Chapter-34

5.3K 466 30
                                    

ကျန်းချန် မှောက်နေတဲ့ ရှင်းရယ်အနီးချဉ်းကပ်လိုက်ပြီး
မုဆိုးဒူးထောက်ထိုင်ချလိုက်သည်။
ရင်ခုန်ဖွယ်ရာ တင်ပါးလုံးလုံးလေးတွေက ကျန်းချန်ကို ညှို့ငင်ဖမ်းစားနေတာတောင် ကျန်းချန်စိတ်က မနေ့ညက နွှဲခဲ့ရတဲ့ ခပ်ကြမ်းကြမ်းအိပ်ယာပွဲကိုမြင်ယောင်နေတုန်းပင်။

ကျန်းချန် ကျောပြင်ဖွေးဖွေးထက်က ဆံနွယ်လေးတွေကို တစ်ချက်ပွတ်သပ်လိုက်ပြီး ပုခုံးသားလေးကို ဆုပ်ညှစ်ကာ လှုပ်ခါလိုက်သည်။

"ရှောင်ရယ်....ကိုယ့်အချစ်''

ရှောင်ရယ်က မလှုပ်။
ကျန်းချန် မျက်နှာလေးအနီးငုံ့လိုက်ကာ ပါးပြင်လေးတစ်ဖက်ဆီ နှာခေါင်းနဲ့ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်တော့ မှိတ်နေတဲ့မျက်ဝန်းအစုံကိုမြင်လိုက်ရသည်။

"ရှောင်ရယ်....''

ကျန်းချန် ပုခုံးနှစ်ဖက်ကိုကိုင်ကာ ပက်လက်ဆွဲလှန်မိတော့ ဖြူဖျော့နေသော နှုတ်ခမ်းသားတွေနဲ့ ပျော့ဖတ်နေသော ခန္ဓာကိုယ်လေးက အေးစက်လို့နေသည်။

"ရှောင်ရယ်.. ရှောင်ရယ်''

.....

ဟန်ကျန့် Ge လက်လေးတစ်ဖက်ကိုဆုပ်ကိုင်ကာ ပုလင်းချိတ်ထားရသော ကုတင်ဘေးမှာထိုင်ရင်း စိတ်တွေပူလောင်နေရသည်။

တစ်ညလုံးမအိပ်ပဲ စီးကရက်တွေအလွန်အကျွံသောက်ထားရုံမက ဘီယာတွေပါ တရားလွန်သောက်လိုက်တဲ့ဒဏ်နဲ့ Ge မေ့မျောသွားသည်အထိဖြစ်သွားခဲ့ရသည်။

Ge မေ့မျောနေတာကို ဘာလို့ ဟုန်ကျန်းချန်က အရင်ဆုံးသိပြီး ဆေးရုံကိုပို့ခဲ့သလဲ ဆိုတဲ့ သိချင်စိတ်ကို အထပ်ထပ်မြိုချကာ အချစ်ရဆုံးသူ မျက်လုံးပြန်ပွင့်အလာကိုပဲ တောင့်တမျှော်လင့်နေမိသည်။

"ပေါင်ပေ့....''

"Ge....Ge သတိရလာပြီနော်''

ဟန်ကျန့် ပါးပြင်တစ်လျှောက်မျက်ရည်တွေစီးကျလာမိအောင်ဝမ်းသာမိသည်။

Ge က ဟန်ကျန့် ပါးပြင်ကို သူ့လက်တစ်ဖက်နဲ့ပွတ်သပ်လို့လာသည်။
ပါးပြင်ပေါ်က Geလက်ရှည်သွယ်သွယ်လေးကို ဆုပ်ကိုင်ကာ ဟန်ကျန့် နမ်းရှိုက်နေမိသည်။

星野 ရှင်းရယ်/ရှင်းရယ်(Completed)حيث تعيش القصص. اكتشف الآن