Episode 22
ခွဲစိတ်ခန်းရှေ့မှာ တုန်ရီနေသော Maru ကိုPensri တွေ့ရ
တော့ အလွန်စိတ်မကောင်းဖြစ်သွားမိသည်။Pensri
လည်းကြားကြားချင်း May ရော Leo ရောနဲ့ ဆေးရုံ
ကို တန်းလိုက်လာခဲ့လိုက်သည်။
Maru က လက်ကလေးနှစ်ခု ဒူးပေါ်တင်ထားပြီး ပါးစပ်
ကနေ ဘုရားစာကို ရွတ်နေဟန်ရှိသည်မို့ Pensri က ငြိမ်
သက်စွာသာ ဘေးနားဝင်ထိုင်လိုက်သည်။~~~~
"Mae~~~Leo~~~"
Pensri နဲ့ Leo ကိုမြင်တော့ Maru မျက်လုံးများက
တောင်းပန်တိုးလျှိုးဟန်ပြသည်။နောင်တတွေ တပွေ့
တပိုက်နဲ့ ဝမ်းနည်းနေသော သမီးဖြစ်သူကို Pensri
အနေနဲ့ အပြစ်ဆိုဖို့ကလဲခက်သည်မို့~~~။ Leo ကလဲ
ထိုနည်းလည်းကောင်းသာ တွေးမိသည်မို့ မိန်းမဖြစ်သူ
ကို တယုတယဖက်လိုက်သည်။
"Leo~~ကျွန်မကို ခွင့်မလွှတ်ပါနဲ့~~ကျွန်မက မကောင်း
တဲ့အမေပါ~~~ကျွန်မက ကိုယ့်သားကို ပြန်သတ်တဲ့
အမေမဟုတ်တဲ့မိန်းမပါ~~~~"
ငိုကြွေးကာ ပြောနေရှာသော Maru ရဲ့ကျောကို ဖြေးဖြေး
လေးပုတ်ကာ~~~
"တော်ပါတော့ Maru~~~မင်းဘာကြောင့် ဒီအမှားကို
လုပ်မိလဲဆိုတာ ကိုယ်နားလည်နိုင်ပါတယ်~~မင်းသား
အပေါ်ထားတဲ့ မေတ္တာက သိပ်ကြီးမားတော့ တို့သားလေး
လွယ်လွယ်နဲ့မသေနိုင်ပါဘူးကွာ~~~"
"Mae~~~သမီးကို ရိုက်လိုက်ပါ~~မဟုတ်ဘူး သတ်လိုက်ပါ~~သားလေးကို ဒီလိုလုပ်ပြီး သမီးအသက်
ရှင်ဖို့ မတန်တော့ပါဘူး~~"
Leo ရင်ခွင်ထဲက ထွက်ကာ Mae ဘေးမှာ ပြန်ထိုင်ပြီး
Mae ရဲ့လက်များကို သူ့ပါးဆီ အပ်ပေးလိုက်သည်။
"Maru~~စိတ်အေးအေးထားပြီး~~Mae တို့ ဒီအခြေအနေကို အကောင်းဆုံး ရင်ဆိုင်ကြမယ်လေကွယ်"
"Mae~~"
Maru က Pensri လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"သမီးကို Mae ပြောခဲ့ပါတယ်~~ကံတရားကို သူတို့
ဆီပဲ ပေးထားလိုက်ပါ~~သူတို့ အကောင်းအဆိုးပုံဖော်
ပါလိမ့်မယ်ကွယ်~~~Mae တို့က သိနေရင်တောင် ဝင်
ကလို့ မရနိုင်တဲ့ ပွဲကြည့်ပရိသတ်တွေပါလို့ ~~~"
"သမီး မှားသွားပါတယ် Mae~~~ ဟိုကောင်လေး
သေသွားရင် သားလေးကံကြမ္မာဆိုး ပျောက်ပျက်သွားမယ်
ထင်မိလို့ပါ~~~"
"အင်းပါ~~~Mae နားလည်တာပေါ့ သမီးရယ်!!!
ဒါနဲ့ Singto ရော~~~"
Maru က မျက်ရည်စတွေကို သုတ်လိုက်ပြီး~~~
"သမီး ငိုနေတာတွေ့တော့ အားကုန်မှာစိုးလို့ အားဖြည့်
အချိုရည်သွားဝယ်လိုက်ဦးမယ် ပြောသွားတာပဲ~~"
"အင်း~~~သူတောင် နေတတ်နေပြီပဲ~~"
Mae က သက်ပြင်းလေးကို ချကာ ပြုံးပြီးစကားဆိုသည်။
"ဘာကိုလဲ Mae"
"သူ့ဆီကို Krist ပြန်လာမယ်ဆိုတာ သူလုံးဝယုံကြည်
နေတယ်လို့ ပြောတာပါ~~ဒါကြောင့် သူ မပူဆွေးတာ
ပေါ့~~~သမီးလဲ သိပ်မစိုးရိမ်ပါနဲ့~~~မြေးငယ်က
ပြန်လာမှာပါကွယ်~~"
Mae ရင်ခွငိထဲ ခေါင်းလေးတိုးကာ နေလိုက်မိသည်။
Mae စကားသံက Maru စိတ်ဒဏ်ရာကို သက်သာ
စေသည်မှာ အမှန်ဖြစ်သည်။
"Mae မစိုးရိမ်ပါနဲ့ Nong Chaai က ကြံ့ခိုင်တဲ့ကောင်
လေးဆိုတာ သမီးသိတယ်~~~"
"အေးပါ သမီးရယ်"
Mae ကို မှီထားရင်း သမီးဖြစ်သူ May ရဲ့ လက်ကလေး
များကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် သူဝင်တိုက်လိုက်
မှန်း မသိသေးသော Sing အတွက် သူဝန်ခံကာ တောင်းပန်ရပေဦးမည်။အခု သူမ နားလည်သွားခဲ့ပါပြီ။
Sing နဲ့ Krist ကံကြမ္မာကို ဘယ်သူမှ နှောင့်ယှက်လို့
မရဘဲ ဆက်ယှက်နေတဲ့ ကံတရားပိုင်ရှင်များဖြစ်သည်ကို
ပေါ့။
~~~~~~~~
ခွဲစိတ်ဆရာဝန်က ခွဲစိတ်မှု အောင်မြင်ကြောင်းပြောပြီး
Krist ကို အထူးကြပ်မတ်ဆောင်မှာ အနားယူစေသည်။
မေ့ဆေးအရှိန်ကြောင့် မနိုးသေးသော Krist နားလေး
ကို Sing တရွေ့ရွေ့ တိုးသွားနေမိသည်။မျက်လွှာလေး
ပိတ်ကျနေသည့်အဖြစ်မှာ ဖြူနုပြီး သွေးမရှိသော အသားအရောင်တွင် သိသာထင်းလင်းခြင်းပင်မရှိ။
ပတ်တီးစည်းထားသော ခေါင်းလေးကို အသာ ပွတ်
သတ်လိုက်ရင်း~~~ကတ္တရာ လမ်းနဲ့စောင့်မိသည့်ပါးက အညိုမဲဒဏ်ရာကြီးကိုကြည့်နေမိသည်။
ထို့နောက် Krist လက်လေးများကို ဆုပ်ကိုင်ကာ~~~
"ကလေးလေး ပြန်လာပါတော့နော်~~ကိုယ့်ကို တစ်
ယောက်တည်းမထားခဲ့နဲ့လို့ ပြောထားတယ်မလား~~
ကိုယ် နောက်တစ်ခေါက် တစ်ယောက်တည်း အသက်မရှင်
ချင်ဘူးလို့ ပြောခဲ့တာကို အမှတ်ရပေးပြီး ကိုယ့်ဆီ
နောက်တကြိမ်ပြန်လာပါနော်~~~"
အခန်းတွင်း Heater ကြောင့် ပူနွေးနွေးဖြစ်နေသော
Krist လက်လေးများကို အမြတ်တနိုးဆုပ်ကိုင်ပြီး
ပါးမှာ အပ်လိုက်သည်။
"မင်းခေါ်တဲ့ P'Sing ဆိုတဲ့အသံကို အရမ်းကြားချင်နေတာ
မို့ ကိုယ့်နာမည်လေးခေါ်ဖို့ ပြန်နိုးလာပါနော်~~~"
Krist မျက်လုံးလေးနားအပ်ကာ Sing ဖွဖွလေးနမ်း
ရှိုက်လိုက်သည်။
^^အရင်လို မျက်လုံးလေး တောင်ပြေးမြောက်ပြေး ပြေးတာ မြင်ချင်မိသေးလို့ မြန်မြန်ပြန်လာပါ~~^^
~~~~~~~~
Apple က လူမမာ စားလို့ရမယ့် မုန့်နဲ့သောက်စရာ
တစ်ချို့ကို ယူကာ ဆေးရုံကိုလိုက်လာခဲ့လိုက်သည်။
သူလဲ အခုတလော P'Kade ကြောင့်အလုပ်များနေ
ရသူဖြစ်ပြီး အားတာနဲ့ Sing ဆီဖုန်းဆက်တော့ ထူး
ဆန်းစွာပင် ဆေးရုံမှာ လူနာစောင့်နေသည်ဟူသော
အဖြေကြားလိုက်ရသည်။~~~~~
စေ့ထားတဲ့ တံခါးလေးကို တွန်းဖွငိ့ပြီး ဝင်လာတော့~~
Sing က လက်ကိုင်ပုဝါလေးနဲ့ Krist လက်ကလေးများ
ကို ရေပတ်တိုက်ပေးနေသည်။
"မမက ဦးလေး Pompan လို့ ထင်လိုက်တာ~~"
Apple က သတိပြန်လည်မလာသေးသော Krist မျက်နှာ
ကို အနီးကပ် ကြည့်လိုက်ရင်း~~
"ဒီကောင်လေး~~သူ့ကို သိပါတယ်~~ကော်ဖီတွေ မှောက်ကျသွားတဲ့ တစ်ယောက်"
Sing က နှုတ်ခမ်းလေး ဆွဲကာ ပြုံးလိုက်ရင်း
"ဟုတ်တယ်~~သူ့နာမည်က Kristတဲ့"
"သူက မင်းနဲ့ ဘယ်လို ရင်းနှီးသွားတာလဲ~~~"
Apple ကဝယ်လာတဲ့ ပစ္စည်းတွေကို စားပွဲပေါ်
တင်လိုက်ရင်း~~~
"ဒီလိုပါပဲ~~ပြောရရင် ဟို ငယ်ဘဝတွေထိ ရောက်သွား
လိမ့်မယ်~~~ဒါပေမယ့် အခု ပြောနိုင်တာက~~"
Sing က Krist လက်လေးတွေကို ကိုင်ရင်းပြောနေ
သည်မို့ လက်ထဲက Krist လက်လေး လှုပ်ရှားလာတာ
သတိထားလိုက်မိသည်။
"Kit~~~Kit "
မျက်လုံးလေး ဖြေးဖြေးချင်း ပွင့်လာတဲ့ Krist ကို အာရုံ
စိုက်လိုက်သည်မို့ Apple နဲ့စကားစပြတ်သွားသလို
Apple ကလဲ ပျာပျာသလဲဖြစ်နေသော Sing အမူအယာတွေကို မမှိတ်မသုန်ကြည့်နေမိလိုက်သည်။
"P'Sing~~~"
ဖျော့တော့ အားနည်းသော လေသံလေးနဲ့အတူ Sing ကို
စကားပြောလာသည့် ကောင်ကလေးကို Apple လည်ကြော့ကာ ကြည့်လိုက်မိသည်။
"ကလေးလေး~~ကိုယ်ဘယ်လောက်စိတ်ပူနေရလဲ သိလား~~ဘယ်တွေသွားနေလို့ ဒီလောက်ကြာမှ ပြန်လာ
တာလဲ~~~ကိုယ် မင်းကိုလိုက်မရှာနိုင်မှန်းသိလို့
လက်စားချေတဲ့အနေနဲ့ အကြာကြီးပစ်သွားတာမလား"
Sing က Krist လက်ကလေးများကို ဆုပ်ကာ တယုတယ
ပြောနေသည်ကို Krist အားပျော့စွာ ပြုံးလိုက်သည်။
"ဒါပေမယ့် ကိုယ်သိတယ်လေ~~မင်း ပြန်လာမယ်ဆိုတာ"
"အင်း~~အ !!"
Sing ဘက်ကို အလှည့် Krist တစ်ချက်နာသွားသည်မို့
"မလှုပ်နဲ့လေ~~ဒီဘက်က နံရိုး နှစ်ချောင်း ကျိုးထားတာ"
Sing က Krist လက်ကလေးကို ဆုပ်ရင်း စိုးရိမ်တကြီး
ပြောလိုကိသည်။
ထိုအဖြစ်များကို Apple က မမှိတ်မသုန်ပြုံး၍သာ ကြည့်
နေတော့သည်။ကိုယ့်ကို သဘောကျနေခဲ့သော ယောက်ျား
တစ်ယောက်က အခု ကိုယ့်ရှေ့တွင် ယောက်ျားတစ်ယောက်ကို ဂရုစိုက်ပြနေသည့်မြင်ကွင်း
ကို ပြုံး၍သာ ကြည့်နေမိသည်။သဝန်တိုရအောင်လဲ
သူက ကိုယ့်ကို ဖွင့်ပြောထားခြင်းမရှိ။~~~~
သူတို့ရဲ့ ချစ်ခြင်းကို ဘေးကကြည့်နေရင်းတောင် အတိုင်းသား မြင်နေရတာမို့ Apple အနေနဲ့ အဟန့်အတား
မလုပ်လို။လောကမှာ တကယ်သာချစ်နေဖို့ပဲ လိုသည်ဟူ
၍သာ မှတ်ယူထားသူပီပီ Apple က ပြုံးပြီးရင်းသာပြုံး
နေလိုက်တော့သည်။
"ကဲပါ~~~အလွမ်းလဲ သယ်ကြ~~~မမ ပေးတဲ့မုန့်တွေ
နဲ့ အားရှိအောင်လဲ လုပ်ကြပါ~~~သွားပြီနော်"
ပိုက်ဆံအိတ်ကလေးကို တံတောင်ဆစ်မှာ ချိတ်ကာ
ကြော့ရှင်းစွာ ထလာသော Apple ကို နှစ်ယောက်သား
ရှက်ကိုးရှက်ကန်း ကြည့်လိုက်ကြသည်။တကယ်ပဲ Apple
ရှိသည်ကို မေ့နေသည်မို့ အားလဲနားမိသွားသည်။
"ဟုတ်~~မမ ကျွန်တော် လိုက်မပို့တော့လို့ဖြစ်ရဲ့လား"
"ရပါတယ်~~သူ့နားမှာပဲ နေပေးလိုက်ပါ~~ပြီးတော့
ဦးလေး Pompan နဲ့ အန်တီ Rita ကို သတင်းမေးတယ်
ပြောပေးပါ~~~"
"ဟုတ်ကဲ့"
Apple ထွက်သွားပြီးသည်နှင့်~~~ Sing က
"ခဏလေး~~ကိုယ် မင်းမိသားစုကို အကြောင်းကြားရ
ဦးမယ်~~သူတို့ကို အိမ်ပြန်နားခိုင်းထားတာ~~လူကြီး
တွေ ပင်ပန်းနေမှာစိုးလို့"
"ဟုတ်ကဲ့ပါ~~~~"
Sing က ဖုန်းကိုကိုင်ကာ အခန်းပြင်ထွက်သွားတော့
Krist က မျက်လုံးလေးကို အသာပြန်မှိတ်ထားလိုက်သည်။
~~~~~~
"သားကိုရော ဒီက ကောင်လေးကိုရော Mae တောင်းပန်ပါတယ်~~တကယ့်ကို အနူးအညွတ်
တောင်းပန်တာပါ~~"
Mae က ကျွန်တော့်လက်ကလေးကို ဆုပ်ကိုင်၍ ပြော
လာသည်မို့ Mae ကို သနားမိသည်။Mae ရှင်းပြနေတဲ့
အခ်ျန် အခန်းထဲမှာ တိတ်ဆိတ်နေခဲ့ပြီး Mae စကားအဆုံး
မှာတော့ အားလုံးက Mae ရဲ့မိခင်မေတ္တာကို ဝိုင်း၍
စာနာသနားကြသည်။
"Mae အနေနဲ့ စိတ်သန့်သန့်သာထားပါ~~~ဖြစ်ချိန်
တန်လို့ ဖြစ်တာပါ~~Mae မှာရော Sing မှာရော
အပြစ်မရှိပါဘူး~~~"
အခုမှ အကြောင်းစုံ ရှင်းပြလိုက်သည်မို့ Krist က
ချယ်ရီသီးဖြစ်စဉ်ကိုပါ သိသွားသည်။
"ဟုတ်ပါတယ် အန်တီ~~အရမ်း ဝမ်းမနည်းပါနဲ့.."
Sing က Krist ခေါင်းရင်းနားဘေးမှာရပ်နေကာ အား
ပေးလိုက်သည်။
"Mae မငိုပါနဲ့တော့ဗျာ~~~"
Sing စကားကြောင့် သူ့ကုတင်မှာ မျက်နှာ အပ်ကာငိုနေ
သော Mae ကို Krist က မငိုဖို့ ပြောလိုက်ပြီး~~~
"ဒါနဲ့ Mae ပြောတဲ့ထဲက ချယ်ရီသီးကံက ကျွန်တော်နဲ့
P'Sing အတွက် အဆုံးသတ်မရနိုင်တော့ဘူးလား~~~
ကံကြမ္မာက သေတဲ့အထိ နာကျင်မှုတွေ ကျွန်တော်ပဲ
ခံစားသွားရမယ်ပေါ့~~~"
Krist က အဘွားဖြစ်သူကို လှမ်းကြည့်ကာ မေးခွန်း
ထုတ်လိုက်သည်။
"အဘွား ဘာမှ မပြောနိုင်ဘူး ငါ့မြေးလေးရယ်~~မင်း
တို့ ကိုယ့်ကံကို ဖန်တီးရမှာ~~~"
"ကျွန်တော်ကတော့ ဒီအတိုင်းဖြစ်မယ်ဆိုရင်တောင်ရတယ်
ကျွန်တော် သေတဲ့အထိ P'ကိုကာကွယ်ပေးသွားမှာ"
"မဟုတ်တာတွေ ပြောပြီ Nong Chaai "
May က Sing ကို ကြည့်ပြောနေတဲ့ Krist ကို အသည်း
ယားလာပြီး ဝင်ဖောက်လိုက်သည်။
အခန်းမှာ May စကားကြောင့် ရယ်ပွဲလေးတစ်ခုဖြစ်သွားသည်။Krist က ရှက်ရှက်နဲ့
စောင်လေး ခေါင်းမူးခြုံလိုက်သည်ကို Sing က လက်လေးပိုက်ကာ ရပ်ကြည့်နေမိသည်။နေရောင်ခြည်
က အခန်းပြတင်းပေါက်ကနေ ဖြာကျနေသည်။ထို
အနွေးဓာတ်လိုပဲ သူတို့မိသားစုလေးရဲ့ ဖေးမမှု ပျော်ရွှင်မှု
စည်းလုံးမှု နွေးထွေးမှုတွေက Sing ကို အားကျစေခဲ့သည်။~~
ခုနေများ Mae သာရှိရင် Krist ကို အရမ်းချစ်မှာ
ကျွန်တော် အလိုလိုသိနေပါတယ်။ဘာလို့လဲဆိုတော့
Mae ရဲ့အပြုံးဟာ Krist နဲ့သိပ်တူတာမို့လို့ပါ။
^^လူသားတွေကို ဆွဲဆောင်တဲ့အပြုံး ကျွန်တော့်ကို
ဆွဲဆောင်တဲ့အပြုံး~~~~ထိုအပြုံး^^
Coming 23~~~~~