အပိုင်း(၁)

7.2K 231 4
                                    

Episode 1

"သားလေး Kit ရေ~~~~"

Mayuree တစ်ယောက် ၉နှစ်အရွယ် သားငယ်ကို ခြံဝင်းအနှံ့ ပတ်ကာရှာနေမိသည်။ ခြံဝင်းသည် သစ်ပင်ပန်းမန်များနှင့် စိမ်းစိုထူထပ်ကာ တောအုပ်နဲ့ပင်
ဆင်ဆင်လာသည်။
အတန်ကြာမှ အသံမပြုဘဲ ကုက္ကိုပင်ထက် တက်၍စာဖတ် နေသောသားငယ်ကို တွေ့ရသည်။

"Kit!!!!!!~~~~"

Mae ရဲ့ခေါ်သံအဆုံးမှာတော့ ကျွန်တော်စာအုပ်လေး
ကို ခြောက်ခြောက်ချားချားပိတ်လိုက်သည်။ ထို့နောက်
Mae ကို ငုံ့ကြည့်ကာ~~~~

"Mae~~~"

"သားကို အဲအပင်ပေါ် မတက်ရဘူးလို့  yaai ရော
Mae ရော မှာထားတယ်လေ!!!"

"သားသိပါတယ်~~ဒါပေမယ့် ဒီနားလေးက အေးချမ်း
ပြီး နေလို့ကောင်းလို့ပါ~~~"

"သားသားနောက်တစ်ခါ အပင်ပေါ်တက်တာ Mae တွေ့
ရင် Yaai နဲ့ တိုင်ပြောမှာနော်~~~"

" Mae မပြောပါနဲ့~~~"

"မပြောစေချငိရငိ ဆင်းလာခဲ့~~အခု"

Mae သည် လက်ညိုးတစ်ချောင်းထဲနဲ့ ယက်ခေါ်နေ
သည်။ Kit သည် မှုန်မှုန်ကုပ်ကုပ် မျက်နှာလေးနဲ့ သစ်ပင်
ကနေ ကုပ်ဖက်ပြီး ဆင်းလာလိုက်သည်။

"နောက်တစ်ခါဆော့လို့ကတော့ Yaai ဓာတ်ခန်းထဲ
မဝင်ခိုင်းနဲ့တော့လို့ Mae ပြောလိုက်မှာနော်~~~"

"မလုပ်ပါနဲ့ သားသားနောက်တစ်ခါ မတက်တော့ပါဘူး"

၉နှစ်သားကလေးငယ် Kit သည် အလွန်ကို ချစ်စရာ
ကောင်းလှသည်။သမီးကြီး May ကိုမိန်းကလေးဖြစ်ပေမယ့် စိတ်မပူရ။~~~
သားငယ်Kit ကိုပဲ အမြဲ စိတ်ပူနေရသည်။ မောင်နှမ နှစ်
ယောက်ဟာ အသက် ၂နှစ်သာ ကွာတော့ သူငယ်ချင်း
လိုလဲ ရန်က တကျက်ကျက် ဖြစ်တတ်သေး။အခုလဲ
အမစာအုပ်ကို ခိုးယူကာ လူမသိအောင် ကုက္ကိုပင်ပေါ်
တက်ကာ ဖတ်နေခြင်းပင်။

"P'May စာအုပ်တွေ ဘာလို့ ယူဖတ်တာလဲ~~ကိုယ့်စာ
ကိုမဖတ်ဘူး~~~"

Mayuree က သားငယ်လက်ထဲက စာအုပ်ကို ယူကာ
မေးလိုက်သည်။

"သားသား  P'May စာကို သဘောကျလို့~~~"

"သားသားတို့အရွယ်နဲ့လိုက်မယ့်စာသင်တယ်လေ ~~
ပုံပြင်တွေပဲ စိတ်ဝင်စားပါဦး သားသားရယ်~~"

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteDär berättelser lever. Upptäck nu