အပိုင်း(၁၄)

2.2K 193 3
                                    

Episode 14

ဒီလိုအဖြစ်တွေကနေပဲ ကျွန်တော်နဲ့Sangpotirat နီးစပ်
လာသည်ဟု ထင်မိသည်။အချိန်တော်တော်များများ
ကို သူနဲ့ဖြတ်သန်းနေရပြီး အတွေးပိုင်နက်ကိုလဲ သူ့အကြောင်းတွေက တစ်စတစ်စ ချဲ့ထွင်လာပြီဖြစ်သည်။အဘယ်သို့
သော မှတ်ဥာဏ်မျိုးတွေနဲ့ သူ့ကို ပိုရင်းနှီးစေပါသလဲ မေးရင် အရက်ပြန်ကြောက်တတ်သော ကောင်ကလေး၊
မျက်မှောင်ကျုံ့ရင် နှလုံးလေးစုထော်သွားတတ်သော
ကောင်ကလေး၊ ကျွန်တော်ရဲ့ကျောပေါ်မှ အမြဲတင်ကာ
ခေါ်သွားမိသော ကောင်ကလေး၊...ထိုထိုသော အဓိပ္ပါယ်
သတ်မှတ်ချက်တွေနဲ့ ကျွန်တော့်ရင်အစုံကို ကျုးကျော်
စစ် ခင်းလာခြင်းဖြစ်သည်။

ကံတရားဟာ မှားယွင်းနေသည်လား။အကြိမ်ကြိမ်
ဆန်းစစ်မိသည်။မမ ဆီမှာ မခံစားခဲ့ရသော စိုးရိမ်ပူပန်
မှုမျိုး ထိုကောင်လေးကို ကျွန်တော် ခံစားပေးနေသည်။
တစ်ဦးတစ်ယောက် လှုံဆော်ချက်မပါဘဲ သူ့အတွက်သာ
ကျွန်တော့်စိတ်နဲ့ ဦးနှောက် ကြီးစွာ တိုက်ပွဲဆင်နေမြဲဖြစ်
သည်။မဖြစ်နိုင်သော အရာတစ်ခုကို မြဲမြဲစွဲကိုင်မထား
သင့်လို့ သတ်မှတ်ထားပါသော်လည်း သူ အနာတရဖြစ်
ဖြစ်သွားတိုင်း စိတ်လိုလက်ရပြုပေးနေတတ်သည့် ကိုယ်
ရဲ့ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်ပစ်ချင်မိသည်။

လှပသော အနာဂတ်တစ်ခုမဖြစ်လာနိုင်ဟု သိသည်။
ပတ်ဝန်းကျင်ဆိုသည်ကိုလဲ ထည့်တွက်မိသည်။ကိုယ့်
ကိုကိုယ်လဲ ဝေဖန်ပိုင်းခြားမိသည်။သို့သော်~~~~

ခံစားချက်ဆိုသည်မှာ စီးကျနေသော ရေအလျဉ်ကို ကာတာနဲ့ ပိတ်ဆို့သလောက် မလွယ်ကူဆိုတာကို
လူသားအားလုံး သိကြပေမည်။မဟုတ်~~~ချစ်မိသော
လူသားတိုင်းသာ သိကြမည်ဖြစ်သည်။~~~~

~~~~~~~~~

Apple သည်လေဆိပ်အဝမှာ ဆိုင်းဘုတ်လေးနဲ့ ပန်းစည်း
ကိုင်ကာ ရပ်စောင့်နေသည်မှာ နာရီဝက်ခန့်ရှိပြီ။သို့သော်
ယခုမှ လေယာဉ်ဆိုက်ရောက်လာသည်မို့ ခရီးသည်အုပ်
ကြားထဲမှ ထွက်လာမည့် P'Kade ကို လည်ဆန့်ကာ
ရှာနေမိသည်။~~~~

"Apple~~~"

"Hey~~Hi!!!!"

Apple က အနီရောင် နှင်းဆီပန်းစည်းလေးကို P'Kade
ကို ထိုးပေးလိုက်သည်မို့ Kade က အမြတ်တနိုး မွှေး
လိုက်မိသည်။နှင်းဆီနီနီသည် ယခု တွေ့မြင်နေရသည့်
Apple အလား~~~ဘယ်လောက်ပင် ရဲသွေးဆောင်နေ
ပါစေ နူးညံ့သည်ဆိုသော ပန်း၏ ဂုဏ်အင်္ဂါတော့ ရှိ
နေသေးသည်။

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteWhere stories live. Discover now