၇နာရီမတိုင်ခင်တည်းက ဟန်ကျန့် အဆောင်ထဲဝင်လိုက်၊ပြန်ထွက်လိုက်။
မှန်ကြည့်လိုက် ၊ဆံပင်ပြန်သလိုက်၊ဝတ်စုံကိုဆွဲဆန့်လိုက်နှင့် ယောက်ယက်ခတ်နေတော့သည်။မနက်မှပြန်လာမည့်ဝေ့လျန်သာရှိရင် ဟန်ကျန့်အားမျက်စိနောက်နေမှာအမှန်။
ရှင်းGe ပေးတဲ့ အနက်ရောင်ရှပ်လက်ရှည်နဲ့၊စတိုင်ပင်န်အနက်က ဟန်ကျန့်ကိုယ်မှာချပ်ကပ်နေသည်။
တစ်ကိုယ်လုံးအနက်တွေကြား ဖွေးနပျိုပျစ်နေတဲ့ကိုယ့်မျက်နှာကိုယ် အလိုမကျနိုင်စွာ အထပ်ထပ်ဝင်ကြည့်နေမိတော့သည်။ဒီတစ်ခေါက်ပြန်ထွက်လာတော့ ရှင်းGeကားက ရောက်နှင့်နေပြီ။
ဟန်ကျန့် မျက်လုံးမျက်ဆံပြူးကာ ကားအနီးပြေးလာခဲ့မိသည်။"Ge ရောက်နေတာကြာပြီလား''
"အခုပဲ...ကဲတက် လူချောလေး''
ရှင်းGe ရဲ့အပြောမှာ ကျေနပ်သွားတာမို့ ပါးချိုင့်ခွက်သည်အထိပြုံးကာ တစ်ဖက်တံခါးသို့လှမ်းလာခဲ့လိုက်သည်။
ညမီးရောင်အောက် Geကိုရှင်းလင်းစွာမမြင်ရပေမယ့် Geလည်း ဟန်ကျန့်နဲ့ဆင်တူအနက်ရောင်ဝတ်ထားပုံရသည်။
ဆံပင်ရှည်ကို သပ်ရပ်နေအောင် ကျစ်ကျစ်လစ်လစ်စည်းထားတာမို့ ချောမောသောမျက်နှာက ရှင်းလင်းစွာပေါ်လွင်နေသလို အနည်းငယ်သလာပုံရသော မုတ်ဆိတ်မွှေးတိုစစတို့ကြောင့် ရင့်ကျက်ခန့်ညားကာ တစ်မျိုးဆွဲဆောင်မှုပိုစေသည်။
"ကြည့်လို့အားမရသေးဘူးလား''
"အာ....ဘာရယ်မဟုတ်''
အမှောင်ထဲမှာတောင် သူခိုးလူမိသွားတာမို့ ဟန်ကျန့်မျက်နှာလွှဲလိုက်ရသည်။
......
ခန်းမထဲလှမ်းဝင်ခါနီး ရှင်းGeက လက်ကမ်းတာကြောင့် ဟန်ကျန့် ရှင့းGeရဲ့လက်မောင်းကိုတွဲလိုက်ရသည်။
အရပ်ရှည်ရှည် ခပ်မိုက်မိုက်ဒီဇိုင်းနဲ့ရှင်းGeကို တစ်ချို့လူတွေကမှတ်မိစွာနှုတ်ဆက်ကြ၍ တစ်ချို့လူတွေက ဇဝေဇဝါဖြစ်နေကြသည်။
ရှင်းGeလက်ကိုချိတ်လာသော နုနယ်ပျိုမျစ်တဲ့မျက်နှာလေးနဲ့ဟန်ကျန့်ကို ဝိုင်းစူးစမ်းနေကြတာတော့ အားလုံးတူကြသည်။
YOU ARE READING
星野 ရှင်းရယ်/ရှင်းရယ်(Completed)
Romanceဒီထဲကဇာတ်ကောင်တွေက အပြင်မှာတကယ့်real coupleပါ။ ကျွန်တော်က xing ye fanဖြစ်လို့ သူတို့အကြောင်း Own creation fiction ရေးဖြစ်တာပါ။ Story ကတော့ fic ပါပဲ။