Chapter-20

5K 480 55
                                    

ဟန်ကျန့် ချက်ပြတ်ပြီးတာနဲ့ ရှင်းGe နားမယောင်မလည်လုပ်နေမိသည်။

ရှင်းGe က သူရိုက်ထားတဲ့ပုံတွေကိုပြန်စစ်နေတာမို့ အာရုံက laptop ပေါ်မှမခွာ။

ပုခုံးနဲ့ကျောပေါ်ဝဲဖာကျနေတဲ့ဆံနွယ်တွေနဲ့ ဒူးလေးတစ်ဖက်ထောင်ကာဒူးပေါ်မေးတင်လျက်ထိုင်နေပုံလေးက စိတ်မနိုင်တဲ့သူဆိုပြေးပွေ့ချင်စိတ်ကိုထိန်းလို့ရမှာမဟုတ်။

ဟန်ကျန့်လည်းအတူတူပဲမို့ ရှင်းGeရဲ့နောက်ကျောတွင်အသာကပ်ထိုင်လိုက်ကာ ကျောကုန်းပေါ်မျက်နှာလေးမှီမိသည်။

ရှင်းGeက ဒူးကိုချကါတပလင်ခွေပုံပြောင်းလျက်ကိုယ်ကိုယိုင်လိုက်တာမို့ ဟန်ကျန့် ရှင်းGeပေါင်ပေါ်မျက်နှာကျသွားသည်။

"အင့်...''

ရှင်းGeက ဟန်ကျန့်လက်မောင်းလေးမှနေ၍ ဖိကိုင်ထားလျက် လက်တစ်ဖက်က ဟန်ကျန့် မျက်နှာလေးကိုပွတ်သပ်လာသည်။

ဟန်ကျန့်က ပက်လက်အနေအထားပြင်လိုက်ကာ ရှင်းGe မျက်နှာကိုစေ့စေ့ကြည့်မဝ။

"Ge.....ကျွန်တော် စီချွမ်ဟေ့ပေါ့လုပ်ထားတယ် ခဏနေ အားလျန်လည်းလာလိမ့်မယ်''

"အား ကောင်းတာပေါ့ အားလျန်နဲ့တောင်အတူမစားရတာကြာပြီ...''

"အားလျန်က အတူစားဖို့စီစဉ်ခိုင်းထားတာ''

"ဟုတ်လား..ဒီကောင်လေးထူးဆန်းလှချည်လား''

ရှင်းGeစဉ်းစားသလိုလေးပြောနေဟန်က အတော်ပင်ကြည့်ကောင်းလှတာမို့ ဟန်ကျန့်မော့ငေးနေရင်း မယိုးမယွဖြစ်ရသည်။

ငုံ့လာမည့် မျက်နှာကိုလည်းမျှော်လင့်နေမိသည်။
မျှော်လင့်သလို ငုံ့မလာတော့ ဟန်ကျန့် စိတ်အားငယ်သလိုလို။
ရှင်းGe က ဟန်ကျန့်မျက်နှာကိုပွတ်သပ်ရင်းက ဘာတွေစဉ်းစားနေသည်မသိ။
ဖြစ်နိုင်ရင် ရှင်းGeစိတ်ကိုဝင်ကြည့်လို့ရချင်သည်။

"Ge...''

"Ge...''

"အင်..ဟင်..''

"ကျွန်တော် နှစ်ကူးပြန်ရမှာ..Geနဲ့လည်းအတူနှစ်ကူးချင်တယ် Geကဘယ်သူနဲ့နှစ်ကူးမှာလဲ''

星野 ရှင်းရယ်/ရှင်းရယ်(Completed)Where stories live. Discover now