အပိုင်း(၁၃)

2K 190 3
                                    

Episode 13

လမ်းမကြီးထက်တွင် ကားမီးရောင်တဝင်းဝင်းနဲ့ ကား
အမျိုးအစားအစုံက ဖြတ်သန်းသွားလာနေကြသည်။
Sing သည် Krist ကို ကျောပေါ်တင်လာလျက်
ပလက်ဖောင်းတစ်လျှောက် လမ်းလျှောက်လာခဲ့သည်။

"Khun~~~ ကျွန်တော်ကိုယ်က လေးလား"

မလေးဘူးလို့ ပြောပြန်ရင်လဲ လိမ်ရာကျမည်လို့ ထင်နိုင်
သည်။သို့သော် သူ့ကိုယ်လေးက တကယ်ပေါ့ပါးသည်မှာ
အမှန်ကန်ဆုံးစကား။နှုတ်ဆိတ်၍သာ ကျွန်တော် ရှေ့တူရှူ
ကို ကြည့်ကာ လျှောက်လာခဲ့တော့သည်။

အာတာပူစီကြီးက မျက်နှာနားကို ကပ်လာလိုက် ခွာသွားလိုက်နှင့်Sing ပါးပြင်ထက်မှာလဲ အချိုတွေ ကပ်ကုန်၏။

"ကျွန်တော်ငယ်ငယ်ကဆို သစ်ပင်ပေါ်ပဲ တက်ဖူးတာ..
Por ကျောပေါ်တောင် မတက်ဖူးဘူး~~ကျော်ပေါ်
လိုက်ရတဲ့အရသာက ဒီလောက်ကောင်းမှန်း မသိခဲ့ဘူး"

"မင်းရဲ့မုန့်ကို လွှင့်ပစ်လိုက်တော့~~~ငါ့မျက်နှာမှာ ပေကုန်ပြီ~~~"

"ဟာ~~ဒီမုန့်က သိပ်ဈေးကြီးတာကိုး...မလွှင့်ပစ်ပါဘူး"

"ငါ့ပါးကိုကြည့်ဦး~~ bus-stopလဲရောက်ရော
မင်းမုန့်တွေက ငါ့ပါးပေါ်အကုန်ရောက်ကုန်ရော~~"

"ဟ~~~ဟုတ်သားပဲ ဒါဆို ကျွန်တော့်ဆီမှာ ပလက်စတစ်အိတ်လေးရှိတယ် ~~ပြန်အုပ်ထားလိုက်မယ်လေ~~~"

Krist ကို ကျောပေါ်ကနေ အသာပြန်ဆင်းစေလိုက်သည်။
ထော့နဲ့ ထော့နဲ့လေးနဲ့ မတ်တပ်ရပ်လိုက်ပြီး အင်္ကျီအိတ်
ကပ်ထဲက ခေါက်ထည့်ထားသော အိတ်အခွံလေးကို
ထုတ်ကာ မုန့်အပေါ် အုပ်လိုက်သည်။ပြီးတော့ ကြိုးလေး
နဲ့ အောက်ဘက်ကနေ ပိတ်ချည်လိုက်ပြီးနောက်~~

"ရသွားပြီ~~~"

ကျွန်တော် က Khun ကို ပြုံးပြီး ပြောလိုက်ပေမယ့် သူကတော့သူ့ပုံစံအတိုင်း တည်ငြိမ်စွာသာ စိုက်ကြည့်
နေသည်။သူ့မျက်နှာဟာ အရာရာကို  အလိုမကျသော မျက်နှာထားမျိုးမဟုတ်ပေမယ့် တင်းမာမှူတွေကတော့
မျက်နှာထက်အပြည့်ချုံလွှမ်းနေသည်။ပါးပြင်ပြောင်
ပြောင်ဝင်းဝင်းမှာ ကပ်တွယ်နေသော အာတာပူစီအမျှင်
များက ချောမောခန့်ညားသော Khun Sing မျက်နှာ
ကို ဟာသဆန်စွာ ဖျက်ဆီးနေလေသည်။

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteWhere stories live. Discover now