အပိုင်း(၁၅)

2.1K 186 2
                                    

Episode 15

တိတ်ဆိတ်လှသော ပတ်ဝန်းကျင်ရယ် နေဝင်ရီတရော
အချိန်ရယ်ဟာ ကျွန်တော်တို့ နှစ်ယောက်ကို ပိုပြီး
နေရခက်အောင် ဖန်တီးပေးနေသည်။ Khun Sing နဲ့ကျွန်
တော် ဒီခုံတန်းလေးမှာ ထိုင်နေခဲ့တာ နာရီဝက်ကျော်
ခဲ့ပြီဖြစ်သလို ပတ်ဝန်းကျင် ဆိတ်ငြိမ်နေခဲ့တာကလဲ
နာရီဝက်ကျော်ခဲ့ပါပြီ။~~~~

တိတ်ဆိတ်မှုကို ရိုးရာမပျက် ကျွန်တော်ကသာ ဖြိုခွင်း
လိုက်ရမည်လား။Khun Sing က ဒီလိုလုပ်လို့ရော ကြိုက်
ပါ့မလား။သူဘာသာသူ အေးအေးဆေးဆေးများနေချင်
နေမလား။ကျွန်တော်ဘာလုပ်လို့ လုပ်ပေးရမှန်း မသိ
ဘဲခြေထောက်အောက်က စကိတ်ကိုသာ နင်းကာ
လှိမ့်ဆော့နေလိုက်သည်။~~~~

သက်ပြင်းသံကျယ်ကျယ်တစ်ချက်အဆုံးတွင် Khun
ကျွန်တော့်ကို စကားဆိုလာသည်။

"မင်းသိလား!!!ငါက ငယ်ငယ်ထဲက ငါ့အနားက လူတွေ
ကို ထိခိုက်စေတဲ့ကလေးဆိုတာ~~~"

Krist က Sing ရှိရာဘက်ကို ခေါင်းလေးငဲ့ကာ ကြည့်
လိုက်သည်။

"အခု ငါဦးစီးနေတဲ့ brave လိုပဲ ~~ Por လက်ထက်
မှာလဲ company က အောင်မြင်ခဲ့တာ~~~တစ်နေ့
Por က အိမ်ကိုပြန်လာပြီး Mae ရှေ့မှာ ငိုပြောတယ်။
သူcompany ဒေဝါလီခံရတော့မယ်ဆိုပြီးတော့~~~
Mae အကြီးအကျယ်စိတ်ညစ်သွားတယ်။ဒါပေမယ့်
Mae က မငိုဘဲနဲ့ Por ကို စိတ်ဓာတ်မကျဖို့ ဖျောင်းဖျ
ခဲ့တယ်။~~~~အဲဒီကိစ္စဖြစ်ပြီး ၃ရက်မြောက်တဲ့ညမှာ
Por က အိမ်ကို ပြန်မလာဘူး~~~Mae အရမ်းစိတ်ပူ
နေတာကို ငါတွေ့ခဲ့တယ်။အဲတုန်းက ငါက ၁၁နှစ်ပဲ ရှိ
သေးတော့ Mae ကို စိတ်သက်သာရာရဖို့ ဘာလုပ်ပေး
ရမှန်းမသိဘူး~~~"

Khun Sing က အဝေးတစ်နေရာကို ဆွေးမြေ့စွာ
ကြည့်နေပြီး သူ့ဘဝရဲ့နာကျည်းဖွယ်အတိတ်ကို
ကျွန်တော့်ကို ပြောပြနေသည်။~~~~~

"Mae က Por အသိတွေအားလုံးကို ဆက်သွယ်ခဲ့ပေမယ့်
Por ရဲ့သတင်းကို ဘာမှ မကြားရတော့ဘူး....Mae
ဟာ အရမ်းစိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးပဲ...သူဝမ်းနည်း
နေရင်တောင် အလှဆုံးပြုံးပြတတ်တယ်~~ဒါပေမယ့်
Por ပျောက်သွားကတည်းက Mae အပြုံးတွေပျောက်
သွားခဲ့တယ်~~~သိပ်မကြာပါဘူး~~နောက်နှစ်ရက်
လောက်နေတော့~~Por ကcompany တိုက်ပေါ်က
ခုန်ချပြီး သေကြောင်းကြံတယ်ဆိုတဲ့သတင်းတွေ
ကြားရတာပဲ~~~Mae က သိသိချင်း Por ဆီကို သွား
ဖို့ အိမ်ပေါ်ထပ်ကအဆင်း ပြုတ်ကျပြီး Mae ပါဆုံး
သွားခဲ့တယ်~~~~"

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteOn viuen les histories. Descobreix ara