အပိုင်း(၁၉)

2.1K 180 2
                                    

Episode 19

Gab က ရုံးခန်းကနေ ထွက်လာခဲ့ချိန် နောက်ကနေ
အတွင်းရေးမှူး Earth က စကားဆိုသည်။~~~

"ဆရာ!! အခု ရုံးအောက်မှာ လူတစ်ယောက် ဆရာ့ကို
တွေ့ခွင့်တောင်းနေပါတယ်~~"

"ဘယ်ကလဲ!!! မသိဘူးဆရာ~~~သူကတော့ St.Gabrial လို့ ပြောလိုက်တဲ့~~~"

Gab ရုတ်တရက် ခေါင်းကြီးသွားသည်။အောက်ထပ်
ကို အပြေးရုံတစ်မယ် ခပ်သွက်သွက် ဆင်းလာခဲ့လိုက်
တော့ reception မှာ အသက် ၅၀ကျော် ၆၀ အရွယ်
ယောက်ျားတစ်ယောက် ကျုံ့ကျုံ့လေး ထိုင်နေသည်။

Gab တန်းတန်းမတ်မတ်လာနေသည်ကို ထိုဦးလေး
သိသွားသောအခါ~~~

"ကျွန်တော်နောက်လိုက်ခဲ့~~~~"

သူ့ကို တရင်းတနှီး ခေါ်မယ့် စကားလုံးများကို Gab က
ပိတ်ဆို့လိုက်သည်။ထို့နောက် နီးစပ်ရာ cafè တစ်ခုကို
ခေါ်လာခဲ့မိသည်။

"မင်း ငါ့ကို သိတယ်မလား ငါ Tong လေကွာ~~မင်း
တို့ကျောင်းမှာ သန့်ရှင်းရေးလုပ်တဲ့လူလေ~~"

"လိုရင်းကိုပြော~~ခင်ဗျား ဘာကြောင့် ဒီအချိန်မှ
ကျွန်တော့်ကို ကျောင်းနာမည်နဲ့ လာရှာတာလဲ~~"

Gab က စူးရှရှ မျက်ဝန်းတို့နဲ့ ဦးလေး Tong ကို ကြည်လိုက်သည်။

"Tar~~~ မင်းညီမလေးကို မှတ်မိသေးလား~~ Apple
လေကွာ~~သူက ငါတို့ဆီကို လတိုင်း အလှူလာလုပ်
တယ်ကွ~~~သူအရင်လက လာတုန်းကပြောတယ်..
သူမင်းနဲ့ ပြန်မဆုံရသေးဘူးတဲ့ ...မင်းကို စောင့်နေတုန်း
ကလေးမလေးက~~~ငါက မင်းဘယ်မှာ ရှိတယ်ဆိုတာ
သိတဲ့ တစ်ဦးတည်းသောလူပဲလေ~~~မင်း ကလေးမ
လေးဆီ ဘာလို့ ပြန်မသွားတာလဲ~~မငိးညီမက မင်းကို
လွမ်းနေတာ~~~"

Gab က ရဲတက်လာတဲ့ မျက်နှာကြောင့် ပြတင်းပေါက်
ဘက်ကို လှည့်နေလိုက်ရင်း~~

"ခင်ဗျားက ဒီလိုတွေလာပြောရအောင် ခင်ဗျားက ဘာမို့လို့
လဲ~~~ကျွန်တော်ဘာသာ သူ့ကို ခေါ်ချင်ခေါ်မယ် မခေါ်ချင်မခေါ်ဘူး~~~ခင်ဗျားအပူမပါဘူး~~ဘာလဲ
သူများကိစ္စကို ဝင်ယောင်ပေးတယ်ဆိုတော့ ငွေလိုနေပုံပဲ"

"မဟုတ်ရပါဘူးကွာ~~"

ပြောပြောဆိုဆိုနဲ့ Gab က သူ့ပိုက်ဆံအိတ်ထဲက ချက်လတ်မှတ်တစ်ရွက်ကို ထုတ်လိုက်ကာ~~~

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteWhere stories live. Discover now