Chapter-12

4.8K 575 24
                                    

"ရှောင်ကျန့် မင်းကိုယ်နဲ့တွဲပြီးမွေးနေ့ပါတီတစ်ခုတက်နိုင်မလား''

အလုပ်သိမ်းလို့ ဟန်ကျန့်ပြန်ခါနီးတွင် ရုတ်တရတ်မေးလိုက်တဲ့ ရှင်းGeစကားကြောင့် ဟန်ကျန့်ကြောင်သွားသည်။

"ဘယ်လိုလဲ ကိုယ့်ကောင်လေးအနေနဲ့လေ''

ထပ်ဆင့်စကားကြောင့်ပိုလို့ ပိုလို့မင်သက်သွားမိသည်။

"ဟေ့ ပြောစရာဘာမှမရှိတော့ဘူးလား''

"ဟို..ဟို...Ge က ဘာလို့ကျွန်တော်နဲ့မှ''

မဝံ့မရဲမေးနေရပေမယ့် ရင်ထဲမှာတော့ ဘာနဲ့မှမတူအောင်ပျော်နေမိတာအမှန်

"တွဲတက်ပေးနိုင်မလားပဲပြောပါ ကိုယ့်ကိုကူညီတဲ့အနေနဲ့ပေါ့..''

"ဟုတ်..တက် တက်ပေးနိုင်ပါတယ်''

ဘာလို့မတက်ပေးနိုင်ရမှာလဲနော်။
ကျွန်တော်က လက်ဖျားတွေအေးစက်တဲ့အထိပျော်နေတာကို။

"အိုကေ ဒါဖြင့်ကိုယ်ဝတ်စုံတွေစီစဉ်ထားလိုက်မယ်. ..နောက်တစ်ပတ်ဆန်းဒေးည''

"ဟုတ်...ဟုတ်ကဲ့ဒါနဲ့ ဘယ်သူ့မွေးနေ့လဲGe''

"ထန်စီးမင်''

"ဗျာ...''
....

ရှင်းGe ဟာ ဖတ်လေနားမလည်လေ ခက်ခဲလှစွာသော ပဟေဠိစာအုပ်လေလား။
ဒီတစ်မျက်နှာခက်လို့ ကျော်ဖြေဖို့နောက်တစ်ရွက်လှန်မိလေ ပိုပိုခက်လာလေ။

ဟန်ကျန့်က ဘာလို့ထန်စီးမင်နဲ့အတူတွဲမတက်တာလဲလို့ တွေးနေတုန်းရှိသေး တက်ရမယ့်ပွဲပိုင်ရှင်က ထန်စီးမင် တဲ့လေ။
ဟန်ကျန့် ဘာကိုဘယ်လိုဆက်တွေးအဖြေရှာရတော့မလဲ။

ဘာပဲဖြစ်ဖြစ် ရှင်းGeနဲ့အတူတွဲတက်ရဖို့အရေးကို ရင်တွေခုန်နေမိသည်။
ပက်လက်ကနေ မှန်ရှိရာကို ထမသွားချင်တာကြောင့် ဖုန်းကင်မရာကနေ ကိုယ့်ရုပ်ကိုယ်ကြည့်နေမိသည်။
Geနဲ့ယှဉ်တွဲသွားလို့သင့်လောက်အောင် Geရဲ့လှပမှုကိုမှီမှမှီရဲ့လား။
ဘယ်လိုမှမမှီနိုင်ပေမယ့် နုပျိုချောမွေ့နေတဲ့ ကိုယ့်မျက်နှာအတွက် နည်းနည်းလေးတော့ အားခဲထားမိသည်။
ကြည့်မကောင်းရှုမကောင်းဆို Geကရောရွေးချယ်ပါ့မလား။
အားတင်းထားဟန်ကျန့် မင်း ရှင်းရယ်ဆိုတဲ့နတ်ဘုရားရဲ့လက်မောင်းကိုချိတ်ပြီးပွဲတက်ရတော့မယ်။

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now