Chapter-15

5.1K 566 30
                                    

ထိုညက မန်နေဂျာလေးကိုလာကြိုတဲ့ကားနဲ့ ရှင်းရယ်ကိုအိမ်လိုက်ပို့ပေးခဲ့သည်။
ကားခအဖိုးအခအနေနဲ့ ရှင်းရယ်ရဲ့ဖုန်းနံပါတ်ပေးလိုက်ရသည်။

ဒီလိုနဲ့ ဟုန်ကျန်းချန်အမည်ရ သူဌေးသားမန်နေဂျာလေးတဲ့ ရှင်းရယ်တို့ ရင်းနှီးမှုတွေပိုလာကြသည်။

ရှင်းရယ်ရဲ့အတွေးကသိပ်ကိုနုနယ်သေးတဲ့ကာလမို့
အစ်မဖြစ်သူရဲ့ပါးစပ်ဖျားချီးမွမ်းမဆုံးဖြစ်နေတတ်တဲ့သူဌေးသားနဲ့ မိတ်ဆွေဖြစ်ရတာ ကျေနပ်လို့ပင်နေသည်မို့ လက်သင့်မခံစရာအကြောင်းမှမရှိ။

ဟုန်Ge ဟုခေါ်ရန် ပြောလာတော့လည်း ငြင်းစရာဟုမမြင်။

ဟုန်Geဟာ ရှင်းရယ်ရဲ့အိမ်အထိလိုက်လည်တာမို့ ရှင်းလိက အံ့သြဝမ်းသာမဆုံး။
ပါးနဲ့ကျယ်ရဲ့အမြင်မှာလည်း ရှင်းရယ်ကိုအကြောင်းပြပြီးအိမ်ကိုလာလာနေတဲ့ဟုန်Geဟာရှင်းလိကိုလိုက်နေတာဟု..

တစ်ရက် ထိုရက်က  ရှင်းလိတို့အကအဖွဲ့ ကုမ္ပဏီအစီအစဉ်နဲ့ ထိုင်ဝမ်သွားရသည်။

ရှင်းရယ် အတန်းပြီးတော့စာကြည့်တိုက်ခဏဝင်ပြီး အိမ်ပြန်ရန်ထွက်အလာ

"ရှောင်ရယ် ကိုယ်ပြန်လိုက်ပို့မယ်''

ကားပေါ်ကနေလှမ်းခေါ်နေတဲ့ ဟုန်ကျန်းချန်ကြောင့် ရှင်းရယ် အံ့သြသွားသည်။

"ဟုန်Geက ထိုင်ဝမ်ပါမသွားဘူးလား''

"ဟုတ်တယ် ဟိုမှာ ကိုယ့်အစ်ကိုဦးဆောင်တယ်လေ
ကိုယ်ကဒီကကိစ္စတွေပဲလုပ်ရတာ''

ရှင်းရယ် သူ့ကားနဲ့ပါလာခဲ့ပေမယ့် ကားရဲ့ဦးတည်ချက်က အိမ်သို့မဟုတ်။

"ဟုန်Ge ဘယ်သွားနေတာလဲ''

မြစ်ကမ်းနားမှာ ကားကိုခေါင်းထိုးရပ်လိုက်တော့ မီးရောင်ဖျိုးဖျနဲ့ ညအလှက ရှင်းရယ်စိတ်ကိုညွတ်နူးသာယာစေသည်။

"ကိုယ်မင်းကိုသဘောကျတယ် ရှောင်ရယ်''

"ဗျာ''

ကြားရကာကစက ရှင်းရယ်အံ့သြလွန်းမက။
မိမိဟာယောက်ျားလေးတစ်ယောက်ဆိုတာ ဟုန်Geလည်းအမြင်။
ဒါဖြင့် ရှင်းလိကိုသဘောကျလို့ ရှင်းရယ်ကိုကပ်နေတာမဟုတ်ဘူးပေါ့။

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now