Death(သေမင်းတမန်တော်)

Por Matainyu

115K 12.5K 665

အရှင်(master)Season-2 *park chanyeolဆိုတဲ့သေမင်းသည်byun baekhyunဆိုတဲ့လူသားတစ်ဦးတည်း၏ကိုယ်ပိုင်သေမင်းတမန်တော... Más

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
18
19
20
21
22
Happy Chanbaek Day
23
24
fic book
HB for me
25
25.5
26
27
28
final&ကျေးဇူးတင်လွှာ
intro(uni)
1(uni)
2(uni)
3(uni)
4(uni)
5(uni)
6(uni)
7(uni)
8(uni)
9(uni)
10(uni)
11(uni)
12(uni)
13(uni)
14(uni)
8 years with EXO
15(uni)
16(uni)
17(uni)
18(uni)
19(uni)
20(uni)

17

1.9K 226 10
Por Matainyu

Death(သေမင်းတမန်တော်)
အပိုင်း-၁၇

chanyeol ခြုံတွေထူထပ်နေပြီဖြစ်တဲ့ လျှောက်လမ်းလေးတစ်ခုကိုလျှောက်လာခဲ့သည်။ဂိုလျောမြို့တော်နှင့် မနီးမဝေးတွင်ရှိနေသည့် နေရာ………

ထိုနေရာတွင် သက်တမ်း၁၅၀၀ကျော်နေပြီဖြစ်တဲ့ သစ်ပင်တစ်ပင်သည် အခုထိရှင်သန်နေတုန်းဖြစ်သည်။ထိုသစ်ပင်ကြောင့် chanyeolရဲ့ ကလေးနှစ်ယောက်ကိုဆုံးရှုံးခဲ့ဖူးသည်။

ထိုသစ်ပင်ခြေရင်းတွင် byunရဲ့သွေးစက်တို့ မြေခခဲ့ဖူးသည်။

ထိုသစ်ပင်သည် byunရဲ့ အရိပ်အောက်တွင် byunရဲ့ အသက် သေမလိုဖြစ်ခဲ့ဖူးသည်။

byunကိုလုပ်ကြံသွားသော လူနှစ်ယောက်ကို chanyelအခုချိန်ထိမသိသေးပေ။မိဖုရားလတ်ခိုင်းလို့လုပ်ခဲ့မှန်းသိပေမဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ကို ရက်ရက်စက်စက်သတ်ပစ်ရန် ကြံရွယ်ခဲ့သည့် ထိုလူနှစ်ယောက်ကို chanyeolမမိသေးတာကြောင့် ထိုသစ်ပင်ကိုပါ ရှင်သန်ခွင့်ပေးထားခဲ့ခြင်းဖြစ်သည်။

chanyeol ထိုအပင်အားမှီလျက် ထိုင်နေလိုက်ပြီး

park:သမီးလေးတွေသာရှိနေသေးရင် အခုဆို ဘယ်လောက်တောင်လှနေလိုက်မလဲ

chanyeolနာကျင်စွာထပ်မံ၍ပြုံးမိပြန်သည်။

park:မရှိခဲ့တာကလည်းတစ်ခုတော့ကောင်းပါတယ်။chanbaeလို အပြစ်ဒဏ်မသင့်တော့ဘူးပေါ့

~~~~~~~~~

baekhyunအိပ်ယာကနိုးလာတော့ ပခုံးကဒဏ်ရာကနေ နာကျင်မှုမခံစားရတာကြောင့် သေချာကြည့်လိုက်သည်။

ညိုမဲနေသည့် သွားရာကြီးသည် အကွင်းလိုက်ရှိနေသည့်တိုင်အောင် တစ်စက်ကလေးမှ မနာကျင်ခြင်းမှာ chanyeolကြောင့်သာဖြစ်သည်။

byun:ဒါမျိုးကျတော့လည်းchanyeolကတော်သားပဲ

baekhyunအိပ်ယာကနေထပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲဝင်သွားသည်။

သွားတိုက်နေတုန်း မှန်ကိုကြည့်မိမှ baekhyunမျက်လုံးပြူးတော့သည်။

ဘယ်ဘက်ပါးတွင် ဓားခုတ်ရာကြီးတစ်ခုက ထင်ရှားစွာရှိနေခဲ့သည်။baekhyunမယုံနိုင်တာကြောင့် သေချာရန် ရေတွေနဲ့ဆေး ဆပ်ပြာတွေနဲ့တိုက်ခဲ့ပေမဲ့ တက်တူးတစ်ခုပမာ မြဲမြံစွာတည်ရှိနေသည်။

byun:ဘာလို့လဲ။chanyeolကြောင့်လား……မဖြစ်နိုင်တာ

baekhyunခေါင်းကိုခါရမ်းနေပြီး တစ်ယောက်တည်း အငြင်းအခုန်လုပ်နေသည်။

byun:ဒီနေ့ ကြော်ငြာရိုက်စရာရှိတာကို ဒါကြီးက……

baekhyun ထိုဒဏ်ရာကိုဖြေရှင်းရန် အပြင်ကိုထွက်လာဖို့လုပ်နေတုန်း ခေါင်းကမိုက်ခနဲဖြစ်သွားပြီး မြင်ယောင်လာသော ပုံရိပ်တစ်ချို့က သူ့ကိုသတ်ပစ်ရန် ဓားနဲ့ရွယ်လာသော မင်းကြီး………ထိုရက်စက်သော ဘုရင်……

byun:မင်းကြီးp.a.r.k

byun:ဟား……

baekhyunမျက်ရည်တွေဝဲကာ ဟားတိုက်ပြီး ငိုလိုက်သည်။ဝမ်းနည်းကြေကွဲစွာ တံခါးဘောင်ကို မြှီပီးထိုင်လိုက်ကာ အားရပါးရငိုနေမိသည်။

byun:ဘာလို့……ဘာလို့ အဲ့မိန်းမစကားကိုပဲယုံရတာလဲ။ဘာလို့ အမြင်ကိုကြည့်ပြီး ဆုံးဖြတ်ရတာလဲ

baekhyun ရင်ဘက်ကိုထုပြီး ထပ်ပြီးငိုနေပြန်သည်။

byun:ဘာလို့ ငါ့ကိုအရုပ်လိုဆက်ဆံရတာလဲ။ငါက အရုပ်မှမဟုတ်တာ

byun:ငါမှာတော့ချစ်လိုက်ရတာ မတန်ဘူး…အရှင့်ကို မုန်းချင်တယ်

chanyeolရဲ့ ရင်ဘက်ကအောင့်တက်လာသည်။သူ့ရဲ့ဝမ်းနည်းနေမှုတွေက အခုတော့ပျောက်ကွယ်သွားခဲ့ပြီ။

baekhyunရဲ့ အမုန်းသွေးတွေက ပါးပြင်ကဒဏ်ရာကြောင့် ထကြွလာခဲ့ပြီလား။

chanbae:ခမည်းတော်

chanyeol baekhyunအကြောင်းတွေးနေတုန်း ရောက်ချလာသည့် chanbaeကြောင့် အတွေးစတို့ပြတ်တောက်သွားသည်။

park:chanbae

chanbae:ခမည်းတော်ကိုပြောစရာရှိလို့ပါ

park:ပြောလေ

chanbae:ဂိုလျောပေါ်လာတာကိစ္စမရှိပေမဲ့ဂျိုဆွန်းရဲ့မြေတွေအားလုံးကိုတူးဖေါ်ပြီးသွားရင်ကူးစက်ရောဂါဖြစ်လာရင်ဘယ်လိုလုပ်မလဲ

chanbaeစကားကြောင့် chanyeolတွေးမိသွားသည်။ဒီအချက်ကိုသူမစဉ်းစားမိခဲ့ဘူး။

chanbae:အခုစပြီးကူးစက်နေပြီ

chanbaeရဲ့စိုးရိမ်တကြီးပြောသည့်စကားကြောင့် chanyeolအလန့်တကြားမော့ကြည့်လိုက်သည်။

chanbae:အဲ့ဒီအဆိပ်ငွေ့တွေက အက်စစ်ထက်ဆိုးတယ်။လူရဲ့ခန္ဓာကိုယ့်ကိုစားသွားမှာ

park:သားမှာနည်းလမ်းရှိလား

chanbaeဖြည်းညှင်းစွာခေါင်းခါပြသည်။

park:ဖြေဆေးကိုရှာသင့်ပြီသား။ဒီကိစ္စက သားတို့ကြောင့်ဖြစ်ခဲ့တာလေ

chanyeolစကားကြောင့် chanbaeခေါင်းငုံ့သွားသည်။

park:အဲ့ဒီအကြံပေးခဲ့တာchanchinမဟုတ်လား။သူ့ကိုအဖြေရှာခိုင်း

chanbae:သားမလုပ်နိုင်ဘူး

park:ဆိုးလ်မြို့ကိုလည်း ဒုတိယဂျိုဆွန်းဖြစ်စေချင်နေတာလား

chanbae:သူတို့ကံပဲ

park:chanbae!!

chanbaeထွက်သွားတော့ chanyeolတစ်ယောက် စိတ်တိုပြီးတော့သာ ကျန်နေခဲ့သည်။

~~~~~~~~~~

baekhyun shootingခဏနားတုန်း ဖုန်းကိုခဏဖွင့်ကြည့်တော့ လူကြည့်အများဆုံးသတင်းတစ်ခုကိုတွေ့လိုက်ရသည်။

'ရှေးဟောင်းမြို့တော် ဂျိုဆွန်းမြို့တွင် အမည်မသိအဆိပ်ရှိနေခြင်းကြောင့် လေ့လာသူများအား သွားလာခွင့်ပိတ်ထား'

အောက်တွင်ပါရှိသည့်ပုံမှာ လေ့လာရေးလုပ်နေသည့် သုတေသီများ၏ လက် ၊ ခြေထောက်နှင့် တခြားအစိတ်အပိုင်းတွေ ပျက်တောက်နေခြင်းဖြစ်သည်။အရမ်းကိုဆိုးရွားလှသော ရောဂါတစ်မျိုးဖြစ်ပြီး ဆရာဝန်များသည်ပင် အဖြေမဖေါ်နိုင်သေးကြောင်း ရေးသားထားသည်။

baekhyunမှာ ဓာတ်ပုံတွေကြည့်ပြီး မျက်နှာကိုရှုံ့မဲ့လိုက်သည်အထိ ကြောက်သွားသည်။

park:မကြည့်နဲ့တော့

chanyeolက baekhyunလက်ထဲက ဖုန်းကိုဆွဲယူသွားပြီး data offလိုက်သည်။

byun:chanyeol

park:ပြောလေ

byun:ငါက ဂျိုဆွန်းကိုသွားရင်ကောင်းမလားလို့စဉ်းစားနေတာ။အခုတော့………

park:သွားချင်ရင် ဂိုလျောကိုသွားလေ။အဲ့နေရာက ရှာတွေ့တာမကြာသေးပေမဲ့ နောက်လလောက်ဆိုရင်တော့ သွားလည်လို့ရလောက်ပါပြီ

byun:ဂိုလျော?

park:အင်း

byun:အရှင်ရှိတဲ့နေရာပေါ့

baekhyunမျက်နှာလေးပြုံးယောင်သမ်းသွားသည်။ဘယ်ဘဝပဲရောက်ရောက် 'အရှင်' ဆိုသည့် နာမ်စားလေးသည် သူ့ကိုပြုံးပျော်စေသည်။ဘယ်လောက်ပဲနာကျင်မှုတွေရှိခဲ့ပါစေ သူသည် ချစ်ခဲ့သူတစ်ယောက်မို့လို့ ခွင့်လွှတ်ပေးထားခဲ့သည်။

----------------DEATH------------------

baekhyunရဲ့ပါးကအမာရွတ်က တဖြည်းဖြည်းနဲ့ပိုပြီးထင်းလာခဲ့တာကြောင့် ရိုက်ကူးရေးတွေအားလုံး ရပ်ထားရသည်။မိတ်ကပ်လူးလေ ပိုထင်လေဖြစ်နေတာကြောင့် showပွဲတွေပါ ရပ်ထားရသည်အထိ EXOအဖွဲ့၏ လှုပ်ရှားမှုကို နှေးကွေးစေခဲ့သည်။

SM:အခုဘယ်လိုလုပ်မှာလဲbaekhyun။မင်းရဲ့ဘယ်ကရမှန်းမသိတဲ့ ဒဏ်ရာကြောင့် အားလုံးရဲ့ ငွေတွေကို ပိတ်သွားပြီ။မင်းဘယ်လိုရှင်းမှာလဲbaekhyun

CEOအခန်းထဲတွင် တစ်ယောက်တည်းခေါ်ပြီးအဆူခံနေရသည်ထက် အမာရွတ်၏ အဖြေကိုအတင်းအကြပ်မေးနေသည့် LSMကြောင့် baekhyunဖြေရကြပ်နေသည်။

SM:ငါမင်းကိုမေးနေတယ်လေbaekhyun။အဲ့ဒဏ်ရာဘယ်ကရတာလဲလို့။ဘာလို့ရလဲသိမှ ဆရာဝန်တွေကအဖြေရှာလို့ရမှာပေါ့

byun pov:ဒါကြီးပဲမေးနေတယ်။chanyeolနဲ့ အတူနေတဲ့ညက ရသွားတဲ့ဒဏ်ရာလို့ဖြေရမှာလား?chanyeolကြောင့်ရသွားတာလို့ဖြေရမှာလား?ကျနော်တို့ဆော့တာများသွားလို့ လို့ ဖြေရမှာလား?

SM:byun baekhyun!!!!

LSMအသံကြောင့် baekhyunကိုယ်လေး တုန်တက်သွားသည်။

SM:ငါမေးနေတယ်လေbaekhyunရာ။အဖတ်လေးတော့လုပ်စမ်းပါ

LSMအသံသည် မာနေရာမှ ပျော့လာသည်။

byun:ကျွန်တော်မသိပါဘူးဆိုနေမှ ဘယ်လိုဖြေရမှာလဲ

SM:မင်းမသိတာမဖြစ်နိုင်ဘူး။မျက်နှာထိတောင် ဒဏ်ရာရထားတဲ့ကိစ္စကို……

byun:တစ်ကယ်မသိတာပါဆို

baekhyunနှုတ်ခမ်းလေးစူလာပြီဖြစ်သည်။အသံသည်ကား စိတ်မရှည်တော့သည့်အသံ

SM:ဒါလေးတောင်မသိရတာလားbaekhyunရာ။မင်းfanတွေ မင်းကိုဖက်နမ်းသွားရင်တောင် သိမှာမဟုတ်လောက်ဘူး

LSMခါးကြီးထောက်ကာ အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။baekhyunမျက်နှာတွင် အမာရွတ်ထင်နေခြင်းသည် သူ့အတွက် တိတ်တိတ်ပုန်းမယားလေးထံတွင် ကိုယ်ဝန်ရှိလာခြင်း အကြောင်းထက်ဆိုးရွားနေပုံပေါ်သည်။

SM:နဲနဲလေးတောင်ရိပ်မိတာမရှိဘူးလား

byun:မရှိဘူး

SM:မင်းလိုမျောက်လောင်းက ကိုယ့်ခန္ဓာကိုယ်ကို ထိခိုက်တာတောက်မသိဘူးဆိုတော့ ဘယ်လောက်တောင် ကမျင်းထားတုန်း

baekhyunမျက်နှာကိုတစ်ဖက်လွှဲသွားပြီး သက်ပြင်းချလိုက်သည်။

SM:chanyeol?မင်းနဲ့အတူရွပေးနိုင်တာ chanyeolပဲရှိတယ်။ဟုတ်တယ်မဟုတ်လား

byun:ဟုတ်တယ်ဗျာ။chanyeolနဲ့ ဆော့တာလွန်သွားလို့ !!ကျေနပ်ပြီလား!!

baekhyun၏ အသံသည် စိတ်ရှည်မှုတို့ကုန်ဆုံးသွားပြီဖြစ်သော စိတ်တိုခြင်းlevelသို့ရောက်ရှိနေပြီဖြစ်သည်။

baekhyunစိတ်ဆိုးမဆိုးကို စိတ်မဝင်စားသောLSMသည် ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည်။chanbaeနှစ်ယောက်၏ အမွှေဇယားအား ဖေါ်ထုတ်လိုက်နိုင်သည့် နိုင်ငံ့သူရဲကောင်းကြီးကဲ့သို့ ဂုဏ်ယူနေသည့်အသွင်………။

ထိုအချိန်တွင် chanyeol အခန်းတံခါးဖွင့်ပြီးဝင်လာသည်။ukeလေးကိုကယ်တင်ရှင်လုပ်တော့မည့် semeကြီးအသွင်ဖမ်းလိုက်ပြီး ခပ်တည်တည်ဖြင့်လျှောက်လာသည်။

park:byunကိုစစ်ဆေးနေတာတွေကိုရပ်လိုက်တော့

SM:ဘာလို့လဲ

park:ဘာလို့လဲဆိုတော့ အဲ့ဒဏ်ရာကကျွန်တော့်ကြောင့်ဖြစ်တာမို့လို့

SM:သိပြီးသားလေ။အခုပဲ ဆရာဝန်နဲ့တိုင်ပင်တော့မလို့။ဒီကြားထဲမှာ မင်းတို့တစ်ဖွဲ့လုံးရဲ့အချိန်ဇယားတွေကို ပြောင်းထားလိုက်မယ်။လောလောဆယ်တော်နားနေကြပေါ့

park:byunကကော

SM:သူကတော့ ဆေးရုံတက်ရမယ်လေ

LSMအပြောကြောင့် chanyeolမျက်မှောင်ကျုံ့သွားသည်။

park:တက်စရာမလိုဘူး။byunဒဏ်ရာကို ကျွန်တော်ကုပေးမယ်

SM:မင်းကဆရာဝန်လား

park:ဒီဒဏ်ရာကကျွန်တော့်ကြောင့်ဖြစ်တာလေ။ဒီတော့……ကျွန်တော်ပဲတာဝန်ယူမယ်

SM:မရဘူး။ငါခွင့်မပြုဘူး

park:ခင်များဆီကခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူးLSM။အမိန့်ပေးနေတာ

ခုဏလေးတင် စကားပြောသံတွေနဲ့ ပြည့်နေသော အခန်းလေးသည် ချက်ချင်းတိတ်ဆိတ်သွားသည်။

park:ဒီentertainmentကို ငါပိုင်တာ။ငါ့အမိန့်ကိုအထွန့်မတက်နဲ့

chanyeol၏အသံတို့က အေးစက်သွားပြီး ကြားရသူ baekhyunပင် ကြက်သီးထသွားသည်။

အခုချိန်chanyeol၏ပုံစံသည် seme typeထက် ရှင်ဘုရင်typeကို သွားသည်။အာဏာရှင်ဆန်သည့် အကြည့်မျိုး……

baekhyunပါးစပ်လေးဟသွားသည်။chanyeolက သူတို့အရမ်းသိချင်နေတဲ့ ပိုင်ရှင်အစစ်ပေါ့။LSMက CEOဆိုတာမှန်ပေမဲ့ အမည်ခံမှန်း သူတို့အားလုံးသိသည်။ပိုင်ရှင်အမှန်က တစ်ခါမှ ရုပ်မထွက်ပြဖူးတာကြောင့် ထိုသတင်းအား ကောလဟာလအဖြစ်သာ ထားရှိခဲ့သည်။သို့သော် ကောလဟာလမဟုတ်မှန်း အခုသက်သေပြလိုက်ပြီဖြစ်သည်။

SM:ကောင်းပြီလေ။baekhyunကို မင်းတာဝန်ဟူနိုင်တယ်ဆိုရင်ပြီးတာပဲ

park:စိတ်ချပါ။byunကို တာဝန်ယူမှာပါ

chanyeol baekhyunလက်ဆွဲပြီး ထွက်သွားသည်။

~~~~~~~~~~

LSMကိုယ်တိုင် အားလက်ရက်ပေးလိုက်တာကြောင့်
အဖွဲ့သားတွေအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အိမ်ကိုပြန်ရောက်လာခဲ့ကြသည်။

အခန်းထဲရောက်တော့မှ baekhyunပါးလေးကို chanyeolဖွဖွလေးနမ်းလိုက်သည်။

byun:အဲ့ဒဏ်ရာကဘယ်လိုဖြစ်တာလဲchanyeol

ဟိုတစ်နေ့က အားရပါးရသောင်းကျန်းနေသည့် baekhyun မှာ အခုbaekhyunမဟုတ်တော့သည့်အတိုင်း အရာအားလုံးဟာ သူမှတ်ဥာဏ်ထဲမှာ ဗလာချည်းသက်သက်ဖြစ်နေသည်။

park:အခုမရှိတော့ဘူးလေ

chanyeol baekhyunကို အမြတ်တနိုးကြည့်နေသည်။

byun:ဟုတ်လား

baekhyun မှန်သွားကြည့်မလို့ပြင်လိုက်ပေမဲ့ chanyeolက ပြန်ဆွဲထားတာကြောင့် မသွားဖြစ်လိုက်ဘဲ

park:ကိုယ့်မျက်လုံးထဲကကြည့်လေ

byun:ဘာကို?

park:ကိုယ့်မျက်လုံးထဲမှာလည်းbyunရဲ့ပုံရိပ်တွေထင်နေတယ်လေ

ထိုအခါမှ chanyeolပြောချင်တဲ့ အဓိပ္ပါယ်ကို baekhyunနားလည်သွားပြီး

byun:မြင်မှမမြင်ရတာ။မင်းမျက်လုံးကသေးသေးလေးလေ

park:သေချာကြည့်လေ။မြင်ရပါတယ်

byun:okလေ

baekhyun chanyeol မျက်လုံးကိုသေချာကြည့်လိုက်သည်။မြင်နေရသည်မှာ သူ့ရဲ့ဒဏ်ရာထက် ထိုကဲ့သို့သော ဒဏ်ရာရှိနေသည့် ကောင်လေးတစ်ယောက်က ပန်းနုရောင်ဝတ်စုံလေးဝတ်ထားပြီး အခြားကောင်လေးတစ်ယောက်၏ ရင်ခွင်ထဲတွင်ထိုင်ကာ မြင်းစီးနေသည်။အရှိန်ပြင်းစွာ ခုတ်ပေါက်ပြေးနေသော မြင်းလေးနဲ့အတူ ထိုကောင်လေး၏ နှလုံးသားမှာလည်း လိုတာထက်ပို၍ တဒိတ်ဒိတ်ခုန်နေသည်မှာ အခုbaekhyunခံစားနေရသည့် ခံစားချက်အတိုင်းဖြစ်သည်။

baekhyunအကြည့်တွေကိုလွှဲသွားတာကြောင့် chanyeolက ပြန်ပြီး baekhyun မေးလေးကို ဆွဲလှည့်လိုက်သည်။

park:ဘာတွေ့လဲ

byun:တစ်ခုခုပေါ့

park:အဲ့တစ်ခုခုကဘာလဲ

chanyeolရဲ့အမေးကို baekhyunချက်ချင်းမဖြေသေးဘဲ စဉ်းစားနေသည်။ပြီးတော့မှ

byun:ပျောက်ဆုံးနေတဲ့ တစ်ခုခုလို့ထင်တယ်။ဂိုလျော နဲ့ အရှင် တို့လိုပေါ့

baekhyunရဲ့ တွေးဆဆနဲ့ဖြေလာတဲ့အဖြေကြောင့် chanyeolဝမ်းသာသွားသည်။baekhyunဘဝတွင် အရေးမပါဆုံးသုံးခုမှာ 'အရှင်' 'chanbae' နဲ့ 'ဂိုလျော'တို့ဖြစ်သည်။ထိုအရာသုံးခုလုံးကိုသာ ပြန်ပြီးမှတ်မိပြီဆိုလျှင် တခြားအရာတွေအားလုံးကို ပြန်ပြီးမှတ်မိတော့မည့်အချိန်သည် မကြာတော့ပေ။

~~~~~~~~~~

baekhyun ရိုက်ကူးရေးနားထားတာကြောင့် အိမ်ထဲတွင်မနေဘဲ တခြားရိုက်ကွင်းတစ်ခုသို့ရောက်လာခဲ့သည်။ထိုနေရာကား တခြားမဟုတ်။ကြောက်စရာကောင်းသည့်zombiဇာတ်လမ်းတွဲအားရိုက်ကူးနေသည့် Kingdom ရုပ်ရှင်ရိုက်ကွင်းသို့ဖြစ်သည်။

'ဟာ…EXO baekhyunပါလား'

kingdom ဒါရိုက်တာ၏ နှုတ်ဆက်မှုကြောင့် baekhyun ထိုအနားကိုပဲသွားကာ နှုတ်ဆက်လိုက်သည်။

byun:မင်္ဂလာပါဒါရိုက်တာကြီး

'အေး မင်္ဂလာပါ။မင်းတို့ဒီရက်ပိုင်းနားတယ်ဆို'

byun:ဟုတ်တယ်။အဲ့ဒါကြောင့် တခြားရိုက်ကူးရေးတွေဆီသွားပြီး လက်တွေ့သင်ယူနေတာလေ

'ဟား…ဟား…အေးပါကွာ။အရမ်းထူးချွန်တဲ့ EXOအဖွဲ့သားလို့ပြောစရာမလိုဘူး။အချိန်ကို အလကားမဖြုန်းဘူးပဲ'

ဒါရိုက်တာကြီး၏ ချီးမွမ်းမှုကို baekhyun ရီရင်းသာပြန်တုန့်ပြန်လိုက်သည်။

'ငါတို့seriesကတော့ တွေ့တဲ့အတိုင်းပဲ။မိတ်ကပ်တွေကတော့ အရမ်းပြင်ရတယ်'

byun:မိုက်တယ်။အရင်ရက်တွေကကားပေါ်ကနေကြည့်နေခဲ့တာ။ဖုတ်ကောင်တွေကော main roleတွေကောက အရမ်းတော်တယ်။ကိုယ့်ဇာတ်ကွက်ကို ပီပီပြင်ပြင်သရုပ်ဆောင်သွားတာ

'ဟေ့ကောင်တွေကြားတယ်နော်……မင်းတို့ကိုEXOက baekhyunက ချီးမွမ်းနေတာ'

ဒါရိုက်တာကြီးအပြောကြောင့် အားလုံးရယ်ပွဲတွေဖြစ်ကုန်သည်။main roleတွေကလည်း တခြားပြင်စရာရှိတာတွေပြင်ရင်း baekhyunနဲ့စကားပြောနေသည်။

'ရိုက်ကွင်းပြန်စမယ်!!!'

ထို့နောက် အားလုံးက ကိုယ်ကျရာဇာတ်ရုပ်မှာ အားကြိုးမာန်တက်သရုပ်ဆောင်နေကြသည်ကို baekhyunကြည့်နေသည်။ရုတ်တရက် baekhyun သူ့မျက်စိရှေ့မှာရှိနေသည့် scriptစာရွက်တွေကို ကောက်ဖတ်လိုက်သည်။စာရွက်အားလုံးဖတ်လို့ပြီးချိန်တွင်တော့ သူရောက်နေသည်မှာ ရိုက်ကွင်းမဟုတ်တော့ဘဲ kingdomရုပ်ရှင်ဇာတ်ကားထဲရှိ ဂျိုဆွန်းပြည်တွင် ဖြစ်သည်။

••••••••••••••••••••••••••••••••••••••••••••••

ဆက်ရေးမဲ့ အကြောင်းက copyလုံးဝမဟုတ်ပါဘူးနော်။kingdom ဇာတ်ကားထဲက နောက်ခံviewတွေနဲ့ ဖုတ်သရဲတွေကိုပဲ copyထားတာပါ။ကျန်တာက ကိုယ်ပိုင်ပါ။

အဲ့ဇာတ်ကားထဲရောက်မှ အဖြစ်အပျက်တွေကို သေချာတွေးထားတော့ စိတ်နှစ်ပြီးရေးနိုင်မယ်လို့ထင်တယ်။အရှေ့ပိုင်းတွေအားလုံးက နောက်ဖြစ်မဲ့အကြောင်းနဲ့ s1အကြောင်းကဟာတွေကို byun ပြန်သတိရအောင်ရေးပေးနေတာ။

မှတ်မိလိုက် မမှတ်မိလိုက်တဲ့ baekhyunစိတ်ကအမျိုးမျိုးဖြစ်နေတာပါ။အခု ဒီအပိုင်းမှာတင်ပဲ ကြည့်လေ။စိတ်နှစ်မျိုးဖြစ်နေသလိုပေါ့။

နောက်ကျရင် အဲ့ထက်ဆိုးတာတွေပါ လာမှာမို့လို့ နောက်ပိုင်းကိုပဲအာရုံစိုက်ပါလို့။

Deathကိုရှုပ်တယ်။နားမလည်ဘူးလို့ပြောကြတယ်။ကျနော်ပုံဖေါ်တာလိုအပ်ချက်ရှိသွားတယ်လို့ပဲ ယူဆလိုက်ပါ့မယ်။ရိုးရိုးလေးပဲတွေးပါလို့။အတိတ်မေ့နေတယ်byunရယ်၊ သူ့ကိုပြန်မှတ်မိအောင်လုပ်ပေးနေတဲ့ မင်းကြီးpark၊ သူတို့ကိုနှောင့်ယှက်နေတဲ့ ဝိဥာဉ်တွေ။ ဒါပါပဲ EXOဆိုတာက ဒီဘက်ခေတ်လိုအပ်ချက်အရထည့်လိုက်တာပါ။ဘာကြောင့်EXOကိုပါထည့်ရလဲဆိုတာကို kingdomအပိုင်းပြီးရင် သိပါလိမ့်မယ်။chanသုံးchanကို ဂရုမစိုက်ပါနဲ့ဦး။သူတို့က သက်သက်လာမှာပါ။ကျနော်ထည့်ထားတယ်ဆိုတာက ကျနော် မေ့သွားမှာစိုးရိမ်လို့ပါ။နောက်အပိုင်းတွေရောက် ကျနော်ရေးရမဲ့ဟာတွေကို noteလေးလို မှတ်ထားတာပါ။သီးသန့်noteက ကျနော်မမှတ်တတ်ဘူး။မှတ်လည်းပြန်မမှတ်မိဘူး။အဲ့ဒါကြောင့်ပါ။

ပြန်လာလာချင်းA/Nအရှည်ကြီးနဲ့ပြန်လာလို့ စိတ်မဆိုးပါနဲ့။အပိုင်းအရှည်ကြီးတွေထပ်အပ်ပေးမှာပါ။အပိုင်းလေးဆယ်လောက်တော့ ခန့်မှန်းထားပါတယ်။ကျနော့်ကိုယုံတယ်မို့လား?ခန့်မှန်းချက်ထက် တိုးသွားဖို့ပဲရှိပါတယ်😅😅

ဒီအထိဖတ်ပေးခဲ့တဲ့ သူများအားလုံးကိုကျေးဇူးတင်ပါတယ်။တစ်ရက်ခြားတစ်ပိုင်းအပ်ပေးပါ့မယ်။wpကnotiမတက်တော့ မသိလိုက်မှာစိုးလို့ပါ။

Seguir leyendo

También te gustarán

98.4K 15.9K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
2.2K 332 33
ဒါလေးက swan's short story facebook page က writing challenge လေးမှာ ဝင်join ဖြစ်တာလေးကို အမှတ်တရ တင်ထားဖြစ်တာလေးပါ ။
2.4K 250 31
Akiraသည် ဝတ္ထုထဲမှ ဗီလိန်တစ်ဦးကို ချစ်မြတ်နိုးခဲ့သည်။ ထိုဗီလိန်သေဆုံးသွားချိန်တွင်တော့ သူနာကျင်ခံစားခဲ့ရသည်။ သူပြောချင်ခဲ့သည်။ သူသာဆိုလျှင် ထိုလူသား...
223K 20.2K 18
Park Chanyeol ♥ Byun Baekhyun CV by Asuna Park 💕