အပိုင်း(၆)

2.1K 184 1
                                    

Episode 6

Krist ကို တမင်သွားစေလိုက်သည်ကို Nim မြင်မြင်ချင်း

"P'Cloud~~သူက လူသစ်မဟုတ်လား~~ Khun Singto အကြောင်း ကောင်းကောင်းမပြောပြထားရသေး
ဘူးလေ~~"

Cloud က တစ်ချက်ဟက်ခနဲရယ်လိုက်ရင်း~~

"သိတယ်လေ~~သက်သက်လွှတ်လိုက်တာ...ငါတို့
အလုပ်ဝင်တုန်းကဆို ဒီခြင်္သေ့ကြီးရဲ့အစစ်အဆေးကို
အထပ်ထပ်ခံခဲ့ရတာ~~သူတို့ကျမှ P'Su လို သဘော
ကောင်းတဲ့အမနဲ့တွေ့ရတယ်ဆိုတာ ဖြစ်သင့်လား...
နည်းနည်းတော့ ခြောက်ပေးရမှာပေါ့~~"

Nim က Cloud ရဲ့အတွေးများကို လက်ဖျားခါတယ်
ဆိုသေ သဘောနဲ့~~~

"ရှင်က အယုတ်တမာပဲ~~~သူတို့ဘာသာ ကံကောင်း
လို့ လွယ်လွယ်အလုပ်ရတာလေ"

Cloud က သောက်လက်စ ကော်ဖီခွက်ကို စားပွဲပေါ်
တင်လိုက်ရင်း~~~

"Brave မှာ အလုပ်ရချင်ရင် ထိုက်တန်တဲ့စွမ်းပကားတစ်ခုမက ရှိသင့်တယ်လို့ Khun
Singto အမြဲပြောပြောနေတာ Nim ကြားဖူးမှာပါ~~"

ထိုစဉ်ဂိုဒေါင်ဘက်ကနေ ဝန်ထမ်းသစ် ၂ယောက်နဲ့အတူ ပြန်လာသော P'Su သည် Cloud ကိုမြင်မြင်ချင်းပင်~~~

"ဟေးဟေး~~ N'Cloud~~Fax မြန်မြန်ပေး"

"ခင်ဗျာ~~"

"ညက ရောက်တဲ့ Fax ပေးလို့~~~"

"တကယ်တော့~~~"

ဒီစကားကို Nim က ဝင်ပြောလိုက်သည်။

"သူ လူသစ်ကလေးကို သွားပို့ခိုင်းလိုက်တယ်~~"

"ဘာ!!!!!!!"

Marketing ဌာနကြီး တုန်လှုပ်သွားသည်ဟု ထင်မိ
သည်။P'Su သည် ဆံပင်မွေးများထောင်ချငိလောက်
အောင်  Cloud လုပ်ရပ်အပေါ် ကျောချမ်းနေမိသည်။

"ဒီလိုမရဘူးဆိုတာ နင်သိသိကြီးနဲ့ ဘာလို့လုပ်ရတာလဲ
Cloud ရယ်"

P'Su ရော Nim ပါ စိတ်ရှုပ်စရာ မျက်ဝန်းများနှင့် Cloud
ကို ကြည့်လိုက်ကြသည်။ထို့နောက် P'Su က သူ့စား
ပွဲခုံနားကို လျှောက်ကာ ထွက်သွားတော့သည်။

~~~~~~

မျက်နှာနားကို အုပ်မိုးကျလာသော အရိပ်ကြောင့်
Singto ရုတ်တရက် မျက်လုံးမဖွင့်ဘဲ အသာငြိမ်နေလိုက်
သည်။တစ်စုံတစ်ယောက်ရဲ့ လက်ညှိုးနဲ့လက်မနှစ်ခုက Sing မျက်လုံးတွန့်တွန့်ကိုဖြေလျှော့ပေးလိုက်သည်ကို
ကောင်းကောင်း ခံစားမိသည်။ပြန်ကျမသွားသေးသော
အရိပ်ကို ဖမ်းဆုပ်လိုက်ပြီး Sing မျက်လုံးတို့ကို အေးဆေးစွာ ဖွင့်လိုက်သောအခါ ကောင်ကလေးတစ်ယောက်။

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteTahanan ng mga kuwento. Tumuklas ngayon