အပိုင်း(၁၇)

2K 189 1
                                    

Episode 17

Krist သည် ဖြစ်လိုသာဖြစ်စေတော့ဟု မျက်ဝန်းများ
ကို ပိတ်ချလိုက်တော့သည်။တိုက်ခတ်လာသော ဆောင်း
လေအေးအေးနဲ့ကြောင့် တစ်ချက်တစ်ချက် တုန်တက်
သွားမိသည်။ချည်ထားသော လက်က ကြိုးတွေ
ကိုဆန့်ကျင်ပြီး ရုန်းမနေတော့ဘဲ ငြိမ်၍သာ နေလိုက်သည်။

^^အားလုးံကို နှုတ်ဆက်ခဲ့ပါတယ်^^

ဒီအဖြစ်အပျက်သာ ပြီးဆုံးသွားပါက လူ့လောကမှာ မနေ
တော့ဘူးလို့သာ Krist တွေးထားလိုက်သည်။

"ချွမ် ချွမ် ချွမ် "

လေတစ်ချက် သင့်လာတိုင်း ငယ်ငယ်က ကြားခဲ့ရသော
ချူသံလေးကို ကြားနေမိသား...သူမတူတဲ့ ချူသံလေး
ကို နားစိုက်နားထောင်နေရင်းသာ~~~အတိတ်တို့ဆီ
လွင့်မျောနေလိုက်သည်။

^^Khun Sing ကို နောက်ဆုံးတစ်ခေါက်လောက် မြင်ပါရစေ^^

~~~~~~~~

"ချွမ် ချွမ် ချွမ်"

Sing သည် Mr.Ran နဲ့စကားပြောနေရာမှ ရုတ်တရက်
ချူသံလေးကို ကြားလိုက်ရသည်။

"အသံတစ်သံကြားလိုက်ရလား မသိဘူး"

Sing အမေးကို လူကြီးက တအံ့တဩ ဖြစ်သွားရှာ
သည်။နားမလည်သော ပုံစံနဲ့ မှင်သေသေကြည့်သည်။

"Sorry!! ကျွန်တော်ဆိုလိုတာ အပြင်မှာ ~~~"

^^အပြင်မှာ ဆိုမှ ....ချယ်ရီသီး ချူသံက ဘာကြောင့်
အကြောင်းမဲ့ ကြားနေရတာလဲ~~ဧကန္တ ~~~^^

Sing က အတွေးများကိုလက်စသတ်ပြီး လူကြီးရှေ့
အိနြေ္ဒမဆည်နိုင်ဘဲ ထရပ်လိုက်သည်။

"Mr.Prachaya "

"Sorry!! ကျွန်တော်ကိစ္စလေးရှိနေလို့~~~"

"ချွမ် ချွမ် ချွမ်"

ချူသံကိုသာ အဆုံးမဲ့စွာ ကြားနေရသည်။ချူသံကြားရာ
ကို ခေါင်းဝေ့ရှာလိုက်ရင်း~~~~

"Khun Sing ကို နောက်ဆုံးတစ်ခေါက်လောက် မြင်ပါရစေ"

^^Kit^^

အိမ်ရှေ့ဧည့်ခန်းဆီကို ထွက်လာတော့ Krist ကို မတွေ့ရ။
အိမ်ပတ်ဝန်းကျင်ကို ကြည့်ပြန်တောလဲ Krist ကို
မတွေ့။Kit အသံလေးကြားနေရသည်။

🍒ချယ်ရီရောင် အချစ်များ(Love Like Cherry) CompleteWhere stories live. Discover now