အပိုင်း(၃)

2.3K 187 0
                                    

Episode 3

"Brave"

ကြီးမားခမ်းနားလှသော ငါးထပ်တိုက်အဆောက်အဦးကြီး
ဘန်ကောက်ရုံးချုပ်ဖြစ်သော Brave အမှတ်တံဆိပ်
Shoes company ကြီးရှေ့တွင် Krist ရပ်ကာ မော့
ကြည့်နေမိသည်။ခမ်းနားလှသော မီးခိုးရောင်အဆောက်
အဦကြီးအပေါ်ထပ်မှ တွဲကာ ခိုကျနေသော အဝါရောင်
မီးကြိုးတန်းများ။အဆောက်အဦး နှစ်ခုကို ပေါင်းကူး
တံတားလေးက သုံးထပ်မြောက်မှာ သွယ်ဆက်ထား၍
အဆောက်အဦ တစ်ခုလုံး မှန်အများဆုံး  အသုံးပြု ထားသည်။

Krist သည် ရုံးပိတ်ချိန်အမှီလေး အလုပ်လျှောက်စာလာ
ထပ်လိုက်ခြင်းဖြစ်ပြီး ရုံးက ပြန်အထွက်တွင် မီးဆိုင်း
များက အလင်းရောင်များကို မမှိတ်မသုန်ရပ်ကြည့်နေ
ခြင်းလဲ ဖြစ်သည်။

"ဒီမှာတော့ လျှောက်ပြီးသွားပြီ~~~နောက် နှစ်နေရာပဲ
ကျန်တော့တယ်~~ဖက်!!"

ပြောပြောဆိုဆိုနဲ့ လက်ထဲက ဖိုင်ကို တစ်ချက်ရိုက်လိုက်
သည်။Mae ရဲ့တစ်နေ့တစ်နေ့ ပွစိပွစိပြောခံနေရတဲ့ ဘဝ
ကလွတ်အောင် အလုပ်လျှောက်ဖို့လိုသည်။အလုပ်
လျှောက်ရမှာလဲ သူက တစ်ခုနှစ်ခု မဟုတ်။ရှိသမျှ အလုပ်
အားလုံး လိုက်လျှောက်ထားသော Krist ပေတည့်။အသက်လေး ခုမှ ၂၀ ကို ၃နှစ်သာ စွန်းသေး
သည့်သားကို အိမ်မှာ အနားမပေးတော့ဘဲ အလုပ်တစ်
ခုရဖို့ တိုက်တွန်းနေသော မာတာပိတုကို စိတ်မှာ
မြင်ယောင်လာသည်။

"သားငယ်!!! P'May အတွက် Mae တို့ စိတ်အေးရပြီ~~
မင်းကိုပဲ စိတ်မအေးနိုင်တာ~~"

ဆေးပညာနဲ့အသက်မွေးမည့် P'May အတွက် Mae တို့က စိတ်အေးသွားပြီး စီးပွားရေးပညာလေ့လာထားသော
ကျွန်တော့ကိုကျတော့ Mae က စိတ်မအေးနိုင်။

"ဒီး~~~ဒီး~~~ဒီး~~~"

Vibrate လုပ်ထားသော အိတ်ကပ်ထဲက ဖုန်းသံ။
Krist က ဘောင်းဘီအိတ်ထဲက ထုတ်လိုက်ပြီး~~

"ဟယ်လို P'May~~~"

"Kit~~Pee Sao အတွက် ချောကလက်ကိတ်ဝယ်
လာခဲ့ပါလား ~~"

"ချောကလက်ကိတ်ဖြစ်ရင် ပြီးရောလား~~"

အမရဲ့ရစ်တတ်တဲ့အကျင့်ကို သိလို့ မေးခွန်းထုတ်လိုက်
သည်။သူဒီလိုပြောလိုက်ပါက P'May သည် ဟုတ်တယ်
လို့ ဘယ်သောအခါမှမပြော။သူစားချငိတဲ့ဆိုင်နေရာ
ညွှန်ပေလိမ့်မည်။

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteWhere stories live. Discover now