Chapter-7

5K 515 7
                                    

ဟန်ကျန့် ရှင်းGeနဲ့တစ်စထက်တစ်စပိုရင်းနှီးလာမှုအပေါ် ကျေနပ်မှုဖြစ်မဆုံး။

သို့ပေမယ့်လည်း ရှင်းGe အမျိုးသားတစ်ယောက်ယောက်နဲ့တွဲနေတိုင်း ဟန်ကျန့်စိတ်မှာပူလောင်လှသည်။

တစ်ခါတစ်ရံ ရှင်းGeဟာ ထန်စီးမင်နှင့် နမ်းတော့မယောင်အခြေအနေမျိုးအထိ ဟန်ကျန့်မြင်ခဲ့ဖူးသည်။

ထိုအခါမျိုးတွင် နီးကပ်လွန်းသည့်သူတို့အနေအထားအား သွားရောက်ဆွဲခွာပစ်ချင်စိတ်တွေထိန်းမရ။

ဒီည ဟန်ကျန့်တို့ ကြော်ငြာတစ်ခုအလုပ်လက်စသတ်ပြီးအထိမ်းအမှတ်နဲ့ ရှင်းGe က club တစ်ခုမှာလိုက်ပြုစုသည်။

ဝေ့လျန်ရော ရှင်းGe တပည့်တွေပါ သွားကနေသည့်အချိန် ရှင်းGeနဲ့ဟန်ကျန့်သာ ဝိုင်းမှာကျန်ခဲ့သည်။

"အယ် ရှင်းရယ်...''

"သြော် ချင်းလု''

ဟန်ကျန့်မော့အကြည့် ထန်စီးမင်လောက်နီးနီးတောင့်ဖြောင့်ချောမောသည့် လူတစ်ယောက်က လျှောက်လမ်းမှနေ၍ ဝိုင်းအနီးကပ်လာကာ ရှင်းGe ကို
စကားလာပြောသည်။

ထန်စီးမင်လို လူရည်မွန် လူဂုဏ်တန်ဟန်တော့မပေါက်။
ဂုတ်ထောက်ဆံပင်ပွယောင်းယောင်းနဲ့ မုတ်ဆိတ်ကျင်စွယ်အနည်းငယ်ထွက်ကာ free style ဝတ်ထားပေမယ့် အတော်ချောမောနေတာတော့အမှန်

"ရှင်းရယ် ကိုယ်တို့မတွေ့တာတောင်ကြာပြီနော် ဘယ်လိုလဲ အဆင်ပြေလား''

ရှင်းGe က သူ့စတိုင်လ်အတိုင်း ခပ်အေးအေးလေးပြုံးကာ ဝိုင်ဖန်ခွက်ကို အသာအယာ လှုပ်ခါရင်းက

"အွန်း...ဘာကမပြေစရာရှိလဲ''

ဟန်ကျန့်က နှစ်ယောက်လုံးကိုတစ်လှည့်စီအကဲခတ်ကြည့်နေလိုက်သည်။
ကိုယ်တော်ချောက ဘယ်သူမှမဖိတ်ခေါ်ပါပဲ ရှင်းGeညာဘက်ဘေးဆိုဖာတွင်ဝင်ထိုင်လိုက်သည်။
ဘယ်ဘက်ရှိဟန်ကျန့်ကိုမူ မြင်ရောမြင်ရဲ့လားတောင်မသိ။
တစ်ချက်မှပင်မျက်စိမရောက်။

"ကိုယ်လည်း ရှင်းရယ် မင်းနဲ့တွေ့ချင်နေတာအတော်ပဲ..ကိုယ်လေအခု.... ''

"ကျန်းလုံနဲ့ပြတ်သွားပြီလို့ပြောမလို့လား''

"မင်းသိနေတယ်...မင်းကိုယ့်အကြောင်းစုံစမ်းနေတာလား...မင်းကိုယ့်အပေါ်...''

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now