ကျောင်းဖွင့်တော့ ဟန်ကျန့်အဆောင်ပြန်လာရပြီ။
နေ့နေ့ညည Geမျက်နှာလေးမြင်နေရရာက တစ်ပတ်မှ တစ်ခါသာသွားတွေ့ရတော့မည်မို့ ဟန်ကျန့်မျက်နှာမသာမယာ။"ဟေ့ ရှောင်ကျန့် မျက်နှာကလည်း စူပုတ်လို့ ငါ့အစ်ကိုနဲ့ဒီလောက်နေခဲပြီးပြီ အားမရသေးဘူးလား''
"Ge ကို နေ့ရော ညရောမြင်နေချင်တာ ဟုတ်ပြီလား''
"လွန်တယ်ကွာ''
ဝေ့လျန်က ရယ်မောစွာနဲ့ Game ဆော့နေတော့ ဟန်ကျန့် စာလုပ်နေလိုက်သည်။
Geနဲ့အတူရှိနေရင် အရာရာမေ့နေတတ်တာမို့ Geနဲ့အတူမရှိတဲ့အချိန်လေးတွေကိုတော့ အကျိုးရှိအောင်လုပ်ဦးမှဖြစ်မည်။စာသင်ခန်းထဲရောက်တော့လည်း သင်ခန်းစာတွေထံအာရုံကိုမနည်းပို့နေရသည်။
ဆရာမသိစေရန် messageလှမ်းပို့လိုက်သည်။"အရမ်းလွမ်းတယ် Ge''
"ညနေကျလာခေါ်ရမလား''
အရင်ဆို Geဆီက စာပြန်လာဖို့ကြာတတ်သည်။
အခုတော့ချက်ချင်းပင်ပြန်ရောက်လာတာမို့ အခုနက စာတွေဘက်အတင်းဆွဲခေါ်ထားရတဲ့အာရုံတွေက Geထံလုံးလုံးပြန်ရောက်သွားရပြီ။"လာခေါ်..အရမ်းချစ်တယ်Ge''
"ပေါင်ပေ့လိုပဲ''
ဟန်ကျန့်မျက်နှာ ပြုံးစိစိဖြစ်နေရတော့သည်။
အတန်းထဲက မိန်းကလေးတစ်ချို့က လှမ်းကြည့်ပြီး တီးတိုးအတင်းအုပ်နေကြသည်။
ဂရုမစိုက်။လောကမှာ Geတစ်ယောက်သာမြင်သည်။ကားပေါ်ရောက်တာနဲ့ Geမျက်နှာကိုဆွဲယူနမ်းလိုက်သည်။
"ဟေ့...ဘေးမှာလူတွေနဲ့''
"လူ လူ''
"ကောင်လေးလွမ်းနေပြီလား ၃ရက်ပဲရှိသေးတာ''
"၃စက္ကန့်မတွေ့ရလည်းလွမ်းတယ်''
Geက အလှဆုံးရယ်မောကာ ဟန်ကျန့်ပါးတစ်ဖက်ကိုဆွဲဖျစ်သည်။
"ဟင် Ge ဟိုမှာ အားလျန် ''
ဟန်ကျန့်တို့ ရှေ့မှာရပ်ထားတဲ့ကားတစ်စီးပေါ် တက်ရန်ပြင်နေသော ဝေ့လျန်ကို ဟန်ကျန့်လှမ်းတွေ့လိုက်ရသည်။
YOU ARE READING
星野 ရှင်းရယ်/ရှင်းရယ်(Completed)
Romanceဒီထဲကဇာတ်ကောင်တွေက အပြင်မှာတကယ့်real coupleပါ။ ကျွန်တော်က xing ye fanဖြစ်လို့ သူတို့အကြောင်း Own creation fiction ရေးဖြစ်တာပါ။ Story ကတော့ fic ပါပဲ။