Chapter6

5K 575 16
                                    

ရှင်းGe ရဲ့အဝတ်အစားတွေဝတ်ခဲ့ပြီးတဲ့နောက် ဟန်ကျန့်စိတ်မှာ ရှင်းGeနဲ့ပိုရင်းနှီးလာသလိုခံစားနေရသည်။
အခန်းထဲမှာဝေ့လျန်မရှိတာမို့
ရှင်းGe ရဲ့ဆွယ်တာနဲ့ဘောင်းဘီကိုသပ်ရပ်နေအောင်အထပ်ထပ်ခေါက်ရင်းနမ်းရှိုက်လိုက်မိသည်။

ရှင်းGe ကိုယ်သင်းနံ့လေးစွဲနေသလိုခံစားလိုက်ရသည်။

ရှင်းGe ဟာ တွေ့သမျှလူတိုင်းကိုဖမ်းစားတတ်သူလေလား။

အဝတ်အစားလေးတွေကို စက္ကူအိတ်ထူထူထဲသေသေချာချာထည့်ပြီးမှ
ရှင်းGe ပေးထားသည့် night cream လိမ်းရန်ထလာလိုက်သည်။
ဝါဝင်းသောအသားအရည်ထက် ပန်းသွေးရဲနေသောပါးပြင်နှစ်ဖက်ကိုပွတ်သပ်ရင်းက ရှင်းGeရဲ့ နှင်းလွှာလို ဖွေးဆွတ်နေသောအသားအရည်ကိုမြင်ယောင်မိသည်။

စားလည်းရှင်းGe သွားလည်းရှင်းGe ဖြစ်နေသော ဟန်ကျန့်စိတ်ကို ကိုယ်တိုင်ပင်နားလည်ရခက်နေသည်။

"ငါ ရှင်းGe ကိုများကြိုက်နေလား''

ထျန်းနာ... အဲလိုဆိုရင်တော့မဖြစ်သေး။
ဟန်ကျန့်တွေ့ရသလောက် ရှင်းGe က တောင့်တောင့်တင်းတင်းယောက်ျားကြီးတွေနဲ့သာတတွဲတွဲ
သူ့လောက်တောင် အလုံးအထည်မရှိသော ဟန်ကျန့်လို နုဖတ်ဖတ်ကောင်စားလေးကို စိတ်ကူးထဲတောင်ထည့်မှာမဟုတ်။

တွေးရင်းက အားငယ်စိတ်ဝင်မိသလို ရှင်းGeနဲ့ မဖြစ်နိုင်ဘူးဆိုတဲ့အသိက သိမ်ငယ်စိတ်ကိုဖြစ်စေသည်။

"ရှောင်ကျန့် ''

"အားလျန် ပြန်လာပြီလား ''

ဝေ့လျန်က အိပ်စင်ထက်ပစ်လှဲကာ

"ဟူး..ဖန်းဖန်းနဲ့တွဲရတာလည်းမချောင်ပါဘူးကွာ ''

"ဘယ်လိုဖြစ်ရတာလဲ''

ဝေ့လျန်က သက်ပြင်းမောကိုချလိုက်ပြီးမှ

"ပူဆာတာတွေအရမ်းများတယ်ကွာ အရင်အပတ်ကပဲ Gucci အိတ်နောက်ဆုံးပေါ်ဒီဇိုင်း ဆိုလို့ ငါ့မှာ အိမ်ကပေးတဲ့ပိုက်ဆံနဲ့တင်မလောက်လို့် ရှင်းGe ဆီကပါ အပူကပ်ဖြည့်ပြီး ဝယ်ပေးထားတာ
အခုတစ်ခါ မိတ်ကပ်တစ်ဆက်တဲ့ကွာ ငါ့်မလဲရေခမ်းနေပြီ ဟူး...''

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now