိဳလ်က္

ညဟန္က်န္႔ရဲ႕အစိမ္းသက္သက္အမူအယာေၾကာင့္
႐ွင္းGeတို႔တစ္စု လိုတာထက္အခ်ိန္ပိုယူလိုက္ရကာ
ပံု၂၀ခန္႔႐ိုက္အၿပီးမွာ ခဏရပ္နားလိုက္ၾကသည္။

ဟန္က်န္႔အဝတ္အစားလဲဖို႔ ေဝ့လ်န္က လာကူညီေနတုန္း ႐ွင္းGe က ထန္Geဆိုသူထံေလ်ွာက္သြားေတာ့
ထိုလူက ထိုင္ေနရင္းက လက္လွမ္းကမ္းလင့္သည္။

လက္ျဖဴသြယ္ေလးကိုဆြဲယူကာ ဆိုဖာေပၚအနီးကပ္ထိုင္ေစလိုက္ရံုမက ပုခံုးေလးကိုပါေပြ႔ဖက္လိုက္တဲ့ျမင္ကြင္းေၾကာင့္ ဟန္က်န္႔ေသြးတို႔ေျပာင္းျပန္စီးကုန္သည္။

ဘာလဲ..ဒီလူက ႐ွင္းGeနဲ႔ဘာလဲ

"ေဟ့ ေ႐ွာင္က်န္႔ အဲ့လူက ထန္စီးမင္တဲ့ ထန္လုပ္ငန္းစုရဲ႕MD... ''

အ႐ွိန္အဝါကမေသး..ဒါေပမယ့္ ဟန္က်န္႔သိခ်င္တာက သူ႔အ႐ွိန္အဝါမဟုတ္
သူတို႔ရဲ႕ပတ္သတ္မႈ

"႐ွင္းGe ရဲ႕....''

"႐ွင္းGe ကို လိုက္နတာ...''

"လိုက္ေနတာ....''

ဟန္က်န္႔ ရင္ထဲအပူတစ္ထစ္ေလ်ာ့သြားသည္။
ဒါေပမယ့္ ထိုလူ႔ရင္ခြင္ထဲက သ႑န္ျဖဴျဖဴေလးကိုေတာ့ အတင္းသြားဆြဲထုတ္ခ်င္ေနမိသည္။

လိုက္ေနတုန္းဆို ဘာလို႔ရင္ခြင္ထဲေရာက္ေနရတာလဲ
႐ွင္းGe က ျမဴဆြယ္တတ္သူလား

"အယ္ ေ႐ွာင္က်န္႔..ဒီေန႔နားလိုက္ေတာ့ မင္းတို႔ျပန္လို႔ရၿပီ ''

"Ge ေျပာေတာ့ ပံု၂၀ေလာက္ထပ္႐ိုက္ဦးမယ္ဆို''

"စီးမင္နဲ႔ ညစာလိုက္စားလိုက္ဦးမယ္ အားလ်န္...
မင္းလည္း ေ႐ွာင္က်န္႔ကို ညစာေကြၽးလိုက္ပါ
Ge ရဲ႕ကတ္ယူသြား''

"Wow..''

ေဝ့လ်န္က ဝမ္းသာအားရစြာမ်က္ႏွာအျဖဲသားျဖစ္သြားေပမယ့္ ဟန္က်န္႔မ်က္ႏွာမွာေတာ့ မည္းညဳိ့ေနရသည္။

႐ွင္းGe..ခင္ဗ်ားဗ်ာ...

Uni💦
နဖူးပေါ်ဝဲကျနေသည့် ဆံပင်တွေကို လာသပ်တင်နေသည့် ဖော့ဖယောင်းလိုသွယ်ပျောင်းတဲ့လက်ချောင်းလေးတွေရဲ့အတွေ့မှာ ဟန်ကျန့် ဖျားချင်သလိုလိုဖြစ်လာသည်။

"ဒီလိုတော့ သိပ်နုနေတဲ့မျက်နှာကနေ ရင့်ကျက်သလိုဖြစ်မသွားဘူးလား''

"ဟုတ်တယ်Ge... ရှောင်ကျန့် က hair style တွေဘာတွေလည်း တစ်ခါမှမပြောင်းတော့ ကျွန်တော်တောင် Geလိုမမြင်မိဘူး''

သတိဆွဲရန်အမိန့်ပေးခံထားရတဲ့စစ်သားနှယ် တာင့်တောင့်ကြီးရပ်နေသည့် ဟန်ကျန့် နဖူးအား လက်ညှိုးလေးနဲ့အသာထိုးကာ

"ရပြီ ထိုင်တော့''

လှောင်ပြုံးလေးလား ဘာလားမသိ
ဟက်ခနဲပြုကာ ဆိုဖာရှည်ထက်စမတ်ကျကျလေးဝင်ထိုင်ရင်းက stylist ဆိုသူ နဲ့ ဆက်လက်တိုင်ပင်ဆွေးနွေးရန်ပြင်သည်။

ဝေ့လျန် က ချွေးစေးတွေပျံနေသော ဟန်ကျန့်ကို ဗိုက်ဆာနေသည်မှတ်ကာ ထမင်းစားစားပွဲသို့ လက်တို့ခေါ်လာသည်။

ရှက်ရှက်နဲ့ရောချကာ ဝေ့လျန်တည်ခင်းသမျှ အကုန်သိမ်းကြုံးစားနေလိုက်မိသည်။

ဆွေးနွေးနေရင်းက ဟန်ကျန့်ဘက်လှမ်းလှမ်းကြည့်ကာ လက်ဟန်ခြေဟန်လေးနဲ့ ဘာတွေပြောနေသည်မသိ။
ထိုသို့ အကြည့်လေးတွေရောက်လာတိုင်း ရဟတ်စီးနေသူ အမြင့်မှပြန်အကျလို ရင်ဘတ်ထဲ ဟာခနဲ ဟာခနဲ။

ဒီအလုပ်နဲ့ဖြစ်ပါ့မလား။
နတ်ဘုရားတစ်ပါးရဲ့ညှို့ငင်မှုအောက်ကျိန်စာမိလိုက်သလို ချက်ချင်းပြောင်းလဲသွားတာမြန်ဆန်လွန်းလှသည်လေ။

.......

"ငါနဲ့မဖြစ်ဘူးနဲ့တူတယ်''

"ဟော ဘာဖြစ်ရပြန်ပြီလဲ....ဖက်ရှင်တွေအတွက်တောင်တိုင်းတာစီစဉ်လာပြီးနေပြီ''

"ဟို...ဟို...မင်းအစ်ကိုက တအားလှလွန်းနေတယ်.''

အထစ် အထစ်နဲ့ မျက်လုံးအိမ်ထဲ ဖျောက်မရတဲ့ အလှတရားကို မျက်ခွံတို့ပိတ်ကာကွယ်ချလိုက်ရင်းကြုံးအော်မိသည်။

ပါးစပ်အဟောင်းသားနဲ့ ဝေ့လျန်က ကားစက်သပ်ဖို့တောင်သတိမရ

"ဟိုလေ...သူက တအားလှနေတော့ ငါကသူ့ကိုမိန်းမလို့ချည့်ထင်ထင်သွားမိတယ် သူလာလာထိရင် ယောကျ်ားချင်းလိုမခံစားရဘူး...အဲ့တော့ ငါအားနာတယ်''

ဟန်ကျန့် မျက်နှာနီနီနဲ့ရှင်းပြအပြီးမှ ဝေ့လျန်က တဟားဟား ထရယ်ကာ

"အမလေး ရှောင်ကျန့်ရာ...ရှင်းGe ကိုက မင်းမှမဟုတ်ဘူး တွေ့ခါစလူတိုင်းရူးမိကြတာပဲ
နောက်ကျတော့လည်း အသားကျသွားလိမ့်မယ်
ဘာများလဲလို့''

ဝေ့လျန် က ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ရယ်မောကာပြောတော့ ဟန်ကျန့် ပိုစိတ်လှုပ်ရှားရသည်။

"အမျိုးသမီးတွေကြားမှာ ရေပန်းစားတယ်လား''

"အမျိုးသမီးတွေရော အမျိုးသားတွေကြားမှာပါ...''

"ဟင်''

ဝေ့လျန်ထွက်သွားသည်အထိ အိပ်စင်ပေါ်မှာပက်လက်လှန်ရင်း အလှနတ်ဘုရားရဲ့သဏ္ဍန်ဖြူဖြူကိုမြင်ယောင်နေမိသည်။
ဆံစကနေခြေဖျားအထိလှရက်နိုင်သူ
ယောကျ်ားတစ်ယောက်ရဲ့အလှမှာ သွေးတွေပူနွေးတဲ့အထိမင်သက်တွယ်ငြိသွားမိသည့် ကိုယ့်ကိုယ်ကိုလည်း အံ့သြမဆုံး။
ဝေ့လျန် ပြောသလို ကိုယ်တစ်ယောက်တည်းမှမဟုတ်တာ
ရှင်းGe ထံမှာကိုက မှော်စွမ်းအားတစ်ခုရှိနေလို့နေမှာပါ။

......

ဝတ်စုံတွေဆင်ယင်လိုက်တဲ့အခါ ပေါ်ထွက်လာတဲ့ ဟန်ကျန့်အသွင်ကိုကြည့်ပြီး ဝေ့လျန်က အထပ်ထပ်ချီးကျူးနေသလို ရှင်းGe ကလည်းကျေနပ်ဟန်နဲ့ လက်ပိုက်လျက် စုန်ဆန်ကြည့်နေသည်။

"ကဲ ခဏနေရင် စရအောင်''

ရှင်းGe က ကင်မရာကိုအသင့်ပြင် ၊လက်ထောက်နှစ်ယောက်က လည်းသူတို့ဆိုင်ရာနေရာမှာ

ကင်မရာကိုချိန်ဆပြီးတာနဲ့ ဟန်ကျန့်အနီးလျှောက်လာကာ ကိုယ်နေဟန်ကိုပြုပြင်ပေးနေစဉ် ထိကပ်လာတဲ့ လက်ချောင်းတွေအောက် အရေပြားတွေနွေးထွေးနေရသည်။

"တင်းတောင်''

"အားလျန် သွားကြည့်လိုက်ပါဦး''

ရှင်းGe က လှည့်မကြည့်ပဲခိုင်းလိုက်သဖြင့် ဝေ့လျန်က အိမ်အဝင်တံခါးနားလျှောက်သွားကာ

"ထန်Ge လာတာ ရှင်းGe''

"သြော...ဖွင့်ပေးလိုက်''

တံခါးဖွင့်ဖွင့်ချင်းဝင်လာသော အရှိန်အဝါကြီးသူလူခန့်ချောတစ်ယောက်ကို မျက်နှာမူရာအရပ်မှ ဟန်ကျန့်က အရင်ဆုံးမြင်လိုက်ရသည်။

"ရှင်းအာ....''

"အင်း...ဘယ်ကလှည့်''

ရှင်းGe က လှည့်မကြည့်သေး..ဟန်ကျန့် ဆံပင်ကို အသာသပ်ချပေးပြီးမှ ကင်မရာဘက်ပြန်လျှောက်သွားရင်းမေးလိုက်တာပါ

ညင်သာသပ်ရပ်လွန်းတဲ့ သဏ္ဍန်ဖြူဖြူလေးရဲ့လှုပ်ရှားမှုမှန်သမျှကို မျက်တောင်မခတ်လိုက်ကြည့်နေတာက ထန်Ge ဆိုတဲ့ အသက်၃၀ဝန်းကျင်ခန့်ဧည့်သည်လူခန့်ညား။

"လှည့်စရာလားကွာ..ရှင်းအာကိုသတိရလို့ သက်သက်လာတွေ့တာပေါ့''

လူခန့်ညားက ရှင်းGeနဲ့အနီးဆုံးကိုလျှောက်သွားပေမယ့် ရှင်းGeရဲ့အာရုံက ကင်မရာစခရင်ပေါ်မှာသာ။

ဟန်ကျန့်ရဲ့မျက်လုံးတွေက ကင်မရာကိုကြည့်နေရပေမယ့် မျက်ဝန်းထောင့်မှာတော့ ရှင်းGeအပေါ်ချစ်ရည်ရွှန်းလဲ့စွာကြည့်နေသော လူ့ခန့်ညားကြီးထံအကဲခတ်ချင်နေမိသည်။

"ခဏသွားထိုင်နေပါဦး ကျွန်တော်အလုပ်လုပ်လိုက်ဦးမယ်''

ရှင်းGe ရဲ့အကြည့်ကိုရသွားမှ ကျေနပ်သွားဟန်ဖြင့် ဆိုဖာဘက်ဆီပြန်လျှောက်သွားသည်။

ဝေ့လျန်က လူကြီးလူကောင်းအားဧည့်ခံထားရန်အသင့်ကြိုလျက်

ညဟန်ကျန့်ရဲ့အစိမ်းသက်သက်အမူအယာကြောင့်
ရှင်းGeတို့တစ်စု လိုတာထက်အချိန်ပိုယူလိုက်ရကာ
ပုံ၂၀ခန့်ရိုက်အပြီးမှာ ခဏရပ်နားလိုက်ကြသည်။

ဟန်ကျန့်အဝတ်အစားလဲဖို့ ဝေ့လျန်က လာကူညီနေတုန်း ရှင်းGe က ထန်Geဆိုသူထံလျှောက်သွားတော့
ထိုလူက ထိုင်နေရင်းက လက်လှမ်းကမ်းလင့်သည်။

လက်ဖြူသွယ်လေးကိုဆွဲယူကာ ဆိုဖာပေါ်အနီးကပ်ထိုင်စေလိုက်ရုံမက ပုခုံးလေးကိုပါပွေ့ဖက်လိုက်တဲ့မြင်ကွင်းကြောင့် ဟန်ကျန့်သွေးတို့ပြောင်းပြန်စီးကုန်သည်။

ဘာလဲ..ဒီလူက ရှင်းGeနဲ့ဘာလဲ

"ဟေ့ ရှောင်ကျန့် အဲ့လူက ထန်စီးမင်တဲ့ ထန်လုပ်ငန်းစုရဲ့MD... ''

အရှိန်အဝါကမသေး..ဒါပေမယ့် ဟန်ကျန့်သိချင်တာက သူ့အရှိန်အဝါမဟုတ်
သူတို့ရဲ့ပတ်သတ်မှု

"ရှင်းGe ရဲ့....''

"ရှင်းGe ကို လိုက်နတာ...''

"လိုက်နေတာ....''

ဟန်ကျန့် ရင်ထဲအပူတစ်ထစ်လျော့သွားသည်။
ဒါပေမယ့် ထိုလူ့ရင်ခွင်ထဲက သဏ္ဍန်ဖြူဖြူလေးကိုတော့ အတင်းသွားဆွဲထုတ်ချင်နေမိသည်။

လိုက်နေတုန်းဆို ဘာလို့ရင်ခွင်ထဲရောက်နေရတာလဲ
ရှင်းGe က မြူဆွယ်တတ်သူလား

"အယ် ရှောင်ကျန့်..ဒီနေ့နားလိုက်တော့ မင်းတို့ပြန်လို့ရပြီ ''

"Ge ပြောတော့ ပုံ၂၀လောက်ထပ်ရိုက်ဦးမယ်ဆို''

"စီးမင်နဲ့ ညစာလိုက်စားလိုက်ဦးမယ် အားလျန်...
မင်းလည်း ရှောင်ကျန့်ကို ညစာကျွေးလိုက်ပါ
Ge ရဲ့ကတ်ယူသွား''

"Wow..''

ဝေ့လျန်က ဝမ်းသာအားရစွာမျက်နှာအဖြဲသားဖြစ်သွားပေမယ့် ဟန်ကျန့်မျက်နှာမှာတော့ မည်းညို့နေရသည်။

ရှင်းGe..ခင်ဗျားဗျာ...






Continue Reading

You'll Also Like

2.5M 170K 87
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
24.6K 2K 69
အနံ့အသက်မကောင်းတဲ့ pheromone ကို ပိုင်ဆိုင်ထားပြီး ကိုယ့်ရနံ့ကိုယ်ပါ မထိန်းနိုင်တဲ့ ကောင်လေးတယောက်...ထို့အပြင် Alpha တွေရဲ့ pheromoneရနံ့ကိုပါ မရတဲ့...
2K 51 5
She, the prime minister's daughter, was timid and cowardly. Because her engagement fell through, and her reputation was ruined, she was pressured to...
367K 7.9K 54
A Levi x Reader story where Levi falls in love with an anxiously good cadet. But there is something off about her that no one can seem to put their f...